{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 935

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း

2.8K 412 11
By whitekiddy

ZAWGYI

     "ငါေျပာတာၾကားလား ? "
ေတာင့္ခဲေနေသာ လဲ့ရႊမ္ကို ေဟးခ်န္ကို လွည့္ၾကည့္လာသည္။ သနားစရာအေစခံေလးကလည္း ' ဟုတ္ကဲ့´ လို႔သာေျပာၿပီး သူ႔အမိန္႔ကို နာခံလိုက္ေတာ့သည္။

     မီးဖိုေခ်ာင္ဆီ သြားတဲ့လမ္းတစ္ေလ်ွာက္
လဲ့ရႊမ္လည္း စိတ္မသက္မသာျဖစ္ေနသည္။
သခင္ေလးက မီးေလာင္ေနတဲ့ထင္းလို႔ပင္;
သူက မ်က္လံုးခ်င္းဆံုေအာင္ ၾကည့္လို႔မရေပမယ့္လည္း ထိုမီးဟုန္းဟုန္းေတာက္ေနေသာ
မ်က္လံုးမ်ားက္ုေတာ့ ခံစားလို႔ရေသးၿပီး သူ႔တစ္ကိုယ္လံုးပင္ ပူေလာင္လာသည္။

   လဲ့႐ြမ္လည္း အကူညီမဲ့စြာနဲ႔ ေခါင္းသာခါလိုက္သည္။ သခင္ေလးက ေဖာ္ေရႊၾကင္နာတတ္တဲ့သူအျဖစ္ကေန အခုလို အ ခ်ိန္တိုင္းလိုလို ေဒါသထြက္ေနတဲ့သူအျဖစ္ ေျပာင္းသြားသလဲ သူလည္း နားမလည္နိုင္ေတာ့ေပ။

  မီးဖိုေခ်ာင္းထဲကလူေတြကို ဂရုစုိက္မေနေတာ့ပဲ မီးဖိုေပၚက နွင္းမိႈဟင္းခ်ိဴ နဲ႔ ၾကာေစ့ဆန္ျပဳတ္တို႔ကို စာၾကည့္ေဆာင္သုိ႔ သယ္လာလိုက္သည္။

  ေဟးခ်န္အေရွ႕ ေသေသခ်ာခ်ာ ခ်ေပးလိုက္ၿပီး အဖံုးဖြင့္လိုက္ခ်ိန္တြင္ေတာ့ ၾကာေစ့ရဲ႕အနံ႔က ေမႊးႀကိဳင္သင္းပ်ံ့စြာ ထြက္လာသည္။
ဆန္ကို ထူျပစ္လာတဲ့အထိျပဳတ္ထားတဲ့အတြက္ ၾကာေစ့ကလည္း အၾကည္ေရာင္ေတာင္
ေျပာင္းသြားသည္။ထိုဆန္ျပဳတ္ကိုျမင္လိုက္တာနဲ႔ လူတိုင္းကို စားခ်င္စိတ္ ျဖစ္ေစနို္င္သည္။ ယခုလို ေနႊရာသီနဲ႔လည္း စားဖို႔ အဆင္ေျပသည္။

  လဲ့႐ြမ္လည္း ေဘးကၾကည့္၍ သေရမ်ိဴ ခ်လိုက္ရသည္။

  တစ္ဖက္က ေဟးခ်န္ကေတာ့ စိတ္ထဲမွာေတြးေနမိသည္။ *ဟြန္႔.. ငါဘယ္လိုမ်ား ေမ့နိုင္ရတာလဲ? အဲ့ဒီမိန္းမက ဘယ္လိုစားရမလဲ တကယ္ကို ေကာင္းေကာင္းသိတာပဲ။*

     "ငါ့ကို တစ္ပန္းကန္ထည့္ေပး"

    လဲ့႐ြမ္လည္း ေသခ်ာ ထည့္ေပးလိုက္သည္။ ေဟးခ်န္လည္း ဘာမွထပ္ေျပာမေနပဲ
တစ္ဇြန္း ခပ္ေသာက္ၾကည့္လိုက္သည္။

  ႏူးညံ့တယ္, ေစးကပ္တယ္, ေမႊးႀကိဳင္တယ္, ခ်ိဴ တယ္... အရသာက ရိုးရွင္းၿပီး လန္းဆန္းေစသည္ ..တကယ့္ကို သူ႔အနံ႔အတိုင္းပင္။

{snow fungus and lotus seed porridge👇}
😋🤤


  ေဟးခ်န္ ဘာမွထပ္ေျပာမေတာ့ေသာေၾကာင့္ လဲ့ရႊမ္လည္း ေဘးမွာပဲ ရပ္ေနၿပီး မလႈပ္မယွက္သာ ရပ္ေနလိုက္သည္။ အရင္ကဆို
သိပ္မစားတတ္ေသာသူ႔သခင္ေလးက နွင္းမိႈ
နွင့္ ၾကာေစ့ဆန္ျပဳတ္ တို႔ကို ရပ္မည့္ပံုမရွိပဲ အလွည့္က် စားေသာက္ေနတာက္ုသာ
ၾကည့္ေနလိုက္သည္။

ေဟးခ်န္ စားေသာက္ၿပီးတဲ့အခ်ိန္မွာေတာ့
သူ႔ပန္းကန္ထဲ ေျပာင္ေနၿပီး မီးဖိုေခ်ာင္ကေန
လဲ့႐ြမ္ယူခဲ့တဲ့ ပန္းကန္ႀကီးထဲမွာလည္း ဘာမွမက်န္ေတာ့ေပ။တကယ္ကို နည္းနည္းေလးေတာင္ မက်န္ေတာ့ေအာင္ကို ေျပာင္သြားတာပါ....

လဲ့႐ြမ္လည္း ပန္းကန္ေတြကို ငံု႔ၾကည့္လိုက္ၿပီး သူ႔နႈတ္ခမ္းတို႔ တြန္႔က်ိဴ းသြားရသည္။ သုိ႔ေပမယ့္ တစ္ခြန္းမွမေျပာပဲ ထိုပန္းကန္ေတြကိုသာ စာၾကည့္ေဆာင္ကေန သယ္သြားလိုက္သည္။

   သူအျပင္ေရာက္ေတာ့မွ ထိုဘာမွကိုမက်န္ေတာ့တဲ့ ပန္းကန္ေတြကို ေနာက္တစ္ႀကိမ္ျပန္ၾကည့္ၿပီး ေနာင္တအျပည့္ျဖင့္ ေခါင္းခါလိုက္သည္။ *သခင္ေလးစားပံုအရဆို အရသာရွိမွာ က်ိန္းေသတယ္... ဒါေပမယ့္ သခင္ေလးက တစ္စက္ေတာင္ ခ်န္မထားဘူးေလ.. ငါျမည္းစမ္းၾကည့္လို႔ အခြင့္မရွိေတာ့ဘူးေပါ့*

  သူ႔ဗိုက္ထဲအစာေလးေတြ.. အထူးသျဖင့္
ခ်ဴ းလ်န္ကိုယ္တိုင္ သူမရဲ႕မနက္စာအျဖစ္ ျပင္ဆင္ထားတဲ့ ဟာေတြဆိုေတာ့ ေဟးခ်န္ရဲ႕ စိတ္ေလးက ခ်က္ခ်င္းကို သာယာေပါ့ပါးသြားရသည္။ 'အဲ့ဒီမိန္းမသာ မနက္ျဖန္က်ရင္ သူကိုယ္တိုင္ လုပ္ထားတဲ့ မနက္စာေလး ေပ်ာက္သြားတာသိရင္.....´ ဆိုသည့္ အေတြးနဲ႔တင္ ေဟးခ်န္မွာ စိတ္ခ်မ္းသာေနသည္။

  ယခု အားအင္ေတြျပည့္ဝသြားတဲ့အတြက္
သူ႔စိတ္ေပါ့ပါးစြာနဲ႔ အိပ္ယာမဝင္ခင္ စစ္ေရးရာစာအုပ္ေတြကို ေနာက္ထပ္ နွစ္နာရီေလာက္
ထပ္ဖတ္အံုးမည္ဟု ေတးထားလိုက္သည္။

  မီးဖိုေခ်ာင္ထဲမွာ ေစာင့္ၾကည့္ေနတဲ့ အေစခံေတြကေတာ့ တတိယသခင္ေလးရဲ႕အေစခံက သူတို႔ေစာင့္ၾကည့္ေနရတဲ့ ဆန္ျပဳတ္နဲ႔စြပ္ျပဳတ္ကို လာသယ္သြားသည့္အတြက္ အေစခံကူဆီကို အျမန္ သတင္းသြားေပးလိုက္ၾကသည္။

  အေစခံကူလည္း ေခါင္းၿငိမ့္လိုက္၍ ထိုအေစခံေတြကို ျပန္ခိုင္းလိုက္သည္။

   ေနာက္တေန႔မနက္ ခ်ဴ းလ်န္နိုးလာခ်ိန္မွ အေစခံကူလည္း ထိုသတင္းကို ေျပာျပလိုက္သည္။

  ခ်ဴ းလ်န္လည္း ေျပာစရာစကားမဲ့သြားသည္။

  ထို႔ေၾကာင့္ပဲ အေစခံကူက ခ်ဴ းလ်န္ရဲ႕ အေတြးေတြကို ျဖည့္ေပးလိုက္ရသည္။

   တင္ႀကီးငွက္ရဲ႕ အေမႊးျဖင့္လုပ္ထားေသာ
အလွပစၥည္းကို ခ်ဴ းလ်န္ရဲ႕ ေခါင္းမွာ တပ္ေပးလိုက္ၿပီး အေစခံကူက ၿပံဳးလ်က္ ေျပာလိုက္သည္။
    " တတိယသခင္မေလး..က အဲ့ဒီ စြပ္ျပဳတ္နဲ႔ ဆန္ျပဳတ္ကို သခင္ေလးအတြက္ ထားေပးခဲ့တာမလား ? "

  အမွန္တရားျဖစ္ေန၍ ခ်ဴ းလ်န္လည္း ရွက္လာၿပီး သူမရဲ႕ ပါးေတြဟာလည္း နီူျမန္းလာသည္။
       "အဲ့ဒီေကာင္အတြက္ ဘယ္သူက ခ်န္ေပးထားလို႔လဲ ? သူ ျပန္မလာခင္ ဘာမွစားမလာဘူးလား? "

   အေစခံကူလည္း ၿပံဳးလ်က္ ဘာမွဆက္ေျပာမလာေတာ့ေပ... အနွီသခင္မေလးက ဝန္ခံရမွာ ရွက္ေနတာကို သူသိတာေပါ့ ။

  ခ်ဴ းလ်န္လည္း တိတ္ဆိတ္ေနသည္။ သူမေရွ႕မွာ ေပၚေနေသာ ပံုရိပ္ကိုၾကည့္ရင္း သူမရဲ႕ စိတ္ဟာလည္း ျပန္႔လႊင့္ေနသည္။

    သူတို႔လက္ထပ္ၿပီးစ ရက္ေတြတုန္းက...
ေဟးခ်န္က သူမအေပၚ ၾကင္နာတဲ့ခံစားခ်က္ေတြ မရွိတာကို သူမေျပာနိုင္ပါတယ္။ သူ႔ရဲ႕ ေျပာင္းလဲေနမႈက နားက်ည္ခ်က္ေတြမ်ားေနလို႔
ျဖစ္နိုင့္ပီး သူဘယ္ကေန ထိုနားက်ည္မႈေတြ
ရလာသလဲဆိုတာလည္း သူမ မသိေပ။

  ဝတၳဳအရဆိုရင္ေတာ့ သူတို႔က လက္မထပ္ခင္တုန္းက အႀကိမ္ေရ နည္းနည္းပဲ ေတြ႕ဖူးၾကၿပီး တကယ့္ကို မ်က္စိစံုမွိတ္ လက္ထပ္ခဲ့ၾကတဲ့ သူေတြပင္။

      ေဟးခ်န္ကေတာ့ လံုးဝက္ုေျပာင္းလဲေနၿပီး သူမကို နွလံုးသားထဲကေနကို မုန္းေနတာကို ခံစားလို႔ရေနသည္။ အဲ့လိုဆိုရင္ေတာင္
ခ်ဴ းလ်န္အဆင္ေျပပါတယ္ ; အခုသူမက ဇာတ္လိုက္မ ျဖစ္ေနၿပီးေတာ့ သူမရဲ႕အားသာခ်က္အေနျဖင့္ ေရွ႕ျဖစ္ရပ္ေတြကို ႀကိဳသိနိုင္ေသးသည္။ဘာပဲျဖစ္ျဖစ္ သူမကလည္း နဂို
ခ်ဴ းလ်န္မဟုတ္တဲ့အတြက္ အဲ့ဒီေရွာင္ပိုက်င္း
ဆိုတဲ့လူကိုလည္း မခ်စ္ႀကိဳက္လာနိုင္ပါဘူး။

အခု သူမက က်င္းအန္ရဲ႕ တစ္စိတ္တစ္ပိုင္း
ျဖစ္ေနၿပီ ျဖစ္သည္။ ဒီမိသားစုနဲ႔အတူတူ ရက္အနည္းငယ္ ေနၿပီးၿပီျဖစ္တဲ့အတြက္ သူမလည္း လူတိုင္းကို သေဘာက်ပါသည္....
ေဟးခ်န္ကလႊဲလို႔ေပါ့ ထို႔ေၾကာင့္ သူမလည္း ထိုမိသားစုနဲ႔ပဲ ဆက္ၿပီး ေနထိုင္ခ်င္သည္။
သုိ႔ေပမယ့္ အဓိပၸါယ္ကေတာ့ သူမက ထိုေဟးခ်န္နဲ႔ အဆင္ေျပေအာင္ေတာ့ ေနမွ ရေတာ့မည္။

   သူတို႔က အခ်စ္ငွက္ေတြ မဟုတ္ရင္ေတာင္မွပဲ အသက္ေတြႀကီးလာရင္ေတာ့ အခုလိုအေျခေနမ်ိဴ း ျဖစ္ေတာ့မည္မထင္ေပ။ တစ္ေယာက္ကိစၥကိုတစ္ေယာက္ ဝင္မစြပ္ဖက္ၾကတဲ့ သာမန္သူငယ္ခ်င္းေတြလိုေတာ့ ျဖစ္လာနိုင္ပါသည္။

   သူမက က်င္းအန္အိမ္ေတာ္မွာ ဂ်ပိုးတစ္ေကာင္လိုေတာ့ ေပ်ာ္ရႊင္စြာနဲ႔ပဲ တြယ္ကပ္ေနနိုင္မွာပါ။ သူမက ပ်င္းလာရင္ အရသာ ရွိတာေတြ ခ်က္စားမယ္ ပိုက္ဆံေတြ ရွာမယ္။ ေနာက္နွစ္ နွစ္ေလာက္ၾကာလို႔ ေဟးခ်န္က ကေလးလိုခ်င္လာရင္ သူမက ကိုယ္လုပ္ေတာ္ တစ္ေယာက္ နွစ္ေယာက္ေလာက္ကိုေတာင္ ရွာေပးနိုင္ေသးသည္။ သူ႔မိသားစုအတြက္ အေမြဆက္ခံသူ လိုတယ္မလား။

  ထို႔ေၾကာင့္ ထိုနွင္းျဖဴ နဲ႔ ၾကာေစ့ဆန္ျပဳတ္တို႔က ေဟးခ်န္အတြက္ ခ်ဴ းလ်န္ဘက္မွ ၿငိမ္းခ်မ္းေရအလံျဖဴ ပဲ ျဖစ္သည္။

သူတို႔နွစ္ေယာက္က တစ္မိုးေအာက္ထဲအတူတူေနၾကရအံုးမွာျဖစ္သည္။က်င္းအန္အိမ္ေတာ္ရဲ႕မုန္တိုင္းေတြေရာက္လာဖို႔ နွစ္နွစ္ သံုးနွစ္ေလာက္လိုေသးၿပီး ထိုအရာမလာခင္အထိေတာ့ သူတို႔က ဇနီးေမာင္နွံေတြလို႔ပဲ သတ္မွတ္လို႔ရေသးသည္။ သူတို႔ေတြ ေန႔တိုင္းေတာ့ တစ္ေယာက္ကိုတစ္ေယာက္ မုန္းေနၾကၿပီး မတိုက္ခိုက္နို္င္ေလာက္ၾကပါဘူး !
သူက အဲ့လိုပဲ တိုက္ခိုက္သြားခ်င္ရင္ေတာင္မွပဲ သူမကေတာ့ အဲ့လိုမလုပ္နိုင္ေပါင္။

  ခ်ဴ းလ်န္ကေတာ့ ထိုကဲ့သုိ႔ အနာဂတ္အစီစဥ္ေတြကို ျပဳလုပ္ေနေပမယ့္ သူမဘယ္ေတာ့မွ မသိလိုက္ရတာက ေဟးခ်န္က တစ္ေလ်ွာက္လံုးသူမရဲ႕ အျပဴမူ အေျပာဆို အေနထိုင္ေတြအားလံုးကို မွားဖတ္ေနၿပီး နားလည္မႈလႊဲေနသည္ဆိုတာကိုပင္။ အခုေတာင္မွပဲ ေဟးခ်န္က ေကာင္းေကာင္းအိပ္ေပ်ာ္ေနၿပီး အိမ္မက္ထဲမွာ သူက သူမရဲ႕ မနက္စာကို ေပ်ာ္ေပ်ာ္ႀကီး ထပ္စားေနေလရဲ႕...

" သခင္မေလး... ဒီမနက္ ဘာစားခ်င္ပါလဲ? "
မင္ယန္က ဝင္လာၿပီး ေမးလိုက္သည္။

   ထိုအသံေၾကာင့္ခ်ဴ းလ်န္လည္း သူမအေတေတြကေန နိုးထလာသည္။ သူမ အျပင္ကို
ၾကည့္လိုက္ေတာ့ ေနျမင့္ေနၿပီ ျဖစ္ၿပီး ရာသီဥတုကလည္း အေတာ္ပူလာသည္။
ခ်ဴ းလ်န္လည္း ရုတ္တရက္
' အိစက္ညက္ေညာတဲ့မိုးစက္ကိတ္' ကို ေတြးမိလိုက္သည္။

   သူမေတာင္ အေျဖျပန္မေပးလိုက္ရေသး..
အေစခံတစ္ေယာက္က သတင္းေပးရန္ အေျပးအလႊား ေရာက္လာသည္။

အေစခံကူလည္း မ်က္ေမွာင္ၾကဳတ္လ်က္
  " ဘာေတြျဖစ္ေနတာလဲ? အျပဳမူေတြကိုေတာင္ ေမ့ေနၿပီး နင္ကဘယ္လိုေတြျဖစ္ေနတာလဲ ? "

  အေစခံလည္း ေခါင္းငံု႔လိုက္ၿပီး သူမရဲ႕လာရင္းကိစၥကိုေတာ့ မေမ့ရဲေပ။
   "တတိယသခင္မေလး , မိုမို , က်င္းခ်ီ ခန္းမက အေစခံလဲ့က တစ္ေယာက္ေယာက္နဲ႔ သကားပါးခိုင္းလာပါတယ္။သူမေျပာတာက တတိယသခင္မေလးကို က်င္းခ်ီခန္းမထဲ တတ္နိုင္သမ်ွ ျမန္ျမန္ေလး လာခဲ့ေပးပါတဲ့ "

ခ်ဴ းလ်န္လည္း မ်က္ေမွာင္ၾကဳတ္သြားသည္။
အေစခံလဲ့ဆီက စကား?

  အေစခံလဲ့က သခင္မႀကီးေဟး၏ အယံုၾကည့္ရဆံုးသူ ျဖစ္၍ တစ္ခုခုေတာ့ ႀကီးႀကီးမားမားျဖစ္ေနၿပီဟု သတိထားမိလိုက္ၿပီး ခ်ဴ းလ်န္လည္း အျမန္ထသြားလိုက္သည္။

  အေဆာင္ျပင္သုိ႔ မထြက္မီ ေဟးခ်န္အေၾကာင္းေမးရေသးျပန္သည္။
   "ငါ့ေယာက်ာ္းေကာ ? သူ အိပ္ေပ်ာ္ေနတုန္းလား ? "

  အေစခံလဲ့က ေခါင္းခါလိုက္၍
   "အေစခံတစ္ေယာက္ကို ၾကည့္ခိုင္းလိုက္တာေတာ့ သူမ စာၾကည့္ေဆာင္က္ု သြားရွင္းေတာ့ ဘယ္သူမွ အထဲမွာ မရွိေတာ့ဘူးတဲ့။
ၾကည့္ရတာ သခင္ေလးက အျပင္ေဆာင္က
ျပင္ပစာၾကည့္ေဆာင္မွာလို႔ ထင္ပါတယ္ "

  ခ်ဴ းလ်န္ကလည္း ေခါင္းၿငိမ့္လိုက္ၿပီး
   "မိုမို, တစ္ေယာက္ေယာက္ကို လႊတ္ၿပီး သူ႔ကို က်င္းခ်ီခန္းမကို လာဖို႔ ေျပာခိုင္းလိုက္ပါ"

  " နားလည္ပါၿပီ "

   ခ်ဴ းလ်န္ က်င္းခ်ီခန္းမကို ေရာက္ခ်ိန္မွာေတာ့
က်င္းအန္ရဲ႕ အထူးပုဂၢိဳလ္ေတြအကုန္လံုးက ေရာက္ေနၿပီ ျဖစ္သည္။သူမရဲ႕ေယာကၡမနဲ႔ ေဟးခ်န္ကလႊဲလို႔ေပါ့။ဆံုဖို႔ ရွားတဲ့ ဒုတိယသခင္ေလး ေဟးခ်န္က်ဴ  လည္း ရွိေနသည္။

   သူမ အခန္းထဲ ေျခလွမ္းလိုက္တာနဲ႔ အထဲလူေတြ အကုန္လံုးက ၾကည့္လာၾကၿပီး ထိုအၾကည့္ေတြထဲတြင္ စာနာမႈေတြနဲ႔ အျပစ္လုပ္မိသလိုမ်ိဴ းေတြ ပါဝင္ေနေၾကာင္း ခ်ဴ းလ်န္ ဖတ္မိလိုက္သည္။

   ခ်ဴ းလ်န္ရဲ႕ ဝိုင္းစက္ ၾကည္လင္ေနတဲ့ မ်က္လံုးမ်ားက မ်က္ေတာင္တႀကိမ္ခတ္မိလိုက္သည္။ ဘာေတြျဖစ္ေနတာလဲ? ငါေကာင္းေကာင္းႀကီးရွင္သန္ေနပါေသးတယ္; ဘာေၾကာင့္ ငါကပဲ ေရာဂါတစ္မ်ိဴ းမ်ိဴ းကို တိတ္တဆိတ္နဲ႔ တစ္ေယာက္ထဲက်ိတ္မွိတ္ခံစားေနရၿပီး
သူတို႔ကက် အခုမွသိက်လို႔ သနားေနတဲ့ပံုေတြ ျဖစ္ေနၾကတာလဲ? ေကာင္ေခ်ာေခ်ာတစ္ေယာက္ေလာက္ လာရွင္းျပေပးနိုင္မလား?>.<

  " အဖြား , အကိုႀကီး , အမက်ိဴ း, ဒုတိယအကို"
ခ်ဴ းလ်န္ ဒီေခတ္ထံုးစံအတိုင္း နႈတ္ဆက္လိုက္သည္။

   သခင္မႀကီးေဟးက သူမလက္ကို ေဝွ႔ယမ္းလာၿပီး
   "လ်န္အာ .. အဖြားရဲ႕ေဘးမွာ လာထိုင္ပါ"

  အာ? ခ်ဴ းလ်န္လည္း အကိုႀကီးနဲ႔ အမက်ိဴ းတို႔က သခင္မႀကီးေဟးေအာက္ တစ္ဆင့္နိမ့္သည့္ေနရာတြင္ ထိုင္ေနၾကတာကို ၾကည့္၍
တြန္႔ဆုတ္ တြန္႔ဆုတ္နဲ႔ပဲ သြားလိုက္ၿပီး သခင္မႀကီးေဟးက သူမကို ေနႊးေထြးစြာ ဆြဲေခၚ၍ ဆိုဖာေပၚမွာ ထိုင္ေစသည္။

  ခ်ဴ းလ်န္လည္း သခင္မက်ိဴ းကို တခ်က္ၾကည့္လိုက္ၿပီး မနာလိုတာဘာညာရွိသလား စစ္ၾကည့္လိုက္သည္။ ဘာအရိပ္ေယာင္မွ မေတြ႕ရေတာ့မွ သူမလည္း စိတ္ေအးသြားသည္။

  အကုန္လံုးက သူမကိုပဲ စိုက္ၾကည့္ေနၾက၍
ခ်ဴ းလ်န္လည္း ထူးဆန္းေနတာကို သိလိုက္သည္။သခင္မႀကီးေဟးေတာင္မွပဲ သူမရဲ႕လက္ေတြကို ညင္ညင္သာသာ ကိုင္၍ သူမကို နွစ္သိမ့္ေနသလို ပုတ္ေပးလာသည္။

  သူမက အျပစ္ကင္းစင္စြာျဖင့္ မ်က္ေတာင္ခတ္လိုက္လ်က္
   "အဖြား... ကိစၥတစ္ခုခုမ်ား ရွိလို႔လား?"

   ေဟးသခင္မႀကီးက သူမရဲ႕ ေခါင္းကို ခပ္ဖြဖြပုတ္၍ သက္ျပင္းခ်လ်က္
    "လ်န္အာ.. အဖြားေျပာစရာ ရွိတယ္... ဒါေပမယ့္ အရင္ဆံုး သမီးစိတ္မဆိုးပါဘူးလို႔ အဖြားကို ကတိေပးရမယ္ "

  ခ်ဴ းလ်န္လည္း စိတ္ထဲ၌ ၿပံဳးမိလိုက္သည္။
သူမရဲ႕ လံုၿခံဳမႈကုိသာ လာမထိခိုက္သ၍ ဘာကမွ သူမကို စိတ္ဆိုးေဒါသထြက္ေအာင္ မလုပ္နိုင္ပါဘူး။

   သခင္မႀကီးရဲ႕စကားအသြားအလာေတြေၾကာင့္ သူမက ပိုၿပီးေတာင္ သိခ်င္သြားသည္။
    "အဖြား..ဒီအတိုင္းသာေျပာလိုက္ပါ။ ဒီေျမးေခြၽးမက စိတ္ခံစားခ်က္ လြယ္တဲ့လူ မဟုတ္ပါဘုး "

   သခင္မႀကီးေဟးလည္း တခဏေလာက္
တိတ္ဆိတ္ေနၿပီးမွ ေျပာလာသည္ ။
    "ေကာင္းၿပီ ကေလး ။အဖြား ေျပာပါမယ္ ။
စန္းလန္က ေျမာက္ဘက္နယ္စပ္ရဲ႕စစ္တပ္ကို သြားဖို႔ စာရင္းေပးလိုက္တယ္...သူဒီမနက္ ေနမထြက္ခင္ကပဲ ထြက္သြားၿပီ "

   ခ်ဴ းလ်န္လည္း ေတာင့္တင္းသြားသည္;
သူမလံုးဝကို ေမ်ွာ္လင့္မထားတဲ့ကိစၥ ျဖစ္သည္။

ခဏေနပါဦး , တခုခုေတာ့ မွားေနၿပီ .... ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ?

  ဝတၳဳထဲက ေဟးခ်န္က စစ္တပ္ထဲ ဝင္ဖို႔
ဘယ္တုန္းကမွ မေတြးဖူးဘူးေလ။ ဘယ္လို...
ဘယ္လိုေၾကာင့္ အခုမွ ရုတ္တရက္ႀကီး စစ္တပ္ထဲ ဝင္ခ်င္သြားရတာလဲ?!

  ဘာလို႔ ဒီဝတၳဳက ဒီေလာက္ႀကီးအထိကို ေျပာင္းလဲ ေနရတာလဲ? ေဟးခ်န္က ဝတၳဳရဲ႕ေက်ာရိုးကို လံုးဝႀကီးကို လ်စ္လ်ဴ ရႈပစ္ေနတာပဲ!

အခန္းထဲကတစ္ေယာက္ေယာက္သာ ခ်ဴ းလ်န္ရဲ႕ အေတြးကို သိနိုင္မယ္ဆိုရင္ သူတို႔မ်က္လံုးေတြကို လွည့္မိၾကမွာ ေသခ်ာသည္။

ေဟးခ်န္ရဲ႕ ငယ္ရႊယ္လွပတဲ့ဇနီးေလးအျဖစ္နဲ႔
နည္းနည္းေလးေတာင္ ခံစားမေပးနိုင္ဘူးလား....ခ်ဴ းလ်န္?

    ကိုယ့္ေယာက်ာ္းကို ယူထားတာေတာင္မၾကာေသးပဲ ဘာလို႔ကိုယ့္ကိုမွထားပစ္ခဲ့ၿပီး စစ္ထဲဝင္သြားလဲလို႔ ေတြးၿပီး ဝမ္းနည္းပက္လက္ျဖစ္ေနရမယ့္အစား ဝတၳဳထဲက အတိုင္း တူေအာင္ သရုပ္မေဆာင္လို႔ စိတ္တိုတယ္တဲ့လား?!

  အျခားလူေတြရဲ႕အျမင္မွာ အေတြးနစ္ေနတဲ့ခ်ဴ းလ်န္ကိုသာ ေတြ႕ရၿပီး သူမေလးက ဝမ္းနည္းေနေပမယ့္ ထုတ္မျပတာဟုသာ ထင္ေနၾကသည္။ 

  သခင္မႀကီးေဟးက သူ႔ေႁမးေခြၽးမေလးအတြက္ ပိုလို႔ေတာင္ နာက်င္ခံစားလာရသည္။
   " ဝမ္းမနည္းပါနဲ႔ကေလးရယ္။ သမီးမွာ သမီးရဲ႕ အကိုႀကီးေကာ အမႀကီးေကာ ဒုတ္ယအကိုေကာ ဒီအဖြားေကာ ရွိပါေသးတယ္ "

ခ်ဴ းလ်န္ကေတာ့ စိတ္ထဲ၌ ေဟးခ်န္ကို ေမတၲာပို႔ေပးေနလိုက္သည္။
*ၾကည့္ရေတာ့ အဲ့အေကာင္က ငါ့နဲ႔ေနရမွာ အေတာ္ေလး ေၾကာက္ေနတယ္ထင္ပါ့။ ငါေကြၽးတာကိုစားၿပီးတာနဲ႔ အရမ္းကိုစိတ္ဓာတ္ေတြ တက္ႂကြသြားၿပီး စစ္ထဲကိုေတာင္ သြားလိုက္ေသးတယ္။ ေက်းဇူးတင္ရေကာင္းမွန္းမသိ ရုပ္ေလးေခ်ာသေလာက္ စိတ္ဓာတ္ကေတာ့
ဟိုးေအာက္ဆံုးမွာပဲ ! အခု ဒီလိုဆိုေတာ့လည္း အဲ့ဒီေျမာက္ဘက္နယ္စပ္ကို ဘာအတြက္သြားတာလဲဆိုတာ ေစာင့္ၾကည့္ပါအံုးမယ္!
 
သူတို႔နွစ္ေယာက္က သူငယ္ခ်င္းေတာင္ မျဖစ္နိုင္မွေတာ့ ရွိသမ်ွ ႀကိဳးေတြအကုန္ျဖတ္လိုက္ၾကတာေပါ့! {သံေယာဇဥ္ႀကိဳး}

  သူမရွိရင္ မေနနိုင္ျဖစ္ေနတာလည္းမဟုတ္ပါဘူး။ သူထြက္သြားတာက ေကာင္းတယ္လို႔ေတာင္ မွတ္ရအံုးမယ္။ အခုေတာ့သူမက အၿမဲတမ္း စိတ္ဒုကၡကင္းကင္းနဲ႔ ေပ်ာ္ေပ်ာ္ႀကီးပဲ က်င္းအန္အိမ္ေတာ္မွာ ေနနိုင္ေတာ့မယ္!

ခ်ဴ းလ်န္လည္း ၿပံဳးလ်က္
   "အဖြား, အဖြားတို႔အားလံုးက သမီးအတြက္ရွိေနမယ္ဆိုတာ သိပါတယ္။ သမီးရဲ႕ ေယာက်္ား ဒီမွာ မရွိရင္ေတာင္မွပဲ သူမေကာင္းေကာင္းေနပါ့မယ္ "

သူမရဲ႕အၿပံဳးက အျခားလူေတြ စိတ္ထဲမွာေတာ့ ဝမ္းနည္းမႈကို ဖံုးကြယ္ထားတာနဲ႔ တူေနသည္။သူမ်ားကိစၥကို ဝင္မပါတတ္တဲ့ ေဟးခ်န္က်ဴ း ေတာင္မွပဲ ေျပာလာသည္။
  " ခယ္မေလး.. ဝမ္းနည္းမေနပါနဲ႔။ အကိုလည္း စစ္ေရးဘယ္လက္ရံုးအေနနဲ႔ အလုပ္လုပ္ေနတာပဲ။ ညီေလးရဲ႕ သတင္းၾကားတာနဲ႔ အကို ညီမေလးကို ျပန္ေျပာျပပါ့မယ္ "

   ဒီလိုနဲ႔ပဲ ခ်ဴ းလ်န္ရဲ႕ တမနက္ခင္းလံုးက နွစ္သိမ့္ေဖးမ ေပးမႈေတြကို ခံယူရင္းနဲ႔ ကုန္ဆံုူသြားပါေတာ့တယ္။ သခင္မႀကီးေဟးကအထူးလက္ေဆာင္အေနျဖင့္ ေရႊျဖင့္ကြပ္ထားသည့္ ေက်ာက္စိမ္းအလွပစၥည္းတစ္ခုေတာင္ ေပးလိုက္ေသးသည္။
ထိုပစၥည္းက ၾကည့္ရံုနဲ႔တင္ အနည္းဆံုး ေငြတံုး ၁၀၀၀ ေလာက္ ရွိနိုင္သည္။

    ခ်ဴ းလ်န္လည္း လက္ေဆာင္ တစ္ေပြ႕တစ္ပိုက္ႀကီးျဖင့္ ေပ်ာ္ေပ်ာ္ႀကီး ျပန္လာခဲ့လိုက္သည္။
သူတို႔အေဆာင္ထဲ ဝင္ခ်ိန္တြင္ေတာ့ ရွီးယန္နွင့္ ဖူယန္တို႔ သယ္ထားေသာ ေသတၱာမ်ားကိုျမင္၍ အေစခံကူက အံ့ၾသသြားသည္။

     "ဘာေတြ ျဖစ္ခဲ့တာလဲ?"

ရွီးယန္နဲ႔ ဖူယန္ကေတာ့ ခ်ဴ းလ်န္လို စိတ္ေအးမေနေပ။သူတို႔ပံုစံက အင္အားခ်ိနဲ႔ ေနသလို ျဖစ္ေနသည္။ရွီးယန္က ျပန္ေျဖလိုက္သည္။
"သခင္မႀကီးနဲ႔ သခင္မက်ိဴ း က သခင္မေလးအတြက္ လက္ေဆာင္ေတြေပးလိုက္တာပါ"

  " အာ?  အထူးပြဲေတာ္အခ်ိန္လည္း မဟုတ္ပါဘူး ဒါဆို ဒီလက္ေဆာင္ေတြက ဘာအတြက္လဲ?"
ေသတၲာေတြက ၾကည့္တာနဲ႔တင္ ေစ်းႀကီးတာသိနိုင္ၿပီး အထဲကပစၥည္းေတြက တန္းဖိုးႀကီးတာထင္ရွားသည္။

  က်င္းအန္အိမ္ေတာ္က ယင္အိမ္ေတာ္ထက္
ပိုအဆင္ေျပတာ သိေပမယ့္ အေၾကာင္းမရွိပဲနွင့္ တန္ဖိုးႀကီးလက္ေဆာင္ေတြကို ေပးမည္မဟုတ္ေပ။
ရွီးယန္လည္း ခ်ဴ းလ်န္ကိုတခ်က္ၾကည့္လိုက္ၿပီး ဘာအရိပ္အေယာင္မွ မျမင္ရေတာ့မွ အ်ၾကာင္းရင္းကို အေစခံကူကို ရွင္းျပလိုက္သည္။

အေစခံကူလည္း အံ့ၾသလြန္း၍ မ်က္လံုးမ်ားပင္က်ယ္သြားသည္။
"ဘာ! သခင္ေလး ထြက္သြားၿပီ?! "

  ခ်ဴ းလ်န္ လည္း တည္ၿငိမ္စြာနဲ႔ပဲ အေစခံေတြကို ၾကည့္လိုက္ၿပီး
   " ပစၥည္းေတြက္ု ေသခ်ာေနရာခ်ထားလိုက္
ငါပင္ပန္းလို႔ ခဏအိပ္လိုက္အံုးမယ္"

  ခ်ဴ းလ်န္ ထြက္သြားခါမွ အေစခံေတြလည္း စိတ္ထဲ၌ ေတြး၍ ခ်ဴ းလ်န္အတြက္ စိတ္မေကာင္းျဖစ္လာၾကသည္။
သခင္ေလးက မဂၤလာေဆာင္ေန႔ထဲက သခင္မေလးအေပၚမေကာင္းခဲ့တာကေန အခုစစ္တပ္ထဲကိုေတာင္ ဝင္သြားေသးတယ္ေပါ့?!
ဘယ္လိုပဲေတြးေတြး ခ်ဴ းလ်န္အတြက္စိတ္မေကာင္း ျဖစ္လြန္း၍ အေစခံကူပင္ မ်က္ရည္က်မိသည္။ ရီွးယန္တို႔လည္း အပါဝင္ေပါ့။

အေစခံကူလည္း အခန္းထဲရွိေလထုက စိုထိုင္းလာတာကို ေတြ႕၍ သူ႔မ်က္ရည္မ်ားကို အျမန္သုတ္လိုက္ၿပီးမွ အသံနိမ့္နိမ့္ျဖင့္ ဆူလာသည္။

  " ဘာလို႔ စိတ္ဓာတ္က်တဲ့ မ်က္နာေတြျဖစ္ေနရတာလဲ! နင္တို႔ရဲ႕ သခင္မေလးက နင္တို႔အေရွ႕မွာပဲ အေကာင္းႀကီးအတိုင္းရွိေနေသးတယ္! သြားၾကေတာ့! နင္တို႔အလုပ္ေတြသြားလုပ္ၾကေတာ့! သခင္ေလးက ဘယ္ေတာ့မွ ျပန္မလာမွာမဟုတ္ဘူးေလ။ ဒါကအိမ္ပဲေလ; သူဘယ္ပဲသြားသြား သူ႔နွလံုးသားထဲမွာေတာ့ ဒီေနရာက အၿမဲရွိေနမွာပဲ "

  အေစခံေတြလည္း အျမန္ထြက္သြားၾကသည္ ။

  ထိုအခ်ိန္ ခ်ဴ းလ်န္ကေတာ့ အခန္းထဲတြင္
သာယာေနသည္။ သူမက ကုတင္ေခါင္းရင္းတြင္ မွီလ်က္ ေျခေထာက္ခ်ိတ္ထားၿပီး လက္တဖက္က ယပ္ေတာင္ကိုင္လ်က္ ယပ္ခတ္ေနၿပီး တစ္ဖက္က ဟာသစာအုပ္တစ္အုပ္ကို ကိုင္လ်က္ ေပ်ာ္ေပ်ာ္ႀကီး ဖတ္ေနသည္။

  စိတ္ဝင္စားစရာေကာင္းတဲ့အပိုင္းကိုေရာက္သြားရင္ သူမကိုယ္သူမ ယပ္ေတာင္ခတ္ရမွာေတာင္ ေမ့သြားသည္။

  သူမဘာသာ တစ္ေယာက္ထဲနဲ႔ တစ္ခ်ိန္လံုးလည္း တီးတိုးေျပာေနလိုက္ေသးသည္။

  " ဒီလိုေရွးေခတ္ႀကီးမွာ ဒီလိုဟာသေကာင္းေကာင္းေတြ ရွိလိမ့္မယ္လို႔ေတာင္ မေတြးမိခဲ့ဘူး; သူတို႔က လိင္ကိစၥေရးရာ စာအုပ္ေတာင္ေရးလိုက္ေသးတယ္! ဟက္ ဟက္.....
ဆုိးတာကေတာ့ Malepregs အေၾကာင္းေတြ
က် မေရးၾကတာပဲ "

UNICODE

     "ငါပြောတာကြားလား ? "
တောင့်ခဲနေသော လဲ့ရွှမ်ကို ဟေးချန်ကို လှည့်ကြည့်လာသည်။ သနားစရာအစေခံလေးကလည်း ' ဟုတ်ကဲ့´ လို့သာပြောပြီး သူ့အမိန့်ကို နာခံလိုက်တော့သည်။

     မီးဖိုချောင်ဆီ သွားတဲ့လမ်းတစ်လျှောက်
လဲ့ရွှမ်လည်း စိတ်မသက်မသာဖြစ်နေသည်။
သခင်လေးက မီးလောင်နေတဲ့ထင်းလို့ပင်;
သူက မျက်လုံးချင်းဆုံအောင် ကြည့်လို့မရပေမယ့်လည်း ထိုမီးဟုန်းဟုန်းတောက်နေသော
မျက်လုံးများက်ုတော့ ခံစားလို့ရသေးပြီး သူ့တစ်ကိုယ်လုံးပင် ပူလောင်လာသည်။

   လဲ့ရွမ်လည်း အကူညီမဲ့စွာနဲ့ ခေါင်းသာခါလိုက်သည်။ သခင်လေးက ဖော်ရွှေကြင်နာတတ်တဲ့သူအဖြစ်ကနေ အခုလို အ ချိန်တိုင်းလိုလို ဒေါသထွက်နေတဲ့သူအဖြစ် ပြောင်းသွားသလဲ သူလည်း နားမလည်နိုင်တော့ပေ။

  မီးဖိုချောင်းထဲကလူတွေကို ဂရုစိုက်မနေတော့ပဲ မီးဖိုပေါ်က နှင်းမှိုဟင်းချိူ နဲ့ ကြာစေ့ဆန်ပြုတ်တို့ကို စာကြည့်ဆောင်သို့ သယ်လာလိုက်သည်။

  ဟေးချန်အရှေ့ သေသေချာချာ ချပေးလိုက်ပြီး အဖုံးဖွင့်လိုက်ချိန်တွင်တော့ ကြာစေ့ရဲ့အနံ့က မွှေးကြိုင်သင်းပျံ့စွာ ထွက်လာသည်။
ဆန်ကို ထူပြစ်လာတဲ့အထိပြုတ်ထားတဲ့အတွက် ကြာစေ့ကလည်း အကြည်ရောင်တောင်
ပြောင်းသွားသည်။ထိုဆန်ပြုတ်ကိုမြင်လိုက်တာနဲ့ လူတိုင်းကို စားချင်စိတ် ဖြစ်စေနိုင်သည်။ ယခုလို နွှေရာသီနဲ့လည်း စားဖို့ အဆင်ပြေသည်။

  လဲ့ရွမ်လည်း ဘေးကကြည့်၍ သရေမျိူ ချလိုက်ရသည်။

  တစ်ဖက်က ဟေးချန်ကတော့ စိတ်ထဲမှာတွေးနေမိသည်။ *ဟွန့်.. ငါဘယ်လိုများ မေ့နိုင်ရတာလဲ? အဲ့ဒီမိန်းမက ဘယ်လိုစားရမလဲ တကယ်ကို ကောင်းကောင်းသိတာပဲ။*

     "ငါ့ကို တစ်ပန်းကန်ထည့်ပေး"

    လဲ့ရွမ်လည်း သေချာ ထည့်ပေးလိုက်သည်။ ဟေးချန်လည်း ဘာမှထပ်ပြောမနေပဲ
တစ်ဇွန်း ခပ်သောက်ကြည့်လိုက်သည်။

  နူးညံ့တယ်, စေးကပ်တယ်, မွှေးကြိုင်တယ်, ချိူ တယ်... အရသာက ရိုးရှင်းပြီး လန်းဆန်းစေသည် ..တကယ့်ကို သူ့အနံ့အတိုင်းပင်။

{snow fungus and lotus seed porridge👇}
😋🤤

  ဟေးချန် ဘာမှထပ်ပြောမတော့သောကြောင့် လဲ့ရွှမ်လည်း ဘေးမှာပဲ ရပ်နေပြီး မလှုပ်မယှက်သာ ရပ်နေလိုက်သည်။ အရင်ကဆို
သိပ်မစားတတ်သောသူ့သခင်လေးက နှင်းမှို
နှင့် ကြာစေ့ဆန်ပြုတ် တို့ကို ရပ်မည့်ပုံမရှိပဲ အလှည့်ကျ စားသောက်နေတာက်ုသာ
ကြည့်နေလိုက်သည်။

ဟေးချန် စားသောက်ပြီးတဲ့အချိန်မှာတော့
သူ့ပန်းကန်ထဲ ပြောင်နေပြီး မီးဖိုချောင်ကနေ
လဲ့ရွမ်ယူခဲ့တဲ့ ပန်းကန်ကြီးထဲမှာလည်း ဘာမှမကျန်တော့ပေ။တကယ်ကို နည်းနည်းလေးတောင် မကျန်တော့အောင်ကို ပြောင်သွားတာပါ....

လဲ့ရွမ်လည်း ပန်းကန်တွေကို ငုံ့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတို့ တွန့်ကျိူ းသွားရသည်။ သို့ပေမယ့် တစ်ခွန်းမှမပြောပဲ ထိုပန်းကန်တွေကိုသာ စာကြည့်ဆောင်ကနေ သယ်သွားလိုက်သည်။

   သူအပြင်ရောက်တော့မှ ထိုဘာမှကိုမကျန်တော့တဲ့ ပန်းကန်တွေကို နောက်တစ်ကြိမ်ပြန်ကြည့်ပြီး နောင်တအပြည့်ဖြင့် ခေါင်းခါလိုက်သည်။ *သခင်လေးစားပုံအရဆို အရသာရှိမှာ ကျိန်းသေတယ်... ဒါပေမယ့် သခင်လေးက တစ်စက်တောင် ချန်မထားဘူးလေ.. ငါမြည်းစမ်းကြည့်လို့ အခွင့်မရှိတော့ဘူးပေါ့*

  သူ့ဗိုက်ထဲအစာလေးတွေ.. အထူးသဖြင့်
ချူ းလျန်ကိုယ်တိုင် သူမရဲ့မနက်စာအဖြစ် ပြင်ဆင်ထားတဲ့ ဟာတွေဆိုတော့ ဟေးချန်ရဲ့ စိတ်လေးက ချက်ချင်းကို သာယာပေါ့ပါးသွားရသည်။ 'အဲ့ဒီမိန်းမသာ မနက်ဖြန်ကျရင် သူကိုယ်တိုင် လုပ်ထားတဲ့ မနက်စာလေး ပျောက်သွားတာသိရင်.....´ ဆိုသည့် အတွေးနဲ့တင် ဟေးချန်မှာ စိတ်ချမ်းသာနေသည်။

  ယခု အားအင်တွေပြည့်ဝသွားတဲ့အတွက်
သူ့စိတ်ပေါ့ပါးစွာနဲ့ အိပ်ယာမဝင်ခင် စစ်ရေးရာစာအုပ်တွေကို နောက်ထပ် နှစ်နာရီလောက်
ထပ်ဖတ်အုံးမည်ဟု တေးထားလိုက်သည်။

  မီးဖိုချောင်ထဲမှာ စောင့်ကြည့်နေတဲ့ အစေခံတွေကတော့ တတိယသခင်လေးရဲ့အစေခံက သူတို့စောင့်ကြည့်နေရတဲ့ ဆန်ပြုတ်နဲ့စွပ်ပြုတ်ကို လာသယ်သွားသည့်အတွက် အစေခံကူဆီကို အမြန် သတင်းသွားပေးလိုက်ကြသည်။

  အစေခံကူလည်း ခေါင်းငြိမ့်လိုက်၍ ထိုအစေခံတွေကို ပြန်ခိုင်းလိုက်သည်။

   နောက်တနေ့မနက် ချူ းလျန်နိုးလာချိန်မှ အစေခံကူလည်း ထိုသတင်းကို ပြောပြလိုက်သည်။

  ချူ းလျန်လည်း ပြောစရာစကားမဲ့သွားသည်။

  ထို့ကြောင့်ပဲ အစေခံကူက ချူ းလျန်ရဲ့ အတွေးတွေကို ဖြည့်ပေးလိုက်ရသည်။

   တင်ကြီးငှက်ရဲ့ အမွှေးဖြင့်လုပ်ထားသော
အလှပစ္စည်းကို ချူ းလျန်ရဲ့ ခေါင်းမှာ တပ်ပေးလိုက်ပြီး အစေခံကူက ပြုံးလျက် ပြောလိုက်သည်။
    " တတိယသခင်မလေး..က အဲ့ဒီ စွပ်ပြုတ်နဲ့ ဆန်ပြုတ်ကို သခင်လေးအတွက် ထားပေးခဲ့တာမလား ? "

  အမှန်တရားဖြစ်နေ၍ ချူ းလျန်လည်း ရှက်လာပြီး သူမရဲ့ ပါးတွေဟာလည်း နီူမြန်းလာသည်။
       "အဲ့ဒီကောင်အတွက် ဘယ်သူက ချန်ပေးထားလို့လဲ ? သူ ပြန်မလာခင် ဘာမှစားမလာဘူးလား? "

   အစေခံကူလည်း ပြုံးလျက် ဘာမှဆက်ပြောမလာတော့ပေ... အနှီသခင်မလေးက ဝန်ခံရမှာ ရှက်နေတာကို သူသိတာပေါ့ ။

  ချူ းလျန်လည်း တိတ်ဆိတ်နေသည်။ သူမရှေ့မှာ ပေါ်နေသော ပုံရိပ်ကိုကြည့်ရင်း သူမရဲ့ စိတ်ဟာလည်း ပြန့်လွှင့်နေသည်။

    သူတို့လက်ထပ်ပြီးစ ရက်တွေတုန်းက...
ဟေးချန်က သူမအပေါ် ကြင်နာတဲ့ခံစားချက်တွေ မရှိတာကို သူမပြောနိုင်ပါတယ်။ သူ့ရဲ့ ပြောင်းလဲနေမှုက နားကျည်ချက်တွေများနေလို့
ဖြစ်နိုင့်ပီး သူဘယ်ကနေ ထိုနားကျည်မှုတွေ
ရလာသလဲဆိုတာလည်း သူမ မသိပေ။

  ဝတ္ထုအရဆိုရင်တော့ သူတို့က လက်မထပ်ခင်တုန်းက အကြိမ်ရေ နည်းနည်းပဲ တွေ့ဖူးကြပြီး တကယ့်ကို မျက်စိစုံမှိတ် လက်ထပ်ခဲ့ကြတဲ့ သူတွေပင်။

      ဟေးချန်ကတော့ လုံးဝက်ုပြောင်းလဲနေပြီး သူမကို နှလုံးသားထဲကနေကို မုန်းနေတာကို ခံစားလို့ရနေသည်။ အဲ့လိုဆိုရင်တောင်
ချူ းလျန်အဆင်ပြေပါတယ် ; အခုသူမက ဇာတ်လိုက်မ ဖြစ်နေပြီးတော့ သူမရဲ့အားသာချက်အနေဖြင့် ရှေ့ဖြစ်ရပ်တွေကို ကြိုသိနိုင်သေးသည်။ဘာပဲဖြစ်ဖြစ် သူမကလည်း နဂို
ချူ းလျန်မဟုတ်တဲ့အတွက် အဲ့ဒီရှောင်ပိုကျင်း
ဆိုတဲ့လူကိုလည်း မချစ်ကြိုက်လာနိုင်ပါဘူး။

အခု သူမက ကျင်းအန်ရဲ့ တစ်စိတ်တစ်ပိုင်း
ဖြစ်နေပြီ ဖြစ်သည်။ ဒီမိသားစုနဲ့အတူတူ ရက်အနည်းငယ် နေပြီးပြီဖြစ်တဲ့အတွက် သူမလည်း လူတိုင်းကို သဘောကျပါသည်....
ဟေးချန်ကလွှဲလို့ပေါ့ ထို့ကြောင့် သူမလည်း ထိုမိသားစုနဲ့ပဲ ဆက်ပြီး နေထိုင်ချင်သည်။
သို့ပေမယ့် အဓိပ္ပါယ်ကတော့ သူမက ထိုဟေးချန်နဲ့ အဆင်ပြေအောင်တော့ နေမှ ရတော့မည်။

   သူတို့က အချစ်ငှက်တွေ မဟုတ်ရင်တောင်မှပဲ အသက်တွေကြီးလာရင်တော့ အခုလိုအခြေနေမျိူ း ဖြစ်တော့မည်မထင်ပေ။ တစ်ယောက်ကိစ္စကိုတစ်ယောက် ဝင်မစွပ်ဖက်ကြတဲ့ သာမန်သူငယ်ချင်းတွေလိုတော့ ဖြစ်လာနိုင်ပါသည်။

   သူမက ကျင်းအန်အိမ်တော်မှာ ဂျပိုးတစ်ကောင်လိုတော့ ပျော်ရွှင်စွာနဲ့ပဲ တွယ်ကပ်နေနိုင်မှာပါ။ သူမက ပျင်းလာရင် အရသာ ရှိတာတွေ ချက်စားမယ် ပိုက်ဆံတွေ ရှာမယ်။ နောက်နှစ် နှစ်လောက်ကြာလို့ ဟေးချန်က ကလေးလိုချင်လာရင် သူမက ကိုယ်လုပ်တော် တစ်ယောက် နှစ်ယောက်လောက်ကိုတောင် ရှာပေးနိုင်သေးသည်။ သူ့မိသားစုအတွက် အမွေဆက်ခံသူ လိုတယ်မလား။

  ထို့ကြောင့် ထိုနှင်းဖြူ နဲ့ ကြာစေ့ဆန်ပြုတ်တို့က ဟေးချန်အတွက် ချူ းလျန်ဘက်မှ ငြိမ်းချမ်းရေအလံဖြူ ပဲ ဖြစ်သည်။

သူတို့နှစ်ယောက်က တစ်မိုးအောက်ထဲအတူတူနေကြရအုံးမှာဖြစ်သည်။ကျင်းအန်အိမ်တော်ရဲ့မုန်တိုင်းတွေရောက်လာဖို့ နှစ်နှစ် သုံးနှစ်လောက်လိုသေးပြီး ထိုအရာမလာခင်အထိတော့ သူတို့က ဇနီးမောင်နှံတွေလို့ပဲ သတ်မှတ်လို့ရသေးသည်။ သူတို့တွေ နေ့တိုင်းတော့ တစ်ယောက်ကိုတစ်ယောက် မုန်းနေကြပြီး မတိုက်ခိုက်နိုင်လောက်ကြပါဘူး !
သူက အဲ့လိုပဲ တိုက်ခိုက်သွားချင်ရင်တောင်မှပဲ သူမကတော့ အဲ့လိုမလုပ်နိုင်ပေါင်။

  ချူ းလျန်ကတော့ ထိုကဲ့သို့ အနာဂတ်အစီစဉ်တွေကို ပြုလုပ်နေပေမယ့် သူမဘယ်တော့မှ မသိလိုက်ရတာက ဟေးချန်က တစ်လျှောက်လုံးသူမရဲ့ အပြူမူ အပြောဆို အနေထိုင်တွေအားလုံးကို မှားဖတ်နေပြီး နားလည်မှုလွှဲနေသည်ဆိုတာကိုပင်။ အခုတောင်မှပဲ ဟေးချန်က ကောင်းကောင်းအိပ်ပျော်နေပြီး အိမ်မက်ထဲမှာ သူက သူမရဲ့ မနက်စာကို ပျော်ပျော်ကြီး ထပ်စားနေလေရဲ့...

" သခင်မလေး... ဒီမနက် ဘာစားချင်ပါလဲ? "
မင်ယန်က ဝင်လာပြီး မေးလိုက်သည်။

   ထိုအသံကြောင့်ချူ းလျန်လည်း သူမအတေတွေကနေ နိုးထလာသည်။ သူမ အပြင်ကို
ကြည့်လိုက်တော့ နေမြင့်နေပြီ ဖြစ်ပြီး ရာသီဥတုကလည်း အတော်ပူလာသည်။
ချူ းလျန်လည်း ရုတ်တရက်
' အိစက်ညက်ညောတဲ့မိုးစက်ကိတ်' ကို တွေးမိလိုက်သည်။

   သူမတောင် အဖြေပြန်မပေးလိုက်ရသေး..
အစေခံတစ်ယောက်က သတင်းပေးရန် အပြေးအလွှား ရောက်လာသည်။

အစေခံကူလည်း မျက်မှောင်ကြုတ်လျက်
  " ဘာတွေဖြစ်နေတာလဲ? အပြုမူတွေကိုတောင် မေ့နေပြီး နင်ကဘယ်လိုတွေဖြစ်နေတာလဲ ? "

  အစေခံလည်း ခေါင်းငုံ့လိုက်ပြီး သူမရဲ့လာရင်းကိစ္စကိုတော့ မမေ့ရဲပေ။
   "တတိယသခင်မလေး , မိုမို , ကျင်းချီ ခန်းမက အစေခံလဲ့က တစ်ယောက်ယောက်နဲ့ သကားပါးခိုင်းလာပါတယ်။သူမပြောတာက တတိယသခင်မလေးကို ကျင်းချီခန်းမထဲ တတ်နိုင်သမျှ မြန်မြန်လေး လာခဲ့ပေးပါတဲ့ "

ချူ းလျန်လည်း မျက်မှောင်ကြုတ်သွားသည်။
အစေခံလဲ့ဆီက စကား?

  အစေခံလဲ့က သခင်မကြီးဟေး၏ အယုံကြည့်ရဆုံးသူ ဖြစ်၍ တစ်ခုခုတော့ ကြီးကြီးမားမားဖြစ်နေပြီဟု သတိထားမိလိုက်ပြီး ချူ းလျန်လည်း အမြန်ထသွားလိုက်သည်။

  အဆောင်ပြင်သို့ မထွက်မီ ဟေးချန်အကြောင်းမေးရသေးပြန်သည်။
   "ငါ့ယောကျာ်းကော ? သူ အိပ်ပျော်နေတုန်းလား ? "

  အစေခံလဲ့က ခေါင်းခါလိုက်၍
   "အစေခံတစ်ယောက်ကို ကြည့်ခိုင်းလိုက်တာတော့ သူမ စာကြည့်ဆောင်က်ု သွားရှင်းတော့ ဘယ်သူမှ အထဲမှာ မရှိတော့ဘူးတဲ့။
ကြည့်ရတာ သခင်လေးက အပြင်ဆောင်က
ပြင်ပစာကြည့်ဆောင်မှာလို့ ထင်ပါတယ် "

  ချူ းလျန်ကလည်း ခေါင်းငြိမ့်လိုက်ပြီး
   "မိုမို, တစ်ယောက်ယောက်ကို လွှတ်ပြီး သူ့ကို ကျင်းချီခန်းမကို လာဖို့ ပြောခိုင်းလိုက်ပါ"

  " နားလည်ပါပြီ "

   ချူ းလျန် ကျင်းချီခန်းမကို ရောက်ချိန်မှာတော့
ကျင်းအန်ရဲ့ အထူးပုဂ္ဂိုလ်တွေအကုန်လုံးက ရောက်နေပြီ ဖြစ်သည်။သူမရဲ့ယောက္ခမနဲ့ ဟေးချန်ကလွှဲလို့ပေါ့။ဆုံဖို့ ရှားတဲ့ ဒုတိယသခင်လေး ဟေးချန်ကျူ  လည်း ရှိနေသည်။

   သူမ အခန်းထဲ ခြေလှမ်းလိုက်တာနဲ့ အထဲလူတွေ အကုန်လုံးက ကြည့်လာကြပြီး ထိုအကြည့်တွေထဲတွင် စာနာမှုတွေနဲ့ အပြစ်လုပ်မိသလိုမျိူ းတွေ ပါဝင်နေကြောင်း ချူ းလျန် ဖတ်မိလိုက်သည်။

   ချူ းလျန်ရဲ့ ဝိုင်းစက် ကြည်လင်နေတဲ့ မျက်လုံးများက မျက်တောင်တကြိမ်ခတ်မိလိုက်သည်။ ဘာတွေဖြစ်နေတာလဲ? ငါကောင်းကောင်းကြီးရှင်သန်နေပါသေးတယ်; ဘာကြောင့် ငါကပဲ ရောဂါတစ်မျိူ းမျိူ းကို တိတ်တဆိတ်နဲ့ တစ်ယောက်ထဲကျိတ်မှိတ်ခံစားနေရပြီး
သူတို့ကကျ အခုမှသိကျလို့ သနားနေတဲ့ပုံတွေ ဖြစ်နေကြတာလဲ? ကောင်ချောချောတစ်ယောက်လောက် လာရှင်းပြပေးနိုင်မလား?>.<

  " အဖွား , အကိုကြီး , အမကျိူ း, ဒုတိယအကို"
ချူ းလျန် ဒီခေတ်ထုံးစံအတိုင်း နှုတ်ဆက်လိုက်သည်။

   သခင်မကြီးဟေးက သူမလက်ကို ဝှေ့ယမ်းလာပြီး
   "လျန်အာ .. အဖွားရဲ့ဘေးမှာ လာထိုင်ပါ"

  အာ? ချူ းလျန်လည်း အကိုကြီးနဲ့ အမကျိူ းတို့က သခင်မကြီးဟေးအောက် တစ်ဆင့်နိမ့်သည့်နေရာတွင် ထိုင်နေကြတာကို ကြည့်၍
တွန့်ဆုတ် တွန့်ဆုတ်နဲ့ပဲ သွားလိုက်ပြီး သခင်မကြီးဟေးက သူမကို နွှေးထွေးစွာ ဆွဲခေါ်၍ ဆိုဖာပေါ်မှာ ထိုင်စေသည်။

  ချူ းလျန်လည်း သခင်မကျိူ းကို တချက်ကြည့်လိုက်ပြီး မနာလိုတာဘာညာရှိသလား စစ်ကြည့်လိုက်သည်။ ဘာအရိပ်ယောင်မှ မတွေ့ရတော့မှ သူမလည်း စိတ်အေးသွားသည်။

  အကုန်လုံးက သူမကိုပဲ စိုက်ကြည့်နေကြ၍
ချူ းလျန်လည်း ထူးဆန်းနေတာကို သိလိုက်သည်။သခင်မကြီးဟေးတောင်မှပဲ သူမရဲ့လက်တွေကို ညင်ညင်သာသာ ကိုင်၍ သူမကို နှစ်သိမ့်နေသလို ပုတ်ပေးလာသည်။

  သူမက အပြစ်ကင်းစင်စွာဖြင့် မျက်တောင်ခတ်လိုက်လျက်
   "အဖွား... ကိစ္စတစ်ခုခုများ ရှိလို့လား?"

   ဟေးသခင်မကြီးက သူမရဲ့ ခေါင်းကို ခပ်ဖွဖွပုတ်၍ သက်ပြင်းချလျက်
    "လျန်အာ.. အဖွားပြောစရာ ရှိတယ်... ဒါပေမယ့် အရင်ဆုံး သမီးစိတ်မဆိုးပါဘူးလို့ အဖွားကို ကတိပေးရမယ် "

  ချူ းလျန်လည်း စိတ်ထဲ၌ ပြုံးမိလိုက်သည်။
သူမရဲ့ လုံခြုံမှုကိုသာ လာမထိခိုက်သ၍ ဘာကမှ သူမကို စိတ်ဆိုးဒေါသထွက်အောင် မလုပ်နိုင်ပါဘူး။

   သခင်မကြီးရဲ့စကားအသွားအလာတွေကြောင့် သူမက ပိုပြီးတောင် သိချင်သွားသည်။
    "အဖွား..ဒီအတိုင်းသာပြောလိုက်ပါ။ ဒီမြေးချွေးမက စိတ်ခံစားချက် လွယ်တဲ့လူ မဟုတ်ပါဘုး "

   သခင်မကြီးဟေးလည်း တခဏလောက်
တိတ်ဆိတ်နေပြီးမှ ပြောလာသည် ။
    "ကောင်းပြီ ကလေး ။အဖွား ပြောပါမယ် ။
စန်းလန်က မြောက်ဘက်နယ်စပ်ရဲ့စစ်တပ်ကို သွားဖို့ စာရင်းပေးလိုက်တယ်...သူဒီမနက် နေမထွက်ခင်ကပဲ ထွက်သွားပြီ "

   ချူ းလျန်လည်း တောင့်တင်းသွားသည်;
သူမလုံးဝကို မျှော်လင့်မထားတဲ့ကိစ္စ ဖြစ်သည်။

ခဏနေပါဦး , တခုခုတော့ မှားနေပြီ .... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

  ဝတ္ထုထဲက ဟေးချန်က စစ်တပ်ထဲ ဝင်ဖို့
ဘယ်တုန်းကမှ မတွေးဖူးဘူးလေ။ ဘယ်လို...
ဘယ်လိုကြောင့် အခုမှ ရုတ်တရက်ကြီး စစ်တပ်ထဲ ဝင်ချင်သွားရတာလဲ?!

  ဘာလို့ ဒီဝတ္ထုက ဒီလောက်ကြီးအထိကို ပြောင်းလဲ နေရတာလဲ? ဟေးချန်က ဝတ္ထုရဲ့ကျောရိုးကို လုံးဝကြီးကို လျစ်လျူ ရှုပစ်နေတာပဲ!

အခန်းထဲကတစ်ယောက်ယောက်သာ ချူ းလျန်ရဲ့ အတွေးကို သိနိုင်မယ်ဆိုရင် သူတို့မျက်လုံးတွေကို လှည့်မိကြမှာ သေချာသည်။

ဟေးချန်ရဲ့ ငယ်ရွှယ်လှပတဲ့ဇနီးလေးအဖြစ်နဲ့
နည်းနည်းလေးတောင် ခံစားမပေးနိုင်ဘူးလား....ချူ းလျန်?

    ကိုယ့်ယောကျာ်းကို ယူထားတာတောင်မကြာသေးပဲ ဘာလို့ကိုယ့်ကိုမှထားပစ်ခဲ့ပြီး စစ်ထဲဝင်သွားလဲလို့ တွေးပြီး ဝမ်းနည်းပက်လက်ဖြစ်နေရမယ့်အစား ဝတ္ထုထဲက အတိုင်း တူအောင် သရုပ်မဆောင်လို့ စိတ်တိုတယ်တဲ့လား?!

  အခြားလူတွေရဲ့အမြင်မှာ အတွေးနစ်နေတဲ့ချူ းလျန်ကိုသာ တွေ့ရပြီး သူမလေးက ဝမ်းနည်းနေပေမယ့် ထုတ်မပြတာဟုသာ ထင်နေကြသည်။ 

  သခင်မကြီးဟေးက သူ့မြေးချွေးမလေးအတွက် ပိုလို့တောင် နာကျင်ခံစားလာရသည်။
   " ဝမ်းမနည်းပါနဲ့ကလေးရယ်။ သမီးမှာ သမီးရဲ့ အကိုကြီးကော အမကြီးကော ဒုတ်ယအကိုကော ဒီအဖွားကော ရှိပါသေးတယ် "

ချူ းလျန်ကတော့ စိတ်ထဲ၌ ဟေးချန်ကို မေတ္တာပို့ပေးနေလိုက်သည်။
*ကြည့်ရတော့ အဲ့အကောင်က ငါ့နဲ့နေရမှာ အတော်လေး ကြောက်နေတယ်ထင်ပါ့။ ငါကျွေးတာကိုစားပြီးတာနဲ့ အရမ်းကိုစိတ်ဓာတ်တွေ တက်ကြွသွားပြီး စစ်ထဲကိုတောင် သွားလိုက်သေးတယ်။ ကျေးဇူးတင်ရကောင်းမှန်းမသိ ရုပ်လေးချောသလောက် စိတ်ဓာတ်ကတော့
ဟိုးအောက်ဆုံးမှာပဲ ! အခု ဒီလိုဆိုတော့လည်း အဲ့ဒီမြောက်ဘက်နယ်စပ်ကို ဘာအတွက်သွားတာလဲဆိုတာ စောင့်ကြည့်ပါအုံးမယ်!
 
သူတို့နှစ်ယောက်က သူငယ်ချင်းတောင် မဖြစ်နိုင်မှတော့ ရှိသမျှ ကြိုးတွေအကုန်ဖြတ်လိုက်ကြတာပေါ့! {သံယောဇဉ်ကြိုး}

  သူမရှိရင် မနေနိုင်ဖြစ်နေတာလည်းမဟုတ်ပါဘူး။ သူထွက်သွားတာက ကောင်းတယ်လို့တောင် မှတ်ရအုံးမယ်။ အခုတော့သူမက အမြဲတမ်း စိတ်ဒုက္ခကင်းကင်းနဲ့ ပျော်ပျော်ကြီးပဲ ကျင်းအန်အိမ်တော်မှာ နေနိုင်တော့မယ်!

ချူ းလျန်လည်း ပြုံးလျက်
   "အဖွား, အဖွားတို့အားလုံးက သမီးအတွက်ရှိနေမယ်ဆိုတာ သိပါတယ်။ သမီးရဲ့ ယောက်ျား ဒီမှာ မရှိရင်တောင်မှပဲ သူမကောင်းကောင်းနေပါ့မယ် "

သူမရဲ့အပြုံးက အခြားလူတွေ စိတ်ထဲမှာတော့ ဝမ်းနည်းမှုကို ဖုံးကွယ်ထားတာနဲ့ တူနေသည်။သူများကိစ္စကို ဝင်မပါတတ်တဲ့ ဟေးချန်ကျူ း တောင်မှပဲ ပြောလာသည်။
  " ခယ်မလေး.. ဝမ်းနည်းမနေပါနဲ့။ အကိုလည်း စစ်ရေးဘယ်လက်ရုံးအနေနဲ့ အလုပ်လုပ်နေတာပဲ။ ညီလေးရဲ့ သတင်းကြားတာနဲ့ အကို ညီမလေးကို ပြန်ပြောပြပါ့မယ် "

   ဒီလိုနဲ့ပဲ ချူ းလျန်ရဲ့ တမနက်ခင်းလုံးက နှစ်သိမ့်ဖေးမ ပေးမှုတွေကို ခံယူရင်းနဲ့ ကုန်ဆုံူသွားပါတော့တယ်။ သခင်မကြီးဟေးကအထူးလက်ဆောင်အနေဖြင့် ရွှေဖြင့်ကွပ်ထားသည့် ကျောက်စိမ်းအလှပစ္စည်းတစ်ခုတောင် ပေးလိုက်သေးသည်။
ထိုပစ္စည်းက ကြည့်ရုံနဲ့တင် အနည်းဆုံး ငွေတုံး ၁၀၀၀ လောက် ရှိနိုင်သည်။

    ချူ းလျန်လည်း လက်ဆောင် တစ်ပွေ့တစ်ပိုက်ကြီးဖြင့် ပျော်ပျော်ကြီး ပြန်လာခဲ့လိုက်သည်။
သူတို့အဆောင်ထဲ ဝင်ချိန်တွင်တော့ ရှီးယန်နှင့် ဖူယန်တို့ သယ်ထားသော သေတ္တာများကိုမြင်၍ အစေခံကူက အံ့ဩသွားသည်။

     "ဘာတွေ ဖြစ်ခဲ့တာလဲ?"

ရှီးယန်နဲ့ ဖူယန်ကတော့ ချူ းလျန်လို စိတ်အေးမနေပေ။သူတို့ပုံစံက အင်အားချိနဲ့ နေသလို ဖြစ်နေသည်။ရှီးယန်က ပြန်ဖြေလိုက်သည်။
"သခင်မကြီးနဲ့ သခင်မကျိူ း က သခင်မလေးအတွက် လက်ဆောင်တွေပေးလိုက်တာပါ"

  " အာ?  အထူးပွဲတော်အချိန်လည်း မဟုတ်ပါဘူး ဒါဆို ဒီလက်ဆောင်တွေက ဘာအတွက်လဲ?"
သေတ္တာတွေက ကြည့်တာနဲ့တင် ဈေးကြီးတာသိနိုင်ပြီး အထဲကပစ္စည်းတွေက တန်းဖိုးကြီးတာထင်ရှားသည်။

  ကျင်းအန်အိမ်တော်က ယင်အိမ်တော်ထက်
ပိုအဆင်ပြေတာ သိပေမယ့် အကြောင်းမရှိပဲနှင့် တန်ဖိုးကြီးလက်ဆောင်တွေကို ပေးမည်မဟုတ်ပေ။
ရှီးယန်လည်း ချူ းလျန်ကိုတချက်ကြည့်လိုက်ပြီး ဘာအရိပ်အယောင်မှ မမြင်ရတော့မှ အျကြာင်းရင်းကို အစေခံကူကို ရှင်းပြလိုက်သည်။

အစေခံကူလည်း အံ့ဩလွန်း၍ မျက်လုံးများပင်ကျယ်သွားသည်။
"ဘာ! သခင်လေး ထွက်သွားပြီ?! "

  ချူ းလျန် လည်း တည်ငြိမ်စွာနဲ့ပဲ အစေခံတွေကို ကြည့်လိုက်ပြီး
   " ပစ္စည်းတွေက်ု သေချာနေရာချထားလိုက်
ငါပင်ပန်းလို့ ခဏအိပ်လိုက်အုံးမယ်"

  ချူ းလျန် ထွက်သွားခါမှ အစေခံတွေလည်း စိတ်ထဲ၌ တွေး၍ ချူ းလျန်အတွက် စိတ်မကောင်းဖြစ်လာကြသည်။
သခင်လေးက မင်္ဂလာဆောင်နေ့ထဲက သခင်မလေးအပေါ်မကောင်းခဲ့တာကနေ အခုစစ်တပ်ထဲကိုတောင် ဝင်သွားသေးတယ်ပေါ့?!
ဘယ်လိုပဲတွေးတွေး ချူ းလျန်အတွက်စိတ်မကောင်း ဖြစ်လွန်း၍ အစေခံကူပင် မျက်ရည်ကျမိသည်။ ရှီးယန်တို့လည်း အပါဝင်ပေါ့။

အစေခံကူလည်း အခန်းထဲရှိလေထုက စိုထိုင်းလာတာကို တွေ့၍ သူ့မျက်ရည်များကို အမြန်သုတ်လိုက်ပြီးမှ အသံနိမ့်နိမ့်ဖြင့် ဆူလာသည်။

  " ဘာလို့ စိတ်ဓာတ်ကျတဲ့ မျက်နာတွေဖြစ်နေရတာလဲ! နင်တို့ရဲ့ သခင်မလေးက နင်တို့အရှေ့မှာပဲ အကောင်းကြီးအတိုင်းရှိနေသေးတယ်! သွားကြတော့! နင်တို့အလုပ်တွေသွားလုပ်ကြတော့! သခင်လေးက ဘယ်တော့မှ ပြန်မလာမှာမဟုတ်ဘူးလေ။ ဒါကအိမ်ပဲလေ; သူဘယ်ပဲသွားသွား သူ့နှလုံးသားထဲမှာတော့ ဒီနေရာက အမြဲရှိနေမှာပဲ "

  အစေခံတွေလည်း အမြန်ထွက်သွားကြသည် ။

  ထိုအချိန် ချူ းလျန်ကတော့ အခန်းထဲတွင်
သာယာနေသည်။ သူမက ကုတင်ခေါင်းရင်းတွင် မှီလျက် ခြေထောက်ချိတ်ထားပြီး လက်တဖက်က ယပ်တောင်ကိုင်လျက် ယပ်ခတ်နေပြီး တစ်ဖက်က ဟာသစာအုပ်တစ်အုပ်ကို ကိုင်လျက် ပျော်ပျော်ကြီး ဖတ်နေသည်။

  စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုရောက်သွားရင် သူမကိုယ်သူမ ယပ်တောင်ခတ်ရမှာတောင် မေ့သွားသည်။

  သူမဘာသာ တစ်ယောက်ထဲနဲ့ တစ်ချိန်လုံးလည်း တီးတိုးပြောနေလိုက်သေးသည်။

  " ဒီလိုရှေးခေတ်ကြီးမှာ ဒီလိုဟာသကောင်းကောင်းတွေ ရှိလိမ့်မယ်လို့တောင် မတွေးမိခဲ့ဘူး; သူတို့က လိင်ကိစ္စရေးရာ စာအုပ်တောင်ရေးလိုက်သေးတယ်! ဟက် ဟက်.....
ဆိုးတာကတော့ Malepregs အကြောင်းတွေ
ကျ မရေးကြတာပဲ "

Continue Reading

You'll Also Like

5.9M 383K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...
160K 7.8K 92
𝑰𝒏𝒅𝒖𝒍𝒆𝒌𝒉𝒂, a young cheerful girl from Kaliyug, is reborn as the sister of the Pandavas after she dies. She was the apple of their eyes, thei...
50K 6.7K 19
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
270K 7.1K 170
After six years of war, my fiancé returned. With a woman and his child in tow. While saying that he couldn't leave her. The same irresponsible fiancé...