မဟုတ်ဘူး။
ထုတ်ဖော်ခွင့်တောင်မရှိသေး
မြိုသိပ်ခဲ့ရတာဆိုပိုမှန်မယ်။

နေ့တိုင်းနီးပါးကျွန်တော်တို့အိမ်နဲ့အလှမ်းဝေးတဲ့ကိုကို့အိမ်ရှေ့ကိုတမင်လာပြီးဆော့သလိုလိုနဲ့ကိုကို့ကိုချောင်းရတာ။အသက်ကွာခြားတာကလည်းပြသာနာတစ်ရပ်ပါပဲ။
ကိုကို့ကိုရောဖို့ကနည်းလမ်းလည်းမရှိ။
ခက်ခဲလိုက်တာ။ကိုကိုကတက္ကသိုလ်ကျောင်းသားဖြစ်နေပြီ။ကျွန်တော်က
အလယ်တန်းပဲရှိသေးတာ။

တစ်နေတော့ကျွန်တော့်မျှော်လင့်ချက်
ရောင်ခြည်တွေသန်းလာတယ်။
ပျော်လိုက်တာမှအပျော်တွေကိုဖုံးရင်း
တုန်နေတဲ့ခြေထောက်ကိုထိန်းလို့ချစ်ရတဲ့
ကိုကို့ဘေးကိုဝင်ထိုင်ရင်းစပ်စုနေလိုက်သည်။ကိုကိုကကျွန်တော်အိမ်ကိုဆိုက်ဆိုက်
မြိုက်မြိုက်ကြီးရောက်ချလာတာလေ။

*ကလေးရေအစ်ကို့ကိုသိတယ်မလား
ကလေးလာလာဆော့နေတဲ့နေရာလေ... *

ဤသို့အစချီကာသူ့ကိုယ်သူမိတ်ဆက်သော
ကိုကို...

*မောင်ကလည်းရဲလိုက်တာမေမေတို့သိသွားမှဆိုပြီး ခပ်တိုးတိုးဆိုကာအနားရောက်လာသောကျွန်တော့်မမ *

ထိုစကားများကိုကြားလိုက်ရချိန်နားထဲမတော့သံရည်ပူလောင်းချခံလိုက်ရသလို
ခံစားလိုက်ရသည်။မမရဲ့မေမေရှိရာမီးဖိုခန်းဆီကြည့်လိုက်တဲ့အကြည့်၊ပြီးတော့ကိုကို့
ရင်ဘတ်ကိုဖွဖွထုလိုက်တဲ့အခါမမလက်ကို
လှမ်းဆုပ်ပြီးပြုံးပြတဲ့ကိုကို။သေချာတယ်
အဲ့နေရာတင်ကျွန်တော့်ကမ္ဘာပျက်သွားတာပဲ။

*မောင်ဒါကဆယ်ယောင်းမောင်ငယ်လေး
ဆယ်ဟွန်း * လို့မမကမိတ်ဆက်နေချိန်
ကိုကို့ဆီက * မောင့်ယောက်ဖလေးဆိုတာ
သိပါ့ဗျာ * လို့ပြောချိန်ရင်ထဲသံမှိုစိုက်ခံလိုက်ရတယ်။

သိချင်နေတဲ့ကိုကို့နာမည်က
*ပတ်ချန်းယောလ်*
ဆိုတာကြားသိရပြီးနောက်

မေမေ့ကိုသမီးရဲ့သူငယ်ချင်းလို့မိတ်ဆက်နေသောမမအသံနဲ့ဝေးရာဆီကျွန်တော်ကျော
ခိုင်းထွက်လာခဲ့တယ်။
ရင်ကွဲနာဆိုတာဒါကိုများခေါ်လေမလား။

ကံကြမ္မာက ရက်စက်တယ်။
ကျွန်တော့် အချစ်က မမရဲ့မောင် တဲ့လေ

CHANHUN MINI STORY BOOK 1Место, где живут истории. Откройте их для себя