8K 1.2K 45
(Unicode)
"အရသာရှိလား?"
ခဲ့ရွမ်သည် သူ၏ ဟင်းချက်ခြင်းအပေါ် အလွန်ယုံကြည်ချက် ရှိခဲ့သည်။ ယခုခေတ်ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များ များများစားစား မရှိသော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် တော်ဝင်နန်းတော်၌ ရှိနေခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဤနေရာ၌ အခြားနေရာများထက် ဟင်းချက်ပစ္စည်းများ ပိုမိုစုံလင်စွာ ရှိနေခြင်းကြောင့် ဖြစ်သည်။
စစ်ယွိဟန်၏ စူးရှသောအကြည့်သည် စားပွဲပေါ်၌ ပေါ့ပေါ့ပါးပါးချထားသော ခဲ့ရွမ်၏ညာဖက်လက်ပေါ်သို့ ကျရောက်သွားပြီး လက်ချောင်းထိပ်များနှင့် လက်သည်းများတွင် အဖြူရောင်အရာများ ပေနေသည်ကို တွေ့လိုက်ရသည်။
၎င်းသည် မုန့်နှစ်များဖြစ်ကြောင်း စစ်ယွိဟန် ချက်ခြင်းသိလိုက်၏။
စစ်ယွိဟန်သည် အဖြူရောင်ကြွေပန်းကန်လုံးအတွင်းမှ ပုံမလှပန်းမလှ ဖက်ထုပ်များကို ကြည့်လိုက်ကာ သူ့မျက်လုံးများပေါ်တွင် ခံစားချက်မျိုးစုံ တောက်ပလာသည်။
သူကိုယ်တိုင် ဒီဖက်ထုပ်ကို လုပ်ခဲ့တာလား?
ဒါက မေးခွန်းမဟုတ်ဘူး။
ခဲ့ရွမ်က ဒီလိုလှည့်စားဖို့ မလိုအပ်ဘူး။
တူကိုင်ထားတဲ့ စစ်ယွိဟန်ရဲ့လက်က တင်းကြပ်လာပြီး သူ့လက်သေးသေးလေးရဲ့ လက်ဆစ်တွေက ဖြူဖွေးလာသည်။ တစ်စုံတစ်‌ယောက်မြင်မယ်ဆိုရင် ထိုကောင်လေးက အားအကုန်သုံးထားမှန်း သိသာလေသည်။
သူ ဘယ်လိုခံစားရမှန်း မသိပေမယ့် သူ ထိန်းချုပ်မှု ဆုံးရှုံးသွားပုံရပြီး နှလုံးခုန်နှုန်းလည်း မြန်လာသည်။
တစ်ချိန်က သူ့ကို အကောင်းဆုံး ဆက်ဆံခဲ့တဲ့ အိမ်အကူကတောင် သူ့အတွက် ဖက်ထုပ်တစ်ပန်းကန် မပေးနိုင်ခဲ့ပေ။
သို့သော် မြင့်မြတ်လှသော မင်းသားတစ်ပါးသည် သူ၏ သာလွန်ကောင်းမွန်သော လူမှုအဆင့်အတန်း မည်သို့ပင် ရှိစေကာမူ ထိုလူက သူ့အတွက်ပဲ တွေးပေးလေသည်။
စစ်ယွိဟန်က သူလွယ်လွယ် ကျေနပ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူက ရည်မှန်းချက်ကြီးပြီး ဘယ်တော့မှ မရပ်ဘူးလို့ ထင်ခဲ့ပေမယ့်...
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now