Ch 58: Were You Being Jealous?

9.4K 1.6K 101
                                    

(Unicode)

Chapter-58 Were You Being Jealous?

လင်ချင်းယဲ့က ငြင်းပယ်လိုက်သည်။

"သခင်လေး အခုအချိန်မှာ ကောင်းကောင်းအနားယူဖို့ လိုတယ်.. စစ်သခင်လေး နေကောင်းတယ်လို့ ကျွန်တော် ပြောပြီးပြီလေ.. သူ လုံခြုံတယ်"

ခဲ့ရွမ်က ခေါင်းခါလိုက်သည်။ သူဒီကိုရောက်ရတဲ့ အကြောင်းရင်းက ဇာတ်လိုက်ကို ကပ်ဖားဖို့ပင်။ ဒါဟာ သူလက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။

"စစ်သူကြီးလင်.. ကျေးဇူးပြုပြီး.. ငါ သူ့ကိုမတွေ့ရရင် အေးအေးဆေးဆေး နားနေလို့မရလို့ပါ.. ငါ ကတိပေးပါတယ်.. တစ်ချက်လောက် သွားကြည့်ပြီး သူနေကောင်းတာကို အတည်ပြုပြီးတာနဲ့ ပြန်လာပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်။ ငါ တောင်းဆိုပါတယ်.. ကျေးဇူးပြုပြီး"

ခဲ့ရွမ်သည် သူ၏ ချစ်စဖွယ်မျက်လုံးများဖြင့် လင်ချင်းယဲ့ကို မှိတ်တုတ်မှိတ်တုတ်လေး ကြည့်နေလေသည်။

လင်ချင်းယဲ့သည် သဘာဝမကျစွာ အဝေးသို့ အကြည့်လွှဲ လိုက်သည်။ ခဲ့ရွမ်နှင့် အပေးအယူ လုပ်ရုံကလွဲ၍ သူဘာမှ မတတ်နိုင်ပါချေ။

"ကောင်းပြီ"

ခဲ့ရွမ်သည် သက်ပြင်းတစ်ချက်ချကာ စောင်ကိုဖယ်လိုပြီး အိပ်ရာမှထရန် ကြိုးစားလိုက်သည်။ သို့သော် လင်ချင်းယဲ့၏ တားဆီးခြင်းကို ခံလိုက်ရပြန်၏။

"သခင်လေး.. သင် အိပ်ရာထဲမှာ အနားယူရမယ်.. လမ်းမလျှောက်သင့်ဘူး"

"ဘာလဲ"

အဲဒါက ဘာကိုဆိုလိုတာလဲ?
ရှောင်ဟန့်ကို တွေ့ခွင့်မပေးဖို့ စိတ်ပြောင်းသွားပြီလား?

"စစ်သခင်လေးကို တွေ့ချင်တာ သေချာလား"

ခဲ့ရွမ်က အခိုင်အမာ ခေါင်းညိတ်ပြသည်။ လင်ချင်းယဲ့က ကိုယ်ကိုကိုင်းညွန့်ကာ ခဲ့ရွမ်အား ပွေ့ချီလိုက်၏။

"ကောင်းပါပြီ.. ကျွန်တော် ခေါ်သွားပေးမယ်"

ခဏနေပါအုံး!

တစ်ခုခုတော့ မှားနေပြီ။

ခဲ့ရွမ်သည် လင်ချင်းယဲ့၏ မေးစေ့ကို ကြည့်ပြီး လုံးဝ ထိတ်လန့်သွားသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Unde poveștirile trăiesc. Descoperă acum