<Unicode>
Chapter 13 : နားလည်မှုလွဲခြင်း
ဟေးချန်လည်း ချူ းလျန်ရဲ့ အပြောအဆိုတွေကြောင့် စဉ်းစားစရာ ဖြစ်သွားသည်။ သူ့မျက်နာကလည်း မည်းမှောင်စွာပဲ ချူ းလျန်ကို စိုက်ကြည့်နေသည်။
ဒီ ချောမောလှပတဲ့သူ့ရဲ့ဇနီးလေးဟာ သူ့အရင်ဘဝက ချူ းလျန်နဲ့ အတူတူပဲဆိုတာ သူလုံးဝကို သေချာသည် ဘာလို့ဆို သူတို့က တပုံထဲပဲလေ။ ဒါပေမယ့် ပြောဆိုဆက်ဆံပုံတွေကျ ဘာလို့ ကွဲပြားနေရတာလဲ ?
သူ့အရင်ဘဝက ကောက်ကျစ်တဲ့ ချူ းလျန်က သူအနားကို ဘယ်တော့မှ နီးနီးကပ်ကပ် မလာချင်ပေ။ အကယ်လို့ သူမသာ သူနဲ့ ရှောင်ပိုကျငိးကြားကို ရွှေးရမယ်ဆိုရင် သူမက ရှောင်ပိုကျင်းကိုပဲ နှစ်ခါစဉ်းစားမနေပဲ ရွှေးလိုက်မှာ ဖြစ်သည်။
သို့ပေမယ့် သူမသာ သူ့အရင်ဘဝက ချူ းလျန်မဟုတ်လျှင် ... ဘာကြောင့် ရှောင်ပိုကျင်းနဲ့
တိတ်တဆိတ် ခိုးတွေ့နေမှာလဲ ?
ဟေးစန်းလန် တွေးတောလိုက်လေ သူ့မျက်ဝန်းတွေက အေးစက်မည်းမှောင်လာလေပင်။
နောက်ဆုံးတော့ သူ့စိတ်ထဲတွင်သာ ခေါင်းကိုတွင်တွင်ခါ၍ သူ့ကိုသူသာ လှောင်ရယ်လိုက်သည်။ ဒါပေါ့ သူမက တယောက်တည်းသော ကောက်ကျစ်တဲ့မိန်းမလေ ; သူမက ဒီအချိန်မှာ သူမရဲ့ အမှန်ဘက်ခြမ်းကို ရိုးရိုးလေးပဲ ဖုံးကွယ်ထားမှာပဲ !
ချူ းလျန် ဟေးချန်မျက်နာပေါ်က ရုတ်တရက် ပြောင်းလဲမှုကို သတိပြုမိ၍ စနောက်နေတာကို ရပ်လိုက်ပြီး သူ့ဘေးတွင်သာ သင့်တော်သလို ထိုင်လိုက်သည်။
ဟေးချန် သူ့ကိုယ်ပေါ်က မရှိတဲ့ဖုန်တွေကို ခါလိုက်သည်။ ထို့နောက် ချူ းလျန်ကို လှောင်သလိုလိုနှင့် ဆိုလိုက်သည်။
" ငါတို့ လက်ထပ်ထားတာ ၃ရက်ရှိပြီပဲ။
ဘယ်သူသိနိုင်မလဲ ငါ့ရဲ့ ချစ်ဇနီးလေးရဲ့ အတွေးထဲမှာ အခြားတယောက်က တချိန်လုံး
စိုးမိုးထားနိုင်မယ်လို့ ? "
ချူ းလျန် မျက်မှောင်ကြုတ်သွားလျက် ဟေးစန်းလန်ကို လှည့်ကြည့်လိုက်သည်။
" ချစ်ယောက်ျားလေးရေ .. ရှင်ဘာတွေပြောနေတာလဲ ? ကျွန်မ ရှင်ဆိုလိုတာကို နားမလည်ဘူး "
" ဟမ်.. မင်းက သရုပ်ဆောင်တာ ဒီလေညက်တော်မယ်လို့ ငါမထင်ထားမိဘူး။ ချူ းလျန်..
ဒီကိစ္စကို မင်းဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မလဲ ကြည့်ကြတာပေါ့ ! "
သူပြောလို့ ပြီးတာနဲ့ ဟေးစန်းလန်က ထောင့်တနေရာမှာ ထိုင်၍ မျက်လုံးကို မှိတ်လိုက်ပြီး
ချူ းလျန်ကို သိသိသာသာကြီး လျစ်လျူ ရှုလိုက်သည်။
သူ့ဘေးက လှပသေးသွယ်တဲ့ သူ့ရဲ့ဇနီးဘေူကို လေလိုပဲ သတ်မှတ်လိုက်သည်။
ချူ းလျန်လည်း သူနဲ့ ဆက်မပြောချင်ပေ။
ဟေးချန်က သိသိသာသာကြီးကို သူ့မအပေါ်
ကြီးမားတဲ့ အညှိးတွေး ထားနေသည်။ သူနဲ့အဆင်ပြေအောင် လုပ်ဖို့ကြိုးစားလိုက်သော်လည်း အခြေနေက တလွှဲပဲဖြစ်နေသည်။ ဘာကြောင့် သူ့ကိုလျစ်လျူ ရှုပြီး အေးအေးဆေးဆေးမနေရမှာလဲ ? သူမလည်း တနေကုန် အိမ်ဆတာ်ကမိန်းမတွေနဲ့ ပြောဆိုနေရ၍ ပင်ပန်းနေ
ပြီလေ။
ချူ းလျန်လည်း ဆိတ်ဆိတ်သာ နေလိုက်သည် သို့ပေမယ့် ဟေးချန်ရဲ့ နှလုံးသားထဲက
အမျက်ကတော့ ကြီးထွားပြီးရင်း ကြီးထွားဆဲ..
ဟေးချန် သူရဲ့စိတ်ထဲမှာ နှာခေါင်းရှုံလိုက်သည်။ဟက် ! သူမက ဂရုမစိုက်သလိုလို သရုပ်ဆောင်နေပေမယ့်လည်း သူမရဲ့ နှလုံးသားထဲမှာတော့ ရှောင်ပိုကျင်းက ရှိပြီးသားပဲ!
သူမဘယ်လောက်များ ခံစားချကိတွေ ချုပ်တည်းထားမလဲ ကြည့်ရသေးတာပေါ့ !
အနှေးနဲ့အမြန် ရှောင်ပိုကျင်း သူ့လက်အောက်ထဲ ရောက်လာမှာပဲ။ အဲ့တော့မှ ချူ းလျန် ဘယ်လောက် တည်တည်ငြိမ်ငြိမ် နေနိုင်အုံးမလဲ ကြည့်ရတာပေါ့ !
ချူ းလျန်ကတော့ သူ့လို လေးလေးနက်နက် တွေးမနေပေ။ သူမ ဒီအလည်လာတဲ့ကိစ္စကြောင့် လုံးဝကို ပင်ပန်းနေပြီ ဖြစ်သည်။ ဝေါယာဉ်ကလည်း လမ်းမကျယ်ကြီးထက် တအိအိသွားနေပြီး ညင်သာယာ လှုပ်ခါနေမှုက
ချူ းလျန်ကို ချော့သိပ်နေသလိုပင် ။
ဟေးစန်းလန် က သူ့ခေါင်းပေါ် ပစ္စည်းတခုခုတင်ထားသကဲ့သို့ ဖြောင့်မတ်စွာပဲ ထိုင်နေပြီး
မျက်လုံးများက မှိတ်ထားဆဲ ဖြစ်သည်။ ရုတ်တရက် လေးလံသည့် တစုံတရာက သူ့ပုခုံးပေါ်ကို ကျလာပြီး ပုံမှန်အသက်ရှုထုတ်တဲ့ လေတွေက သူ့လည်ပင်းကို ရိုက်ခတ်လာတာကို ခံစားမိလိုက်သည်။သူ ချက်ချင်းကို တောင့်ခဲသွားသည်။ မျက်လုံးများ ဖွင့်လျက် စူးရှသည့်အကြည့်ဖြင့် ကြည့်လိုက်သော် သူ့ပုခုံးကို
အကူညီမဲ့စွာနဲ့ မှီ၍ အိပ်ပျော်နေသည့် ချူ းလျန်ကို တွေ့လိုက်ရသည်။
သူ့ဘေးက ထိုအမျိုးသမီးလေးက အိပ်နေချိန်တောင် တည်ငြိမ်သည့်ပုံလေးဖြစ်နေပြီး နှုတ်ခမ်းစွန်းများကလည်း အနည်းငယ် အပေါ်သို့ ကွေးညွတ်နေသည်။ သူမပုံစံက အကူညီမဲ့နေသည့် ကလေးတယောက်နှင့် တူနေသည်။
အကယ်၍ သူ့အရင်ဘဝက သူမ၏ ပုံစံအမှန်သာ မမြင်ခဲ့ရလျှင် သူမက သူရဲ့ ဇနီးကောင်းလေးဟု သတ်မှတ်မိမှာ အမှန်ပင်!
သူ့အတွေးတို့က နယ်လွန်ကုန်ပြီး အရင်ဘဝအဖြစ်ပျက်တွေ ထိ ရောက်သွားတဲ့အတွက်
သူရဲ့ တည်ငြိမ် ညင်သာတဲ့ပုံတွေက မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားသည်။ စက်ဆုတ်ရွံ ရှာမှုအပြည့်ဖြင့် တွန်းဖယ်ရန်ကြိုးစားသော်လည်း ချူ းလျန်က ဂျယ်လီကဲ့သို့ သူ့ကို တွယ်ကပ်လာသည်။
ဟေးချန် ဆက်ပြီး သည်းမခံနိုင်၍ သူမကို တွန်းထုတ်လိုက်သည်။
ချူ းလျန်ရဲ့ ခေါင်းလေး အတွန်းခံလိုက်ရတော့ သူမက မကျေနပ်မှုကြောင့် မျက်မှောင်ကြုတ်သွားပြီး ပွစိပွစိဖြင့် ဘာမှန်းမသိရသည့်စကားများ ရေရွှတ်၍ ဟေးချန်ဘက်ကို ပြန်လိမ့်လာသည်။ သူ့ရဲ့ နှုတ်ခမ်းတို့ တွန့်ကျိုးသွား၍
အလျင်မြန်ပဲ ရှောင်ရှားလိုက်သည်။ ဒီအချိန်တွင်တော့ ချူ းလျန်က သူ့ပခုံးပေါ်သို့ ရောက်မလာတော့ပဲ သူ့ပေါင်ပေါ်သို့သာ ဦးတည်သွားသည်။
ဟေးချန်လည်း သူမပုံစံအတွက် ပြောစရာစကားတို့ လုံးဝကို ပျောက်ရှသွားပြီ ဖြစ်သည်။
သူမက ဝက်သေတကောင်လို အိပ်နေသည်
ဒါဆိုလည်း ဘာလို့ တခါထဲ မျက်လုံးမပွင်ဘတမ်း မအိပ်လိုက်ရတာလဲ ?
ဒီတခါတော့ ဟေးချန် သူမနှင့် ဆက်ပြီး နှစ်ပါူသွားကရန် ပျင်းသွားပြီ ဖြစ်သည်။
ချူ းလျန်လည်း ဟေးချန်၏ ပေါင်ပေါ်တွင် အိပ်ကောင်းနေသည်။ တနာရီမျှကြာသော်အခါ သူတို့ ကျင်းအန်အိပ်ဝသို့ ရောက်လာပြီဖြစ်ပြီး
ရုတ်တရက် ဟေးချန် သူ့ပေါင်ပေါ်က စိုစွတ်မှု တစုံတရာကို ခံစားလိုက်ရသည့်အတွက် ထိုအရာကို ရှာရန်ခေါင်းငုံ့လိုက်သော်.... အဲ့ဒါက ချူ းလျန်ရဲ့ သရေတွေ ဖြစ်နေတာပဲ !
{ ချစ်မတို့ နေ့ခင်းကြောင်တောင်ကြီးနော်😂}
ဟေးချန် : .....
သူ့ရဲ့ ဒေါသတွေကို စိတ်ထဲမှာပဲ မြိုသိပ်ထားလိုက်ဖို့ ကြိုးစားပေမယ့်လည်း လုံးဝကို ဆက်သည်းခံ၍ မရတော့ပေ။😂
ဟေးချန်က လုံလောက်သည့်အားဖြင့် ချူ းလျန်ကို တွန်းထုတ်လိုက်၍ ချူ းလျန်ခမျာ ဝေါယာဉ် အပြင်သို့ ကျမလိုတောင် ဖြစ်သွားသည်။
ဒီတခါတော့ ချူ းလျန် နိုးလာခဲ့လေပြီ။ သူမ ပတ်ဝန်းကျင်ကို ယောင်လည်လည်ဖြငိ့ လှည့်ပတ်ကြည့်လိုက်တော့မှ သူမ ဝေါယာဉ်ထဲမှာပဲဆိုတာ သိလိုက်ရသည်။
သူမရဲ့ နှုတ်ခမ်းထောင့်မှာ မယုံသက်ာဖြစ်စရာ စိုစွတ်မှုတို့က ရှိနေပြီး... ချူ းလျန်လည်း ရှက်သွားပြီး လက်ကိုင်ပဝါ အမြန်ထုတ်ပြီး သုတ်လိုက်သည်။
ထို့နောက်တော့ ဟေးချန်က သူမကို မကျေနပ်မှုအရိပ်ယောင်ပါသည့် ဒေါသမျကိဝန်းများဖြငိ့ ကြည့်နေသည်ကို သတိထားမိလိုက်သည်။
သူမ ဖျော့တော့စွာပဲ ဟေးချန်ပေါင်ပေါ်အိပ်ပျော်သွား၍ သရေစီးကျလာတာ ကို ပြန်တွေးလိုက်သည်။ သူမ မျက်လုံးများကို ဟေးချန်ရဲ့ ပေါင်ပေါ် ပြန်ကြည့်ရန် မတားနိုင်တော့ပေ။
ဒီအချိန်က နွှေရာသီဖြစ်၍ သူတို့လည်း အနည်းငယ်အေးမည့် အဝတ်များ ဝတ်ထားကြသည်။
ဟေးချန်က အပြာနုရောင်ပန်းအနည်းငယ်ထိုးထားသည့် ပေါ့ပေါ့ပါးပါး ဝတ်ရုံကို ဝတ်ထားသည်။ ထိုပုံက သူ့ရဲ့ တည်ငြိမ်မှုနှင့်လိုက်ဖက်နေပြီး စိမ်းကားသည့် ယောင်ဝါတွေကို ကောင်းကောင်းထုတ်လွှတ်ပေးနိုင်သည်။
ထပ်ပြောရမည်ဆိုလျှင် သူက ဘယ်သူမှ မထီလေးစားမလုပ်ရဲသော တောင်ပေါ်တွင် ပွငိ့သည့်ပန်းနှငိ့ တူသည်။
သို့ပေမယ့် ထိုသူ၏ ပိုးထည်အဝတ်ပေါ်တွင်
လက်ဝါးတစ်ဝက်စာ လောက်ရှိသည့် ရေစိာကွက်က ဘောင်းဘီခွကြားနားမှာ... နေရာလေးက နည်းနည်း..ကို့ရို့ကားယားနိုင်သလိုပဲ
ပြီးတော့ တစ်ယောက်ယောက်ကို အထင်လွှဲစေဖို့လည်း လုံလောက်သေးသည်။
အကယ်၍ အနက်ရောင်သာဆိုလျှင် ထိုအရာကသိသာမည်မဟုတ် သို့ပေမယ့် ယခုက အပြာဖျော့ဝတ်ရုံဖြစ်၍ ရေစိုကွက်က ကွင်းကွင်းကွက်ကွက်ကြီး ဖြစ်နေသည်။
ချူ းလျန် တချက်ကြည့်ရုံနဲ့ သိလိုက်ရတာကတော့ သူမ ဒီအချိန်မှာ ပျားအုံကိုတုတ်နဲ့ထိုးလိုက်သလို ကို လုပ်မိလိုက်တာပါပဲ !
သူမရဲ့ မျက်ဝန်းထောင့်တွေက အနည်းငယ်ကြောက်စိတ်လေးကြောင့် ကြုံ့သွားသည်။
ထို့နောက်တော့ ငှက်ကုလားအုတ်တကောင်လို ထောင့်လေးကိုကပ်လျက် ဟေးချန် နဲ့ ဝေးနိုင်သမျှ ဝေးအောင် တိုးကပ်လိုက်၍ သူမဘာမှမမြင်လိုက်သကဲ့သို့ ဟန်ဆောင်လိုက်သည်။
ဟေးချန်ရဲ့ မျက်နာကတော့ လုံးဝကို မည်းမှောင်နေပြီ ဖြစ်သည်။ { အမှောင်ကိုယ်တော်}
သူရုတ်တရက်ထ၍ ချူ းလျန်ကို ရိုက်လိုက်ချင်သော်လည်း သူတခါမှ အမျို းသမီးတဦးကို မရိုက်ဖူးခဲ့ပေ ; ထိုအချက်က ဟေးမိသားစု ကျင့်သုံးရသည့် အချက်လည်းဖြစ်သည်။
ချူ းလျန် လက်ထဲက လက်ကိုင်ပဝါကို ဆက်ခနဲ ဆွဲယူလိုက်ပြီး သူ့ဝတ်ရုံပေါ်က
'ထင်ရှားနေတဲ့အမှတ်´ကြီးကို သုတ်လိုက်သည်။ သို့ပေမယ့် ချူ းလျန်က ထိုလက်ကိုင်ပဝါဖြင့်ပင် သူမပါးစပ်ကို သုတ်ထားသည်ကို မသိလိုက်သောကြောင့် နောက်ဆုံးမှာတော့
သူ့ပေါင်ပေါ်ကအကွက်က ပိုလို့ပင် ကြီးလာတော့သည်။
ဟေးချန် လက်ကိုင်ပဝါကို ကြမ်းပြင်သို့ လွှင့်ပစ်လိုက်သည်။ ဒီအချိန်တွင်တော့ သူ့မျက်နာက
မည်းမှောင်လွန်း၍ မင်စွန်းနေသကဲ့သို့ပင် ဖြစ်နေတော့သည်။
သူ ချူ းလျန်ကို လှောင်ပြောင်မလို့ရှိသေး ဝေါယာဉ်အပြင်ဘက်မှ လဲရွှမ်( ဟေးချန်အစေခံ)က ကြောညာလာသည်။
" တတိယသခင်လေးနဲ့ သခင်မလေး..
ကျွန်တော်တို့ အိမ်တော် ဝင်ပေါက်ကို ရောက်လာပါပြီ.. အစေခံလဲ့နဲ့ အကြီးဆုံးသခင်မကျောင်းက ကျွန်တော်တို့ကို ကြိုဆိုဖိုဘ အပေါက်ဝမှာ စောင့်နေပါတယ် "
စကားဆုံးတာနဲ့ ဝေါယာဉ်လည်း ရပ်တနိ့သွားသည်။
အကြီးဆုံးအမက သူတို့ကိုထွက်ကြိုသည့်အတွက် သူတို့လည်း ဆင်းမသွားလျှင်မကောင်းပေ။ အိမ်ထဲထိရောက်အောင် ဝေါယာဉ်ကို ဆွဲသွားခိုင်းမယ့် ဟေးချန်ရဲ့ စိတ်ကူးကတော့
သဲထဲရေသွန်ဖြစ်သွားချေပြီ။
ဝေါယာဉ်ထဲရှိ လေထုကတော့ မငြိမ်မသက်နှငိ့ တင်းမာမှုတို့ ရောပြွန်နေသည်။ ချူ းလျန်လည်း ဟေးချန်၏ လူသတ်ငွေ့ပါသော အကြည့်စူးစူးတို့ကို ခံနိုင်ရည်မရှိတော့၍ လိုက်ကာကို အသာပင့်လျက် စိတ်သာက်သာအောင် လုပ်လိုက်ရသည်။
သခင်မကျောင်းက ဝေါယာဉ်ဘေးကို ရောက်ပြီးဖြစ်သည်။ ချူ းလျန်အောက်ဆင်းချိန်တွင် ရှီးယန်က ကူညီပေးနေသည့်အတွက် သခင်မကျောင်း ခဏတာ ကြောင်အမ်းသွားသည်။
ထို့နောက်တော့ သူမမျက်နာက အနည်းငယ် နီမြန်းလာသည်။ အစေခံလဲ့ကလည်း ချောင်း၂ကြိမ်ဟန့်လိုက်ပြီး သူမမျက်လုံးထိကူးသက်နိုင်တဲ့ အပြုံးမျိုးလုပ်ပြလာသည်။
ချူ းလျန်လည်း သည်လူတွေက ဘောက်မဲ့ေေကြာင့် သူမကိုကြည့်ပြီး အတင်းဖြဲရဲ ပြုံးပြနေသလဲ မသိပေ။
ဘေးက ရှီးယန်လည်း အနည်းငယ် မျက်နာနီမြန်းသွားသည်။ သူမက အလျန်အမြန် ချူ းလျန်ရဲ့ အဝတ်တွေကို ပြင်ပေးလိုက်ပြီး သူမခေါင်းက အဆင်တန်ဆာတွေကိုလည်း ညှိုပေးလိုက်သည်။
ထိုအချိန် ဟေးချန် သူ့စိတ်သူထိန်း၍ ဝေါယာဉ်ပေါ်က ဆင်းလာပြီဖြစ်သည်။ ချူ းလျန်ရဲ့ ဖရိုဖရဲပုံကို မြင်ပြီးသည့်အတွက် သခင်မကျောင်းနဲ့ အစေခံလဲ့လည်း မတတ်နိုင်ပေမယ့် ဟေးချန်ကို ပြိုင်တူ လှည့်ကြည့်မိကြသည်။
ဟေးချန် ပေါင်ခွကြားက အကွက်ကို တွေ့သွားသော်အခါ သခင်မကျောင်းက လေသီးသွား၍ အစေခံလဲ့က ယောင်ယောင်လေးပြုံးလာသည်။ သူမက အိုနေပြီဖြစ်ပြီး သူမ မမြင်ဖူးသည့်အရာ မရှိ။ သူမ ဟေးချန်ဆီ ခပ်မြန်မြန် လျှောက်သွားလိုက်ပြီး အကြည့်တွေ့ရန်က ကာကွယ်ပေးလိုက်သည်။
ဟေးချန် လက်တွေက သူ့ဒေါသကြောင့် တုန်ယင်နေသည်။ သူ ချူ းလျန်ကို ဒီနေရာမှာပဲ
အဆုံးသတ်ပစ်လိုက်ချင်နေသည်။ ဒါက ဒီကောက်ကျစ်တဲ့ မိန်းမရဲ့အပြစ်တွေပဲ! သူက
အခြားလူတွေအရှေ့မှာ ရစရာမရှိအောင်ကို အရှက်ကွဲနေပြီ !
# BAE တို့ရေ အပန်းမကြီးရင် Readinglist လေးထဲ ထည့်ပေးအုံးနော်🤩
<Zawgyi>
Chapter 13 : နားလည္မႈလြဲျခင္း
ေဟးခ်န္လည္း ခ်ဴ းလ်န္ရဲ႕ အေျပာအဆိုေတြေၾကာင့္ စဥ္းစားစရာ ျဖစ္သြားသည္။ သူ႔မ်က္နာကလည္း မည္းေမွာင္စြာပဲ ခ်ဴ းလ်န္ကို စိုက္ၾကည့္ေနသည္။
ဒီ ေခ်ာေမာလွပတဲ့သူ႔ရဲ႕ဇနီးေလးဟာ သူ႔အရင္ဘဝက ခ်ဴ းလ်န္နဲ႔ အတူတူပဲဆိုတာ သူလံုးဝကို ေသခ်ာသည္ ဘာလို႔ဆို သူတို႔က တပံုထဲပဲေလ။ ဒါေပမယ့္ ေျပာဆိုဆက္ဆံပံုေတြက် ဘာလို႔ ကြဲျပားေနရတာလဲ ?
သူ႔အရင္ဘဝက ေကာက္က်စ္တဲ့ ခ်ဴ းလ်န္က သူအနားကို ဘယ္ေတာ့မွ နီးနီးကပ္ကပ္ မလာခ်င္ေပ။ အကယ္လို႔ သူမသာ သူနဲ႔ ေရွာင္ပိုက်ငိးၾကားကို ေရႊးရမယ္ဆိုရင္ သူမက ေရွာင္ပိုက်င္းကိုပဲ နွစ္ခါစဥ္းစားမေနပဲ ေရႊးလိုက္မွာ ျဖစ္သည္။
သုိ႔ေပမယ့္ သူမသာ သူ႔အရင္ဘဝက ခ်ဴ းလ်န္မဟုတ္လ်ွင္ ... ဘာေၾကာင့္ ေရွာင္ပိုက်င္းနဲ႔
တိတ္တဆိတ္ ခိုးေတြ႕ေနမွာလဲ ?
ေဟးစန္းလန္ ေတြးေတာလိုက္ေလ သူ႔မ်က္ဝန္းေတြက ေအးစက္မည္းေမွာင္လာေလပင္။
ေနာက္ဆံုးေတာ့ သူ႔စိတ္ထဲတြင္သာ ေခါင္းကိုတြင္တြင္ခါ၍ သူ႔ကိုသူသာ ေလွာင္ရယ္လိုက္သည္။ ဒါေပါ့ သူမက တေယာက္တည္းေသာ ေကာက္က်စ္တဲ့မိန္းမေလ ; သူမက ဒီအခ်ိန္မွာ သူမရဲ႕ အမွန္ဘက္ျခမ္းကို ရိုးရိုးေလးပဲ ဖံုးကြယ္ထားမွာပဲ !
ခ်ဴ းလ်န္ ေဟးခ်န္မ်က္နာေပၚက ရုတ္တရက္ ေျပာင္းလဲမႈကုိ သတိျပဳမိ၍ စေနာက္ေနတာကို ရပ္လိုက္ၿပီး သူ႔ေဘးတြင္သာ သင့္ေတာ္သလို ထိုင္လိုက္သည္။
ေဟးခ်န္ သူ႔ကိုယ္ေပၚက မရွိတဲ့ဖုန္ေတြကို ခါလိုက္သည္။ ထို႔ေနာက္ ခ်ဴ းလ်န္ကို ေလွာင္သလိုလိုနွင့္ ဆိုလိုက္သည္။
" ငါတို႔ လက္ထပ္ထားတာ ၃ရက္ရွိၿပီပဲ။
ဘယ္သူသိနိုင္မလဲ ငါ့ရဲ႕ ခ်စ္ဇနီးေလးရဲ႕ အေတြးထဲမွာ အျခားတေယာက္က တခ်ိန္လံုး
စုိးမိုးထားနိုင္မယ္လို႔ ? "
ခ်ဴ းလ်န္ မ်က္ေမွာင္ၾကဳတ္သြားလ်က္ ေဟးစန္းလန္ကို လွည့္ၾကည့္လိုက္သည္။
" ခ်စ္ေယာက်္ားေလးေရ .. ရွင္ဘာေတြေျပာေနတာလဲ ? ကြၽန္မ ရွင္ဆိုလိုတာကို နားမလည္ဘူး "
" ဟမ္.. မင္းက သရုပ္ေဆာင္တာ ဒီေလညက္ေတာ္မယ္လို႔ ငါမထင္ထားမိဘူး။ ခ်ဴ းလ်န္..
ဒီကိစၥကို မင္းဘယ္ေလာက္ၾကာၾကာ ဖံုးကြယ္ထားနိုင္မလဲ ၾကည့္ၾကတာေပါ့ ! "
သူေျပာလို႔ ၿပီးတာနဲ႔ ေဟးစန္းလန္က ေထာင့္တေနရာမွာ ထိုင္၍ မ်က္လံုးကို မွိတ္လိုက္ၿပီး
ခ်ဴ းလ်န္ကို သိသိသာသာႀကီး လ်စ္လ်ဴ ရႈလိုက္သည္။
သူ႔ေဘးက လွပေသးသြယ္တဲ့ သူ႔ရဲ႕ဇနီးေဘူကို ေလလိုပဲ သတ္မွတ္လိုက္သည္။
ခ်ဴ းလ်န္လည္း သူနဲ႔ ဆက္မေျပာခ်င္ေပ။
ေဟးခ်န္က သိသိသာသာႀကီးကို သူ႔မအေပၚ
ႀကီးမားတဲ့ အညိွးေတြး ထားေနသည္။ သူနဲ႔အဆင္ေျပေအာင္ လုပ္ဖို႔ႀကိဳးစားလိုက္ေသာ္လည္း အေျခေနက တလႊဲပဲျဖစ္ေနသည္။ ဘာေၾကာင့္ သူ႔ကိုလ်စ္လ်ဴ ရႈၿပီး ေအးေအးေဆးေဆးမေနရမွာလဲ ? သူမလည္း တေနကုန္ အိမ္ဆတာ္ကမိန္းမေတြနဲ႔ ေျပာဆိုေနရ၍ ပင္ပန္းေန
ၿပီေလ။
ခ်ဴ းလ်န္လည္း ဆိတ္ဆိတ္သာ ေနလိုက္သည္ သုိ႔ေပမယ့္ ေဟးခ်န္ရဲ႕ နွလံုးသားထဲက
အမ်က္ကေတာ့ ႀကီးထြားၿပီးရင္း ႀကီးထြားဆဲ..
ေဟးခ်န္ သူရဲ႕စိတ္ထဲမွာ နွာေခါင္းရံႈလိုက္သည္။ဟက္ ! သူမက ဂရုမစိုက္သလိုလို သရုပ္ေဆာင္ေနေပမယ့္လည္း သူမရဲ႕ နွလံုးသားထဲမွာေတာ့ ေရွာင္ပိုက်င္းက ရွိၿပီးသားပဲ!
သူမဘယ္ေလာက္မ်ား ခံစားခ်ကိေတြ ခ်ဳပ္တည္းထားမလဲ ၾကည့္ရေသးတာေပါ့ !
အေနွးနဲ႔အျမန္ ေရွာင္ပိုက်င္း သူ႔လက္ေအာက္ထဲ ေရာက္လာမွာပဲ။ အဲ့ေတာ့မွ ခ်ဴ းလ်န္ ဘယ္ေလာက္ တည္တည္ၿငိမ္ၿငိမ္ ေနနိုင္အံုးမလဲ ၾကည့္ရတာေပါ့ !
ခ်ဴ းလ်န္ကေတာ့ သူ႔လို ေလးေလးနက္နက္ ေတြးမေနေပ။ သူမ ဒီအလည္လာတဲ့ကိစၥေၾကာင့္ လံုးဝကို ပင္ပန္းေနၿပီ ျဖစ္သည္။ ေဝါယာဥ္ကလည္း လမ္းမက်ယ္ႀကီးထက္ တအိအိသြားေနၿပီး ညင္သာယာ လႈပ္ခါေနမႈက
ခ်ဴ းလ်န္ကို ေခ်ာ့သိပ္ေနသလိုပင္ ။
ေဟးစန္းလန္ က သူ႔ေခါင္းေပၚ ပစၥည္းတခုခုတင္ထားသကဲ့သုိ႔ ေျဖာင့္မတ္စြာပဲ ထိုင္ေနၿပီး
မ်က္လံုးမ်ားက မိွတ္ထားဆဲ ျဖစ္သည္။ ရုတ္တရက္ ေလးလံသည့္ တစံုတရာက သူ႔ပုခံုးေပၚကို က်လာၿပီး ပံုမွန္အသက္ရႈထုတ္တဲ့ ေလေတြက သူ႔လည္ပင္းကို ရိုက္ခတ္လာတာကို ခံစားမိလိုက္သည္။သူ ခ်က္ခ်င္းကို ေတာင့္ခဲသြားသည္။ မ်က္လံုးမ်ား ဖြင့္လ်က္ စူးရွသည့္အၾကည့္ျဖင့္ ၾကည့္လိုက္ေသာ္ သူ႔ပုခံုးကို
အကူညီမဲ့စြာနဲ႔ မွီ၍ အိပ္ေပ်ာ္ေနသည့္ ခ်ဴ းလ်န္ကို ေတြ႕လိုက္ရသည္။
သူ႔ေဘးက ထိုအမ်ိဳးသမီးေလးက အိပ္ေနခ်ိန္ေတာင္ တည္ၿငိမ္သည့္ပံုေလးျဖစ္ေနၿပီး နႈတ္ခမ္းစြန္းမ်ားကလည္း အနည္းငယ္ အေပၚသို႔ ေကြးၫြတ္ေနသည္။ သူမပံုစံက အကူညီမဲ့ေနသည့္ ကေလးတေယာက္နွင့္ တူေနသည္။
အကယ္၍ သူ႔အရင္ဘဝက သူမ၏ ပံုစံအမွန္သာ မျမင္ခဲ့ရလ်ွင္ သူမက သူရဲ႕ ဇနီးေကာင္းေလးဟု သတ္မွတ္မိမွာ အမွန္ပင္!
သူ႔အေတြးတို႔က နယ္လြန္ကုန္ၿပီး အရင္ဘဝအျဖစ္ပ်က္ေတြ ထိ ေရာက္သြားတဲ့အတြက္
သူရဲ႕ တည္ၿငိမ္ ညင္သာတဲ့ပံုေတြက မ်က္စိတမွိတ္အတြင္း ေပ်ာက္ကြယ္သြားသည္။ စက္ဆုတ္႐ြံ ရွာမႈအျပည့္ျဖင့္ တြန္းဖယ္ရန္ႀကိဳးစားေသာ္လည္း ခ်ဴ းလ်န္က ဂ်ယ္လီကဲ့သုိ႔ သူ႔ကို တြယ္ကပ္လာသည္။
ေဟးခ်န္ ဆက္ၿပီး သည္းမခံနိုင္၍ သူမကို တြန္းထုတ္လိုက္သည္။
ခ်ဴ းလ်န္ရဲ႕ ေခါင္းေလး အတြန္းခံလိုက္ရေတာ့ သူမက မေက်နပ္မႈေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ပြစိပြစိျဖင့္ ဘာမွန္းမသိရသည့္စကားမ်ား ေရရႊတ္၍ ေဟးခ်န္ဘက္ကို ျပန္လိမ့္လာသည္။ သူ႔ရဲ႕ နႈတ္ခမ္းတို႔ တြန္႔က်ဳိးသြား၍
အလ်င္ျမန္ပဲ ေရွာင္ရွားလိုက္သည္။ ဒီအခ်ိန္တြင္ေတာ့ ခ်ဴ းလ်န္က သူ႔ပခံုးေပၚသို႔ ေရာက္မလာေတာ့ပဲ သူ႔ေပါင္ေပၚသို႔သာ ဦးတည္သြားသည္။
ေဟးခ်န္လည္း သူမပံုစံအတြက္ ေျပာစရာစကားတို႔ လံုးဝကို ေပ်ာက္ရွသြားၿပီ ျဖစ္သည္။
သူမက ဝက္ေသတေကာင္လို အိပ္ေနသည္
ဒါဆိုလည္း ဘာလို႔ တခါထဲ မ်က္လံုးမပြင္ဘတမ္း မအိပ္လိုက္ရတာလဲ ?
ဒီတခါေတာ့ ေဟးခ်န္ သူမနွင့္ ဆက္ၿပီး နွစ္ပါူသြားကရန္ ပ်င္းသြားၿပီ ျဖစ္သည္။
ခ်ဴ းလ်န္လည္း ေဟးခ်န္၏ ေပါင္ေပၚတြင္ အိပ္ေကာင္းေနသည္။ တနာရီမ်ွၾကာေသာ္အခါ သူတို႔ က်င္းအန္အိပ္ဝသုိ႔ ေရာက္လာၿပီျဖစ္ၿပီး
ရုတ္တရက္ ေဟးခ်န္ သူ႔ေပါင္ေပၚက စိုစြတ္မႈ တစံုတရာကို ခံစားလိုက္ရသည့္အတြက္ ထိုအရာကို ရွာရန္ေခါင္းငံု႔လိုက္ေသာ္.... အဲ့ဒါက ခ်ဴ းလ်န္ရဲ႕ သေရေတြ ျဖစ္ေနတာပဲ !
{ ခ်စ္မတို႔ ေန႔ခင္းေၾကာင္ေတာင္ႀကီးေနာ္😂}
ေဟးခ်န္ : .....
သူ႔ရဲ႕ ေဒါသေတြကို စိတ္ထဲမွာပဲ ၿမိဳသိပ္ထားလိုက္ဖို႔ ႀကိဳးစားေပမယ့္လည္း လံုးဝကို ဆက္သည္းခံ၍ မရေတာ့ေပ။😂
ေဟးခ်န္က လံုေလာက္သည့္အားျဖင့္ ခ်ဴ းလ်န္ကို တြန္းထုတ္လိုက္၍ ခ်ဴ းလ်န္ခမ်ာ ေဝါယာဥ္ အျပင္သို႔ က်မလိုေတာင္ ျဖစ္သြားသည္။
ဒီတခါေတာ့ ခ်ဴ းလ်န္ နိုးလာခဲ့ေလၿပီ။ သူမ ပတ္ဝန္းက်င္ကို ေယာင္လည္လည္ျဖငိ့ လွည့္ပတ္ၾကည့္လိုက္ေတာ့မွ သူမ ေဝါယာဥ္ထဲမွာပဲဆိုတာ သိလိုက္ရသည္။
သူမရဲ႕ နႈတ္ခမ္းေထာင့္မွာ မယံုသက္ာျဖစ္စရာ စိုစြတ္မႈတို႔က ရွိေနၿပီး... ခ်ဴ းလ်န္လည္း ရွက္သြားၿပီး လက္ကိုင္ပဝါ အျမန္ထုတ္ၿပီး သုတ္လိုက္သည္။
ထို႔ေနာက္ေတာ့ ေဟးခ်န္က သူမကို မေက်နပ္မႈအရိပ္ေယာင္ပါသည့္ ေဒါသမ်ကိဝန္းမ်ားျဖငိ့ ၾကည့္ေနသည္ကို သတိထားမိလိုက္သည္။
သူမ ေဖ်ာ့ေတာ့စြာပဲ ေဟးခ်န္ေပါင္ေပၚအိပ္ေပ်ာ္သြား၍ သေရစီးက်လာတာ ကို ျပန္ေတြးလိုက္သည္။ သူမ မ်က္လံုးမ်ားကို ေဟးခ်န္ရဲ႕ ေပါင္ေပၚ ျပန္ၾကည့္ရန္ မတားနိုင္ေတာ့ေပ။
ဒီအခ်ိန္က ေနႊရာသီျဖစ္၍ သူတို႔လည္း အနည္းငယ္ေအးမည့္ အဝတ္မ်ား ဝတ္ထားၾကသည္။
ေဟးခ်န္က အျပာႏုေရာင္ပန္းအနည္းငယ္ထိုးထားသည့္ ေပါ့ေပါ့ပါးပါး ဝတ္ရံုကို ဝတ္ထားသည္။ ထိုပံုက သူ႔ရဲ႕ တည္ၿငိမ္မႈနွင့္လိုက္ဖက္ေနၿပီး စိမ္းကားသည့္ ေယာင္ဝါေတြကို ေကာင္းေကာင္းထုတ္လႊတ္ေပးနိုင္သည္။
ထပ္ေျပာရမည္ဆိုလ်ွင္ သူက ဘယ္သူမွ မထီေလးစားမလုပ္ရဲေသာ ေတာင္ေပၚတြင္ ပြငိ့သည့္ပန္းနွငိ့ တူသည္။
သို႔ေပမယ့္ ထိုသူ၏ ပိုးထည္အဝတ္ေပၚတြင္
လက္ဝါးတစ္ဝက္စာ ေလာက္ရွိသည့္ ေရစိာကြက္က ေဘာင္းဘီခြၾကားနားမွာ... ေနရာေလးက နည္းနည္း..ကို႔ရို႔ကားယားနိုင္သလိုပဲ
ၿပီးေတာ့ တစ္ေယာက္ေယာက္ကို အထင္လႊဲေစဖို႔လည္း လံုေလာက္ေသးသည္။
အကယ္၍ အနက္ေရာင္သာဆိုလ်ွင္ ထိုအရာကသိသာမည္မဟုတ္ သို႔ေပမယ့္ ယခုက အျပာေဖ်ာ့ဝတ္ရံုျဖစ္၍ ေရစိုကြက္က ကြင္းကြင္းကြက္ကြက္ႀကီး ျဖစ္ေနသည္။
ခ်ဴ းလ်န္ တခ်က္ၾကည့္ရံုနဲ႔ သိလိုက္ရတာကေတာ့ သူမ ဒီအခ်ိန္မွာ ပ်ားအံုကိုတုတ္နဲ႔ထိုးလိုက္သလို ကို လုပ္မိလိုက္တာပါပဲ !
သူမရဲ႕ မ်က္ဝန္းေထာင့္ေတြက အနည္းငယ္ေၾကာက္စိတ္ေလးေၾကာင့္ ႀကံဳ႕သြားသည္။
ထို႔ေနာက္ေတာ့ ငွက္ကုလားအုတ္တေကာင္လို ေထာင့္ေလးကိုကပ္လ်က္ ေဟးခ်န္ နဲ႔ ေဝးနိုင္သမ်ွ ေဝးေအာင္ တုိးကပ္လိုက္၍ သူမဘာမွမျမင္လိုက္သကဲ့သုိ႔ ဟန္ေဆာင္လိုက္သည္။
ေဟးခ်န္ရဲ႕ မ်က္နာကေတာ့ လံုးဝကို မည္းေမွာင္ေနၿပီ ျဖစ္သည္။ { အေမွာင္ကိုယ္ေတာ္}
သူရုတ္တရက္ထ၍ ခ်ဴ းလ်န္ကို ရိုက္လိုက္ခ်င္ေသာ္လည္း သူတခါမွ အမ်ိဳ းသမီးတဦးကို မရိုက္ဖူးခဲ့ေပ ; ထိုအခ်က္က ေဟးမိသားစု က်င့္သံုးရသည့္ အခ်က္လည္းျဖစ္သည္။
ခ်ဴ းလ်န္ လက္ထဲက လက္ကိုင္ပဝါကို ဆက္ခနဲ ဆြဲယူလိုက္ၿပီး သူ႔ဝတ္ရံုေပၚက
'ထင္ရွားေနတဲ့အမွတ္´ႀကီးကို သုတ္လိုက္သည္။ သို႔ေပမယ့္ ခ်ဴ းလ်န္က ထိုလက္ကိုင္ပဝါျဖင့္ပင္ သူမပါးစပ္ကို သုတ္ထားသည္ကို မသိလိုက္ေသာေၾကာင့္ ေနာက္ဆံုးမွာေတာ့
သူ႔ေပါင္ေပၚကအကြက္က ပိုလို႔ပင္ ႀကီးလာေတာ့သည္။
ေဟးခ်န္ လက္ကိုင္ပဝါကို ၾကမ္းျပင္သို႔ လႊင့္ပစ္လိုက္သည္။ ဒီအခ်ိန္တြင္ေတာ့ သူ႔မ်က္နာက
မည္းေမွာင္လြန္း၍ မင္စြန္းေနသကဲ့သုိ႔ပင္ ျဖစ္ေနေတာ့သည္။
သူ ခ်ဴ းလ်န္ကို ေလွာင္ေျပာင္မလို႔ရွိေသး ေဝါယာဥ္အျပင္ဘက္မွ လဲရႊမ္( ေဟးခ်န္အေစခံ)က ေၾကာညာလာသည္။
" တတိယသခင္ေလးနဲ႔ သခင္မေလး..
ကြၽန္ေတာ္တို႔ အိမ္ေတာ္ ဝင္ေပါက္ကို ေရာက္လာပါၿပီ.. အေစခံလဲ့နဲ႔ အႀကီးဆံုးသခင္မေက်ာင္းက ကြၽန္ေတာ္တို႔ကို ၾကဳိဆိုဖိုဘ အေပါက္ဝမွာ ေစာင့္ေနပါတယ္ "
စကားဆံုးတာနဲ႔ ေဝါယာဥ္လည္း ရပ္တနိ႔သြားသည္။
အႀကီးဆံုးအမက သူတို႔ကိုထြက္ႀကိဳသည့္အတြက္ သူတို႔လည္း ဆင္းမသြားလ်ွင္မေကာင္းေပ။ အိမ္ထဲထိေရာက္ေအာင္ ေဝါယာဥ္ကို ဆြဲသြားခိုင္းမယ့္ ေဟးခ်န္ရဲ႕ စိတ္ကူးကေတာ့
သဲထဲေရသြန္ျဖစ္သြားေခ်ၿပီ။
ေဝါယာဥ္ထဲရွိ ေလထုကေတာ့ မၿငိမ္မသက္နွငိ့ တင္းမာမႈတို႔ ေရာႁပြန္ေနသည္။ ခ်ဴ းလ်န္လည္း ေဟးခ်န္၏ လူသတ္ေငြ႕ပါေသာ အၾကည့္စူးစူးတို႔ကို ခံနိုင္ရည္မရွိေတာ့၍ လိုက္ကာကို အသာပင့္လ်က္ စိတ္သာက္သာေအာင္ လုပ္လိုက္ရသည္။
သခင္မေက်ာင္းက ေဝါယာဥ္ေဘးကို ေရာက္ၿပီးျဖစ္သည္။ ခ်ဴ းလ်န္ေအာက္ဆင္းခ်ိန္တြင္ ရွီးယန္က ကူညီေပးေနသည့္အတြက္ သခင္မေက်ာင္း ခဏတာ ေၾကာင္အမ္းသြားသည္။
ထို႔ေနာက္ေတာ့ သူမမ်က္နာက အနည္းငယ္ နီျမန္းလာသည္။ အေစခံလဲ့ကလည္း ေခ်ာင္း၂ႀကိမ္ဟန္႔လိုက္ၿပီး သူမမ်က္လံုးထိကူးသက္နိုင္တဲ့ အၿပံဳးမ်ိဳးလုပ္ျပလာသည္။
ခ်ဴ းလ်န္လည္း သည္လူေတြက ေဘာက္မဲ့ေေၾကာင့္ သူမကိုၾကည့္ၿပီး အတင္းၿဖဲရဲ ၿပံဳးျပေနသလဲ မသိေပ။
ေဘးက ရွီးယန္လည္း အနည္းငယ္ မ်က္နာနီျမန္းသြားသည္။ သူမက အလ်န္အျမန္ ခ်ဴ းလ်န္ရဲ႕ အဝတ္ေတြကို ျပင္ေပးလိုက္ၿပီး သူမေခါင္းက အဆင္တန္ဆာေတြကိုလည္း ညိႈေပးလိုက္သည္။
ထိုအခ်ိန္ ေဟးခ်န္ သူ႔စိတ္သူထိန္း၍ ေဝါယာဥ္ေပၚက ဆင္းလာၿပီျဖစ္သည္။ ခ်ဴ းလ်န္ရဲ႕ ဖရိုဖရဲပံုကို ျမင္ၿပီးသည့္အတြက္ သခင္မေက်ာင္းနဲ႔ အေစခံလဲ့လည္း မတတ္နိုင္ေပမယ့္ ေဟးခ်န္ကို ၿပိဳင္တူ လွည့္ၾကည့္မိၾကသည္။
ေဟးခ်န္ ေပါင္ခြၾကားက အကြက္ကို ေတြ႕သြားေသာ္အခါ သခင္မေက်ာင္းက ေလသီးသြား၍ အေစခံလဲ့က ေယာင္ေယာင္ေလးၿပံဳးလာသည္။ သူမက အိုေနၿပီျဖစ္ၿပီး သူမ မျမင္ဖူးသည့္အရာ မရွိ။ သူမ ေဟးခ်န္ဆီ ခပ္ျမန္ျမန္ ေလ်ွာက္သြားလိုက္ၿပီး အၾကည့္ေတြ႕ရန္က ကာကြယ္ေပးလိုက္သည္။
ေဟးခ်န္ လက္ေတြက သူ႔ေဒါသေၾကာင့္ တုန္ယင္ေနသည္။ သူ ခ်ဴ းလ်န္ကို ဒီေနရာမွာပဲ
အဆံုးသတ္ပစ္လိုက္ခ်င္ေနသည္။ ဒါက ဒီေကာက္က်စ္တဲ့ မိန္းမရဲ႕အျပစ္ေတြပဲ! သူက
အျခားလူေတြအေရွ႕မွာ ရစရာမရွိေအာင္ကို အရွက္ကြဲေနၿပီ !
# BAE တို႔ေရ အပန္းမႀကီးရင္ Readinglist ေလးထဲ ထည့္ေပးအံုးေနာ္🤩