{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 935

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 25 - နွလံုးသားၾကားက စကား

2.6K 395 6
By whitekiddy


# ပြန်မစစ်နိုင်တော့လို့ typing errorsကို သည်းခံပြီး ဖတ်ပေးကြပါ😇

<Unicode>

Chapter 56: A Heart-to-heart Talk

  ချူ းလျန် ထိုစာရင်းစာအုပ်ကို ခေါက်လိုက်ပြီး
စာအုပ်ကို ဟိုဘက်ဒီဘက် လက်နှစ်ဖက်ကြား
ပုတ်၍ ဆော့နေလိုက်သည်။

    သူမက ရုတ်တရက် မေးလိုက်သည်။

  " မိုမို .. ကျွန်မအသေချာ မမှတ်မိတော့လို့..
ကျွန်မရဲ့ ခန်းဝင်ပစ္စည်းတွေထဲမှာ ပိုက်ဆံကော ရှိလားဟင်? "

   အစေခံကူက သတိကြီးစွာဖြင့် ကြည့်လာသည်။ ချူ းလျန်ရဲ့ စိတ်မကောင်းဖြစ်နေမှာစိုး၍
သူမက စည်းဝါးညီညီ ပြောလာသည်။

   " ဒါပေါ့ ရှိတာပေါ့ ! မရှိပဲ ဘယ်နေမလဲ? "

   နောက်ဆုံးတော့ ငါက ကံအဆိုးကြီးပဲ မဟုတ်ပါဘူးလေ။ ချူ းလျန် ရဲ့ မျက်လုံးတွေက တောက်ပလာပြီး သိချင်စောဖြင့် မြန်မြန်မေးလိုက်သည်။

     " ဘယ်လောက်လဲဟင် ? "

  အစေခံကူ လည်း ကိုးရို့ကားယားကြီး ရယ်
လာပြီး လက်ငါးချောင်းထောင်ပြလိုက်သည်။

   ချူ းလျန်လည်း ပြုံ းပြုံး ၂ ဖြင့် မေးလာသည်။

    "ငွေတုံး ၅၀၀ ရာ ? "

  အစေခံကူ ရဲ့ မျက်လံူးတွေက ထိန့်လန့်မှုကြောင့် ကျယ်လာသည်။ ချူ းလျန်က ဒီလိုပြောလာမယ်လို့ သူမ မထင်ထားပေ။ အခြား သခင်မတွေသာဆိုရင် ငွေတုံး ၅၀၀ လောက်လေးကို  ပြောလာမှာမဟုတ်ဘူးမလား ?

   ချူ းလျန် ပျော်ရွှင်ကျေနပ်နေတာကို မြင်၍ ရှီးယန်ရဲ့နှလုံးသားလေးက ကွဲကြေသွားရသည်။

  မြို့စားယင်က အရင်လို မကျော်ကြားတော့သော်လည်း သူ့ဟာသူတော့ လူကြားတိုးနိုင်ပါသေးသည်။ ပိန်လီနေတဲ့ ကုလားအုတ်က မြင်းအရွှယ်လောက်တော့ ရှိပါသေးသည်။
စတုတ္ထမြောက် သခင်မလေး မင်္ဂလာဆောင်တုန်းကဆို ခန်းဝင်ပစ္စည့်အဖြစ် ငွေတုံးပေါင်း
ထောင်ကျော်လောက်ကို! ထည့်ပေးသေးသည်။

   သူတို့ရဲ့သခင်မလေးကလည်း တရားဝင်
သမီး ဖြစ်နေသေးတဲ့အတွက် အဲ့ဒီလောက်တော့ ပေးသင့်သည်လေ ။

   " သခင်မလေး ၆ ... "
ရှီးယန်က အသံနိမ့်နိမ့်ဖြင့် ခေါ်လိုက်သည်။

  ထိုမိန်းကလေးက  အဲ့လိုခေါ်လိုက်တဲ့အချိန်တိုင်း သူမငိုတော့မှာကို ချူ းလျန်လည်း သိနေပြီး ဖြစ်သည်။ သူမက ချူ းလျန်ရဲ့ အခြေနေ
အတွက် ဝမ်းနည်း၍ ဖြစ်ပြီး အဆင်ပြေတဲ့ဘက်က ဘယ်တော့မှ မတွေးတောတတ်တော့ပေ။

  ထို့ကြောင့် ချူ းလျန် တည်ကြည် ပြတ်သားစွာနဲ့ မိန့်ခွန်း ချွေလိုက်သည်။

   " ဘာကို ဝမ်းနည်းနေစရာ လိုလို့လဲ ?
ငွေတုံး ၅၀၀ ဆိုတဲ့ ပမာဏ က နည်းတာမဟုတ်ဘူးလေ။ ငွေ ၁၀ တုံးလောက်နဲ့ မိသားစု
၃ခုက တနှစ်လောက်ကို အဆင်ပြေပြေ နေနိုင်တယ်လေ! ပြီးတော့ ငါငယ်ငယ်လေးထဲက
အမေက ဆုံးသွားတာ....အမေမရှိတဲ့ ကလေး
ကို အခြားသူတွေနဲ့ တန်းတူ  ဘယ်လိုလုပ် ဆက်ဆံပေးကြမှာလဲ ?  "

  " ငါ့ရဲ့ ခန်းဝင်ပစ္စည်းတွေက နည်းနေပေမယ့်လည်း ငါက ယောက်ျားကောင်းတစ်ယောက်ကို လက်ထပ်ထားတာပဲလေ မဟုတ်ဘူးလား? မပျော်နိုင်စရာ ဘာအကြောင်းရှိလဲ?
ငါတောင် လက်ခံပြီးနေမှပဲ နင်တို့လည်း လက်ခံသင့်တယ်မဟုတ်လား? ဘာပဲဖြစ်ဖြစ် ဘယ်သူက ပိုက်ဆံနည်းတာကို ဂရုစိုက်နေလို့လဲ? ငါတို့ဘာသာ ရှာလို့ရတာပဲလေ!
ဒီကမ္ဘာမှာ ပိုက်ဆံရှာရတာလောက် လွယ်တာမရှိဘူး ! "

  ချူ းလျန်လည်း ကိုယ့်စကားကိုယ် ကြွေဆင်းသွားပြီး အရင်ကထက် ပိုတက်ကြွ ပိုယုံကြည်မှု ရှိလာခဲ့သည်။ သူမက လိမ်လည်လှည့်ဖျား သူတွေ ပေါများပြီး နည်းပညာဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်မှာတောင် ကိုယ့်အားကိုယ်ကိုးပြီး သန်သန်မာမာ နေထိုင်လာသူ ဖြစ်
သည်။ အခုလို ရိုးရှင်းလွန်းတဲ့ ခေတ်ကတော့
သူမအတွက်တော့ ချွင်းချက် မဟုတ်ပေ။

  ချမ်းသာချင်ရင် အရင်ဆုံး ဆင်းရဲတဲ့ဒုက္ခကိုတော့ ကြံ့ကြံ့ခံနိုင်ရမှာပဲ . . . အဲ့ဒါကို သန်မာတဲ့ မိန်းမတိုင်း သိထားရမယ်လေ။

  အစေခံကူ နဲ့ ရှီးယန်လည်း ချူ းလျန်စကားအောက် နစ်မျှောသွားသည်။အစေခံကူ ကတော့ ရှီးယန် ထက် ပိုပြီး အတွေ့အကြုံ ရင့်ကျက်တဲ့အတွက် သူမရဲ့အမူယာကို အမြန်ထိန်းနိုင်လိုက်သည်။သူမ ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ သူမ ကိုယ်တိုင် စောင့်ရှောက်ပြီး ပြုစုပျို းထောင်ခဲ့တဲ့ အပင်ပေါက်လေးက နောက်ဆုံးတော့ အပွင့်အခက်တွေနဲ့ ဝေဆာလာပြီ ဖြစ်၍ ဝမ်းသာနေမိသည်။ ချူ းလျန်က လောင်းရိပ် မိနေတဲ့ အပင်ငယ်လေး မဟုတ်တော့ဘူး..

သို့ပေမယ့် ရှီးယန်ကတော့ ငူငိုင်နေပြီး
တိကျ ပြတ်သားစွာ ပြောခဲ့သော ချူ းလျန်ရဲ့ စကားက သူမနားထဲ ပဲ့တင်ထပ်နေသည်။

   "ဒီကမ္ဘာမှာ ပိုက်ဆံရှာတာလောက် လွယ်လွန်းတဲ့ အလုပ်က မရှိတော့ဘူး  ! "

  ဘယ်လောက်တောင် မောက်မာပြင်းထန်ပြီး
ယုံကြည်ချက် ရှိလွန်းတဲ့ စကားလဲ ??

  ဒီကမ္ဘာက လူဘယ်လောက်တောင်များ
သူတို့ဘဝအတွက် ခက်ခဲစွာနဲ့ ရုန်းကန်နေရလဲ ... တချို့ ဆို သူတို့ဘဝတွေက်ုတောင်
ရောင်းပစ်ကြလိမ်အုံးမယ် .... ညစ်ပေနေတဲ့
ဒင်္ဂါးလေးနည်းနည်းလောက် ရဖို့အတွက်နဲ့လေ .... ။

'လူတိုင်း ပိုက်ဆံအတွက် အလုပ်လုပ်ကြရမယ်´
ဆိုတဲ့ ဆိုရိုးက ဘာမှ မဖြစ်မြောက်နေပါဘူး။

  ချူ းလျန်ရဲ့ပတ်ပတ်လည်မှာ အဖြူ ရောင်အလင်းတန်းတွေ ထွက်နေပြီး တောက်ပနေတယ်လို့တောင် ရှီးယန်ရဲ့မျက်လုံးထဲ မြင်နေရသည်။ သူ့သခင်မလေးက သူမကို သိမ်မွေ့စွာ
ကြည့်နေတယ်လို့လည်း မြင်နေပြန်သည်။

   "ဟုတ်ကဲ့ , သခင်မ ညွှန်ကြားတဲ့ အတိုင်းပါပဲ ။ ဒီအစေခံက သခင်မလေး အမိန့်ကို အမြဲ
နာခံမှာပါ "

   ချူ းလျန်က သူ့မခေါင်းလေးကို စောင်းပြီး
ရှီးယန်ကို ကြည့်လိုက်သည်။ ရှီးယန်က သူမရဲ့ ရှေ့သွားလေး နှစ်ချောင်းပေါ်အောင်
တောက်တောက်ပပ ပြုံးပြလာ၍ ချူ းလျန်လည်း ကျေနပ်သွားသည်။

   ဒီမိန်းကလေးက သူမရဲ့ ခံစားချက်တွေကို အမြဲ မျိူ သိပ်ထားတယ်။ အခုလို ပွင့်ပွင့်လင်းလင်းလေး ဖြစ်လာတော့... ဟို 'ချူ းလျန် ´
လို အသုံးမကျတဲ့ ပုံမျိူ းနဲ့ အဆုံးသတ်မှာတော့
မဟုတ်တော့ဘူးပေါ့။

   "ကောင်းပြီ , အခု ငါတို့ကြည့်ပြီးပြီဆိုတော့
ပြန်ကြစို့ ! "

  ချူ းလျန်တို့ အဆောင်သို့ ပြန်ရောက်သွားချိန်တွင် အစေခံကူက ငွေတွေ ထည့်ထားသည့် အိတ်ကို လက်နှစ်ဖက်ဖြင့် ချူ းလျန်ကို ကမ်းပေးလာသည်။

   " တတိယသခင်မလေး , ဒီငွေတွေက မင်္ဂလာပွဲနေ့တုန်းက သခင်မလေး ရဲ့အိမ်တော်က သခင်မလေးအစား  သိမ်းပေးထားဖို့
ပေးခဲ့တာပါ "

ချူ းလျန်လည်း အိတ်ကို ယူပြီး ဖွင့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း
ငွေတုံး ၁၀၀ ကို လက်မှတ်တစ်ခုနဲ့ လက်မှတ်၅ခု ရှိနေသည်။ ထိုလက်မှတ်စာရွှက်တွင် တထုံ ဘဏ် ဆိုသည့် အမည်ပါသည်။

သူမက လက်မှတ်တစ်ခုကို ထုတ်၍ အစေခံကူကို ပေးလိုက်ပြီး

    "မိုမို , ဒီ ငွေလက်မှတ်ကို အရေးပေါ် ကိစ္စအတွက် သိမ်းထားလိုက်ပါ ။ ကျန်တာကို
ကျွန်မပဲ သိမ်းထားလိုက်မယ် "

  အစေခံကူကလည်း သူမရဲ့ လက်တွေကို ခါရမ်းလျက် ငွေလက်မှတ်ကိုကြည့်ရင်း ပြောလာသည်။

   " ဟင်းအင်း ဟင်းအင်း ! ဒါက သခင်မလေးရဲ့ ခန်းဝင်ပစ္စည်းပါ ။ ဒီအစေခံအိုက ဘယ်လိုလုပ် သိမ်းထားနိုင်မှာလဲ ? ပြီးတော့လည်း အိမ်တော်အတွင်းမှာ ပိုက်ဆံသုံးဖို့ မလိုအပ်ပါဘူး ။ အရေးပေါ်ကိစ္စဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး "

သူမကပြောနေရင်း မျက်ဝန်းထောင့်တွေ နီရဲလာခဲ့သည်။ ယင်အိမ်တော်မှာ နေခဲ့တဲ့ ရက်တွေက်ု ပြန်စဉ်းစားကြည့်လိုက်ရင် သခင်မလေးက သူမရဲ့ ပိုက်ဆံကို အစေခံတွေ ခိုးယကြမှာ စိုးတဲ့အတွက် ရတနာလိုပဲ အသေချာ
သိမ်းထားတတ်သည်။အစေခံကူမှာ ဒီလို စိတ်ဓာတ်မျိူ းမရှိပေမယ့်လည်း သူမနဲ့ ချူ းလျန်ရဲ့ကြားက အကွာဝေးသေးသေးလေးကိုတော့ အမြဲခံစားနေရသည်။သူတို့ ဘယ်လောက်ပဲ ရင်းနှီးစွာ နေထိုင်နေပါစေ သူတို့က အမြဲ
တမ်း သခင်နဲ့ အစေခံပါပဲ။ အထင်လွှဲမှု ဆိုတာက သူတို့ကြားမှာ အကြီးမားဆုံး ပြစ်ချက်
ကြီး ဖြစ်သည်။

  ချူ းလျန်က ပြုံးလာသည်။ ဒါပေါ့ အစေခံကူ
ဘာကို စဉ်းစားနေလဲ သူမ ခန့်မှန်းနိုင်တာပေါ့။ သူမရဲ့ စိတ်ထဲ၌သာ အရင် ချူ းလျန်ကို
မေတ္တာပို့နေ လိုက်တော့သည်။

  အစေခံကူ ဘယ်လောက်ပဲ ငြင်းငြင်း
ချူ းလျန်ကတော့ အဆုံးထိ လက်ထဲ ထိုးထည့်
ပေးနေတုန်းပင်။

   "မိုမို , သိမ်းထားပေးပါ။ ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ လက်ထဲမှာ ငွေရှိနေတာက ဘာမှ ရှိမနေတာ
ထက်စာရင် ပိုကောင်းတာပေါ့ ။ဒီကမ္ဘာမှာ
ငွေက အရာအားလုံးကို ဖြေရှင်းနိုင်တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မမှာ ငွေတုံး ၄၀၀ ရှိသေးတယ်လေ ။ နောက်ဆုံးတော့ ကျွန်မလည်း
အချို့အျို့အရာတွေက တွယ်ကပ်ထားလို့ မကောင်းမှန်းသိနေပါပြီ။ လက်ထဲငွေရှိတာက သုံးဖို့အတွက်ပဲလေ ; ဘာဖြစ်လို့ ဟိုလူသိမ်းမှ
ဒီလူသိမ်းမှနဲ့ ပြောနေရတာလဲ ? မိုမို..
ကျွန်မ အရင်က သဘောထားသေးသိမ်တဲ့လူ ဖြစ်ရင်ဖြစ်နေမယ် ဟုတ်ပါတယ် .. ကျွန်မ မှားခဲ့ပါတယ် ။ အဲ့ဒါကို နှလုံးသားထဲအထိ
မှတ်သားမထားပါနဲ့ "

  ချူ းလျန်ရဲ့စကားတွေကြောင့် အစေခံကူလည်း သူမရဲ့ ခံစားချက်တွေက်ု မထိန်းထားနိုင်တော့ပေ။မျက်ရည်တွေ ကျလာပြီး ဘဏ်လက်မှတ်ကို ကိုင်၍ ရှိုက်ပြီး ငိုနေသည်။ သူမမှာ
စကားပြောနိုင်စွမ်း မရှိတော့၍ ခေါင်းကိုသာ
ညိမ့်ပြလိုက်ရသည်။ ဘယ်အစေခံမဆို
သူတို့ ခစားရတဲ့ သခင်ရဲ့ ယုံကြည်မှု နှင့်
နားလည်ပေးမှုတွေက်ု လိုလားကြတာပဲလေ။
အစေခံကူလည်း ချူ းလျန့်ရဲ့ ယုံကြည်မှုက်ု ရသွားွြားပြီး အတိတ်တွင်
တစ်ချိန်လုံး သူမသိမ်းထားခဲ့ရသည့် ခံစားချက်များအတွက် တန်သွားပြီဟု ခံစားလိုက်ရသည်။

  သူ့စိတ်ထဲတွင်  တိုးတိုးလေးပြောနေမိသည်။  ' သခင်မ .. ဒါကို မြင်ရလားဟင်?
သခင်မလေးက ကြီးပြင်းလာပြီ ... သခင်မ
အေးအေးချမ်းချမ်း အနားယူနိုင်ပါပြီ ´

အစေခံကူ ခံစားချက်တွေ မထိန်းနိုင်တော့တာမြင်၍ ချူ းလျန်လည်း သူမကိုယ်သူမ ချီးကျူးလိုက်သည်။

  ချူ းလျန်လည်း အစေခံကူရဲ့ အနားသို့ တိုးသွားလိုက်ပြီး မျက်လုံးများလခြမ်းကွေး
သဏ္ဌာန်ပေါ်အောင် တောက်၂ပ၂ ပြုံးလိုက်ပြီး

   "ဘာဖြစ်လို့လဲ ? ကျွန်မ ပေးတာ နည်းနေသေးတယ်လို့ မိုမိုထင်နေတာလား? ကျွန်မ
ပိုက်ဆံအများျြားကြီး ရှာနိင်တဲ့အထိသာ စောင့်နေလိုက်ပါ ! ဘဏ်လက်မှတ်တွေ ရေတွက်လို့ မိုမိုရဲ့ လက်တွေ ဒဏ်ရာရသွားတဲ့အထိ ကျွန်မက ငွေတွေ ရှာမှာမလို့ပဲ ! "

အစေခံကူကလည်း တခစ်ခစ်ရယ်လာပြီး
ချူ းလျန်ကို တောက်ပစွာဖြင့် ပြန်ကြည့်လိုက်ပြီး 
  " သခင်မလေးမှာ ရွှေကွပ်ထားတဲ့လျှာရှိတာပဲ ! "

    " ကျွန်မ စကားအတိုင်းပဲလုပ်မှာ ဖြစ်လို့
စောင့်ကြည့်နေလိုက်ပါ ! မိုမို .. ကျွန်မကို ယုံလား ? "

  " ဒါပေါ့ ယုံတာပေါ့! မိုမိုက သခင်မလေးကို အယုံကြည်ဆုံးပဲ ! "
 
  " ဟီးဟီး  !"

  အစေခံကူလည်း လောင်းရိပ်ကင်းလွတ်ပြီး
ကောင်းစွာ ရှင်သန်ြပြီး လှပနေတဲ့ သူမရှေ့က
ပန်းပွင့်လေးကို ကြည့်လိုက်သည်။အခုလိုမျိူ း
ပေါ့ပါးနေတဲ့စိတ်မျိူ း ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့ သူမခံစားလိုက်ရသည်။သခင်မလေးက အရင်တုန်းက စိတ်သဘောထားသေးသိမ်းပြီး ဖော်၂ရွှေ၂လည်း မနေပေ။

ယခု သခင်မလေးကတော့ သန့်စ့်စင်စွာနဲ့ တောက်ပနေသည့် လှပတဲ့ကျောက်စိမ်းလေးနဲ့ တူနေသည်။ သူတို့ကြားထဲက နွှေးထွှေးမှုလေးက်ုလည်း ခံစားနေရသည်။ သခင်မလေးပြောတဲ့
ပိုက်ဆံမရှာနိုင်ခဲ့ရင်ကော ... ဘာကိစ္စရှိသေးလဲ ?  သူတို့ပျော်ပျော်ရွှင်ရွှင် ငြိမ်း၂ချမ်းနဲ့ နေနိုင်နေရင်ပဲ သူမအတွက် ကျေနပ်စရာကောင်းနေပါပြီ။

₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪

#ျပန္မစစ္နိုင္ေတာ့လို႔ typing errors ကိုသည္းခံဖတ္ေပးၾကပါ😇
<Zawgyi>
Chapter 56: A Heart-to-heart Talk

  ခ်ဴ းလ်န္ ထိုစာရင္းစာအုပ္ကို ေခါက္လိုက္ၿပီး
စာအုပ္ကို ဟိုဘက္ဒီဘက္ လက္နွစ္ဖက္ၾကား
ပုတ္၍ ေဆာ့ေနလိုက္သည္။

    သူမက ရုတ္တရက္ ေမးလိုက္သည္။

  " မိုမို .. ကြၽန္မအေသခ်ာ မမွတ္မိေတာ့လို႔..
ကြၽန္မရဲ႕ ခန္းဝင္ပစၥည္းေတြထဲမွာ ပိုက္ဆံေကာ ရွိလားဟင္? "

   အေစခံကူက သတိႀကီးစြာျဖင့္ ၾကည့္လာသည္။ ခ်ဴ းလ်န္ရဲ႕ စိတ္မေကာင္းျဖစ္ေနမွာစိုး၍
သူမက စည္းဝါးညီညီ ေျပာလာသည္။

   " ဒါေပါ့ ရွိတာေပါ့ ! မရွိပဲ ဘယ္ေနမလဲ? "

   ေနာက္ဆံုးေတာ့ ငါက ကံအဆိုးႀကီးပဲ မဟုတ္ပါဘူးေလ။ ခ်ဴ းလ်န္ ရဲ႕ မ်က္လံုးေတြက ေတာက္ပလာၿပီး သိခ်င္ေစာျဖင့္ ျမန္ျမန္ေမးလိုက္သည္။

     " ဘယ္ေလာက္လဲဟင္ ? "

  အေစခံကူ လည္း ကိုးရို႔ကားယားႀကီး ရယ္
လာၿပီး လက္ငါးေခ်ာင္းေထာင္ျပလိုက္သည္။

   ခ်ဴ းလ်န္လည္း ၿပံဳ းၿပံဳး ၂ ျဖင့္ ေမးလာသည္။

    "ေငြတံုး ၅၀၀ ရာ ? "

  အေစခံကူ ရဲ႕ မ်က္လံူးေတြက ထိန္႔လန္႔မႈေၾကာင့္ က်ယ္လာသည္။ ခ်ဴ းလ်န္က ဒီလိုေျပာလာမယ္လို႔ သူမ မထင္ထားေပ။ အျခား သခင္မေတြသာဆိုရင္ ေငြတံုး ၅၀၀ ေလာက္ေလးကို  ေျပာလာမွာမဟုတ္ဘူးမလား ?

   ခ်ဴ းလ်န္ ေပ်ာ္ရႊင္ေက်နပ္ေနတာကို ျမင္၍ ရွီးယန္ရဲ႕နွလံုးသားေလးက ကြဲေၾကသြားရသည္။

  ၿမိဳ႕စားယင္က အရင္လို မေက်ာ္ၾကားေတာ့ေသာ္လည္း သူ႔ဟာသူေတာ့ လူၾကားတိုးနိုင္ပါေသးသည္။ ပိန္လီေနတဲ့ ကုလားအုတ္က ျမင္းအရႊယ္ေလာက္ေတာ့ ရွိပါေသးသည္။
စတုတၳေျမာက္ သခင္မေလး မဂၤလာေဆာင္တုန္းကဆို ခန္းဝင္ပစၥည့္အျဖစ္ ေငြတံုးေပါင္း
ေထာင္ေက်ာ္ေလာက္ကို! ထည့္ေပးေသးသည္။

   သူတို႔ရဲ႕သခင္မေလးကလည္း တရားဝင္
သမီး ျဖစ္ေနေသးတဲ့အတြက္ အဲ့ဒီေလာက္ေတာ့ ေပးသင့္သည္ေလ ။

   " သခင္မေလး ၆ ... "
ရွီးယန္က အသံနိမ့္နိမ့္ျဖင့္ ေခၚလိုက္သည္။

  ထိုမိန္းကေလးက  အဲ့လိုေခၚလိုက္တဲ့အခ်ိန္တိုင္း သူမငိုေတာ့မွာကို ခ်ဴ းလ်န္လည္း သိေနၿပီး ျဖစ္သည္။ သူမက ခ်ဴ းလ်န္ရဲ႕ အေျခေန
အတြက္ ဝမ္းနည္း၍ ျဖစ္ၿပီး အဆင္ေျပတဲ့ဘက္က ဘယ္ေတာ့မွ မေတြးေတာတတ္ေတာ့ေပ။

  ထို႔ေၾကာင့္ ခ်ဴ းလ်န္ တည္ၾကည္ ျပတ္သားစြာနဲ႔ မိန္႔ခြန္း ေခြၽလိုက္သည္။

   " ဘာကို ဝမ္းနည္းေနစရာ လိုလို႔လဲ ?
ေငြတံုး ၅၀၀ ဆိုတဲ့ ပမာဏ က နည္းတာမဟုတ္ဘူးေလ။ ေငြ ၁၀ တံုးေလာက္နဲ႔ မိသားစု
၃ခုက တနွစ္ေလာက္ကို အဆင္ေျပေျပ ေနနိုင္တယ္ေလ! ၿပီးေတာ့ ငါငယ္ငယ္ေလးထဲက
အေမက ဆံုးသြားတာ....အေမမရွိတဲ့ ကေလး
ကို အျခားသူေတြနဲ႔ တန္းတူ  ဘယ္လိုလုပ္ ဆက္ဆံေပးၾကမွာလဲ ?  "

  " ငါ့ရဲ႕ ခန္းဝင္ပစၥည္းေတြက နည္းေနေပမယ့္လည္း ငါက ေယာက်္ားေကာင္းတစ္ေယာက္ကို လက္ထပ္ထားတာပဲေလ မဟုတ္ဘူးလား? မေပ်ာ္နိုင္စရာ ဘာအေၾကာင္းရွိလဲ?
ငါေတာင္ လက္ခံၿပီးေနမွပဲ နင္တို႔လည္း လက္ခံသင့္တယ္မဟုတ္လား? ဘာပဲျဖစ္ျဖစ္ ဘယ္သူက ပိုက္ဆံနည္းတာကို ဂရုစိုက္ေနလို႔လဲ? ငါတို႔ဘာသာ ရွာလို႔ရတာပဲေလ!
ဒီကမၻာမွာ ပိုက္ဆံရွာရတာေလာက္ လြယ္တာမရွိဘူး ! "

  ခ်ဴ းလ်န္လည္း ကိုယ့္စကားကိုယ္ ေႂကြဆင္းသြားၿပီး အရင္ကထက္ ပိုတက္ႂကြ ပိုယံုၾကည္မႈ ရွိလာခဲ့သည္။ သူမက လိမ္လည္လွည့္ဖ်ား သူေတြ ေပါမ်ားၿပီး နည္းပညာဖြ႕ံၿဖိဳးတိုးတက္ေနတဲ့ ေခတ္မွာေတာင္ ကိုယ့္အားကိုယ္ကိုးၿပီး သန္သန္မာမာ ေနထိုင္လာသူ ျဖစ္
သည္။ အခုလို ရိုးရွင္းလြန္းတဲ့ ေခတ္ကေတာ့
သူမအတြက္ေတာ့ ခြၽင္းခ်က္ မဟုတ္ေပ။

  ခ်မ္းသာခ်င္ရင္ အရင္ဆံုး ဆင္းရဲတဲ့ဒုကၡကိုေတာ့ ႀကံ့ႀကံ့ခံနိုင္ရမွာပဲ . . . အဲ့ဒါကို သန္မာတဲ့ မိန္းမတိုင္း သိထားရမယ္ေလ။

  အေစခံကူ နဲ႔ ရွီးယန္လည္း ခ်ဴ းလ်န္စကားေအာက္ နစ္ေမ်ွာသြားသည္။အေစခံကူ ကေတာ့ ရွီးယန္ ထက္ ပိုၿပီး အေတြ႕အႀကံဳ ရင့္က်က္တဲ့အတြက္ သူမရဲ႕အမူယာကို အျမန္ထိန္းနိုင္လိုက္သည္။သူမ ေခါင္းၿငိမ့္ေထာက္ခံလိုက္သည္။ သူမ ကိုယ္တိုင္ ေစာင့္ေရွာက္ၿပီး ျပဳစုပ်ိဳ းေထာင္ခဲ့တဲ့ အပင္ေပါက္ေလးက ေနာက္ဆံုးေတာ့ အပြင့္အခက္ေတြနဲ႔ ေဝဆာလာၿပီ ျဖစ္၍ ဝမ္းသာေနမိသည္။ ခ်ဴ းလ်န္က ေလာင္းရိပ္ မိေနတဲ့ အပင္ငယ္ေလး မဟုတ္ေတာ့ဘူး..

သုိ႔ေပမယ့္ ရွီးယန္ကေတာ့ ငူငိုင္ေနၿပီး
တိက် ျပတ္သားစြာ ေျပာခဲ့ေသာ ခ်ဴ းလ်န္ရဲ႕ စကားက သူမနားထဲ ပဲ့တင္ထပ္ေနသည္။

   "ဒီကမၻာမွာ ပိုက္ဆံရွာတာေလာက္ လြယ္လြန္းတဲ့ အလုပ္က မရွိေတာ့ဘူး  ! "

  ဘယ္ေလာက္ေတာင္ ေမာက္မာျပင္းထန္ၿပီး
ယံုၾကည္ခ်က္ ရွိလြန္းတဲ့ စကားလဲ ??

  ဒီကမၻာက လူဘယ္ေလာက္ေတာင္မ်ား
သူတို႔ဘဝအတြက္ ခက္ခဲစြာနဲ႔ ရုန္းကန္ေနရလဲ ... တခ်ိဳ႕ ဆို သူတို႔ဘဝေတြက္ုေတာင္
ေရာင္းပစ္ၾကလိမ္အံုးမယ္ .... ညစ္ေပေနတဲ့
ဒဂၤါးေလးနည္းနည္းေလာက္ ရဖို႔အတြက္နဲ႔ေလ .... ။

'လူတိုင္း ပိုက္ဆံအတြက္ အလုပ္လုပ္ၾကရမယ္´
ဆိုတဲ့ ဆိုရိုးက ဘာမွ မျဖစ္ေျမာက္ေနပါဘူး။

  ခ်ဴ းလ်န္ရဲ႕ပတ္ပတ္လည္မွာ အျဖဴ ေရာင္အလင္းတန္းေတြ ထြက္ေနၿပီး ေတာက္ပေနတယ္လို႔ေတာင္ ရွီးယန္ရဲ႕မ်က္လံုးထဲ ျမင္ေနရသည္။ သူ႔သခင္မေလးက သူမကို သိမ္ေမြ ႕စြာ
ၾကည့္ေနတယ္လို႔လည္း ျမင္ေနျပန္သည္။

   "ဟုတ္ကဲ့ , သခင္မ ညႊန္ၾကားတဲ့ အတိုင္းပါပဲ ။ ဒီအေစခံက သခင္မေလး အမိန္႔ကို အၿမဲ
နာခံမွာပါ "

   ခ်ဴ းလ်န္က သူ႔မေခါင္းေလးကို ေစာင္းၿပီး
ရွီးယန္ကို ၾကည့္လိုက္သည္။ ရွီးယန္က သူမရဲ႕ ေရွ႕သြားေလး နွစ္ေခ်ာင္းေပၚေအာင္
ေတာက္ေတာက္ပပ ၿပံဳးျပလာ၍ ခ်ဴ းလ်န္လည္း ေက်နပ္သြားသည္။

   ဒီမိန္းကေလးက သူမရဲ႕ ခံစားခ်က္ေတြကို အၿမဲ မ်ိဴ သိပ္ထားတယ္။ အခုလို ပြင့္ပြင့္လင္းလင္းေလး ျဖစ္လာေတာ့... ဟုိ 'ခ်ဴ းလ်န္ ´
လို အသံုးမက်တဲ့ ပံုမ်ိဴ းနဲ႔ အဆံုးသတ္မွာေတာ့
မဟုတ္ေတာ့ဘူးေပါ့။

   "ေကာင္းၿပီ , အခု ငါတို႔ၾကည့္ၿပီးၿပီဆိုေတာ့
ျပန္ၾကစုိ႔ ! "

  ခ်ဴ းလ်န္တို႔ အေဆာင္သုိ႔ ျပန္ေရာက္သြားခ်ိန္တြင္ အေစခံကူက ေငြေတြ ထည့္ထားသည့္ အိတ္ကို လက္ႏွစ္ဖက္ျဖင့္ ခ်ဴ းလ်န္ကို ကမ္းေပးလာသည္။

   " တတိယသခင္မေလး , ဒီေငြေတြက မဂၤလာပြဲေန႔တုန္းက သခင္မေလး ရဲ႕အိမ္ေတာ္က သခင္မေလးအစား  သိမ္းေပးထားဖို႔
ေပးခဲ့တာပါ "

ခ်ဴ းလ်န္လည္း အိတ္ကို ယူၿပီး ဖြင့္ၾကည့္လိုက္သည္။ ေမ်ွာ္လင့္ထားသည့္အတိုင္း
ေငြတံုး ၁၀၀ ကို လက္မွတ္တစ္ခုနဲ႔ လက္မွတ္၅ခု ရွိေနသည္။ ထိုလက္မွတ္စာရႊက္တြင္ တထံု ဘဏ္ ဆိုသည့္ အမည္ပါသည္။

သူမက လက္မွတ္တစ္ခုကို ထုတ္၍ အေစခံကူကို ေပးလိုက္ၿပီး

    "မိုမို , ဒီ ေငြလက္မွတ္ကို အေရးေပၚ ကိစၥအတြက္ သိမ္းထားလိုက္ပါ ။ က်န္တာကို
ကြၽန္မပဲ သိမ္းထားလိုက္မယ္ "

  အေစခံကူကလည္း သူမရဲ႕ လက္ေတြကို ခါရမ္းလ်က္ ေငြလက္မွတ္ကိုၾကည့္ရင္း ေျပာလာသည္။

   " ဟင္းအင္း ဟင္းအင္း ! ဒါက သခင္မေလးရဲ႕ ခန္းဝင္ပစၥည္းပါ ။ ဒီအေစခံအိုက ဘယ္လိုလုပ္ သိမ္းထားနိုင္မွာလဲ ? ၿပီးေတာ့လည္း အိမ္ေတာ္အတြင္းမွာ ပိုက္ဆံသံုးဖို႔ မလိုအပ္ပါဘူး ။ အေရးေပၚကိစၥဆိုတာလည္း ရွိလာမွာ မဟုတ္ပါဘူး "

သူမကေျပာေနရင္း မ်က္ဝန္းေထာင့္ေတြ နီရဲလာခဲ့သည္။ ယင္အိမ္ေတာ္မွာ ေနခဲ့တဲ့ ရက္ေတြက္ု ျပန္စဥ္းစားၾကည့္လိုက္ရင္ သခင္မေလးက သူမရဲ႕ ပိုက္ဆံကို အေစခံေတြ ခိုးယၾကမွာ စိုးတဲ့အတြက္ ရတနာလိုပဲ အေသခ်ာ
သိမ္းထားတတ္သည္။အေစခံကူမွာ ဒီလို စိတ္ဓာတ္မ်ိဴ းမရွိေပမယ့္လည္း သူမနဲ႔ ခ်ဴ းလ်န္ရဲ႕ၾကားက အကြာေဝးေသးေသးေလးကိုေတာ့ အၿမဲခံစားေနရသည္။သူတို႔ ဘယ္ေလာက္ပဲ ရင္းနွီးစြာ ေနထိုင္ေနပါေစ သူတို႔က အၿမဲ
တမ္း သခင္နဲ႔ အေစခံပါပဲ။ အထင္လႊဲမႈ ဆိုတာက သူတို႔ၾကားမွာ အႀကီးမားဆံုး ျပစ္ခ်က္
ႀကီး ျဖစ္သည္။

  ခ်ဴ းလ်န္က ၿပံဳးလာသည္။ ဒါေပါ့ အေစခံကူ
ဘာကို စဥ္းစားေနလဲ သူမ ခန္႔မွန္းနိုင္တာေပါ့။ သူမရဲ႕ စိတ္ထဲ၌သာ အရင္ ခ်ဴ းလ်န္ကို
ေမတၲာပို႔ေန လိုက္ေတာ့သည္။

  အေစခံကူ ဘယ္ေလာက္ပဲ ျငင္းျငင္း
ခ်ဴ းလ်န္ကေတာ့ အဆံုးထိ လက္ထဲ ထိုးထည့္
ေပးေနတုန္းပင္။

   "မိုမို , သိမ္းထားေပးပါ။ ဘာေတြ ျဖစ္လာနိုင္လဲဆိုတာ ဘယ္သူမွ မသိနိုင္ဘူးေလ။ လက္ထဲမွာ ေငြရွိေနတာက ဘာမွ ရွိမေနတာ
ထက္စာရင္ ပိုေကာင္းတာေပါ့ ။ဒီကမၻာမွာ
ေငြက အရာအားလံုးကို ေျဖရွင္းနိုင္တယ္။
ဘာပဲျဖစ္ျဖစ္ ကြၽန္မမွာ ေငြတံုး ၄၀၀ ရွိေသးတယ္ေလ ။ ေနာက္ဆံုးေတာ့ ကြၽန္မလည္း
အခ်ိဳ႕အ်ိဳ႕အရာေတြက တြယ္ကပ္ထားလို႔ မေကာင္းမွန္းသိေနပါၿပီ။ လက္ထဲေငြရွိတာက သံုးဖို႔အတြက္ပဲေလ ; ဘာျဖစ္လို႔ ဟိုလူသိမ္းမွ
ဒီလူသိမ္းမွနဲ႔ ေျပာေနရတာလဲ ? မိုမို..
ကြၽန္မ အရင္က သေဘာထားေသးသိမ္တဲ့လူ ျဖစ္ရင္ျဖစ္ေနမယ္ ဟုတ္ပါတယ္ .. ကြၽန္မ မွားခဲ့ပါတယ္ ။ အဲ့ဒါကို နွလံုးသားထဲအထိ
မွတ္သားမထားပါနဲ႔ "

  ခ်ဴ းလ်န္ရဲ႕စကားေတြေၾကာင့္ အေစခံကူလည္း သူမရဲ႕ ခံစားခ်က္ေတြက္ု မထိန္းထားနိုင္ေတာ့ေပ။မ်က္ရည္ေတြ က်လာၿပီး ဘဏ္လက္မွတ္ကို ကိုင္၍ ရိႈက္ၿပီး ငိုေနသည္။ သူမမွာ
စကားေျပာနိုင္စြမ္း မရွိေတာ့၍ ေခါင္းကိုသာ
ညိမ့္ျပလိုက္ရသည္။ ဘယ္အေစခံမဆို
သူတို႔ ခစားရတဲ့ သခင္ရဲ႕ ယံုၾကည္မႈ နွင့္
နားလည္ေပးမႈေတြက္ု လိုလားၾကတာပဲေလ။
အေစခံကူလည္း ခ်ဴ းလ်န္႔ရဲ႕ ယံုၾကည္မႈက္ု ရသြားၿြားၿပီး အတိတ္တြင္
တစ္ခ်ိန္လံုး သူမသိမ္းထားခဲ့ရသည့္ ခံစားခ်က္မ်ားအတြက္ တန္သြားၿပီဟု ခံစားလိုက္ရသည္။

  သူ႔စိတ္ထဲတြင္  တိုးတိုးေလးေျပာေနမိသည္။  ' သခင္မ .. ဒါကို ျမင္ရလားဟင္?
သခင္မေလးက ႀကီးျပင္းလာၿပီ ... သခင္မ
ေအးေအးခ်မ္းခ်မ္း အနားယူနိုင္ပါၿပီ ´

အေစခံကူ ခံစားခ်က္ေတြ မထိန္းနိုင္ေတာ့တာျမင္၍ ခ်ဴ းလ်န္လည္း သူမကိုယ္သူမ ခ်ီးက်ဴးလိုက္သည္။

  ခ်ဴ းလ်န္လည္း အေစခံကူရဲ႕ အနားသို႔ တိုးသြားလိုက္ၿပီး မ်က္လံုးမ်ားလျခမ္းေကြး
သဏၭာန္ေပၚေအာင္ ေတာက္၂ပ၂ ၿပံဳးလိုက္ၿပီး

   "ဘာျဖစ္လို႔လဲ ? ကြၽန္မ ေပးတာ နည္းေနေသးတယ္လို႔ မိုမိုထင္ေနတာလား? ကြၽန္မ
ပိုက္ဆံအမ်ားႀ်ားႀကီး ရွာနိင္တဲ့အထိသာ ေစာင့္ေနလိုက္ပါ ! ဘဏ္လက္မွတ္ေတြ ေရတြက္လို႔ မုိမုိရဲ႕ လက္ေတြ ဒဏ္ရာရသြားတဲ့အထိ ကြၽန္မက ေငြေတြ ရွာမွာမလို႔ပဲ ! "

အေစခံကူကလည္း တခစ္ခစ္ရယ္လာၿပီး
ခ်ဴ းလ်န္ကို ေတာက္ပစြာျဖင့္ ျပန္ၾကည့္လိုက္ၿပီး 
  " သခင္မေလးမွာ ေရႊကြပ္ထားတဲ့လွ်ာရွိတာပဲ ! "

    " ကြၽန္မ စကားအတိုင္းပဲလုပ္မွာ ျဖစ္လို႔
ေစာင့္ၾကည့္ေနလိုက္ပါ ! မိုမို .. ကြၽန္မကို ယံုလား ? "

  " ဒါေပါ့ ယံုတာေပါ့! မိုမိုက သခင္မေလးကို အယံုၾကည္ဆံုးပဲ ! "
 
  " ဟီးဟီး  !"

  အေစခံကူလည္း ေလာင္းရိပ္ကင္းလြတ္ၿပီး
ေကာင္းစြာ ရွင္သန္ၿ္ၿပီး လွပေနတဲ့ သူမေရွ႕က
ပန္းပြင့္ေလးကို ၾကည့္လိုက္သည္။အခုလိုမ်ိဴ း
ေပါ့ပါးေနတဲ့စိတ္မ်ိဴ း ဘယ္တုန္းကမွ မရွိခဲ့ဖူးဘူးလို႔ သူမခံစားလိုက္ရသည္။သခင္မေလးက အရင္တုန္းက စိတ္သေဘာထားေသးသိမ္းၿပီး ေဖာ္၂ေရႊ၂လည္း မေနေပ။

ယခု သခင္မေလးကေတာ့ သန္႔စ္႔စင္စြာနဲ႔ ေတာက္ပေနသည့္ လွပတဲ့ေက်ာက္စိမ္းေလးနဲ႔ တူေနသည္။ သူတို႔ၾကားထဲက ေနႊးေထႊးမႈေလးက္ုလည္း ခံစားေနရသည္။ သခင္မေလးေျပာတဲ့
ပိုက္ဆံမရွာနိုင္ခဲ့ရင္ေကာ ... ဘာကိစၥရွိေသးလဲ ?  သူတို႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ၿငိမ္း၂ခ်မ္းနဲ႔ ေနနိုင္ေနရင္ပဲ သူမအတြက္ ေက်နပ္စရာေကာင္းေနပါၿပီ။

₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪

Continue Reading

You'll Also Like

2M 68.8K 53
Woke up in the ancient era frightened the hell out of her. But she has to make a choice : Let the real plot take place or try to change it. ••• His p...
Beyond Times By Woody

Historical Fiction

96.2K 6K 57
-"And where do I reside?" -"You reside in my heart, Priye!" Two broken souls, who endured pain and loneliness all their life. Destiny united them and...
71.5K 2.4K 61
𝑨𝒏 𝒂𝒖𝒕𝒉𝒐𝒓 𝒘𝒉𝒐 𝒇𝒊𝒏𝒅𝒔 𝒉𝒆𝒓𝒔𝒆𝒍𝒇 𝒊𝒏 𝒉𝒆𝒓 𝒐𝒘𝒏 𝒄𝒓𝒆𝒂𝒕𝒊𝒐𝒏. 𝘙𝘦𝘯𝘦𝘦, 𝘢 𝘵𝘸𝘦𝘯𝘵𝘺-𝘧𝘪𝘷𝘦 𝘺𝘦𝘢𝘳 𝘰𝘭𝘥 𝘴𝘦𝘭𝘧...
Erica By Sam

Historical Fiction

2.8M 155K 88
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...