Ch 142: ခဲ့ရွမ်ကို သတ်ချင်ခဲ့တာကြာပြီ/ခဲ့႐ြမ္ကို သတ္ခ်င္ခဲ့တာၾကာၿပီ

8.4K 1.1K 23
                                    

(Unicode)

"အစ်ကိုတော်" ခဲ့နွန်သည် သူမ၏ အစ်ကိုကို တွေ့ရသောအခါ အလွန် ပျော်ရွှင်နေပုံရသည်။ သူမသည် သူ့ကို ပွေ့ဖက်ရန် သွားချင်သော်လည်း အစေခံတစ်ယောက်က သူမကို တားဖို့ လှမ်းလာခဲ့သည်။

"ထွက်သွား! ငါ့လမ်းက ထွက်သွား!" ခဲ့နွန်သည် ရုန်းကန်ကာ ဒေါသတကြီးဖြင့် သူ့အစ်ကိုကို အနီးကပ် စိုက်ကြည့်နေသည်။

"ကိုယ့်ရဲ့ဧကရီလေး..ပျော်ရဲ့လား? ဒီနေ့က ကိုယ်တို့ လက်ထပ်တဲ့နေ့ပဲ။ မင်းအတွက် အရေးကြီးဆုံး လူနှစ်ယောက်ဖြစ်တဲ့ မင်းရဲ့အချစ်ဆုံး ညီမလေးနဲ့ လင်ချင်းယဲ့ကိုလည်း မင်္ဂလာအခမ်းအနားကို တက်ရောက်ဂုဏ်ပြုပေးဖို့ ဖိတ်ထားတယ်.. မင်း မပျော်ဘူးလား"

စစ်ယွိဟန်သည် ခဲ့ရွမ်၏ ခါးကို ဆွဲဖက်လိုက်ရာ ခဲ့ရွမ်သည် သူ့ရင်ခွင်ထဲသို့ ပြုတ်ကျသွား၏။

"ဟုတ်လား" ခဲ့ရွမ်က အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်သည်။ "အရှင်က တကယ်ကို ငဲ့ညှာတာပဲ"

လင်ချင်းယဲ့သည် အမုန်းများဖြင့် ပြည့်နေပြီး အံကို တင်းတင်းကြပ်ကြပ် ကြိတ်ထားသည်။ ခဲ့ရွမ်သည် သူ့ကိုကြည့်ရင်း ခေါင်းယမ်းပြလိုက်၏။ ချီချန်သည် လင်ချင်းယဲ့၏လက်ကို ဆုပ်ကိုင်ထားသည်။ လင်ချင်းယဲ့သည် ထိုလက်ကို ခါထုတ်လိုက်ပြီး အဝေးသို့ အကြည့်လွှဲလိုက်သည်။

စစ်ယွိဟန်သည် ဝံပုလွေတစ်ကောင်ဖြစ်ကြောင်း သူသိသည်။ ယွီလျောင်းခရိုင်မှာရှိတုန်းက သူ့ကို သတိထားမိပြီး တစ်ခါတည်း ရှင်းထုတ်ပစ်ခဲ့သင့်သည်။

အဲဒီလိုဆိုရင် ဒီလိုအရာတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ပေ။

"မင်းတို့က ကိုယ်တော်တို့ရဲ့ အထူး ဧည့်သည်တွေပဲ" စစ်ယွိဟန်သည် ထိုစိတ်ပျက်စရာ စကားများကို ခံစားချက်မဲ့ ပြောလိုက်သည်။

"မင်းက တကယ်တော်တာပဲ" လင်ချင်းယဲ့သည် သူသေရမှာကို မကြောက်သော်လည်း သူ ကမူးရှူးထိုးလုပ်လိုက်ခြင်းသည် ခဲ့ရွမ်အား အန္တရာယ်ဖြစ်စေမည်ကို ကြောက်သည်။

"အရှင်မင်းမြတ် အချိန်ကျပါပြီ"

စစ်ယွိဟန်သည် ခဲ့ရွမ်ဘက်လှည့်ပြီး သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now