<Unicode>
# Translated by Irisbellar
Ch. 26 အိမ်ပြန်နောက်ကြခြင်း
ဟေးဆန်းလန် အိမ်ကို ညရောက်မှသာ ပြန်လာခဲ့တော့သည်။
သူ့အဆောင်ကို မပြန်ခင် ကျင်းချီခန်းမအရှေ့ရောက်တော့ မတ်တပ်ရပ် နေခဲ့သည်။ တစ်နေ့လုံး အပြေးအလွှား အခြားသူများနှင့် တွေ့ဆုံနေခဲ့ရလို့ ဘာမှ ရေရေရာရာ မစားလိုက်ရပေမယ့် သေရည်တော့အများကြီး သောက်ထားခဲ့ပြီးပြီ။
လဲ့ရွမ်လဲ ဒီနေ့ သူ့သခင် နည်းနည်း စိတ်ဖိစီးနေတာကို ဘေးကနေ သတိထားမိနေခဲ့သည်။ ဟေးချန်ရဲ့ယောက်ကျား ပီသတဲ့မျက်နှာ ပေါ်ဝယ် အေးစက်တဲ့ အမူအရာရှိနေပေမယ့် အတွင်းစိတ်ကတော့ မြေပြင်ပေါ် လူးလိမ့်လိုက်ချင်ခဲ့ပုံ ပေါ်၏။ သူ့နှုတ်ခမ်းတစ်ခုက အနည်းငယ် ကော့ညွှန့်သွားပြီး အကြည့်တွေကတော့
ကြယ်တွေကဲ့သို့ တစ်လက်လက် တောက်ပနေခဲ့သည်။သူ့သခင်က အမှောင်ထဲမှာ ဝပ်နေတဲ့ သိမ်းငှက် တစ်ကောင်လို သားကောင်ကို အမိဖမ်းရန် အခွငိ့အရေးကို စောင့်ဆိုင်း နေသည့်ပုံ ဖြစ်သည်။
ဒီသွေးဆာနေတဲ့ သိန်းငှက်ရဲ့မျက်လုံးတွေက တတိယသခင်မလေးရှိရာ Songtao မဆောင်ကနေ မခွာနိုင်ဖြစ်နေခဲ့သည်။
လဲ့ရွမ်လဲ သတ္တိမွေးပြီး လက်ရှိအခြေအနေကို သတိပေးလိုက်သည်။
" သခင်.....သခင်လေး., အခုချိန်က နောက်ကျနေပါပြီ။ အပြင်မှာလဲ တော်တော်လေး သောက်လာခဲ့တော့ ဒီနေ့ စောစော အိပ်ယာဝင်တာ ပိုကောင်းပါလိမ့်မယ်။ "
လဲ့ရွမ်စကားဆုံးတော့ ဟေးချန်က သူ့ကို တစ်ချက်တောင်မကြည့်တော့ဘဲ Songtoe ခြံဝန်းထဲသို့ လျှောက်သွားခဲ့သည်။
အစေခံအို နှစ်ယောက်လဲ တံခါးမှာ ကင်းစောင့်နေရင်း တတိယသခင်လေး ပြန်လာတာ မြင်တော့ ချက်ချင်းပဲ ကုန်းညွှတ်ပြီး နှုတ်ဆက်ခဲ့ကြသည်။
ဟေးချန်လဲ ဝင်သွားပြီးနောက် ဧည့်ခန်းအပြင်ဘက် လျှောက်လမ်းမှာ မတ်တပ်ရပ်နေခဲ့သည်။ဟေးချန် အမှောင်ချထားပြီး ဖြစ်သည့် သူတို့စုံတွဲ အိပ်ခန်းဆီကို ကြည့်ခဲ့ပြီး ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
ထင်ထားတဲ့ အတိုင်း ဒီမိန်းမက သူ့ကို ဘယ်တော့မှ ခင်ပွန်း တစ်ယောက်လို မဆက်ဆံဘူး။ သူတို့ အတိတ်နေ့ရက် တွေတုန်းက အတိုင်းပဲပေါ့။ သူအိမ်ပြန် နောက်ကျ တာတောင် သူမ မစိုးရိမ်ခဲ့ဘူး။ ဒီနှစ်ရက် အတွင်း သူမ သရုပ်ဆောင်ပြခဲ့တာတွေမြင်ပြီး ဒီတစ်ခေါတာ့ ပြောင်းလဲ သွားပြီ ထင်ခဲ့တာ။ ဒီလို မျှော်လင့်ရလောက်အောင် သူအရူးလုပ်ခံခဲ့ရတာပဲ ဟု တွေးနေမိသည်။
လဲ့ရွမ်လဲ တခြားဘာမှ မပြောဝံ့ဘဲ ဟေးချန်နောက်ကသာ စာကြည့်ခန်း သို့ လိုက်သွားခဲ့သည်။
ဘေးကနေ သူ့သခင်ကို တစ်ချက်လှမ်းကြည့် လိုက်တော့ ဟေးချန် မျက်လုံးအောက်မှာ အနက်ရောင် စက်ဝိုင်းပုံ နှစ်ကွက်ဖြစ်နေပြီး အသားအရည်ကလဲ နေမကောင်းသလို ဖြူဖက်ဖြူရော ဖြစ်နေသည်။ ထို့နောက် စောစောက တွေ့ဆုံပွဲ တွေမှာ သူ့သခင် သောက်သာသောက်ခဲ့ပြီး အစားတစ်ကိုက်မျှ မစားခဲ့တာကို ပြန်တွေးမိ.သွားခဲ့ပြီး လဲ့ရွမ် ချက်ချင်းပဲ ပြောလိုက်သည်။
"သခင်လေး., ဒီအစေခံ မီးဖိုဆောင်ကို ချက်ချင်းသွားပြီး အမူးပြေစေဖို့ စွပ်ပြုတ် အနည်းနည်းငယ် ယူလာပေးပါ့မယ်။ "
ဟေးချန်လဲ သွေးကြောခုန်နေတဲ့ သူ့နားထင်ကို ပွတ်သပ်ရင်း လဲ့ရွမ်ကို "ရှူး" ဆိုပြီး မောင်းထုတ်ခဲ့သည်။ လဲ့ရွမ်လဲ ထွက်သွားတော့မည့် အချိန် ဟေးချန် ဆီမှ စကားသံ ထွက်လာခဲ့သည်။
"အဲ့ဒီမှာ စားစရာ တစ်ခုခု ရှိလား ဆိုတာပါ ကြည့်ခဲ့ ။ ပြီးရင် စွပ်ပြုတ်နဲ့ တွဲပြီး ဒီကို ယူလာခဲ့ "
လဲ့ရွမ်လဲ ဟုတ်ကဲ့ဆိုပြီး စာကြည့်ခန်းကနေ အမြန် ထွက်သွားခဲ့သည်။
ဟေးချန်လဲ ကုလားထိုင်ကို မှီပြိး သူ့စားပွဲနောက်မှာ ထိုင်နေခဲ့သည်။ စာကြည့်ခန်းထဲမှာ တလက်လက် တောက်ပနေတဲ့ မီးအိမ်အလင်း တစ်ခုထဲသာ ရှိနေခဲ့သည်။ ထို့ကြောင့် ယောကျာ်း ပီသသည့် မျက်နှာပေါ်ဝယ် အလင်းပြန်ပြီး. ဖျော့တော့နေမှု အားနည်းနေမှု တို့ပါ ရောမြင်နေရသည်။
ဟေးစန်းလန်ရဲ့ ဒုတိယအစ်ကို က လက်ဝဲကင်းစောင့် တပ်မှာ တာဝန် ကျနေခဲ့သည်။ ပင်မ စစ်တပ် ယူလင်းဌာနချုပ်ရဲ့ တပ်ခွဲတစ်ခုဖြစ်သည်။ အခု နဂါးတပ်နှင့် ကျားတပ်တို့ အဖြစ် နှစ်ဖွဲ့ ကွဲထွက် ခဲ့ကြသည်။
စစ်တပ်အကြီးပိုင်း ခေါင်းဆောင် မိသားစုဝင်များကို နဂါးတပ်မှ အဓိက ရွေးချယ် ခေါ်ယူပြီး ကျားတပ်ကတော့ ကိုယ်ခံပညာပြိုင်ပွဲများ (သို့မဟုတ်) သင်တန်းကျောင်းများမှ ကိုယ်ခံပညာ ထူးချွန်သုများကို ခေါ်ယူလေ့ရှိသည်။
အကယ်၍သင်က ပိုပြီးပြည့်စုံတဲ့ အသိုင်းအဝိုင်းက မွေးလာခဲ့ရင်တော့ ရွေးချယ်စရာ အခွင့်အရေး များရှိကောင်း ရှိနိုင်ပါလိမ့်မည်။
ကျားတပ်ဖွဲ့က နန်းတော်ထဲ ကင်းစောင့် ရတာပါ။ ဒါပေမယ့် ယူလင်းဌာနချုပ် အရာရှိ ဟေးလင်းကို မြို့ပြင် ပို့လိုက်တော့ ကျားတပ်ပါ သူနှင့်ခေါ်လာခဲ့သည်။ ဟေးလင်းက အရင်က ကျးတပ်မှ တာဝန်ထမ်းဆောင် ခဲ့တော့ ရင်းနီးခဲ့ကြသည်။ ဒီတော့ နန်းတော် ကင်းစောင့် တာဝန်က နဂါးတပ်ဆီ ရောက်လာခဲ့သည်။
နဂါးတပ်ဖွဲ့ရဲ့ လက်ရှိခေါင်းဆောင်ကတော့ ကျင်းအန်အိမ်တော်ရဲ့ ဒုတိယသခင်လေး ဟေးချန်ကျူ း ဖြစ်သည်။
အတိတ်ဘဝတုန်းက ဒီနေ့မှာ ကင်းစောင့်စဉ် ဖြစ်ပွားခဲ့သည့် အကြောင်းတစ်ချို့ ကြောင့် စစ်
ဉပဒေအရ နဂါးတပ်ဖွဲ့သားအားလုံး အပြစ်ပေးခဲ့ကြရသည်။ ခေါင်းဆောင်ဖြစ်တဲ့ ဟေးချန်ကျူ းက ပိုကြီးလေးတဲ့ အပြစ်ဒဏ်ခံခဲ့ရပြီး လက်ဝဲ ကင်းစောင့်တပ်ဖွဲ့မှ နှုတ်ထွက်ခဲ့ရသည်။ သူ့ခြေတောက်များ လုံးဝပြန်မကောင်းနိုင်ခဲ့ဘဲ ကိုယ်ခံပညာလဲ ဘယ်တော့မှ ထပ်မကျင့်နိုင်ခဲ့တော့ပေ။
ကျားတပ်ဖွဲ့ဝင်တွေက နဂါးတပ်သားတွေကို စတင် ဖိနှိပ်လာခဲ့ကြတာကြောင့် သူတို့ အရည်အချင်း နိမ့်ကျလာခဲ့သည်။ ၂လခန့်ကြာတော့ ယခင်ပုံစံအတိုင်း နဂါးတပ်က ဘယ်လိုမှ ထပ်ပြီး မဆောင်ရွက်နိုင်ကြတော့ပါ။၁နှစ်အတွင်း မှာပဲ ယူလင်းဌာနချုပ်ရဲ့ အပြီးတိုင် ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။ ဒီလိုနှင့် နဂါးတပ်ဖွဲ့ တာဝန်ရပ်စဲပီး ထွက်သွားခဲ့ကြသည်။
ဒီနေ့လည်ခင်းတွင် ဟေးချန်က ကင်းစောင့်တာဝန်မကျခင် ဒုတိတယအစ်ကို ရှာဖွေဖို့ တကူးတက ထွက်သွားခဲ့လေသည်။ ထို့နောက် အနောက်ကနေ နန်းတော်ထဲကို နောက်ယောင်ခံ လိုက်သွားခဲ့၏။ ထို့နောက် နန်းတော်အပြင်ဘက် နီရဲနေသော တရုတ်ဇီးသီး ပင်ကြီးအောက် စောင့် နေခဲ့တုန်း အပင်ပေါ်က ကောင်မလေးတစ်ရောက် ပြုတ်ကျလာလို့ ဖမ်းလိုက်ခဲ့ရသည်။
ခလေးမလေးက အသက်ဆယ်နှစ်အရွယ် ဘုရင်မင်းမြတ်နှင့် ကိုယ်လုပ်တော် ဝေတို့ရဲ့ သမီးလေး မင်းသမီး လဲ့ယောင် ဖြစ်သည်။ ကိုယ်လုပ်တော် ဝေ က ဘုရင့်နှစ်သက်ခြင်းခံရတော့ မင်းသမီးလေးကလဲ ဘုရင်ကြီးရဲ့ အချစ်ဆုံး သမီးတော်လေးတစ်ပါး ဖြစ်နေခဲ့ပါသည်။
ဘုရင့် ကိုယ်လုပ်တော်ဝေ မှာ အခြားကလေး မရှိ။ဒီတော့ သူမရဲ့ တစ်ဉီးသော သမီးလေးက သူအတွက် သိပ်ကို တန်းဖိုးရှိတဲ့ ရတနာလေးလိုပါ။
ဟေးချန်အတိတ်တုန်းက မင်းသမီးလဲ့ယောင်က အထိန်းတော်တွေ မပါဘဲ ဇီးပင်ခိုးတက်ခဲ့ပြီး တုံတိုင်းပေါ်ပြန်ပြုတ်ကျတော့ ခေါင်းနောက်ပိုင်းနှင့် ရိုက်မိပြီး နောက်ဆုံး သေဆုံးခဲ့ရသည်။ ဘုရင်ကြီးနှင့် ကိုယ်လုပ်တော်ဝေတို့လဲ ဒေါသ မီးတောက်ပြီး ထိုနေ့ ကင်းလှည့်တာဝန် ကျခဲ့တဲ့ နဂါးတပ်ကို အပြစ်ပေးခဲ့ကြသည်။
ဒီဘဝမှာတော့ ဟေးချန်က မင်းသမီးလဲ့ယောင်ကို ကယ်တင်လိုက်ခဲ့ပြီးပြိ။ ဒီတော့ သဘာဝကျကျလေးနက် နဂါးတပ်ဖွဲ့လဲ အပြစ်ပေးခံရခြင်းကနေ ကင်းလွတ်စေလိုက်သည်။
ဒီလိုတကယ့်သရဲကောင်းမျိုးကို လုထုအအလယ်မယ် ဆုကြီးကြီး ပေးအပ်ပြီး ကြေညာခဲ့သင့်တာပါ။ ဒါပေမယ့် မင်းသမီးလေးက ဆယ်နှစ်ပဲ ရှိသေးသည်။ ဒီအကြောင်း ကြေငြာချက်ထုတ်ခဲ့လျင် မင်းသမီး ဂုဏ်သိက္ခာ ထိခိုက်နိုင်ပါသည်။ ဒါကြောင့် ဟေးဆန်းလန်က ဒီအကြောင်း လျှို့ဝှက်ထားပေးဖို့ ဘုရင်ကြီးကို တောင်းဆို ခဲ့လိုက်သည်။
ဟေးဆန်းလန်ရဲ့ ထက်မြက်မှု ချင့်ချိန်နိုင်စွမ်းတို့ကို မြင်ခဲ့ပြီးနောက် ဘုရင်လဲ သူအပေါ် အထင်ကြီလေးစားခဲ့သဖြင့် မည်သည့်ဆုမျိုး လိုချင်ပါသလဲ ဟု မေးမြန်းခဲ့လေသည်။
ဟေးချန်လဲ မည်သည့်ဆုကိုမှ မဖော်ပြခဲ့ပေမယ့် ဘုရင်ကြီးရဲ့ တောင်းဆိုမှုသေးသေးလေး တစ်ခုကိုတော့ လိုက်လျော ခဲ့ပါသည်။ ထို့အပြင် ကိုယ်လုပ်တော် ဝေ ရဲ့ ဆုလက်ဆောင်များ ကမ်းလှမ်းခြင်း ကိုလည်း ယဉ်၂ ကျေး၂ ငြင်းဆိုခဲ့၏။
သူနန်းတော်မှ ထွက်လာခဲချိန် ဒုတိယ အစ်ကိုမှ စားသောက်ဆိုင်ဆီခေါ်သွားတာ ခံရပြီး တာဝန်ကျ နဂါးတပ်သားများ အားလုံးက ဟေးချန်ကို ကျေးဇူးတင်ခဲ့ကြသည်။
အဲ့ဒီမှာ သူလဲ သူတို့နဲ့ ဝိုင် တစ်ဝိုင်းလောက် အတူသောက်ဖို့ မငြင်းဆန်နိုင်ခဲ့ပေ။
ဟေးချန်ကျူ းက နည်းနည်းပိုသောက်ခဲ့ပြီး သူ့ညီလေးကို မှီထားလျက် မင်းဒီအခွင့်အရေးကို သုံးပြီး အတွင်းရုံးတော်ကို ဝင်မလို့လားလို့ မေးခဲ့သည်။ ဟေးချန်လဲ သတိလွတ်နေတဲ့ သူ့အစ်ကိုကြီးကိုကြည့်ကြီးခေါင်းသာရမ်းပြနိုင်ခဲ့သည်။
စစ်တပ်မိသားစုရဲ့ သားတွေ ဖြစ်တဲ့အတွက် အတွင်းရုံးတော်နဲ့ မြို့တော်ဆိုတာ သူတို့လွယ်လွယ်လေး ဝင်ရောက်နိုင်သည့် နေရာများမဟုတ်ပေ။
ဝမ်းနညိးစရာကောင်းတာက အရင်မင်းကြီးက သက်တော်မရည်ခဲ့ဘူး။ ယခုမင်းကြီးက စစ်တပ်ထက် မြိုးစားတွေကိုသာ မျက်နာသာပေးသည်။ စစ်တပ်မိသားစုမှ သားများက နန်းတော် အတွင်းဝင်စာမေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိ။ စစ်တပ်အတွင်း ရသည့်အောင်မြင်မှုများကသာ သူတို့ကို ရာထူးတိုးစေပေးနိုင်သည်။
အခုအချိန်မှ ကိစ္စမရှိပေမဲ့ တကယ်လို့ သူတို့စွမ်းဆောင်ရည်ကို အနညးျဆုံး၃နှစ်ကနေ၅နှစ်အတွင်း မထိန်းသိမ်းနိုင်ရင်တော့ စစ်တပ် အရာရှိဖြစ်ဖို့ မြို့တော်ရဲ့ ထောက်ခံချက် တစ်ခုခု ရရှ်ဖို့ရာ ခက်ခဲမည်။ ဒါကနယ်စပ်မှာ ဗိုလ်မှူးတွေနဲ့အတူ တာဝန်ကျနေတဲ့ ဟေးချန်တို့လို မိသားစု ကြိးတွေ အတွက်ရော အတူတူပါပဲ။
သူ့စိတ်ထဲမှာ လေးလံတဲ့ အတွေးများပိုက်လျက် အိမ်ပြန်လာခဲ့ချိန်မှာတော့ ဟေးချန် တိတ်ဆိတ်မှောင်မဲနေတဲ့ အိမ်ဝန်းတံတိုင်းကြီးကို ကြည်ခဲ့မိသည်။ ပုံမှန်လိုပါပဲ။ သူအရမ်းမပျော်နေခဲ့ပါ။
သူငယ်ငယ်တုန်းက အဖွားပုံပြောပြတုန်း သူဘယ်လိုနား ထောင်ခဲ့လဲ ဆိုတာ တွေးမြင်နေခဲ့သည်။အဖွားက အဖိုးနဲ့ ဘယ်လို ချစ်ခဲကြကြောင်း အခက်အခဲ ဒုက္ခတွေကို အတူတူ ဘယ်လို ကျော်ဖြတ်ခဲ့တယ် ဆိုတဲ့အကြောင်းတွေ ပြောပြခဲ့ဖူးတယ်။ သူကတော့ ရယ်စရာသာ ဖြစ်နေခဲ့ပြီး သူ့ကိုယ်တိုင်လဲ အဲ့လိုလူမျိူးနက်ပဲ လက်ထက်မယ်လို့ အိပ်မက်ထားခဲ့သည်။
သူအတိတ်ဘဝကို ပြန်မှတ်မိလာခဲ့တဲ့ အချိန်မှာတော့ သူ့အတွက် တလောကလုံးမှာ မယုံကြည်ရဆုံးသတ္တဝါ ကတော့ မိန်းမတွေ လို့ပဲ သူခံစားလိုက်ရသည်။ အဲ့ဒီလှပတဲ့ အပေါ်ယံအရေပြားရဲ့ အတွင်းထဲမှာတော့ မြွေဆိပ်ရှိတဲ့ နှလုံးသား၊ အဆိပ်ပြင်းတဲ့ ကင်းကြီးတွေ အပြည့်ရှိနေတတ်ကြသည်။
သူမျက်လုံးခနလေး မှိတ်လိုက်ပြီးနောက် အပြင်ဘက်က တိုးညင်းတဲ့ ခြေလှမ်းတစ်စုံ အသံကြားလိုက်သည်။ ထို့နောက် မကြာခင်ပဲ လဲ့ရွမ်စာကြည့်ခန်းထဲ ဝင်လာခဲ့သည်။
"သခင်လေး...ဒီမှာ အမူးပြေစေမယ့် စွပ်ပြုတ်ပါ။ ကျေးဇူးပြုပြီး မြန်မြန်လေး သောက်လိုက်ပါ။ ပူနေတုန်းလေး..."
ဟေးချန်လဲ ခုံပေါ်လှမ်းကြည့်လိုက်တော့ စွပ်ပြုတ် တစ်ခွက်ပဲတွေ့တယ်။ ကျန်တာဘာမှမတွေ့။ဟေးချန်လဲ လွဲ့ရွမ်ဆီပြောင်းပြီး စိုက်ကြည့်ခဲ့သည်။ လဲ့ရွမ်လဲ ဘာလုပ်လို ဘာကိုင်ရမလဲ မသိဖြစ်သွားခဲ့ပြီး အထစ်ထစ်အငေါ့၂ ဖြင့်ပင် ပြန်တင်ပြလိုက်သည်။
"စားဖိုဆောင်ထဲမှာ ချက်ပြီးသားဘာတစ်ခုမှ မရှိတော့ဘူး။ ဒီနှစ်ရက်လုံးမှာ တတိယသခင်မလေးနဲ့ သူ့အစေခံတွေက အစားစာအားလုံးကို စီမံခဲ့ကြတာပါ။ ဒါကြောင့် ယာယီအချက်ပြုတ် ဆရာတွေကို ပြန်ပို့လိုက်ပြီး စားဖိုဆောင် စောင့်ဖို အစေခံကြီး တစ်ယောက်ပဲရှိပါတော့တယ်။ ဒီ..ဒီအစေခံကလဲ ဘယ်လို ချက်ရမလဲ ဆိုတာ မသိပါဘူး။"
နောက်တစ်နည်းပြောရရင် မီးဖိုချောင်မှာ လက်ဆက်တဲ့ပစ္စည်းတွေ ရှိနေခဲ့ပေမယ့် ချက်ပြုတ်သူမရှိဘဲနက် ဘာအစာပြေစာမှ မဖြစ်လာနိုင်ဘူးပေါ့။
အခုချိန်က နွေလယ်ခေါင်ဖြစ်နေတော့ အစားတွေမပုပ်သိုးသွားစေဖို့ လိုအပ်တဲ့အချိန်မှသာ သူတို့ချက်ပြုတ်ကြပါသည်။ဒါ့အပြင် ချူးလန်ရဲ့ လျှို့ဝှက် ချက်နည်းက အရမ်းအရသာ ရှိနေတော့ ဘယ်သူမှ အကြွင်းအကျန်တွေကို ချန်ခဲ့မှာ မဟုတ်။
သူ့သခင် မျက်နှာကို သေချာကြည့်နေရင်း လဲ့ရွမ်လဲ စိုးရိမ်စိတ်တွေ ဖြစ်လာခဲ့သည်။
ဟေးချန်ရဲ့ ရက်စက်ယုတ်မာတော့မည့် ပုံစံကြောင့် အခြေနေကို ဖြေရှင်းဖို့ ကြိုးစားပြီး နည်းလမ်းရှာ နေတဲ့ လဲ့ရွမ်လဲ မျက်လုံးအရောင်တွေက တလက်လက်နှင့်..
"တတိယသခင်လေး...., မိးဖိုဆောင်ထဲ စားစရာ တစ်ခုတော့ ကျန်နေသေးတာကို ဒီအစေခံ တွေ့ခဲ့ပါတယ်။ "
"ဟမ်?"
လဲ့ရွမ်လဲ စွန့်စားပြီးပြော လိုက်သည်။" အစေခံအစောင့်က ပြောခဲ့တယ်။ အဲ့ဒီမှာ နှင်းမှိုနဲ့ နေကြာစေ့တို့ဖြင့် တတိယသခင်မလေး လုပ်ထားတဲ့ ဆန်ပြုတ်အချို့ ရှ်တယ်တဲ့။ အခုတော့ မီးအေးအေးနက် မီးဖိုပေါ်မှာ ထားထားပြီးတော့ နောက်နေ့ မနက်စာ အတွက်ပါတဲ့။ ပြီတော့ သူမပြောသေးတယ် ။ ဒီဟာက အချိန်ကြာကြာကျိုပြီး မှ စားကောင်းတာတဲ့။"
"ချူးလန်လုပ်ထားတဲ့ဟာလား။ ဒါကို သူတစ်ယောက်ထဲ စားဖို့ သိမ်းထားခဲ့တာပေါ့? ။
ဟေးချန်လဲ အေးဆက်ဆက် ပုံစံနက် ပြောလိုက်ခဲ့သည်။
"အဲ့တာကို ဒီယူလာခဲ့လိုက်"
ညဏ်များတဲ့ မိန်းမက သူမတစ်ယောက်ထဲစားဖို့ လုပ်ထားခဲ့ တယ် ဆိုရင်တောင် သူ့ .ဆီမှာလဲ နည်းနည်း မြည်းစမ်း ပိုင်ခွင့်ရှိတာပဲ။
Ah. ..လဲ့ရွမ်လဲ ပြသနာတက်တော့မယ် ပုံစံကြီးနက်။ ဒါကတော့ မကောင်းတော့ဘူး။ တတိယသခင်လေးက ဘာဖြစ်နေတာလဲ။ ဘာလို့ သခင်မလေးရဲ့ အစားစာကို ခိုးယူဖို့ပဲ ကြိုးစားနေရတာလဲ။ သူ့ ဦးနောက်ကို ဆန့်ကျင်နေတဲ့ ကလေးငယ် တစ် ယောက်လိုပဲ။ သူကြိုက်နေတဲ့သူကို ရန်စရမယ်ဆို ဘာမဆို လုပ်ဖို့ ကြိုးစားနေတယ်။သူမဘက်က လျှစ်လျှူရှူ ထားတာတောင်မှပဲလေ။
လုံးဝသေချာတာပေါ့!! သူဒီလိုစကားမျိုး အပြင်မှာတော့ ဘယ်ပြောဝံ့မလဲ။
<Zawgyi>
#Translated by Irisbellar
Ch. 26 အိမ္ျပန္ေနာက္ၾကျခင္း
ေဟးဆန္းလန္ အိမ္ကို ညေရာက္မွသာ ျပန္လာခဲ့ေတာ့သည္။
သူ႔အေဆာင္ကို မျပန္ခင္ က်င္းခ်ီခန္းမအေရွ႕ေရာက္ေတာ့ မတ္တပ္ရပ္ ေနခဲ့သည္။ တစ္ေန႔လုံး အေျပးအလႊား အျခားသူမ်ားႏွင့္ ေတြ႕ဆုံေနခဲ့ရလို႔ ဘာမွ ေရေရရာရာ မစားလိုက္ရေပမယ့္ ေသရည္ေတာ့အမ်ားႀကီး ေသာက္ထားခဲ့ၿပီးၿပီ။
လဲ့ရြမ္လဲ ဒီေန႔ သူ့သခင္ နည္းနည္း စိတ္ဖိစီးေနတာကို ေဘးကေန သတိထားမိေနခဲ့သည္။ ေဟးခ်န္ရဲ႕ေယာက္က်ား ပီသတဲ့မ်က္ႏွာ ေပၚဝယ္ ေအးစက္တဲ့ အမူအရာရွိေနေပမယ့္ အတြင္းစိတ္ကေတာ့ ေျမျပင္ေပၚ လူးလိမ့္လိုက္ခ်င္ခဲ့ပုံ ေပၚ၏။ သူ့ႏႈတ္ခမ္းတစ္ခုက အနည္းငယ္ ေကာ့ၫႊန္႔သြားၿပီး အၾကည့္ေတြကေတာ့
ၾကယ္ေတြကဲ့သုိ႔ တစ္လက္လက္ ေတာက္ပေနခဲ့သည္။သူ့သခင္က အေမွာင္ထဲမွာ ဝပ္ေနတဲ့ သိမ္းငွက္ တစ္ေကာင္လို သားေကာင္ကို အမိဖမ္းရန္ အခြငိ့အေရးကို ေစာင့္ဆိုင္း ေနသည့္ပုံ ျဖစ္သည္။
ဒီေသြးဆာေနတဲ့ သိန္းငွက္ရဲ႕မ်က္လုံးေတြက တတိယသခင္မေလးရွိရာ Songtao မေဆာင္ကေန မခြာႏိုင္ျဖစ္ေနခဲ့သည္။
လဲ့ရြမ္လဲ သတၱိေမြးၿပီး လက္ရွိအေျခအေနကို သတိေပးလိုက္သည္။
" သခင္.....သခင္ေလး., အခုခ်ိန္က ေနာက္က်ေနပါၿပီ။ အျပင္မွာလဲ ေတာ္ေတာ္ေလး ေသာက္လာခဲ့ေတာ့ ဒီေန႔ ေစာေစာ အိပ္ယာဝင္တာ ပိုေကာင္းပါလိမ့္မယ္။ "
လဲ့ရြမ္စကားဆုံးေတာ့ ေဟးခ်န္က သူ့ကို တစ္ခ်က္ေတာင္မၾကည့္ေတာ့ဘဲ Songtoe ၿခံဝန္းထဲသို႔ ေလွ်ာက္သြားခဲ့သည္။
အေစခံအို ႏွစ္ေယာက္လဲ တံခါးမွာ ကင္းေစာင့္ေနရင္း တတိယသခင္ေလး ျပန္လာတာ ျမင္ေတာ့ ခ်က္ခ်င္းပဲ ကုန္းၫႊတ္ၿပီး ႏႈတ္ဆက္ခဲ့ၾကသည္။
ေဟးခ်န္လဲ ဝင္သြားၿပီးေနာက္ ဧည့္ခန္းအျပင္ဘက္ ေလွ်ာက္လမ္းမွာ မတ္တပ္ရပ္ေနခဲ့သည္။ေဟးခ်န္ အေမွာင္ခ်ထားၿပီး ျဖစ္သည့္ သူတို႔စုံတြဲ အိပ္ခန္းဆီကို ၾကည့္ခဲ့ၿပီး ခနဲ႔တဲ့တဲ့ ၿပဳံးလိုက္သည္။
ထင္ထားတဲ့ အတိုင္း ဒီမိန္းမက သူ့ကို ဘယ္ေတာ့မွ ခင္ပြန္း တစ္ေယာက္လို မဆက္ဆံဘူး။ သူတို႔ အတိတ္ေန႔ရက္ ေတြတုန္းက အတိုင္းပဲေပါ႔။ သူအိမ္ျပန္ ေနာက္က် တာေတာင္ သူမ မစိုးရိမ္ခဲ့ဘူး။ ဒီႏွစ္ရက္ အတြင္း သူမ သ႐ုပ္ေဆာင္ျပခဲ့တာေတြျမင္ၿပီး ဒီတစ္ေခါတာ့ ေျပာင္းလဲ သြားၿပီ ထင္ခဲ့တာ။ ဒီလို ေမွ်ာ္လင့္ရေလာက္ေအာင္ သူအ႐ူးလုပ္ခံခဲ့ရတာပဲ ဟု ေတြးေနမိသည္။
လဲ့ရြမ္လဲ တျခားဘာမွ မေျပာဝံ့ဘဲ ေဟးခ်န္ေနာက္ကသာ စာၾကည့္ခန္း သို႔ လိုက္သြားခဲ့သည္။
ေဘးကေန သူ့သခင္ကို တစ္ခ်က္လွမ္းၾကည့္ လိုက္ေတာ့ ေဟးခ်န္ မ်က္လုံးေအာက္မွာ အနက္ေရာင္ စက္ဝိုင္းပုံ ႏွစ္ကြက္ျဖစ္ေနၿပီး အသားအရည္ကလဲ ေနမေကာင္းသလို ျဖဴဖက္ျဖဴေရာ ျဖစ္ေနသည္။ ထို႔ေနာက္ ေစာေစာက ေတြ႕ဆုံပြဲ ေတြမွာ သူ့သခင္ ေသာက္သာေသာက္ခဲ့ၿပီး အစားတစ္ကိုက္မွ် မစားခဲ့တာကို ျပန္ေတြးမိ.သြားခဲ့ၿပီး လဲ့ရြမ္ ခ်က္ခ်င္းပဲ ေျပာလိုက္သည္။
"သခင္ေလး., ဒီအေစခံ မီးဖိုေဆာင္ကို ခ်က္ခ်င္းသြားၿပီး အမူးေျပေစဖို႔ စြပ္ျပဳတ္ အနည္းနည္းငယ္ ယူလာေပးပါ႔မယ္။ "
ေဟးခ်န္လဲ ေသြးေၾကာခုန္ေနတဲ့ သူ့နားထင္ကို ပြတ္သပ္ရင္း လဲ့ရြမ္ကို "႐ွဴး" ဆိုၿပီး ေမာင္းထုတ္ခဲ့သည္။ လဲ့ရြမ္လဲ ထြက္သြားေတာ့မည့္ အခ်ိန္ ေဟးခ်န္ ဆီမွ စကားသံ ထြက္လာခဲ့သည္။
"အဲ့ဒီမွာ စားစရာ တစ္ခုခု ရွိလား ဆိုတာပါ ၾကည့္ခဲ့ ။ ၿပီးရင္ စြပ္ျပဳတ္နဲ႔ တဲြျပီး ဒီကို ယူလာခဲ့ "
လဲ့ရြမ္လဲ ဟုတ္ကဲ့ဆိုၿပီး စာၾကည့္ခန္းကေန အျမန္ ထြက္သြားခဲ့သည္။
ေဟးခ်န္လဲ ကုလားထိုင္ကို မွီၿပိး သူ့စားပြဲေနာက္မွာ ထိုင္ေနခဲ့သည္။ စာၾကည့္ခန္းထဲမွာ တလက္လက္ ေတာက္ပေနတဲ့ မီးအိမ္အလင္း တစ္ခုထဲသာ ရွိေနခဲ့သည္။ ထို႔ေၾကာင့္ ေယာက်ာ္း ပီသသည့္ မ်က္ႏွာေပၚဝယ္ အလင္းျပန္ၿပီး. ေဖ်ာ့ေတာ့ေနမႈ အားနည္းေနမႈ တို႔ပါ ေရာျမင္ေနရသည္။
ေဟးစန္းလန္ရဲ့ ဒုတိယအစ္ကို က လက္ဝဲကင္းေစာင့္ တပ္မွာ တာဝန္ က်ေနခဲ့သည္။ ပင္မ စစ္တပ္ ယူလင္းဌာနခ်ဳပ္ရဲ့ တပ္ခြဲတစ္ခုျဖစ္သည္။ အခု နဂါးတပ္ႏွင့္ က်ားတပ္တို႔ အျဖစ္ ႏွစ္ဖြဲ႔ ကြဲထြက္ ခဲ့ၾကသည္။
စစ္တပ္အႀကီးပိုင္း ေခါင္းေဆာင္ မိသားစုဝင္မ်ားကို နဂါးတပ္မွ အဓိက ေရြးခ်ယ္ ေခၚယူၿပီး က်ားတပ္ကေတာ့ ကိုယ္ခံပညာၿပိဳင္ပြဲမ်ား (သို႔မဟုတ္) သင္တန္းေက်ာင္းမ်ားမွ ကိုယ္ခံပညာ ထူးခြၽန္သုမ်ားကို ေခၚယူေလ့ရိွသည္။
အကယ္၍သင္က ပိုၿပီးျပၫ့္စံုတဲ့ အသိုင္းအဝိုင္းက ေမြးလာခဲ့ရင္ေတာ့ ေရြးခ်ယ္စရာ အခြင့္အေရး မ်ားရိွေကာင္း ရိွႏိုင္ပါလိမ့္မည္။
က်ားတပ္ဖြဲ႔က နန္းေတာ္ထဲ ကင္းေစာင့္ ရတာပါ။ ဒါေပမယ့္ ယူလင္းဌာနခ်ဳပ္ အရာရိွ ေဟးလင္းကို ၿမိဳ႔ျပင္ ပို႔လိုက္ေတာ့ က်ားတပ္ပါ သူႏွင့္ေခၚလာခဲ့သည္။ ေဟးလင္းက အရင္က က်းတပ္မွ တာဝန္ထမ္းေဆာင္ ခဲ့ေတာ့ ရင္းနီးခဲ့ၾကသည္။ ဒီေတာ့ နန္းေတာ္ ကင္းေစာင့္ တာဝန္က နဂါးတပ္ဆီ ေရာက္လာခဲ့သည္။
နဂါးတပ္ဖြဲ႔ရဲ့ လက္ရိွေခါင္းေဆာင္ကေတာ့ က်င္းအန္အိမ္ေတာ္ရဲ့ ဒုတိယသခင္ေလး ေဟးခ်န္က်ဴ း ျဖစ္သည္။
အတိတ္ဘဝတုန္းက ဒီေန့မွာ ကင္းေစာင့္စဉ္ ျဖစ္ပြားခဲ့သၫ့္ အေၾကာင္းတစ္ခ်ိဳ႕ ေၾကာင့္ စစ္
ဉပေဒအရ နဂါးတပ္ဖြဲ႔သားအားလံုး အျပစ္ေပးခဲ့ၾကရသည္။ ေခါင္းေဆာင္ျဖစ္တဲ့ ေဟးခ်န္က်ဴ းက ပိုႀကီးေလးတဲ့ အျပစ္ဒဏ္ခံခဲ့ရၿပီး လက္ဝဲ ကင္းေစာင့္တပ္ဖြဲ႔မွ ႏႈတ္ထြက္ခဲ့ရသည္။ သူ႔ေျခေတာက္မ်ား လံုးဝျပန္မေကာင္းႏိုင္ခဲ့ဘဲ ကိုယ္ခံပညာလဲ ဘယ္ေတာ့မွ ထပ္မက်င့္ႏိုင္ခဲ့ေတာ့ေပ။
က်ားတပ္ဖြဲ႔ဝင္ေတြက နဂါးတပ္သားေတြကို စတင္ ဖိႏိွပ္လာခဲ့ၾကတာေၾကာင့္ သူတို႔ အရည္အခ်င္း နိမ့္က်လာခဲ့သည္။ ၂လခန႔္ၾကာေတာ့ ယခင္ပံုစံအတိုင္း နဂါးတပ္က ဘယ္လိုမွ ထပ္ၿပီး မေဆာင္ရြက္ႏိုင္ၾကေတာ့ပါ။၁ႏွစ္အတြင္း မွာပဲ ယူလင္းဌာနခ်ဳပ္ရဲ့ အၿပီးတိုင္ ထုတ္ပယ္ျခင္းကို ခံခဲ့ရသည္။ ဒီလိုႏွင့္ နဂါးတပ္ဖြဲ႔ တာဝန္ရပ္စဲပီး ထြက္သြားခဲ့ၾကသည္။
ဒီေန့လည္ခင္းတြင္ ေဟးခ်န္က ကင္းေစာင့္တာဝန္မက်ခင္ ဒုတိတယအစ္ကို ရွာေဖြဖို႔ တကူးတက ထြက္သြားခဲ့ေလသည္။ ထို႔ေနာက္ အေနာက္ကေန နန္းေတာ္ထဲကို ေနာက္ေယာင္ခံ လိုက္သြားခဲ့၏။ ထို႔ေနာက္ နန္းေတာ္အျပင္ဘက္ နီရဲေနေသာ တရုတ္ဇီးသီး ပင္ႀကီးေအာက္ ေစာင့္ ေနခဲ့တုန္း အပင္ေပၚက ေကာင္မေလးတစ္ေရာက္ ျပဳတ္က်လာလို႔ ဖမ္းလိုက္ခဲ့ရသည္။
ခေလးမေလးက အသက္ဆယ္ႏွစ္အရြယ္ ဘုရင္မင္းျမတ္ႏွင့္ ကိုယ္လုပ္ေတာ္ ေဝတို႔ရဲ့ သမီးေလး မင္းသမီး လဲ့ေယာင္ ျဖစ္သည္။ ကိုယ္လုပ္ေတာ္ ေဝ က ဘုရင့္ႏွစ္သက္ျခင္းခံရေတာ့ မင္းသမီးေလးကလဲ ဘုရင္ႀကီးရဲ့ အခ်စ္ဆံုး သမီးေတာ္ေလးတစ္ပါး ျဖစ္ေနခဲ့ပါသည္။
ဘုရင့္ ကိုယ္လုပ္ေတာ္ေဝ မွာ အျခားကေလး မရိွ။ဒီေတာ့ သူမရဲ့ တစ္ဉီးေသာ သမီးေလးက သူအတြက္ သိပ္ကို တန္းဖိုးရိွတဲ့ ရတနာေလးလိုပါ။
ေဟးခ်န္အတိတ္တုန္းက မင္းသမီးလဲ့ေယာင္က အထိန္းေတာ္ေတြ မပါဘဲ ဇီးပင္ခိုးတက္ခဲ့ၿပီး တံုတိုင္းေပၚျပန္ျပဳတ္က်ေတာ့ ေခါင္းေနာက္ပိုင္းႏွင့္ ရိုက္မိၿပီး ေနာက္ဆံုး ေသဆံုးခဲ့ရသည္။ ဘုရင္ႀကီးႏွင့္ ကိုယ္လုပ္ေတာ္ေဝတို႔လဲ ေဒါသ မီးေတာက္ၿပီး ထိုေန့ ကင္းလွၫ့္တာဝန္ က်ခဲ့တဲ့ နဂါးတပ္ကို အျပစ္ေပးခဲ့ၾကသည္။
ဒီဘဝမွာေတာ့ ေဟးခ်န္က မင္းသမီးလဲ့ေယာင္ကို ကယ္တင္လိုက္ခဲ့ၿပီးၿပိ။ ဒီေတာ့ သဘာဝက်က်ေလးနက္ နဂါးတပ္ဖြဲ႔လဲ အျပစ္ေပးခံရျခင္းကေန ကင္းလြတ္ေစလိုက္သည္။
ဒီလိုတကယ့္သရဲေကာင္းမ်ိဳးကို လုထုအအလယ္မယ္ ဆုႀကီးႀကီး ေပးအပ္ၿပီး ေၾကညာခဲ့သင့္တာပါ။ ဒါေပမယ့္ မင္းသမီးေလးက ဆယ္ႏွစ္ပဲ ရိွေသးသည္။ ဒီအေၾကာင္း ေၾကျငာခ်က္ထုတ္ခဲ့လ်င္ မင္းသမီး ဂုဏ္သိကၡာ ထိခိုက္ႏိုင္ပါသည္။ ဒါေၾကာင့္ ေဟးဆန္းလန္က ဒီအေၾကာင္း လ်ိႈ႔ဝွက္ထားေပးဖို႔ ဘုရင္ႀကီးကို ေတာင္းဆို ခဲ့လိုက္သည္။
ေဟးဆန္းလန္ရဲ့ ထက္ျမက္မႈ ခ်င့္ခ်ိန္ႏိုင္စြမ္းတို႔ကို ျမင္ခဲ့ၿပီးေနာက္ ဘုရင္လဲ သူအေပၚ အထင္ႀကီေလးစားခဲ့သျဖင့္ မည္သၫ့္ဆုမ်ိဳး လိုခ်င္ပါသလဲ ဟု ေမးျမန္းခဲ့ေလသည္။
ေဟးခ်န္လဲ မည္သၫ့္ဆုကိုမွ မေဖာ္ျပခဲ့ေပမယ့္ ဘုရင္ႀကီးရဲ့ ေတာင္းဆိုမႈေသးေသးေလး တစ္ခုကိုေတာ့ လိုက္ေလ်ာ ခဲ့ပါသည္။ ထို႔အျပင္ ကိုယ္လုပ္ေတာ္ ေဝ ရဲ့ ဆုလက္ေဆာင္မ်ား ကမ္းလွမ္းျခင္း ကိုလည္း ယဉ္၂ ေက်း၂ ျငင္းဆိုခဲ့၏။
သူနန္းေတာ္မွ ထြက္လာခဲခ်ိန္ ဒုတိယ အစ္ကိုမွ စားေသာက္ဆိုင္ဆီေခၚသြားတာ ခံရၿပီး တာဝန္က် နဂါးတပ္သားမ်ား အားလံုးက ေဟးခ်န္ကို ေက်းဇူးတင္ခဲ့ၾကသည္။
အဲ့ဒီမွာ သူလဲ သူတို႔နဲ႔ ဝိုင္ တစ္ဝိုင္းေလာက္ အတူေသာက္ဖို႔ မျငင္းဆန္ႏိုင္ခဲ့ေပ။
ေဟးခ်န္က်ဴ းက နည္းနည္းပိုေသာက္ခဲ့ၿပီး သူ႔ညီေလးကို မွီထားလ်က္ မင္းဒီအခြင့္အေရးကို သံုးၿပီး အတြင္းရံုးေတာ္ကို ဝင္မလို႔လားလို႔ ေမးခဲ့သည္။ ေဟးခ်န္လဲ သတိလြတ္ေနတဲ့ သူ႔အစ္ကိုႀကီးကိုၾကၫ့္ႀကီးေခါင္းသာရမ္းျပႏိုင္ခဲ့သည္။
စစ္တပ္မိသားစုရဲ႕ သားေတြ ျဖစ္တဲ့အတြက္ အတြင္း႐ုံးေတာ္နဲ႔ ၿမိဳ႕ေတာ္ဆိုတာ သူတို႔လြယ္လြယ္ေလး ဝင္ေရာက္ႏိုင္သည့္ ေနရာမ်ားမဟုတ္ေပ။
ဝမ္းနညိးစရာေကာင္းတာက အရင္မင္းႀကီးက သက္ေတာ္မရည္ခဲ့ဘူး။ ယခုမင္းႀကီးက စစ္တပ္ထက္ ၿမိဳးစားေတြကိုသာ မ်က္နာသာေပးသည္။ စစ္တပ္မိသားစုမွ သားမ်ားက နန္းေတာ္ အတြင္းဝင္စာေမးပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္မရွိ။ စစ္တပ္အတြင္း ရသည့္ေအာင္ျမင္မႈမ်ားကသာ သူတို႔ကို ရာထူးတိုးေစေပးႏိုင္သည္။
အခုအခ်ိန္မွ ကိစၥမရွိေပမဲ့ တကယ္လို႔ သူတို႔စြမ္းေဆာင္ရည္ကို အနညး်ဆုံး၃ႏွစ္ကေန၅ႏွစ္အတြင္း မထိန္းသိမ္းႏိုင္ရင္ေတာ့ စစ္တပ္ အရာရွိျဖစ္ဖို႔ ၿမိဳ႕ေတာ္ရဲ႕ ေထာက္ခံခ်က္ တစ္ခုခု ရရွ္ဖို႔ရာ ခက္ခဲမည္။ ဒါကနယ္စပ္မွာ ဗိုလ္မွဴးေတြနဲ႔အတူ တာဝန္က်ေနတဲ့ ေဟးခ်န္တို႔လို မိသားစု ႀကိးေတြ အတြက္ေရာ အတူတူပါပဲ။
သူ့စိတ္ထဲမွာ ေလးလံတဲ့ အေတြးမ်ားပိုက္လ်က္ အိမ္ျပန္လာခဲ့ခ်ိန္မွာေတာ့ ေဟးခ်န္ တိတ္ဆိတ္ေမွာင္မဲေနတဲ့ အိမ္ဝန္းတံတိုင္းႀကီးကို ၾကည္ခဲ့မိသည္။ ပုံမွန္လိုပါပဲ။ သူအရမ္းမေပ်ာ္ေနခဲ့ပါ။
သူငယ္ငယ္တုန္းက အဖြားပုံေျပာျပတုန္း သူဘယ္လိုနား ေထာင္ခဲ့လဲ ဆိုတာ ေတြးျမင္ေနခဲ့သည္။အဖြားက အဖိုးနဲ႔ ဘယ္လို ခ်စ္ခဲၾကေၾကာင္း အခက္အခဲ ဒုကၡေတြကို အတူတူ ဘယ္လို ေက်ာ္ျဖတ္ခဲ့တယ္ ဆိုတဲ့အေၾကာင္းေတြ ေျပာျပခဲ့ဖူးတယ္။ သူကေတာ့ ရယ္စရာသာ ျဖစ္ေနခဲ့ၿပီး သူ့ကိုယ္တိုင္လဲ အဲ့လိုလူမ်ိဴးနက္ပဲ လက္ထက္မယ္လို႔ အိပ္မက္ထားခဲ့သည္။
သူအတိတ္ဘဝကို ျပန္မွတ္မိလာခဲ့တဲ့ အခ်ိန္မွာေတာ့ သူ့အတြက္ တေလာကလုံးမွာ မယုံၾကည္ရဆုံးသတၱဝါ ကေတာ့ မိန္းမေတြ လို႔ပဲ သူခံစားလိုက္ရသည္။ အဲ့ဒီလွပတဲ့ အေပၚယံအေရျပားရဲ႕ အတြင္းထဲမွာေတာ့ ေႁမြဆိပ္ရွိတဲ့ ႏွလုံးသား၊ အဆိပ္ျပင္းတဲ့ ကင္းႀကီးေတြ အျပည့္ရွိေနတတ္ၾကသည္။
သူမ်က္လုံးခနေလး မွိတ္လိုက္ၿပီးေနာက္ အျပင္ဘက္က တိုးညင္းတဲ့ ေျခလွမ္းတစ္စုံ အသံၾကားလိုက္သည္။ ထို႔ေနာက္ မၾကာခင္ပဲ လဲ့ရြမ္စာၾကည့္ခန္းထဲ ဝင္လာခဲ့သည္။
"သခင္ေလး...ဒီမွာ အမူးေျပေစမယ့္ စြပ္ျပဳတ္ပါ။ ေက်းဇူးျပဳၿပီး ျမန္ျမန္ေလး ေသာက္လိုက္ပါ။ ပူေနတုန္းေလး..."
ေဟးခ်န္လဲ ခုံေပၚလွမ္းၾကည့္လိုက္ေတာ့ စြပ္ျပဳတ္ တစ္ခြက္ပဲေတြ႕တယ္။ က်န္တာဘာမွမေတြ႕။ေဟးခ်န္လဲ လြဲ႕ရြမ္ဆီေျပာင္းၿပီး စိုက္ၾကည့္ခဲ့သည္။ လဲ့ရြမ္လဲ ဘာလုပ္လို ဘာကိုင္ရမလဲ မသိျဖစ္သြားခဲ့ၿပီး အထစ္ထစ္အေငါ႔၂ ျဖင့္ပင္ ျပန္တင္ျပလိုက္သည္။
"စားဖိုေဆာင္ထဲမွာ ခ်က္ၿပီးသားဘာတစ္ခုမွ မရွိေတာ့ဘူး။ ဒီႏွစ္ရက္လုံးမွာ တတိယသခင္မေလးနဲ႔ သူ့အေစခံေတြက အစားစာအားလုံးကို စီမံခဲ့ၾကတာပါ။ ဒါေၾကာင့္ ယာယီအခ်က္ျပဳတ္ ဆရာေတြကို ျပန္ပို႔လိုက္ၿပီး စားဖိုေဆာင္ ေစာင့္ဖို အေစခံႀကီး တစ္ေယာက္ပဲရွိပါေတာ့တယ္။ ဒီ..ဒီအေစခံကလဲ ဘယ္လို ခ်က္ရမလဲ ဆိုတာ မသိပါဘူး။"
ေနာက္တစ္နည္းေျပာရရင္ မီးဖိုေခ်ာင္မွာ လက္ဆက္တဲ့ပစၥည္းေတြ ရွိေနခဲ့ေပမယ့္ ခ်က္ျပဳတ္သူမရွိဘဲနက္ ဘာအစာေျပစာမွ မျဖစ္လာႏိုင္ဘူးေပါ႔။
အခုခ်ိန္က ေႏြလယ္ေခါင္ျဖစ္ေနေတာ့ အစားေတြမပုပ္သိုးသြားေစဖို႔ လိုအပ္တဲ့အခ်ိန္မွသာ သူတို႔ခ်က္ျပဳတ္ၾကပါသည္။ဒါ႔အျပင္ ခ်ဴးလန္ရဲ႕ လွ်ိဳ႕ဝွက္ ခ်က္နည္းက အရမ္းအရသာ ရွိေနေတာ့ ဘယ္သူမွ အႂကြင္းအက်န္ေတြကို ခ်န္ခဲ့မွာ မဟုတ္။
သူ့သခင္ မ်က္ႏွာကို ေသခ်ာၾကည့္ေနရင္း လဲ့ရြမ္လဲ စိုးရိမ္စိတ္ေတြ ျဖစ္လာခဲ့သည္။
ေဟးခ်န္ရဲ႕ ရက္စက္ယုတ္မာေတာ့မည့္ ပုံစံေၾကာင့္ အေျခေနကို ေျဖရွင္းဖို႔ ႀကိဳးစားၿပီး နည္းလမ္းရွာ ေနတဲ့ လဲ့ရြမ္လဲ မ်က္လုံးအေရာင္ေတြက တလက္လက္ႏွင့္..
"တတိယသခင္ေလး...., မိးဖိုေဆာင္ထဲ စားစရာ တစ္ခုေတာ့ က်န္ေနေသးတာကို ဒီအေစခံ ေတြ႕ခဲ့ပါတယ္။ "
"ဟမ္?"
လဲ့ရြမ္လဲ စြန္႔စားၿပီးေျပာ လိုက္သည္။" အေစခံအေစာင့္က ေျပာခဲ့တယ္။ အဲ့ဒီမွာ ႏွင္းမႈိနဲ႔ ေနၾကာေစ့တို႔ျဖင့္ တတိယသခင္မေလး လုပ္ထားတဲ့ ဆန္ျပဳတ္အခ်ိဳ႕ ရွ္တယ္တဲ့။ အခုေတာ့ မီးေအးေအးနက္ မီးဖိုေပၚမွာ ထားထားၿပီးေတာ့ ေနာက္ေန႔ မနက္စာ အတြက္ပါတဲ့။ ၿပီေတာ့ သူမေျပာေသးတယ္ ။ ဒီဟာက အခ်ိန္ၾကာၾကာက်ိဳၿပီး မွ စားေကာင္းတာတဲ့။"
"ခ်ဴးလန္လုပ္ထားတဲ့ဟာလား။ ဒါကို သူတစ္ေယာက္ထဲ စားဖို႔ သိမ္းထားခဲ့တာေပါ႔? ။
ေဟးခ်န္လဲ ေအးဆက္ဆက္ ပုံစံနက္ ေျပာလိုက္ခဲ့သည္။
"အဲ့တာကို ဒီယူလာခဲ့လိုက္"
ညဏ္မ်ားတဲ့ မိန္းမက သူမတစ္ေယာက္ထဲစားဖို႔ လုပ္ထားခဲ့ တယ္ ဆိုရင္ေတာင္ သူ့ .ဆီမွာလဲ နည္းနည္း ျမည္းစမ္း ပိုင္ခြင့္ရွိတာပဲ။
Ah. ..လဲ့ရြမ္လဲ ျပသနာတက္ေတာ့မယ္ ပုံစံႀကီးနက္။ ဒါကေတာ့ မေကာင္းေတာ့ဘူး။ တတိယသခင္ေလးက ဘာျဖစ္ေနတာလဲ။ ဘာလို႔ သခင္မေလးရဲ႕ အစားစာကို ခိုးယူဖို႔ပဲ ႀကိဳးစားေနရတာလဲ။ သူ့ ဦးေနာက္ကို ဆန္႔က်င္ေနတဲ့ ကေလးငယ္ တစ္ ေယာက္လိုပဲ။ သူႀကိဳက္ေနတဲ့သူကို ရန္စရမယ္ဆို ဘာမဆို လုပ္ဖို႔ ႀကိဳးစားေနတယ္။သူမဘက္က လွ်စ္လွ်ဴ႐ွဴ ထားတာေတာင္မွပဲေလ။
လုံးဝေသခ်ာတာေပါ႔!! သူဒီလိုစကားမ်ိဳး အျပင္မွာေတာ့ ဘယ္ေျပာဝံ့မလဲ။