နတ်ဆိုးဂိုဏ်း​တွေက  wuxia ဝတ္ထုတိုင်းလိုလိုမှာ မရှိမဖြစ်လိုအပ်တဲ့ လူကြမ်း​တွေ ဖြစ်ပြီး ဒီကမ္ဘာမှာလည်း ခြားနားခြင်းမရှိဘူး

လွန်ခဲ့သောငါးနှစ်က အလင်းဂိုဏ်း၀င်​တွေအားလုံးစု​ပေါင်းပြီး နတ်ဆိုးဂိုဏ်းကို ၀ိုင်းထားခဲ့ကြဖူးတယ် နတ်ဆိုးဂိုဏ်းကိုလုံး၀ မဖျက်ဆီးနိုင်ခဲ့ပေမဲ့ ပြင်းထန်တဲ့ ထိုးနှက်မှုကို​တော့ ​ပေးစွမ်းနိုင်ခဲ့ကြတယ်

ယခင်နတ်ဆိုးဂိုဏ်းချုပ်ဟောင်းသေဆုံးခဲ့ပြီး ကျန့်ကျန်း အာဏာသိမ်းခဲ့တယ် ဒီလွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူဟာ လူသား​တွေရဲ့အသက်ကို မြက်ပင်​လေး​တွေလိုရှုမြင်ပြီး သတ်ဖြတ်​သောင်းကျန်းခဲ့သူဖြစ်ကာ အများရဲ့ မုန်းတီးစက်ဆုပ်မှုကို ခံထားရသူဖြစ်တယ်

ဖူယိယွမ် နဲ့ နတ်ဆိုးဂိုဏ်းချုပ်တို့အကြားယှဉ်ပြိုင်မှုသတင်းဟာ သိုင်း​လောက တစ်လျှောက်လုံးပျံ့နှံ့သွားခဲ့တယ်
……

လမ်းတစ်ခုမှာ ရထားတစ်စင်းက မနှေးမမြန်နှုန်းနဲ့မောင်းလာတယ်
ရထားမောင်းသူဟာ ရိုးသားပုံရှိပြီး သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်တယ်

နာရီအ​တော်ကြာ​မောင်းလာပြီးတဲ့​နောက် ​နေ၀င်မှုအရိပ်အ​ယောင်ကို ကြည့်ပြီး ယာဉ်မောင်းက ရထားကိုအရှိန်လျှော့လိုက်တယ်

"မိန်းက​လေး.. မကြာခင်မှောင်တော့မယ်.. ဒီညငါတို့ဒီမှာအနားယူကြမလား"

ရထားမောင်းသူက ခရီးသည်လှည့်ကြည့်ပြီး ကိုဂရုတစိုက်မေးတယ်
"အိုး..ဟုတ်ပြီ​လေ."
ငြိမ့်ညောင်းတဲ့အသံက ရထားအတွင်းကနေထွက်လာတယ်။
ဒါကိုကြားတော့ယာဉ်မောင်းက ရထားကိုရှင်းလင်း​နေတဲ့​မြေဆီ ဦး တည်လိုက်တယ်။

ရှီရှန်းက ရထားလုံးကိုမှီရင်း စခန်းချပြင်ဆင်ဖို့ အလုပ်ရှုပ်​နေတဲ့ ယာဥ်​မောင်းကို ကြည့်လိုက်တယ်

ဇာတ်လိုက်​ကောင်က ​ကျောက်စိမ်း​ရေစင်ရွာမှာ ရှိရင် လျှိုရွှီလည်း အဲ့နေရာမှာ ရှိနေလိမ့်မယ်
ဒါကြောင့် ရှီရှန်းလည်း အဲ့ကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....حيث تعيش القصص. اكتشف الآن