{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 41

2.4K 373 11
By whitekiddy

#Zawgyi

Ch41. Secret affair
#Translated by Irisbellar

ဆက္ခံသူက်န္းက ေရွာင္ဘိုက်င္း ပခုံးေပၚ လက္တစ္ဖက္ လွမ္းတင္၍ ျပဳံးလိုက္ၿပီး

"စီနီယာေရွာင္...., က်င္းအန္အိမ္ေတာ္ တတိယ သခင္မေလးက ဒီေလာက္ အရည္အခ်င္း ရွိလိမ့္မယ္လို့  ကၽြန္ေတာ္ မထင္ထားခဲ့ဘူး ဗ်ာ"

ေရွာင္ဘိုက်င္းလဲ ေနာက္ဆုံးေတာ့ ကိုယ့္ကိုကို အျပစ္တင္ရင္း က်စ္က်စ္ပါေအာင္ ဆုပ္ထားတဲ့ လက္သီးကို ေျဖေလၽွာ့လိုက္ ၿပီး မ်က္ဝန္းထဲက နာက်င္​ေနမွုလဲ တျဖည္းျဖည္း ေမွးမွိန္ သြားခဲ့ေလေတာ့သည္။ ဘာတစ္ခြန္းမွ မေျပာေသးဘဲ သူ႔ ႏွုတ္ခမ္းတစ္စုံကို အခ်င္းခ်င္း ဖိထားလ်က္ ေရကန္တစ္ဖက္ ကမ္းကို အေသးစိတ္ျမင္ရေအာင္ စိုက္ၾကည့္ ေနခဲ့သည္။

အေစခံေယက္်ားလဲ ဆက္ခံသူက်န္း ရဲ့စကားထဲ ေပ်ာ္ရိပ္သန္း ​ေနေတာ့ သူ႔တင္ျပခ်က္ကို ျမန္ျမန္ေလး ဆက္ေျပာ​​ျပသည္။

"ဆက္ခံသူက်န္း..တတိယသခင္မေလး လုပ္ခဲ့တဲ့ ဒီအသက္ရွည္ မက္မြန္ကိတ္ေတြကို အျပင္ေဆာင္က စားေသာက္ပြဲ အခမ္းအနားဆီ ပို့မယ္လို့ ဒီအေစခံ ၾကားခဲ့ပါတယ္။ တကယ္လို့ ဆက္ခံသူက်န္း အဲ့ဒီမုန္႔ကို ျမည္းၾကည့္ခ်င္တယ္ဆို  ပြဲေတာ္ ခန္းမ ဆီဘာေၾကာင့္ မသြားဘဲ ေနတာလဲ ? အခမ္းအနားလဲ မၾကာခင္ စေတာ့မွာပါ။"

"ေကာင္းၿပီ။ သတင္းေတြ ယူလာေပးလို့ ေက်းဇူးပဲ။ " ဆက္ဆံသူေက်ာင္းက ေရႊနဲ႔လုပ္ထားတဲ့ေျမပဲတစ္ေစ့ကို ေပးေနက်အတိုင္း ပစ္ေပးလိုက္ေတာ့ အေစခံေယက္်ားလဲ ျမန္ျမန္ေလး ဖမ္းယူလိုက္ၿပီး ထြက္မသြားခင္ သခင္ေလးကို အလြန္အမင္း ေက်းဇူးတင္ ခဲ့ေသး.သည္။

ဆက္ခံသူက်န္းလည္း ယပ္ေတာင္ခပ္ ေနရင္းက
"စီနီယာေရွာင္...သြားၾကရေအာင္။လာ။ ကၽြန္ေတာ္တို့ အဲ့ဒီကို အျမန္ေရာက္မွ ျဖစ္မယ္။ မဟုတ္ရင္ ကၽြန္ေတာ္တို့အတြက္ ဘာမွက်န္ေတာ့မွာ မဟုတ္ဘူး" လို့ ဆိုလိုက္သည္။

ထို့ေၾကာင့္.ေရွာင္ဘိုက်င္းလဲ ဆက္ဆံသူကန္းႏွင့္အတူ ဘာမွမေျပာဘဲ လိုက္သြားခဲ့သည္။

ထိုစဥ္ က်င္းဖန္ေဟာရဲ့ တတိယထပ္မွာ ထိုင္ေနခဲ့တဲ့ မင္းသားေလးလဲ ထရပ္လိုက္သည္။ ၿပီးေနာက္ သူ၏ ႏွုတ္ခမ္း ေထာင့္စြန္း ေနရာမွ ေကာ့တက္သြားၿပီး ေျပာလိုက္သည္။

"သြားမယ္........
အျပင္ဘက္ အေဆာင္ကို"

ဒီဝူမင္းဆက္မွာ အရင္ မင္းဆက္ေခတ္ေတြနဲ႔ ယွဥ္ရင္ပိုၿပီး ပြင့္ပြင့္လင္းလင္း ရွိလာခဲ့ၾကေပမယ့္ သူတို့က အမ်ိဳးသား အမ်ိဳးသမီး ေတြကို ေနရာတိုင္း မွာတတ္နိုင္သမၽွ သီးျခားထားၾကတုန္းပါပဲ။ ထို့ေၾကာင့္ ေဟာခန္းတစ္ခုဆီမွာ ေယာက္်ားသက္သက္ မိန္းမသက္သက္ ေနရာယူခဲ့ၾကသည္။

ခ်ဴးလန္ သခင္မက်ိဳးေနာက္ကေန ရိုးက်ိဳးစြာ လိုက္ပါသြားခဲ့သည္။ အခုခ်ိန္မွာ သူမကိုေတြ႕ၾကလ်ွင္ ေမ့အေဆာင္မွာ သခင္မေတြအုပ္စုေရွ႕ ျပသနာေတြကိုတည္၂ၿငိမ္နဲ႔ ေျဖရွင္းသြားတဲ့ တတိယသခင္မေလးလို႔ ဘယ္သူမွ ထင္မိၾကမွာ မဟုတ္ေပ။

သခင္မက်ိဳးရဲ့ မ်က္ခုံးတစ္စုံ အနည္းငယ္ တြန္႔သြားခဲ့သည္။ ခ်ဴးလန္ ​ျပသနာတက္.ေနတယ္လို့ ၾကားၾကားခ်င္းပဲ သူမ တစ္ေယာက္ေယာက္ေတာ့ ခ်ဴးလန္ကို ဒုကၡေရာက္ေစလိုက္တာ သိလိုက္ၿပီး (ေမ့)အေဆာင္ဆီ.ကတိုက္ကရိုက္ ျပန္လာခဲ့တာျဖစ္သည္။

ဒင္းရြမ္အိမ္ေတာ္ဟာ ဆိုရင္ မိသားစုဝင္လဲမ်ား ၊ ခ်မ္းသာမွုလဲ ႂကြယ္ဝတဲ့ စံျပေတာ္ဝင္အမ်ိဳးႏြယ္ အိမ္လို့ ထင္ရေပမယ့္ တကယ့္တကယ္ေတာ့ ပထမနဲ႔ ဒုတိယ မ်ိဳးဆက္ေတြက အခ်င္းခ်င္းတိုက္ခိုက္ေနၾကတာျဖစ္သည္။

သခင္မက်ိဳးက ဒုတိယမ်ိဳးဆက္ရဲ့ မိန္းမပ်ိဳေလးတစ္ေယာက္ျဖစ္ခဲ့ၿပီး သူမက မိသားစုရဲ့ အႀကီးဆုံး ေျမးဦးျဖစ္၏။ သူမရဲ့ အေဒၚက သူမကို လုံးဝ ၾကည့္မရသည့္ အျပင္ က်င္းအန္အိမ္ေတာ္အ​ေပၚလည္း လုံးဝ စိုးရိမ္စိတ္ မထားေပ။ ထို့ျပင္ သူမ လုပ္ခ်င္တာ လုပ္ဖို့ဆို ဘာမွအကန္႔အသတ္ မရွိ လုပ္နိုင္သူ တစ္ေယာက္။

က်ိဳးသခင္မ ေမ့အေဆာင္ကို ေရာက္လာေတာ့ သူမသမီး အငယ္ဆုံးေလး ရွုခင္းအလွဆင္ေတာင္ ေပၚကေန မေတာ္တဆ ျပဳတ္က်ၿပီး ဒဏ္ရာရထားတယ္လို့ သတင္းေရာက္လာခဲ့သည္။ သူမလည္း တစ္ေယာက္ေယာက္ကသူမကို မီးေလာင္တိုက္သြင္းလိုက္သလို ခံစားလိုက္ရၿပီး တကယ့္ တကယ္ေတြ႕လိုက္ရေတာ့ သူမသမီးေလးက ဒူးအနည္းငယ္ ပြန္းသြားခဲ့႐ုံသာ ျဖစ္သည္။ အဲ့ဒီေနာက္ သူမလဲ တစ္ခုခု လြဲေနသလို ခံစားမိခဲ့သည္။

ဒါေပမယ့္ေတာ့ သူမအေဒၚရဲ့ အဓိက ျပစ္မွတ္က ခ်ဴးလန္ ျဖစ္လိမ့္မယ္လို့ သူမလုံးဝ မထင္ထားခဲ့ေပ။

သူမစိတ္ထဲကေန သက္ျပင္းခ်လိုက္ၿပီး ခ်ဴးလန္ ဘက္ကို လွည့္ကာ

"ဟင္း...တတိယညီမေလး...မင္းကို ေသခ်ာ ဂ႐ုမစိုက္ဘဲ တစ္ေယာက္ထဲ ခံစားေစခဲ့ရတာ ဒီအမႀကီး ရဲ့ အမွားပါကြယ္။ အခုေတာ့ အမအနားမွာပဲ ေနေတာ့ေနာ္"

ခ်ဴးလန္ ေခါင္းေလးခါၿပီး ျပဳံးျပလိုက္သည္။

"ဒါ အမႀကီးရဲ့ အမွား မဟုတ္ပါဘူး!
ဒီအႀကိမ္မွာ သူတို့ကၽြန္မကို မမိခဲ့ရင္ေတာင္ သူတို့မွာ တစ္ေသာင္းတစ္ေထာင္ေသာ လွည့္ကြက္ေတြရွိေနအံုးမွာပဲ ။ၿပီးေတာ့ အိမ္ေတာ္ကေန ဘယ္ေတာ့မွ ထပ္မထြက္ရေတာ့ဘဲနက္ သူတို့ကို အရွုံးေပးရနိုင္တယ္။
ကဲ...အဲ့ဒါကို စိတ္ထဲ မထားပါနက္ေတာ့။ ဒီေန႔အဖို့ လက္ဝတ္ရတနာ ေကာင္းေကာင္းေလး တစ္ခ်ိဳ့ေတာင္ စုေဆာင္းခဲ့နိုင္လိုက္ေသးတယ္ေလ။"

ခ်ဴးလန္ လက္ဝတ္ရတနာ အေၾကာင္း ေျပာလိုက္ရင္းနက္ ဗန္ဒါေစ့ပုံ မ်က္လုံးဝိုင္းဝိုင္းေလး
နွစ္စုံက အေရာင္လက္သြားခဲ့ေတာ့ သူမဘယ္ေလာက္ ေပ်ာ္ေနလဲ ဆိုတာ ရွင္းရွင္းႀကီး ျမင္ရနိုင္ပါတယ္။ခ်ဴးလန္က ျဖစ္ပ်က္ခဲ့တာ အားလုံးအတြက္ သူမကိုယ္သူမ ဘယ္ေတာ့မွ ထိခိုက္ခံမယ့္ လူစားမ်ိဳး ​မဟုတ္ပါဘူး။

က်ိဳးသခင္မက တစ္ခုခု ေျပာခ်င္ေနခဲ့သည္။သို့ေပမယ့္ သူမေျပာမလို့ လုပ္ၿပီးမွ မေျပာလိုက္ဘဲ ရပ္တန္႔သြား၏။ ခ်ဴးလန္ အခုခ်က္ခ်င္း ထိတ္လန္႔သြားမွာကို ေတြးမိၿပီး က်န္တဲ့စကားေတြကို က်င္းအန္အိမ္ေတာ္ ျပန္ေရာက္မွပဲ ေျပာျပဖို့ ဆုံးျဖတ္ခဲ့သည္။

တကယ္ေတာ့ ဒီလိုမ်ိဳး အထက္တန္းစား သခင္မေတြနဲ႔ ေတာ္ဝင္ မင္းသမီးေတြဆီက လက္ဝတ္ရတနာေတြ ယူခဲ့တယ္ဆိုတာက လုပ္ရပ္ေကာင္း တစ္ခုမဟုတ္ေပ။

သခင္မက်ိဳးက ခ်ဴးလန္လက္ကို ဖြဖြေလးပုတ္လိုက္ၿပီး သူမကို အမ်ိဳးသမီး ဧည့္သည္မ်ား ရွိရာ ပြဲေတာ္အေဆာင္ဆီ ဦးေဆာင္ ေခၚသြားခဲ့သည္။ ထို့္အျပင္ သူမအေဒၚ သခင္မဟြမ္ရဲ့ ေနာက္ထပ္ ေထာင္ေခ်ာက္ေတြ ဆီက ေရွာင္နိုင္ေအာင္ ပဲဲြပီးတာနဲ႔ ခ်က္ခ်င္း အိမ္ကို ျမန္​ ျမန္ျပန္ဖို့ က်ိဳးသခင္မ ဆုံးျဖတ္ထားလိုက္သည္။

ဲေနာက္ဆုံးေတာ့ အရာအားလုံး ေခ်ာေခ်ာေမြ႕ေမြ႕ ၿပီးဆုံးသြားခဲ့ပါသည္။ ဧည့္သည္ေတြက  စားေသာက္ပြဲ အၿပီးမွာ ဒင္းဘို ဥယာဥ္ထဲ လမ္းေလၽွာက္ထြက္ဖို့ ဖိတ္ၾကားခံခဲ့ရသည္။

ခ်ဴးလန္ကေတာ့ သူမကိုယ္တိုင္ အေၾကာင္းျပၿပီး ဧည့္ခန္းထဲမယ္ တူမေလးႏွစ္ေယာက္နဲ႔ အတူ နာရီ အနည္းငယ္ အၾကာအနားယူေနခဲ့သည္။

သခင္မက်ိဳးတစ္ေယာက္ တတ္နိုင္သမၽွ ျမန္ျမန္ေလး ျပန္ခ်င္ေနခဲ့ၿပီး ခ်ဴးလန္လဲ ဒင္းရြမ္အိမ္​
​ေတာ္မွာ ဆက္မေနခ်င္ ေတာ့တာေၾကာင့္ သူတို့ လူတစ္ေယာက္လႊတ္ၿပီး က်င္းအန္ အိမ္ေတာ္က ျမင္းလွည္းကို အေခၚခိုင္းလိုက္သည္။

ဒင္းရြမ္အိမ္ေတာ္က အေစခံတစ္ေယာက္ႏွင့္အတူ ဝမ္က်င္းက က်ိအေဆာင္ဆီ ဦးတည္ သြားသည္။သူတို့ ေလၽွာက္လမ္း ေဒါင့္တစ္ခုကို ခ်ိဳးသြားၿပီးၿပိးခ်င္း သီးသန္႔ ပိတ္ထားတဲ့ ေနရာ တစ္ခုဆီ ဝင္သြားခဲ့ၾကသည္။ ထို့ေနာက္ ထိုအေစခံက ႐ုတ္တရက္ အေနာက္လွည့္ကာ သူမ အက်ီလက္ရွည္ထဲက စာတစ္ေစာင္ဆြဲထုတ္လိုက္​ၿပီး.ဝမ္က်င္း လက္ထဲ ထိုးထည့္ခဲ့သည္။

ဝမ္းက်င္းက ေၾကာင္ၾကည့္ ေနခဲ့ၿပီး အေစခံရွင္းျပတာကို နားေထာင္လိုက္ရသည္။

" ဒီစာက ေရွာင္သခင္ေလးက နံပတ္ေျခာက္ သခင္မေလး ခ်ဴးကို ေပးခိုင္းတာပါ။အစ္မေက်းဇူးျပဳၿပီးေတာ့ လၽွို့ဝွက္ထားေပးပါ " ဟု
ေျပာၿပီးေနာက္ အေစခံက ေျပးထြက္သြားေတာ့သည္။

ဝမ္က်င္း တစ္ကိုယ္လုံးကို ေတာင့္တင္းသြားသည္။
"နံပတ္ေျခာက္ သခင္မေလး ခ်ဴး အတြက္တဲ့လား?😯
သူမက သူတို့ရဲ့ တတိယ သခင္မေလးပဲ မဟုတ္ဘူးလား?😶
သခင္ေရွာင္ ဆိုတာကေရာ ဘယ္သူႀကီးလဲ?😵"

သူမ ေနာက္ဆုံးေတာ့ အာ႐ုံ ျပန္ဝင္လာခဲ့ၿပီး ခ်က္ခ်င္းပဲ စာကို သူမ အက်ီ လက္ထဲ ဖြက္လိုက္သည္။ ပတ္ဝန္းက်င္မွာ ဘယ္သူမွ ရွိမေနတာ ေသခ်ာေအာင္လို့ ဘယ္ညာ ႏွစ္ဖက္ၾကည့္ၿပီးမွ စိတ္လြတ္ကိုယ္လြတ္ သက္ျပင္းရွည္ရွည္ ခ်နိုင္ခဲ့ေတာ့သည္။

က်ိအေဆာင္က လမ္းေထာင့္ခ်ိဳးရဲ့ ညာဘက္တြင္ရွိ​ေတာ ့ဝမ္က်င္း ေျခ၂လွမ္း ၃လွမ္းေလာက္ပဲ လွမ္းခဲ့ရသည္။ သူမေနာက္က တံခါးကို ပိတ္လိုက္ၿပီး ေနာက္ဆုံးေတာ့ သူက အက်ီလက္ထဲက စာကို ရဲရဲတင္းတင္း ထုတ္ၾကည့္လိုက္သည္။ ရိုးရိုးစာအိတ္ တစ္ခုေပၚဝယ္ "ေရွာင္"ဆိုတဲ့ စကားလုံး တစ္ခုသာ ရွိေနခဲ့ၿပီး လက္ေရးက စာေရးသူရဲ့ နက္နဲတဲ့ ကိုယ္ေရးကိုယ္တာ လၽွို့ဝွက္ခ်က္ကို ေဖာ္ျပ​ေနခဲ့သည္။

မေန႔က အေစခံက်ဳိူး သတိေပးခဲ့တာေတြကို ျပန္ၾကားေယာင္မိရင္း ဝမ္က်င္း ရင္တဒိန္းဒိန္း ခုန္လာခဲ့သည္။

သို့ေပမယ့္ အခ်ိဳပြဲေတြ လုပ္ေနတုန္းက ခ်ဴးလန္ပုံစံ ၊ အေစခံေတြကို ေဖာ္ေဖာ္ေရြေရြ အေရာဝင္ေနခဲ့တဲ့ ပုံစံေတြက သူမအေတြးထဲ
ဖ်တ္ခနဲ ဝင္ေရာက္လာခဲ့​ ျပန္တယ္။ ဆုံးျဖတ္ခ်က္ ခ်ဖို့ရာ ဝမ္က်င္းမ်က္လုံးထဲ အေရာင္တစ္ခ်က္ ဝင္းလက္ သြားခဲ့သည္။

လက္ထဲကစာကို သူမငုံ႔ၾကည့္လိုက္သည္။

ဒီစာက တတိယသခင္မေလးကို ကာကြယ္ေပးဖို့ ႀကိဳးစားေနတဲ့ တစ္စုံတစ္ေယာက္ဆီကပဲ ျဖစ္ရမယ္။ တတိယ သခင္မေလးက ဒီေလာက္ ေဖာ္ေရြတဲ့ လူေကာင္း တစ္ေယာက္ပဲ,သူမမွာ ဘယ္လိုလုပ္ၿပီး လူသိမခံနိုင္တဲ့ လၽွို့ဝွက္ ကိစၥေတြ ရွိေနမွာတုန္း? အထိန္းေတာ္က်ဳံိးက သေဘာထား ႀကီးသူ မဟုတ္ေတာ့ သူမပဲ ဒီစာကို ဖြက္ထားေပးရမွာေပါ့။

တတိယ သခင္ေလးက သခင္မေလးကို တစ္ေယာက္ထဲ ထားပစ္ခဲ့ၿပီး ေျမာက္ပိုင္း နယ္စပ္ကို ထြက္သြားခဲ့တယ္ ဆိုတာနဲ႔တင္ သခင္မေလး အဖို့  ေတာ္ေတာ္ေလး သနားစရာ ေကာင္းေနခဲ့ၿပီး​ၿပီ။ ဒါေၾကာင့္ သူမအေနနက္ တတိယ သခင္မေလးကို ကာကြယ္ ေပးရေတာ့မယ္။ ဘယ္သူမွ သခင္မေလးကို နာက်င္ ခံစားရေအာင္ ​မလုပ္ေစရဘူး။

ဤသို့ ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီးသည့္ ေနာက္ ဝမ္က်င္း စာကို ေခါက္၍ သူမ အက္်ီလက္ထဲ ျပန္ထည့္ထားလိုက္သည္။

သူမ ခ်ဴးလန္ ေဘးနားျပန္ ေရာက္သြားခ်ိန္မွာေတာ့ သခင္မက်ိဳးက ဒင္းရြမ္မွ ျပန္ရန္ ​ အဆင္သင့္ ျပင္ဆင္ထားၿပီးၿပီ ျဖစ္သည္။

ဝမ္က်င္းလည္း ခ်ဴးလန္ အေနာက္ကေန ေခါင္းငုံ႔လ်က္ လိုက္ပါသြားၿပီး သူမပုံစံက စိတ္ဖိစီးေနခဲ့သည္။ ခ်ဴးလန္လဲ ဝမ္က်င္း ထူးဆန္းေနတာ သတိထားမိလို့ သူမဘက္လွည့္ၿပီး စိုးရိမ္တႀကီး ေမးလိုက္ခဲ့သည္။

"ဝမ္က်င္း., အဆင္ေျပရဲ့လား? "

ဝမ္က်င္းလဲ တတိယသခင္မေလးရဲ့ စိုးရိမ္စိတ္ျပည့္ေနတဲ့ အၾကည့္တစ္ခ်က္ေၾကာင့္ ႏွလုံးတစ္ခုလုံး အေႁခြခံ လိုက္ရၿပီး.သူမဆီက စာက သခင္မေလးကို ကာကြယ္ေပးခ်င္တဲ့ သူတစ္ေယာက္ ေပးတယ္.ဆိုတာ ပိုၿပီး ေသခ်ာသြားေတာ့သည္။

ဝမ္က်င္းက ျမန္ျမန္ေလး ေခါင္းခါလိုက္ၿပီး
   "တတိယသခင္မေလးရွင့္, ဒီအေစခံ အဆင္ေျပပါတယ္။ အခုရက္ပိုင္း အတြင္း ရာသီဥတု နည္းနည္း ပိုပူလာတယ္ ထင္တယ္။ဒီအေစခံက အပူခ်ိန္ ေၾကာင့္ စိတ္အိုက္ ေနတာပါ"

" ငါတို့ အိမ္ေတာ္ကို ျပန္ေရာက္ရင္ နင္အခန္းျပန္ၿပီး အနားယူလိုက္ပါ။ ဒီေန႔ေတာ့ ငါ့အနား အခစား မဝင္နဲ႔ေတာ့ "

"ေက်းဇူးတင္ပါတယ္ တတိယသခင္မေလးရွင့္"

သခင္မက်ိးနဲ႔ ခ်ဴးလန္တို့ ဒင္းရြမ္က ထြက္လာခဲ့ၾကသည္။ မေမွာင္ခင္မွာဘဲ သူတို့ က်င္းအန္ အိမ္ေတာ္ကို ျပန္ေရာက္ လာၾကသည္။

သခင္မႀကီးေဟးကေတာ့ ညကပြဲ အတြက္ ဒင္းရြမ္ မွာပဲ က်န္ေနခဲ့သည္။ သူမ ဒီညေနာက္က် မွ ျပန္လာမည့္ပုံပါ။ ခ်ဴးလန္လည္း Songtao ကိုျပန္ေရာက္လာေတာ့ ဝမ္က်င္းကို သူ႔အခန္းသူ ျပန္ၿပီး အနားယူခိုင္း လိုက္သည္။

ဒင္းရြမ္အိမ္ေတာ္ရဲ့ အမ်ိဳးသားသီးသန္႔ ဧည့္ခန္းထဲတြင္ ေရွာင္းဘိုက်င္းက သစ္သား ကုလားထိုင္ တစ္လုံးေပၚ ထိုင္ေနခဲ့သည္။ မိနစ္အနည္းငယ္ အတြင္း တံခါးေခါက္သံ တစ္ခုၾကားခဲ့ရသည္။

ေရွာင္ဘိုက်င္းရဲ့ ခြင့္ျပဳသံေၾကာင့္ သာမန္ ဝတ္စုံနဲ႔ အေစခံတစ္ေယာက္ တံခါးကို တြန္းဖြင့္ၿပီး အထဲ ဝင္လာခဲ့သည္။ အေစခံက တံခါးကို ဂ႐ုတစိုက္ ျပန္ပိတ္ၿပီး ေရွာင္ဘိုက်င္းေရွ႕ ဒူးေထာက္ထိုင္ၿပီး ေလၽွာက္တင္ လိုက္သည္။

"သခင္ေလး"

"မင္းကို ခိုင္းထားတာ လုပ္ခဲ့ၿပီလား"

"သခင္ေလး ေအးေအးေဆးေဆး အနားယူပါေတာ့။ စာကို နံပတ္ေျခာက္သခင္မေလး ခ်ဴးရဲ့ အေစခံကို ေပးခဲ့ၿပီးပါၿပီ။ အခုခ်ိန္ဆို သခင္မေလး စာကို ဖတ္ၾကည့္ၿပီးေလာက္ ပါၿပီ။"

"ေကာင္းၿပီ ဘယ္သူမွမျမင္ေစဘဲ တိတ္တိတ္ေလး ျပန္သြားေတာ့ "

"နားလည္ပါၿပီ" ဆိုၿပီး

အေစခံလည္း တံခါးဖြင့္၍ ထြက္သြားခဲ့သည္။ ဧည့္ေဆာင္လမ္းကို ျဖတ္သြားၿပီးခ်ိန္မွာေတာ့ အေစခံမက ေၾကာက္ရြံ့ အားနည္းတဲ့ ယုန္သငယ္သဖြယ္ ခ်က္ခ်င္းေျပာင္းသြားခဲ့သည္။

မသိရင္ ခုနက သူမ မဟုတ္တဲ့ အျခားလူ  .တစ္ေယာက္ အတိုင္းပါပဲ။

အေစခံမ ထြက္သြားၿပီးခ်ိန္မွာေတာ့ အမ်ိဳးသား ဧည့္ေဆာင္တြင္ အျခားလူတစ္ေယာက္ ေရာက္လာခဲ့သည္။ထိုသူက မီးခိုးေရာင္ ဝတ္စုံကို ဝတ္ဆင္ထားခဲ့သည္။ သူ႔ပုံစံ နဲ႔ ႐ုပ္ရည္က သာမန္အတိုင္းပင္။

ထိုသူကေခါင္းညႊတ္၍ အသံႏွိမ့္ၿပီး ေျပာလိုက္သည္။

"သခင္ေလး...မိန္းမတစ္ေယာက္အတြက္နဲ႔ နံပတ္ခုနစ္ကို ထုတ္သုံးတာ အလကားျဖဳန္းရာ က်မေနဘူးလား။"

ထိုစကားေၾကာင့္ ေရွာင္းဘိုက်င္း မ်က္နာ ေအးစက္မာေက်ာ သြားခဲ့သည္။ သူမ်က္ေမွာင္ၾကဳံ႕ၿပီး သူ႔ေနာက္က ေကာင္ကို လွည့္ၾကည့္လိုက္ခဲ့သည္။

"နံပတ္ ၁, ငါဘာပဲလုပ္လုပ္ လိုက္ေဝဖန္ေပးဖို့က မင္းရဲ႕ေနရာမဟုတ္ဘူး"

နံပတ္၁ လို့ေခၚတဲ့သူလဲ ေတာင့္တင္းသြားၿပီး ေခါင္း.ကိုသာ ပိုငုံံ့ထားလိုက္သည္။

"ဒီတပည့္က စည္းေက်ာ္သြားခဲ့မိပါတယ္"

ေရွာင္ဘိုက်င္းက လက္ရမ္းျပၿပီး ေအးစက္စက္ေလသံျဖင့္ အမိန္႔ေပးလိုက္ေလသည္။

"ငါမင္းကို မေခၚမခ်င္း ထပ္​ေပၚမလာနဲ႔ "

ဟိုဘက္မွာ ဝမ္က်င္းကလဲ သူမအခန္းကို ဂဗ်ာဂယာနဲ႔ ျပန္သြားခဲ့သည္။ အခန္းထဲေရာက္ေတာ့ တံခါးကို ပိတ္၊ သူမစာအိတ္ ကိုထုတ္ၿပီး စားပြဲေပၚတင္ ထားလိုက္သည္။ သူမကိုယ္တိုင္လဲ ဒီစာကို ဖြင့္မဖတ္ရဲဘူး။ အဲ့ဒီအစား မီးျခစ္သုံးၿပီး ျပာျဖစ္ေအာင္ မီးရွို့ လိုက္ခ်င္ခဲ့သည္။

ထိုအခ်ိန္ တစ္ေယာက္ေယာက္က တံခါးလာေခါက္ေတာ့ ဝမ္က်င္း ေၾကာက္လန္႔ၿပီး မီးျခစ္ကို ပစ္ခ်ကာ မတ္တပ္ ထရပ္လိုက္သည္။ ထို့ေနာက္ အထိတ္တလန္႔နဲ႔ စာကို စာအုပ္ေအာက္မွာ ဖြက္ထားလိုက္သည္။

"အစ္မဝမ္က်င္း...တတိယသခင္မေလးက မအိပ္ခင္ မီးဖိုထဲသြားၿပီး စြပ္ျပဳတ္ပူပူ တစ္ခြက္ ယူေသာက္ပါ လို့ မွာလိုက္ပါတယ္" ထိုအသံက တံျမက္လွည္းရန္ တာဝန္က်တဲ့ ေလၽွာက္လမ္းက မိန္းခေလးတစ္ေယာက္ အသံ ျဖစ္ေနခဲ့သည္။

သူမလည္း ဆက္ရပ္မေနေတာ့ဘဲ ခ်က္ခ်င္းထြက္သြားလိုက္သည္။

သူမ ထြက္သြားၿပီးခ်င္းခ်င္း ေဘးအခန္းက ဖူးယန္ ေပၚလာခဲ့သည္။ ထို့ေနာက္ ထြက္သြားတဲ့ ဝမ္က်င္းရဲ့ ေနာက္ေက်ာ ကို ၾကည့္ရင္း အထင္ေသးသည့္ ပုံစံျဖင္​့ ႏွာေခါင္း ရွု့ံလိုက္သည္။

ခ်ဴးလန္က စားေသာက္ပြဲေတာ္ သြားတတ္ခဲ့ေလေတာ့ သူမ တစ္ေန႔လုံး တာဝန္ခ်ိန္မရွိခဲ့ဘူး။ထို့ေၾကာင့္ ဒီေန႔အဖို့ အထိန္းေတာ္ကူဆီ အနားယူဖို႔ ခြင့္ေတာင္းၿပီး သူမအခန္းကို ျပန္သြားလိုက္တာ ျဖစ္သည္။

ဒါေပမယ့္ သူမ အနားယူၿပီး အခန္းျပင္ ျပန္ထြက္ လာခ်ိန္မွာေတာ့ အေစခံငယ္ေတြက သခင္မေလးက ဘယ္လို ျပန္လာခဲ့တယ္။ ဘယ္လိုမ်ိဳး ဒင္းရြမ္က လက္ဝက္ရတနာေတြ ယူလာနိုင္ခဲ့တာ ဆိုတဲ့ တီးတိုးေျပာေနတာ ၾကားေနခဲ့သည္။

ထိုအခ်ိန္မွာဘဲ ေဘးအခန္းက တံခါးသံ ထြက္လာလို့ ဝမ္က်င္းသူ႔ အခန္းသူျပန္လာတာကို  သိလိုက္ခဲ့သည္။

ဝမ္က်င္းဆိုတာ တတိယသခင္ေလး ထြက္သြားၿပီးမွ Songtao မွာ အခစားဝင္ဖို့ ေရာက္လာခဲ့တာ။ တစ္ဖက္မွာ ဖူးယန္ကေတာ့ သခင္ေလးခ်ဴးလန္ကို ငယ္ငယ္ေလးထဲကေနအခုထိ ခစားလာခဲ့ သူမရဲ့ အေစခံ တပည့္ရင္း တစ္ေယာက္ျဖစ္သည္။ ဘာပဲ ျဖစ္ျဖစ္ သူမက တတိယသခင္ေလးနဲ႔ အတူ ဒင္းရြမ္ အိမ္ေတာ္ကို လိုက္ပါသြားခဲ့သင့္တာကို စိတ္မေကာင္းစရာက. ဝမ္းက်င္းေရာက္လာၿပီး သူမေနရာကို ျဖတ္ၿပီး လုယူသြားတာျဖစ္သည္။
ဒီေတာ့ ဖူးယန္ မေက်မနပ္ ျဖစ္ေနခဲ့သည္။

သခင္မေလးက လက္ထက္ၿပီးေနာက္ပိုင္း ပိုၿပီး ရင္းနီးေဖာ္ေရြလာခဲ့သလို သူမရဲ့ အေစခံေတြကို အခ်ိန္တိုင္း ဆုေတြခ်ီးျမင့္လိုက္ စားေကာင္းေသာက္ဖြယ္ေတြ ေပးလိုက္ လုပ္ေလ့ရွိသည္။

အခုလဲ ဒင္းရြမ္အိမ္ေတာ္ကို တတိယသခင္မေလးေနာက္ကလိုက္သြားခဲ့ၿပီး သခင္မေလးက ေကာင္းတာတစ္ခုခု ရလာခဲ့တယ္ဆိုေတာ့ ဒီဝမ္က်င္းက လက္ဗလာနဲ႔ ေတာ့ ျပန္လာမည္ မဟုတ္တာ ေသခ်ာသည္။

ဖူးယန္လဲ မေနသာ မထိုင္သာနဲ႔ မနာလို ျဖစ္ေနခဲ့ေတာ့သည္။

အဲ့ဒီဆုက သူမအပိုင္ပဲ ျဖစ္သင့္တာ!

အဲ့ဒီအစား အခုေတာ့ ဝမ္က်င္း လက္ထဲ ေရာက္သြားခဲ့ၿပီ​ေပါ့။

Songtao အေဆာင္ႀကီးရဲ့ ေဘးကပ္ရပ္ အ
​ေဆာင္ငယ္ တစ္ခုမွာ အေစခံမ်ား အားလုံး တစ္ခန္းကို ႏွစ္ေယာက္ အတူ ေနၾကရသည္။ ခ်ဴးလန္ အိမ္ျပန္ေရာက္လာေတာ့ အျခားအစခံမ်ား အားလုံးက သခင္မေလးဆီ အခစားဝင္ဖို့ သြားခဲ့ၾကၿပီး ဖူယန္ တစ္ေယာက္ထဲ သူမအေဆာင္မွာ က်န္ေနခဲ့တာ ျဖစ္သည္။

ကမန္းကတမ္း ထြက္သြားခဲ့တာေၾကာင့္ တံခါး တစ္ခ်က္ ပြင့္ေနခဲ့တဲ့ ဝမ္က်င္း အခန္းထဲကို ေဖးယန္ စိုက္ၾကည့္ ​ေနခဲ့သည္။ ထို့ေနာက္ သူမ ထို အခန္းထဲ ႐ုတ္တရက္ ဝင္သြားလိုက္သည္။

ထိုေနရာကို ဝမ္က်င္းနဲ႔ ဝမ္းလန္တို့ ေျပာင္းလာခဲ့ၿပီး ထဲက အခန္းက ရိုးရိုးရွင္းရွင္းပါဘဲ ဘာမွ မရွိေနခဲ့ပါ။ တစ္ခ်က္ၾကည့္ လိုက္႐ုံနဲ႔ သူမအကုန္လုံးကို ျမင္နိုင္ခဲ့သည္။ ဖူယန္လည္း စိုးရိမ္စိတ္နဲ႔အတူ စားပြဲခုံနား တစ္ဝိုက္မွာ ေရးႀကီး သုတ္ျပာ ​.လွန္ေလာ ရွာေဖြလိုက္ေတာ့သည္။

စားပြဲေပၚမွာေတာ့ သာမန္ ရိုးရာ စာအုပ္ေတြပါပဲ ဥပမာ အမ်ိဳးသမီးမ်ား အတြက္ သင္ခန္းစာမ်ား၊ သီခ်င္း စာအုပ္မ်ား အစရွိသျဖင့္။ အဲ့တာေတြ ေဘးမွာေတာ့ စာေရးကိရိယာ ေတြရွိေနခဲ့သည္။

ဖူးယန္ ႐ုတ္တရက္ စာအုပ္ေအာက္ကေန ထြက္ေနတဲ့ အဝါေရာင္ စာရြက္ အစြန္းေလးကို ထင္းကနဲ႔ ျမင္လိုက္လို့ ဆြဲထုတ္ ၾကည့္ရာ စာတစ္ေစာင္ ျဖစ္ေနခဲ့သည္။

စာအိတ္ေပၚမွာ ' ေရွာင္' ဆိုတဲ့ စာလုံးတစ္လုံးသာ ရွိေနခဲ့သည္။

ဖူယန္ မ်က္လုံးမ်ား အေတြးထဲ နစ္ရင္း ဟိုဖက္ဒီဘက္ ေရြ႕ေနခဲ့ၾကသည္။ထိုစာကို သူ႔ေနရာသူ ျပန္ထည့္ထားဖို့ လုပ္တုန္း အျပင္ဘက္က ၾကားမိလိုက္တဲ့ အသံေၾကာင့္ ေၾကာက္လန္႔ၿပီး သူမလက္ထဲက စာကို ဆုပ္ကိုင္ရင္း တံခါးကို အျမန္ပိတ္ၿပီး ထြက္သြားခဲ့ေလသည္။

သူမရဲ့ အခန္းထဲ ျပန္ေရာက္ သြားခဲ့ခ်ိန္မွာေတာ့ ေဘးအခန္းက တံခါး ဖြင့္ၿပီး ျပန္ပိတ္သံကို ၾကားခဲ့ရသည္။ အဲ့ဒီေနာက္မွာ သူမ ၾကမ္းျပင္ေပၚ ထိုင္ခ်လိုက္ေတာ့သည္။

ဖူးယန္ အသက္ဝဝ ရွူလိုက္ၿပီးသည့္ေနာက္ သူမယူလာခဲ့သည့္စာကို သတိရသြားခဲ့သည္။သူမ ခ်က္ခ်င္း ထၿပီး တံခါး သြားပိတ္လိုက္သည္။ ထို့ေနာက္တြင္ေတာ့ အိပ္ယာေဘးမွာ ထိုင္ရင္း တြန္႔ေၾကေနတဲ့ စာအိတ္ကို ဖြင့္ေဖာက္ လိုက္သည္။

သူမစာရြက္ကို ျဖည္းျဖည္းေလး ဖြင့္ၾကည့္လိုက္သည္။

သူမ ေၾကာက္ရြံ ထိတ္လန္႔ရင္း လက္ေတြ တဆက္ဆက္ တုန္ေနခဲ့သည္။ ဒါေပမယ့္ သူမ်ား လၽွို့ဝွက္ခ်က္ကို ခိုးၾကည့္ရလို့ ျဖစ္လာတဲ့ အဲ့ဒီ တုန္လွုပ္ေခ်ာက္ခ်ားမွုကပဲ သူမ စိတ္ကိုဆြဲေဆာင္ ေနခဲ့သည္။

စာရြက္ကို အျပည့္အစံု ဖြင့္လိုက္ၿပီး အေၾကာင္းအရာ ကို ဖတ္ၾကည့္လိုက္ခ်ိန္မွာေတာ့ ဖူယန္ မ်က္လုံး ျပဴး သြားခဲ့သည္။

ဒီစာက တတိယ သခင္မေလး အတြက္ပဲ!

ေရွာင္သခင္ေလးက တတိယသခင္မေလးကို ရည္ရြယ္ၿပီး ဒီစာကို ေရးသားခဲ့တာ ျဖစ္ၿပီး သူက သူမကို ၂၆ရက္ေန႔ Defeng လက္ဖက္ရည္ဆိုင္မွာ ေတြ႕ခ်င္ေနတာပဲ!!!

ဖူးယန္က ခ်ဴးလန္ရဲ့ ငယ္အေစခံ အရင္းတစ္ေယာက္ဆိုေတာ့ ယင္အိမ္ေတာ္မွ သူတို့ႏွစ္ေယာက္ၾကား အျဖစ္အပ်က္ ေတြကို နဂိုတဲက သိထားခဲ့သည္။ သို့ေပမယ့္ ခ်ဴးလန္ က်င္းအန္ အိမ္ေတာ္က လူကို လက္ထက္ၿပီးေနာက္မွာေတာ့ ေရွာင္ သခင္ေလးနဲ႔ ဆက္ၿပီး ပက္သက္ရဲ လိမ့္မယ္လို့ သူမ မထင္ထားခဲ့ဘူးေလ။

သူမေသြးပ်က္ ထိန္႔လန္႔မွုႀကီးႏွင့္အတူ ဘာလုပ္ရမယ္ မွန္းမသိ ျဖစ္ေနခဲ့သည္။

ဝမ္က်င္း အခန္းထဲကိုလဲ သူမေနာက္တစ္ခါ ထပ္မဝင္ရဲ ေတာ့ဘူး ဆိုေတာ့ အခုေလာေလာဆယ္ သူမရင္ဘတ္ေအာက္က အတြင္းခံအိတ္ ထဲမွာပဲစာကို ထည့္ ဖြက္ထား ခဲ့လိုက္သည္။

UNICODE

Ch41. Secret affair
#Translated byIrisbellar

ဆက်ခံသူကျန်းက ရှောင်ဘိုကျင်း ပခုံးပေါ် လက်တစ်ဖက် လှမ်းတင်၍ ပြုံးလိုက်ပြီး

"စီနီယာရှောင်...., ကျင်းအန်အိမ်တော် တတိယ သခင်မလေးက ဒီလောက် အရည်အချင်း ရှိလိမ့်မယ်လို့  ကျွန်တော် မထင်ထားခဲ့ဘူး ဗျာ"

ရှောင်ဘိုကျင်းလဲ နောက်ဆုံးတော့ ကိုယ့်ကိုကို အပြစ်တင်ရင်း ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးကို ဖြေလျှော့လိုက် ပြီး မျက်ဝန်းထဲက နာကျင်နေမှုလဲ တဖြည်းဖြည်း မှေးမှိန် သွားခဲ့လေတော့သည်။ ဘာတစ်ခွန်းမှ မပြောသေးဘဲ သူ့ နှုတ်ခမ်းတစ်စုံကို အချင်းချင်း ဖိထားလျက် ရေကန်တစ်ဖက် ကမ်းကို အသေးစိတ်မြင်ရအောင် စိုက်ကြည့် နေခဲ့သည်။

အစေခံယေက်ျားလဲ ဆက်ခံသူကျန်း ရဲ့စကားထဲ ပျော်ရိပ်သန်း ​နေတော့ သူ့တင်ပြချက်ကို မြန်မြန်လေး ဆက်ပြော​​ပြသည်။

"ဆက်ခံသူကျန်း..တတိယသခင်မလေး လုပ်ခဲ့တဲ့ ဒီအသက်ရှည် မက်မွန်ကိတ်တွေကို အပြင်ဆောင်က စားသောက်ပွဲ အခမ်းအနားဆီ ပို့မယ်လို့ ဒီအစေခံ ကြားခဲ့ပါတယ်။ တကယ်လို့ ဆက်ခံသူကျန်း အဲ့ဒီမုန့်ကို မြည်းကြည့်ချင်တယ်ဆို  ပွဲတော် ခန်းမ ဆီဘာကြောင့် မသွားဘဲ နေတာလဲ ? အခမ်းအနားလဲ မကြာခင် စတော့မှာပါ။"

"ကောင်းပြီ။ သတင်းတွေ ယူလာပေးလို့ ကျေးဇူးပဲ။ " ဆက်ဆံသူကျောင်းက ရွှေနဲ့လုပ်ထားတဲ့မြေပဲတစ်စေ့ကို ပေးနေကျအတိုင်း ပစ်ပေးလိုက်တော့ အစေခံယေက်ျားလဲ မြန်မြန်လေး ဖမ်းယူလိုက်ပြီး ထွက်မသွားခင် သခင်လေးကို အလွန်အမင်း ကျေးဇူးတင် ခဲ့သေး.သည်။

ဆက်ခံသူကျန်းလည်း ယပ်တောင်ခပ် နေရင်းက
"စီနီယာရှောင်...သွားကြရအောင်။လာ။ ကျွန်တော်တို့ အဲ့ဒီကို အမြန်ရောက်မှ ဖြစ်မယ်။ မဟုတ်ရင် ကျွန်တော်တို့အတွက် ဘာမှကျန်တော့မှာ မဟုတ်ဘူး" လို့ ဆိုလိုက်သည်။

ထို့ကြောင့်.ရှောင်ဘိုကျင်းလဲ ဆက်ဆံသူကန်းနှင့်အတူ ဘာမှမပြောဘဲ လိုက်သွားခဲ့သည်။

ထိုစဉ် ကျင်းဖန်ဟောရဲ့ တတိယထပ်မှာ ထိုင်နေခဲ့တဲ့ မင်းသားလေးလဲ ထရပ်လိုက်သည်။ ပြီးနောက် သူ၏ နှုတ်ခမ်း ထောင့်စွန်း နေရာမှ ကော့တက်သွားပြီး ပြောလိုက်သည်။

"သွားမယ်........
အပြင်ဘက် အဆောင်ကို"

ဒီဝူမင်းဆက်မှာ အရင် မင်းဆက်ခေတ်တွေနဲ့ ယှဉ်ရင်ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိလာခဲ့ကြပေမယ့် သူတို့က အမျိုးသား အမျိုးသမီး တွေကို နေရာတိုင်း မှာတတ်နိုင်သမျှ သီးခြားထားကြတုန်းပါပဲ။ ထို့ကြောင့် ဟောခန်းတစ်ခုဆီမှာ ယောက်ျားသက်သက် မိန်းမသက်သက် နေရာယူခဲ့ကြသည်။

ချူးလန် သခင်မကျိုးနောက်ကနေ ရိုးကျိုးစွာ လိုက်ပါသွားခဲ့သည်။ အခုချိန်မှာ သူမကိုတွေ့ကြလျှင် မေ့အဆောင်မှာ သခင်မတွေအုပ်စုရှေ့ ပြသနာတွေကိုတည်၂ငြိမ်နဲ့ ဖြေရှင်းသွားတဲ့ တတိယသခင်မလေးလို့ ဘယ်သူမှ ထင်မိကြမှာ မဟုတ်ပေ။

သခင်မကျိုးရဲ့ မျက်ခုံးတစ်စုံ အနည်းငယ် တွန့်သွားခဲ့သည်။ ချူးလန် ​ပြသနာတက်.နေတယ်လို့ ကြားကြားချင်းပဲ သူမ တစ်ယောက်ယောက်တော့ ချူးလန်ကို ဒုက္ခရောက်စေလိုက်တာ သိလိုက်ပြီး (မေ့)အဆောင်ဆီ.ကတိုက်ကရိုက် ပြန်လာခဲ့တာဖြစ်သည်။

ဒင်းရွမ်အိမ်တော်ဟာ ဆိုရင် မိသားစုဝင်လဲများ ၊ ချမ်းသာမှုလဲ ကြွယ်ဝတဲ့ စံပြတော်ဝင်အမျိုးနွယ် အိမ်လို့ ထင်ရပေမယ့် တကယ့်တကယ်တော့ ပထမနဲ့ ဒုတိယ မျိုးဆက်တွေက အချင်းချင်းတိုက်ခိုက်နေကြတာဖြစ်သည်။

သခင်မကျိုးက ဒုတိယမျိုးဆက်ရဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်ခဲ့ပြီး သူမက မိသားစုရဲ့ အကြီးဆုံး မြေးဦးဖြစ်၏။ သူမရဲ့ အဒေါ်က သူမကို လုံးဝ ကြည့်မရသည့် အပြင် ကျင်းအန်အိမ်တော်အ​ပေါ်လည်း လုံးဝ စိုးရိမ်စိတ် မထားပေ။ ထို့ပြင် သူမ လုပ်ချင်တာ လုပ်ဖို့ဆို ဘာမှအကန့်အသတ် မရှိ လုပ်နိုင်သူ တစ်ယောက်။

ကျိုးသခင်မ မေ့အဆောင်ကို ရောက်လာတော့ သူမသမီး အငယ်ဆုံးလေး ရှုခင်းအလှဆင်တောင် ပေါ်ကနေ မတော်တဆ ပြုတ်ကျပြီး ဒဏ်ရာရထားတယ်လို့ သတင်းရောက်လာခဲ့သည်။ သူမလည်း တစ်ယောက်ယောက်ကသူမကို မီးလောင်တိုက်သွင်းလိုက်သလို ခံစားလိုက်ရပြီး တကယ့် တကယ်တွေ့လိုက်ရတော့ သူမသမီးလေးက ဒူးအနည်းငယ် ပွန်းသွားခဲ့ရုံသာ ဖြစ်သည်။ အဲ့ဒီနောက် သူမလဲ တစ်ခုခု လွဲနေသလို ခံစားမိခဲ့သည်။

ဒါပေမယ့်တော့ သူမအဒေါ်ရဲ့ အဓိက ပြစ်မှတ်က ချူးလန် ဖြစ်လိမ့်မယ်လို့ သူမလုံးဝ မထင်ထားခဲ့ပေ။

သူမစိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ချူးလန် ဘက်ကို လှည့်ကာ

"ဟင်း...တတိယညီမလေး...မင်းကို သေချာ ဂရုမစိုက်ဘဲ တစ်ယောက်ထဲ ခံစားစေခဲ့ရတာ ဒီအမကြီး ရဲ့ အမှားပါကွယ်။ အခုတော့ အမအနားမှာပဲ နေတော့နော်"

ချူးလန် ခေါင်းလေးခါပြီး ပြုံးပြလိုက်သည်။

"ဒါ အမကြီးရဲ့ အမှား မဟုတ်ပါဘူး!
ဒီအကြိမ်မှာ သူတို့ကျွန်မကို မမိခဲ့ရင်တောင် သူတို့မှာ တစ်သောင်းတစ်ထောင်သော လှည့်ကွက်တွေရှိနေအုံးမှာပဲ ။ပြီးတော့ အိမ်တော်ကနေ ဘယ်တော့မှ ထပ်မထွက်ရတော့ဘဲနက် သူတို့ကို အရှုံးပေးရနိုင်တယ်။
ကဲ...အဲ့ဒါကို စိတ်ထဲ မထားပါနက်တော့။ ဒီနေ့အဖို့ လက်ဝတ်ရတနာ ကောင်းကောင်းလေး တစ်ချို့တောင် စုဆောင်းခဲ့နိုင်လိုက်သေးတယ်လေ။"

ချူးလန် လက်ဝတ်ရတနာ အကြောင်း ပြောလိုက်ရင်းနက် ဗန်ဒါစေ့ပုံ မျက်လုံးဝိုင်းဝိုင်းလေး
နှစ်စုံက အရောင်လက်သွားခဲ့တော့ သူမဘယ်လောက် ပျော်နေလဲ ဆိုတာ ရှင်းရှင်းကြီး မြင်ရနိုင်ပါတယ်။ချူးလန်က ဖြစ်ပျက်ခဲ့တာ အားလုံးအတွက် သူမကိုယ်သူမ ဘယ်တော့မှ ထိခိုက်ခံမယ့် လူစားမျိုး ​မဟုတ်ပါဘူး။

ကျိုးသခင်မက တစ်ခုခု ပြောချင်နေခဲ့သည်။သို့ပေမယ့် သူမပြောမလို့ လုပ်ပြီးမှ မပြောလိုက်ဘဲ ရပ်တန့်သွား၏။ ချူးလန် အခုချက်ချင်း ထိတ်လန့်သွားမှာကို တွေးမိပြီး ကျန်တဲ့စကားတွေကို ကျင်းအန်အိမ်တော် ပြန်ရောက်မှပဲ ပြောပြဖို့ ဆုံးဖြတ်ခဲ့သည်။

တကယ်တော့ ဒီလိုမျိုး အထက်တန်းစား သခင်မတွေနဲ့ တော်ဝင် မင်းသမီးတွေဆီက လက်ဝတ်ရတနာတွေ ယူခဲ့တယ်ဆိုတာက လုပ်ရပ်ကောင်း တစ်ခုမဟုတ်ပေ။

သခင်မကျိုးက ချူးလန်လက်ကို ဖွဖွလေးပုတ်လိုက်ပြီး သူမကို အမျိုးသမီး ဧည့်သည်များ ရှိရာ ပွဲတော်အဆောင်ဆီ ဦးဆောင် ခေါ်သွားခဲ့သည်။ ထို့်အပြင် သူမအဒေါ် သခင်မဟွမ်ရဲ့ နောက်ထပ် ထောင်ချောက်တွေ ဆီက ရှောင်နိုင်အောင် ပဲွဲပီးတာနဲ့ ချက်ချင်း အိမ်ကို မြန် မြန်ပြန်ဖို့ ကျိုးသခင်မ ဆုံးဖြတ်ထားလိုက်သည်။

ဲနောက်ဆုံးတော့ အရာအားလုံး ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပါသည်။ ဧည့်သည်တွေက  စားသောက်ပွဲ အပြီးမှာ ဒင်းဘို ဥယာဉ်ထဲ လမ်းလျှောက်ထွက်ဖို့ ဖိတ်ကြားခံခဲ့ရသည်။

ချူးလန်ကတော့ သူမကိုယ်တိုင် အကြောင်းပြပြီး ဧည့်ခန်းထဲမယ် တူမလေးနှစ်ယောက်နဲ့ အတူ နာရီ အနည်းငယ် အကြာအနားယူနေခဲ့သည်။

သခင်မကျိုးတစ်ယောက် တတ်နိုင်သမျှ မြန်မြန်လေး ပြန်ချင်နေခဲ့ပြီး ချူးလန်လဲ ဒင်းရွမ်အိမ်
​တော်မှာ ဆက်မနေချင် တော့တာကြောင့် သူတို့ လူတစ်ယောက်လွှတ်ပြီး ကျင်းအန် အိမ်တော်က မြင်းလှည်းကို အခေါ်ခိုင်းလိုက်သည်။

ဒင်းရွမ်အိမ်တော်က အစေခံတစ်ယောက်နှင့်အတူ ဝမ်ကျင်းက ကျိအဆောင်ဆီ ဦးတည် သွားသည်။သူတို့ လျှောက်လမ်း ဒေါင့်တစ်ခုကို ချိုးသွားပြီးပြိးချင်း သီးသန့် ပိတ်ထားတဲ့ နေရာ တစ်ခုဆီ ဝင်သွားခဲ့ကြသည်။ ထို့နောက် ထိုအစေခံက ရုတ်တရက် အနောက်လှည့်ကာ သူမ အကျီလက်ရှည်ထဲက စာတစ်စောင်ဆွဲထုတ်လိုက်ပြီး.ဝမ်ကျင်း လက်ထဲ ထိုးထည့်ခဲ့သည်။

ဝမ်းကျင်းက ကြောင်ကြည့် နေခဲ့ပြီး အစေခံရှင်းပြတာကို နားထောင်လိုက်ရသည်။

" ဒီစာက ရှောင်သခင်လေးက နံပတ်ခြောက် သခင်မလေး ချူးကို ပေးခိုင်းတာပါ။အစ်မကျေးဇူးပြုပြီးတော့ လျှို့ဝှက်ထားပေးပါ " ဟု
ပြောပြီးနောက် အစေခံက ပြေးထွက်သွားတော့သည်။

ဝမ်ကျင်း တစ်ကိုယ်လုံးကို တောင့်တင်းသွားသည်။
"နံပတ်ခြောက် သခင်မလေး ချူး အတွက်တဲ့လား?😯
သူမက သူတို့ရဲ့ တတိယ သခင်မလေးပဲ မဟုတ်ဘူးလား?😶
သခင်ရှောင် ဆိုတာကရော ဘယ်သူကြီးလဲ?😵"

သူမ နောက်ဆုံးတော့ အာရုံ ပြန်ဝင်လာခဲ့ပြီး ချက်ချင်းပဲ စာကို သူမ အကျီ လက်ထဲ ဖွက်လိုက်သည်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမနေတာ သေချာအောင်လို့ ဘယ်ညာ နှစ်ဖက်ကြည့်ပြီးမှ စိတ်လွတ်ကိုယ်လွတ် သက်ပြင်းရှည်ရှည် ချနိုင်ခဲ့တော့သည်။

ကျိအဆောင်က လမ်းထောင့်ချိုးရဲ့ ညာဘက်တွင်ရှိ​တော့ဝမ်ကျင်း ခြေ၂လှမ်း ၃လှမ်းလောက်ပဲ လှမ်းခဲ့ရသည်။ သူမနောက်က တံခါးကို ပိတ်လိုက်ပြီး နောက်ဆုံးတော့ သူက အကျီလက်ထဲက စာကို ရဲရဲတင်းတင်း ထုတ်ကြည့်လိုက်သည်။ ရိုးရိုးစာအိတ် တစ်ခုပေါ်ဝယ် "ရှောင်"ဆိုတဲ့ စကားလုံး တစ်ခုသာ ရှိနေခဲ့ပြီး လက်ရေးက စာရေးသူရဲ့ နက်နဲတဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ကို ဖော်ပြ​နေခဲ့သည်။

မနေ့က အစေခံကျိုူး သတိပေးခဲ့တာတွေကို ပြန်ကြားယောင်မိရင်း ဝမ်ကျင်း ရင်တဒိန်းဒိန်း ခုန်လာခဲ့သည်။

သို့ပေမယ့် အချိုပွဲတွေ လုပ်နေတုန်းက ချူးလန်ပုံစံ ၊ အစေခံတွေကို ဖော်ဖော်ရွေရွေ အရောဝင်နေခဲ့တဲ့ ပုံစံတွေက သူမအတွေးထဲ
ဖျတ်ခနဲ ဝင်ရောက်လာခဲ့​ ပြန်တယ်။ ဆုံးဖြတ်ချက် ချဖို့ရာ ဝမ်ကျင်းမျက်လုံးထဲ အရောင်တစ်ချက် ဝင်းလက် သွားခဲ့သည်။

လက်ထဲကစာကို သူမငုံ့ကြည့်လိုက်သည်။

ဒီစာက တတိယသခင်မလေးကို ကာကွယ်ပေးဖို့ ကြိုးစားနေတဲ့ တစ်စုံတစ်ယောက်ဆီကပဲ ဖြစ်ရမယ်။ တတိယ သခင်မလေးက ဒီလောက် ဖော်ရွေတဲ့ လူကောင်း တစ်ယောက်ပဲ,သူမမှာ ဘယ်လိုလုပ်ပြီး လူသိမခံနိုင်တဲ့ လျှို့ဝှက် ကိစ္စတွေ ရှိနေမှာတုန်း? အထိန်းတော်ကျုံိးက သဘောထား ကြီးသူ မဟုတ်တော့ သူမပဲ ဒီစာကို ဖွက်ထားပေးရမှာပေါ့။

တတိယ သခင်လေးက သခင်မလေးကို တစ်ယောက်ထဲ ထားပစ်ခဲ့ပြီး မြောက်ပိုင်း နယ်စပ်ကို ထွက်သွားခဲ့တယ် ဆိုတာနဲ့တင် သခင်မလေး အဖို့  တော်တော်လေး သနားစရာ ကောင်းနေခဲ့ပြီး​ပြီ။ ဒါကြောင့် သူမအနေနက် တတိယ သခင်မလေးကို ကာကွယ် ပေးရတော့မယ်။ ဘယ်သူမှ သခင်မလေးကို နာကျင် ခံစားရအောင် ​မလုပ်စေရဘူး။

ဤသို့ ဆုံးဖြတ်ချက် ချလိုက်ပြီးသည့် နောက် ဝမ်ကျင်း စာကို ခေါက်၍ သူမ အက်ျီလက်ထဲ ပြန်ထည့်ထားလိုက်သည်။

သူမ ချူးလန် ဘေးနားပြန် ရောက်သွားချိန်မှာတော့ သခင်မကျိုးက ဒင်းရွမ်မှ ပြန်ရန် ​ အဆင်သင့် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။

ဝမ်ကျင်းလည်း ချူးလန် အနောက်ကနေ ခေါင်းငုံ့လျက် လိုက်ပါသွားပြီး သူမပုံစံက စိတ်ဖိစီးနေခဲ့သည်။ ချူးလန်လဲ ဝမ်ကျင်း ထူးဆန်းနေတာ သတိထားမိလို့ သူမဘက်လှည့်ပြီး စိုးရိမ်တကြီး မေးလိုက်ခဲ့သည်။

"ဝမ်ကျင်း., အဆင်ပြေရဲ့လား? "

ဝမ်ကျင်းလဲ တတိယသခင်မလေးရဲ့ စိုးရိမ်စိတ်ပြည့်နေတဲ့ အကြည့်တစ်ချက်ကြောင့် နှလုံးတစ်ခုလုံး အခြွေခံ လိုက်ရပြီး.သူမဆီက စာက သခင်မလေးကို ကာကွယ်ပေးချင်တဲ့ သူတစ်ယောက် ပေးတယ်.ဆိုတာ ပိုပြီး သေချာသွားတော့သည်။

ဝမ်ကျင်းက မြန်မြန်လေး ခေါင်းခါလိုက်ပြီး
   "တတိယသခင်မလေးရှင့်, ဒီအစေခံ အဆင်ပြေပါတယ်။ အခုရက်ပိုင်း အတွင်း ရာသီဥတု နည်းနည်း ပိုပူလာတယ် ထင်တယ်။ဒီအစေခံက အပူချိန် ကြောင့် စိတ်အိုက် နေတာပါ"

" ငါတို့ အိမ်တော်ကို ပြန်ရောက်ရင် နင်အခန်းပြန်ပြီး အနားယူလိုက်ပါ။ ဒီနေ့တော့ ငါ့အနား အခစား မဝင်နဲ့တော့ "

"ကျေးဇူးတင်ပါတယ် တတိယသခင်မလေးရှင့်"

သခင်မကျိးနဲ့ ချူးလန်တို့ ဒင်းရွမ်က ထွက်လာခဲ့ကြသည်။ မမှောင်ခင်မှာဘဲ သူတို့ ကျင်းအန် အိမ်တော်ကို ပြန်ရောက် လာကြသည်။

သခင်မကြီးဟေးကတော့ ညကပွဲ အတွက် ဒင်းရွမ် မှာပဲ ကျန်နေခဲ့သည်။ သူမ ဒီညနောက်ကျ မှ ပြန်လာမည့်ပုံပါ။ ချူးလန်လည်း Songtao ကိုပြန်ရောက်လာတော့ ဝမ်ကျင်းကို သူ့အခန်းသူ ပြန်ပြီး အနားယူခိုင်း လိုက်သည်။

ဒင်းရွမ်အိမ်တော်ရဲ့ အမျိုးသားသီးသန့် ဧည့်ခန်းထဲတွင် ရှောင်းဘိုကျင်းက သစ်သား ကုလားထိုင် တစ်လုံးပေါ် ထိုင်နေခဲ့သည်။ မိနစ်အနည်းငယ် အတွင်း တံခါးခေါက်သံ တစ်ခုကြားခဲ့ရသည်။

ရှောင်ဘိုကျင်းရဲ့ ခွင့်ပြုသံကြောင့် သာမန် ဝတ်စုံနဲ့ အစေခံတစ်ယောက် တံခါးကို တွန်းဖွင့်ပြီး အထဲ ဝင်လာခဲ့သည်။ အစေခံက တံခါးကို ဂရုတစိုက် ပြန်ပိတ်ပြီး ရှောင်ဘိုကျင်းရှေ့ ဒူးထောက်ထိုင်ပြီး လျှောက်တင် လိုက်သည်။

"သခင်လေး"

"မင်းကို ခိုင်းထားတာ လုပ်ခဲ့ပြီလား"

"သခင်လေး အေးအေးဆေးဆေး အနားယူပါတော့။ စာကို နံပတ်ခြောက်သခင်မလေး ချူးရဲ့ အစေခံကို ပေးခဲ့ပြီးပါပြီ။ အခုချိန်ဆို သခင်မလေး စာကို ဖတ်ကြည့်ပြီးလောက် ပါပြီ။"

"ကောင်းပြီ ဘယ်သူမှမမြင်စေဘဲ တိတ်တိတ်လေး ပြန်သွားတော့ "

"နားလည်ပါပြီ" ဆိုပြီး

အစေခံလည်း တံခါးဖွင့်၍ ထွက်သွားခဲ့သည်။ ဧည့်ဆောင်လမ်းကို ဖြတ်သွားပြီးချိန်မှာတော့ အစေခံမက ကြောက်ရွံ့ အားနည်းတဲ့ ယုန်သငယ်သဖွယ် ချက်ချင်းပြောင်းသွားခဲ့သည်။

မသိရင် ခုနက သူမ မဟုတ်တဲ့ အခြားလူ  .တစ်ယောက် အတိုင်းပါပဲ။

အစေခံမ ထွက်သွားပြီးချိန်မှာတော့ အမျိုးသား ဧည့်ဆောင်တွင် အခြားလူတစ်ယောက် ရောက်လာခဲ့သည်။ထိုသူက မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူ့ပုံစံ နဲ့ ရုပ်ရည်က သာမန်အတိုင်းပင်။

ထိုသူကခေါင်းညွှတ်၍ အသံနှိမ့်ပြီး ပြောလိုက်သည်။

"သခင်လေး...မိန်းမတစ်ယောက်အတွက်နဲ့ နံပတ်ခုနစ်ကို ထုတ်သုံးတာ အလကားဖြုန်းရာ ကျမနေဘူးလား။"

ထိုစကားကြောင့် ရှောင်းဘိုကျင်း မျက်နာ အေးစက်မာကျော သွားခဲ့သည်။ သူမျက်မှောင်ကြုံ့ပြီး သူ့နောက်က ကောင်ကို လှည့်ကြည့်လိုက်ခဲ့သည်။

"နံပတ် ၁, ငါဘာပဲလုပ်လုပ် လိုက်ဝေဖန်ပေးဖို့က မင်းရဲ့နေရာမဟုတ်ဘူး"

နံပတ်၁ လို့ခေါ်တဲ့သူလဲ တောင့်တင်းသွားပြီး ခေါင်း.ကိုသာ ပိုငုံ့ထားလိုက်သည်။

"ဒီတပည့်က စည်းကျော်သွားခဲ့မိပါတယ်"

ရှောင်ဘိုကျင်းက လက်ရမ်းပြပြီး အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်လေသည်။

"ငါမင်းကို မခေါ်မချင်း ထပ်ပေါ်မလာနဲ့ "

ဟိုဘက်မှာ ဝမ်ကျင်းကလဲ သူမအခန်းကို ဂဗျာဂယာနဲ့ ပြန်သွားခဲ့သည်။ အခန်းထဲရောက်တော့ တံခါးကို ပိတ်၊ သူမစာအိတ် ကိုထုတ်ပြီး စားပွဲပေါ်တင် ထားလိုက်သည်။ သူမကိုယ်တိုင်လဲ ဒီစာကို ဖွင့်မဖတ်ရဲဘူး။ အဲ့ဒီအစား မီးခြစ်သုံးပြီး ပြာဖြစ်အောင် မီးရှို့ လိုက်ချင်ခဲ့သည်။

ထိုအချိန် တစ်ယောက်ယောက်က တံခါးလာခေါက်တော့ ဝမ်ကျင်း ကြောက်လန့်ပြီး မီးခြစ်ကို ပစ်ချကာ မတ်တပ် ထရပ်လိုက်သည်။ ထို့နောက် အထိတ်တလန့်နဲ့ စာကို စာအုပ်အောက်မှာ ဖွက်ထားလိုက်သည်။

"အစ်မဝမ်ကျင်း...တတိယသခင်မလေးက မအိပ်ခင် မီးဖိုထဲသွားပြီး စွပ်ပြုတ်ပူပူ တစ်ခွက် ယူသောက်ပါ လို့ မှာလိုက်ပါတယ်" ထိုအသံက တံမြက်လှည်းရန် တာဝန်ကျတဲ့ လျှောက်လမ်းက မိန်းခလေးတစ်ယောက် အသံ ဖြစ်နေခဲ့သည်။

သူမလည်း ဆက်ရပ်မနေတော့ဘဲ ချက်ချင်းထွက်သွားလိုက်သည်။

သူမ ထွက်သွားပြီးချင်းချင်း ဘေးအခန်းက ဖူးယန် ပေါ်လာခဲ့သည်။ ထို့နောက် ထွက်သွားတဲ့ ဝမ်ကျင်းရဲ့ နောက်ကျော ကို ကြည့်ရင်း အထင်သေးသည့် ပုံစံဖြင့် နှာခေါင်း ရှုံ့လိုက်သည်။

ချူးလန်က စားသောက်ပွဲတော် သွားတတ်ခဲ့လေတော့ သူမ တစ်နေ့လုံး တာဝန်ချိန်မရှိခဲ့ဘူး။ထို့ကြောင့် ဒီနေ့အဖို့ အထိန်းတော်ကူဆီ အနားယူဖို့ ခွင့်တောင်းပြီး သူမအခန်းကို ပြန်သွားလိုက်တာ ဖြစ်သည်။

ဒါပေမယ့် သူမ အနားယူပြီး အခန်းပြင် ပြန်ထွက် လာချိန်မှာတော့ အစေခံငယ်တွေက သခင်မလေးက ဘယ်လို ပြန်လာခဲ့တယ်။ ဘယ်လိုမျိုး ဒင်းရွမ်က လက်ဝက်ရတနာတွေ ယူလာနိုင်ခဲ့တာ ဆိုတဲ့ တီးတိုးပြောနေတာ ကြားနေခဲ့သည်။

ထိုအချိန်မှာဘဲ ဘေးအခန်းက တံခါးသံ ထွက်လာလို့ ဝမ်ကျင်းသူ့ အခန်းသူပြန်လာတာကို  သိလိုက်ခဲ့သည်။

ဝမ်ကျင်းဆိုတာ တတိယသခင်လေး ထွက်သွားပြီးမှ Songtao မှာ အခစားဝင်ဖို့ ရောက်လာခဲ့တာ။ တစ်ဖက်မှာ ဖူးယန်ကတော့ သခင်လေးချူးလန်ကို ငယ်ငယ်လေးထဲကနေအခုထိ ခစားလာခဲ့ သူမရဲ့ အစေခံ တပည့်ရင်း တစ်ယောက်ဖြစ်သည်။ ဘာပဲ ဖြစ်ဖြစ် သူမက တတိယသခင်လေးနဲ့ အတူ ဒင်းရွမ် အိမ်တော်ကို လိုက်ပါသွားခဲ့သင့်တာကို စိတ်မကောင်းစရာက. ဝမ်းကျင်းရောက်လာပြီး သူမနေရာကို ဖြတ်ပြီး လုယူသွားတာဖြစ်သည်။
ဒီတော့ ဖူးယန် မကျေမနပ် ဖြစ်နေခဲ့သည်။

သခင်မလေးက လက်ထက်ပြီးနောက်ပိုင်း ပိုပြီး ရင်းနီးဖော်ရွေလာခဲ့သလို သူမရဲ့ အစေခံတွေကို အချိန်တိုင်း ဆုတွေချီးမြင့်လိုက် စားကောင်းသောက်ဖွယ်တွေ ပေးလိုက် လုပ်လေ့ရှိသည်။

အခုလဲ ဒင်းရွမ်အိမ်တော်ကို တတိယသခင်မလေးနောက်ကလိုက်သွားခဲ့ပြီး သခင်မလေးက ကောင်းတာတစ်ခုခု ရလာခဲ့တယ်ဆိုတော့ ဒီဝမ်ကျင်းက လက်ဗလာနဲ့ တော့ ပြန်လာမည် မဟုတ်တာ သေချာသည်။

ဖူးယန်လဲ မနေသာ မထိုင်သာနဲ့ မနာလို ဖြစ်နေခဲ့တော့သည်။

အဲ့ဒီဆုက သူမအပိုင်ပဲ ဖြစ်သင့်တာ!

အဲ့ဒီအစား အခုတော့ ဝမ်ကျင်း လက်ထဲ ရောက်သွားခဲ့ပြီ​ပေါ့။

Songtao အဆောင်ကြီးရဲ့ ဘေးကပ်ရပ် အ
​ဆောင်ငယ် တစ်ခုမှာ အစေခံများ အားလုံး တစ်ခန်းကို နှစ်ယောက် အတူ နေကြရသည်။ ချူးလန် အိမ်ပြန်ရောက်လာတော့ အခြားအစခံများ အားလုံးက သခင်မလေးဆီ အခစားဝင်ဖို့ သွားခဲ့ကြပြီး ဖူယန် တစ်ယောက်ထဲ သူမအဆောင်မှာ ကျန်နေခဲ့တာ ဖြစ်သည်။

ကမန်းကတမ်း ထွက်သွားခဲ့တာကြောင့် တံခါး တစ်ချက် ပွင့်နေခဲ့တဲ့ ဝမ်ကျင်း အခန်းထဲကို ဖေးယန် စိုက်ကြည့် ​နေခဲ့သည်။ ထို့နောက် သူမ ထို အခန်းထဲ ရုတ်တရက် ဝင်သွားလိုက်သည်။

ထိုနေရာကို ဝမ်ကျင်းနဲ့ ဝမ်းလန်တို့ ပြောင်းလာခဲ့ပြီး ထဲက အခန်းက ရိုးရိုးရှင်းရှင်းပါဘဲ ဘာမှ မရှိနေခဲ့ပါ။ တစ်ချက်ကြည့် လိုက်ရုံနဲ့ သူမအကုန်လုံးကို မြင်နိုင်ခဲ့သည်။ ဖူယန်လည်း စိုးရိမ်စိတ်နဲ့အတူ စားပွဲခုံနား တစ်ဝိုက်မှာ ရေးကြီး သုတ်ပြာ ​.လှန်လော ရှာဖွေလိုက်တော့သည်။

စားပွဲပေါ်မှာတော့ သာမန် ရိုးရာ စာအုပ်တွေပါပဲ ဥပမာ အမျိုးသမီးများ အတွက် သင်ခန်းစာများ၊ သီချင်း စာအုပ်များ အစရှိသဖြင့်။ အဲ့တာတွေ ဘေးမှာတော့ စာရေးကိရိယာ တွေရှိနေခဲ့သည်။

ဖူးယန် ရုတ်တရက် စာအုပ်အောက်ကနေ ထွက်နေတဲ့ အဝါရောင် စာရွက် အစွန်းလေးကို ထင်းကနဲ့ မြင်လိုက်လို့ ဆွဲထုတ် ကြည့်ရာ စာတစ်စောင် ဖြစ်နေခဲ့သည်။

စာအိတ်ပေါ်မှာ ' ရှောင်' ဆိုတဲ့ စာလုံးတစ်လုံးသာ ရှိနေခဲ့သည်။

ဖူယန် မျက်လုံးများ အတွေးထဲ နစ်ရင်း ဟိုဖက်ဒီဘက် ရွေ့နေခဲ့ကြသည်။ထိုစာကို သူ့နေရာသူ ပြန်ထည့်ထားဖို့ လုပ်တုန်း အပြင်ဘက်က ကြားမိလိုက်တဲ့ အသံကြောင့် ကြောက်လန့်ပြီး သူမလက်ထဲက စာကို ဆုပ်ကိုင်ရင်း တံခါးကို အမြန်ပိတ်ပြီး ထွက်သွားခဲ့လေသည်။

သူမရဲ့ အခန်းထဲ ပြန်ရောက် သွားခဲ့ချိန်မှာတော့ ဘေးအခန်းက တံခါး ဖွင့်ပြီး ပြန်ပိတ်သံကို ကြားခဲ့ရသည်။ အဲ့ဒီနောက်မှာ သူမ ကြမ်းပြင်ပေါ် ထိုင်ချလိုက်တော့သည်။

ဖူးယန် အသက်ဝဝ ရှူလိုက်ပြီးသည့်နောက် သူမယူလာခဲ့သည့်စာကို သတိရသွားခဲ့သည်။သူမ ချက်ချင်း ထပြီး တံခါး သွားပိတ်လိုက်သည်။ ထို့နောက်တွင်တော့ အိပ်ယာဘေးမှာ ထိုင်ရင်း တွန့်ကြေနေတဲ့ စာအိတ်ကို ဖွင့်ဖောက် လိုက်သည်။

သူမစာရွက်ကို ဖြည်းဖြည်းလေး ဖွင့်ကြည့်လိုက်သည်။

သူမ ကြောက်ရွံ ထိတ်လန့်ရင်း လက်တွေ တဆက်ဆက် တုန်နေခဲ့သည်။ ဒါပေမယ့် သူများ လျှို့ဝှက်ချက်ကို ခိုးကြည့်ရလို့ ဖြစ်လာတဲ့ အဲ့ဒီ တုန်လှုပ်ချောက်ချားမှုကပဲ သူမ စိတ်ကိုဆွဲဆောင် နေခဲ့သည်။

စာရွက်ကို အပြည့်အစုံ ဖွင့်လိုက်ပြီး အကြောင်းအရာ ကို ဖတ်ကြည့်လိုက်ချိန်မှာတော့ ဖူယန် မျက်လုံး ပြူး သွားခဲ့သည်။

ဒီစာက တတိယ သခင်မလေး အတွက်ပဲ!

ရှောင်သခင်လေးက တတိယသခင်မလေးကို ရည်ရွယ်ပြီး ဒီစာကို ရေးသားခဲ့တာ ဖြစ်ပြီး သူက သူမကို ၂၆ရက်နေ့ Defeng လက်ဖက်ရည်ဆိုင်မှာ တွေ့ချင်နေတာပဲ!!!

ဖူးယန်က ချူးလန်ရဲ့ ငယ်အစေခံ အရင်းတစ်ယောက်ဆိုတော့ ယင်အိမ်တော်မှ သူတို့နှစ်ယောက်ကြား အဖြစ်အပျက် တွေကို နဂိုတဲက သိထားခဲ့သည်။ သို့ပေမယ့် ချူးလန် ကျင်းအန် အိမ်တော်က လူကို လက်ထက်ပြီးနောက်မှာတော့ ရှောင် သခင်လေးနဲ့ ဆက်ပြီး ပက်သက်ရဲ လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူးလေ။

သူမသွေးပျက် ထိန့်လန့်မှုကြီးနှင့်အတူ ဘာလုပ်ရမယ် မှန်းမသိ ဖြစ်နေခဲ့သည်။

ဝမ်ကျင်း အခန်းထဲကိုလဲ သူမနောက်တစ်ခါ ထပ်မဝင်ရဲ တော့ဘူး ဆိုတော့ အခုလောလောဆယ် သူမရင်ဘတ်အောက်က အတွင်းခံအိတ် ထဲမှာပဲစာကို ထည့် ဖွက်ထား ခဲ့လိုက်သည်။

Continue Reading

You'll Also Like

16.6K 651 22
An average person gets the chance to reincarnate as a tragic hero. Can he change his fate with his foreknowledge or will he meet the same fate? This...
5.8M 456K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...
38.7K 3.4K 62
~ Dangerous Life Ahead ~ • Book 2 of LIFE OF PANCHALI TRILOGY • Panchali Rathore, Ex- CEO of Rathore Industries, now the Crown Princess of Hastinapur...
My Sin By XxMeixiangxX

Historical Fiction

1.7M 68.3K 65
Liu Quiaqio, the Empress of the Jin Dynasty has given his heart, soul, and body to the emperor, he loved him to the point it exhausted him, but the c...