{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

Autorstwa whitekiddy

298K 40.9K 935

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... Więcej

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 42

2.3K 371 4
Autorstwa whitekiddy

ZAWGYI

Chapter 42: Distributing the Spoils

    ခ်ဴ းလ်န္ရဲ႕ ကိုယ္ပိုင္အေစခံေတြအားလံုးက သူ႔ဘက္မွာ ရွိၾကတယ္လို႔ ေရွာင္ပိုက်င္း ယူဆလိုက္သည္။ဆိုေတာ့ .. သူေပးခိုင္းလိုက္တဲ့စာကလည္း ခ်ဴ းလ်န္ရဲ႕လက္ထဲကို ေရာက္မွာ အေသအခ်ာပဲ ။

    ဝမ္က်င္းျပန္ေရာက္ေတာ့ စာက ရွိမေနေတာ့တာေၾကာင့္ မိုးႀကိဳးအျပစ္ခံလိုက္သလို ခံစားလိုက္ရသည္။ တခန္းလံုးကို လွန္ေလွာ္ ရွာေသာ္လည္း မေတြ႕။ အေၾကာက္လြန္ၿပီး အိပ္ယာထဲက ရက္အနည္းငယ္ေလာက္ မထနိုင္ေတာင္ ျဖစ္သြားေသးသည္။

  ျပန္သက္သာလာေတာ့မွ ဝမ္က်င္းလည္း ထိုစာက တေနရာရာမွာ မေတာ္တဆ က်ေနတာ ျဖစ္မယ္လို႔သာ ေျဖသိမ့္လိုက္သည္။ ထိုစာက Songtaoအေဆာင္မွာ က်ေနခဲ့ရင္ေတာင္ ခ်ဴ းလ်န္ရဲ႕ကိုယ္ပိုင္ အေစခံေတြပဲ ဘယ္လိုဖတ္ရမလဲ သိတာျဖစ္သည္။ အေျခေနက အခုလိုျဖစ္လာတဲ့ အတြက္ ဝမ္က်င္းလည္း ဝမ္လန္နဲ႔ အေစခံက်ိဴ းတို႔ကို မေျပာျပရဲေတာ့ပဲ ဒီအတိုင္းပဲ မသိသလိုသာ ေနလိုက္ေတာ့သည္။

  ခ်ဴ းလ်န္ Songtao အေဆာင္ကို ျပန္ေရာက္ေတာ့ ရွီးယန္ကို ရတနာေသတၲာ ယူလာဖို႔ ေျပာလိုက္သည္။

  ထိုေသတၲာကို ဖြင့္လိုက္တဲ့အခိုက္တန္႔္႔ အထဲက ရတနာပစၥည္းေတြရဲ႕ အေရာင္အဝါေတြက ျဖာထြက္လာတဲ့အတြက္ Dingyuanအိမ္ေတာ္ကို မလိုက္သြားရတဲ့ အေစခံကူ အေစခံက်ိဴ း ဝမ္လန္နဲ႔ အျခားသူေတြအကုန္ အံ့ၾသ
ထိန္႔လန္႔ကုန္ၾကသည္။

ဘာ ? တတိယသခင္မေလးက သက္ရွည္စားေသာက္ပြဲကို မသြားပဲ ရတနာပစၥည္းဆိုင္မွာ ေစ်းဝယ္ထြက္ခဲ့တာလား?

ခ်ဴ းလ်န္လည္း သူတို႔ရဲ႕ အမူယာေတြေၾကာင့္
လူမိုက္ၿပံဳး ၿပံဳးလိုက္သည္။ ေသတၱာထဲက မင္းသမီးလီေယာင္ရဲ႕ Qilinရုပ္ထုေလးကို ထုတ္ယူလိုက္ၿပီး သူတို႔ကိုျပလိုက္သည္။
    " ဘယ္လိုထင္ၾကလဲ ? လွရဲ႕လား ?"

ဘယ္လိုလုပ္ မလွပဲ ေနမလဲ? အဲ့ဒါက ဧကရီကိုယ္တိုင္ လက္မူပညာမွာ အကြၽမ္းက်င္ဆံုး လူေတြက္ု ေခၚၿပီး ေသခ်ာ လုပ္ခိုင္းထားတာေလ!

အေစခံကူနဲ႔ အေစခံက်္ူ းကေတာ့ ေၾကာင္ေတာင္ေတာင္ပံုစံနဲ႔ပဲ ေခါင္းၿငိမ့္ျပၾကသည္။

အေစခံကူလည္း စိတ္ကို ျပန္ထိန္းလိုက္ၿပီးမွ
    " တ..တတိယသခင္မေလး , ဒီရတနာေတြကို ဘယ္ကေန ရခဲ့တာလဲဟင္ ?"

   ဒါေတြက Dingyuanအိမ္ေတာ္က လက္ေဆာင္ေပးလိုက္တယ္ဆိုတာလည္း မျဖစ္နိုင္ဘူးေလ...။

   ခ်ဴ းလ်န္က ရွီးယန္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ရွီးယန္လည္း နားလည္သြား၍ အေၾကာင္းစံု ရွင္းျပလိုက္သည္။ အေစခံကူနွင့္ အေစခံက်ိဴ းတို႔ ေနာက္ထပ္တခါ မ်က္လံုးျပဴ းၾကရျပန္သည္။သူတို႔သခင္မေလးအေပၚ ထားတဲ့ ေလးစားမႈေတြကလည္း ပိုပိုၿပီး တိုးသြားၾကသည္။ စားေသာက္ပြဲမွာ အျခားအရာရိွေတြရဲ႕ မိန္းမေတြလည္း ရွိနိုင္ၿပီး သူတို႔ရဲ႕သခင္မေလးကေတာ့ ထိုအေျခေနကို တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ လုပ္ျပသြားတယ္ေလ ။

  သူတို႔ရဲ႕ သခင္မေလးကို ၾကည့္လိုက္ေတာ့လည္း ေပ်ာ္ရႊင္စြာနဲ႔ပဲ ထိုရတနာေတြနဲ႔ ကစားေနတယ္။
သူမရဲ႕သခင္က နည္းနည္းေလာက္ အျပစ္ကင္းစင္ၿပီးအယံုလြယ္ လြန္းမေနဘူးလား?

    အေစခံကူလည္း ထိုသခင္မေတြဆီက ဒီလိုရတနာေတြက္ု ယူလာျခင္းရဲ႕ အက်ိဴ းဆက္ေတြကို သတိေပးခ်င္သည့္အတြက္ အျခားသူေတြ ျပန္သြားၾကမွာကို ေစာင့္ဖို႔ ဆံုးျဖတ္လိုက္သည္။

    သို႔ေပမယ့္ သူမ မေမ်ွာ္လင့္ထားတာက ခ်ဴ းလ်န္က ေရႊဆံညႇပ္ေတြနဲ႔ လက္ေကာက္ေတြကို သူမကို ေပးလာသည္။
  " မိုမို , ဒါေတြကို ယူသြားၿပီး ေရႊရေအာင္ အရည္က်ိဴ လိုက္ ၿပီးရင္ ေငြစကၠဴ ေျပာင္းလိုက္ "

  " အာ ?"
အေစခံကူလည္း လက္ခံလိုက္ရမလား ျငင္းလိုက္ရမလား မေဝခဲြတတ္ ျဖစ္ေနသည္။

   ထိုအစား သူမလည္း ထိုပစၥည္းေတြရဲ႕ မူလအစကို သတိေပးလိုက္သည္။
   "သခင္မေလး , ဒီရတနာေတြက အဲ့ဒီသခင္မေတြနဲ႔ သက္ဆိုင္တာပါ "

အျခားလူေတြရဲ႕ ရတနာေတြကို အရည္ေဖ်ာ္ဖို႔က သိပ္မသင့္ေတာ္ဘူးေလ ဟုတ္တယ္မလား ?

  " အခု ကြၽန္မအပိုင္ျဖစ္ေနၿပီေလ , မိုမို ..စိတ္ပူမေနပါနဲ႔ ; ကြၽန္မဘာလုပ္ေနလဲဆိုတာ ကြၽန္မသိပါတယ္ ။ ယူသြားလိုက္ပါ .. "

  ခ်ဴ းလ်န္ကေျပာေနေတာ့လည္း အေစခံကူလည္း လက္ခံလိုက္ရန္သာ ရွိေတာ့သည္။

  အေစခံက်ိဴ းကေတာ့ ဒီေနရာမွာ ဘာမွဝင္မေျပာေပမယ့္  ေနာက္က်မွ ဝမ္က်င္းကို ေမးမယ္လို႔သာ ေတးမွတ္ထားလိုက္သည္။

  ခ်ဴ းလ်န္လည္း  ညစာ စားၿပီးေတာ့ စာၾကည့္ခန္းကို တစ္ေယာက္ထဲသြားလိုက္သည္။
ခ်ဴ းလ်န္ စာေရး ေလ့က်င့္ေနစဥ္မွာပဲ က်င္းခ်ီခန္းမက အလည္လာဖို႔ ဖိတ္လိုက္တယ္လို႔ က်င္းယန္က ေျပာလာသည္။

   အေစခံကူလည္း ခ်ဴ းလ်န္ကို အဝတ္စားကူဝတ္ေပးေနရင္း စိတ္ပူစြာနဲ႔ ေမးလိုက္သည္ ။
    "တတိယသခင္မေလး , သခင္မႀကီး ေခၚလိုက္တာက Dingyuan အိမ္ေတာ္က ကိစၥအေၾကာင္း ေျပာဖို႔မ်ားလား ?"

  ခ်ဴ းလ်န္လည္း အေစခံကူကို ၾကည့္ၿပီး ျပန္ေျပာလိုက္သည္။
   " မိုမို, ဘာကို ေၾကာက္ေနတာလဲ ? ကြၽန္မဘာအမွားမွ လုပ္ခဲ့တာမွ မဟုတ္တာ ။ အဖြားက အဲ့အေၾကာင္းေျပာဖို႔ ေခၚလိုက္တယ္ ဆိုရင္ေတာင္ ဘာမွစိတ္ပူေနစရာ မလိုပါဘူး"

  အေစခံကူလည္း ဘာမွျပန္မေျပာနိုင္ေတာ့ေပ။ သူမက ခ်ဴ းလ်န္အတြက္ ဘယ္လိုလုပ္ စိတ္မပူပဲ ေနနိုင္မွာလဲ ? အဲ့ဒီပြဲကို လာတဲ့သူေတြက နန္းတြင္းကေကာ အရာရွိဇနီးေတြထဲကေကာေလ .. ။

   ေမာ္ဒန္ေခတ္မွာ နွစ္၂၀နီးပါးေလာက္ ေနခဲ့လို႔ ထင္ပါရဲ႕ ခ်ဴ းလ်န္က ထိုအဆင့္ေတြ အရာရွိတာေတြ မရွိတာေတြနဲ႔ ဘယ္လိုဆက္ဆံရမလဲ မသိေသးေပ။ အဲ့တာကလည္း ေမ့အေဆာင္မွာ ထိုမင္းသမီးေတြ သခင္မေတြနဲ႔ မ်က္ေတာင္တခ်က္မခတ္ပဲ ရင္ဆိုင္နိုင္တဲ့ အေၾကာင္းအရင္း ျဖစ္နိုင္သည္။

  အခုအုပ္ခ်ဴ ပ္ေနတဲ့ ဧကရာဇ္နဲ႔ ေတြ႕ရင္ေတာင္ မွပဲ သူမက ရိုးရိုးတန္းတန္းပဲ ေခါင္းငံု႔ၿပီး ေၾကာက္တာ႐ြံ႕တာမရွိပဲ အရိုေသေပးမိမယ္ ထင္ပါရဲ႕ ။

    ခ်ဴ းလ်န္ က်င္းခ်ီခန္းမကို ေရာက္ေတာ့ သခင္မႀကီးက ဆိုဖာေပၚမွာထိုင္ၿပီး လက္ဖက္ရည္ေသာက္ေနသည္။ ခ်ဴ းလ်န္လည္း အရိုေသေပးၿပီး နႈတ္ဆက္လိုက္ေတာ့ သခင္မႀကီးက ၿပံဳးလ်က္ပဲ လက္ယပ္ေခၚလိုက္သည္။

  "စန္းလန္ဇနီးေလး ..လာ..ဒီမွာလာထိုင္"

  ခ်ဴ းလ်န္လည္း နာနာခံခံနဲ႔ပဲ ေဘးနားမွာ သြားထိုင္လိုက္သည္။ ထို႔ေနာက္ေတာ့ သခင္မႀကီးက အဝါေရာင္သစ္သားေသတၱာေလး တစ္လံုးကို ခ်ဴ းလ်န္ဆီ ေပးလိုက္ၿပီး
      "စန္းလန္ရဲ႕ ဇနီးေလး , ဖြင့္ၿပီး ၾကည့္ၾကည့္ပါအံုး "

   ခ်ဴ းလ်န္လည္း ေခါင္းေလးေစာင္းၿပီး ပေဟဠိဆန္ျဖစ္ေနသည့္ပံုေလးနဲ႔ သခင္မႀကီးကို ၾကည့္လိုက္သည္။ သူမရဲ႕ အျပစ္ကင္းၿပီး ခ်စ္စရာေကာင္းတဲ့ ပံုေလးေၾကာင့္ သခင္မႀကီးလည္း ထိုကေလးမကို တေန႔ထက္ တေန႔ ပိုပိုၿပီး သေဘာက်လာေၾကာင္း သိလိုက္ရသည္။

  ခ်ဴ းလ်န္ ေသတၲာကို ဖြင့္လိုက္ေတာ့ အထဲမွာ
သက္ရွည္စားေသာက္ပြဲေတြမွာ သံုးဖို႔ အပြင့္အခတ္အနႊယ္ေတြကို ေသခ်ာ ထြင္းထုထားတဲ့
ပန္းကန္လံုးအေသးတလံုး , ဆင္စြယ္တူေတြ,
ေရႊကြတ္ထားတဲ့ေႂကြဇြန္း နဲ႔ ေက်ာက္စိမ္းတူတစ္စံုကို ေတြ႕လိုက္ရသည္။

   ခ်ဴ းလ်န္လည္း ထိုပစၥည္းေတြကို ကိုင္ထားရင္းနဲ႔ သခင္မႀကီးကို စိတ္ရႈပ္ေထြးစြာနဲ႔ ၾကည့္လိုက္သည္။

   သခင္မႀကီးက တခ္ခ္ရယ္လ်က္
  " ဒါက ၿမိဳ႕စားအိုDingyuan ဆီက ဆုလက္ေဆာင္ပဲ "

  ခ်ဴ းလ်န္လည္း သူမလုပ္ထားတဲ့ မက္မြန္ကိတ္ေတြကို ထိုစားေသာက္ပြဲဆီ သယ္သြားၾကေသးတာကို သတိရ၍
   " အဲ့ဒါက အဲ့ဒီမက္မြန္ကိတ္ေတြေၾကာင့္...?"

  သခင္မႀကီးေဟးက အၿပံဳးေလးျဖင့္ ေခါင္းၿငိမ့္ျပသည္။
    "အရူးမေလး ။ မက္မြန္ကိတ္လုပ္နည္းကို ဘယ္အခ်ိန္တုန္းက သင္ခဲ့တာလဲ? ဘာလို႔
ဒီအဖြားႀကီး ျမည္းစမ္းၾကည့္ဖို႔က်  လုပ္မေကြၽးရတာလဲ?"

   Dingyuanမွာ ထိုကိစၥေတြျဖစ္ေနတုန္းက သခင္မႀကီးက ဘာသတင္းမွမၾကားပဲ အေဆာင္တစ္ေဆာင္မွာ အျခား သခင္ႀကီး သခင္မႀကီးေတြနဲ႔ လက္ဖက္ရည္ေသာက္ေနတာ ျဖစ္သည္။ၿမိဳ႕စားအို Dingyuanရဲ႕အေစခံတစ္ေယာက္က ထိုမက္မြန္ကိတ္ေသတၲာကို လာပို႔မွသာ ခ်ဴ းလ်န္လုပ္ထားတာ ျဖစ္ေၾကာင္း
သိလိုက္ရတာ ျဖစ္သည္။

   ထိုအခ်ိန္တုန္းက သခင္မႀကီးေဟးရဲ႕ ေခါင္းထဲမွာ အေတြးေပါင္းစံုေပၚလာေပမယ့္ အျပင္ပန္းမွာေတာ့ တည္တည္ၿငိမ္ၿငိမ္နဲ႔သာ ေနလိုက္ရတာ ျဖစ္သည္။အျခားသခင္ႀကီး သခင္မႀကီးေတြက သေဘာက်၍ ဆုလက္ေဆာင္ေတြ ေပးေပးဖို႔ ေျပာၾကလို႔ ထိုလက္ေဆာင္ေတြကို ယူေပးခဲ့တာျဖစ္သည္။ က်င္းအန္အိမ္ေတာ္ကို ျပန္ေရာက္ေတာ့မွ သခင္မက်ိဴ းရဲ႕ အေစခံကို ေမးစမ္းၾကည့္မွ အေၾကာင္းစံုကို သိလိုက္ိရတာ ျဖစ္သည္။

  " အဖြားက ျမည္းစမ္းၾကည့္ခ်င္မွေတာ့ ဒီေျမးေခြၽးမက မနက္ျဖန္လုပ္ေပးပါ့မယ္"
ခ်ဴ းလ်န္လည္း ျမန္ျမန္ ျပန္ေျဖသိမ့္ေပးလိုက္ရသည္။

   "haŏ ,haŏ.. မနက္ျဖန္က်ရင္ ဒီအဖြား
ႀကီးကေစာင့္ေနမွာေနာ္ "

  ခ်ဴ းလ်န္လည္း ေသတၲာကို စားပြဲတင္လိုက္ၿပီး
   " အဲ့ဒါဆို အျခားေျပာစရာရွိေသးလား အဖြား?"

  တကယ့္လို႔ သခင္မႀကီးသာ ဒီလက္ေဆာင္ေပးဖို႔သက္သက္ပဲဆိုရင္ မနက္ျဖန္မနက္ ဂါရဝျပဳခ်ိန္မွ ေပးလည္းရသည္။ အခုက ခ်ဴ းလ်န္တေယာက္ထဲကိုပဲ သက္သက္အေခၚလႊတ္လိုက္တာဆိုေတာ့ အျခားကိစၥလည္း ရွိရမည္။

ေမ်ွာ္လင့္ထားသည့္အတိုင္း သခင္မႀကီး က ေပ်ာ္ရႊင္စြာနဲ႔ ဆက္ေျပာလာသည္။
   " စန္းလန္ရဲ႕ ဇနီးေလး , ဒီေန႔ ဘာေတြျဖစ္ပ်က္ခဲ့သလဲဆိုတာ အဖြားသိၿပီးၿပီ ။ သမီးလည္း ေတာ္ေတာ္စိတ္ဒုကၡ ေရာက္ခဲ့ရမွာပဲ ။ ကံေကာင္းစြာနဲ႔ပဲ တို႔လ်န္အာေလးက ဘယ္လိုပရိယာယ္လွည့္ကြက္ေတြနဲ႔ပဲေတြ႕ေတြ႕ ေအးေဆးေျဖးရွင္းတတ္လို႔ ေတာ္ပါေသးရဲ႕ ။ သမီးသူတို႔ဆီက ရတနာအေတာ္မ်ားမ်ား ရလိုက္တယ္ဆို ။ အဲ့ဒါေတြကို ဘာလုပ္ဖို႔ စဥ္းစားထားလဲ ?"

  သခင္မႀကီးေဟးက ခ်ဴ းလ်န္ရဲ႕အမူယာေတြကို ေစာင့္ၾကည့္ေနသည္။
ခ်ဴ းလ်န္လည္း စိတ္ရႈပ္ေထြးေနသလို မ်က္လံုးအဝိုင္းသားေလးနဲ႔ သခင္မႀကီးကို ျပန္ၾကည့္ေနလိုက္သည္။ စိတ္ထဲမွာေတာ့ ၿပံဳးေနတာေပါ့။

သခင္မႀကီးေဟးက သူမကို စမ္းသပ္ေနတာပဲ!

ခ်ဴ းလ်န္ကလည္း ႀကိဳတင္ျပင္ဆင္ၿပီးသားပင္။

  " အဖြား ,အကယ္လို႔ အမ်ိဴ းသမီးယန္သာ မကူညီီရင္ အဲ့ဒီပစၥည္းေတြကို သမီးလည္း ရနိုင္မွာ မဟုတ္ပါဘူး .. အဲ့တာေၾကာင့္ သူတို႔ရဲ႕ပစၥည္းေတြကို သမီးမယူရက္ပါဘူးေလ။
ဒီေျမးေခြၽးမက စာေရးၿပီးေတာ့ မနက္ျဖန္က်ရင္ အဲ့ဒီပစၥည္းေတြအကုန္ ျပန္ေပးမလို႔ ျပင္ဆင္ေနတာပါ ။ၿပီးတာနဲ႔ အေစခံေတြကို ျပန္ပို႔ခိုင္းလိုက္ပါ့မယ္ "

  ခ်ဴ းလ်န္ကို စမ္းသပ္တဲ့အၾကည့္နဲ႔ ၾကည့္ေနတဲ့သခင္မႀကီးေဟးကေတာ့ သေဘာက်ၾကင္နာမႈေတြနဲ႔ ခ်က္ခ်င္းကို ေပ်ာ့ေပ်ာင္းႏူးညံ့သြားသည္။

ခ်ဴ းလ်န္လည္း ထပ္ေပါင္းေျပာလိုက္သည္။
  " အျခားလူေတြအတြက္ေတာ့ သမီးက မ်ွမ်ွတတ နိုင္ခဲ့တာဆိုေတာ့ သူတို႔ထည့္လိုက္တဲ့ပစၥည္းေတြက သမီးအပိုင္ျဖစ္သြားၿပီ!မင္းသမီးလီေယာင္ကေတာ့ သူမရဲ႕Qilinရုပ္ထုေလးကို ျပန္ေတာင္းရင္ ေတာင္းမွာ ... သခင္မဟြမ္ကေတာ့ သူမရဲ႕အဖိုးတန္ပုလဲလက္ေကာက္ကို ေသခ်ာကိုးသိမ္းထားမွာ! သူမက သမီးကို မနွစ္ၿမိဳ႕ေနမွေတာ့ သမီးကလည္း သူမကို ျပန္ေပးဖို႔ လံုးဝကို စိတ္ကူးမရွိဘူး!"

" ဖြီးးး "
  သခင္မႀကီးေဟးလည္း ရယ္ခ်င္တာကို မထိန္းနိုင္ေတာ့ေပ။

ခ်ဴ းလ်န္ရဲ႕ ကေလးအေတြး ကေလးအသံေလးေတြက သခင္မႀကီးရဲ႕ အလိုလိုက္ေပးခ်င္စိတ္ေတြကို ပိုပိုၿပီး တိုးလာေစသည္။

  ခ်ဴ းလ်န္က ကေလးပံုေလးနဲ႔ ေျပာေနေပမယ့္လည္း အမွားေတာ့ မရွိေပ။အခ်ိဴ ႕ရတနာေတြက အရမ္းအဖိုးတန္ၿ္ၿပီး ခ်ဴ းလ်န္ကဲ့သို႔ မ်ားမ်ားစားစား မပိုင္ဆိုင္ထားတဲ့ သခင္မေလးေတြကလည္း သူတို႔ရဲ႕ ရတနာကို ျပန္လိုခ်င္ေနၾကသည္။
စန္းလန္ရဲ႕မိန္းမက ေလာဘေဇာနဲ႔ မဆံုးျဖတ္ပဲ ေသေသခ်ာခ်ာကိုင္တြယ္သြားတာက အေတာ္ေလး သေဘာက်စရာ ျဖစ္သည္။

ခ်ဴ းလ်န္က လိမၼာေရးျခားရွိတဲ့ ေျမးေခြၽးမေလးျဖစ္တဲ့အတြက္ သခင္မႀကီးေဟးလည္း ေက်နပ္ေနရၿပီး ခ်ဴ းလ်န္ရဲ႕အခု အေျခေနေၾကာင့္လည္း အေတာ္ေလး အျပစ္ရွိသလို ခံစားေနရျပန္သည္။

  အဲ့ဒီ အသည္းနွလံုးမရွိတဲ့ ႂကြက္စုတ္စန္းလန္က ဒီလို ခ်စ္စရာမိန္းကေလးကို စြန္႔ပစ္သြားရက္တယ္ေပါ့ !!

   " စန္းလန္ရဲ႕ဇနီးေလး.. ေနာက္က်ေနၿပီဆိုေတာ့ ျပန္လိုက္ေတာ့ေလ ။ မနက္ျဖန္က်ရင္ အဖြားဆီကို ေစာေစာလာခဲ့ ။ အဖြားမွာ ေျပာစရာရွိေသးတယ္ "

  " နားလည္ပါၿပီ "
  ခ်ဴ းလ်န္လည္း အရိုေသေပးၿပီး ျပန္လာလိုက္သည္။

.........
ေနာက္တေန႔မွာေတာ့ ခ်ဴ းလ်န္လည္း မနက္ေစာေစာပဲ သခင္မၿကီးဆီ ဂါရဝျပဳဖို႔ သြားလိုက္သည္။

သခင္မႀကီးလည္း ရည္ရႊယ္ခ်က္ ရွိလို႔ ထင္ပါရဲ႕ ေစာေစာပဲ ထၿပီး ျပင္ဆင္ေနသည္။ ခ်ဴ းလ်န္ေရာက္သြားေတာ့ သခင္မႀကီးက အျပင္ေဆာင္မွာ လက္ဖက္ရည္ထိုင္ေသာက္ေနသည္။

  ခ်ဴ းလ်န္လည္း စားပြဲေပၚက ' စန္ခ်ာ ' ကို ၾကည့္ၿပီး အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားသည္။
သခင္မႀကီးရဲ႕ အသက္ရႊယ္နဲ႔ဆို ထိုအရႊက္မ်ိဴးစံုထည့္ထားတဲ့ လက္ဖက္ရည္က မေသာက္သင့္ေပ။

သခင္မႀကီးေဟးလည္း ခ်ဴ းလ်န္ကို ေတြ႕ေတာ့ ေဘးခံုမွာ လာထိုင္ဖို႔ လက္ျပလိုက္သည္။

ခ်ဴ းလ်န္ထိုင္လိုက္ေတာ့ သခင္မႀကီးက စာအုပ္ပါးတစ္အုပ္ကို ေပးလာသည္။

   "စန္းလန္ရဲ႕ဇနီးေလး , ဖြင့္ၾကည့္လိုက္ "

  ခ်ဴ းလ်န္လည္း စပ္စပ္စုစုနဲ႔ ဖြင့္ၾကည့္လိုက္ၿပီး
မွ ဘာလဲဆိုတာ နားလည္သြားသည္။ အဲ့ဒါက စားေသာက္ဆိုင္တဆိုင္ရဲ႕ မွတ္တမ္းစာအုပ္ျဖစ္သည္။  ' ကူလင္း စားေသာက္ဆိုင္' ဆိုတဲ့နမည္ကို စာအုပ္ရဲ႕ ပထမ စာမ်က္နာမွာ
သပ္သပ္ရပ္ရပ္နဲ႔ ေရးထားတာကိုး ။

   " အဖြား , ဒါက ကူလင္း စားေသာက္ဆိုင္ရဲ႕ စာရင္းစာအုပ္ေပါ့?"

သခင္မၿကီးေဟးလည္း ၿပံဳးလ်က္ ေခါင္းၿငိမ့္ျပလိုက္သည္။ ကူလင္းစားေသာက္ဆိုင္က သူမရဲ႕ ခန္းဝင္ပိုင္ဆိုင္မႈေတြထဲက ျဖစ္သည္။ထိုဆိုင္ကို ဖြင့္တာ နွစ္၅၀ေက်ာ္ေလာက္ ရွိၿပီျဖစ္ၿပီး ၿမိဳ႕ေတာ္ထဲက သက္တမ္းအရွည္ဆံုး ဆိုင္ေတြထဲမွာ ပါသည္။

UNICODE

Chapter 42: Distributing the Spoils

    ချူ းလျန်ရဲ့ ကိုယ်ပိုင်အစေခံတွေအားလုံးက သူ့ဘက်မှာ ရှိကြတယ်လို့ ရှောင်ပိုကျင်း ယူဆလိုက်သည်။ဆိုတော့ .. သူပေးခိုင်းလိုက်တဲ့စာကလည်း ချူ းလျန်ရဲ့လက်ထဲကို ရောက်မှာ အသေအချာပဲ ။

    ဝမ်ကျင်းပြန်ရောက်တော့ စာက ရှိမနေတော့တာကြောင့် မိုးကြိုးအပြစ်ခံလိုက်သလို ခံစားလိုက်ရသည်။ တခန်းလုံးကို လှန်လှော် ရှာသော်လည်း မတွေ့။ အကြောက်လွန်ပြီး အိပ်ယာထဲက ရက်အနည်းငယ်လောက် မထနိုင်တောင် ဖြစ်သွားသေးသည်။

  ပြန်သက်သာလာတော့မှ ဝမ်ကျင်းလည်း ထိုစာက တနေရာရာမှာ မတော်တဆ ကျနေတာ ဖြစ်မယ်လို့သာ ဖြေသိမ့်လိုက်သည်။ ထိုစာက Songtaoအဆောင်မှာ ကျနေခဲ့ရင်တောင် ချူ းလျန်ရဲ့ကိုယ်ပိုင် အစေခံတွေပဲ ဘယ်လိုဖတ်ရမလဲ သိတာဖြစ်သည်။ အခြေနေက အခုလိုဖြစ်လာတဲ့ အတွက် ဝမ်ကျင်းလည်း ဝမ်လန်နဲ့ အစေခံကျိူ းတို့ကို မပြောပြရဲတော့ပဲ ဒီအတိုင်းပဲ မသိသလိုသာ နေလိုက်တော့သည်။

  ချူ းလျန် Songtao အဆောင်ကို ပြန်ရောက်တော့ ရှီးယန်ကို ရတနာသေတ္တာ ယူလာဖို့ ပြောလိုက်သည်။

  ထိုသေတ္တာကို ဖွင့်လိုက်တဲ့အခိုက်တန့် အထဲက ရတနာပစ္စည်းတွေရဲ့ အရောင်အဝါတွေက ဖြာထွက်လာတဲ့အတွက် Dingyuanအိမ်တော်ကို မလိုက်သွားရတဲ့ အစေခံကူ အစေခံကျိူ း ဝမ်လန်နဲ့ အခြားသူတွေအကုန် အံ့ဩ
ထိန့်လန့်ကုန်ကြသည်။

ဘာ ? တတိယသခင်မလေးက သက်ရှည်စားသောက်ပွဲကို မသွားပဲ ရတနာပစ္စည်းဆိုင်မှာ ဈေးဝယ်ထွက်ခဲ့တာလား?

ချူ းလျန်လည်း သူတို့ရဲ့ အမူယာတွေကြောင့်
လူမိုက်ပြုံး ပြုံးလိုက်သည်။ သေတ္တာထဲက မင်းသမီးလီယောင်ရဲ့ Qilinရုပ်ထုလေးကို ထုတ်ယူလိုက်ပြီး သူတို့ကိုပြလိုက်သည်။
    " ဘယ်လိုထင်ကြလဲ ? လှရဲ့လား ?"

ဘယ်လိုလုပ် မလှပဲ နေမလဲ? အဲ့ဒါက ဧကရီကိုယ်တိုင် လက်မူပညာမှာ အကျွမ်းကျင်ဆုံး လူတွေက်ု ခေါ်ပြီး သေချာ လုပ်ခိုင်းထားတာလေ!

အစေခံကူနဲ့ အစေခံက်ျူ းကတော့ ကြောင်တောင်တောင်ပုံစံနဲ့ပဲ ခေါင်းငြိမ့်ပြကြသည်။

အစေခံကူလည်း စိတ်ကို ပြန်ထိန်းလိုက်ပြီးမှ
    " တ..တတိယသခင်မလေး , ဒီရတနာတွေကို ဘယ်ကနေ ရခဲ့တာလဲဟင် ?"

   ဒါတွေက Dingyuanအိမ်တော်က လက်ဆောင်ပေးလိုက်တယ်ဆိုတာလည်း မဖြစ်နိုင်ဘူးလေ...။

   ချူ းလျန်က ရှီးယန်ကို တစ်ချက်ကြည့်လိုက်တော့ ရှီးယန်လည်း နားလည်သွား၍ အကြောင်းစုံ ရှင်းပြလိုက်သည်။ အစေခံကူနှင့် အစေခံကျိူ းတို့ နောက်ထပ်တခါ မျက်လုံးပြူ းကြရပြန်သည်။သူတို့သခင်မလေးအပေါ် ထားတဲ့ လေးစားမှုတွေကလည်း ပိုပိုပြီး တိုးသွားကြသည်။ စားသောက်ပွဲမှာ အခြားအရာရှိတွေရဲ့ မိန်းမတွေလည်း ရှိနိုင်ပြီး သူတို့ရဲ့သခင်မလေးကတော့ ထိုအခြေနေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ လုပ်ပြသွားတယ်လေ ။

  သူတို့ရဲ့ သခင်မလေးကို ကြည့်လိုက်တော့လည်း ပျော်ရွှင်စွာနဲ့ပဲ ထိုရတနာတွေနဲ့ ကစားနေတယ်။
သူမရဲ့သခင်က နည်းနည်းလောက် အပြစ်ကင်းစင်ပြီးအယုံလွယ် လွန်းမနေဘူးလား?

    အစေခံကူလည်း ထိုသခင်မတွေဆီက ဒီလိုရတနာတွေက်ု ယူလာခြင်းရဲ့ အကျိူ းဆက်တွေကို သတိပေးချင်သည့်အတွက် အခြားသူတွေ ပြန်သွားကြမှာကို စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။

    သို့ပေမယ့် သူမ မမျှော်လင့်ထားတာက ချူ းလျန်က ရွှေဆံညှပ်တွေနဲ့ လက်ကောက်တွေကို သူမကို ပေးလာသည်။
  " မိုမို , ဒါတွေကို ယူသွားပြီး ရွှေရအောင် အရည်ကျိူ လိုက် ပြီးရင် ငွေစက္ကူ ပြောင်းလိုက် "

  " အာ ?"
အစေခံကူလည်း လက်ခံလိုက်ရမလား ငြင်းလိုက်ရမလား မဝေခွဲတတ် ဖြစ်နေသည်။

   ထိုအစား သူမလည်း ထိုပစ္စည်းတွေရဲ့ မူလအစကို သတိပေးလိုက်သည်။
   "သခင်မလေး , ဒီရတနာတွေက အဲ့ဒီသခင်မတွေနဲ့ သက်ဆိုင်တာပါ "

အခြားလူတွေရဲ့ ရတနာတွေကို အရည်ဖျော်ဖို့က သိပ်မသင့်တော်ဘူးလေ ဟုတ်တယ်မလား ?

  " အခု ကျွန်မအပိုင်ဖြစ်နေပြီလေ , မိုမို ..စိတ်ပူမနေပါနဲ့ ; ကျွန်မဘာလုပ်နေလဲဆိုတာ ကျွန်မသိပါတယ် ။ ယူသွားလိုက်ပါ .. "

  ချူ းလျန်ကပြောနေတော့လည်း အစေခံကူလည်း လက်ခံလိုက်ရန်သာ ရှိတော့သည်။

  အစေခံကျိူ းကတော့ ဒီနေရာမှာ ဘာမှဝင်မပြောပေမယ့်  နောက်ကျမှ ဝမ်ကျင်းကို မေးမယ်လို့သာ တေးမှတ်ထားလိုက်သည်။

  ချူ းလျန်လည်း  ညစာ စားပြီးတော့ စာကြည့်ခန်းကို တစ်ယောက်ထဲသွားလိုက်သည်။
ချူ းလျန် စာရေး လေ့ကျင့်နေစဉ်မှာပဲ ကျင်းချီခန်းမက အလည်လာဖို့ ဖိတ်လိုက်တယ်လို့ ကျင်းယန်က ပြောလာသည်။

   အစေခံကူလည်း ချူ းလျန်ကို အဝတ်စားကူဝတ်ပေးနေရင်း စိတ်ပူစွာနဲ့ မေးလိုက်သည် ။
    "တတိယသခင်မလေး , သခင်မကြီး ခေါ်လိုက်တာက Dingyuan အိမ်တော်က ကိစ္စအကြောင်း ပြောဖို့များလား ?"

  ချူ းလျန်လည်း အစေခံကူကို ကြည့်ပြီး ပြန်ပြောလိုက်သည်။
   " မိုမို, ဘာကို ကြောက်နေတာလဲ ? ကျွန်မဘာအမှားမှ လုပ်ခဲ့တာမှ မဟုတ်တာ ။ အဖွားက အဲ့အကြောင်းပြောဖို့ ခေါ်လိုက်တယ် ဆိုရင်တောင် ဘာမှစိတ်ပူနေစရာ မလိုပါဘူး"

  အစေခံကူလည်း ဘာမှပြန်မပြောနိုင်တော့ပေ။ သူမက ချူ းလျန်အတွက် ဘယ်လိုလုပ် စိတ်မပူပဲ နေနိုင်မှာလဲ ? အဲ့ဒီပွဲကို လာတဲ့သူတွေက နန်းတွင်းကကော အရာရှိဇနီးတွေထဲကကောလေ .. ။

   မော်ဒန်ခေတ်မှာ နှစ်၂၀နီးပါးလောက် နေခဲ့လို့ ထင်ပါရဲ့ ချူ းလျန်က ထိုအဆင့်တွေ အရာရှိတာတွေ မရှိတာတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ မသိသေးပေ။ အဲ့တာကလည်း မေ့အဆောင်မှာ ထိုမင်းသမီးတွေ သခင်မတွေနဲ့ မျက်တောင်တချက်မခတ်ပဲ ရင်ဆိုင်နိုင်တဲ့ အကြောင်းအရင်း ဖြစ်နိုင်သည်။

  အခုအုပ်ချူ ပ်နေတဲ့ ဧကရာဇ်နဲ့ တွေ့ရင်တောင် မှပဲ သူမက ရိုးရိုးတန်းတန်းပဲ ခေါင်းငုံ့ပြီး ကြောက်တာရွံ့တာမရှိပဲ အရိုသေပေးမိမယ် ထင်ပါရဲ့ ။

    ချူ းလျန် ကျင်းချီခန်းမကို ရောက်တော့ သခင်မကြီးက ဆိုဖာပေါ်မှာထိုင်ပြီး လက်ဖက်ရည်သောက်နေသည်။ ချူ းလျန်လည်း အရိုသေပေးပြီး နှုတ်ဆက်လိုက်တော့ သခင်မကြီးက ပြုံးလျက်ပဲ လက်ယပ်ခေါ်လိုက်သည်။

  "စန်းလန်ဇနီးလေး ..လာ..ဒီမှာလာထိုင်"

  ချူ းလျန်လည်း နာနာခံခံနဲ့ပဲ ဘေးနားမှာ သွားထိုင်လိုက်သည်။ ထို့နောက်တော့ သခင်မကြီးက အဝါရောင်သစ်သားသေတ္တာလေး တစ်လုံးကို ချူ းလျန်ဆီ ပေးလိုက်ပြီး
      "စန်းလန်ရဲ့ ဇနီးလေး , ဖွင့်ပြီး ကြည့်ကြည့်ပါအုံး "

   ချူ းလျန်လည်း ခေါင်းလေးစောင်းပြီး ပဟေဠိဆန်ဖြစ်နေသည့်ပုံလေးနဲ့ သခင်မကြီးကို ကြည့်လိုက်သည်။ သူမရဲ့ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ ပုံလေးကြောင့် သခင်မကြီးလည်း ထိုကလေးမကို တနေ့ထက် တနေ့ ပိုပိုပြီး သဘောကျလာကြောင်း သိလိုက်ရသည်။

  ချူ းလျန် သေတ္တာကို ဖွင့်လိုက်တော့ အထဲမှာ
သက်ရှည်စားသောက်ပွဲတွေမှာ သုံးဖို့ အပွင့်အခတ်အနွှယ်တွေကို သေချာ ထွင်းထုထားတဲ့
ပန်းကန်လုံးအသေးတလုံး , ဆင်စွယ်တူတွေ,
ရွှေကွတ်ထားတဲ့ကြွေဇွန်း နဲ့ ကျောက်စိမ်းတူတစ်စုံကို တွေ့လိုက်ရသည်။

   ချူ းလျန်လည်း ထိုပစ္စည်းတွေကို ကိုင်ထားရင်းနဲ့ သခင်မကြီးကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်သည်။

   သခင်မကြီးက တခ်ခ်ရယ်လျက်
  " ဒါက မြို့စားအိုDingyuan ဆီက ဆုလက်ဆောင်ပဲ "

  ချူ းလျန်လည်း သူမလုပ်ထားတဲ့ မက်မွန်ကိတ်တွေကို ထိုစားသောက်ပွဲဆီ သယ်သွားကြသေးတာကို သတိရ၍
   " အဲ့ဒါက အဲ့ဒီမက်မွန်ကိတ်တွေကြောင့်...?"

  သခင်မကြီးဟေးက အပြုံးလေးဖြင့် ခေါင်းငြိမ့်ပြသည်။
    "အရူးမလေး ။ မက်မွန်ကိတ်လုပ်နည်းကို ဘယ်အချိန်တုန်းက သင်ခဲ့တာလဲ? ဘာလို့
ဒီအဖွားကြီး မြည်းစမ်းကြည့်ဖို့ကျ  လုပ်မကျွေးရတာလဲ?"

   Dingyuanမှာ ထိုကိစ္စတွေဖြစ်နေတုန်းက သခင်မကြီးက ဘာသတင်းမှမကြားပဲ အဆောင်တစ်ဆောင်မှာ အခြား သခင်ကြီး သခင်မကြီးတွေနဲ့ လက်ဖက်ရည်သောက်နေတာ ဖြစ်သည်။မြို့စားအို Dingyuanရဲ့အစေခံတစ်ယောက်က ထိုမက်မွန်ကိတ်သေတ္တာကို လာပို့မှသာ ချူ းလျန်လုပ်ထားတာ ဖြစ်ကြောင်း
သိလိုက်ရတာ ဖြစ်သည်။

   ထိုအချိန်တုန်းက သခင်မကြီးဟေးရဲ့ ခေါင်းထဲမှာ အတွေးပေါင်းစုံပေါ်လာပေမယ့် အပြင်ပန်းမှာတော့ တည်တည်ငြိမ်ငြိမ်နဲ့သာ နေလိုက်ရတာ ဖြစ်သည်။အခြားသခင်ကြီး သခင်မကြီးတွေက သဘောကျ၍ ဆုလက်ဆောင်တွေ ပေးပေးဖို့ ပြောကြလို့ ထိုလက်ဆောင်တွေကို ယူပေးခဲ့တာဖြစ်သည်။ ကျင်းအန်အိမ်တော်ကို ပြန်ရောက်တော့မှ သခင်မကျိူ းရဲ့ အစေခံကို မေးစမ်းကြည့်မှ အကြောင်းစုံကို သိလိုက်ိရတာ ဖြစ်သည်။

  " အဖွားက မြည်းစမ်းကြည့်ချင်မှတော့ ဒီမြေးချွေးမက မနက်ဖြန်လုပ်ပေးပါ့မယ်"
ချူ းလျန်လည်း မြန်မြန် ပြန်ဖြေသိမ့်ပေးလိုက်ရသည်။

   "haŏ ,haŏ.. မနက်ဖြန်ကျရင် ဒီအဖွား
ကြီးကစောင့်နေမှာနော် "

  ချူ းလျန်လည်း သေတ္တာကို စားပွဲတင်လိုက်ပြီး
   " အဲ့ဒါဆို အခြားပြောစရာရှိသေးလား အဖွား?"

  တကယ့်လို့ သခင်မကြီးသာ ဒီလက်ဆောင်ပေးဖို့သက်သက်ပဲဆိုရင် မနက်ဖြန်မနက် ဂါရဝပြုချိန်မှ ပေးလည်းရသည်။ အခုက ချူ းလျန်တယောက်ထဲကိုပဲ သက်သက်အခေါ်လွှတ်လိုက်တာဆိုတော့ အခြားကိစ္စလည်း ရှိရမည်။

မျှော်လင့်ထားသည့်အတိုင်း သခင်မကြီး က ပျော်ရွှင်စွာနဲ့ ဆက်ပြောလာသည်။
   " စန်းလန်ရဲ့ ဇနီးလေး , ဒီနေ့ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ အဖွားသိပြီးပြီ ။ သမီးလည်း တော်တော်စိတ်ဒုက္ခ ရောက်ခဲ့ရမှာပဲ ။ ကံကောင်းစွာနဲ့ပဲ တို့လျန်အာလေးက ဘယ်လိုပရိယာယ်လှည့်ကွက်တွေနဲ့ပဲတွေ့တွေ့ အေးဆေးဖြေးရှင်းတတ်လို့ တော်ပါသေးရဲ့ ။ သမီးသူတို့ဆီက ရတနာအတော်များများ ရလိုက်တယ်ဆို ။ အဲ့ဒါတွေကို ဘာလုပ်ဖို့ စဉ်းစားထားလဲ ?"

  သခင်မကြီးဟေးက ချူ းလျန်ရဲ့အမူယာတွေကို စောင့်ကြည့်နေသည်။
ချူ းလျန်လည်း စိတ်ရှုပ်ထွေးနေသလို မျက်လုံးအဝိုင်းသားလေးနဲ့ သခင်မကြီးကို ပြန်ကြည့်နေလိုက်သည်။ စိတ်ထဲမှာတော့ ပြုံးနေတာပေါ့။

သခင်မကြီးဟေးက သူမကို စမ်းသပ်နေတာပဲ!

ချူ းလျန်ကလည်း ကြိုတင်ပြင်ဆင်ပြီးသားပင်။

  " အဖွား ,အကယ်လို့ အမျိူ းသမီးယန်သာ မကူညီရင် အဲ့ဒီပစ္စည်းတွေကို သမီးလည်း ရနိုင်မှာ မဟုတ်ပါဘူး .. အဲ့တာကြောင့် သူတို့ရဲ့ပစ္စည်းတွေကို သမီးမယူရက်ပါဘူးလေ။
ဒီမြေးချွေးမက စာရေးပြီးတော့ မနက်ဖြန်ကျရင် အဲ့ဒီပစ္စည်းတွေအကုန် ပြန်ပေးမလို့ ပြင်ဆင်နေတာပါ ။ပြီးတာနဲ့ အစေခံတွေကို ပြန်ပို့ခိုင်းလိုက်ပါ့မယ် "

  ချူ းလျန်ကို စမ်းသပ်တဲ့အကြည့်နဲ့ ကြည့်နေတဲ့သခင်မကြီးဟေးကတော့ သဘောကျကြင်နာမှုတွေနဲ့ ချက်ချင်းကို ပျော့ပျောင်းနူးညံ့သွားသည်။

ချူ းလျန်လည်း ထပ်ပေါင်းပြောလိုက်သည်။
  " အခြားလူတွေအတွက်တော့ သမီးက မျှမျှတတ နိုင်ခဲ့တာဆိုတော့ သူတို့ထည့်လိုက်တဲ့ပစ္စည်းတွေက သမီးအပိုင်ဖြစ်သွားပြီ!မင်းသမီးလီယောင်ကတော့ သူမရဲ့Qilinရုပ်ထုလေးကို ပြန်တောင်းရင် တောင်းမှာ ... သခင်မဟွမ်ကတော့ သူမရဲ့အဖိုးတန်ပုလဲလက်ကောက်ကို သေချာကိုးသိမ်းထားမှာ! သူမက သမီးကို မနှစ်မြို့နေမှတော့ သမီးကလည်း သူမကို ပြန်ပေးဖို့ လုံးဝကို စိတ်ကူးမရှိဘူး!"

" ဖွီးးး "
  သခင်မကြီးဟေးလည်း ရယ်ချင်တာကို မထိန်းနိုင်တော့ပေ။

ချူ းလျန်ရဲ့ ကလေးအတွေး ကလေးအသံလေးတွေက သခင်မကြီးရဲ့ အလိုလိုက်ပေးချင်စိတ်တွေကို ပိုပိုပြီး တိုးလာစေသည်။

  ချူ းလျန်က ကလေးပုံလေးနဲ့ ပြောနေပေမယ့်လည်း အမှားတော့ မရှိပေ။အချိူ့ရတနာတွေက အရမ်းအဖိုးတန်ြပြီး ချူ းလျန်ကဲ့သို့ များများစားစား မပိုင်ဆိုင်ထားတဲ့ သခင်မလေးတွေကလည်း သူတို့ရဲ့ ရတနာကို ပြန်လိုချင်နေကြသည်။
စန်းလန်ရဲ့မိန်းမက လောဘဇောနဲ့ မဆုံးဖြတ်ပဲ သေသေချာချာကိုင်တွယ်သွားတာက အတော်လေး သဘောကျစရာ ဖြစ်သည်။

ချူ းလျန်က လိမ္မာရေးခြားရှိတဲ့ မြေးချွေးမလေးဖြစ်တဲ့အတွက် သခင်မကြီးဟေးလည်း ကျေနပ်နေရပြီး ချူ းလျန်ရဲ့အခု အခြေနေကြောင့်လည်း အတော်လေး အပြစ်ရှိသလို ခံစားနေရပြန်သည်။

  အဲ့ဒီ အသည်းနှလုံးမရှိတဲ့ ကြွက်စုတ်စန်းလန်က ဒီလို ချစ်စရာမိန်းကလေးကို စွန့်ပစ်သွားရက်တယ်ပေါ့ !!

   " စန်းလန်ရဲ့ဇနီးလေး.. နောက်ကျနေပြီဆိုတော့ ပြန်လိုက်တော့လေ ။ မနက်ဖြန်ကျရင် အဖွားဆီကို စောစောလာခဲ့ ။ အဖွားမှာ ပြောစရာရှိသေးတယ် "

  " နားလည်ပါပြီ "
  ချူ းလျန်လည်း အရိုသေပေးပြီး ပြန်လာလိုက်သည်။

.........
နောက်တနေ့မှာတော့ ချူ းလျန်လည်း မနက်စောစောပဲ သခင်မကြီးဆီ ဂါရဝပြုဖို့ သွားလိုက်သည်။

သခင်မကြီးလည်း ရည်ရွှယ်ချက် ရှိလို့ ထင်ပါရဲ့ စောစောပဲ ထပြီး ပြင်ဆင်နေသည်။ ချူ းလျန်ရောက်သွားတော့ သခင်မကြီးက အပြင်ဆောင်မှာ လက်ဖက်ရည်ထိုင်သောက်နေသည်။

  ချူ းလျန်လည်း စားပွဲပေါ်က ' စန်ချာ ' ကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သခင်မကြီးရဲ့ အသက်ရွှယ်နဲ့ဆို ထိုအရွှက်မျိူးစုံထည့်ထားတဲ့ လက်ဖက်ရည်က မသောက်သင့်ပေ။

သခင်မကြီးဟေးလည်း ချူ းလျန်ကို တွေ့တော့ ဘေးခုံမှာ လာထိုင်ဖို့ လက်ပြလိုက်သည်။

ချူ းလျန်ထိုင်လိုက်တော့ သခင်မကြီးက စာအုပ်ပါးတစ်အုပ်ကို ပေးလာသည်။

   "စန်းလန်ရဲ့ဇနီးလေး , ဖွင့်ကြည့်လိုက် "

  ချူ းလျန်လည်း စပ်စပ်စုစုနဲ့ ဖွင့်ကြည့်လိုက်ပြီး
မှ ဘာလဲဆိုတာ နားလည်သွားသည်။ အဲ့ဒါက စားသောက်ဆိုင်တဆိုင်ရဲ့ မှတ်တမ်းစာအုပ်ဖြစ်သည်။  ' ကူလင်း စားသောက်ဆိုင်' ဆိုတဲ့နမည်ကို စာအုပ်ရဲ့ ပထမ စာမျက်နာမှာ
သပ်သပ်ရပ်ရပ်နဲ့ ရေးထားတာကိုး ။

   " အဖွား , ဒါက ကူလင်း စားသောက်ဆိုင်ရဲ့ စာရင်းစာအုပ်ပေါ့?"

သခင်မကြီးဟေးလည်း ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။ ကူလင်းစားသောက်ဆိုင်က သူမရဲ့ ခန်းဝင်ပိုင်ဆိုင်မှုတွေထဲက ဖြစ်သည်။ထိုဆိုင်ကို ဖွင့်တာ နှစ်၅၀ကျော်လောက် ရှိပြီဖြစ်ပြီး မြို့တော်ထဲက သက်တမ်းအရှည်ဆုံး ဆိုင်တွေထဲမှာ ပါသည်။

Czytaj Dalej

To Też Polubisz

14.6K 173 124
The ancient saying goes: Most generals come from Guan Xi, while ministers come from Guan Dong. He Lisa was born to be a Star General. She was merely...
24.2K 2.4K 42
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
9.7K 662 49
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
817K 18.4K 35
Her Royal Highness The Princess Royal, is a beacon of regality, yet beneath her crown lies a woman determined to defy the conventional expectations o...