ဘဏ္ဍာတိုက်မှ ပစ္စည်းတစ်ဝက်ခန့်ကျော်
အခိုးခံလိုက်ရပြီး လူရွေးပွဲအတွက်
ဆုလာဒ်များအပြင် နဂါးသွေးပင်ပါသွားလေသည်။
ဆုလာဒ်မပါဘဲ လူရွေးပွဲကျင်းပခဲ့ပါလျှင်
သွေးစွေးနီကလန်မှာ မျက်နှာပိုပျက်ရချေမည်။
ယူကျန်ထျန်း ဒေါသပုန်ထနေသည်မှာ
မဆန်းတော့ချေ။ ပြဿနာတွေက
တစ်ခုပြီးတစ်ခု ရုတ်ခြည်းပေါ် လာသည်။
တစ်ယောက်ယောက်က သွေးစွေးနီကလန်ကို
စိတ်ကုန်အောင်လုပ်ဖို့ကြိုးစားနေတာ
ထင်ရှားနေသည်။

မြို့အရှင်မှာ နောက်မဆုတ်သွားရဲချေ၊
သို့ပေမယ့် ယူကျန်ထျန်းရှေ့၌ ခေါင်းတောင်
မမော့ရဲ။ ဒါကိုကြားတော့ သူမြန်မြန်ပြန်ဖြေလိုက်
တယ်၊ "ခေါင်းဆောင် ဝူရှန်ရှင်းပြတာ
နားထောင်ပေးပါ"

ယူကျန်ထျန်း 'ဟမ့်' လိုက်သည်။

သူနဲ့အဆင့်တန်းချင်းတူတယ်ဆိုတာ
ထင်ရှားနေတဲ့ ဘေးမှာထိုင်နေတဲ့ဆန်းကြယ်သူက
သူ့လက်ကို ရုတ်တရက်ဆုပ်ကိုင်လိုက်၏။
ခြုံထည်နက်အောက်မှ
ရည်မွန်ကျော့ရှင်းပြီး နားဝင်ချိုသည့်အသံတစ်သံ
ထွက်လာသည်၊ "ဒါဖြင့်ရင် သူရှင်းပြတာ
နားထောင်ကြည့်ရအောင်"

အံ့ဩဖို့ကောင်းစွာနဲ့ ၊ ယူကျန်ထျန်းက
ဒေါသမထွက်သွားဘဲ သူ့မျက်နှာပေါ် က
ဒေါသတောင်ပြေသွားလေသည်။

"နဂါးသွေးခိုးသွားတဲ့သူတွေနဲ့ ယွီရှန်းမြို့မှာ
ကသောင်းကနင်းဖြစ်အောင်လုပ်ခဲ့တဲ့သူတွေက
အတူတူပဲလို့ ကျွန်တော်ထင်ပါတယ်၊
နောက်ပြီး သူတို့ကနတ်ဘုရားဆင့်တစ်ယောက်
လည်း ပါတယ်......" ရှင်းလော့မြို့အရှင်က
ထိုနေ့ကဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်
ပြန်ပြောပြလိုက်ကာ ရွှေတောင်ပံပိုးကောင်တွေ
အကြောင်းတောင်ပါသည်။

နတ်ဒေဝါအဆင့်နဲ့ နတ်ဘုရားအဆင့်ကြားက
ကွာဟချက်က အလွယ်တကူညှိယူလို့
မရတာကြောင့်
သူတို့ပြိုင်ဖက်ဖြစ်သူက နတ်ဘုရားဆင့်ဆိုတာ
မိသားစုခေါင်းဆောင်အဖိုးကြီးသိလျှင်
သူ့ကိုသိပ်အပြစ်တင်မှာမဟုတ်တာ
သူသိသည်။

ယူကျန်ထျန်း ပိုလေးနက်လာသည်။
လာပြန်ပြီ နတ်ဘုရားဆင့်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now