ချန်းယောလ်စကားပြောနေရင်းအဝင်ဝတွင်
ရပ်နေသောဟွန်းလေးကိုတွေ့လိုက်ရသည်။
မို့အစ်နေသောမျက်ဝန်းတွေနဲ့ဟွန်းလေး
စိတ်မကောင်းဖြစ်နေမှာ၊နောက်ဆုံးအနေနဲ့
ဖခင်ကိုစကားတောင်ပြောခွင့်မရလိုက်တာ
ယူကြုံးမရဖြစ်နေမဲ့ကောင်လေးကိုသူနှစ်သိမ့်
ပေးချင်မိသည်။သူလှမ်းစကားပြောမယ်
ပြင်ပြီးမှဟွန်းလေးနောက်နားဝယ်ကပ်ပါလာ
သောပုပုသေးသေးကောင်လေးကိုတွေ့လိုက်ရသည်။သြော် လို့သာရေရွတ်ရင်းသူထွက်လာလိုက်သည်။အသုဘအခမ်းအနားလာသော
ယောက်က္ခထီးမိတ်ဆွေတွေကိုဧည့်ခံစကား
ပြောနေလိုက်သည်။သူ့ကိုတွေ့တာနဲ့ဖက်ငိုတော့သောအမေ။
အမေကိုယ့်ခန္ဓာကပိန်လှီသွားလိုက်တာ။
သူလည်းအမေ့ကိုပွေ့ဖက်ရင်းထပ်ငိုမိပြီ။
အနက်ရောင်ရိုးရာဝတ်စုံကိုဝတ်လို့မျက်ဝန်း
အစုံကနီရဲကာနွမ်းလျနေသောအမေ့သွင်ပြင်ကညိုးငယ်လို့နေသည်။ဆယ်ဟွန်းလည်းနာရေးဝတ်စုံလဲဝတ်ကာ
အဖေ့ကိုကန်တော့သည်။စိတ်ထဲမှာတော့
သားဆိုးသားမိုက်ဖြစ်ခဲ့သောသူနောင်တရလို့
မဆုံးတော့။အမေ့ဘေးသူဝင်ထိုင်ကာလာသမျှသောဧည့်သည်တွေကိုစကားပြောရသည်။ဘတ်ဟျွန်းခင်မျာယောင်တောင်တောင်နဲ့
လာတဲ့သူတွေကိုထမင်းကျွေးသောနေရာ
မှာသွားထိုင်နေရသည်။ဆယ်ဟွန်းကလည်း
သူ့အပူနဲ့သူဆိုတော့နားလည်ပါတယ်။
ကိုယ့်ဘာသာဘဲအဆင်ပြေသလိုကြည့်နေရ
တာပေါ့။"ညီလေး အတူလိုက်လာပေးတာလား"
ဘတ်ဟျွန်းလှည့်ကြည့်လိုက်တော့ဆယ်ဟွန်း
ရဲ့ယောက်ဖအစ်ကိုကြီး။" --------- "
လူရှင်းသွားသည့်အချိန်အမေနဲ့ဆယ်ဟွန်း
တူတူထမင်းစားဖို့ဟိုဘက်ကထမင်းကျွေးရာ
နေရာသို့လာလိုက်သည်။"အမေ မမကိုလည်းမတွေ့မိပါလား "
ဆယ်ဟွန်းထိုသို့မေးတော့မျက်နှာပျက်
သွားသောအမေ။ဘာကိစ္စရှိလို့လည်း။"သားငယ်ခဏနေဦး
မင်းအစ်ကိုကြီးရောစားပြီးပြီလားမသိ
အမေသွားခေါ်လိုက်မယ် "
YOU ARE READING
CHANHUN MINI STORY BOOK 1
Short Story⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person .
ကိုကို - ၉
Start from the beginning