Ch 95: လုပ်ကြံသတ်ဖြတ်မှု/လုပ်ကြံသတ်ဖြတ်မှု

7.7K 1.2K 13
                                    

(Unicode)

"အစ်ကိုချင်းယဲ့ သတိထား!" ချီချန်က ရုတ်တရက် အော်လိုက်သည်။

ဓားရှည်များကိုင်ဆောင်ထားသော အနက်ရောင်ဝတ် လူတစ်စုသည် သူ့အနီးနားတွင် ရုတ်တရက် ပေါ်လာသောအခါ လင်ချင်းယဲ့၏ အမူအရာသည် လေးနက်သွားလေ၏။

"အိမ်ရှေ့စံကို ကာကွယ်ကြ!"

"ဟုတ်ကဲ့!"

ခဲ့ရွမ်သည် စစ်ယွိဟန်ကို ရထားလုံးထောင့်သို့ ဆွဲခေါ်လိုက်ကာ အသံတိုးတိုးနဲ့ သတိပေးလိုက်သည်။

"ဒီအချိန် လျှောက်မပြေးနဲ့။ လက်နက်တွေက အန္တရာယ် များတယ်.. ဒဏ်ရာရတာ ပေါ့သေးသေးကိစ္စ မဟုတ်ဘူး။ ငါပြောတာ ကြားလား?"

စစ်ယွိဟန်၏ မျက်လုံးများ မှိန်သွားကာ ခေါင်းညိတ်လိုက်သည်။

"ဒီနေ့ ရထားလုံပေါ်မှာပဲ ဆက်နေရမယ်။ စစ်သူကြီးလင်နဲ့ ချီ.. အဟမ်း.. အစ်ကိုမူချင်းက ငါတို့ကို ကာကွယ်ပေးလိမ့်မယ်"

ချောင်တောင်ပေါ်ကနေဆင်းပြီးကတည်းက လူတိုင်းက ချီချန် ဆိုတဲ့နာမည်ကို မေ့ထားသင့်သည်။ ယခု သူ၏နာမည်သည် မူချင်းဖြစ်သည်။ ဒီလို မိန်းမဆန်တဲ့ နာမည်ကို ရွေးရတဲ့ အကြောင်းရင်းကိုတော့ ခဲ့ရွမ် မသိပေ။
သူကြိုက်လို့ ဖြစ်မှာပေါ့။

(慕- မြတ်နိုးဖွယ်,青- အစိမ်း)

ရထားလုံးအပြင်ဘက်မှာ ဓားခုတ်သံတွေ ကြားနေရ၏။ ရံဖန်ရံခါ ရထားလုံးထဲသို့ ဓားအချို့ တိုးဝင် လာသော်လည်း ယင်းတို့မှာ ကြောက်စရာမရှိပေ။

စစ်ယွိဟန်သည် ခဲ့ရွမ်ကို မော့ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အရှင့်သားက စိုးရိမ်နေပုံမပေါ်ဘူးနော်"

အရင်က သူတို့တိုက်ခိုက်ခံရတုန်းက ခဲ့ရွမ်ဟာ အရမ်း စိတ်လှုပ်ရှားနေပုံရတယ် ဆိုတာကို သူမှတ်မိသည်။

ခဲ့ရွမ် "....."
ဒီလောက် သိသာနေတာလား?

"အင်း..အဲဒါက.. ဘာလို့ဆို.. ငါ..ငါ" ခဲ့ရွမ်က မျက်လုံးတွေကို လှန်လိုက်ပြီး ဆက်ပြော၏။

"ကြည့်စမ်း..ပြီးခဲ့တဲ့ အကြိမ်က ငါတို့ စစ်သူကြီးလင်ကို ဒုက္ခပေးခဲ့တယ် မဟုတ်လား။ အဲ့လိုအခြေအနေ မျိုးမှာတောင် စစ်သူကြီးလင်က ငါတို့ကို ဘေးကင်းအောင် ထားနိုင်တယ်။ ဒါကြောင့် ဒီတကြိမ် ရထားပေါ်မှာပဲ နေလိုက်တာ ပိုကောင်းတယ်"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now