Ch: 14 (U+Z)

12K 1.8K 20
                                    

"ကြည့်စမ်း..အိုး...ကောင်းတယ်..စစ်သူကြီးလင်..သူ့ကို
နာနာလေးရိုက်!ဟုတ်ပြီ..အဲ့လိုမျိုး..အံ့သြစရာပဲ!"
ခဲ့ရွမ်သည် စစ်သူကြီးလင်ကို အတုယူစပြုလာသည်။
သူက အသက်တောင်မရှူနိုင်ဘဲ ခံစားချက်အပြည့်နဲ့ ပြောနေသည်။
"ငါ့လိုလူက ဒီနေ့ ဒီနေရာမှာရှိနေနိုင်တာ အံ့သြဖို့ကောင်းတယ်။ ဒါတွေအားလုံးက စစ်သူကြီးလင်ကြောင့်ပဲ.. သူက အရမ်းထိုက်တန်တယ်"

စစ်ယွိဟန်၏ မျက်လုံးများက ပိုပြီး နက်‌မှောင်လာသည်။
သူ့မှာ ဘာလေးစားစရာတွေများ ရှိနေလို့လဲ?
လင်ချင်းယဲ့က သူ့ထက် ပိုတော်နေလို့လား?

မဟုတ်ဘူး!အတိအကျကို မဟုတ်ဘူးပေါ့!

စစ်သူကြီးလင် ယွီလျောင်းခရိုင်မှာ မသေခဲ့ရင်တောင် ဘာပဲဖြစ်ဖြစ် အဆုံးမှာ သူတို့ကို သတ်ပစ်မှာပဲ။
အချိန်တစ်ခုပဲ လိုတယ်။

"ဟန်!"

ပြန်ဖြေသံမကြားတဲ့အခါ ခဲ့ရွမ်က ခေါင်းကိုလှည့်ကာ စစ်ယွိဟန်ကို ကြည့်လိုက်သည်။ သူ၏ ဘေးတိုက် မျက်နှာကိုသာ မြင်လိုက်ရပြီး စစ်ယွိဟန်သည် လင်ချင်းယဲ့ကို လုံးဝကြည့်မနေဘူးဆိုတာကို သိလိုက်ရသည်။

ခဲ့ရွမ်သည် တိုက်ပွဲအသံက ကျယ်လွန်းသောကြောင့် စစ်ယွိဟန် တုန်လှုပ်နေတာဟု ထင်လိုက်သည်။
ဒီလိုပဲ ဖြစ်ရမယ်။ အခြားရှင်းပြစရာ မရှိဘူး။

ခဲ့ရွမ်ရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာတာကြောင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

"သခင်လေး..သတိထား!"

ခဲ့ရွမ်သည် သူ့နှလုံးသားထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူသည် မသိစိတ်က စစ်ယွိဟန်ကို ကိုင်ထားပြီး ဓားကို တစ်ဖက်သို့ထောက်ကာ ရှောင်လိုက်သည်။

လင်ချင်းယဲ့သည် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူသည် သူ့ပတ်ဝန်းကျင်ရှိ ဓားပြများစွာကို အမြန်ဖြေရှင်းပြီး ခဲ့ရွမ်ကိုစစ်ဆေးကြည့်ရန် ပြေးလာခဲ့သည်။

"သခင်လေး..အဆင်ပြေရဲ့လား"

"ငါ အဆင်ပြေတယ်"

သူက ခေါင်းငုံ့လိုက်ပြီး ထူးထူးခြားခြား ငြိမ်နေတဲ့ စစ်ယွိဟန်ကို မေးလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt