<Unicode>
Chapter 43: Restaurant
သခင်မကြီးဟေးမှာ ထိုကူလင်းစားသောက်ဆိုင်ထက် ဝင်ငွေပိုကောင်းတဲ့ လုပ်ငန်းတွေလည်း ရှိသေးသည်။ သို့ပေမယ့် ကူလင်းကတော့ သူမပိုင်ဆိုင်တဲ့ တခုတည်းသော စားသောက်ဆိုင်ဖြစ်သည်။ စန်းလန်ရဲ့ဇနီးလေးက အချက်အပြုတ်မှာ ပါရမီပါမှတော့ သူမလည်း ထိုစားသောက်ဆိုင်ကို ချူ းလျန်ကိုင်တွယ်ဖို့ ပေးလိုက်နိုင်သည်။
ဝူနိုင်ငံမှာက ဇနီးသည်မိန်းမတွေကို စီးပွားရေးနဲ့ပတ်သတ်ပြီး တားမြစ်ပိတ်ပင်ထားတာ မရှိပေ။ အိမ်တော်ရဲ့တာဝန်ကို စီမံနေရတဲ့ သခင်မတွေမှာဆို အနည်းဆုံး ဆိုင်အနည်းလောက်တော့ ရှိသည်။
ယခု ဧကရီတောင်မှပဲ မြို့ထဲမှာ ဆိုင်အနည်းငယ်ကို တိတ်တဆိတ် ဖွင့်ထားသေးသည်။ ဘယ်ဆိုင်တွေက သူမရဲ့ဆိုင်ဆိုတာ သိကြပေမယ့်လည်း ဘယ်သူမှတော့ မပြောရဲ
ကြပေ။
ဘယ်သခင်မတွေမဆို သူတို့ရဲ့စီးပွားရေး လုပ်ရည်ကိုင်ရည်ကို ချပြ ကြွားဝါချင်ကြသည်။ဘယ်အိမ်တော်မဆို ကိစ္စကြီးကြီး သေးသေး ငွေဆိုတာ အမြဲ လိုအပ်သည်လေ။
ကျင်းအန်အိမ်တော်ရဲ့ ဆိုင်တွေကိုကျ သခင်မကျိူ းက စီမံခန့်ခွဲနေရတာ ဖြစ်တဲ့အတွက်
သခင်မကြီးဟေးလည်း သွားပြီး ဇယားရှုပ်လို့မရပေ။ ထို့အပြင် ထိုဆိုင်တွေဆီကလည်း အကျိူ းအမြတ်ရယ်လို့ မည်မည်ရရ မရတာ ဖြစ်တဲ့အတွက် အိမ်တော်ရဲ့ ဝင်ငွေကို
စီမံနေရတဲ့ သခင်မကျိူ းအတွက်လည်း မလွယ်ကူလောက်ပေ။
ထို့ကြောင့် တညလုံးစဉ်းစားခန်းဖွင့်ပြီးနောက်တော့ သခင်မကြီးဟေးလည်း သူမရဲ့ပိုင်ဆိုင်မှုတွေအောက်ကပဲ ချူ းလျန်ရဲ့ စီမံခန့်ခွဲနိုင်စွမ်းတွေကို လေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်ရတော့သည်။
သခင်မကြီးဟေးလည်း အကြောင်းရင်းကို ပြောပြလိုက်သည်။
" သမီးက အိမ်တော်မှာ ဘာမှထွေးထွေးထူးထူး လုပ်စရာရှိမနေတော့ အဖွားက သမီးအတွက် တာဝန်တစ်ခုပေးမလို့.."
ချူ းလျန်လည်း အနည်းငယ် မျက်လုံးပြူ းသွားသည်။
"အဖွားက သမီးကို ကူလင်းစားသောက်ဆိုင်ကို စီမံခန့်ခွဲ ခိုင်းမလို့?"
သခင်မကြီးဟေးလျက် ပြုံးလျက်
" အဲ့ဒီစားသောက်ဆိုင်က အဖွားရဲ့ပိုင်ဆိုင်မှုတွေထဲက တစ်ခုပဲ ။ ပြီးတော့ ငွေလည်ပတ်မှုမကောင်းတာလည်း နှစ်အတော်ကြာပါပြီ ... စန်းလန်ရဲ့ဇနီးလေး ..တကယ်လို့ သမီးသာ အဲ့ဒီဆိုင်ကို ပြန်ရပ်တည်နိုင်အောင် လုပ်နိုင်ရင် အဖွားက ဒီဆိုင်ကို သမီးကို အပိုင်ပေးလိုက်မယ် ။ ဒါပေမယ့် တခုတော့ရှိတယ်: ကူလင်းစားသောက်ဆိုင်က စားသောက်ဆိုင်အနေနဲ့ပဲ ရှိနေရမယ် "
ဒါက သူမ မအိပ်ခင်မှာ ခေါင်းအုံးလာပေးနေတာ မဟုတ်ဘူးလား ?
သူမက ပိုက်ဆံရှာဖို့ စဉ်းစားနေတုန်း အခုသခင်မကြီးက စားသောက်ဆိုင်ကို လာပေးနေတယ် ။ အရင်ချူ းလျန်တောင် ဒီလို ကံကောင်းမှုကြီးကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး။
အရင်ချူ းလျန်က အိမ်တော်ကို စီမံခွင့်ရအောင် မကောင်းတဲ့နည်းကို သုံးခဲ့ပြီး သခင်မကြီး အိပ်ယာထဲလဲနေတဲ့ အချိန်မှာလည်း သခင်မကြီးရဲ့ ပိုင်ဆိုင်မှုတွေကို မသမာတဲ့နည်းနဲ့ ယူလိုက်တာလေ ။
" ဒါပေမယ့် ဒါက...." တကယ်ပဲလား? သူမအပျော်စို့နေပြီနော် !
သို့ပေမယ့် ချူ းလျန်ပြောလို့ မပြီးသေး သခင်မကြီးက ဖြတ်ပြောလိုက်သည်။
သခင်မကြီးက တမင်သက်သက် ရုပ်တည်ကြီးလုပ်၍
"ဒါပေမယ့်တွေ လုပ်မနေနဲ့တော့ ။ အဖွားဖြစ်သူက ပေးနေမှာတော့ လက်ခံရမှာပေါ့။ ဒီဆိုင်ကို မြေးကြီးမကလို့ ဘယ်သူပဲလာတောင်းတောင်း အဖွားက ပေးမှာမဟုတ်ဘူးနော်!
သမီး ဒီဆိုင်ကို ကောင်းကောင်းမစီမံနိုင်ရင်တောင် အဖွားက အပြစ်မတင်ပါဘူး ။ ဒီဆိုင်က အခုလည်း ဝင်ငွေမကောင်းတဲ့အတွက် သမီးလည်း ဒီထက်ဆိုးအောင်တောင် မလုပ်နိုင်လောက်တော့ပါဘူးလေ "
သခင်မကြီးဟေးက ချူ းလျန်ရဲ့ဆိုလိုရင်းကို နားလည်မှုလွဲသွားတာ ဖြစ်ပေမယ့်လည်း ဒီအချိန်က ရှင်းပြဖို့အတွက် အချိန်ကောင်းမဟုတ်သေး၍ ချူ းလျန်လည်း ငြိမ်နေလိုက်သည်။
ချူ းလျန်လည်း စိတ်လှုပ်ရှားပြီး ပျော်နေတာကြောင့် သူမရဲ့ ပါးမို့မို့လေး နှစ်ဖက်က ရဲနေသည်။ ထိုပါးလေးတွေကြောင့် သခင်မကြီးဟေးလည်း မနေနိုင်စွာနဲ့ ကိုင်ပြီး ဆွဲညှစ်လိုက်တော့သည်။
ချူ းလျန်လည်း ပါးကို အညှစ်ခံနေရတာကြောင့် နည်းနည်းရှက်သွားပြီး ' အဖွား' ဆိုပြီး
ချွဲနွဲ့သံလေးက ထွက်လာသည်။ သူမရဲ့အပြင်ပန်းက ငယ်ရွှယ်နေပေမယ့် အတွင်းက စိတ်ဝိညည်ကတော့ ၁၅ နှစ်သမီးလေး မဟုတ်တော့ဘူးလေ။
သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြချိန်မှာပဲ အစေခံလဲ့ကလည်း အပြုံးလေးနဲ့ ဝင်လာပြီးတော့ သခင်မကျိူ း ဂါရဝပြုဖို့ ရောက်လာကြောင်း ပြောလာသည်။
ချူ းလျန်လည်း စာရင်းစာအုပ်ကိုတချက် သခင်မကြီးကို တချက်ကြည့်လိုက်တော့ သခင်မကြီးဟေးက အပြုံးလေးဖြင့် ပြောလိုက်သည်။
" အရူးမလေး ..ကောင်းပါပြီ .. မင်းရဲ့အမကိုလည်း အဖွားက အသိပေးလိုက်ပါ့မယ်"
သခင်မကြီးဟေးက အခုလိုပြောလိုက်မှသာ ချူ းလျန်လည်း စိတ်သက်သာရာ ရသွားသည်။
ဝတ္ထုထဲမှာ ထိုသခင်မရဲ့ အကြောင်းကို များများစားစား ရေးမထားတဲ့အတွက် ဒီအကြောင်းကိုသာ သူမသိသွားရင် ဘယ်လိုတွေးမလဲဆိုတာ မခန့်မှန်းတတ်ပေ။သို့ပေမယ့် သူမက ဝေဖန်းဇီနဲ့ အခင်မင်ဆုံးသူငယ်ချင်းတွေဆိုတော့..။
သခင်မကျိူ းရဲ့ စိတ်အခြေနေက ဘယ်လိုဖြစ်နေပါစေ ချူ းလျန်လည်း သူမတို့ကြားက အဆင်ပြေနေမှုကို ပျက်စီးစေမယ်ဆိုရင် ထိုဆိုင်ကို လက်ခံတော့မှာ မဟုတ်ပေ။
သူမရဲ့ယောကျာ်းတောင် သူမဘက်မှာမရှိတာ နောက်ထပ်ရန်သူတစ်ယောက်ကိုတော့
ထပ်မဖမ်းတီးချင်ပေ။ အဲ့တာက သူမဖြတ်သန်းရအုံးမယ့် နေ့တွေမှာ ဆူးညောင့်ကသင်းတွေဖြစ်လာမှာလေ!
သခင်မကျိူ းက ကျင်းချီခန်းမကို ရောက်တော့ ချူ းလျန်လည်း ရောက်တာကြာပြီဆိုတာ ကြားပြီး မျက်ခုံးတို့ တွန့်ကျိူ းကုန်သည်။
သူမရဲ့ သမီးနှစ်ယောက်နဲ့အတူတူ အပြင်ဆောင်ကို ပုံမှန်အမူယာ(မျက်နာ) နဲ့ပဲ ရောက်လာသည်။
သခင်မကြီးဟေးလည်း ချူလျန်က ကူလင်းစားသောက်ဆိုင်ကို စီမံမယ့်အကြောင်းကိုသေချာပြောပြလိုက်သည်။ ထိုအခါမှပဲ သခင်မကျိူ းရဲ့စိတ်ထဲက အနည်းငယ်တင်းမာနေမှုက လျော့ကျသွားတော့သည်။
အဲ့ဒီစားသောက်ဆိုင်ကလည်း မင်နီတွေနဲ့ ပြည့်နေတာဖြစ်ပြီး သခင်မကြီးက အခုလို ပွင့်ပွင့်လင်းလင်း ပြောလာတဲ့အတွက် သခင်မကျိူ းလည်း ချူ းလျန်ကိုပဲ ပေးတယ်ဆိုပြီး စိတ်မခုတော့ပဲ ချူ းလျန်အပေါ် သူမရဲ့ အမြင်က ပိုတောင် တိုးတက်သွားသည်။
"မြေးကြီးရဲ့ဇနီးရေ .. သမီးက နှစ်အတော်ကြာ အိမ်တော်ရဲ့စီးပွားရေးကို စီမံခန့်ခွဲခဲ့တာ ဆိုတော့ သမီးအားတဲ့အချိန်ကျရင် စန်းလန်ရဲ့ဇနီးလေးက်ု နည်းနည်းပါးပါး သင်ပြပေးလိုက်ပါအုံးကွယ် "
သခင်မကျိူ းလည်း ပြုံးလျက်ပင်
" တတိယညီမလေးသာ စိတ်မရှိဘူးဆိုရင် ကျွန်မရဲ့အဆောင်ကို အချိန်မရွှေးလာလို့ ရပါတယ် "
" ဒါဆို အမကျိူ းကို အခုထဲက ကြိုပြီး ကျေးဇူးတင်ပါတယ်နော်"
သခင်မကြီးလည်း သူမရဲ့မြေးချွေးမတွေ အဆင်ပြေနေတာကို ကြည့်ပြီး ကျေနပ်နေသည်။
သူမရဲ့ မြစ်မလေးတွေဆီ အကြည့်ရောက်သွားမှ လက်ကိုကားပြီး ခေါ်လိုက်သည်။
"အန်းလေး , လင်းလေး , အဖွားကြီးဆီလာပါအုံး .. ဒီအဖွားကြီးက ကြည့်ပါရစေအုံး"
သခင်မကြီးဟေးလည်း သူတို့ရဲ့ ခေါင်းလေးတွေကို ဖွဖွလေး ပွတ်ပေးလိုက်သည်။ အန်းလေးတောင် အသက်၆နှစ်ရှိပြီ ဖြစ်ပြီး သူမမှာ အခုထိ အလိုလိုက်ပေးရမယ့် မြစ်(boy)
မရှိသေးသဖြင့် ထိုအတွေးနဲ့အတူ ချူ းလျန်ရဲ့ ပြားကပ်နေတဲ့ ဗိုက်ကို ကြည့်မိလိုက်သည်။
ချူ းလျန်လည်း ဒီဝူခေတ်ကို ရောက်လာကတည်းက အခြားလူတွေရဲ့ စိုက်ကြည့်နေမှုတွေ ထိုအကြည့်ရဲ့အနောက် အဓိပ္ပါယ်ကို ဖော်ထုတ်တာတွေကို အတော်လေး ကျွမ်းကျင်လာပြီ ဖြစ်သည်။
သခင်မကြီးက သူမရဲ့ ဗိုက်ကို ကြည့်နေတာ သတိထားမိသွားတော့ သူမလည်းတောင့်တင်းသွားပြီး စိတ်အခြေနေကလည်း ဆိုးဝါးသွသည်။
သူမမေ့နေတာက မင်္ဂလာဦးညတုန်းက ပိတ်ဖြူပေါ်ကို သွေးစွန်းအောင် လုပ်လိုက်ပြီး
သခင်မကြီးရဲ့ အစေခံတွေနဲ့ ထည့်ပေးလိုက်တာကိုပင်။ သခင်မကြီးဟေးကတော့ သူတို့က သူတို့ရဲ့ မင်္ဂလာဦးညမှာ ထုံးစံအတိုင်း
အဝှာ လုပ်ခဲ့တယ်လို့ ထင်သွားမှာပဲလေ။
ချူ းလျန်လည်း ရှက်သွား၍ ပါးတောင်ရဲသွားသည်။ သူမက အခုထိ 'အပျိူ စင်' ပဲဖြစ်နေသေးပြီး ဘယ်လိုလုပ်ပြီး ဗိုက်ကပူလာမှာလဲလို့။
ဒီလိုအချိန်မှာ သူမမှာသာ ကိုယ်ဝန်ရှိနေရင် ပိုပြီးတောင် ကြောက်ဖို့ကောင်းအုံးမလားပဲနော် !
ချူ းလျန် စာရင်းစာအုပ်ကို ကိုင်၍ Songtaoအဆောင်ကို မပြန်ခင် သခင်မကျိူ းနဲ့ အတူ ကျင်းအန်ကတော်ဆီ ၁၀ မိနစ်လောက် ဝင်လည်ခဲ့လိုက်သည်။
ဒီနေ့အတွက်ကတော့ သူမမှာ လုပ်စရာတွေ ပုံနေသည်။ ပထမဦးဆုံး အမျိူ းသမီးယန်နဲ့ အခြားသခင်မတွေဆီ အပြန်အလှန်အနေနဲ့ လက်ဆောင်ပြန်ပေးဖို့ မုန့်အချိူ့ လုပ်ရမှာ ဖြစ်သည်။ သူမရဲ့လက်ရေးကို လေ့ကျင့်ဖို့ အချိန်ကိုလည်း ရှာရအုံးမှာ ဖြစ်သည်။
မကြာခင်မှာပဲ စားသောက်ဆိုင်ကို စီမံခန့်ခွဲရတော့မှာ ဖြစ်တဲ့အတွက် Traditional chinese စာလုံးတွေကို ဖတ်တတ်နေမှ အဆင်ပြေမည်။ ကျန်တဲ့အချိန်တွေကိုတော့ ကူလင်းစားသောက်ဆိုင်ရဲ့ မှတ်တမ်းစာအုပ်ကို ကြည့်ရအုံးမှာ ဖြစ်သည်။
Songtaoအဆာင်ကို ပြန်ရောက်တာနဲ့ စာရင်းစာအုပ်ကို လုံခြုံတဲ့နေရာမှာ သေချာသိမ်းထားလိုက်ပြီး ရှီးယန်နဲ့ကျင်းယန်ကို ခေါ်ပြီး မီးဖိုချောင်ကို သွားလိုက်သည်။ မက်မွန်ကိတ်အတွက် ပါဝင်ပစ္စည်းတွေက ပြင်ဆင်ဖို့ လွယ်ကူသည်။ ပဲနီတွေက လုံလုံလောက်လောက်ရှိနေတဲ့အတွက် ချူ းလျန်ရဲ့စိတ်ထဲမှာ အကြံတခုက ဖျတ်ခနဲ ပေါ်လာသည် ; သူမ သတိရလိုက်တာက ' မုန့်အချိူ ၈မျိူ း´ဆိုတဲ့ ပေကျင်းက အချိူ ပွဲကြီး ကိုပင် ။
ထိုပေကျင်းစတိုင် အချိူ ပွဲက သမိုင်းတစ်လျှောက် နမည်ကြီးခဲ့တာ ဖြစ်သည်။ မော်ဒန်ခေတ်မှာ တုန်းက သူမ ပေကျင်းကို အလည်သွား
စဉ် အဖွားတစ်ယောက်နဲ့ စကားစပ်မိပြီး ထိုအချိူ ပွဲလုပ်နည်းကို သင်ဖို့အတွက် လဝက်လောက် အချိန်ယူပြီး နေခဲ့တာဖြစ်သည်။
'၈မျိူ းအချိူပွဲ´မှာ အကြီးစား..အသေးစားနဲ့ အကောင်းဆုံးဆိုပြီး အမျိူ းအစား သုံးမျိူ း ရှိသည်။၈မျိူ းအချိူ ပွဲလို့ခေါ်ရတဲ့ အကြေုာင်းကတော့ အချိူ့မုန့်က ၈မျိူ းပါပြီး ပုံစံကွဲထည့်ထားလို့ဖြစ်သည်။အဲ့တာက ချူးလျန် လုပ်ခဲ့သမျှတွေထဲမှာ အလုပ်ရှုပ်ဆုံး ဖြစ်သည်။ သို့ပေမယ့် ထိုအချိူ ပွဲအတွက် ပါဝင်ပစ္စည်းတွေက ရှာရလွယ်သည်။ ထိုဝူခေတ်မှာတောင် ထိုမုန့်တွေအတွက် အစာကို ရှာတွေ့နိုင်လောက်သည်။
ချူ းလျန်လည်း အရင်ဆုံး ပဲနီတွေကို ဘယ်လို အနှစ်လုပ်ရမလဲဆိုတာ ရှီးယန်ကိုသင်ပေးလိုက်သည်။ ကျင်းယန်ကိုလည်း ဆီးသီး(မက်မန်းသီးလိုလို အစိမ်းရောင်အသီး)နဲ့ စပျစ်ခြောက်တွေကို ဆေးခိုင်းလိုက်သည်။ သူမကိုယ်တိုင်ကတော့ မုန့်လုပ်ဖို့အတွက် ဂျုံ့နှဲ လိုက်သည်။
အချိူ မုန့်တွေလုပ်ပြီးသွားတော့ ရှီးယန်နဲ့ ကျင်းအန်တို့ကတော့ မျက်လုံးအပြူ းသားတွေဖြစ်ကုန်သည်။
အစေခံကူက မီးဖိုချောင်အရှေ့မှာ စောင့်နေတာဖြစ်သည်။ ချူ းလျန်လည်း သူမဆီကနေ အစောကမှာထားခဲ့တဲ့ ဘဲဥပုံခြင်းတောင်းလေးတွေကို ယူလိုက်သည်။
ထို့နောက် စားပွဲဆီကို ပြန်လာပြီး ရှီးယန်နဲ့ကျင်းယန်တို့ရဲ့အမူယာတွေကြောင့် သဘောကျပြီး ပြုံးလျက် ပြောလိုက်သည်။
" သေချာကြည့်ထားကြနော် ။ ငါ တခါအရင် ထည့်ပြပေးမယ် ပြီးရင် ကျန်တာကို နင်တို့ပဲ ဆက်လုပ်ရမှာ "
ဒီတခါတော့ ပို့ပေးရမယ့် လူတွေ များတဲ့အတွက် အတော်များများ လုပ်လိုက်သည်။
ကျောက်ကပ်ပုံလေးတွေ လက်သီးဆုတ်ပုံလေးတွေနဲ့ ကြက်တောင်ရိုက်တံပုံလေးတောင် ပါလိုက်သေးသည်။ထိုပုံစံရှစ်မျိူ းသော မုန့်တွေကို ခြင်းထဲသေချာ စီထည့်လိုက်ပြီး အလယ်တည့်တည့်မှာတော့ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ peonyပန်းလေးနဲ့ အလှဆင်လိုက်သည်။ ခြင်းထဲမထည့်ခင် ရေစက်အနည်းငယ်တောင် စွတ်လိုက်သေးသည်။
ဒီလိုနဲ့ပဲ ရှစ်မျိူ းခြင်းတခြင်းကို ပြင်ဆင်လို့ ပြီးသွားသည်။
ကျင်းယန်ရဲ့ မျက်လုံးတွေကလည်း ဂိတ်ဆုံးတဲ့အထိ ပြူ းကျယ်နေပြီး သရေတစ်ခေါက်မြိုချလျက် ရေရွှတ်လိုက်သည်။
"တ..တတိယသခင်မလေး .. အဲ့ဒါက အတော်လေးကို လှလွန်းနေတယ်! ဒီအစေခံ အဲဒီမုန့်တွေကို စားတောင် မစားရက်ဘူး"
ချူ းလျန်လည်း ရယ်လိုက်ပြီးမှ
" သတိရကြအုံးနော် ကျန်တဲ့ခြင်းတွေကိုလည်း ဒီအတိုင်းပဲ စီရမှာ ။ ဒီမှာ အများကြီး ကျန်နေသေးတယ် ; လုပ်လို့ပြီးသွားရင် နင်တို့ ဘာသာ မြည်းကြည့်လို့ရပြီ"
ရှီးယန်နဲ့ကျင်းယန်လည်း သူတို့အတွက် ဝေစုပါတယ်လို့ ကြားလိုက်၍ နားရွှက်တက်ချိတ်မတက် သဘောကျစွာနဲ့ ပြုံးနေကြသည်။
ခြင်းထဲထည့်သိုလို့ပြီးတော့ ချူ းလျန်က ထို လက်ဆောင်ခြင်းတွေက်ု သေချာ ထုတ်ပိုးလိုက်သည်။ ပြန်ပေးရမယ့် ပစ္စည်းတွေကို သစ်သားသေတ္တာအသေးလေးထဲထည့်လိုက်ပြီး သေချာ နမည်ရေးတပ်ထားလိုက်သည်။ ပြီးမှအိမ်တော်က စောင့်ကြပ်နေတဲ့သူတွေကို အိမ်တော်အသီးသီးကို ပို့စေလိုက်ပြီး ဒီနေ့အကုန်ထိပဲ အထားခံတဲ့အချိူ ပွဲပါ လက်ဆောင်ထည့်ပေးလိုက်ကြောင်း ပြောခိုင်းလိုက်သည်။
<Zawgyi>
Chapter 43: Restaurant
သခင္မႀကီးေဟးမွာ ထိုကူလင္းစားေသာက္ဆိုင္ထက္ ဝင္ေငြပိုေကာင္းတဲ့ လုပ္ငန္းေတြလည္း ရွိေသးသည္။ သို႔ေပမယ့္ ကူလင္းကေတာ့ သူမပိုင္ဆိုင္တဲ့ တခုတည္းေသာ စားေသာက္ဆိုင္ျဖစ္သည္။ စန္းလန္ရဲ႕ဇနီးေလးက အခ်က္အျပဳတ္မွာ ပါရမီပါမွေတာ့ သူမလည္း ထိုစားေသာက္ဆိုင္ကို ခ်ဴ းလ်န္ကိုင္တြယ္ဖို႔ ေပးလိုက္နိုင္သည္။
ဝူနိုင္ငံမွာက ဇနီးသည္မိန္းမေတြကို စီးပြားေရးနဲ႔ပတ္သတ္ၿပီး တားျမစ္ပိတ္ပင္ထားတာ မရွိေပ။ အိမ္ေတာ္ရဲ႕တာဝန္ကို စီမံေနရတဲ့ သခင္မေတြမွာဆို အနည္းဆံုး ဆိုင္အနည္းေလာက္ေတာ့ ရွိသည္။
ယခု ဧကရီေတာင္မွပဲ ၿမိဳ႕ထဲမွာ ဆိုင္အနည္းငယ္ကို တိတ္တဆိတ္ ဖြင့္ထားေသးသည္။ ဘယ္ဆိုင္ေတြက သူမရဲ႕ဆိုင္ဆိုတာ သိၾကေပမယ့္လည္း ဘယ္သူမွေတာ့ မေျပာရဲ
ၾကေပ။
ဘယ္သခင္မေတြမဆို သူတို႔ရဲ႕စီးပြားေရး လုပ္ရည္ကိုင္ရည္ကို ခ်ျပ ႂကြားဝါခ်င္ၾကသည္။ဘယ္အိမ္ေတာ္မဆို ကိစၥႀကီးႀကီး ေသးေသး ေငြဆိုတာ အၿမဲ လိုအပ္သည္ေလ။
က်င္းအန္အိမ္ေတာ္ရဲ႕ ဆိုင္ေတြကိုက် သခင္မက်ိဴ းက စီမံခန္႔ခြဲေနရတာ ျဖစ္တဲ့အတြက္
သခင္မႀကီးေဟးလည္း သြားၿပီး ဇယားရႈပ္လို႔မရေပ။ ထို႔အျပင္ ထိုဆိုင္ေတြဆီကလည္း အက်ိဴ းအျမတ္ရယ္လို႔ မည္မည္ရရ မရတာ ျဖစ္တဲ့အတြက္ အိမ္ေတာ္ရဲ႕ ဝင္ေငြကို
စီမံေနရတဲ့ သခင္မက်ိဴ းအတြက္လည္း မလြယ္ကူေလာက္ေပ။
ထို႔ေၾကာင့္ တညလံုးစဥ္းစားခန္းဖြင့္ၿပီးေနာက္ေတာ့ သခင္မႀကီးေဟးလည္း သူမရဲ႕ပိုင္ဆိုင္မႈေတြေအာက္ကပဲ ခ်ဴ းလ်န္ရဲ႕ စီမံခန္႔ခြဲနိုင္စြမ္းေတြကို ေလ့က်င့္ေပးဖို႔ ဆံုးျဖတ္လိုက္ရေတာ့သည္။
သခင္မႀကီးေဟးလည္း အေၾကာင္းရင္းကို ေျပာျပလိုက္သည္။
" သမီးက အိမ္ေတာ္မွာ ဘာမွေထြးေထြးထူးထူး လုပ္စရာရွိမေနေတာ့ အဖြားက သမီးအတြက္ တာဝန္တစ္ခုေပးမလို႔.."
ခ်ဴ းလ်န္လည္း အနည္းငယ္ မ်က္လံုးျပဴ းသြားသည္။
"အဖြားက သမီးကို ကူလင္းစားေသာက္ဆိုင္ကို စီမံခန္႔ခြဲ ခိုင္းမလို႔?"
သခင္မႀကီးေဟးလ်က္ ၿပံဳးလ်က္
" အဲ့ဒီစားေသာက္ဆိုင္က အဖြားရဲ႕ပိုင္ဆိုင္မႈေတြထဲက တစ္ခုပဲ ။ ၿပီးေတာ့ ေငြလည္ပတ္မႈမေကာင္းတာလည္း နွစ္အေတာ္ၾကာပါၿပီ ... စန္းလန္ရဲ႕ဇနီးေလး ..တကယ္လို႔ သမီးသာ အဲ့ဒီဆိုင္ကို ျပန္ရပ္တည္နိုင္ေအာင္ လုပ္နိုင္ရင္ အဖြားက ဒီဆိုင္ကို သမီးကို အပိုင္ေပးလိုက္မယ္ ။ ဒါေပမယ့္ တခုေတာ့ရွိတယ္: ကူလင္းစားေသာက္ဆိုင္က စားေသာက္ဆိုင္အေနနဲ႔ပဲ ရွိေနရမယ္ "
ဒါက သူမ မအိပ္ခင္မွာ ေခါင္းအံုးလာေပးေနတာ မဟုတ္ဘူးလား ?
သူမက ပိုက္ဆံရွာဖို႔ စဥ္းစားေနတုန္း အခုသခင္မႀကီးက စားေသာက္ဆိုင္ကို လာေပးေနတယ္ ။ အရင္ခ်ဴ းလ်န္ေတာင္ ဒီလို ကံေကာင္းမႈႀကီးကို ဘယ္ေတာ့မွ ရနိုင္မွာ မဟုတ္ဘူး။
အရင္ခ်ဴ းလ်န္က အိမ္ေတာ္ကို စီမံခြင့္ရေအာင္ မေကာင္းတဲ့နည္းကို သံုးခဲ့ၿပီး သခင္မၿကီး အိပ္ယာထဲလဲေနတဲ့ အခ်ိန္မွာလည္း သခင္မႀကီးရဲ႕ ပိုင္ဆိုင္မႈေတြကို မသမာတဲ့နည္းနဲ႔ ယူလိုက္တာေလ ။
" ဒါေပမယ့္ ဒါက...." တကယ္ပဲလား? သူမအေပ်ာ္စုိ႔ေနၿပီေနာ္ !
သို႔ေပမယ့္ ခ်ဴ းလ်န္ေျပာလို႔ မၿပီးေသး သခင္မႀကီးက ျဖတ္ေျပာလိုက္သည္။
သခင္မႀကီးက တမင္သက္သက္ ရုပ္တည္ႀကီးလုပ္၍
"ဒါေပမယ့္ေတြ လုပ္မေနနဲ႔ေတာ့ ။ အဖြားျဖစ္သူက ေပးေနမွာေတာ့ လက္ခံရမွာေပါ့။ ဒီဆိုင္ကို ေျမးႀကီးမကလို႔ ဘယ္သူပဲလာေတာင္းေတာင္း အဖြားက ေပးမွာမဟုတ္ဘူးေနာ္!
သမီး ဒီဆိုင္ကို ေကာင္းေကာင္းမစီမံနိုင္ရင္ေတာင္ အဖြားက အျပစ္မတင္ပါဘူး ။ ဒီဆိုင္က အခုလည္း ဝင္ေငြမေကာင္းတဲ့အတြက္ သမီးလည္း ဒီထက္ဆိုးေအာင္ေတာင္ မလုပ္နိုင္ေလာက္ေတာ့ပါဘူးေလ "
သခင္မႀကီးေဟးက ခ်ဴ းလ်န္ရဲ႕ဆိုလိုရင္းကို နားလည္မႈလြဲသြားတာ ျဖစ္ေပမယ့္လည္း ဒီအခ်ိန္က ရွင္းျပဖို႔အတြက္ အခ်ိန္ေကာင္းမဟုတ္ေသး၍ ခ်ဴ းလ်န္လည္း ၿငိမ္ေနလိုက္သည္။
ခ်ဴ းလ်န္လည္း စိတ္လႈပ္ရွားၿပီး ေပ်ာ္ေနတာေၾကာင့္ သူမရဲ႕ ပါးမို႔မို႔ေလး နွစ္ဖက္က ရဲေနသည္။ ထိုပါးေလးေတြေၾကာင့္ သခင္မႀကီးေဟးလည္း မေနနိုင္စြာနဲ႔ ကိုင္ၿပီး ဆြဲညႇစ္လိုက္ေတာ့သည္။
ခ်ဴ းလ်န္လည္း ပါးကို အညႇစ္ခံေနရတာေၾကာင့္ နည္းနည္းရွက္သြားၿပီး ' အဖြား' ဆိုၿပီး
ခြၽဲႏြဲ႕သံေလးက ထြက္လာသည္။ သူမရဲ႕အျပင္ပန္းက ငယ္ရႊယ္ေနေပမယ့္ အတြင္းက စိတ္ဝိညည္ကေတာ့ ၁၅ နွစ္သမီးေလး မဟုတ္ေတာ့ဘူးေလ။
သူတို႔နွစ္ေယာက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္စကားေျပာေနၾကခ်ိန္မွာပဲ အေစခံလဲ့ကလည္း အၿပံဳးေလးနဲ႔ ဝင္လာၿပီးေတာ့ သခင္မက်ိဴ း ဂါရဝျပဳဖို႔ ေရာက္လာေၾကာင္း ေျပာလာသည္။
ခ်ဴ းလ်န္လည္း စာရင္းစာအုပ္ကိုတခ်က္ သခင္မႀကီးကို တခ်က္ၾကည့္လိုက္ေတာ့ သခင္မႀကီးေဟးက အၿပံဳးေလးျဖင့္ ေျပာလိုက္သည္။
" အရူးမေလး ..ေကာင္းပါၿပီ .. မင္းရဲ႕အမကိုလည္း အဖြားက အသိေပးလိုက္ပါ့မယ္"
သခင္မႀကီးေဟးက အခုလိုေျပာလိုက္မွသာ ခ်ဴ းလ်န္လည္း စိတ္သက္သာရာ ရသြားသည္။
ဝတၳဳထဲမွာ ထိုသခင္မရဲ႕ အေၾကာင္းကို မ်ားမ်ားစားစား ေရးမထားတဲ့အတြက္ ဒီအေၾကာင္းကိုသာ သူမသိသြားရင္ ဘယ္လိုေတြးမလဲဆိုတာ မခန္႔မွန္းတတ္ေပ။သို႔ေပမယ့္ သူမက ေဝဖန္းဇီနဲ႔ အခင္မင္ဆံုးသူငယ္ခ်င္းေတြဆိုေတာ့..။
သခင္မက်ိဴ းရဲ႕ စိတ္အေျခေနက ဘယ္လိုျဖစ္ေနပါေစ ခ်ဴ းလ်န္လည္း သူမတို႔ၾကားက အဆင္ေျပေနမႈကို ပ်က္စီးေစမယ္ဆိုရင္ ထိုဆိုင္ကို လက္ခံေတာ့မွာ မဟုတ္ေပ။
သူမရဲ႕ေယာက်ာ္းေတာင္ သူမဘက္မွာမရွိတာ ေနာက္ထပ္ရန္သူတစ္ေယာက္ကိုေတာ့
ထပ္မဖမ္းတီးခ်င္ေပ။ အဲ့တာက သူမျဖတ္သန္းရအံုးမယ့္ ေန႔ေတြမွာ ဆူးေညာင့္ကသင္းေတြျဖစ္လာမွာေလ!
သခင္မက်ိဴ းက က်င္းခ်ီခန္းမကို ေရာက္ေတာ့ ခ်ဴ းလ်န္လည္း ေရာက္တာၾကာၿပီဆိုတာ ၾကားၿပီး မ်က္ခံုးတို႔ တြန္႔က်ိဴ းကုန္သည္။
သူမရဲ႕ သမီးနွစ္ေယာက္နဲ႔အတူတူ အျပင္ေဆာင္ကို ပံုမွန္အမူယာ(မ်က္နာ) နဲ႔ပဲ ေရာက္လာသည္။
သခင္မႀကီးေဟးလည္း ခ်ဴ ူလ်န္က ကူလင္းစားေသာက္ဆိုင္ကို စီမံမယ့္အေၾကာင္းကိုေသခ်ာေျပာျပလိုက္သည္။ ထိုအခါမွပဲ သခင္မက်ိဴ းရဲ႕စိတ္ထဲက အနည္းငယ္တင္းမာေနမႈက ေလ်ာ့က်သြားေတာ့သည္။
အဲ့ဒီစားေသာက္ဆို္င္ကလည္း မင္နီေတြနဲ႔ ျပည့္ေနတာျဖစ္ၿပီး သခင္မႀကီးက အခုလို ပြင့္ပြင့္လင္းလင္း ေျပာလာတဲ့အတြက္ သခင္မက်ိဴ းလည္း ခ်ဴ းလ်န္ကိုပဲ ေပးတယ္ဆိုၿပီး စိတ္မခုေတာ့ပဲ ခ်ဴ းလ်န္အေပၚ သူမရဲ႕ အျမင္က ပိုေတာင္ တိုးတက္သြားသည္။
"ေျမးႀကီးရဲ႕ဇနီးေရ .. သမီးက နွစ္အေတာ္ၾကာ အိမ္ေတာ္ရဲ႕စီးပြားေရးကို စီမံခန္႔ခြဲခဲ့တာ ဆိုေတာ့ သမီးအားတဲ့အခ်ိန္က်ရင္ စန္းလန္ရဲ႕ဇနီးေလးက္ု နည္းနည္းပါးပါး သင္ျပေပးလိုက္ပါအံုးကြယ္ "
သခင္မက်ိဴ းလည္း ၿပံဳးလ်က္ပင္
" တတိယညီမေလးသာ စိတ္မရွိဘူးဆိုရင္ ကြၽန္မရဲ႕အေဆာင္ကို အခ်ိန္မေရႊးလာလို႔ ရပါတယ္ "
" ဒါဆို အမက်ိဴ းကို အခုထဲက ႀကိဳၿပီး ေက်းဇူးတင္ပါတယ္ေနာ္"
သခင္မႀကီးလည္း သူမရဲ႕ေျမးေခြၽးမေတြ အဆင္ေျပေနတာကို ၾကည့္ၿပီး ေက်နပ္ေနသည္။
သူမရဲ႕ ျမစ္မေလးေတြဆီ အၾကည့္ေရာက္သြားမွ လက္ကိုကားၿပီး ေခၚလိုက္သည္။
"အန္းေလး , လင္းေလး , အဖြားႀကီးဆီလာပါအံုး .. ဒီအဖြားႀကီးက ၾကည့္ပါရေစအံုး"
သခင္မႀကီးေဟးလည္း သူတို႔ရဲ႕ ေခါင္းေလးေတြကို ဖြဖြေလး ပြတ္ေပးလိုက္သည္။ အန္းေလးေတာင္ အသက္၆နွစ္ရွိၿပီ ျဖစ္ၿပီး သူမမွာ အခုထိ အလိုလိုက္ေပးရမယ့္ ျမစ္(boy)
မရွိေသးသျဖင့္ ထိုအေတြးနဲ႔အတူ ခ်ဴ းလ်န္ရဲ႕ ျပားကပ္ေနတဲ့ ဗိုက္ကို ၾကည့္မိလိုက္သည္။
ခ်ဴ းလ်န္လည္း ဒီဝူေခတ္ကို ေရာက္လာကတည္းက အျခားလူေတြရဲ႕ စုိက္ၾကည့္ေနမႈေတြ ထိုအၾကည့္ရဲ႕အေနာက္ အဓိပၸါယ္ကို ေဖာ္ထုတ္တာေတြကို အေတာ္ေလး ကြၽမ္းက်င္လာၿပီ ျဖစ္သည္။
သခင္မႀကီးက သူမရဲ႕ ဗိုက္ကို ၾကည့္ေနတာ သတိထားမိသြားေတာ့ သူမလည္းေတာင့္တင္းသြားၿပီး စိတ္အေၿခေနကလည္း ဆိုးဝါးသြသည္။
သူမေမ့ေနတာက မဂၤလာဦးညတုန္းက ပိတ္ျဖဴေပၚကို ေသြးစြန္းေအာင္ လုပ္လိုက္ၿပီး
သခင္မႀကီးရဲ႕ အေစခံေတြနဲ႔ ထည့္ေပးလိုက္တာကိုပင္။ သခင္မႀကီးေဟးကေတာ့ သူတို႔က သူတို႔ရဲ႕ မဂၤလာဦးညမွာ ထံုးစံအတိုင္း
အဝွာ လုပ္ခဲ့တယ္လို႔ ထင္သြားမွာပဲေလ။
ခ်ဴ းလ်န္လည္း ရွက္သြား၍ ပါးေတာင္ရဲသြားသည္။ သူမက အခုထိ 'အပ်ိဴ စင္' ပဲျဖစ္ေနေသးၿပီး ဘယ္လိုလုပ္ၿပီး ဗိုက္ကပူလာမွာလဲလို႔။
ဒီလိုအခ်ိန္မွာ သူမမွာသာ ကိုယ္ဝန္ရွိေနရင္ ပိုၿပီးေတာင္ ေၾကာက္ဖို႔ေကာင္းအံုးမလားပဲေနာ္ !
ခ်ဴ းလ်န္ စာရင္းစာအုပ္ကို ကိုင္၍ Songtaoအေဆာင္ကို မျပန္ခင္ သခင္မက်ိဴ းနဲ႔ အတူ က်င္းအန္ကေတာ္ဆီ ၁၀ မိနစ္ေလာက္ ဝင္လည္ခဲ့လိုက္သည္။
ဒီေန႔အတြက္ကေတာ့ သူမမွာ လုပ္စရာေတြ ပံုေနသည္။ ပထမဦးဆံုး အမ်ိဴ းသမီးယန္နဲ႔ အျခားသခင္မေတြဆီ အျပန္အလွန္အေနနဲ႔ လက္ေဆာင္ျပန္ေပးဖို႔ မုန္႔အခ်ိဴ ႕ လုပ္ရမွာ ျဖစ္သည္။ သူမရဲ႕လက္ေရးကို ေလ့က်င့္ဖို႔ အခ်ိန္ကိုလည္း ရွာရအံုးမွာ ျဖစ္သည္။
မၾကာခင္မွာပဲ စားေသာက္ဆိုင္ကို စီမံခန္႔ခြဲရေတာ့မွာ ျဖစ္တဲ့အတြက္ Traditional chinese စာလံုးေတြကို ဖတ္တတ္ေနမွ အဆင္ေျပမည္။ က်န္တဲ့အခ်ိန္ေတြကိုေတာ့ ကူလင္းစားေသာက္ဆိုင္ရဲ႕ မွတ္တမ္းစာအုပ္ကို ၾကည့္ရအံုးမွာ ျဖစ္သည္။
Songtaoအဆာင္ကို ျပန္ေရာက္တာနဲ႔ စာရင္းစာအုပ္ကို လံုၿခံဳတဲ့ေနရာမွာ ေသခ်ာသိမ္းထားလိုက္ၿပီး ရွီးယန္နဲ႔က်င္းယန္ကို ေခၚၿပီး မီးဖိုေခ်ာင္ကို သြားလိုက္သည္။ မက္မြန္ကိတ္အတြက္ ပါဝင္ပစၥည္းေတြက ျပင္ဆင္ဖို႔ လြယ္ကူသည္။ ပဲနီေတြက လံုလံုေလာက္ေလာက္ရွိေနတဲ့အတြက္ ခ်ဴ းလ်န္ရဲ႕စိတ္ထဲမွာ အႀကံတခုက ဖ်တ္ခနဲ ေပၚလာသည္ ; သူမ သတိရလိုက္တာက ' မုန္႔အခ်ိဴ ၈မ်ိဴ း´ဆိုတဲ့ ေပက်င္းက အခ်ိဴ ပြဲၿကီး ကိုပင္ ။
ထိုေပက်င္းစတိုင္ အခ်ိဴ ပြဲက သမိုင္းတစ္ေလ်ွာက္ နမည္ႀကီးခဲ့တာ ျဖစ္သည္။ ေမာ္ဒန္ေခတ္မွာ တုန္းက သူမ ေပက်င္းကို အလည္သြား
စဥ္ အဖြားတစ္ေယာက္နဲ႔ စကားစပ္မိၿပီး ထိုအခ်ိဴ ပြဲလုပ္နည္းကို သင္ဖို႔အတြက္ လဝက္ေလာက္ အခ်ိန္ယူၿပီး ေနခဲ့တာျဖစ္သည္။
'၈မ်ိဴ းအခ်ိဴပြဲ´မွာ အႀကီးစား..အေသးစားနဲ႔ အေကာင္းဆံုးဆိုၿပီး အမ်ိဴ းအစား သံုးမ်ိဴ း ရွိသည္။၈မ်ိဴ းအခ်ိဴ ပြဲလို႔ေခၚရတဲ့ အေၾကဳာင္းကေတာ့ အခ်ိဴ ႕မုန္႔က ၈မ်ိဴ းပါၿပီး ပံုစံကြဲထည့္ထားလို႔ျဖစ္သည္။အဲ့တာက ခ်ဴးလ်န္ လုပ္ခဲ့သမ်ွေတြထဲမွာ အလုပ္ရႈပ္ဆံုး ျဖစ္သည္။ သုိ႔ေပမယ့္ ထိုအခ်ိဴ ပြဲအတြက္ ပါဝင္ပစၥည္းေတြက ရွာရလြယ္သည္။ ထိုဝူေခတ္မွာေတာင္ ထိုမုန္႔ေတြအတြက္ အစာကို ရွာေတြ႕နိုင္ေလာက္သည္။
ခ်ဴ းလ်န္လည္း အရင္ဆံုး ပဲနီေတြကို ဘယ္လို အနွစ္လုပ္ရမလဲဆိုတာ ရွီးယန္ကိုသင္ေပးလိုက္သည္။ က်င္းယန္ကိုလည္း ဆီးသီး(မက္မန္းသီးလိုလို အစိမ္းေရာင္အသီး)နဲ႔ စပ်စ္ေျခာက္ေတြကို ေဆးခိုင္းလိုက္သည္။ သူမကိုယ္တိုင္ကေတာ့ မုန္႔လုပ္ဖို႔အတြက္ ဂ်ံဳ႕ႏွဲ လိုက္သည္။
အခ်ိဴ မုန္႔ေတြလုပ္ၿပီးသြားေတာ့ ရွီးယန္နဲ႔ က်င္းအန္တို႔ကေတာ့ မ်က္လံုးအျပဴ းသားေတြျဖစ္ကုန္သည္။
အေစခံကူက မီးဖိုေခ်ာင္အေရွ႕မွာ ေစာင့္ေနတာျဖစ္သည္။ ခ်ဴ းလ်န္လည္း သူမဆီကေန အေစာကမွာထားခဲ့တဲ့ ဘဲဥပံုျခင္းေတာင္းေလးေတြကို ယူလိုက္သည္။
ထို႔ေနာက္ စားပြဲဆီကို ျပန္လာၿပီး ရွီးယန္နဲ႔က်င္းယန္တို႔ရဲ႕အမူယာေတြေၾကာင့္ သေဘာက်ၿပီး ၿပံဳးလ်က္ ေျပာလိုက္သည္။
" ေသခ်ာၾကည့္ထားၾကေနာ္ ။ ငါ တခါအရင္ ထည့္ျပေပးမယ္ ၿပီးရင္ က်န္တာကို နင္တို႔ပဲ ဆက္လုပ္ရမွာ "
ဒီတခါေတာ့ ပို႔ေပးရမယ့္ လူေတြ မ်ားတဲ့အတြက္ အေတာ္မ်ားမ်ား လုပ္လိုက္သည္။
ေက်ာက္ကပ္ပံုေလးေတြ လက္သီးဆုတ္ပံုေလးေတြနဲ႔ ၾကက္ေတာင္ရိုက္တံပံုေလးေတာင္ ပါလိုက္ေသးသည္။ထိုပံုစံရွစ္မ်ိဴ းေသာ မုန္႔ေတြကို ျခင္းထဲေသခ်ာ စီထည့္လိုက္ၿပီး အလယ္တည့္တည့္မွာေတာ့ လတ္လတ္ဆတ္ဆတ္ခူးထားတဲ့ peonyပန္းေလးနဲ႔ အလွဆင္လိုက္သည္။ ျခင္းထဲမထည့္ခင္ ေရစက္အနည္းငယ္ေတာင္ စြတ္လိုက္ေသးသည္။
ဒီလိုနဲ႔ပဲ ရွစ္မ်ိဴ းျခင္းတျခင္းကို ျပင္ဆင္လို႔ ၿပီးသြားသည္။
က်င္းယန္ရဲ႕ မ်က္လံုးေတြကလည္း ဂိတ္ဆံုးတဲ့အထိ ျပဴ းက်ယ္ေနၿပီး သေရတစ္ေခါက္ၿမိဳခ်လ်က္ ေရရႊတ္လိုက္သည္။
"တ..တတိယသခင္မေလး .. အဲ့ဒါက အေတာ္ေလးကို လွလြန္းေနတယ္! ဒီအေစခံ အဲဒီမုန္႔ေတြကို စားေတာင္ မစားရက္ဘူး"
ခ်ဴ းလ်န္လည္း ရယ္လိုက္ၿပီးမွ
" သတိရၾကအံုးေနာ္ က်န္တဲ့ျခင္းေတြကိုလည္း ဒီအတိုင္းပဲ စီရမွာ ။ ဒီမွာ အမ်ားႀကီး က်န္ေနေသးတယ္ ; လုပ္လို႔ၿပီးသြားရင္ နင္တို႔ ဘာသာ ျမည္းၾကည့္လို႔ရၿပီ"
ရွီးယန္နဲ႔က်င္းယန္လည္း သူတို႔အတြက္ ေဝစုပါတယ္လို႔ ၾကားလိုက္၍ နားရႊက္တက္ခ်ိတ္မတက္ သေဘာက်စြာနဲ႔ ၿပံဳးေနၾကသည္။
ျခင္းထဲထည့္သိုလို႔ၿပီးေတာ့ ခ်ဴ းလ်န္က ထို လက္ေဆာင္ျခင္းေတြက္ု ေသခ်ာ ထုတ္ပိုးလိုက္သည္။ ျပန္ေပးရမယ့္ ပစၥည္းေတြကို သစ္သားေသတၲာအေသးေလးထဲထည့္လိုက္ၿပီး ေသခ်ာ နမည္ေရးတပ္ထားလိုက္သည္။ ၿပီးမွအိမ္ေတာ္က ေစာင့္ၾကပ္ေနတဲ့သူေတြကို အိမ္ေတာ္အသီးသီးကို ပို႔ေစလိုက္ၿပီး ဒီေန႔အကုန္ထိပဲ အထားခံတဲ့အခ်ိဴ ပြဲပါ လက္ေဆာင္ထည့္ေပးလိုက္ေၾကာင္း ေျပာခိုင္းလိုက္သည္။