ကိုကို - ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

ပြောပြီးမှဆယ်ဟွန်းစကားလေးတန်းလန်း
ဖြစ်သွားတယ်။ကိုယ့်သဘောနဲ့အကိုလို့မခေါ်တော့ဘဲ *ကိုကို* ခေါ်လိုက်မိတာမလား။

"ကိုယ့်ကို ကိုကို လို့ခေါ်တာလား။
ဆက်ပြောလေ ဟွန်းလေး "

ကိုကိုကအိပ်ရာပေါ်ပြန်ထိုင်လိုက်ပြီး
သူ့ကိုမော့ကြည့်နေတာ။ဒီလိုကြီးကျတော့
ဆယ်ဟွန်းမှာဆက်ပြောဖို့တမျိုးကြီး။

"ဟင့်အင်း ဘာမှမဟုတ်တော့ဘူး
သွားအိပ်တော့မယ် "

လှည့်ထွက်ဖို့ပြင်သောဆယ်ဟွန်းကိုယ်လုံး
လေးမှာလှမ်းဆွဲကာပွေ့ဖက်ထားခြင်းခံလိုက်ရသည်။

"ပြောစရာရှိတယ်ဆိုပြောလေ
အတော်ပဲကိုယ်လည်းမအိပ်ချင်သေးဘူး
ဆိုတော့... "

ကိုကို ပေါင်ပေါ်ဝယ်အပွေ့ခံထားရသော
အနေအထားဝယ်ဆယ်ဟွန်းကဘာစကား
ပြောထွက်တော့မလည်း။ရင်အခုန်မြန်ကာ
ပြောရမည့်စကားကဘယ်ဆီပျံထွက်သွား
တယ်မသိတော့။အနီးကပ်မြင်နေရသော
ကိုကို့အကြည့်တွေအောက်မနေတတ်ကာ
မျက်စိမှိတ်ထားလိုက်မိသည်။
နီးကပ်လာတဲ့အနေအထားကအစောနကလို
နမ်းမလို့များလား။

"ဟားဟား ကိုယ်ကဘာလုပ်မှာမို့
မျက်စိတွေမှိတ်ထားရတာလဲ။
ဘာလည်းကိုယ်ထပ်နမ်းပေးရမလား "

"အာ ကိုကို "

ဆယ်ဟွန်း ရှက်ရှက်နဲ့သူ့ရင်ဘတ်ကိုထုပြီး
ထပြေးထွက်လာလိုက်တော့သည်။အဲ့လိုစစရာလား။

သေချာတာကတော့အဲ့ညကဆယ်ဟွန်းမှာ
စိတ်လှုပ်ရှားကာအတော်နဲ့အိပ်လို့မပျော်ပေ။
ညသန်းခေါင်ကြီးဘတ်ဟျွန်းဆီစာပို့လိုက်မိလို့ဆဲခံလိုက်ရသေး။အဲ့လောက်တောင်
ဟန်မဆောင်နိုင်ပျော်နေရလားဆိုပြီးဆူသေး။ပြန်စဥ်းစားကြည့်တော့လည်းဟုတ်တယ်။ကိုကိုနဲ့ပတ်သက်ရင်ဆယ်ဟွန်းစိတ်
ကိုကမတင်းထားနိုင်တာခက်သား။

~~~

"သွားပါ
အခုမှမအေကိုလာချွဲနေတယ်
ဟိုတနေ့ကတော့မှေးနေတဲ့မျက်လုံးကိုပြူးပြဲ
ပြီးပြန်အော်နေတာဘယ်သူတုန်း "

ဆယ်ဟွန်း အမေ့နားကပ်ကာအတင်းစကား
လိုက်ပြောတော့ဤသို့ဆိုလေရဲ့။သူကလည်း
ဟုတ်တယ်။အဲ့နေ့ကကိုကို့အတွက်နဲ့မွေးသမိခင်ကိုတောင်ပြန်အော်ခဲ့တာမလား။

CHANHUN MINI STORY BOOK 1Where stories live. Discover now