Ch 76: လူစိမ်း/လူစိမ္း

7.6K 1.3K 26
                                    

(Unicode)

ချီချန်က သူ့ကို ခဏလောက် စိုက်ကြည့်နေသည်။ သူသည် သူ့ဓားကို ပြန်ယူကာ ခါးရှိဓားအိမ်ထဲ ထည့်လိုက်ပြီး မရေရာသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ချီချန်က သဘောတူပြီးသားဆိုတာ ခဲ့ရွမ်သိသည်။

"ငါမင်းကို ချီမိသားစု အပြစ်ကင်းကြောင်း သက်သေပြဖို့ အခွင့်အရေးပေးမယ်.. ငါတို့နာမည်တွေအားလုံးကို ရာဇ၀တ်မှုကနေ ရှင်းပစ်ဖို့ အခွင့်အရေးပေးမယ်.. မင်းပြောတဲ့အတိုင်း ငါတို့ လိုက်လုပ်မယ်.. ဒီနေ့ မင်းပြောခဲ့တဲ့ အတိုင်း မလုပ်နိုင်ခဲ့ရင် ငါတို့မင်းကို သတ်ပစ်မယ်"

ခဲ့ရွမ်က ခေါင်းညိတ်လိုက်သည်။ သူ့အသက်ကို ကယ်တင်နိုင်ခဲ့သဖြင့် သူအရမ်းကို ကျေးဇူးတင်မိနေပြီ ဖြစ်သည်။ ဒါကြောင့် အမှန်တရားကို သိအောင် အစွမ်းကုန် ကြိုးစားရမည်။

"ယွီလျောင်းခရိုင်ကိစ္စကို အမြန်ဆုံးဖြေရှင်းပါ.. ခရိုင်မှူးကို ဘာလုပ်ရမလဲဆိုတာ မင်းသိတယ် မဟုတ်လား?"

ခဲ့ရွမ် ခေါင်းညိတ်လိုက်သည်။
"ငါသိပါတယ်"

သူလည်းပဲ ခရိုင်မှူးက အရှက်ကင်းမဲ့တယ်ဟု ထင်ခဲ့၏။

ခဲ့ရွမ်က သူတို့ကို ကြည့်ပြီး ပြောလိုက်သည်။

"ဒါဆို ငါ မတ်တပ်ရပ်လို့ရမလား?"

အားလုံးက ချီချန်ကို ကြည့်ကြသည်။ ရိုးရိုးသားသား ပြောရရင် ခဲ့ရွမ်ပြောခဲ့တဲ့ စကားတွေက တကယ်ကို ကြည်နူးစရာပါပင်။ ထို့အပြင် ခဲ့ရွမ်နောက်သို့ လိုက်မည်ဟုလည်း အကြီးအကဲက ပြောသည်။ အကယ်၍ ခဲ့ရွမ်က သူတို့ကို လိမ်ညာဝံ့ရင် သူ့ကို သတ်ပစ်မည် ဖြစ်သည်။

ချီချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။ ခဲ့ရွမ် ဝမ်းသာသွားပြီး အမြန်ထရပ်ကာ သူ့အဝတ်တွေကို ပွတ်သပ်လိုက်၏။ ပြန်သွားတဲ့အခါ သူ့ရဲ့ သိုင်းပညာကို ကောင်းကောင်း လေ့ကျင့်ရမည်။ သူ့ကိုယ်သူ ဒီလောကကြီးမှာ မာနကြီးနေဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပေ။

အရိုက်ခံရတဲ့အခါ ပြန်တိုက်ဖို့ အခွင့်အရေးတောင် မရခဲ့ဘူး.. ဒါက အရမ်းရှက်စရာကောင်းတယ်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now