{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 14 စားဖိုေဆာင္မီးေလာင္မႈ

3K 437 10
By whitekiddy

<Unicode>

   ချူ းလျန်နောက်ဆုံးတော့ ဘာတွေဖြစ်နေလဲဆိုတာ သိလိုက်ပြီ ဖြစ်ပါသည်။အကြီးဆုံးယောင်းမနဲ့ အစေခဲလဲ့က သူတို့ပြန်လာတဲ့လမ်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သူတို့ဘာတို့ ကောက်ချက်နေပြီဖြစ်သည်။သူမက တလမ်းလုံး အိပ်ပျော်လာပြီး မြန်မြန်ဆင်းနိုင်ရန်သာ စိတ်စောနေတဲ့အတွက် သူမရဲ့ပုံစံကို သတိမထားမိလိုက်ပေ။ပြီးတော့ ဟေးချန်ကလည်း ဝေါယာဉ်ပေါ်က အဲ့လိုပုံနဲ့ ဆင်းလာတဲ့အချိန်..
သူတို့အခြား ဘာတွေးနိုင်အုံးမှာလဲ ?

သူမ ဟေးချန်ကို တိတ်တဆိတ် ခိုးကြည့်လိုက်သည်။ ချူ းလျန် ဟေးချန်မျက်နာပေါ်က မုန်တိုင်းထန်နေတာကို တွေ့လိုက်ရသော် သူမလည်း ကြောက်စိတ်အနည်းငယ်တော့ ဝင်သွားသည်။ သူမက ဒါကို ရည်ရွှယ်ချက် ရှိရှိ လုပ်လိုက်တာလည်း မဟုတ်တော့.. ဟေးချန်က သူမကို ခွင့်လွှတ်ပေးဖို့သာ မျှော်လင့်ရပေတော့မည်။

အစေခံလဲ့လည်း သူမတို့ကို အဆောင်ထိရောက်အောင် လိုက်ပို့ပေးသည်။သူမ ထွက်မသွားခင် ဟေးချန်ကို မပြီးဆုံးနိုင်အောင် ဂရုတစိုက် မှာတမ်းချွေလိုက်သေးသည်။
     "သခင်လေးတို့တွေက ညားခါစလင်မယားဖြစ်ပေမယ့်လည်း တတိယသခင်မလေးက ငယ်ပါသေးတယ်.. တတိယသခင်လေး.. ကျေးဇူးပြု ပြီး နည်းနည်းလောက်တော့ ကိုယ့်ကိုကို ထိန်းချုပ်ပါအုံးနော် "

ဟေးချန်လည်း အဝတ်အစား အသစ်ကို ဝတ်ပြီး၍ ထိုကိစ္စကို မေ့လုမေ့ခင်တောင် ဖြစ်နေပြီဖြစ်သည်။အစေခံလဲ့ဆီက ထိုကဲ့သို့ ' ကြင်နာ´ လှတဲ့ သတိပေးစကားကြောင့် သူ့ရဲ့ ဒေါသက ပြန်ထွက်လာပြန်သည်။

အစေခံလဲ့ ပြန်သွားသည့်အချိန်ထိစောင့်ပြီးမှ ချူ းလျန်ကို စူးစိုက်ကြည့်လိုက်ပြီး စာကြည့်ဆောင်ထဲသို့ ထွက်သွားလိုက်သည်။

  ဟေးချန် ထွက်သွားသော်အခါမှ ချူ းလျန်လည်း စိတ်ဖိစီးမှုကြီး လွှတ်ထွက်သွားပြီး ငြီးငြူ လျက်  ပြတင်းပေါက်ဘေးက ခုံမှာ ထိုင်ကြလိုက်သည်။

ရှီးယန်လည်း တိတ်တဆိတ် ပြုံ းနေသည်။ အစေခံကူကလည်း ဘာဖြစ်နေသလဲ သိပြီးပြီဖြစ်၍ ချူ းလျန်ဆီလျှောက်သွားလိုက်ပြီး ရေနွှေးနွေး တစ်ခွက်က်ု ထည့်ပေးလိုက်သည်။

   ချောင်းတချက် ဟန့်လျက် ချူ းလျန်ကို အသံတိမ်တိမ်လေးဖြင့် ဆိုလိုက်သည်။
     " တတိယသခင်မလေးနဲ့ .. သခင်လေးနဲ့က ..လုပ်.. " {ကွက်ကွက်ကွင်းကွင်းတွေမြင်ကုန်ပြီ အဲ့လိုမေးစရာလားဟယ် 😒 ဒီက အရိပ်ပြ အကောင်လိုက်ကြီး မြင်နေတာ ဒုက္ခ}

    စကားပင်မဆုံးလိုက် ချူ းလျန်က သူတို့ကို ကြေကွဲနေတဲ့ပုံလေးဖြင့် စိုက်ကြည့်လာပြီး ဝေါယာဉ်ထဲက ဖြစ်ပျက်ခဲ့သမျှအစုံကို ရှင်းပြလိုက်တော့သည်။ ချူ းလျန်လည်း အခြားရွှေးချယ်စရာ မရှိ၍ သူမရဲ့ကျန်နေသေးတဲ့ အရှက်သိက္ခာလေးကို ဘေးဖယ်လိုက်ပြီး နားလည်မှုလွဲနေကြတာကို ရှင်းပြလိုက်ရသည်။

   အဖြစ်မှန်ကို သိလိုက်ရသော်အခါ ရှီးယန်လည်း လုံးဝကို မထိန်းနိုင်တော့ပဲ အူလှိုက်သည်းလှိုက် ရယ်လိုက်တော့သည်။

ချူ းလျန် လက်ဖြင့် မေးကို ထောက်လျက် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။ အပြင်းပေါက်က  မြင်ရသလောက် နွှေဦးပုံရိပ်ကို ကြည့်၍ အနှီနှစ်ယောက်၏ မပြီးဆုံးနိုင်သော ရယ်သံတို့ကို လျစ်လျူ ရှုထားလိုက်သည်။

  အစေခံကူ လည်း ချူ းလျန်က အခြားသူတွေ သူမကို ရယ်တာမကြိုက်ဘူးဆိုတာ သိ၍
ချူ းလျန်ကို စကားလွှဲလျက် သူမကိုယ် သူမ ထိန်းချုပ်လိုက်သည်။

   " တတိယသခင်မလေး.. ဘာစားချင်လဲဟင် ? ဒီအစေခံက သခင်မလေး အလိုရှိတာကို စားဖိုဆောင်ထဲကနေ သွားယူပေးပါ့မယ် "

  အစေခံကူက စားဖိုဆောင်ကို သွားကြောင်းပြောလာခါမှ ချူ းလျန်လည်း နေ့ခင်းကြောင်တောင် အိမ်မက်ြကြီး ထမက်လာသည်။
ဝတ္ထုထဲကနေ သူမ အသေအချာကို မှတ်မိနေသော အဖြစ်အပျက်ဖြစ်သည် : ကျင်းအန်၏ စားဖိုဆောင်ထဲမှာ ဒီနေ့ မီးလောင်မှု ဖြစ်လိမ့်မယ်.. ယောင်းမအကြီးဆုံးက မီးလောင်မှုကြောင့် ဒဏ်ရာရလိမ့်မယ်။

ချူ းလျန် အနည်းငယ်တွေးတောလိုက်ပြီး ချက်ချင်း ထရပ်လိုက်ပြီး

   "မိုမို.. ကျွန်မအခုထိ အိမ်တော်ရဲ့ စားဖိုဆောင်က ဘယ်လိုမှန်းမသိသေးဘူး.. ကျွန်မလည်း အတူတူလိုက်ခဲ့မယ် ! "

   အစေခံကူလည်း ခဏလောက် ခြေတုံချတုံ ဖြစ်နေသေးသည်။

   "  တတိယသခင်မလေး.. ယင်အိမ်တော်က ပြန်လာရုံရှိသေးတယ် ဘာကြောင့် ကောင်းကောင်း အနားမယူရတာလဲ ? "

ချူ းလျန်လည်း အစေခံကူက သူမကို အလွယ်တကူ မလိုက်စေချင်တာသိ၍ ကလေးဆိုးလေးတယောက်ကို အစေခံကူလက်ကို အမြန်ဆွဲ၍ ရမ်းခါလိုက်သည်။ အစေခံကူလည်း သူမယခုလို အသနားခံနေပုံကို  ခံနိုင်စွမ်းမရှိ၍ ခေါင်းကိုသာခါလျက် အလျှော့ပေးလိုက်ရသည်။
  
" ကောင်းပြီ.. သွားစို့ သွားစို့ ။ ရှီးယန် နင်လည်း လိုက်ခဲ့။ တတိယသခင်မလေးက စားဖိုဆောင်အပြင်ဘက် ဥယာဉ်ထဲမှာ လမ်းလျှောက်လို့ရပါတယ်.. ဒီအချိန်က အစာစားချိန်နဲ့ နီးနေတဲ့အတွက် ဝင်ချည် ထွက်ချည်လုပ်နေတဲ့ အစေခံတွေ များတဲ့အတွက် ကျေးဇူးပြု ပြီး
စားဖိုဆောင်ထဲတော့ မဝင်ပါနဲ့ တတိယသခင်မလေး "

  ချူ းလျန်လည်း လက်ခံ ခေါင်းငြိမ့်လိုက်သည်။ အဓိက စားဖိုဆောင်က အိမ်တော်ရဲ့ အနောက်ဘက် ဒုတိယအဆောင်မှာ ဖြစ်သည်။

   ထိုနေရာသို့ ၇မိနစ်လောက် လမ်းလျှောက်သွားရသည်။ချူ းလျန်လည်း အနည်းငယ်
စိတ်ပူနေတဲ့အတွက် မြန်မြန်လျှောက်မိနေသည်။သူတို့ စားဖိုဆောင်နဲ့ နီးလာသော်အခါ ဘာ မီးခိုမှ မတွေ့၍ ချူ းလျန်လည်း သက်ပြင်းအကြီးကြီးသာ ချလိုက်သည်။

   အစေခံလဲ့လည်း ချူ းလျန် ဘာကြောင့် အနည်းငယ် ထူးဆန်းပုံပေါ်နေလည်း မသိပေ။ သူတို့ လာမယ့်နေရာကို ရောက်ပြီဖြစ်၍ သူမလည်း ချူ းလျန်ရဲ့ အပြုမူကို မေးခွန်းထုတ်မနေတော့ပေ။

  " တတိယသခင်မလေး .. ကျေးဇူးပြု ပြီး ဥယာဉ်ထဲမှာပဲ စောင့်နေပါနော်.. ဒီအစေခံက အထဲကို အရင်သွားကြည့်ပြီးမှ ပြန်လာပြီး ပြောပါ့မယ် "

   ချူ းလျန်လည်း ခေါင်းငြိမ့်လျက်
   " မိုမို.. မြန်မြန်သွားလိုက်ပါ.. နောက်ကျနေမယ် "

   အစေခံကူလည်း ချူ းလျန်လက်ကို အသာပုတ်လိုက်၍ နှစ်သိမ့်လိုက်သည်။ ထို့နောက်တော့ ခြေလှမ်းကျယ်ကျယ်ဖြင့် ထွက်သွားလိုက်သည်။

ဥယာဉ်က လှပစွာပဲ ပြင်ဆငိထားသည်။ ပန်းပင် ပန်းခြုံတွေရဲ့ အလယ်မှာလည်း လူလုပ် တောင်ပို့ပုံလေး အလှဆင်ထားသေးသည်။ ကျောက်ထိုင်ခုံတွေလည်း လှလှပပ ခင်းကျင်းထားသေးသည်။ မနီးမဝေးတနေရာမှာလဲ ကြာကန်အသေးလေးရှိပြီး အထဲတွငိလည်း ကြာပန်း မျိုးစုံကို စိုက်ထားသည်။ ထိုမြင်ကွင်းက ပန်းချီတမျှ လှပနေသည်။

  ရှီးယန်က ချူ းလျန်ကို ကျောက်သားခုံလေးသို့ ခေါ်သွားလိုက်သည်။

   " သခင်မလေး ဟိုအဖြူရောင်ကြာပန်းတွေက အရမ်းလှတာပဲ "

  ချူ းလျန်ကတော့ ပန်းတွေကို ကြည့်ရန် စိတ်ပါမနေပေ။ သူမက သခင်မကျောင်းပုံရိပ်ကို ရှာရန်သာ စိတ်လောနေသည်။
မျှော်လင့်ထားသည့်အတိုင်းပင်  သခင်မကျောင်းက ကြွေပန်းပင်တွေ အနောက်ကနေ ခပ်သုတ်သုတ် ပေါ်လာသည်။

   ချူ းလျန်လည်း အမြန် ရှေ့သို့ သွားလိုက်ပြီး

  " အမကြီး.. အမကြီးရေ! " {ယောင်းမလို့ခေါ်တာအမှန်က }

သခင်မကျောင်း လည်း သူ့အစေခံတွေ ဝန်းရံလျက် တခဏ တုံ့ဆိုင်းသွားပြီး လှည့်ကြည့်လာသည်။

  " ညီမလေး.. ဒီမှာ ဘာလုပ်နေတာလဲ ? "

   ချူ းလျန်လည်း ခေါင်းကိုသာ ငုံ့လိုက်ပြီး နည်းနည်းတော့ ရှက်သွားသည်။
  " ညီမက ဒီမှာ ညစာအတွက် ရောက်နေတာပါ "

  သခင်မ ကျို း { ကျောင်းကနေ ကျို းပြောင်းပါမယ် Zou မလို့ပါ နမည်တွေက ဖတ်ရခက်လို့😁} လည်း ထိုစကားကြောင့် ပြုံးလိုက်မိသည်။

     " ညီမက လက်ထပ်ထားပြီး ဖြစ်ပေမယ့်လည်း အခုမှ ၁၅ နှစ်ပဲ ရှိသေးတယ်.. အနည်းငယ် ဆာလောင်နေတတ်တာက ပုံမှန်ပါပဲ .. ညီမ ဘာစားရတာ ကြိုက်လဲ ဆိုတာသာ အမကို ပြောပါ.. အမက စားဖိုဆောင်ကို ပြင်ဆင်ပေးဖို့ ပြောလိုက်မယ် "

  ချူ းလျန် စားဖိုဆောင်ဘက် လှမ်းကြည့်၍ အစေခံကူပြန်မလာသေးသောကြောင့် ရှီးယန်ကို အမြန်သွားခေါ်ခိုင်းလိုက်သည်။

  " အမကြီး.. အမကြီးကို ကြည့်ရတာ တနေရာရာကို သွားဖို့ အလျင်လိုနေတယ် ထင်တယ်.. အမကြီးလည်း စားဖိုဆောင်ကိုပဲ ဦးတည်နေတာလား ? "

  သခင်မကျို း လည်း သက်ပြင်းချလိုက်သည်။
   " အမေက ဒီနေ့ နေသိပ်မကောင်းဘူးလေ
သူမက နေ့လည်ကတည်းက မထနိုင်ဖြစ်နေတာ .. အမက ဒီမှာ ဆေးဖျော်ဖို့အတွက် လာခဲ့တာလေ "

  ချူ းလျန်လည်း မျက်မှောင်ကြုတ်မိသွားသည်။
ဝတ္ထုထဲတွင် ကျင်းအန်ကတော် { ဟေးချန်အမေ} က ဒီနေ့မှာ နေမကောင်းဘူးလို့ မဖော်ပြထားပါဘူး
ကျင်းအန်ကတော်က သူမနေရဖို့ နှစ်အနည်းယ်တော့ ကျန်သေးတာပဲလေ .. သူမက ဒီနေ့မသေနိုင်ဘူး..အခုအရေးကြီးတာက သခင်မကျို းကို အထဲ မဝင်အောင်တားနိုင်ဖို့ပဲ!

သခင်မကျို း ထွက်သွားတော့မှာ မြင်၍ ချူ းလျန်လည်း မြန်မြန်လေး သူမ လက်ရုံကို ဆွဲလိုက်ပြီး..

   " အမကြီး .. အမေ အခုဘယ်လိုနေလဲဟင် ? အခြေနေကကော ဘယ်လိုလဲ ? ညီမတို့ သမားတော်ကို ပင့်သင့်လားဟင် ? "

သခင်မကျို း အလျင်လိုနေသော်လည်း ဒီညီမလေး၏ မျက်နာလေးက စိုးရိမ်မှု တွေနဲ့ ပြည့်နှက်နေ၍ သူမလေးကို ထားမသွားနိုင်ပေ။
သူမ ခဏရပ်လိုက်ပြီး ချူ းလျန်ကို အကြောင်းစုံ ရှင်းပြလိုက်သည်။

  ချူ းလျန် က ရှီးယန်ကို အစေခံကူကို အမြန်သွားခေါိခိုင်းလိုက်၍ သူတို့အတူတူထွက်လာပုံက သူမ နှလုံးသားတခုလုံးကို ဖိထားသည့် ကျောက်တုံးကို မလိုက်သလို ခံစားလိုက်ရသည်။ ထိုအချိန်မှာပဲ စားဖိုဆောင်အတွင်းမှ အကြီးအကျယ် ပေါက်ကွဲမှုအသံကြီး ထွက်ပေါ်လာပြီး ထိုမှတဆင့် အဆောက်အဦးတခုလုံးက မီးစွဲသွားလေသည်။

ချူ းလျန် တခုခုဖြစ်သွားမှာကို သိသော်လည်း ဒီလိုပုံကြီး ဖြစ်လိမ့်မည်ဟုတော့ မထင်လိုက်ပေ။ ထိုမြင်ကွင်းကြောင့် သူမထိုနေရာ၌ပင် ငုတ်နှင့် တွယ်ထားသလို ကြောင်အမ်းအမ်း်ြးကြီးဖြစ်သွားခဲ့သည်။

တဖက်က သခင်မကျို းကလည်း ကြောက်ရွံ့မှုကြောင့် ခုန်မိသွားပြီး အထဲက မီးထဲ ပိတ်မိနေသူများကို ကူညီရန်သူမအစေခံများကို ညွှနိကြားလိုက်သည်။ သူမရဲ့ ညီမလေး နှင့် ဒီမှာ
စကားရပ်ပြောနေပြီး အထဲကို မဝင်လိုက်သည့် သူမဖဲ့ ကံကြမ္မာကိုသာ ကျေးဇူးတွေ တင်မိလိုက်သည်။

သူမ ဘေးသို့ လှည့်ကြည့်လိုက်တော့ ပထမဆုံး မြင်လိုက်ရတာက မျက်ရည်ပြည့်နှက်နေတဲ့ မျက်ဝန်းတစုံနဲ့ ချူ းလျန်ကိုပင်။ သခင်မကျိုးရဲ့ နှလုံးသားလည်း ထိုညီမလေးကြောင့် နာကျင်သွားသည်။ ချူ းလျန်က အခုမှ ဆယ်ကျော်သက် ပဲ ရှိသေးပြီး သူမက အနည်းငယ်ဆာလောင်၍ စားဖိုဆောင်ကို သွားမလို့ရှိသေး .. သူမ စားစရာတောင် မရှာရသေးပဲ
အခုလို ကြီးကြီးမားမားကိစ္စကြီးကိုပဲ တွေ့လိုက်ရတယ်။ သူမလေး သေလောက်အောင်ကို ကြောက်သွားမှာပဲ !

သခင်မကျို းလည်း သူမကို ညင်ညင်သာသာလေး နှစ်သိမ့်လိုက်သည်။

   " တတိယညီမလေး? မကြောက်ပါနဲ့
အမ က လူတွေကို မီးငြိမ့်ဖို့ ရေတွေသယ်ခိုင်းလိုက်ပြီ .. အထဲက အစေခံတွေလည်း အတင်ပြေမှာပါ.. ဒီမှာက အန္တရာယ်များတယ်; ဘာကြောင့် ညီမလေး အဆောင်ကို အရင်မပြန်ရတာလဲ ? "

   ပြောပြီးတာနဲ့ ရှီးယန်နှငိ့ အစေခံကူဘက်လှည့်၍  " ဘာလို့ မင်းတို့၂ယောက်က ကြည့်နေကြတာလဲ ?  မြန်မြန် မင်းတို့ သခင်မလေးအနားယူဖို့ သူမအဆောင်ကို ပြန်ပို့လိုက်! "

ချူ းလျန်လည်း သတိပြန်ဝင်လာ၍
  " အမကြီး.. ညီမ အဆင်ပြေပါတယ် .. ဒီမှာ ဂရုစိုက်ပြီး နေပါနော် .. ညီမ အရင်ပြန်လိုက်ပါ့မယ် "

  သူမ လူလုပ် တောင်ပို့အလွန်ကို လျှောက်မိရုံရှိသေး အတွင်းဆောင်ဘက်ကနေ အမြန်ပြေးလာသော ဟေးချန်နှင့် ဝင်တိုက်မိသွားသည်။ ဟေးချန်လည်း သူမရဲ့ ခြေတုံချတုံ ဖြစ်နေပုံကို သတိထားမိလိုက်သည်။သူရဲ့ နှလုံးသားဟာလည်းလက်သီးဖြင့် ထိုးနှကိထားသလို နာကျင်နေပြီး လဲ့ရွမ်ကို အထဲကလူတွေကယ်ဖို့ နောက်ထပ် လူထပ်ခေါ်ရန် အမြန်ညွှန်ကြားလိုက်သည်။ သူ့ရဲ့ မရီးလည်း ထိုမီးထဲတွက် ဒဏ်ရာ ရသွားွြေားကြောင်း သတိရသဖြင့် ကျင်းချီ ခန်းမဘက်သို့ အမြန်ပြေးသွားပြန်သည်။ { what about chulian?? you idiot}

<Zawgyi>

   ခ်ဴ းလ်န္ေနာက္ဆံုးေတာ့ ဘာေတြျဖစ္ေနလဲဆိုတာ သိလိုက္ၿပီ ျဖစ္ပါသည္။အႀကီးဆံုးေယာင္းမနဲ႔ဲ႔ အေစခဲလဲ့က သူတို႔ျပန္လာတဲ့လမ္းမွာ ဘာေတြျဖစ္ခဲ့သလဲဆိုတာကို သူတို႔ဘာတို႔ ေကာက္ခ်က္ေနၿပီျဖစ္သည္။သူမက တလမ္းလံုး အိပ္ေပ်ာ္လာၿပီး ျမန္ျမန္ဆင္းနိုင္ရန္သာ စိတ္ေစာေနတဲ့အတြက္ သူမရဲ႕ပံုစံကို သတိမထားမိလိုက္ေပ။ၿပီးေတာ့ ေဟးခ်န္ကလည္း ေဝါယာဥ္ေပၚက အဲ့လိုပံုနဲ႔ ဆင္းလာတဲ့အခ်ိန္..
သူတို႔အျခား ဘာေတြးနိုင္အံုးမွာလဲ ?

သူမ ေဟးခ်န္ကို တိတ္တဆိတ္ ခိုးၾကည့္လိုက္သည္။ ခ်ဴ းလ်န္ ေဟးခ်န္မ်က္နာေပၚက မုန္တိုင္းထန္ေနတာကို ေတြ႕လိုက္ရေသာ္ သူမလည္း ေၾကာက္စိတ္အနည္းငယ္ေတာ့ ဝင္သြားသည္။ သူမက ဒါကို ရည္ရႊယ္ခ်က္ ရွိရွိ လုပ္လိုက္တာလည္း မဟုတ္ေတာ့.. ေဟးခ်န္က သူမကို ခြင့္လႊတ္ေပးဖို႔သာ ေမ်ွာ္လင့္ရေပေတာ့မည္။

အေစခံလဲ့လည္း သူမတို႔ကို အေဆာင္ထိေရာက္ေအာင္ လိုက္ပို႔ေပးသည္။သူမ ထြက္မသြားခင္ ေဟးခ်န္ကို မၿပီးဆံုးနိုင္ေအာင္ ဂရုတစိုက္ မွာတမ္းေခြၽလိုက္ေသးသည္။
     "သခင္ေလးတို႔ေတြက ညားခါစလင္မယားျဖစ္ေပမယ့္လည္း တတိယသခင္မေလးက ငယ္ပါေသးတယ္.. တတိယသခင္ေလး.. ေက်းဇူးျပဳ ၿပီး နည္းနည္းေလာက္ေတာ့ ကိုယ့္ကိုကို ထိန္းခ်ဳပ္ပါအံုးေနာ္ "

ေဟးခ်န္လည္း အဝတ္အစား အသစ္ကို ဝတ္ၿပီး၍ ထိုကိစၥကို ေမ့လုေမ့ခင္ေတာင္ ျဖစ္ေနၿပီျဖစ္သည္။အေစခံလဲ့ဆီက ထိုကဲ့သုိ႔ ' ၾကင္နာ´ လွတဲ့ သတိေပးစကားေၾကာင့္ သူ႔ရဲ႕ ေဒါသက ျပန္ထြက္လာျပန္သည္။

အေစခံလဲ့ ျပန္သြားသည့္အခ်ိန္ထိေစာင့္ၿပီးမွ ခ်ဴ းလ်န္ကို စူးစိုက္ၾကည့္လိုက္ၿပီး စာၾကည့္ေဆာင္ထဲသုိ႔ ထြက္သြားလိုက္သည္။

  ေဟးခ်န္ ထြက္သြားေသာ္အခါမွ ခ်ဴ းလ်န္လည္း စိတ္ဖိစီးမႈႀကီး လႊတ္ထြက္သြားၿပီး ၿငီးျငဴ လ်က္  ျပတင္းေပါက္ေဘးက ခံုမွာ ထိုင္ၾကလိုက္သည္။

ရွီးယန္လည္း တိတ္တဆိတ္ ၿပံဳ းေနသည္။ အေစခံကူကလည္း ဘာျဖစ္ေနသလဲ သိၿပီးၿပီျဖစ္၍ ခ်ဴ းလ်န္ဆီေလ်ွာက္သြားလိုက္ၿပီး ေရေနႊးေႏြး တစ္ခြက္က္ု ထည့္ေပးလိုက္သည္။

   ေခ်ာင္းတခ်က္ ဟန္႔လ်က္ ခ်ဴ းလ်န္ကို အသံတိမ္တိမ္ေလးျဖင့္ ဆိုလိုက္သည္။
     " တတိယသခင္မေလးနဲ႔ .. သခင္ေလးနဲ႔က ..လုပ္.. " {ကြက္ကြက္ကြင္းကြင္းေတြျမင္ကုန္ၿပီ အဲ့လိုေမးစရာလားဟယ္ 😒 ဒီက အရိပ္ျပ အေကာင္လိုက္ႀကီး ျမင္ေနတာ ဒုကၡ}

    စကားပင္မဆံုးလိုက္ ခ်ဴ းလ်န္က သူတို႔ကို ေၾကကြဲေနတဲ့ပံုေလးျဖင့္ စိုက္ၾကည့္လာၿပီး ေဝါယာဥ္ထဲက ျဖစ္ပ်က္ခဲ့သမ်ွအစံုကို ရွင္းျပလိုက္ေတာ့သည္။ ခ်ဴ းလ်န္လည္း အျခားေရႊးခ်ယ္စရာ မရွိ၍ သူမရဲ႕က်န္ေနေသးတဲ့ အရွက္သိကၡာေလးကို ေဘးဖယ္လိုက္ၿပီး နားလည္မႈလြဲေနၾကတာကို ရွင္းျပလိုက္ရသည္။

   အျဖစ္မွန္ကို သိလိုက္ရေသာ္အခါ ရွီးယန္လည္း လံုးဝကို မထိန္းနိုင္ေတာ့ပဲ အူလိႈက္သည္းလိႈက္ ရယ္လိုက္ေတာ့သည္။

ခ်ဴ းလ်န္ လက္ျဖင့္ ေမးကို ေထာက္လ်က္ ျပတင္းေပါက္ အျပင္ဘက္ကို ၾကည့္လိုက္သည္။ အျပင္းေပါက္က  ျမင္ရသေလာက္ ေနႊဦးပံုရိပ္ကို ၾကည့္၍ အနွီနွစ္ေယာက္၏ မၿပီးဆံုးနိုင္ေသာ ရယ္သံတို႔ကို လ်စ္လ်ဴ ရႈထားလိုက္သည္။

  အေစခံကူ လည္း ခ်ဴ းလ်န္က အျခားသူေတြ သူမကို ရယ္တာမႀကိဳက္ဘူးဆိုတာ သိ၍
ခ်ဴ းလ်န္ကို စကားလႊဲလ်က္ သူမကိုယ္ သူမ ထိန္းခ်ဳပ္လိုက္သည္။

   " တတိယသခင္မေလး.. ဘာစားခ်င္လဲဟင္ ? ဒီအေစခံက သခင္မေလး အလိုရွိတာကို စားဖိုေဆာင္ထဲကေန သြားယူေပးပါ့မယ္ "

  အေစခံကူက စားဖိုေဆာင္ကို သြားေၾကာင္းေျပာလာခါမွ ခ်ဴ းလ်န္လည္း ေန႔ခင္းေၾကာင္ေတာင္ အိမ္မက္ႀ္ႀကီး ထမက္လာသည္။
ဝတၳဳထဲကေန သူမ အေသအခ်ာကို မွတ္မိေနေသာ အျဖစ္အပ်က္ျဖစ္သည္ : က်င္းအန္၏ စားဖိုေဆာင္ထဲမွာ ဒီေန႔ မီးေလာင္မႈ ျဖစ္လိမ့္မယ္.. ေယာင္းမအႀကီးဆံုးက မီးေလာင္မႈေၾကာင့္ ဒဏ္ရာရလိမ့္မယ္။

ခ်ဴ းလ်န္ အနည္းငယ္ေတြးေတာလိုက္ၿပီး ခ်က္ခ်င္း ထရပ္လိုက္ၿပီး

   "မိုမို.. ကြၽန္မအခုထိ အိမ္ေတာ္ရဲ႕ စားဖိုေဆာင္က ဘယ္လိုမွန္းမသိေသးဘူး.. ကြၽန္မလည္း အတူတူလိုက္ခဲ့မယ္ ! "

   အေစခံကူလည္း ခဏေလာက္ ေျခတံုခ်တံု ျဖစ္ေနေသးသည္။

   "  တတိယသခင္မေလး.. ယင္အိမ္ေတာ္က ျပန္လာရံုရွိေသးတယ္ ဘာေၾကာင့္ ေကာင္းေကာင္း အနားမယူရတာလဲ ? "

ခ်ဴ းလ်န္လည္း အေစခံကူက သူမကို အလြယ္တကူ မလိုက္ေစခ်င္တာသိ၍ ကေလးဆိုးေလးတေယာက္ကို အေစခံကူလက္ကို အျမန္ဆြဲ၍ ရမ္းခါလိုက္သည္။ အေစခံကူလည္း သူမယခုလို အသနားခံေနပံုကို  ခံနိုင္စြမ္းမရွိ၍ ေခါင္းကိုသာခါလ်က္ အေလ်ွာ႔ေပးလိုက္ရသည္။
  
" ေကာင္းၿပီ.. သြားစို႔ သြားစို႔ ။ ရွီးယန္ နင္လည္း လိုက္ခဲ့။ တတိယသခင္မေလးက စားဖိုေဆာင္အျပင္ဘက္ ဥယာဥ္ထဲမွာ လမ္းေလ်ွာက္လို႔ရပါတယ္.. ဒီအခ်ိန္က အစာစားခ်ိန္နဲ႔ နီးေနတဲ့အတြက္ ဝင္ခ်ည္ ထြက္ခ်ည္လုပ္ေနတဲ့ အေစခံေတြ မ်ားတဲ့အတြက္ ေက်းဇူးျပဳ ၿပီး
စားဖိုေဆာင္ထဲေတာ့ မဝင္ပါနဲ႔ တတိယသခင္မေလး "

  ခ်ဴ းလ်န္လည္း လက္ခံ ေခါင္းၿငိမ့္လိုက္သည္။ အဓိက စားဖိုေဆာင္က အိမ္ေတာ္ရဲ႕ အေနာက္ဘက္ ဒုတိယအေဆာင္မွာ ျဖစ္သည္။

   ထိုေနရာသို႔ ၇မိနစ္ေလာက္ လမ္းေလ်ွာက္သြားရသည္။ခ်ဴ းလ်န္လည္း အနည္းငယ္
စိတ္ပူေနတဲ့အတြက္ ျမန္ျမန္ေလွ်ာက္မိေနသည္။သူတို႔ စားဖိုေဆာင္နဲ႔ နီးလာေသာ္အခါ ဘာ မီးခိုမွ မေတြ႕၍ ခ်ဴ းလ်န္လည္း သက္ျပင္းအႀကီးႀကီးသာ ခ်လိုက္သည္။

   အေစခံလဲ့လည္း ခ်ဴ းလ်န္ ဘာေၾကာင့္ အနည္းငယ္ ထူးဆန္းပံုေပၚေနလည္း မသိေပ။ သူတို႔ လာမယ့္ေနရာကို ေရာက္ၿပီျဖစ္၍ သူမလည္း ခ်ဴ းလ်န္ရဲ႕ အျပဳမူကို ေမးခြန္းထုတ္မေနေတာ့ေပ။

  " တတိယသခင္မေလး .. ေက်းဇူးျပဳ ၿပီး ဥယာဥ္ထဲမွာပဲ ေစာင့္ေနပါေနာ္.. ဒီအေစခံက အထဲကို အရင္သြားၾကည့္ၿပီးမွ ျပန္လာၿပီး ေျပာပါ့မယ္ "

   ခ်ဴ းလ်န္လည္း ေခါင္းၿငိမ့္လ်က္
   " မိုမို.. ျမန္ျမန္သြားလိုက္ပါ.. ေနာက္က်ေနမယ္ "

   အေစခံကူလည္း ခ်ဴ းလ်န္လက္ကို အသာပုတ္လိုက္၍ နွစ္သိမ့္လိုက္သည္။ ထို႔ေနာက္ေတာ့ ေျခလွမ္းက်ယ္က်ယ္ျဖင့္ ထြက္သြားလိုက္သည္။

ဥယာဥ္က လွပစြာပဲ ျပင္ဆငိထားသည္။ ပန္းပင္ ပန္းၿခံဳေတြရဲ႕ အလယ္မွာလည္း လူလုပ္ ေတာင္ပို႔ပံုေလး အလွဆင္ထားေသးသည္။ ေက်ာက္ထိုင္ခံုေတြလည္း လွလွပပ ခင္းက်င္းထားေသးသည္။ မနီးမေဝးတေနရာမွာလဲ ၾကာကန္အေသးေလးရွိၿပီး အထဲတြငိလည္း ၾကာပန္း မ်ိဳးစံုကို စိုက္ထားသည္။ ထိုျမင္ကြင္းက ပန္းခ်ီတမ်ွ လွပေနသည္။

  ရွီးယန္က ခ်ဴ းလ်န္ကို ေက်ာက္သားခံုေလးသုိ႔ ေခၚသြားလိုက္သည္။

   " သခင္မေလး ဟိုအျဖဴေရာင္ၾကာပန္းေတြက အရမ္းလွတာပဲ "

  ခ်ဴ းလ်န္ကေတာ့ ပန္းေတြကို ၾကည့္ရန္ စိတ္ပါမေနေပ။ သူမက သခင္မေက်ာင္းပံုရိပ္ကို ရွာရန္သာ စိတ္ေလာေနသည္။
ေမ်ွာ္လင့္ထားသည့္အတိုင္းပင္  သခင္မေက်ာင္းက ေႂကြပန္းပင္ေတြ အေနာက္ကေန ခပ္သုတ္သုတ္ ေပၚလာသည္။

   ခ်ဴ းလ်န္လည္း အျမန္ ေရွ႕သို႔ သြားလိုက္ၿပီး

  " အမႀကီး.. အမႀကီးေရ! " {ေယာင္းမလို႔ေခၚတာအမွန္က }

သခင္မေက်ာင္း လည္း သူ႔အေစခံေတြ ဝန္းရံလ်က္ တခဏ တံု႔ဆိုင္းသြားၿပီး လွည့္ၾကည့္လာသည္။

  " ညီမေလး.. ဒီမွာ ဘာလုပ္ေနတာလဲ ? "

   ခ်ဴ းလ်န္လည္း ေခါင္းကိုသာ ငံု႔လိုက္ၿပီး နည္းနည္းေတာ့ ရွက္သြားသည္။
  " ညီမက ဒီမွာ ညစာအတြက္ ေရာက္ေနတာပါ "

  သခင္မ က်ိဳ း { ေက်ာင္းကေန က်ိဳ းေျပာင္းပါမယ္ Zou မလို႔ပါ နမည္ေတြက ဖတ္ရခက္လို႔😁} လည္း ထိုစကားေၾကာင့္ ၿပံဳးလိုက္မိသည္။

     " ညီမက လက္ထပ္ထားၿပီး ျဖစ္ေပမယ့္လည္း အခုမွ ၁၅ နွစ္ပဲ ရွိေသးတယ္.. အနည္းငယ္ ဆာေလာင္ေနတတ္တာက ပံုမွန္ပါပဲ .. ညီမ ဘာစားရတာ ႀကိဳက္လဲ ဆိုတာသာ အမကို ေျပာပါ.. အမက စားဖိုေဆာင္ကို ျပင္ဆင္ေပးဖို႔ ေျပာလိုက္မယ္ "

  ခ်ဴ းလ်န္ စားဖိုေဆာင္ဘက္ လွမ္းၾကည့္၍ အေစခံကူျပန္မလာေသးေသာေၾကာင့္ ရွီးယန္ကို အျမန္သြားေခၚခိုင္းလိုက္သည္။

  " အမႀကီး.. အမႀကီးကို ၾကည့္ရတာ တေနရာရာကို သြားဖို႔ အလ်င္လိုေနတယ္ ထင္တယ္.. အမႀကီးလည္း စားဖိုေဆာင္ကိူပဲ ဦးတည္ေနတာလား ? "

  သခင္မက်ိဳ း လည္း သက္ျပင္းခ်လိုက္သည္။
   " အေမက ဒီေန႔ ေနသိပ္မေကာင္းဘူးေလ
သူမက ေန႔လည္ကတည္းက မထနိုင္ျဖစ္ေနတာ .. အမက ဒီမွာ ေဆးေဖ်ာ္ဖို႔အတြက္ လာခဲ့တာေလ "

  ခ်ဴ းလ်န္လည္း မ်က္ေမွာင္ၾကဳတ္မိသြားသည္။
ဝတၳဳထဲတြင္ က်င္းအန္ကေတာ္ { ေဟးခ်န္အေမ} က ဒီေန႔မွာ ေနမေကာင္းဘူးလို႔ မေဖာ္ျပထားပါဘူး
က်င္းအန္ကေတာ္က သူမေနရဖို႔ နွစ္အနည္းယ္ေတာ့ က်န္ေသးတာပဲေလ .. သူမက ဒီေန႔မေသနိုင္ဘူး..အခုအေရးႀကီးတာက သခင္မက်ိဳ းကို အထဲ မဝင္ေအာင္တားနိုင္ဖို႔ပဲ!

သခင္မက်ိဳ း ထြက္သြားေတာ့မွာ ျမင္၍ ခ်ဴ းလ်န္လည္း ျမန္ျမန္ေလး သူမ လက္ရံုကို ဆြဲလိုက္ၿပီး..

   " အမႀကီး .. အေမ အခုဘယ္လိုေနလဲဟင္ ? အေျခေနကေကာ ဘယ္လိုလဲ ? ညီမတို႔ သမားေတာ္ကို ပင့္သင့္လားဟင္ ? "

သခင္မက်ိဳ း အလ်င္လိုေနေသာ္လည္း ဒီညီမေလး၏ မ်က္နာေလးက စိုးရိမ္မႈ ေတြနဲ႔ ျပည့္နွက္ေန၍ သူမေလးကို ထားမသြားနိုင္ေပ။
သူမ ခဏရပ္လိုက္ၿပီး ခ်ဴ းလ်န္ကို အေၾကာင္းစံု ရွင္းျပလိုက္သည္။

  ခ်ဴ းလ်န္ က ရွီးယန္ကို အေစခံကူကို အျမန္သြားေခါိခိုင္းလိုက္၍ သူတို႔အတူတူထြက္လာပံုက သူမ နွလံုးသားတခုလံုးကို ဖိထားသည့္ ေက်ာက္တံုးကို မလိုက္သလို ခံစားလိုက္ရသည္။ ထိုအခ်ိန္မွာပဲ စားဖိုေဆာင္အတြင္းမွ အႀကီးအက်ယ္ ေပါက္ကြဲမႈအသံႀကီး ထြက္ေပၚလာၿပီး ထိုမွတဆင့္ အေဆာက္အဦးတခုလံုးက မီးစြဲသြားေလသည္။

ခ်ဴ းလ်န္ တခုခုျဖစ္သြားမွာကို သိေသာ္လည္း ဒီလိုပံုႀကီး ျဖစ္လိမ့္မည္ဟုေတာ့ မထင္လိုက္ေပ။ ထိုျမင္ကြင္းေၾကာင့္ သူမထိုေနရာ၌ပင္ ငုတ္နွင့္ တြယ္ထားသလို ေၾကာင္အမ္းအမ္းႀ္းႀကီးျဖစ္သြားခဲ့သည္။

တဖက္က သခင္မက်ိဳ းကလည္း ေၾကာက္႐ြ႕ံမႈေၾကာင့္ ခုန္မိသြားၿပီး အထဲက မီးထဲ ပိတ္မိေနသူမ်ားကို ကူညီရန္သူမအေစခံမ်ားကို ညႊနိၾကားလိုက္သည္။ သူမရဲ႕ ညီမေလး နွင့္ ဒီမွာ
စကားရပ္ေျပာေနၿပီး အထဲကို မဝင္လိုက္သည့္ သူမဖဲ့ ကံၾကမၼာကိုသာ ေက်းဇူးေတြ တင္မိလိုက္သည္။

သူမ ေဘးသို႔ လွည့္ၾကည့္လိုက္ေတာ့ ပထမဆံုး ျမင္လိုက္ရတာက မ်က္ရည္ျပည့္နွက္ေနတဲ ့ မ်က္ဝန္းတစံုနဲ႔ ခ်ဴ းလ်န္ကိုပင္။ သခင္မက်ိဳးရဲ႕ နွလံုးသားလည္း ထိုညီမေလးေၾကာင့္ နာက်င္သြားသည္။ ခ်ဴ းလ်န္က အခုမွ ဆယ္ေက်ာ္သက္ ပဲ ရွိေသးၿပီး သူမက အနည္းငယ္ဆာေလာင္၍ စားဖိုေဆာင္ကို သြားမလို႔ရွိေသး .. သူမ စားစရာေတာင္ မရွာရေသးပဲ
အခုလို ႀကီးၿကီးမားမားကိစၥႀကီးကိုပဲ ေတြ႕လိုက္ရတယ္။ သူမေလး ေသေလာက္ေအာင္ကို ေၾကာက္သြားမွာပဲ !

သခင္မက်ိဳ းလည္း သူမကို ညင္ညင္သာသာေလး နွစ္သိမ့္လိုက္သည္။

   " တတိယညီမေလး? မေၾကာက္ပါနဲ႔
အမ က လူေတြကို မီးၿငိမ့္ဖို႔ ေရေတြသယ္ခိုင္းလိုက္ၿပီ .. အထဲက အေစခံေတြလည္း အတင္ေျပမွာပါ.. ဒီမွာက အႏၲရာယ္မ်ားတယ္; ဘာေၾကာင့္ ညီမေလး အေဆာင္ကို အရင္မျပန္ရတာလဲ ? "

   ေျပာၿပီးတာနဲ႔ ရွီးယန္နွငိ့ အေစခံကူဘက္လွည့္၍  " ဘာလို႔ မင္းတို႔၂ေယာက္က ၾကည့္ေနၾကတာလဲ ?  ျမန္ျမန္ မင္းတို႔ သခင္မေလးအနားယူဖို႔ သူမအေဆာင္ကို ျပန္ပို႔လိုက္! "

ခ်ဴ းလ်န္လည္း သတိျပန္ဝင္လာ၍
  " အမႀကီး.. ညီမ အဆင္ေျပပါတယ္ .. ဒီမွာ ဂရုစိုက္ၿပီး ေနပါေနာ္ .. ညီမ အရင္ျပန္လိုက္ပါ့မယ္ "

  သူမ လူလုပ္ ေတာင္ပို႔အလြန္ကို ေလ်ွာက္မိရံုရွိေသး အတြင္းေဆာင္ဘက္ကေန အျမန္ေျပးလာေသာ ေဟးခ်န္နွင့္ ဝင္တိုက္မိသြားသည္။ ေဟးခ်န္လည္း သူမရဲ႕ ေျခတံုခ်တံု ျဖစ္ေနပံုကို သတိထားမိလိုက္သည္။သူရဲ႕ နွလံုးသားဟာလည္းလက္သီးျဖင့္ ထိုးနွကိထားသလို နာက်င္ေနၿပီး လဲ့႐ြမ္ကို အထဲကလူေတြကယ္ဖို႔ ေနာက္ထပ္ လူထပ္ေခၚရန္ အျမန္ညႊန္ျကားလိုက္သည္။ သူ႔ရဲ႕ မရီးလည္း ထိုမီးထဲတြက္ ဒဏ္ရာ ရသြားေၾြားေၾကာင္း သတိရသျဖင့္ က်င္းခ်ီ ခန္းမဘက္သို႔ အျမန္ေျပးသြားျပန္သည္။ { what about chulian?? you idiot}


Continue Reading

You'll Also Like

Beyond Times By Woody

Historical Fiction

95.3K 6K 56
-"And where do I reside?" -"You reside in my heart, Priye!" Two broken souls, who endured pain and loneliness all their life. Destiny united them and...
65K 16K 4
Everything changed the day the King ordered me to seduce his son and bring him back to the Kingdom. He was my best friend. As per the order of things...
255K 16.7K 147
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...
5.8M 457K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...