{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 23 ေယာကၡမႀကီး

2.6K 405 1
By whitekiddy

<Unicode>
#TRANSLATED BY Irisbellar

မင်းသားကျင်းသည် ဟေးချန်ရဲ့ မျက်ဝန်းထဲက အနည်းငယ် သောကဖြစ်နေမှုနှင့်အတူ သူနားမလည်နိုင်တဲ့ နက်နဲမှုတစ်ချို့ကို တွေ့လိုက်ရသည်။

"မင်းသား, အခုချိန် ကျွန်တော်မပြောပြနိုင်သေးတဲ့ အကြောင်းတစ်ချို့ ရှိပါတယ်။ဒါပေမယ့် ကျွန်တော် ကတိပေးပါတယ်။ ဒီထဲမှာ ကျွန်တော် မြောက်ပိုင်း နယ်စပ်ကို မဖြစ်မနေသွားရမယ့် အကြောင်းပြချက် ရှိနေပါတယ်။ "🙇

ဟေးချန် ရွဲ့ဟုမ်စားသောက်ဆိုင်က ပြန်ထွက်လာခဲ့ချိန်မှာတော့ နေ့လည် တစ်နာရီ ကျော်နေပါပြီ။

မင်းသားကျင်းလဲ ပြတင်းပေါက်နားကနေ သူ့အချစ်ဆုံးသူငယ်ချင်း ပြန်သွားတာကို လမ်းအကွေ့တစ်လျှောက် ပျောက်ကွယ်သွားသည် အထိ ရပ်ကြည့်နေခဲ့သည်။ အဲ့ဒီနောက်
အတွေးနက်ထဲ ရောက်နေပုံနှင့် လှည့်ထွက်သွားခဲ့သည်။

ချူးလန်က မနက်စာ စားပြီးနောက် သူရဲ့
နေ့စဉ်တာဝန်ရ အရိုအသေပေးဖို့
ဟေးသခင်မကြီးဆီ သွားရန် မြန်မြန်လေး
ခြေလှမ်းပြင် လိုက်သည်။

ကျင်းအန် အိမ်တော်ရှိ အမျိုးသမီး များအားလုံး ကျင်းချီခန်းမတွင် စုဝေးခဲ့ကြသည်။ အိပ်ယာထဲလဲနေတဲ့ ကျင်းအန် မြို့စားကတော်က လွဲလို့ပေါ့။

ချူးလန်ခန်းမထဲ အဝင် အစမှာပဲ ဟေးသခင်မကြီး အကြည့်က သူမဆီချက်ချင်းရောက် လာခဲ့သည်။ ချူးလန် အပြာနုရောင်လေး ဝတ်ထားတာကို တွေ့တော့ သူမချက်ချင်းပဲ သတိရသွားခဲ့သည်။ ဒီနေ့ မနက် ဟေးချန် အပြင်မသွားခင် ကျင်းချီ ခန်းမကို ခဏဝင်ခဲ့တုန်းက သူလဲ အပြာနုရောင်လေး ဝတ်ထားခဲ့တာကို..ထို့နောက် သူမ ပြုံးလိုက်၏။

သူမ တူမလေးနှစ်ယောက်က လွဲရင် မိသားစု ထဲမှာ ချူးလန်က အငယ်ဆုံးပဲ ဖြစ်သည်။
သူမနှုတ်ဆက်ပြီးနောက် ဟေးသခင်မကြီးက သူ့ဘက်ကို လှမ်းဆွဲလိုက်သည်။

" လျန်အာ....မင်းဒီအိမ်တော်မှာ ရက်နည်းနည်းကြာလာတော့ နေသားကျသွားပြီလား "

ဟေးသခင်မကြီးက နွေးထွေးဖော်ရွေစွာနှင့် မေးလာခဲ့သည်။

အသက်အရွယ်ကြီး အဘိုးအဘွားတွေမှာ
အမြဲတမ်းတွေ့ရတဲ့   ကြင်နာသနားတဲ့
မေတ္တာတွေ အပြည့် နှင့် မေးခဲ့လေသည်။

ထိုအသံက တစ်ယောက်ယောက်ကို အသက်ကြီးရွယ်အို တစ်ယောက်ဆီ ပြေးကပ်သွားချင်စေဖြစ်ပေါ် စေနိုင်တယ်။

ချူးလန် ခေါင်းငြိမ့်ပြခဲ့ပြီး ကြည်လင်ရွှင်မြတဲ့ အကြည့်လေးတွေနှင့်အတူ ပြန်ဖြေခဲ့ပါသည်။

"ဟုတ်ကဲ့...နေသားကျသွားပါပြီ။ မြေးချွေးမလေးက အဘွားရဲ့ ပူပန်ပေးမှုအတွက် ကျေးဇူး အများကြီးတင်ပါတယ် ရှင့်။ "🙇

"ဟေးစန်းလန် တစ်ယောက်  ဒီနေ့ အစောကြီး ထွက်သွားတာ ညနေမှ ပြန်ရောက်မယ် ထင်တယ်။ဒီလိုလုပ်...မြေးလေး ယောင်းမနဲ့ မြေးလေးတို့ အဘွားဆီမှာ နေ့လည်စာ
လာစားလှည့်ပါလားကွယ်""

ချူးလန်လဲ ခေါင်းညိမ့်ပြပြီး သဘောတူလိုက်သည်။

ကျင်းချီ ခန်းမမှာ တစ်နာရီလောက် ထိုင်ခဲ့ပြီးနောက်တော့ သူမ အမကျိုးနှင့်အတူ ကျင်းအန်
မြို့စားကတော်ဆီ အလည် သွားခဲ့သည်။

သူတို့ အထဲမဝင်ခင်မှာဘဲ မြို့စားကတော် အပြင်းအထန် ချောင်းဆိုးနေခဲ့တာကို ကြားလိုက်လေသည်။

အမကျိုးမျက်မှောင်ကြုံ့လိုက်၏။ ထိုစဉ် မြို့စားကတော်၏ အစေခံလဲ ဆေးသွားယူရန် ထွက်လာခဲ့လေသည်။

အစေခံလဲ သခင်မနှစ်ယောက် အဝင်ပေါက်မှာ ရပ်နေတာတွေ့တော့ နှုတ်ဆက်လိုက်သည်။

"မဂ်လာနံနက်ခင်းပါ အကြီးဆုံးသခင်မလေး, တတိယသခင်မလေးရှင့် "🙇

" အမေ ဘာဖြစ်တာလဲ။ ဘာလို့ မနေ့ကထက် ပိုဆိုးတဲ့ပုံ ပေါက်နေရတာလဲ။ "
ကျိုးသခင်မက အစေခံကို ပူပန်စွာ မေးခဲ့သည်။

အစေခံလည်း မျက်နှာပျက်လျက် ပြန်ဖြေခဲ့သည်။

"ဒီအစေခံလဲ မသိနိုင် ဖြစ်နေပါတယ်။ အစပိုင်းမှာတော့ ဆေးက အာနိကောင်းရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတောင် သခင်မကြီး အပြင်ထွက်ပြီး လမ်းပုံမုန် လျှောက်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုရက်ပိုင်းတော့ ဆေးအာနိသင် လုံးဝ မရှိတော့သလိုပါပဲ။ အချိန်မုန်မုန် သောက်နေတာတောင်မှ
သခင်မရဲ့ အခြေနေက ဘာမှ မပြောင်းလဲလာခဲ့တော့ပါဘူး"

အမကျိုးဘေးမှာ ရပ်နေရင်း ချူးလန်လဲ သူမဝတ္ထုထဲမှာ ဘာဖတ်ခဲ့လိုက်ရလဲဆိုတာကို ပြန်တွေးထုတ်နေခဲ့တယ်။ မြို့စားကတော် ကျင်းအန်အကြောင်းက နေမကောင်းတာကလဲွှဲပီး ဘာမှ မဖော်ပြထားခဲ့ဘူး။ ဒါပေမယ့် ရောဂါ
လကက္ခဏာ ကြည့်ရတာတော့ နမိုးနီးယား မဟုတ်ရင် တီဘီရောဂါ ဖြစ်ဖို့ပဲ များပါတယ်။ အခုခေတ်မျိုးမှာတော့ ဒီရောဂါတွေကို ကုသဖို့ နည်းလမ်းရှိမည် မထင်။ အသက်နည်း နည်းပိုရှည် ရှည် နေရဖို့သာ ဆေးသောက် ကြခြင်းဖြစ်သည်။

"သွား.သွား.., ဆေးသွားစပ်ချေ။ ငါ
ယောင်းမလေးနဲ့အတူ အမေ့ကိုကြည့်ဖို့ ဝင်သွားလိုက်မယ်"

သခင်မလဲ့ မောပန်းပြီး အိပ်ပျော်သွားခဲ့ သည့်နောက် သူတို့လဲ ယောက္ခမဆီမှ ပြန်လာခဲ့ကြတော့သည်။ သူမမျက်နှာက တော်တော်လေးကို ဖျော့ နေခဲ့သည်။ အိပ်ပျော်နေတာတောင် သူမရဲ့ နာတာရှည် ရောဂါကြောင့် မျက်တွင်း ချောင်ကျနေပုံ ပေါက်နေတော့သည်။

ထိုပအပြင် အစေခံဆီက ကြားခဲ့ရတာကတော့ သခင်မက အခုရက်ပိုင်း သိပ်မစားနိုင် ဖြစ်နေတယ်။ သူမ နာကျင်မှုကြောင့် အစာမျိုမချနိုင် ဖြစ်နေခဲ့တယ်တဲ့။

သူမအရင်တုန်းကဆို စားဖိုမှူးကျောင်း ချက်ပေးတဲ့ မုန်အနှစ်ရည် ကိုသာ စားနိုင်ခဲ့သည်။ အခုတော့ ထမင်းချက်လဲ ကွယ်လွန်သွားပြီဖြစ်သည်။ မြို့စားကတော်ရဲ့ အစာအိမ်ကလဲ အခြားအစာတစ်ခုမှ လက်မခံ ဖြစ်နေခဲ့သည်။

လင်ညီမနှစ်ယောက် ယောက္ခမအဆောင်မှ ပြန်လာခဲ့ပြီး အိမ်တော်၏ ဥယာဉ်သေးလေးများဆီ ဦးတည်ခဲ့ကြသည်။ သူတို့လက်မှာ ကျောက်နီ လက်ကောက် တစ်ကွင်းဆီ ဝတ်ထားခဲ့ကြသည်။
တောက်ပနေတဲ့လက်ကောက်အရောင်က တန်ဖိုးကြီးမားကြောင်း တန်းသိစေနိုင်သည်။ သခင်မလဲ့က မြင့်မြတ် ခမ်းနားတဲ့ မိသားစုကနေ ဆင်းသက်လာခဲ့သူဖြစ်သည်။ သူမတို့
ဘက်ကပေးသော သတို့သားအတွက်လက်ဆောင် များမှာ အဖိုးတန် ကျောက်မျက်ရတနာများ အလျှံ့အပယ် ပင်ဖြစ်ခဲ့သည်။ ဒီအကြောင်းတွေကို အမကျိုးက ချူးလန်ကို နောက်မှ တော်တော်လေးပြောပြဖြစ်ခဲ့တာ ဖြစ်သည်။

ချူးလန်က သူမလက်ထဲက လက်ကောက်ကို ကြည့်ပြီး အနေခက်နေခဲ့သည်။ဒီကျောက်နီ လက်ကောက်လေး တစ်ရံကို သူမနှင့်် အမကျိုးတို့ တစ်ကွင်းဆီရခဲ့ကြခြင်း ဖြစ်သည်။

ဒိလို တန်ဖိုးကြီးမားတဲ့ အဆင်တန်ဆာကို ချူးလန်ဘဝ မှာ အရင်က လုံးဝ မတွေ့ဖူးခဲ့ပေ။ သူမ လက်ဖက်ရည် အခမ်းအနားနေ့က လဲ ရတနာတစ်ချို့ လက်ခံခဲ့ရ ပေမယ့်လဲ ဒီကျောက်နီလက်ကောက် က အားလုံးထက် ပို
တန်ဖိုးကြီးနေခဲ့ပါသည်။

အမကျိုးလဲ ချူးလန် ဝန်လေးနေတာ ရိပ်မိလို့ အားပေးတဲ့ အပြုံးဖြင့်

" အမေက ငါတို့ကို ပေးဖို့ ဆုံးဖြတ်ထားခဲ့တာဆိုတော့ဒီအတိုင်း တို့သိမ်းထား ကြရအောင်။ မင်းငြင်းမယ်ဆိုရင် သူစိတ်မကောင်း ဖြစ်ရမှာပေါ့ "

အမကျိုး သူမလက်ကောက်ကို ချွတ်၍ အစေခံကို ပေးလိုက်ပြီး သေသေချာချာသုတ်ပြိး ဂရုတစိုက် သိမ်းဖို့ မှာကြားလိုက်သည်။ ထို့နောက် သူမ ချူးလန်ကို ခရမ်းရောင် ပန်းအနွယ်လေးတွေ ဝန်းရံနေတဲ့ လျှောက်လမ်း ​ကျယ်ဆီ ဆွဲခေါ်သွားသည်။ အဲ့ဒီမှာ သူတို့ ဖြေးဖြေးလေး လျှောက်နေကြစဉ် အမကျိုးက ရုတ်တရက် သက်ပြင်းချ လိုက်သည်။

" တကယ်တော့ အမေ့မှာ အတွင်း ပစ္စည်းအများကြီး မကျန်တော့ပါဘူး။ဒီလက်ကောက် တွေကကျန်တဲ့ အရာတွေ ထဲ တန်ဖိုး အကြီးဆုံး ဖြစ်နေမယ် ထင်တယ်။🙎"

ချူးလန် မျက်နှာက စိတ်ရှုပ်သွားပုံ ကြောင့် သူမကို သေချာ ရှင်းပြဖို့ ရာ အစေခံတွေကိုညဆက်မလိုက်လာဖို့ လက်ပြခဲ့သည်။ အစေခံတွေလဲ သူတို့ ရောက်နေတဲ့နေရာ မတ်တပ်ရပ် ကျန်နေခဲ့ပြီး အမကျိုးက ချူးလန်ကို နားစွင့်နေသူ တွေ ဆီကနေ အဝေးကို ဆွဲခေါ်သွားလိုက်သည်။

အပြင်လူ တစ်ယောက်မှ မရှိတော့တဲ့ နေရာရောက်တော့မှ

" တတိယညီမလေး... မင်း အမေ့ ရောဂါ အကြောင်းတော့ သေချာ သိပြီး ဖြစ်မှာပါ။"

ဟေးချန်က တစ်ခါမှ သေသေချာချာ မပြောပြခဲ့ပေမယိ့လဲ အ​​မေ့ရဲ့ ရောဂါက ဘယ်လောက် ပြင်းကြောင်း သိနေခဲ့သည်။ စာအုပ်ထဲတွင်လဲ .မြို့စားကတော် ခနခန အိပ်ယာထဲ လဲကြောင်း ဖော်ပြထားခဲ့တယ်လေ။

ချူးလန်ခေါင်းငြိမ့် ပြခဲ့သည်။

"အမေ့ရောဂါကို ကုသဖို့ သမားတော်တွေ
မတတ်နိုင်ဘူးဆိုတာကို ညီမလည်း သိမှာပါ။ သူတို့ရဲ့ အထူးဆေးနဲ့ပဲ အချိန်ဆွဲထားရတာလေ။ ဒါပေမယ့် ဆေးဖော်စပ်ဖို့ရာက အရမ်းကို ဈေးကြီးလွန်းတဲ့ အမြစ်တွေ ရှာရမှာဖြစ်ပြီး တစ်ချို့ဆို ဈေးနှုန်းက ရွှေဒဂ်ါး တန် ၁သောင်း တန်နေတယ်လေ။ ကျင်းအန် အိမ်တော်က ဩဇာရှိတာ မှန်ပေမယ့် သခင်ကြီးကလဲ အိမ်မှာ
မရှိတဲ့အပြင် အိမ်ရဲ့ စိးပွားရေးကိစ္စတွေက်ု
သေချာ မလုပ်နိင်ဘူးလေ။မိသားစုဝင် အရေတွက်နည်းပြီး သခင်မကြီးရဲ့ ကိုယ်ပိုင်လုပ်ငန်းက ရငွေကို ထည့်ထားနိုင်လို့သာ ပုံမှန်လည်ပတ်နိုင်နေတာ ပေါ့။ အမေ့ရဲ့ ဆေးက
ဈေးကြီးလွန်းပြီး အစထဲက အိမ်တော်စရိတ်ငွေတွေထဲကပဲ သုံးပြီး ဝယ်ခဲ့ရတယ် " အမကျိး လက်တစ်ချောင်း ထောင်ပြလိုက်၍

"ငွေတုံးတစ်ထောင် ... အမေ့ရဲ့ဆေးကို
ဝယ်ဖို့အတွက် လတိုင်း ငွေတုံးတစ်ထောင်
ကုန်ကျတယ် ။ သခင်ကြီးက သူ့ရဲ့ စစ်သူကြီး
ရာထူးနဲ့ လစဉ် ဒင်္ဂါးတွဲတစ်ထောင်ရှာနိုင်တယ် ။  ကျင်းအန်အိမ်တော်ရဲ့ လက်အောက်က
လုပ်ငန်းတွေကရတဲ့ ပမာဏ ဒင်္ဂါးတွဲ တစ်ထေင်ကျောကျော်ရှိတယ်။ "

  " ကျင်းအန်အိမ်တော်ရဲ့ အသုံးစရိတ်ထဲကနေ သခင်မရဲ့ ဆေးဖိုးကို နှစ် နှစ်တိတိပေးခဲ့ပြီးပြီ။ ဒါပေမယ့် အဲ့နောက်ပိုင်းမှာတော့ သခင်မက အိမ်တော်ငွေတွေထဲက မသုံးခိုင်းတော့ပဲ သူမရဲ့ ကိုယ်ပိုင်ငွေထဲကပဲ သုံးလိုက်တယ်"

" လဲ့အိမ်တော်က ဧကရာဇ်ရဲ့တားမြစ်ထားတဲ့ အရာတွေက်ု ချို းဖောက်လိုက်တဲ့အတွက်
မိသားစုလိုက် အပြစ်ကျခံခဲ့ရပြီး စီးပွားရေးလည်း အဆင်မပြေဖြစ်သွားတယ်လေ... အဲ့တော့
သခင်မလဲ့လည်း လဲ့အိမ်တော်က ထောက်ပံ့မှု
ကိုမရတော့တာကြောင့် သူမဝင်ငွေကလည်း
ထိခိုက်လာပြန်တာပေါ့"

ချူးလန်လဲ ဒီအကြောင်းတေကြားရပြီး အံ့ဩနေခဲ့သည်။ သူမဒီခေတ်ကို ရောက်ခါစ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ရက်တွေက ရှိးယန်နက် အစေခံတွေ အချင်းချင်း ပြောစကားတွေအရ ဒီ ဝူခေတ်ရဲ့ ငွေကြေးတန်ဖိုးကို လေ့လာခဲ့လိုက်ရသေး သည်။

ကျင်းအန် အိမ်တော်က အစေခံတွေရဲ့ လစာကတောင် ငွေတစ်တုံး ထက်မပိုဘူးလေ။
အဲ့ဒီအချိန်မှာ လဲ့သခင်မက ဆေးဖိုးတခုအတွက်နဲ့ပဲ တနှစ်အတွင်း ဒင်္ဂါးတွဲ သောင်းကျော်လောက်ကို ပေးနေရတယ်ဆိုတော့...
အဲ့ဒါက အတော်လေးကို ကြောက်ဖို့ကောင်းတဲ့ ပမာဏပဲ !

ဒါ့ကြောင့်အမကျိုး ပြောသလို အခုချိန် အမေ့ဆီမှာ ဘာမှ သိပ်မကျန်တော့ဘူး ဆိုတာ မအံ့ဩတော့ပါဘူး။

မြို့စားမင်းရဲ့ တစ်နှစ်လစာက လီသခင်မအဖို့ တစ်လစာ ဆေးဖိုးပဲ ​ရှိခဲ့နေခဲ့တယ်လေ။

အလွန်အမင်း အံ့အားသင့်နေတဲ့ ချူးလန်မျက်လုံးတွေကို မြင်တော့ အမကျိုး သူ့မ လက်ကို လှမ်းပုတ်လိုက်သည်။

" ငါအခုလို ပြောပြနေတာ သူ့ကို ပို ဖိအားပေးချင်လို့ မဟုတ်ဘူးနော် ။အမေက ဘာမှ
မရှိတော့တာတောင်မှ ငါတို့အပေါ်
ဘယ်လောက် ကောင်းကောင်း ဆက်ဆံလဲ ဆိုတာ သိစေချင်လို့။ ညမလေးလဲ ရှေ့လျှောက် အမေ့ကို ပိုပြီး ကောင်းကောင်း ဆက်ဆံ ပေးရမယ်နော်" 😍😍

Thanks 😘😘😘😘

<Zawgyi>
#Translated by Irisbellar
မင္းသားက်င္းသည္ ေဟးခ်န္ရဲ့ မ်က္ဝန္းထဲက အနည္းငယ္ ေသာကျဖစ္ေနမွုႏွင့္အတူ သူနားမလည္နိုင္တဲ့ နက္နဲမႈတစ္ခ်ိဳ့ကို ေတြ႕လိုက္ရသည္။

"မင္းသား, အခုခ်ိန္ ကၽြန္ေတာ္မေျပာျပနိုင္ေသးတဲ့ အေၾကာင္းတစ္ခ်ိဳ့ ရွိပါတယ္။ဒါေပမယ့္ ကၽြန္ေတာ္ ကတိေပးပါတယ္။ ဒီထဲမွာ ကၽြန္ေတာ္ ေျမာက္ပိုင္း နယ္စပ္ကို မျဖစ္မေနသြားရမယ့္ အေၾကာင္းျပခ်က္ ရွိေနပါတယ္။ "🙇

ေဟးခ်န္ ရြဲ႕ဟုမ္စားေသာက္ဆိုင္က ျပန္ထြက္လာခဲ့ခ်ိန္မွာေတာ့ ေန႔လည္ တစ္နာရီ ေက်ာ္ေနပါၿပီ။

မင္းသားက်င္းလဲ ျပတင္းေပါက္နားကေန သူ႔အခ်စ္ဆုံးသူငယ္ခ်င္း ျပန္သြားတာကို လမ္းအေကြ႕တစ္ေလၽွာက္ ေပ်ာက္ကြယ္သြားသည္ အထိ ရပ္ၾကည့္ေနခဲ့သည္။ အဲ့ဒီေနာက္
အေတြးနက္ထဲ ေရာက္ေနပုံႏွင့္ လွည့္ထြက္သြားခဲ့သည္။

ခ်ဴးလန္က မနက္စာ စားၿပီးေနာက္ သူရဲ့
ေန႔စဥ္တာဝန္ရ အရိုအေသေပးဖို့
ေဟးသခင္မႀကီးဆီ သြားရန္ ျမန္ျမန္ေလး
ေျခလွမ္းျပင္ လိုက္သည္။

က်င္းအန္ အိမ္ေတာ္ရွိ အမ်ိဳးသမီး မ်ားအားလုံး က်င္းခ်ီခန္းမတြင္ စုေဝးခဲ့ၾကသည္။ အိပ္ယာထဲလဲေနတဲ့ က်င္းအန္ ၿမိဳ့စားကေတာ္က လြဲလို့ေပါ့။

ခ်ဴးလန္ခန္းမထဲ အဝင္ အစမွာပဲ ေဟးသခင္မႀကီး အၾကည့္က သူမဆီခ်က္ခ်င္းေရာက္ လာခဲ့သည္။ ခ်ဴးလန္ အျပာႏုေရာင္ေလး ဝတ္ထားတာကို ေတြ႕ေတာ့ သူမခ်က္ခ်င္းပဲ သတိရသြားခဲ့သည္။ ဒီေန႔ မနက္ ေဟးခ်န္ အျပင္မသြားခင္ က်င္းခ်ီ ခန္းမကို ခဏဝင္ခဲ့တုန္းက သူလဲ အျပာႏုေရာင္ေလး ဝတ္ထားခဲ့တာကို..ထို့ေနာက္ သူမ ျပဳံးလိုက္၏။

သူမ တူမေလးႏွစ္ေယာက္က လြဲရင္ မိသားစု ထဲမွာ ခ်ဴးလန္က အငယ္ဆုံးပဲ ျဖစ္သည္။
သူမႏွုတ္ဆက္ၿပီးေနာက္ ေဟးသခင္မႀကီးက သူ႔ဘက္ကို လွမ္းဆြဲလိုက္သည္။

" လ်န္အာ....မင္းဒီအိမ္ေတာ္မွာ ရက္နည္းနည္းၾကာလာေတာ့ ေနသားက်သြားၿပီလား "

ေဟးသခင္မႀကီးက ေႏြးေထြးေဖာ္ေရြစြာႏွင့္ ေမးလာခဲ့သည္။

အသက္အရြယ္ႀကီး အဘိုးအဘြားေတြမွာ
အျမဲတမ္းေတြ႕ရတဲ့   ၾကင္နာသနားတဲ့
ေမတၱာေတြ အျပည့္ ႏွင့္ ေမးခဲ့ေလသည္။

ထိုအသံက တစ္ေယာက္ေယာက္ကို အသက္ႀကီးရြယ္အို တစ္ေယာက္ဆီ ေျပးကပ္သြားခ်င္ေစျဖစ္ေပၚ ေစနိုင္တယ္။

ခ်ဴးလန္ ေခါင္းၿငိမ့္ျပခဲ့ၿပီး ၾကည္လင္ရႊင္ျမတဲ့ အၾကည့္ေလးေတြႏွင့္အတူ ျပန္ေျဖခဲ့ပါသည္။

"ဟုတ္ကဲ့...ေနသားက်သြားပါၿပီ။ ေျမးေခၽြးမေလးက အဘြားရဲ့ ပူပန္ေပးမွုအတြက္ ေက်းဇူး အမ်ားႀကီးတင္ပါတယ္ ရွင့္။ "🙇

"ေဟးစန္းလန္ တစ္ေယာက္  ဒီေန႔ အေစာႀကီး ထြက္သြားတာ ညေနမွ ျပန္ေရာက္မယ္ ထင္တယ္။ဒီလိုလုပ္...ေျမးေလး ေယာင္းမနဲ႔ ေျမးေလးတို့ အဘြားဆီမွာ ေန႔လည္စာ
လာစားလွည့္ပါလားကြယ္""

ခ်ဴးလန္လဲ ေခါင္းညိမ့္ျပၿပီး သေဘာတူလိုက္သည္။

က်င္းခ်ီ ခန္းမမွာ တစ္နာရီေလာက္ ထိုင္ခဲ့ၿပီးေနာက္ေတာ့ သူမ အမက်ိဳးႏွင့္အတူ က်င္းအန္
ၿမိဳ့စားကေတာ္ဆီ အလည္ သြားခဲ့သည္။

သူတို့ အထဲမဝင္ခင္မွာဘဲ ၿမိဳ့စားကေတာ္ အျပင္းအထန္ ေခ်ာင္းဆိုးေနခဲ့တာကို ၾကားလိုက္ေလသည္။

အမက်ိဳးမ်က္ေမွာင္ၾကဳံ႕လိုက္၏။ ထိုစဥ္ ၿမိဳ့စားကေတာ္၏ အေစခံလဲ ေဆးသြားယူရန္ ထြက္လာခဲ့ေလသည္။

အေစခံလဲ သခင္မႏွစ္ေယာက္ အဝင္ေပါက္မွာ ရပ္ေနတာေတြ႕ေတာ့ ႏွုတ္ဆက္လိုက္သည္။

"မဂ္လာနံနက္ခင္းပါ အႀကီးဆုံးသခင္မေလး, တတိယသခင္မေလးရွင့္ "🙇

" အေမ ဘာျဖစ္တာလဲ။ ဘာလို့ မေန႔ကထက္ ပိုဆိုးတဲ့ပုံ ေပါက္ေနရတာလဲ။ "
က်ိဳးသခင္မက အေစခံကို ပူပန္စြာ ေမးခဲ့သည္။

အေစခံလည္း မ်က္ႏွာပ်က္လ်က္ ျပန္ေျဖခဲ့သည္။

"ဒီအေစခံလဲ မသိနိုင္ ျဖစ္ေနပါတယ္။ အစပိုင္းမွာေတာ့ ေဆးက အာနိေကာင္းရွိခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္ကေတာင္ သခင္မႀကီး အျပင္ထြက္ၿပီး လမ္းပုံမုန္ ေလၽွာက္ျဖစ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အခုရက္ပိုင္းေတာ့ ေဆးအာနိသင္ လုံးဝ မရွိေတာ့သလိုပါပဲ။ အခ်ိန္မုန္မုန္ ေသာက္ေနတာေတာင္မွ
သခင္မရဲ႕ အေျခေနက ဘာမွ မေျပာင္းလဲလာခဲ့ေတာ့ပါဘူး"

အမက်ိဳးေဘးမွာ ရပ္ေနရင္း ခ်ဴးလန္လဲ သူမဝတၳဳထဲမွာ ဘာဖတ္ခဲ့လိုက္ရလဲဆိုတာကို ျပန္ေတြးထုတ္ေနခဲ့တယ္။ ၿမိဳ့စားကေတာ္ က်င္းအန္အေၾကာင္းက ေနမေကာင္းတာကလဲဲႊပီး ဘာမွ မေဖာ္ျပထားခဲ့ဘူး။ ဒါေပမယ့္ ေရာဂါ
လကကၡဏာ ၾကည့္ရတာေတာ့ နမိုးနီးယား မဟုတ္ရင္ တီဘီေရာဂါ ျဖစ္ဖို့ပဲ မ်ားပါတယ္။ အခုေခတ္မ်ိဳးမွာေတာ့ ဒီေရာဂါေတြကို ကုသဖို့ နည္းလမ္းရွိမည္ မထင္။ အသက္နည္း နည္းပိုရွည္ ရွည္ ေနရဖို့သာ ေဆးေသာက္ ၾကျခင္းျဖစ္သည္။

"သြား.သြား.., ေဆးသြားစပ္ေခ်။ ငါ
ေယာင္းမေလးနဲ႔အတူ အေမ့ကိုၾကည့္ဖို့ ဝင္သြားလိုက္မယ္"

သခင္မလဲ့ ေမာပန္းၿပီး အိပ္ေပ်ာ္သြားခဲ့ သည့္ေနာက္ သူတို့လဲ ေယာကၡမဆီမွ ျပန္လာခဲ့ၾကေတာ့သည္။ သူမမ်က္ႏွာက ေတာ္ေတာ္ေလးကို ေဖ်ာ့ ေနခဲ့သည္။ အိပ္ေပ်ာ္ေနတာေတာင္ သူမရဲ့ နာတာရွည္ ေရာဂါေၾကာင့္ မ်က္တြင္း ေခ်ာင္က်ေနပုံ ေပါက္ေနေတာ့သည္။

ထိုပအျပင္ အေစခံဆီက ၾကားခဲ့ရတာကေတာ့ သခင္မက အခုရက္ပိုင္း သိပ္မစားနိုင္ ျဖစ္ေနတယ္။ သူမ နာက်င္မွုေၾကာင့္ အစာမ်ိဳမခ်နိုင္ ျဖစ္ေနခဲ့တယ္တဲ့။

သူမအရင္တုန္းကဆို စားဖိုမွဴးေက်ာင္း ခ်က္ေပးတဲ့ မုန္အႏွစ္ရည္ ကိုသာ စားနိုင္ခဲ့သည္။ အခုေတာ့ ထမင္းခ်က္လဲ ကြယ္လြန္သြားၿပီျဖစ္သည္။ ၿမိဳ့စားကေတာ္ရဲ့ အစာအိမ္ကလဲ အျခားအစာတစ္ခုမွ လက္မခံ ျဖစ္ေနခဲ့သည္။

လင္ညီမႏွစ္ေယာက္ ေယာကၡမအေဆာင္မွ ျပန္လာခဲ့ၿပီး အိမ္ေတာ္၏ ဥယာဥ္ေသးေလးမ်ားဆီ ဦးတည္ခဲ့ၾကသည္။ သူတို့လက္မွာ ေက်ာက္နီ လက္ေကာက္ တစ္ကြင္းဆီ ဝတ္ထားခဲ့ၾကသည္။
ေတာက္ပေနတဲ့လက္ေကာက္အေရာင္က တန္ဖိုးႀကီးမားေၾကာင္း တန္းသိေစနိုင္သည္။ သခင္မလဲ့က ျမင့္ျမတ္ ခမ္းနားတဲ့ မိသားစုကေန ဆင္းသက္လာခဲ့သူျဖစ္သည္။ သူမတို့
ဘက္ကေပးေသာ သတို့သားအတြက္လက္ေဆာင္ မ်ားမွာ အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ား အလၽွ႕ံအပယ္ ပင္ျဖစ္ခဲ့သည္။ ဒီအေၾကာင္းေတြကို အမက်ိဳးက ခ်ဴးလန္ကို ေနာက္မွ ေတာ္ေတာ္ေလးေျပာျပျဖစ္ခဲ့တာ ျဖစ္သည္။

ခ်ဴးလန္က သူမလက္ထဲက လက္ေကာက္ကို ၾကည့္ၿပီး အေနခက္ေနခဲ့သည္။ဒီေက်ာက္နီ လက္ေကာက္ေလး တစ္ရံကို သူမႏွင့္္ အမက်ိဳးတို့ တစ္ကြင္းဆီရခဲ့ၾကျခင္း ျဖစ္သည္။

ဒိလို တန္ဖိုးႀကီးမားတဲ့ အဆင္တန္ဆာကို ခ်ဴးလန္ဘဝ မွာ အရင္က လုံးဝ မေတြ႕ဖူးခဲ့ေပ။ သူမ လက္ဖက္ရည္ အခမ္းအနားေန႔က လဲ ရတနာတစ္ခ်ိဳ့ လက္ခံခဲ့ရ ေပမယ့္လဲ ဒီေက်ာက္နီလက္ေကာက္ က အားလုံးထက္ ပို
တန္ဖိုးႀကီးေနခဲ့ပါသည္။

အမက်ိဳးလဲ ခ်ဴးလန္ ဝန္ေလးေနတာ ရိပ္မိလို့ အားေပးတဲ့ အျပဳံးျဖင့္

" အေမက ငါတို့ကို ေပးဖို့ ဆုံးျဖတ္ထားခဲ့တာဆိုေတာ့ဒီအတိုင္း တို့သိမ္းထား ၾကရေအာင္။ မင္းျငင္းမယ္ဆိုရင္ သူစိတ္မေကာင္း ျဖစ္ရမွာေပါ့ "

အမက်ိဳး သူမလက္ေကာက္ကို ခၽြတ္၍ အေစခံကို ေပးလိုက္ၿပီး ေသေသခ်ာခ်ာသုတ္ၿပိး ဂ႐ုတစိုက္ သိမ္းဖို့ မွာၾကားလိုက္သည္။ ထို့ေနာက္ သူမ ခ်ဴးလန္ကို ခရမ္းေရာင္ ပန္းအႏြယ္ေလးေတြ ဝန္းရံေနတဲ့ ေလၽွာက္လမ္း ​က်ယ္ဆီ ဆြဲေခၚသြားသည္။ အဲ့ဒီမွာ သူတို့ ေျဖးေျဖးေလး ေလၽွာက္ေနၾကစဥ္ အမက်ိဳးက ႐ုတ္တရက္ သက္ျပင္းခ် လိုက္သည္။

" တကယ္ေတာ့ အေမ့မွာ အတြင္း ပစၥည္းအမ်ားႀကီး မက်န္ေတာ့ပါဘူး။ဒီလက္ေကာက္ ေတြကက်န္တဲ့ အရာေတြ ထဲ တန္ဖိုး အႀကီးဆုံး ျဖစ္ေနမယ္ ထင္တယ္။🙎"

ခ်ဴးလန္ မ်က္ႏွာက စိတ္ရွုပ္သြားပုံ ေၾကာင့္ သူမကို ေသခ်ာ ရွင္းျပဖို့ ရာ အေစခံေတြကိုညဆက္မလိုက္လာဖို့ လက္ျပခဲ့သည္။ အေစခံေတြလဲ သူတို့ ေရာက္ေနတဲ့ေနရာ မတ္တပ္ရပ္ က်န္ေနခဲ့ၿပီး အမက်ိဳးက ခ်ဴးလန္ကို နားစြင့္ေနသူ ေတြ ဆီကေန အေဝးကို ဆြဲေခၚသြားလိုက္သည္။

အျပင္လူ တစ္ေယာက္မွ မရွိေတာ့တဲ့ ေနရာေရာက္ေတာ့မွ

" တတိယညီမေလး... မင္း အေမ့ ေရာဂါ အေၾကာင္းေတာ့ ေသခ်ာ သိၿပီး ျဖစ္မွာပါ။"

ေဟးခ်န္က တစ္ခါမွ ေသေသခ်ာခ်ာ မေျပာျပခဲ့ေပမယိ့လဲ အ​​ေမ့ရဲ့ ေရာဂါက ဘယ္ေလာက္ ျပင္းေၾကာင္း သိေနခဲ့သည္။ စာအုပ္ထဲတြင္လဲ .ၿမိဳ့စားကေတာ္ ခနခန အိပ္ယာထဲ လဲေၾကာင္း ေဖာ္ျပထားခဲ့တယ္ေလ။

ခ်ဴးလန္ေခါင္းၿငိမ့္ ျပခဲ့သည္။

"အေမ့ေရာဂါကို ကုသဖို့ သမားေတာ္ေတြ
မတတ္နိုင္ဘူးဆိုတာကို ညီမလည္း သိမွာပါ။ သူတို့ရဲ့ အထူးေဆးနဲ႔ပဲ အခ်ိန္ဆြဲထားရတာေလ။ ဒါေပမယ့္ ေဆးေဖာ္စပ္ဖို့ရာက အရမ္းကို ေစ်းႀကီးလြန္းတဲ့ အျမစ္ေတြ ရွာရမွာျဖစ္ၿပီး တစ္ခ်ိဳ့ဆို ေစ်းႏွုန္းက ေရႊဒဂ္ါး တန္ ၁ေသာင္း တန္ေနတယ္ေလ။ က်င္းအန္ အိမ္ေတာ္က ဩဇာရွိတာ မွန္ေပမယ့္ သခင္ႀကီးကလဲ အိမ္မွာ
မရွိတဲ့အျပင္ အိမ္ရဲ႕ စိးပြားေရးကိစၥေတြက္ု
ေသခ်ာ မလုပ္နိင္ဘူးေလ။မိသားစုဝင္ အေရတြက္နည္းၿပီး သခင္မႀကီးရဲ့ ကိုယ္ပိုင္လုပ္ငန္းက ရေငြကို ထည့္ထားနိုင္လို့သာ ပုံမွန္လည္ပတ္နိုင္ေနတာ ေပါ့။ အေမ့ရဲ႕ ေဆးက
ေစ်းႀကီးလြန္းၿပီး အစထဲက အိမ္ေတာ္စရိတ္ေငြေတြထဲကပဲ သံုးၿပီး ဝယ္ခဲ့ရတယ္ " အမက်ိး လက္တစ္ေခ်ာင္း ေထာင္ျပလိုက္၍

"ေငြတံုးတစ္ေထာင္ ... အေမ့ရဲ႕ေဆးကို
ဝယ္ဖို႔အတြက္ လတိုင္း ေငြတံုးတစ္ေထာင္
ကုန္က်တယ္ ။ သခင္ႀကီးက သူ႔ရဲ႕ စစ္သူႀကီး
ရာထူးနဲ႔ လစဥ္ ဒဂၤါးတြဲတစ္ေထာင္ရွာနိုင္တယ္ ။  က်င္းအန္အိမ္ေတာ္ရဲ႕ လက္ေအာက္က
လုပ္ငန္းေတြကရတဲ့ ပမာဏ ဒဂၤါးတြဲ တစ္ေထင္ေက်ာေက်ာ္ရွိတယ္။ "

  " က်င္းအန္အိမ္ေတာ္ရဲ႕ အသံုးစရိတ္ထဲကေန သခင္မရဲ႕ ေဆးဖိုးကို နွစ္ နွစ္တိတိေပးခဲ့ၿပီးၿပီ။ ဒါေပမယ့္ အဲ့ေနာက္ပိုင္းမွာေတာ့ သခင္မက အိမ္ေတာ္ေငြေတြထဲက မသံုးခိုင္းေတာ့ပဲ သူမရဲ႕ ကိုယ္ပိုင္ေငြထဲကပဲ သံုးလိုက္တယ္"

" လဲ့အိမ္ေတာ္က ဧကရာဇ္ရဲ႕တားျမစ္ထားတဲ့ အရာေတြက္ု ခ်ိဳ းေဖာက္လိုက္တဲ့အတြက္
မိသားစုလိုက္ အျပစ္က်ခံခဲ့ရၿပီး စီးပြားေရးလည္း အဆင္မေျပျဖစ္သြားတယ္ေလ... အဲ့ေတာ့
သခင္မလဲ့လည္း လဲ့အိမ္ေတာ္က ေထာက္ပံ့မႈ
ကိုမရေတာ့တာေၾကာင့္ သူမဝင္ေငြကလည္း
ထိခိုက္လာျပန္တာေပါ့"

ခ်ဴးလန္လဲ ဒီအေၾကာင္းေတၾကားရၿပီး အံ့ဩေနခဲ့သည္။ သူမဒီေခတ္ကို ေရာက္ခါစ ျဖစ္ေပမယ့္ လြန္ခဲ့တဲ့ ရက္ေတြက ရွိးယန္နက္ အေစခံေတြ အခ်င္းခ်င္း ေျပာစကားေတြအရ ဒီ ဝူေခတ္ရဲ့ ေငြေၾကးတန္ဖိုးကို ေလ့လာခဲ့လိုက္ရေသး သည္။

က်င္းအန္ အိမ္ေတာ္က အေစခံေတြရဲ႕ လစာကေတာင္ ေငြတစ္တံုး ထက္မပိုဘူးေလ။
အဲ့ဒီအခ်ိန္မွာ လဲ့သခင္မက ေဆးဖိုးတခုအတြက္နဲ႔ပဲ တနွစ္အတြင္း ဒဂၤါးတြဲ ေသာင္းေက်ာ္ေလာက္ကို ေပးေနရတယ္ဆိုေတာ့...
အဲ့ဒါက အေတာ္ေလးကို ေၾကာက္ဖို႔ေကာင္းတဲ့ ပမာဏပဲ !

ဒါ့ေၾကာင့္အမက်ိဳး ေျပာသလို အခုခ်ိန္ အေမ့ဆီမွာ ဘာမွ သိပ္မက်န္ေတာ့ဘူး ဆိုတာ မအံ့ဩေတာ့ပါဘူး။

ၿမိဳ့စားမင္းရဲ့ တစ္ႏွစ္လစာက လီသခင္မအဖို့ တစ္လစာ ေဆးဖိုးပဲ ​ရွိခဲ့ေနခဲ့တယ္ေလ။

အလြန္အမင္း အံ့အားသင့္ေနတဲ့ ခ်ဴးလန္မ်က္လုံးေတြကို ျမင္ေတာ့ အမက်ိဳး သူ႔မ လက္ကို လွမ္းပုတ္လိုက္သည္။

" ငါအခုလို ေျပာျပေနတာ သူ႔ကို ပို ဖိအားေပးခ်င္လို့ မဟုတ္ဘူးေနာ္ ။အေမက ဘာမွ
မရွိေတာ့တာေတာင္မွ ငါတို့အေပၚ
ဘယ္ေလာက္ ေကာင္းေကာင္း ဆက္ဆံလဲ ဆိုတာ သိေစခ်င္လို့။ ညမေလးလဲ ေရွ႕ေလၽွာက္ အေမ့ကို ပိုၿပီး ေကာင္းေကာင္း ဆက္ဆံ ေပးရမယ္ေနာ္" 😍😍

Thanks 😘😘😘😘

Continue Reading

You'll Also Like

23.5K 2.4K 42
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
33.7K 1.7K 73
true love never exists right?? or If it does than only give pain. "It's amazing how someone can break your heart, and you can still love them with al...
270K 7.1K 170
After six years of war, my fiancé returned. With a woman and his child in tow. While saying that he couldn't leave her. The same irresponsible fiancé...
Erica By Sam

Historical Fiction

2.8M 155K 89
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...