ကိုကို - ၁၃

Start from the beginning
                                    

"အလုပ်ရောက်မှစားတော့မယ်
ငါနောက်ကျနေပြီ "

"အကို... ကျွန်တော်
မနက်စောစောထပြီးချက်ထားတာ
ချက်ပေးသူရဲ့စိတ်ကိုအသိအမှတ်ပြုပြီး
စားပေးလို့မဖြစ်ဘူးလား "

ကျောခိုင်းလိုက်ချိန်နောက်ဘက်ဆီကထွက်ပေါ်လာသောအသံကြောင့်ချန်းယောလ်ခြေလှမ်းရပ်တန့်သွားရသည်။

ဆယ်ဟွန်းနှစ်ခြိုက်စွာပြုံးလိုက်သည်။
ခုတော့လည်းအကိုကသူချက်ပေးထားသော
မနက်စာကိုအကျအနထိုင်စားနေလေပြီ။
စားပါအကိုရာကျွန်တော့်အကြင်နာ
ချစ်ခြင်းတွေနဲ့ချက်ထားတဲ့အစားအသောက်
တွေကအကိုစားဝင်စေမှာပါ။

ချန်းယောလ်စားနေရင်းရှေ့ကကောင်လေးကို
ကြည့်လိုက်သည်။သူကျမစားဘဲငါးကအစအရိုးနွင်ပေးနေတာ။ချန်းယောလ်ပါးစပ်ထဲ
အရောက်ခွံမကျွေးရုံတမယ်ပါပဲ။

"မင်းရောမစားဘူးလား "

"ကျွန်တော်ဗိုက်မဆာသေးဘူး။အကိုအလုပ်သွားမှာမလား။စကားမပြောနဲ့များများစား
အလုပ်နောက်ကျတယ်ဖြစ်မယ် "

"မနက်စာအတွက်ကျေးဇူးပဲ "

အကို့လက်ဆွဲအိတ်ကိုဆယ်ဟွန်း က
ဦးအောင်ယူထားလိုက်ပြီးကားနားအထိရောက်အောင်လိုက်ပို့လိုက်သည်။

ချန်းယောလ်လည်းစကားအပိုထပ်မဆိုတော့ဘဲကားတံခါးဖွင့်ဝင်ထိုင်လိုက်သည်။ကားမောင်းထွက်ဖို့တောင်အယောင်ယောင်အမှား
မှားဖြစ်ရပြန်သည်။အမှားဖြစ်ရခြင်းက
အဆမတန်ခုန်နေသောရင်ခုန်သံ​ကြောင့်ဆိုလည်းမမှားပေ။

ကိုကို့ပုံစံကြောင့်ဆယ်ဟွန်းရီချင်နေပြီ။
ကားမောင်းထွက်ဖို့တောင်ဘာတွေလုပ်နေမှန်းမသိဖြစ်နေသောကိုကိုကချစ်စရာကောင်းသလိုရီလည်းရီချင်စရာကောင်းနေသည်။နေ့လည်စာကိုပါအလုပ်ထဲလိုက်ပို့
​ဖို့အစီအစဥ်ဆွဲထားတာမို့ဆယ်ဟွန်းအတွေးထဲတော့အကုန်အဆင်ပြေနေသည်။

ကားမောင်းလာရင်းသူတွေးမိပြီးချန်းယောလ်
စိတ်ကသဘောကျလိုက်မိသည်။ကြယ်သီးတပ်ပေးသောပုံရိပ်လေး၊သူစားနေတာကိုဘေးကနေငါးအရိုးနွှင်ပေးနေပြန်သောပုံရိပ်လေး၊ဒါတင်မပြီးသေးကားနားအထိအိတ်ဆွဲကာလိုက်ပို့သောပုံရိပ်တို့ကြောင့်
သူစိတ်လွတ်ကာသဘောတကျထပ်ပြုံးမိပြီ။
မသိရင်ကလေးငယ်အပြုအမှုကခင်ပွန်း
အပေါ်အရိပ်တကြည့်ကြည့်နဲ့ချစ်ကြင်နာသောဇနီးလိုပါလား။ကိုယ့်ဘာသာတွေးပြီးမှ
မဟုတ်သေးပါဘူးလို့ပြန်ခေါင်းရမ်းမိသည်။

CHANHUN MINI STORY BOOK 1Where stories live. Discover now