Ch 123: တခြားသူတွေရဲ့ခံစားချက်ကို ထည့်စဉ်းစားပေးနိုင်မလား။

7.2K 1.1K 66
                                    

(Unicode)

"ဟေး.. ညီအစ်ကို.. ငါတို့ ခံစားချက်တွေကို မင်း ထည့်စဉ်းစားပေးလို့ ရမလား။ ဒီမှာ တခြားတစ်ယောက် ရှိသေးတယ်။ ဒါကြောင့် မင်းရဲ့ပုံရိပ်ကို ထိန်းသိမ်းဖို့ မလိုအပ်ဘူးလား"

သူသည် ယောက်ျားများကြားက အချစ်ကို မကြိုက်သော်လည်း... အနည်းဆုံးတော့ ချီချန်သည် မြင်နေရသူများ၏ ခံစားချက်ကို ဂရုစိုက်သင့်သည်။

ချီချန်သည် အေးစက်စက် နှာမှုတ်လိုက်ပြီး လင်ချင်းယဲ့ကို ပွေ့ဖက်ထားသည့် သူ့လက်များကို တင်းကြပ်လိုက်သည်။

ခဲ့ရွမ်သည် ချီချန်၏ အကြည့်တွေက သူ့အား သတ်နေသလို ခံစားနေရ၏။

ခဲ့ရွမ်သည် ဘာမှ ဆက်မပြောပေ။ ဘာပဲဖြစ်ဖြစ် ဤနေရာသည် အများသူငှာနေရာတစ်ခုဖြစ်ပြီး သူပြောလိုက်တဲ့စကားကလည်း ဘာအမှားမှ မပါပါချေ။

မေ့လိုက်တော့.. သူတို့ကို လွှတ်ထားလိုက်တာ ပိုကောင်းပါတယ်။

ခဲ့ရွမ်သည် တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်ပြီး သူတို့မရှိသလို၊ ဘာမှမမြင်ရသလို ပြုမူလိုက်၏။

ချီချန်သည် လင်ချင်းယဲ့၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပြီး ခေါင်းငုံ့ကာ လင်ချင်းယဲ့ ချစ်ခင်စွာ နမ်းလိုက်သည်။ လင်ချင်းယဲ့ကို ညင်သာစွာ နမ်းလိုက်တိုင်း သူသည် ခဲ့ရွမ်ကို ကြည့်နေ၏။

ဒါဟာ လှည့်စားခြင်းဟုတ်မဟုတ် မသေချာပေမယ့် ခဲ့ရွမ်သည် သူ့မျက်လုံးထဲမှ ခြိမ်းခြောက်မှုများနှင့် မာနတွေကို မြင်နေရ၏။

ချီချန်က ဤသို့ ပြောနေပုံရသည်။

'အစ်ကိုချင်းယဲ့က ငါ့ဟာပဲ.. သူ့ကို ငါ့ဆီကနေ ခေါ်သွားဖို့ မကြိုးစားနဲ့"

သူ မကြည့်သင့်တာကို မကြည့်တာ ပိုကောင်းပါသည်။

ခဲ့ရွမ်သည် သူ့ရင်ခွင်ထဲတွင်ရှိသော ခဲ့နွန်ကို တင်းတင်း ကြပ်ကြပ်ဖက်ထားပြီး မျက်လုံးမှိတ်ထားကာ ခဲ့နွန်၏ မျက်လုံးများကိုလည်း ဖုံးအုပ်ထား၏။ သူ၏ ညီမလေးသည် ရုတ်တရက်နိုးလာပြီး သူမ ငယ်စဉ်ကတည်းက လက်ထပ်ဖို့ အမြဲအလိုရှိခဲ့ရသော စစ်သူကြီးလင်အား တခြားလူကြီးတစ်ယောက်မှ နမ်းနေသည်ကိုမြင်သွားမှာစိုး‌၍ ဖြစ်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt