Ch 104: သူပုန်/သူပုန္

7K 1K 14
                                    

(Unicode)

လင်ချင်းယဲ့၏ သတင်းပေးမှုကြောင့် ခဲ့ကျန်းသည် ဘုရင့်တရားရုံးရှိ အမတ်များစွာကို သံသယဖြစ်စ ပြုလာသည်။

ခဲ့ရွမ်သည် ဤအခွင့်အရေးက ကြီးမြတ်သည်ဟု ခံစားမိသောကြောင့် ၎င်းအား စစ်သူကြီးလုံကို ပြောပြရန် လင်ချင်းယဲ့အား ခွင့်ပြုလိုက်သည်။

အဘယ်ကြောင့်ဆိုသော် စစ်သူကြီးလုံဟာ တကယ်တော့ အမတ်ချုပ်နဲ့ ဘုရင့်တရားရုံးမှာ အချိန်အကြာကြီးထဲက ဆန့်ကျင်ဘက် ဖြစ်နေလို့ပင်။ ထို့အပြင် စစ်သူကြီးလုံ အမုန်းဆုံးအရာမှာ အမတ်များ အကျိုးစီးပွားအတွက် စုပေါင်းလုပ်ဆောင်ခြင်းပင် ဖြစ်သည်။

ဧကရာဇ်၏ အခွင့်အာဏာအောက်တွင် စစ်သူကြီးလုံသည် တရားရုံးအတွင်း အမတ်ချုပ်၏ အမှုထမ်းများစွာကိုဖမ်းဆီးရန် သူ့အား ခဲ့ရွမ်တို့ ပေးခဲ့သော အချက်အလက်များကို အသုံးပြုခဲ့သည်။ ပါဝင်ပတ်သက်သူ ဆယ်ဦးနီးပါးရှိပြီး ၎င်းတို့အားလုံးမှာ အစိုးရဌာနအသီးသီးမှ အမတ်များ ဖြစ်ကြသည်။

ခဲ့ကျန်းသည် ဒေါသအမျက်ထွက်ကာ ထိုလူအားလုံးကို အကျဥ်းချလိုက်လေသည်။

ဘုရင့်တရားရုံးတွင် အမတ်ချုပ်သည် အလွန် အရှက်ကွဲသွားခဲ့ပုံ ရသည်။

ဘမ်း!

ခဲ့ကျန်းသည် နဂါးစားပွဲပေါ် သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ စားပွဲပေါ်ရှိ ပေလိပ် အများအပြားသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး အချို့မှာ လှေကားမှပင် လျှောကျသွားသည်။

အောက်ရှိ အရာရှိတွေအားလုံး ချက်ချင်း ဒူးထောက်လိုက်ကြပြီး အပေါ်သို့ မော့မကြည့်ဝံ့တော့ပေ။

"မင်းတို့... တကယ့်ကို အကြောက်အလန့် မရှိကြဘူး!" ခဲ့ကျန်းသည် အလွန် အမျက်ထွက်နေပြီး ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။

ခဲ့ရွမ် ထိတ်လန့်သွားသည်။ ဤကိစ္စကြောင့်နဲ့ ခဲ့ကျန်းကို နာမကျန်းမဖြစ်စေချင်တာကြောင့် အလျင်အမြန် ပြောလိုက်၏။

"ခမည်းတော်.. ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"

ခဲ့ကျန်း အံ့သြသွားရသည်။ ခဲ့ရွမ်၏မျက်လုံးများရှိ စိုးရိမ်ပူပန်မှုသည် အတုအယောင်မဟုတ်သည့်အတွက် သူ့စိတ်နှလုံးကို များစွာအနှစ်အသိမ့်ဖြစ်စေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမြင်ခဲ့ရသည့် အရာတွေအရ သူ့သားသည် နောက်ဆုံးတွင် လူကြီးတစ်ယောက် ဖြစ်လာပုံရသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now