<Unicode>
ရှီးယန်လည်း ချူ းလျန်ဆီ မြန်မြန်ပြန်သွားလိုက်ပြီး ဖြစ်သမျှအကြောင်း ပြောပြလိုက်သည်။
ချူ းလျန် ပြောစရာစကားပျောက်ရှ၍ ရှီးယန်ပြောသမျှကို သေချာသွားအောင် နောက်တခါထပ်မေးလိုက်သည်။
" ဘာ? အပြင်ဆောင်ကနေ ဟင်းချက်စရာပစ္စည်းတွေတောင် ပို့လိုက်သေးတယ်?? "
ထိုစကားကြောင့် ချူ းလျန် မျက်လုံးတောင်လှန်မိသွားသည်။
ရှီးယန်လည်း သူ့သခင်မလေးအတွက် စိတ်မကောင်းပေ။ ခေါင်းငြိမ့်လျက်
" အမှန်ပါပဲ! သခင်မကျိူ း မနက်ဖြန်မနက်စာ နောက်ကျလောက်လို့ ကုန်ကြမ်းပစ္စည်းတွေပါ ညစာပို့တဲ့သူတွေကို တခါထဲထည့်ပေးလိုက်တာပါ"
ဟေး! ဟင်းချက်စရာ ပစ္စည်းတွေ ရှိရင် အဆင်ပြေပါတယ် ။ သူမအတွက် အမှန်တကယ်ခက်ခဲနေတာက ကျင်းအန်အိမ်တော်က ဟာတွေစားရမှာက်ုပဲ အခု ..ဟေးချန်က အကုန်လိုချင်တယ်ဆိုတော့ .. သူ ယူနိုင်ပါတယ်။ သူမကလည်း လိုချင်နေတာ မဟူတ်ဘူးလေ!
ချူ းလျန်လည်း အဆောင်မှာရှိတဲ့ မီးဖိုချောင်ထဲ သွားရန် ပြင်လိုက်သည်။
ရှီးယန် လည်း သူ့သခင်မလေးကို အခုလိုမျို း
မမျှမတ ဆက်ဆံနေတာကို စိတ်မကောင်းသော်လည်း မတတ်နိုင်ပေ။ အပြင်သို့သွားတော့မည့် ချူ းလျန်ထံ အပြေးသွား၍ တားလိုက်ရသည်။
" တတိယသခင်မလေး... အပြင်ကို ဒီလိုဝတ်သွားလို့ မသင့်တော်ပါဘူး !"
ချူ းလျန်လည်း ထိုအခါမှ ညအိပ် ဝတ်ရုံပါးလေး ဝတ်ထားတာ သတိရ၍
"အာ.. အဲ့ဒါဆို ပုံမှန် အဝတ်တထည်လောက်သွားရှာခဲ့ပေးလေ "
မင်ယန်လည်း အသံတွေကြောင့် အထဲဝင်လာပြီး ကူညီပေးလာသည်။ သူတို့၂ယောက်၏ ပြင်ဆင်မှုဖြင့် ချူ းလျန်က အဝါဖျော့ျရာင် ဝတ်ရုံ နှင့် သိပ်မခြောက်သေးသော ဆံနွှယ်တို့ကို ခေါင်းစည်းကြိုး အဖြူရောင်ဖြင့် ခပ်လျော့လျော့စည်းနှောင်လိုက်ပုံက မွန်ဂိုလီးယား လူမျို းနဲ့တောင် ခပ်ဆင်ဆငိဖြစ်သွားသည်။
သို့ပေမယ့် ကြာကြာဆင်ချိန်မရလိုက် ဗိုက်ထဲက ဆန္ဒပြမှုကြောင့် ဟာရီကိန်းတိုက်သလို မီးဖိုချောင်ဆီ အပြေးသွားရသည်။
ရှီးယန် နှင့် မင်ယန်လည်း ချူ းလျန်အနောက်က အပြေးတပိုင်းလိုက်နေရသည်။
" တတိယသခင်မလေး.. နည်းနည်းဖြေးဖြေးလေးသွားပါ.. ကျေးဇူးပြု ပြီး"
အစေခံကူလည်း ဘာဖြစ်နေမှန်းမသိပေမယ့်လည်း အနောက်က လိုက်လာခဲ့သည်။ ချူ းလျန်လည်း မနေ့က တနေကုန် အဆောင်ကိုပတ်ထားသည့်အတွက် စားဖိုဆောင်ဆီ ခဏအတွင်း ရောက်သွားသည်။
စားဖိုဆောင်သို့ ရောက်ရောက်ချင်း အသက်သုံးဆယ်အရွှယ်အမျိုးသမီး တယောက်က အရိုသေပေးလာပြီး
" တတိယသခင်မလေး မီးဖိုချောင်ကို ဘာအတွက်လာတာပါလဲ ? "
ချူ းလျန်လည်း ပတ်ပတ်လည်ကို ကြည့်၍
" အစောကပို့လာတဲ့ ဟင်းချက်ပစ္စည်းတွေကော? "
ပထမ ထိုအမျိုးသမီးလည်း ကြောင်အမ်းသွားပြီး ထိုသခင်မလေးက ဘာကြောင့် ထိုပစ္စည်းတွေအကြောင်းကစ၍ မေးလာသလဲ မသိပေမယ့် ဖြေပေးလိုက်သည်။
"သခင်မလေး... အကုန် ဒီမှာပါ "
ရှီးယန်တို့ မီးဖိုချောင်ရောက်ချိန်မှာတော့ ဟင်းချက်အိုးကြီးဘေး၌ ထိုင်၍ အိုးထဲကို စိုက်ကြည့်နေသော ချူ းလျန်ကို တွေ့လိုက်ရသည်။
အထဲတွင်တော့ ငန်းတကောင်ကို ချည်ထားပြီး ဖြစ်သည်။
ငန်းကငန်းပဲ။ သဘာဝအတိုင်း လူကိုဆိတ်မှာပဲလေ။ ရှီးယန်လည်း ချူ းလျန်က နီးကပ်ကပ်ထိုင်နေတာတွေ့၍ အမြန် သွားဆွဲခေါ်ပြန်သည်။
သို့ပေမယ့် ချူ းလျန်ကတော့ ငန်းတွေဘာတွေ သတိပြုမိမနေပေ။ ဟင်းချက်ပစ္စည်းအပုံဆီကိုသာ အာရုံရောက်နေသည်။
ဝါးးး ! မိုက်လိုက်တာ ! အသီးရွက်တွေနဲ့ ဥတွေကော..ပြီးတော့ ငါးတွေကိုလည်း လတ်လတ်ဆတ်ဆတ်ပဲ ရေထဲထည့်ထားတယ်..
အသင့်ချက်နိုင်တဲ့ ကြက်သားနဲ့ ဝက်သားလည်း ရှိသေးတယ်..သမင်သား နှစ်ပြားတောင် ပါလိုက်သေး! ဒါပေမယ့်လည်း သူမက မော်ဒန်ခေတ်မှာ သမင်သားမစားဖူးတဲ့အတွက် ဘယ်လိုချက်ရမလဲ မသိပေ။ အခုလောလောဆယ်တော့ သူမ ဒါကို လက်လွှတ်ထားရအုံးမည်။
အခုကနောက်ကျနေပြီ ဖြစ်ပေမယ့်လည်း ငါးအစပ်ပေါင်းနှင့် အရွက်ချဉ် ဆိုလျှင် အချိန်အတော် ပေးရအုံးမည်။ ချက်စ ရာ ပစ္စည်းတွေကို
ကြည့်၍ ချူ းလျန်စိတ်ထဲ အစီစဉ် တခုပေါ်လာသည်။
ချူ းလျန် ဘေးတွင် ရပ်နေသည့် ရှီးယန်ကလည်း သူ့သခင်မလေး ကိုယ့်ဘာသာချက်ရန် ပြင်ဆင်နေသည်ကိုတွေ့၍ အမြန် ဝင်တားရပြန်သည်။
"တတိယသခင်လေး .. ဘယ်လိုလုပ် သခင်မလေး ကိုယ့်ဘာသာလုပ်ရတာလဲ?သခင်မလေး ဘာစားချင်တယ်ဆိုတာသာပြောပါ?
ဒီအစေခံက သခင်မလေးအတွက် ချက်ပေးပါ့မယ် "
ရှီးယန်လည်း သူ့သခင်မလေးကို သနားပြီးရင်း သနားဖြစ်နေသည်။ ယင်အိမ်တော်မှာတုန်းက နှစ်သက်မှု မခံရတဲ့ သခင်မလေး ဖြစ်ပေမယ့်လည်း အိမ်တော်သခင်မလေး ဂုဏ်ပုဒ်ဖြင့်ယခုလိုမျိုးတော့ ကိုယ့်ဝမ်းစာအတွက် မီးဖိုချောင် မဝင်ခဲ့ဖူးပါ။
သခင်မကျိုးကလည်း ဟင်းချက်ပစ္စည်းတွေ ပို့လိုက်ပေမယ့် စာဖိုမှူ း တော့မထည့်ပေးလိုက်ချေ။
ချူ းလျန်လည်း ရှီးယန်က သူမ၏ အဆင့်နှငိ့ မီးဖိုချောင် မဝင်သင့်ကြောင်းကို သတိပေးနေမှန်း သိသည်။ သူမ ကိုယ့်ဘာကို ချကိချင်သော်လည်း ဒီညလွန်တာနဲ့ အိမ်တော်တခွင် ဘယ်လိုသတင်းတွေပြန့်နိုင်မလဲ မသိတဲ့အတွက် ဘေးကနေသာ ညွှန်ကြားရန် ဆုံးဖြတ်လိုက်ရသည်။
ရှီးယန်တယောက်ထဲလည်း မဖြစ်သဖြင့် မင်ယန်ပါ ဝင်လာလိုက်သည်။
ချူ းလျန်က မီးဖိုဘေးကနေ သူတို့ လုပ်ကိုင်တာကို ကြည့်နေလိုက်သည်။ ပုံမှန် ဟင်းခတ်တွေကိုတွေ့ပေမယ့်လည်း ဟင်းရွက်ဆီ ,ငရုတ်သီး နဲ့ အခြားဆော့စ် တွေတော့မရှိပေ။
ဒါပေမယ့် ချူ းလျန် ချက်မယ့်ဟင်းထဲမှာ အဲ့တာတွေ မလိုသေး၍ အဆင်တော့ပြေသေးသည်။
အပိုင်းပိုင်းခုတ်ထားသော တရုတ်ဂေါ်ဖီတွေကို ရေထဲ ဒီအတိုင်းပစ်ထည့်တော့မည်တွေ့၍ ရှီးယန်ကို အမြန်တားလိုက်ရသည်။
ရှီးယန်လည်း ထူးဆန်းသည် ထင်လိုက်ရပြန်သည်။
" သခင်မလေး.. တရုတ်ဂေါ်ဖီကို ဒီအတိုင်းမချက်ရင် ကျွန်မတို့က ဘယ်လိုချက်ရမလဲ ?
ယင်နဲ့ ကျင်းအန် နှစ်အိမ်လုံး က ဒီအတိုင်းပဲ လုပ်ကြတာပါ "
ချူ းလျန်လည်း ဘာပြောရမလဲ မသိတော့ချေ။ နောက်တော့မှ ဒီခေတ်က အစားအသောက်တွေက ကင်ရင်ကင် မကင်ရင် ပြုတ် ဒါမှမဟုတ် ပေါင်း။ ဒီသုံးမျိုးသာ။ အနံ့အရသာကိုပိုကောင်းစေမည့် တခြားဟင်းခတ်လည်း မရှိပေ။
တရုတ်ချိုချဉ်သီးစုံကြော်က အနည်းဆုံး ဟင်းရွှက်ဆီတော့လိုသည်လေ။ ဒီမှာကတော့ ဝက်သားကထွက် တဲ့အဆီကိုတောင် ဖယ်မထားတာ ဟင်းရွှက်ဆီကတော့ ပြောမနေနဲ့တော့။
စဥ့်နီတုံးပေါ်က ဝက်ခေါက်သားကို ညွှန်၍
" မင်ယန်.. ဒီအသားကို နင့်လက်ဝါး တဝက်စာလောက်အရင်တုံးလိုက် ..ပြီးရင် အလျားလိုက် ပါးပါးရှည်ရှည်လေးတွေလှီး အပါးက ' တူ' လောက်လေးလှီး "
ထို ဝက်သားပြားမှ အဆီယူရမည်။
အစေခံကူလည်း ချူးလျန်က နောက်ထပ် 'လျို့ဝှက်နည်း´ ပေတော့မည်မြင်၍ မီးဖိုချောင်ထဲမှ အမျို း သမီးကို အပြင်ကို ထုတ်လိုက်သည်။ ဒီတခါတော့ ချူ းလျန်လည်း အံ့ဩမနေတော့ချေ။
ချူ းလျန်လည်း ရိုးရိုးဟင်းလျာများကိုသာ ချက်ရန်ရွှေးလိုက်ပြီး ထိုမှသာ ထမင်းကျက်ချိန်နှင့် ကွတ်တိပြီးနိုင်မည်ဖြစ်သည်။
ချူ းလျန်ကို ဘာမှမလုပ်စေချင်သောကြောင့် ရှီးယန်ကသာ အမှန်တကယ်ချက်ရသည့်သူ ဖြစ်သည်။ရှီးယန်လည်း ချက်ပြုတ်ခြင်းကို စိမ်းသည့်သူမဟူတ်သော်လည်း ချူ းလျန်ညွှန်ကြားသည်များက စိမ်းနေ၍ အနည်းငယ် အခက်တွေ့စေသည်။
ဝက်သားကို အလုံပိတ်အိုးထဲထည့်ပေါင်း၍ ရေခမ်းသည်အထိ ပေါင်းပြီး သူ့ဆီနှင့်သူ ခဏပြန်ကြော်ရသည်။ဝက်သား အညိုရောင်သမ်းသည်အထိလုပ်ခိုင်းသော်လည်း အရောင်ကသိပ်မရပေ။ ကြည့်လျှင် ပုံမှန် ထင်ရပေမယ့်
အရသာကတော့ စံပြဖြစ်နေသေးသည်။
ရှီးယန်၏ ပထမဆုံးဆိုပေမယ့် သူမက အချက်အပြုတ်မှာ ပါရမီ ပါသည်ပြောရမည်။
ချူ းလျန်လည်း ပြင်ဆင်သင့်စရာပြင်လိုက်ပြီးမီးဖိုချောင်အပြင်သို့ သယ်သွားချိန် ရှီးယန်နဲ့ အစေခံကူတို့က အံ့ဩမှုကြောင့် ဖြူဖျော့ကုန်ကြသည်။ အစားအစာတွေက်ု ဒီလို ချက်နိုင်မည်လို့လဲ သူတို့မသိပေ။ ပြုတ်တာ ကင်တာ
ရေနွေ့ငွေ့နဲ့ပေါင်းတာ ။ အခုက ဝက်သားကိုအရင်အလုံပိတ်ထဲထည့်ပေါင်းပြီးမှ နှပ်လိုက်တာတဲ့လား... အကြည့်နဲ့တင် အရသာရှိမှန်း သိသာနေပြီ!
ချူ းလျန်လည်း သူတို့ကို ဂရုမစိုက်နိုင်အောင်ကို ဗိုက်ဆာနေပြီ ဖြစ်သည်။
" မြန်မြန်.. ငါဗိုက်ဆာနေပြီ! ပန်းကန်တွေကိုဧည့်ခန်းထဲယူသွားပြီး နေရာသွားချထားချေ "
" ဟုတ်ကဲ့ "
မီးဖိုချောင်က စာကြည့်ဆောင်နဲ့ သိပ်မဝေးပေ။ လေကလည်း အရှေ့ဘက်သို့တိုက်နေသည့်အတွက် မီးဖိုချောင်က အနံ့အသက်တို့က စာကြည့်ဆောင်ဆီ ရောက်သွားသည်။
လဲ့ရွမ်လည်း အရင်ထဲက မီးဖိုချောင်မှာ လူရှုပ်နေလို့ စပ်စုပြီး လှမ်းကြည့်လိုက်သေးသည်။အချိန်ခဏလေးအတွင်း သရေယိုစရာ အနံ့တွေ ထွက်လာမယ်လို့ ဘယ်သူထင်မလဲ?
ဒီအနံ့က သူဘယ်တုန်းကမှ မရဖူးတဲ့အနံ့။
ဒီအနံ့ကို ဘာနဲ့လုပ်ထားလည်း မသိပေမယ့် ညှိ့ယူနိုင်စွမ်းတော့ ရှိသည်။
လဲ့ရွမ်လည်း ညစာမစားရသေးပဲ အထဲက အနှီသခင်လေး အိပ်ပျော်သွားအောင်သာ စောင့်နေရသည်။ထိုမှသာ အစာခြောက်လေးတွေနဲ့ ဖြေသိမ့်ရမှာ ဖြစ်သည်။သို့ပေမယ့် ထိုသရေယိုစရာ အနံ့လေးက သူ့ဆီအချိန်ကိုက်ရောက်လာတဲ့အတွက် သူ့အစာအိမ်ကလည်း သံလိုက်ဖြင့်ဆွဲလိုက်သလို တဂွီဂွီ ဖြစ်လာသည်။
အရသာရှိသည့် အစားအစာ၏ အနံ့..
ဟောင်းလောင်းဖြစ်နေသည့်ဗိုက် ... ထိုအရာက အပြင်းထန်ဆုံးသော နှိပ်စက်နည်းဖြစ်သည်... သူ့အတွက်ဆိုရင်ပေါ့
လဲ့ရွမ်၏ မျက်လုံးသည်လည်း မီးဖိုချောင်ဘက်သာ ရောက်နေပြီး မျက်လုံးကို ချဲ့နိုင်သလောက်ချဲ့၍ တတိယသခင်မလေးက သူမအစေခံများကို ဘာတွေညွှန်ကြားနေသလဲ ကြည့်လိုက်သည်။
ရာသီဥတုက အနည်းငယ်ပူ၍ ဟေးချန်လည်း တံခါးတချပ်ဖွင့်၍ စာဖတ်နေသည်။
စာအုပ်ထဲ၌လည်း စိတ်နစ်နေပြီ ဖြစ်သည်။
သို့ပေမယ့် စာရွက်လှန်လိုက်သည့်အချိန်၌
ပြတင်းပေါက်မှတဆင့် မွှေးပျံ့နေသော အနံ့က
သူ့နှာခေါင်းဆီ လာမြူ သွားသည်။ထိုအနံ့က
သရေယိုချင်စရာ ဖြစ်ပြီး ; ဟေးချန်လည်း ယခုခေတ်ရှိ ဟင်းပွဲ အတော်များများကို စားဖူးပြီး ဖြစ်သော်လည်း ထိုအနံ့က ဘယ်လိုဟင်းပွဲကမှန်း သူမမှန်းနိုင်ပေ။
အနံ့ဖျော့ဖျော့သာရသော်လည်း ထိုအနံ့လေးနဲ့တင် ကျေနပ်စရာကောင်းနေသည်။
ဟေးချန် အသက်ပြင်းပြင်းရှူလိုက်၍ စားပွဲဘေး၌ ထားထားသော ဟင်းချိုင့်နှစ်ခုကို ကြည့်လိုက်သည်။သူနည်းနည်းလောက် ထပ်စားမလား စဉ်းစားလိုက်သော်လည်း ယခုနက အနံ့ကြောင့် ထိုဟင်းပွဲများကို စားချင်စိတ်မရှိတော့ပြန်ပေ။
ဟေးချန်လည်း စာအုပ်ဆီသို့သာ အာရုံပြန်စိုက်လိုက်ပြီး ဆက်ဖတ်နေလိုက်သည်။
တဖက်က ချူ းလျန်ကလည်း အနောက်မှဟင်းပွဲသယ်ထားသည့်သူများကို ဦးဆောင်၍ ဧည့်ခန်းသို့ သွားလိုက်သည်။ စာကြည့်ဆောင်ရှေ့ကအဖြတ် လဲ့ရွမ်လည်း ရှီးယန်ကိုင်ထားသည့် ဟင်းချိုင့်ကို မျက်တောင်ခတ်တမ်းကြည့်၍
အနံ့ကြောင့် သရေယိုလုနီးနီး ဖြစ်သွားသည်။
ရှီးယန်လည်း သူမညစာအတွက်လာမေးစဉ်က လဲ့ရွမ်ဘယ်လိုဆက်ဆံလိုက်သလဲ စဉ်းစားမိ၍ မျက်လုံးကို လိမ့်လျက် မေးကိုပင့်၍
သူ့ရှေ့က ဖြတ်သွားပြလိုက်သည်။
<Zawgyi>
ရွီးယန္လည္း ခ်ဴ းလ်န္ဆီ ျမန္ျမန္ျပန္သြားလိုက္ၿပီး ျဖစ္သမ်ွအေၾကာင္း ေျပာျပလိုက္သည္။
ခ်ဴ းလ်န္ ေျပာစရာစကားေပ်ာက္ရွ၍ ရွီးယန္ေျပာသမ်ွကို ေသခ်ာသြားေအာင္ ေနာက္တခါထပ္ေမးလိုက္သည္။
" ဘာ? အျပင္ေဆာင္ကေန ဟင္းခ်က္စရာပစၥည္းေတြေတာင္ ပို႔လိုက္ေသးတယ္?? "
ထိုစကားေၾကာင့္ ခ်ဴ းလ်န္ မ်က္လံုးေတာင္လွန္မိသြားသည္။
ရီွးယန္လည္း သူ႔သခင္မေလးအတြက္ စိတ္မေကာင္းေပ။ ေခါင္းၿငိမ့္လ်က္
" အမွန္ပါပဲ! သခင္မက်ိဴ း မနက္ျဖန္မနက္စာ ေနာက္က်ေလာက္လို႔ ကုန္ၾကမ္းပစၥည္းေတြပါ ညစာပို႔တဲ့သူေတြကို တခါထဲထည့္ေပးလိုက္တာပါ"
ေဟး! ဟင္းခ်က္စရာ ပစၥည္းေတြ ရွိရင္ အဆင္ေျပပါတယ္ ။ သူမအတြက္ အမွန္တကယ္ခက္ခဲေနတာက က်င္းအန္အိမ္ေတာ္က ဟာေတြစားရမွာက္ုပဲ အခု ..ေဟးခ်န္က အကုန္လိုခ်င္တယ္ဆိုေတာ့ .. သူ ယူနိုင္ပါတယ္။ သူမကလည္း လိုခ်င္ေနတာ မဟူတ္ဘူးေလ!
ခ်ဴ းလ်န္လည္း အေဆာင္မွာရွိတဲ့ မီးဖိုေခ်ာင္ထဲ သြားရန္ ျပင္လိုက္သည္။
ရွီးယန္ လည္း သူ႔သခင္မေလးကို အခုလိုမ်ိဳ း
မမ်ွမတ ဆက္ဆံေနတာကို စိတ္မေကာင္းေသာ္လည္း မတတ္နိုင္ေပ။ အျပင္သုိ႔သြားေတာ့မည့္ ခ်ဴ းလ်န္ထံ အေျပးသြား၍ တားလိုက္ရသည္။
" တတိယသခင္မေလး... အျပင္ကို ဒီလိုဝတ္သြားလို႔ မသင့္ေတာ္ပါဘူး !"
ခ်ဴ းလ်န္လည္း ထိုအခါမွ ညအိပ္ ဝတ္ရံုပါးေလး ဝတ္ထားတာ သတိရ၍
"အာ.. အဲ့ဒါဆို ပံုမွန္ အဝတ္တထည္ေလာက္သြားရွာခဲ့ေပးေလ "
မင္ယန္လည္း အသံေတြေၾကာင့္ အထဲဝင္လာၿပီး ကူညီေပးလာသည္။ သူတို႔၂ေယာက္၏ ျပင္ဆင္မႈျဖင့္ ခ်ဴ းလ်န္က အဝါေဖ်ာ့်ရာင္ ဝတ္ရံု နွင့္ သိပ္မေျခာက္ေသးေသာ ဆံနႊယ္တို႔ကို ေခါင္းစည္းႀကိဳး အျဖဴေရာင္ျဖင့္ ခပ္ေလ်ာ့ေလ်ာ့စည္းေနွာင္လိုက္ပံုက မြန္ဂိုလီးယား လူမ်ိဳ းနဲ႔ေတာင္ ခပ္ဆင္ဆငိျဖစ္သြားသည္။
သို႔ေပမယ့္ ၾကာၾကာဆင္ခ်ိန္မရလိုက္ ဗိုက္ထဲက ဆႏၵျပမႈေၾကာင့္ ဟာရီကိန္းတိုက္သလို မီးဖိုေခ်ာင္ဆီ အေျပးသြားရသည္။
ရွီးယန္ နွင့္ မင္ယန္လည္း ခ်ဴ းလ်န္အေနာက္က အေျပးတပိုင္းလိုက္ေနရသည္။
" တတိယသခင္မေလး.. နည္းနည္းေျဖးေျဖးေလးသြားပါ.. ေက်းဇူးျပဳ ၿပီး"
အေစခံကူလည္း ဘာျဖစ္ေနမွန္းမသိေပမယ့္လည္း အေနာက္က လိုက္လာခဲ့သည္။ ခ်ဴ းလ်န္လည္း မေန႔က တေနကုန္ အေဆာင္ကိုပတ္ထားသည့္အတြက္ စားဖိုေဆာင္ဆီ ခဏအတြင္း ေရာက္သြားသည္။
စားဖိုေဆာင္သို႔ ေရာက္ေရာက္ခ်င္း အသက္သံုးဆယ္အရႊယ္အမ်ိဳးသမီး တေယာက္က အရိုေသေပးလာၿပီး
" တတိယသခင္မေလး မီးဖိုေခ်ာင္ကို ဘာအတြက္လာတာပါလဲ ? "
ခ်ဴ းလ်န္လည္း ပတ္ပတ္လည္ကို ၾကည့္၍
" အေစာကပို႔လာတဲ့ ဟင္းခ်က္ပစၥည္းေတြေကာ? "
ပထမ ထိုအမ်ိဳးသမီးလည္း ေၾကာင္အမ္းသြားၿပီး ထိုသခင္မေလးက ဘာေၾကာင့္ ထိုပစၥည္းေတြအေၾကာင္းကစ၍ ေမးလာသလဲ မသိေပမယ့္ ေျဖေပးလိုက္သည္။
"သခင္မေလး... အကုန္ ဒီမွာပါ "
ရွီးယန္တို႔ မီးဖိုေခ်ာင္ေရာက္ခ်ိန္မွာေတာ့ ဟင္းခ်က္အိုးႀကီးေဘး၌ ထိုင္၍ အိုးထဲကို စိုက္ၾကည့္ေနေသာ ခ်ဴ းလ်န္ကို ေတြ႕လိုက္ရသည္။
အထဲတြင္ေတာ့ ငန္းတေကာင္ကို ခ်ည္ထားၿပီး ျဖစ္သည္။
ငန္းကငန္းပဲ။ သဘာဝအတိုင္း လူကိုဆိတ္မွာပဲေလ။ ရွီးယန္လည္း ခ်ဴ းလ်န္က နီးကပ္ကပ္ထိုင္ေနတာေတြ႕၍ အျမန္ သြားဆြဲေခၚျပန္သည္။
သို႔ေပမယ့္ ခ်ဴ းလ်န္ကေတာ့ ငန္းေတြဘာေတြ သတိျပဳမိမေနေပ။ ဟင္းခ်က္ပစၥည္းအပံုဆီကိုသာ အာရံုေရာက္ေနသည္။
ဝါးးး ! မိုက္လိုက္တာ ! အသီး႐ြက္ေတြနဲ႔ ဥေတြေကာ..ၿပီးေတာ့ ငါးေတြကိုလည္း လတ္လတ္ဆတ္ဆတ္ပဲ ေရထဲထည့္ထားတယ္..
အသင့္ခ်က္နိုင္တဲ့ ၾကက္သားနဲ႔ ဝက္သားလည္း ရွိေသးတယ္..သမင္သား နွစ္ျပားေတာင္ ပါလိုက္ေသး! ဒါေပမယ့္လည္း သူမက ေမာ္ဒန္ေခတ္မွာ သမင္သားမစားဖူးတဲ့အတြက္ ဘယ္လိုခ်က္ရမလဲ မသိေပ။ အခုေလာေလာဆယ္ေတာ့ သူမ ဒါကို လက္လႊတ္ထားရအံုးမည္။
အခုကေနာက္က်ေနၿပီ ျဖစ္ေပမယ့္လည္း ငါးအစပ္ေပါင္းနွင့္ အ႐ြက္ခ်ဥ္ ဆိုလ်ွင္ အခ်ိန္အေတာ္ ေပးရအံုးမည္။ ခ်က္စ ရာ ပစၥည္းေတြကို
ၾကည့္၍ ခ်ဴ းလ်န္စိတ္ထဲ အစီစဥ္ တခုေပၚလာသည္။
ခ်ဴ းလ်န္ ေဘးတြင္ ရပ္ေနသည့္ ရွီးယန္ကလည္း သူ႔သခင္မေလး ကုိယ့္ဘာသာခ်က္ရန္ ျပင္ဆင္ေနသည္ကိုေတြ႕၍ အျမန္ ဝင္တားရျပန္သည္။
"တတိယသခင္ေလး .. ဘယ္လိုလုပ္ သခင္မေလး ကိုယ့္ဘာသာလုပ္ရတာလဲ?သခင္မေလး ဘာစားခ်င္တယ္ဆိုတာသာေျပာပါ?
ဒီအေစခံက သခင္မေလးအတြက္ ခ်က္ေပးပါ့မယ္ "
ရွီးယန္လည္း သူ႔သခင္မေလးကို သနားၿပီးရင္း သနားျဖစ္ေနသည္။ ယင္အိမ္ေတာ္မွာတုန္းက နွစ္သက္မႈ မခံရတဲ့ သခင္မေလး ျဖစ္ေပမယ့္လည္း အိမ္ေတာ္သခင္မေလး ဂုဏ္ပုဒ္ျဖင့္ယခုလိုမ်ိဳးေတာ့ ကိုယ့္ဝမ္းစာအတြက္ မီးဖိုေခ်ာင္ မဝင္ခဲ့ဖူးပါ။
သခင္မက်ိဳးကလည္း ဟင္းခ်က္ပစၥည္းေတြ ပို႔လိုက္ေပမယ့္ စာဖိုမွဴ း ေတာ့မထည့္ေပးလိုက္ေခ်။
ခ်ဴ းလ်န္လည္း ရွီးယန္က သူမ၏ အဆင့္နွငိ့ မီးဖိုေခ်ာင္ မဝင္သင့္ေၾကာင္းကို သတိေပးေနမွန္း သိသည္။ သူမ ကိုယ့္ဘာကို ခ်ကိခ်င္ေသာ္လည္း ဒီညလြန္တာနဲ႔ အိမ္ေတာ္တခြင္ ဘယ္လိုသတင္းေတြျပန္႔နိုင္မလဲ မသိတဲ့အတြက္ ေဘးကေနသာ ၫႊန္ၾကားရန္ ဆံုးျဖတ္လိုက္ရသည္။
ရွီးယန္တေယာက္ထဲလည္း မျဖစ္သျဖင့္ မင္ယန္ပါ ဝင္လာလိုက္သည္။
ခ်ဴ းလ်န္က မီးဖိုေဘးကေန သူတို႔ လုပ္ကိုင္တာကို ၾကည့္ေနလိုက္သည္။ ပံုမွန္ ဟင္းခတ္ေတြကိုေတြ႕ေပမယ့္လည္း ဟင္း႐ြက္ဆီ ,ငရုတ္သီး နဲ႔ အျခားေဆာ့စ္ ေတြေတာ့မရွိေပ။
ဒါေပမယ့္ ခ်ဴ းလ်န္ ခ်က္မယ့္ဟင္းထဲမွာ အဲ့တာေတြ မလိုေသး၍ အဆင္ေတာ့ေျပေသးသည္။
အပိုင္းပိုင္းခုတ္ထားေသာ တရုတ္ေဂၚဖီေတြကို ေရထဲ ဒီအတိုင္းပစ္ထည့္ေတာ့မည္ေတြ႕၍ ရွီးယန္ကို အျမန္တားလိုက္ရသည္။
ရွီးယန္လည္း ထူးဆန္းသည္ ထင္လိုက္ရျပန္သည္။
" သခင္မေလး.. တရုတ္ေဂၚဖီကို ဒီအတိုင္းမခ်က္ရင္ ကြၽန္မတို႔က ဘယ္လိုခ်က္ရမလဲ ?
ယင္နဲ႔ က်င္းအန္ နွစ္အိမ္လံုး က ဒီအတိုင္းပဲ လုပ္ၾကတာပါ "
ခ်ဴ းလ်န္လည္း ဘာေျပာရမလဲ မသိေတာ့ေခ်။ ေနာက္ေတာ့မွ ဒီေခတ္က အစားအေသာက္ေတြက ကင္ရင္ကင္ မကင္ရင္ ျပဳတ္ ဒါမွမဟုတ္ ေပါင္း။ ဒီသံုးမ်ိဳးသာ။ အနံ႔အရသာကိုပိုေကာင္းေစမည့္ တျခားဟင္းခတ္လည္း မရွိေပ။
တရုတ္ခ်ိဳခ်ဥ္သီးစံုေၾကာ္က အနည္းဆံုး ဟင္းရႊက္ဆီေတာ့လိုသည္ေလ။ ဒီမွာကေတာ့ ဝက္သားကထြက္ တဲ့အဆီကိုေတာင္ ဖယ္မထားတာ ဟင္းရႊက္ဆီကေတာ့ ေျပာမေနနဲ႔ေတာ့။
စဥ့္နီတံုးေပၚက ဝက္ေခါက္သားကို ညႊန္၍
" မင္ယန္.. ဒီအသားကို နင့္လက္ဝါး တဝက္စာေလာက္အရင္တံုးလိုက္ ..ၿပီးရင္ အလ်ားလိုက္ ပါးပါးရွည္ရွည္ေလးေတြလွီး အပါးက ' တူ' ေလာက္ေလးလွီး "
ထို ဝက္သားျပားမွ အဆီယူရမည္။
အေစခံကူလည္း ခ်ဴးလ်န္က ေနာက္ထပ္ 'လ်ိဳ႕ဝွက္နည္း´ ေပေတာ့မည္ျမင္၍ မီးဖိုေခ်ာင္ထဲမွ အမ်ိဳ း သမီးကို အျပင္ကို ထုတ္လိုက္သည္။ ဒီတခါေတာ့ ခ်ဴ းလ်န္လည္း အံ့ၾသမေနေတာ့ေခ်။
ခ်ဴ းလ်န္လည္း ရိုးရိုးဟင္းလ်ာမ်ားကိုသာ ခ်က္ရန္ေရႊးလိုက္ၿပီး ထိုမွသာ ထမင္းက်က္ခ်ိန္နွင့္ ကြတ္တိၿပီးနိုင္မည္ျဖစ္သည္။
ခ်ဴ းလ်န္ကို ဘာမွမလုပ္ေစခ်င္ေသာေၾကာင့္ ရွီးယန္ကသာ အမွန္တကယ္ခ်က္ရသည့္သူ ျဖစ္သည္။ရွီးယန္လည္း ခ်က္ျပဳတ္ျခင္းကို စိမ္းသည့္သူမဟူတ္ေသာ္လည္း ခ်ဴ းလ်န္ညႊန္ၾကားသည္မ်ားက စိမ္းေန၍ အနည္းငယ္ အခက္ေတြ႕ေစသည္။
ဝက္သားကို အလံုပိတ္အိုးထဲထည့္ေပါင္း၍ ေရခမ္းသည္အထိ ေပါင္းၿပီး သူ႔ဆီနွင့္သူ ခဏျပန္ေၾကာ္ရသည္။ဝက္သား အညိဳေရာင္သမ္းသည္အထိလုပ္ခိုင္းေသာ္လည္း အေရာင္ကသိပ္မရေပ။ ၾကည့္လ်ွင္ ပံုမွန္ ထင္ရေပမယ့္
အရသာကေတာ့ စံျပျဖစ္ေနေသးသည္။
ရွီးယန္၏ ပထမဆံုးဆိုေပမယ့္ သူမက အခ်က္အျပဳတ္မွာ ပါရမီ ပါသည္ေျပာရမည္။
ခ်ဴ းလ်န္လည္း ျပင္ဆင္သင့္စရာျပင္လိုက္ၿပီးမီးဖိုေခ်ာင္အျပင္သုိ႔ သယ္သြားခ်ိန္ ရွီးယန္နဲ႔ အေစခံကူတို႔က အံ့ၾသမႈေၾကာင့္ ျဖဴေဖ်ာ့ကုန္ၾကသည္။ အစားအစာေတြက္ု ဒီလို ခ်က္နိုင္မည္လို႔လဲ သူတို႔မသိေပ။ ျပဳတ္တာ ကင္တာ
ေရေႏြ႕ေငြ႕နဲ႔ေပါင္းတာ ။ အခုက ဝက္သားကိုအရင္အလံုပိတ္ထဲထည့္ေပါင္းၿပီးမွ နွပ္လိုက္တာတဲ့လား... အၾကည့္နဲ႔တင္ အရသာရွိမွန္း သိသာေနၿပီ!
ခ်ဴ းလ်န္လည္း သူတို႔ကို ဂရုမစိုက္နိုင္ေအာင္ကို ဗိုက္ဆာေနၿပီ ျဖစ္သည္။
" ျမန္ျမန္.. ငါဗိုက္ဆာေနၿပီ! ပန္းကန္ေတြကိုဧည့္ခန္းထဲယူသြားၿပီး ေနရာသြားခ်ထားေခ် "
" ဟုတ္ကဲ့ "
မီးဖိုေခ်ာင္က စာၾကည့္ေဆာင္နဲ႔ သိပ္မေဝးေပ။ ေလကလည္း အေရွ႕ဘက္သို႔တိုက္ေနသည့္အတြက္ မီးဖိုေခ်ာင္က အနံ႔အသက္တို႔က စာၾကည့္ေဆာင္ဆီ ေရာက္သြားသည္။
လဲ့႐ြမ္လည္း အရင္ထဲက မီးဖိုေခ်ာင္မွာ လူရႈပ္ေနလို႔ စပ္စုၿပီး လွမ္းၾကည့္လိုက္ေသးသည္။အခ်ိန္ခဏေလးအတြင္း သေရယိုစရာ အနံ႔ေတြ ထြက္လာမယ္လို႔ ဘယ္သူထင္မလဲ?
ဒီအနံ႔က သူဘယ္တုန္းကမွ မရဖူးတဲ့အနံ႔။
ဒီအနံ႔ကို ဘာနဲ႔လုပ္ထားလည္း မသိေပမယ့္ ညိွ႔ယူနိုင္စြမ္းေတာ့ ရွိသည္။
လဲ့႐ြမ္လည္း ညစာမစားရေသးပဲ အထဲက အနွီသခင္ေလး အိပ္ေပ်ာ္သြားေအာင္သာ ေစာင့္ေနရသည္။ထိုမွသာ အစာေျခာက္ေလးေတြနဲ႔ ေျဖသိမ့္ရမွာ ျဖစ္သည္။သုိ႔ေပမယ့္ ထိုသေရယိုစရာ အနံ႔ေလးက သူ႔ဆီအခ်ိန္ကိုက္ေရာက္လာတဲ့အတြက္ သူ႔အစာအိမ္ကလည္း သံလိုက္ျဖင့္ဆြဲလိုက္သလို တဂြီဂီြ ျဖစ္လာသည္။
အရသာရွိသည့္ အစားအစာ၏ အနံ႔..
ေဟာင္းေလာင္းျဖစ္ေနသည့္ဗိုက္ ... ထိုအရာက အျပင္းထန္ဆံုးေသာ နိွပ္စက္နည္းျဖစ္သည္... သူ႔အတြက္ဆိုရင္ေပါ့
လဲ့႐ြမ္၏ မ်က္လံုးသည္လည္း မီးဖိုေခ်ာင္ဘက္သာ ေရာက္ေနၿပီး မ်က္လံုးကို ခ်ဲ့နိုင္သေလာက္ခ်ဲ့၍ တတိယသခင္မေလးက သူမအေစခံမ်ားကို ဘာေတြညႊန္ၾကားေနသလဲ ၾကည့္လိုက္သည္။
ရာသီဥတုက အနည္းငယ္ပူ၍ ေဟးခ်န္လည္း တံခါးတခ်ပ္ဖြင့္၍ စာဖတ္ေနသည္။
စာအုပ္ထဲ၌လည္း စိတ္နစ္ေနၿပီ ျဖစ္သည္။
သို႔ေပမယ့္ စာ႐ြက္လွန္လိုက္သည့္အခ်ိန္၌
ျပတင္းေပါက္မွတဆင့္ ေမႊးပ်ံ့ေနေသာ အနံ႔က
သူ႔နွာေခါင္းဆီ လာျမဴ သြားသည္။ထိုအနံ႔က
သေရယိုခ်င္စရာ ျဖစ္ၿပီး ; ေဟးခ်န္လည္း ယခုေခတ္ရွိ ဟင္းပြဲ အေတာ္မ်ားမ်ားကို စားဖူးၿပီး ျဖစ္ေသာ္လည္း ထိုအနံ႔က ဘယ္လိုဟင္းပြဲကမွန္း သူမမွန္းနိုင္ေပ။
အနံ႔ေဖ်ာ့ေဖ်ာ့သာရေသာ္လည္း ထိုအနံ႔ေလးနဲ႔တင္ ေက်နပ္စရာေကာင္းေနသည္။
ေဟးခ်န္ အသက္ျပင္းျပင္းရွဴလိုက္၍ စားပြဲေဘး၌ ထားထားေသာ ဟင္းခ်ိဳင့္နွစ္ခုကို ၾကည့္လိုက္သည္။သူနည္းနည္းေလာက္ ထပ္စားမလား စဥ္းစားလိုက္ေသာ္လည္း ယခုနက အနံ႔ေၾကာင့္ ထိုဟင္းပြဲမ်ားကို စားခ်င္စိတ္မရွိေတာ့ျပန္ေပ။
ေဟးခ်န္လည္း စာအုပ္ဆီသုိ႔သာ အာရံုျပန္စုိက္လိုက္ၿပီး ဆက္ဖတ္ေနလိုက္သည္။
တဖက္က ခ်ဴ းလ်န္ကလည္း အေနာက္မွဟင္းပြဲသယ္ထားသည့္သူမ်ားကို ဦးေဆာင္၍ ဧည့္ခန္းသို႔ သြားလိုက္သည္။ စာၾကည့္ေဆာင္ေရွ႕ကအျဖတ္ လဲ့႐ြမ္လည္း ရွီးယန္ကိုင္ထားသည့္ ဟင္းခ်ိဳင့္ကို မ်က္ေတာင္ခတ္တမ္းၾကည့္၍
အနံ႔ေၾကာင့္ သေရယိုလုနီးနီး ျဖစ္သြားသည္။
ရွီးယန္လည္း သူမညစာအတြက္လာေမးစဥ္က လဲ့႐ြမ္ဘယ္လိုဆက္ဆံလိုက္သလဲ စဥ္းစားမိ၍ မ်က္လံုးကို လိမ့္လ်က္ ေမးကိုပင့္၍
သူ႔ေရွ႕က ျဖတ္သြားျပလိုက္သည္။