ကိုကို - ၁၂

Start from the beginning
                                    

"ဟုတ်တယ် ငါဖျားနေတာ
အခုငါနားပါရစေလား "

သူ့ဘေးကနေထွက်ခွာဖို့ပြင်နေသောအကို

"ဆေးထိုးမှနေကောင်းမှပေါ့အကို
ဆရာဝန်ပင့်လိုက််မယ် "

"မလိုဘူး"

တိုပြတ်ပြတ်ပြောကာအခန်းထဲဝင်သွားသောအကို။ဆယ်ဟွန်းမှာတော့စိတ်မကောင်းဖြစ်ကာကျန်ခဲ့သည်။

ချန်းယောလ်အခန်းထဲဝင်လာပြီးအိတ်ကိုပစ်ချကာအားအင်ကုန်ခမ်းစွာအိပ်ရာထက်ခြေပစ်လက်ပစ်လှဲချလိုက်သည်။ဟိုဒီတွေးရင်းအစတည်းကပင်ပန်းကာဖျားနာမှုကြောင့်
သူအိပ်ပျော်သွားတော့သည်။

ဆယ်ဟွန်းမှာတော့အက်ို့အခန်းရှေ့ခေါက်တုံ့ခေါက်ပြန်လျောက်ကာတံခါးများ
ဖွင့်လာလေမလားစောင့်နေမိသည်။မ​နေနိုင်သည့်အဆုံးတံခါးခေါက်တော့ပြန်ထူးသံထွက်မလား။စိုးရိမ်မိသည်။ကိုယ်ပူတာအတော်ဆိုးနေတာအဖျားကြီးပြီးတခုခု
ဖြစ်နေမှတွေးပြီးသော့အပိုရှာပြီးတံခါးဖွင့်ဖို့ကြိုးပမ်းရတော့သည်။
အခန်းထဲရောက်တော့အိပ်ရာထက်တအင့်
အင့်ညီးညူကာအဖျားတွေတက်နေသော
အကို့ကိုတွေ့လိုက်ရသည်။

ခေါင်းကြောမာသောအကို့ကြောင့်တော့
ခက်တယ်။ဆရာဝန်ဆီဖုန်းဆက်လိုက်ပြီး
အရင်ဆုံးကိုယ်ပူကျသွားအောင်
ရေပတ်တိုက်ဖို့လုပ်ရသည်။ညီးညူနေရင်း
ချမ်းတယ်လို့ရေရွတ်နေသောအကို။
ဆယ်ဟွန်းအိမ်ပြန်လာတာနဲ့တိုက်နေပေလို့
ပြုစုပေးလို့ရတာ။အိမ်မှာအမေလည်းမရှိ
အရင်လိုအိမ်အကူလည်းမထားတော့တာမို့
သူဖျားနာရင်စားရေးသောက်ရေးကအစ
ဒုက္ခရောက်တော့မှာ။အကိုကတော့တကယ်
ခက်တယ်။

အဖျားကြီးပြီးတအင့်အင့်ညီးညူနေသော
အကို့ဘေးဆယ်ဟွန်းထိုင်စောင့်နေတာ။
ဆရာဝန်ဆေးထိုးပေးခဲ့ပေမဲ့အဖျားကချက်ချင်းကျသွားတာမှမဟုတ်တာ။
ချွေးစီးတွေထွက်တာစိုရွှဲနေလို့အင်္ကျီထပ်လဲပေးရသည်။တစ်ညလုံးအကို့ဘေးမှာစောင့်ပေးရင်းမိုးလင်းခါနီးအချိန်လေးမှအိပ်ပျော်သွားသည်။

ချန်းယောလ်နိုးလာခဲ့ချိန်သူ့လက်ကိုဆုပ်ကိုင်ထားသောလက်လေးကိုကြည့်ရင်းမျက်ရည်ဝဲလာသည်။အိပ်ပျော်နေသောကလေးငယ်ကအပြစ်ကင်းလိုက်တာ။ကလေးငယ်မျက်နှာထက်ဝဲကျနေသောဆံပင်လေးကိုဖယ်ပေးမယ်လုပ်ပြီးမှနိုးသွားမှာစိုးလို့ငြိမ်နေလိုက်သည်။ဆုပ်ကိုင်ထားသောလက်လေးမှ
တဆင့်အနွေးဓာတ်ကသူ့ရင်ထဲထိစီးဆင်းနေသလိုခံစားရသည်။ဖြည်းဖြည်းချင်းသူလှုပ်ရှားပြီးကလေးငယ်ရဲ့လက်ကိုနမ်းရှိုက်လိုက်သည်။ကြည်နူးမှုကရင်ထဲတသိမ့်သိမ့်။

CHANHUN MINI STORY BOOK 1Where stories live. Discover now