Magsimula sa umpisa
စစ်ယွိဟန်က ပြုံးလိုက်ပြီး ခဲ့ရွမ်သည် လူတွေကို ချုပ်ရာတွင် တော်သည်ဟု တွေးလိုက်သည်။ ဝါရင့်စစ်မှုထမ်းဟောင်းတောင်မှ သူ့ဆီမှာ ဖိအားပေးခံနေရပြီ ဖြစ်သည်။
"ဒါက.."
"လုပ်ပါ.. ယွီလျောင်းခရိုင်ကို အရင် ပြန်ကြရအောင်နော်" အရင်ဆုံး ခရိုင်မှူးကိစ္စကို ကိုင်တွယ်ဖို့ လိုလေသည်။
"အရှင့်သား" စစ်သူကြီးလုံ၏ အမူအရာသည် ရုတ်တရက် လေးနက်သွားသည်။
ခဲ့ရွမ်၏ နှလုံးခုန်သံ လွဲချော်သွားပြီး တွေးနေမိသည်။
ဘာ... ဘာဖြစ်နေတာလဲ?"
"အရှင့်သား.. မင်းသားတစ်ပါးက ဒီလိုမျိုး ပြောလို့မရဘူးလေ"
ခဲ့ရွမ် "....."
သူသည် လင်ချင်းယဲ့ကို ကြည့်လိုက်မိသည်။ ဒီလူတွေက အဆင့်အတန်းကို ဘယ်လောက်ထိ ဂရုစိုက်နေရတာလဲ?
ခဲ့ရွမ်၏အကြည့်ကို ခံစားမိသွားဟန်ဖြင့် လင်ချင်းယဲ့သည် ထိတ်လန့်သွားကာ စစ်သူကြီးကို ကြည့်လိုက်သည်။ သူက ခဲ့ရွမ်ကို ကူညီဖို့ရည်ရွယ်ပြီး ပြောလိုက်၏။
"စစ်သူကြီးလုံ.. သခင်လေးရဲ့ အဆင့်အတန်းက အပြင်မှာ ထုတ်ပြဖို့ အဆင်မပြေဘူး"
စစ်သူကြီးက သဘောတူလိုက်ဟန်ဖြစ် ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီ"
ခဲ့ရွမ် သက်ပြင်းတစ်ချက်ချလိုက်သည်။ စစ်သူကြီးလုံလို ဝါရင့်အမှုထမ်းတစ်ယောက်က တကယ် လက်မလျှော့ဘူးဆိုရင် လင်ချင်းယဲ့ကို သူ‌နားချခဲ့သလိုမျိုး လုပ်ရုံနဲ့ မရလောက်ပေ။
ချီချန်၏ အကြောင်းမှလွဲ၍ လင်ချင်းယဲ့သည် ၎င်းတို့ သွားရာလမ်းတွင် စစ်သူကြီးလုံအား အရာအားလုံးကို ပြောပြခဲ့သည်။ ချီချန်ရဲ့ အကြောင်းကို လူနည်းစုသာ သိထားရင် ပိုလုံခြုံလိမ့်မည်ဖြစ်သည်။
စစ်သူကြီးလုံသည်လည်း ခရိုင်မှူး၏ လုပ်ဆောင်မှုကို မကျေမနပ်ဖြစ်ပြီး လီခန်းနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ခဲ့ရွမ် အံ့အားသင့်သွားရသည်။ စစ်သူကြီးနှစ်ဦး၏ အကူအညီကြောင့် ခဲ့ရွမ်သည် ဤကိစ္စကို စိတ်အေးလက်အေး ဖြစ်ခဲ့ရသည်။ ထို့အပြင် သူ့တွင် ပို၍အရေးကြီးသော အရာတစ်ခုရှိသေး၏။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon