{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 22 မင္းသား က်င္း

3.1K 407 2
By whitekiddy

<Unicode>

ဟေးချန် စာကြည့်ခန်းထဲ ဝင်သွားပြီးနောက်
စာစောင်အချို့ကုရေး၍ အစေခံအချို့ျို့ ကို ခေါ်၍ ပို့ခိုင်းလိုက်သည်။ ထို့နောက်တော့
၁၁နာရီလောက်မှာ အိမ်တော်က ထွက်သွားသည်။

  မြို့တော်ထဲရှိ ယွဲ့ဟုန်စားသောက်ဆိုင်ရှိ
တတိယထပ် သီးသန့်ခ့်ခန်းထဲတွင် အမွှေးရနံ့တို့ သင်းပျံ့နေသည်။ အထဲတွင် မိုးပြာရင့်ရောင် ဘရိုကိတ်ကို ဝတ်ထားသည့် လူတစ်ယောက်က ဆိုဖာပေါ် ထိုင်နေသည်။
ထိုလူက လက်ထဲတွင် စပျစ်သီးအရွှယ်ရှိသော ကျောက်စိမ်း၂တုံးကို ဆော့နေသည်။ ထိုကျောက်စိမ်းလုံးလေးတွေ ပွတ်တိုက်မိတိုင်း လှပတဲ့ သံစဉ်တခုက ထွက်ပေါ်လာသည် ။

  သူ့ရဲ့ ရှည်လျားနက်မှောင်တဲ့ ဆံနွယ်တွေကို ပခုံးနားတွင် လျော့ရဲစွာ ချည်နှောင်ထားသည်။
ထို ပျော့ပြောင်း ပြီး ချောမွတ်နေသည့်
ဆံနွှယ်တွေက မြင်သူကို သူတို့လက်တွေကြားထည့်ပြီး နူးညံ့မှုကို ခံစားစေချင်စိတ်တို့ ဖြစ်ပေါ်စေသည်။

  ထိုလူရဲ့ ပုံစံက လုံးဝကို ပြည့်စုံလွန်းသည်။
သူ့ရဲ့ ဖြူစွတ်စွတ် အသားအရေနှင့် တွဲဖက်လိုက်ရင်တော့ ထိုလူ့ပုံက ဟေးချန်ထက်တော့
မနိမ့်လောက်ပေ။

   ထိုလူက လက်တဖက်ကို ဆိုဖာလက်
တန်းပေါ်တင်ပြီး တဖက်က ကျောက်စိမ်းလုံးတွေကို ကစားနေသည်။ထိုလူက ပြတင်းပေါက်
ကနေ အောက်ဘက်ရှိ လူတွေ ပျားပန်းခတ်သွားလာနေတာကို ပျင်းရိစွာကြည့်နေသည်။

  တံခါးမကြီးကို ဖွင့်လာသည့်အသံကြောင့်
လှည့်ကြည့်လိုက်တော့ သူ့ရဲ့မိုးပြာရောင် မျက်လုံးတွေက အရောင်လဲ့သွားသည်။ ထိုမျက်လုံးများက ဖန်စသဖွယ် ကြည်လင်နေသော်လည်း ခံစားချက်မဲ့နေသည်။ ထိုလူရဲ့ နှုတ်ခမ်းစွန်းများက ပြုံးနေသယောင် ကော့တက်နေသည်။

  " သတို့သားအသစ်ကြီး .. ဟေးစန်းလန်.. မင်းရဲ့ ချစ်ဇနီးလေးကို ဘယ်လိုတောင် ထားခဲ့ရက်နိုင်ရတာလဲ? "

    ဟေးချန်လည်း သူ့ရှေ့ကလူကို စိုက်ကြည့်လိုက်၍ သူ့စိတ်ထဲ ခံစားနေရတာတဲ့ တခုတည်းသော အရာက အဆုံးမရှိတဲ့ စိတ်ပျက်စရာကောင်း မှုတွေဖြစ်သည်။

    သူရှေ့နည်းနည်းတိုးလိုက်၍ ခါးကိုအနည်းငယ်ကိုင်းကာ  အရိုသေပေးလိုက်သည်။

     "မင်းသား ကျင်း "

    ထိုမင်းသား၏ မိုးပြာရောင်မျက်လုံးတွေထဲ
လက်ကနဲ ဖြစ်သွားသည်။ သူ့မျက်ခုံးတို့က နီးကပ်သွားပြီး သူ့လက်ထဲက ကျောက်စိမ်းတုံးတွေ လှည့်နေတာကို ရပ်လိုက်သည်။

" အားချန်.. ဒီနေ့ မင်း အိပ်ယာမှားလာတာလား? ဒါမှမဟုတ် ခယ်မလေးရဲ့ ဒေါသကို
ခံခဲ့ရတာလား? "
  မင်းသားကျင်းလည်း သူ့သူငယ်ချင်း၏ ထူးဆန်းနေသောပုံကြောင့် မေးလိုက်သည်။

   သူတို့ အရင်ရက်တုန်းက ဆုံကြတုန်းကတောင် ဒီကောင်က ပွင့်ပွင့်လင်းလင်းနဲ့ သဘောထားကြီးတဲ့လူ ဖြစ်နေသေးသည်။ ဘာကြောင့် မင်္ဂလာဆောင်ပြီးမှ အခြားလူတယောက်လို ပြောင်းသွားရတာလဲ ? ပြီးတော့
ဘာကြောင့် သူ့ပုံစံက ဆယ်စုနှစ်တခုကို ဖြတ်သန်း်ြးပြီးတဲ့လူလို ဖြစ်နေရတာလဲ?

  ဟေးချန် နှာခေါင်းရှုံ့လိုက်သည်။ သတို့သားအသစ်? သူ့ရဲ့ဇနီးကသာ ထိုဉာဏ်များတဲ့ ချူ းလျန်ဆိုတဲ့ မိန်းမ မဟုတ်ပဲ အခြားတစ်ယောက်သာ ဆိုလျှင် သူနည်းနည်းတော့ ပျော်နိုင်ပေအုံးမည်။

    မင်းသား ကျင်းက ယခုမင်းကြီး၏ လေးယောက်မြောက် သားတော် ဖြစ်သည်။ သူက ဧကရီရဲ့ သား မဟုတ်ပဲ ကိုယ်လုပ်တော်
ရှန်ရဲ့ ပထမသားဖြစ်သည်။ မင်းသားကျင်းရဲ့
အမေဘက်က အဖိုးကလည်း တရားရုံးတော် သံအမတ်တွေထဲကပဲ ဖြစ်သည်။
  
  ဟေးချန် အသက်၈နှစ်အရွှယ်ထဲက စပြီး
မင်းသားကျင်းရဲ့ စာကြည့်ဖော်အဖြစ် လေးနှစ်ကြာ
အဖော်ပြုပေးခဲ့သည်။ အဲ့ကစ၍ သူတို့တွေ တော်ဝင်စာသင်ကျောင်းမှာ အသက် ၁၆ နှစ်အထိ အတူတူ လေ့လာခဲ့ကြသည်။
သူတို့နှစ်ယောက်က ဟန်လင်း တော်ဝင်ကျောင်းမှာ တက်ဖို့ စာရင်းပေးထားပေမယ့်လည်း
အမှန်တကယ် အဲ့မှာ မသင်ဖြစ်ကြပေ။
[ Imperial Hanlin Academy - This was an actual academy in history where many famous people in Chinese history studied ]

သူတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် မင်းသားကျင်း၏ ခွင့်ပြုချက်တွေဘာတွေ စောင့်မနေပဲ ဟေးချန်လည်း ထိုမင်းသား ဘေးရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။

   "အရှင့်သား.. အရင်ရက်က ကျွန်တော်အပ်နှံထားတဲ့ ကိစ္စက ဘယ်လိုဖြစ်သွားပါလဲ? "

  မင်းသား ကျင်းလည်း ဟေးချန်၏ မျက်လုံးထဲ စိုက်ကြည့်လိုက်ပြီး သူ့ရဲ့ ပျင်းရိရိ ပုံပါ တခါထဲ ပျောက်သွားရသည်။

  " အား ချန်... ငါ့ကိုအမှန်တိုင်းပြော.. မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ? "

သူ့ သူငယ်ချင်းရှေ့တွင်တော့ မင်းသား ကျင်းက သူ့ကိုယ်သူ မင်းသား တယောက်အဖြစ် မနေထိုင်ပေ။

  ဟေးချန် သူသောက်ရန်အတွက် လက်ဖက်ရည်တခွက် ငှဲ့လိုက်သည်။ထို စန်ချာ က
မင်းသားကျင်း ရောက်ကတည်းက
အဖျော်ဆရာက ဖျော်ထား၍ အေးနေပြီး ထူးဆန်းတဲ့ အနံ့တောင် ထွက်နေသည်။ ဟေးချန်လည်း ရေဆာနေ၍ ငှဲ့လိုက်တာ ဖြစ်သော်လည်း
ထိုလက်ဖက်ရည်ကြောင့် သောက်ချင်စိတ်ပါ ပျောက်သွားသည်။

  သူ မထင်မှတ်စွာပဲ ကျင်းအန်အိမ်တော်မှာ ကျန်ခဲ့တဲ့ စန်ချာ ဖျော်ရတာကို ကြိုက်တဲ့ ဉာဏ်များတဲ့ မိန်းမကို သတိရသွားသည်။သို့ပေမယ့်လည်း သူတို့ မင်္ဂလာပွဲနေ့ကစ၍ ထိုမိန်းမ
ဖျော်တာကို သူတခါမှ မမြင်ဖူးပေ။

  ဟေးချန် သူ့လက်ဖက်ရည်ခွက်ကို အုပ်ထားလျက် အတွေးထဲ နစ်နေသည်။ နောက်မှ သူ့အကြည့်တွေက သူနဲ့ မျက်နာချင်းဆိုင်မှာ
ထိုင်နေသည့် မင်းသားကျင်း ဆီ အကြည့်ရောက်သွားသည်။

    "အရှင့်သား .. ကျွန်တော့ရဲ့ အရည်အချင်းတွေကို စစ်တပ်ထဲမှာ အသုံးချ ချင်ပါတယ်"

  ထိုခဏလောက် မင်းသားကျင်း လည်း ကြောင်အမ်းသွားသည်။ဝူအင်ပါယာက နှစ်ပေါင်းသုံးဆယ် နီးပါးလောက် အုတ်မြစ်ချ တည်ထောင်ပြီး ဖြစ်သည်။အရှင်မင်းကြီး တရားရုံးတော်တွေကို စုစည်း တည်ဆောက်နေပြီး အရာရှိတွေလည်း အများျြားကြီး ရှိသည်။
တကယ်လို့ တယောက်ယောက်သာ သူတို့ရဲ့အရည်အချင်းကို အသံူးချပြီး ရာထူးမြန်မြန်ရ ချင်ရင်တော့ စစ်တပ်ထဲ ဝင်တာပဲ ဖြစ်သည်။

   အကယ်၍ အရည်အချင်းကြောင့် ကျော်ကြားလာပြီး ရွှေရောင် ဂုဏ်ဒြပ်တွေ ပိုင်ဆိုင်သည့်သူ ဖြစ်ဖို့ဆိုလျှင်လည်း အနည်းဆုံး
၅နှစ် နဲ့အထက်တော့ လိုသည်။

   ဝူအင်ပါယာ အတွင်းပိုင်းက ငြိမ်သက်နေသော်လည်း နယ်စပ်ဒေသတွေကတော့ ရံဖန်ရံခါ စစ်ပွဲနွှဲနေရတုန်းပင်။ တောင်ဘက်နယ်စပ် ချင်းကျန်း ကို မင်းကျို းမှာ စခန်းချ၍လည်းကောင်း.. မြောက်ဘက်တူးဟွင် နှင့် ဘာဘာရီယန်လူမျိုးတွေကိုကျ လင်းကျိုးမှာ စခန်းချ၍လည်းကောင်း.. အရှေ့ဘက် ဂျပန်ပင်လယ်ဓားပြတွေကို အရှေ့နယ်စပ်ဒေသမှာ စခန်းချ၍လည်းကောင်း.စောင့်ကြပ်နေရသည်။.အသားရေ ဖြူ စွတ်ပြီး မျက်လုံးအပြာရောင်ရှိသည့် အာဂါ လူမျိုးစုများကိုပင် အနောက်ဘက်နယ်စပ်မှာ တွေ့ရသည်။

ကျင်းအန်အိမ်တော်ရဲ့ လက်ရှိ မြို့စားဖြစ်သူ
ဟေးချန်ရဲ့အဖေက မင်ကျို း မှာ စခန်းချ နေတာ ဖြစ်သည်။

ပြီးခဲ့တဲ့ နှစ်တွေထဲက ငြိမ်းချမ်းနေတာ ဖြစ်၍
ထိုနယ်စပ်သို့ တာဝန်ကျသူများလည်း သတင်းပို့ခြင်း မရှိတော့ပေ လျော့လျော့ပေါ့ပေါ့ နေထိုင်နိုင်လာကြသည်။ ဆင်နွှဲစရာ စစ်ပွဲများ မရှိသဖြင့် စစ်သူကြီးအချို့ျို့ ဆိုလည်း သူတို့ရဲ့ ဂုဏ်ပုဒ်ကိုတောင် ထိခိုက်လာနေပြီ ဖြစ်သည်။

    အံ့ဩ ရိပ်တို့က မင်းသားရဲ့ မိုးပြာရင့်ရောင် မျက်လုံးထဲ ဖြတ်ပြေးသွားပြီး
    " အား ချန်.. ဘာကြောင့် မြောက်ဘက်နယ်စပ်ကို ရွှေးရတာလဲ ? မင်းရဲ့ အရည်ချင်းတွေကို ပြချင်ရင် မင်ကျိူ းကအကောင်းဆုံးပဲမဟုတ်လား? မြို့စားဟေး လည်း အဲ့မှာပဲလေ။
ပြီးတော့ သတင်းပို့သူတွေပြောတာတော့
တောင်ဘက် ချင်းကျန်း က လူတွေက စပြီး
လှုပ်ရှားလာပြီတဲ့ "

မင်းသားကျင်းက နန်းလောင်းလျာ မဟုတ်ပေမယ့်လည်း အိမ်ရှေစံကြောင့် အရေးကြီး သတင်းအချို့ျို့ ကို ရနိုင်သေးသည်။ သူ့ရဲ့ တော်ဝင် မောင်နှမတွေ အားလုံးထဲ သူတစ်ယောက်သာ အိမ်ရှေ့စံနှင့် ရင်းနှီးသူဖြစ်သည်။

ဟေးချန်လည်း မျက်လွှာချရင်း ဖြေလိုက်သည်။
  " ကျွန်တော့်အဖေ အဲ့မှာ ရှိနေသ၍ ကျွန်တော်မသွားဘူး"

  မင်းသားကျင်းလည်း တခဏ ကြောင်အမ်းသွားပြီး မှ စိုးရိမ်စိတ်ဖြင့် ပြောလာသည်။

    "အား ချန် .. ငါတို့တွေ တော်ဝင်ကျောင်းကနေ အကဲဖြတ်အမှတ် ကောင်းကောင်းရပေမယ့်လည်း  မင်းရဲ့ သိုင်းပညာတွေကို တကယ့်ပွဲတွေမှာ အသုံးမချဖူးသေးသလို အတွေ့အကြုံလည်း မရှိသေးဘူးလေ။ပြီးတော့
မြို့စားကြီး လု အကြောင်းကိုလည်း ငါ့ထက် မင်းပိုပြီး သိတယ်မလား ! "

စစ်သူကြီး ကျွင်း လို့လည်းသိကြသည့် မြို့စားကြီးလုက ယခု မြောက်ဘက်နယ်စပ်ကို တာဝန်ယူထားတာ ဖြစ်သည်။ထိုလူက မင်းသားကျင်းနှင့် ဟေးချန် ငယ်စဉ်က မြင်းစီး တာနှင့်
မြှားပစ်တာကို သင်ပေးခဲ့တာဖြစ်သည်။ ထို့အပြင် ထိုလူက စည်းကမ်းအရမ်းတင်းကြပ်ပြီး
ခေါင်းမာသည့် လူလည်း ဖြစ်သည်။

မြို့စားကြီး လု အမိန့်ဖြင့် မြောက်ဘက်နယ်စပ်ကို တာဝန်ကျတာက အဆုံးမရှိတဲ့
အခက်ခဲတွေ ဖိတ်ကျလာသလိုပဲ ဖြစ်သည်။
ထို့အပြင် သူ့ကိုယ်သူ မြို့စားမှန်းတောင် မသိနိုင်အောင်ပဲ ဖြစ်နေသေးသည်။ မူးမတ်တွေရဲ့ သားတွေမဆိုထားနှင့် အရာရှိသားတွေတောင်မှပဲ မြို့စားအမိန့်ကျလျှင်  ခေါင်းပေါ် ဝန်ပိလာမှန်းသိပေမယ့်လည်း သွားကြရသည်ပင်။

  မြောက်ဘက်နယ်စပ်က ငြိမ်းချမ်းနေတာ
ကြာပြီ ဖြစ်ပေမယ့်လည်း လင်းကျို း မှာက အပူလွန် အအေးလွန် ရာသီဒဏ်ကတော့ ခံနေရသေးသည်။  နှင်းတောင်တန်းတွေကလည်း ဝန်းရံထားသည်။ တကယ့်ကို ကမ္ဘာဦးအစလိုပင် ဖြစ်နေသည်။

  အမှန်တိုင်း ပြောရလျှင်တော့.. ရာဇဝတ်မှု ကျူ းလွန်သူတွေပင် ထိုနေရာသို့ ထွက်ပြေးတိမ်းရှောင် ကြမည် မဟူတ်ပေ။

  အကယ်လို့ သူသာ မြောက်ဘက်နယ်စပ်ကို သွားပြီး အောင်မြင်မှုတွေ ယူလာနိုင်ရင်.. အကုန်အဆင်ပြေပါတယ်။ ဒါပေမယ့် ကျရှုံ း ခဲ့ရင်ကော နယ်စပ်တွေမှာ ချမှတ်ထားတဲ့ စည်းမျဉ်းအရ  စစ်တပ်အတွင်း အောင်မြင်မှုတွေ မရယူနိုင်လျှင် အဲ့ဒီမှာပဲ ၅ နှစ်လုံးလုံး နေရမည်လေ!

ငါးနှစ် ! ဝူအင်ပါယာမှာ ရှိတဲ့လူတွေရဲ့ ပျမ်းမျှ သက်တမ်းက အနှစ်၃၀ ကျော် ဆိုတော့ ငါးနှစ်က သူတို့အတွက် အရမ်းကို ရှည်လျားလွန်းသည်။

  ဟေးချန်ရဲ့ အဆင့်တန်းအရ သူက ဘာမှအသုံးမကျလျှင်တောင် သူ့အဆင့်က အဆင့်၄ အရာရှိထက်တော့ မနိမ့်ပေ။

  ဘာမှ မစဉ်းစားပဲ ဇွတ်တရွတ် မြောက်ဘက်နယ်စပ်ကို သွားမယ်ဆိုတာက မင်းသားကျင်း မျက်လုံးထဲ ကန့်လန့် ဖြစ်နေသည်။ ပြီးတော့ ဘယ်လိုတောင် မဆင်မခြင်လုပ်နေတဲ့
သူလဲ!

   သူက  မြောက်ဘက်နယ်စပ်မှာ အရည်အချင်းတွေကို ချပြနိုင်ဖို့ဆိုတဲ့အကြောင်းကို ဘယ်လိုတောင် ရိုးရိုးရှင်းရှင်းလေး တွေးလိုက်ရတာလဲ? ပထမဆုံး သူက စစ်အောင်နိုင်ဖို့အတွက် ရန်သူနီးပါးလောက်အင်အားကို စုဆောင်းရမယ်မလား? ဒုတိယ... ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ လုံလုံလောက်လောက် သန်မာနေပြီလား? တခုခုသာ လွဲမှားသွားရင် ဟေး
မိသားစုက ဘယ်လိုလုပ်ကြမလဲ? ပြီးတော့ သူကကော? အဲ့ဒီဟေးချန်က သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်းလေးဖို့ရော ထည့်တွေးပေးရဲ့လား?

" အရှင့်သား... ကျွန်တော့်စိတ်ကို
ကျွန်တော်ပြင်ဆင်ပြီးသားပါ !! "

  မင်းသားကျင်းရဲ့ ပုံမှန်အတိုင်းမဟုတ်တဲ့ မိုးပြာရင့်ရောင် မျက်လုံးတွေက ဟေးချန်ဆီမှာသာ မြဲမြံနေသည်။ သူ့အကြည့်တွေက ဟေးချန်ရဲ့ စိတ်ထဲက အတွေးတွေနှင့် သူ့ရဲ့အားနည်းချက်ကို လိုက်ရှာနေသလိုပင်။

  "အား ချန်.. မင်းငါ့ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ပေးရမယ်.. ဒါမှမဟုတ်ရင် မင်းသွားဖို့အတွက် မကူညီပေးနိုင်ဘူး"



<Zawgyi>

ေဟးခ်န္ စာၾကည့္ခန္းထဲ ဝင္သြားၿပီးေနာက္
စာေစာင္အခ်ိဳ႕ကု္ေရး၍ အေစခံအခ်ိဳ႕်ိဳ႕ ကို ေခၚ၍ ပို႔ခိုင္းလိုက္သည္။ ထို႔ေနာက္ေတာ့
၁၁နာရီေလာက္္မွာ အိမ္ေတာ္က ထြက္သြားသည္။

  ၿမိဳ႕ေတာ္ထဲရွိ ယြဲ႕ဟုန္စားေသာက္ဆိုင္ရွိ
တတိယထပ္ သီးသန္႔ခ္႔ခန္းထဲတြင္ အေမႊးရနံ႔တို႔ သင္းပ်ံ့ေနသည္။ အထဲတြင္ မိုးျပာရင့္ေရာင္ ဘရိုကိတ္ကို ဝတ္ထားသည့္ လူတစ္ေယာက္က ဆိုဖာေပၚ ထိုင္ေနသည္။
ထိုလူက လက္ထဲတြင္ စပ်စ္သီးအရႊယ္ရွိေသာ ေက်ာက္စိမ္း၂တံုးကို ေဆာ့ေနသည္။ ထိုေက်ာက္စိမ္းလံုးေလးေတြ ပြတ္တိုက္မိတိုင္း လွပတဲ့ သံစဥ္တခုက ထြက္ေပၚလာသည္ ။

  သူ႔ရဲ႕ ရွည္လ်ားနက္ေမွာင္တဲ့ ဆံႏြယ္ေတြကို ပခံုးနားတြင္ ေလ်ာ့ရဲစြာ ခ်ည္ေနွာင္ထားသည္။
ထို ေပ်ာ့ေျပာင္း ၿပီး ေခ်ာမြတ္ေနသည့္
ဆံနႊယ္ေတြက ျမင္သူကို သူတို႔လက္ေတြၾကားထည့္ၿပီး ႏူးညံ့မႈကို ခံစားေစခ်င္စိတ္တို႔ ျဖစ္ေပၚေစသည္။

  ထိုလူရဲ႕ ပံုစံက လံုးဝကို ျပည့္စံုလြန္းသည္။
သူ႔ရဲ႕ ျဖဴစြတ္စြတ္ အသားအေရနွင့္ တြဲဖက္လိုက္ရင္ေတာ့ ထိုလူ႔ပံုက ေဟးခ်န္ထက္ေတာ့
မနိမ့္ေလာက္ေပ။

   ထိုလူက လက္တဖက္ကို ဆိုဖာလက္
တန္းေပၚတင္ၿပီး တဖက္က ေက်ာက္စိမ္းလံုးေတြကို ကစားေနသည္။ထိုလူက ျပတင္းေပါက္
ကေန ေအာက္ဘက္ရွိ လူေတြ ပ်ားပန္းခတ္သြားလာေနတာကို ပ်င္းရိစြာၾကည့္ေနသည္။

  တံခါးမႀကီးကို ဖြင့္လာသည့္အသံေၾကာင့္
လွည့္ၾကည့္လိုက္ေတာ့ သူ႔ရဲ႕မိုးျပာေရာင္ မ်က္လံုးေတြက အေရာင္လဲ့သြားသည္။ ထိုမ်က္လံုးမ်ားက ဖန္စသဖြယ္ ၾကည္လင္ေနေသာ ္လည္း ခံစားခ်က္မဲ့ေနသည္။ ထိုလူရဲ႕ နႈတ္ခမ္းစြန္းမ်ားက ၿပံဳးေနသေယာင္ ေကာ့တက္ေနသည္။

  " သတို႔သားအသစ္ႀကီး .. ေဟးစန္းလန္.. မင္းရဲ႕ ခ်စ္ဇနီးေလးကို ဘယ္လိုေတာင္ ထားခဲ့ရက္နိုင္ရတာလဲ? "

    ေဟးခ်န္လည္း သူ႔ေရွ႕ကလူကို စိုက္ၾကည့္လိုက္၍ သူ႔စိတ္ထဲ ခံစားေနရတာတဲ့ တခုတည္းေသာ အရာက အဆံုးမရွိတဲ့ စိတ္ပ်က္စရာေကာင္း မႈေတြျဖစ္သည္။

    သူေရွ႕နည္းနည္းတိုးလိုက္၍ ခါးကိုအနည္းငယ္ကိုင္းကာ  အရိုေသေပးလိုက္သည္။

     "မင္းသား က်င္း "

    ထိုမင္းသား၏ မိုးျပာေရာင္မ်က္လံုးေတြထဲ
လက္ကနဲ ျဖစ္သြားသည္။ သူ႔မ်က္ခံုးတို႔က နီးကပ္သြားၿပီး သူ႔လက္ထဲက ေက်ာက္စိမ္းတံုးေတြ လွည့္ေနတာကို ရပ္လိုက္သည္။

" အားခ်န္.. ဒီေန႔ မင္း အိပ္ယာမွားလာတာလား? ဒါမွမဟုတ္ ခယ္မေလးရဲ႕ ေဒါသကို
ခံခဲ့ရတာလား? "
  မင္းသားက်င္းလည္း သူ႔သူငယ္ခ်င္း၏ ထူးဆန္းေနေသာပံုေၾကာင့္ ေမးလိုက္သည္။

   သူတို႔ အရင္ရက္တုန္းက ဆံုၾကတုန္းကေတာင္ ဒီေကာင္က ပြင့္ပြင့္လင္းလင္းနဲ႔ သေဘာထားႀကီးတဲ့လူ ျဖစ္ေနေသးသည္။ ဘာေၾကာင့္ မဂၤလာေဆာင္ၿပီးမွ အျခားလူတေယာက္လို ေျပာင္းသြားရတာလဲ ? ၿပီးေတာ့
ဘာေၾကာင့္ သူ႔ပံုစံက ဆယ္စုနွစ္တခုကို ျဖတ္သန္းၿ္းၿပီးတဲ့လူလို ျဖစ္ေနရတာလဲ?

  ေဟးခ်န္ နွာေခါင္းရႈ႕ံလိုက္သည္။ သတို႔သားအသစ္? သူ႔ရဲ႕ဇနီးကသာ ထိုဥာဏ္မ်ားတဲ့ ခ်ဴ းလ်န္ဆိုတဲ့ မိန္းမ မဟုတ္ပဲ အျခားတစ္ေယာက္သာ ဆိုလ်ွင္ သူနည္းနည္းေတာ့ ေပ်ာ္နိုင္ေပအံုးမည္။

    မင္းသား က်င္းက ယခုမင္းႀကီး၏ ေလးေယာက္ေျမာက္ သားေတာ္ ျဖစ္သည္။ သူက ဧကရီရဲ႕ သား မဟုတ္ပဲ ကိုယ္လုပ္ေတာ္
ရွန္ရဲ႕ ပထမသားျဖစ္သည္။ မင္းသားက်င္းရဲ႕
အေမဘက္က အဖိုးကလည္း တရားရံုးေတာ္ သံအမတ္ေတြထဲကပဲ ျဖစ္သည္။
  
  ေဟးခ်န္ အသက္၈နွစ္အရႊယ္ထဲက စၿပီး
မင္းသားက်င္းရဲ႕ စာၾကည့္ေဖာ္အျဖစ္ ေလးနွစ္ၾကာ
အေဖာ္ျပဳေပးခဲ့သည္။ အဲ့ကစ၍ သူတို႔ေတြ ေတာ္ဝင္စာသင္ေက်ာင္းမွာ အသက္ ၁၆ နွစ္အထိ အတူတူ ေလ့လာခဲ့ၾကသည္။
သူတို႔နွစ္ေယာက္က ဟန္လင္း ေတာ္ဝင္ေက်ာင္းမွာ တက္ဖို႔ စာရင္းေပးထားေပမယ့္လည္း
အမွန္တကယ္ အဲ့မွာ မသင္ျဖစ္ၾကေပ။
[ Imperial Hanlin Academy - This was an actual academy in history where many famous people in Chinese history studied ]

သူတို႔နွစ္ေယာက္က သူငယ္ခ်င္းေကာင္းေတြအျဖစ္ နွစ္ေပါင္းမ်ားစြာ ေနလာခဲ့ၿပီးျဖစ္သည္။
ထို႔ေၾကာင့္ မင္းသားက်င္း၏ ခြင့္ျပဳခ်က္ေတြဘာေတြ ေစာင့္မေနပဲ ေဟးခ်န္လည္း ထိုမင္းသား ေဘးရွိ ခံုတြင္ ဝင္ထိုင္လိုက္သည္။

   "အရွင့္သား.. အရင္ရက္က ကြၽန္ေတာ္အပ္နွံထားတဲ့ ကိစၥက ဘယ္လိုျဖစ္သြားပါလဲ? "

  မင္းသား က်င္းလည္း ေဟးခ်န္၏ မ်က္လံုးထဲ စိုက္ၾကည့္လိုက္ၿပီး သူ႔ရဲ႕ ပ်င္းရိရိ ပံုပါ တခါထဲ ေပ်ာက္သြားရသည္။

  " အား ခ်န္... ငါ့ကိုအမွန္တိုင္းေျပာ.. မင္းဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲ? "

သူ႔ သူငယ္ခ်င္းေရွ႕တြင္ေတာ့ မင္းသား က်င္းက သူ႔ကိုယ္သူ မင္းသား တေယာက္အျဖစ္ မေနထိုင္ေပ။

  ေဟးခ်န္ သူေသာက္ရန္အတြက္ လက္ဖက္ရည္တခြက္ ငွဲ႔လိုက္သည္။ထို စန္ခ်ာ က
မင္းသားက်င္း ေရာက္ကတည္းက
အေဖ်ာ္ဆရာက ေဖ်ာ္ထား၍ ေအးေနၿပီး ထူးဆန္းတဲ့ အနံ႔ေတာင္ ထြက္ေနသည္။ ေဟးခ်န္လည္း ေရဆာေန၍ ငွဲ႔လိုက္တာ ျဖစ္ေသာ္လည္း
ထိုလက္ဖက္ရည္ေၾကာင့္ ေသာက္ခ်င္စိတ္ပါ ေပ်ာက္သြားသည္။

  သူ မထင္မွတ္စြာပဲ က်င္းအန္အိမ္ေတာ္မွာ က်န္ခဲ့တဲ့ စန္ခ်ာ ေဖ်ာ္ရတာကို ႀကိဳက္တဲ့ ဥာဏ္မ်ားတဲ့ မိန္းမကို သတိရသြားသည္။သို႔ေပမယ့္လည္း သူတို႔ မဂၤလာပြဲေန႔ကစ၍ ထိုမိန္းမ
ေဖ်ာ္တာကို သူတခါမွ မျမင္ဖူးေပ။

  ေဟးခ်န္ သူ႔လက္ဖက္ရည္ခြက္ကို အုပ္ထားလ်က္ အေတြးထဲ နစ္ေနသည္။ ေနာက္မွ သူ႔အၾကည့္ေတြက သူနဲ႔ မ်က္နာခ်င္းဆိုင္မွာ
ထိုင္ေနသည့္ မင္းသားက်င္း ဆီ အၾကည့္ေရာက္သြားသည္။

    "အရွင့္သား .. ကြၽန္ေတာ့ရဲ႕ အရည္အခ်င္းေတြကို စစ္တပ္ထဲမွာ အသံုးခ် ခ်င္ပါတယ္"

  ထိုခဏေလာက္ မင္းသားက်င္း လည္း ေၾကာင္အမ္းသြားသည္။ဝူအင္ပါယာက နွစ္ေပါင္းသံုးဆယ္ နီးပါးေလာက္ အုတ္ျမစ္ခ် တည္ေထာင္ၿပီး ျဖစ္သည္။အရွင္မင္းႀကီး တရားရံုးေတာ္ေတြကို စုစည္း တည္ေဆာက္ေနၿပီး အရာရွိေတြလည္း အမ်ားႀ်ားႀကီး ရွိသည္။
တကယ္လို႔ တေယာက္ေယာက္သာ သူတို႔ရဲ႕အရည္အခ်င္းကို အသံူးခ်ၿပီး ရာထူးျမန္ျမန္ရ ခ်င္ရင္ေတာ့ စစ္တပ္ထဲ ဝင္တာပဲ ျဖစ္သည္။

   အကယ္၍ အရည္အခ်င္းေၾကာင့္ ေက်ာ္ၾကားလာၿပီး ေရႊေရာင္ ဂုဏ္ျဒပ္ေတြ ပိုင္ဆိုင္သည့္သူ ျဖစ္ဖို႔ဆိုလ်ွင္လည္း အနည္းဆံုး
၅နွစ္ နဲ႔အထက္ေတာ့ လိုသည္။

   ဝူအင္ပါယာ အတြင္းပိုင္းက ၿငိမ္သက္ေနေသာ္လည္း နယ္စပ္ေဒသေတြကေတာ့ ရံဖန္ရံခါ စစ္ပြဲနႊဲေနရတုန္းပင္။ ေတာင္ဘက္နယ္စပ္ ခ်င္းက်န္း ကို မင္းက်ိဳ းမွာ စခန္းခ်၍လည္းေကာင္း.. ေျမာက္ဘက္တူးဟြင္ နွင့္ ဘာဘာရီယန္လူမ်ိဳးေတြကိုက် လင္းက်ိဳးမွာ စခန္းခ်၍လည္းေကာင္း.. အေရွ႕ဘက္ ဂ်ပန္ပင္လယ္ဓားျပေတြကို အေရွ႕နယ္စပ္ေဒသမွာ စခန္းခ်၍လည္းေကာင္း.ေစာင့္ၾကပ္ေနရသည္။.အသားေရ ျဖဴ စြတ္ၿပီး မ်က္လံုးအျပာေရာင္ရွိသည့္ အာဂါ လူမ်ိဳးစုမ်ားကိုပင္ အေနာက္ဘက္နယ္စပ္မွာ ေတြ႕ရသည္။

က်င္းအန္အိမ္ေတာ္ရဲ႕ လက္ရွိ ၿမိဳ႕စားျဖစ္သူ
ေဟးခ်န္ရဲ႕အေဖက မင္က်ိဳ း မွာ စခန္းခ် ေနတာ ျဖစ္သည္။

ၿပီးခဲ့တဲ့ နွစ္ေတြထဲက ၿငိမ္းခ်မ္းေနတာ ျဖစ္၍
ထိုနယ္စပ္သုိ႔ တာဝန္က်သူမ်ားလည္း သတင္းပို႔ျခင္း မရွိေတာ့ေပ ေလ်ာ့ေလ်ာ့ေပါ့ေပါ့ ေနထိုင္နိုင္လာၾကသည္။ ဆင္နႊဲစရာ စစ္ပြဲမ်ား မရွိသျဖင့္ စစ္သူႀကီးအခ်ိဳ႕်ိဳ႕ ဆိုလည္း သူတို႔ရဲ႕ ဂုဏ္ပုဒ္ကိုေတာင္ ထိခိုက္လာေနၿပီ ျဖစ္သည္။

    အံ့ၾသ ရိပ္တို႔က မင္းသားရဲ႕ မိုးျပာရင့္ေရာင္ မ်က္လံုးထဲ ျဖတ္ေျပးသြားၿပီး
    " အား ခ်န္.. ဘာေၾကာင့္ ေျမာက္ဘက္နယ္စပ္ကို ေရႊးရတာလဲ ? မင္းရဲ႕ အရည္ခ်င္းေတြကို ျပခ်င္ရင္ မင္က်ိဴ းကအေကာင္းဆံုးပဲမဟုတ္လား? ၿမိဳ႕စားေဟး လည္း အဲ့မွာပဲေလ။
ၿပီးေတာ့ သတင္းပို႔သူေတြေျပာတာေတာ့
ေတာင္ဘက္ ခ်င္းက်န္း က လူေတြက စၿပီး
လႈပ္ရွားလာၿပီတဲ့ "

မင္းသားက်င္းက နန္းေလာင္းလ်ာ မဟုတ္ေပမယ့္လည္း အိမ္ေရွစံေၾကာင့္ အေရးႀကီး သတင္းအခ်ိဳ႕်ိဳ႕ ကို ရနိုင္ေသးသည္။ သူ႔ရဲ႕ ေတာ္ဝင္ ေမာင္နွမေတြ အားလံုးထဲ သူတစ္ေယာက္သာ အိမ္ေရွ႕စံနွင့္ ရင္းနွီးသူျဖစ္သည္။

ေဟးခ်န္လည္း မ်က္လႊာခ်ရင္း ေျဖလိုက္သည္။
  " ကြၽန္ေတာ့္အေဖ အဲ့မွာ ရွိေနသ၍ ကြၽန္ေတာ္မသြားဘူး"

  မင္းသားက်င္းလည္း တခဏ ေၾကာင္အမ္းသြားၿပီး မွ စိုးရိမ္စိတ္ျဖင့္ ေျပာလာသည္။

    "အား ခ်န္ .. ငါတို႔ေတြ ေတာ္ဝင္ေက်ာင္းကေန အကဲျဖတ္အမွတ္ ေကာင္းေကာင္းရေပမယ့္လည္း  မင္းရဲ႕ သိုင္းပညာေတြကို တကယ့္ပြဲေတြမွာ အသံုးမခ်ဖူးေသးသလို အေတြ႕အႀကံဳလည္း မရွိေသးဘူးေလ။ၿပီးေတာ့
ၿမိဳ႕စားႀကီး လု အေၾကာင္းကိုလည္း ငါ့ထက္ မင္းပိုၿပီး သိတယ္မလား ! "

စစ္သူႀကီး ကြၽင္း လို႔လည္းသိၾကသည့္ ၿမိဳ႕စားႀကီးလုက ယခု ေျမာက္ဘက္နယ္စပ္ကို တာဝန္ယူထားတာ ျဖစ္သည္။ထိုလူက မင္းသားက်င္းနွင့္ ေဟးခ်န္ ငယ္စဥ္က ျမင္းစီး တာနွင့္
ျမႇားပစ္တာကို သင္ေပးခဲ့တာျဖစ္သည္။ ထို႔အျပင္ ထိုလူက စည္းကမ္းအရမ္းတင္းၾကပ္ၿပီး
ေခါင္းမာသည့္ လူလည္း ျဖစ္သည္။

ၿမိဳ႕စားႀကီး လု အမိန္႔ျဖင့္ ေျမာက္ဘက္နယ္စပ္ကို တာဝန္က်တာက အဆံုးမရွိတဲ့
အခက္ခဲေတြ ဖိတ္က်လာသလိုပဲ ျဖစ္သည္။
ထို႔အျပင္ သူ႔ကိုယ္သူ ၿမိဳ႕စားမွန္းေတာင္ မသိနိုင္ေအာင္ပဲ ျဖစ္ေနေသးသည္။ မူးမတ္ေတြရဲ႕ သားေတြမဆိုထားနွင့္ အရာရွိသားေတြေတာင္မွပဲ ၿမိဳ႕စားအမိန္႔က်လ်ွင္  ေခါင္းေပၚ ဝန္ပိလာမွန္းသိေပမယ့္လည္း သြားၾကရသည္ပင္။

  ေျမာက္ဘက္နယ္စပ္က ၿငိမ္းခ်မ္းေနတာ
ၾကာၿပီ ျဖစ္ေပမယ့္လည္း လင္းက်ိဳ း မွာက အပူလြန္ အေအးလြန္ ရာသီဒဏ္ကေတာ့ ခံေနရေသးသည္။  နွင္းေတာင္တန္းေတြကလည္း ဝန္းရံထားသည္။ တကယ့္ကို ကမၻာဦးအစလိုပင္ ျဖစ္ေနသည္။

  အမွန္တိုင္း ေျပာရလ်ွင္ေတာ့.. ရာဇဝတ္မႈ က်ဴ းလြန္သူေတြပင္ ထိုေနရာသုိ႔ ထြက္ေျပးတိမ္းေရွာင္ ၾကမည္ မဟူတ္ေပ။

  အကယ္လို႔ သူသာ ေျမာက္ဘက္နယ္စပ္ကို သြားၿပီး ေအာင္ျမင္မႈေတြ ယူလာနိုင္ရင္.. အကုန္အဆင္ေျပပါတယ္။ ဒါေပမယ့္ က်ရံႈ း ခဲ့ရင္ေကာ နယ္စပ္ေတြမွာ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းအရ  စစ္တပ္အတြင္း ေအာင္ျမင္မႈေတြ မရယူနိုင္လ်ွင္ အဲ့ဒီမွာပဲ ၅ ႏွစ္လံုးလံုး ေနရမည္ေလ!

ငါးနွစ္ ! ဝူအင္ပါယာမွာ ရွိတဲ့လူေတြရဲ႕ ပ်မ္းမ်ွ သက္တမ္းက အနွစ္၃၀ ေက်ာ္ ဆိုေတာ့ ငါးနွစ္က သူတို႔အတြက္ အရမ္းကို ရွည္လ်ားလြန္းသည္။

  ေဟးခ်န္ရဲ႕ အဆင့္တန္းအရ သူက ဘာမွအသံုးမက်လ်ွင္ေတာင္ သူ႔အဆင့္က အဆင့္၄ အရာရွိထက္ေတာ့ မနိမ့္ေပ။

  ဘာမွ မစဥ္းစားပဲ ဇြတ္တ႐ြတ္ ေျမာက္ဘက္နယ္စပ္ကို သြားမယ္ဆိုတာက မင္းသားက်င္း မ်က္လံုးထဲ ကန္႔လန္႔ ျဖစ္ေနသည္။ ၿပီးေတာ့ ဘယ္လိုေတာင္ မဆင္မျခင္လုပ္ေနတဲ့
သူလဲ!

   သူက  ေျမာက္ဘက္နယ္စပ္မွာ အရည္အခ်င္းေတြကို ခ်ျပနိုင္ဖို႔ဆိုတဲ့အေၾကာင္းကို ဘယ္လိုေတာင္ ရိုးရိုးရွင္းရွင္းေလး ေတြးလိုက္ရတာလဲ? ပထမဆံုး သူက စစ္ေအာင္နိုင္ဖို႔အတြက္ ရန္သူနီးပါးေလာက္အင္အားကို စုေဆာင္းရမယ္မလား? ဒုတိယ... ရန္သူနဲ႔ ထိပ္တိုက္ရင္ဆိုင္ဖို႔ လံုလံုေလာက္ေလာက္ သန္မာေနၿပီလား? တခုခုသာ လြဲမွားသြားရင္ ေဟး
မိသားစုက ဘယ္လိုလုပ္ၾကမလဲ? ၿပီးေတာ့ သူကေကာ? အဲ့ဒီေဟးခ်န္က သူ႔ရဲ႕ အေကာင္းဆံုး သူငယ္ခ်င္းေလးဖို႔ေရာ ထည့္ေတြးေပးရဲ႕လား?

" အရွင့္သား... ကြၽန္ေတာ့္စိတ္ကို
ကြၽန္ေတာ္ျပင္ဆင္ၿပီးသားပါ !! "

  မင္းသားက်င္းရဲ႕ ပံုမွန္အတိုင္းမဟုတ္တဲ့ မိုးျပာရင့္ေရာင္ မ်က္လံုးေတြက ေဟးခ်န္ဆီမွာသာ ၿမဲၿမံေနသည္။ သူ႔အၾကည့္ေတြက ေဟးခ်န္ရဲ႕ စိတ္ထဲက အေတြးေတြနွင့္ သူ႔ရဲ႕အားနည္းခ်က္ကို လိုက္ရွာေနသလိုပင္။

  "အား ခ်န္.. မင္းငါ့ကို အေၾကာင္းျပခ်က္ ခိုင္ခိုင္လံုလံု ေပးရမယ္.. ဒါမွမဟုတ္ရင္ မင္းသြားဖို႔အတြက္ မကူညီေပးနိုင္ဘူး"

Continue Reading

You'll Also Like

JUNOON || جنون By Ira

Historical Fiction

15.2K 821 23
An arranged marriage between two contrasting yet similar people. Will it work? Urwa Shah A nineteen year old girl filled with dreams. A strict father...
38.7K 3.4K 62
~ Dangerous Life Ahead ~ • Book 2 of LIFE OF PANCHALI TRILOGY • Panchali Rathore, Ex- CEO of Rathore Industries, now the Crown Princess of Hastinapur...
5.9M 383K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...
269K 7.1K 170
After six years of war, my fiancé returned. With a woman and his child in tow. While saying that he couldn't leave her. The same irresponsible fiancé...