{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 935

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း

3.3K 445 3
By whitekiddy

ZAWGYI

Chapter 6 .2: Secret Recipe (2)

ေမာ္ဒန္ေခတ္မွာဆိုရင္ေတာ့ , ဒီလို မုန္႔လုပ္နည္းေလးကို ဂလူဂလူ မွာေခါက္တာနဲ႔ ေခါင္းကိုခ်ာခ်ာလည္ေနေစမယ့္ အေျဖေတြကို ေပးလာမွာ ျဖစ္သည္။ လုပ္ဖို႔ပ်င္းလို႔ နဲ႔အရာအ်ၾကာင္းေတေၾကာင့္သာ မလုပ္ျဖစ္ၾကရံု ျဖစ္သည္။

ခ်ဴ းလ်န္ အနည္းငယ္ နားမလည္တာ ရွိသည္။ ဒီစိတ္ကူးယဥ္ ဝူနိုင္ငံတြင္ ဂီတာေဖ်ာ္ေျဖတာကိုၾကည့္ရင္း အခ်ိဳ ႕ မုန္႔ မ်ား ခင္းက်င္းထားၿပီး စားသံုးျခင္းသည္ အရမ္းကို စရိတ္စက ကုန္သည္ကိုပင္။ ဒါကေတာ့ ဘဝကို
သဘာဝက်က်ပင္ သူေကာင္းျပဳေနျခင္းျဖစ္သည္။

ခ်က္ျပဳတ္ တာကလည္း အရည္အခ်င္းနဲ႔ပဲ ဆံုးျဖတ္ၿပီး အရည္အတြက္နဲ႔မဟုတ္ေပ။လ်ိွ႔ဝွက္ခ်က္ျပဳတ္နည္းေတြက အိမ္ေတာ္ႀကီးေတြအတြက္ မရွိမျဖစ္ ပင္ လိုအပ္သည္။ လ်ွိ႔ဝွက္
ရွားပါးၿပီး တန္ဖိုးႀကီးသည့္ အစားအေသာက္ေတြကို ဖန္တီးရျခင္းက သူတို႔၏ ဝင့္ႂကြားႂကြား ေနထိုင္မႈ အတြက္ အေရးပါသည္။

အရာရွိအိမ္ေတာ္မ်ားတြင္ အနည္းဆံုး လ်ွိ႔ဝွက္နည္း တခုမဟုတ္နွစ္ခု ေတာ့ရွိသည္။ ထိုအိမ္ေတာ္မ်ား၏ သခင္မအခ်ိဳ႕ကလည္း သူတို႔မိတ္ေဆြမ်ားနွင့္ ရင္းနွီးမႈ ယူသည့္သေဘာျဖင့္ လ်ိွ႔ဝွက္ခ်က္မ်ားက္ု လဲလွယ္ၾကေပလိမ့္မည္။

ထိုအရာကိုၾကည့္ျခင္းျဖင့္ လ်ိွ႔ဝွက္ခ်က္ျပဳတ္နည္းေတြက ဤ ဝူအင္ပါယာႀကီးမွာ ဘယ္ေလာက္အေရးႀကီး သလဲ သိနိုင္သည္။ က်င္းအန္အိမ္ေတာ္မွ နတ္သုဒၶါကဲ့သုိ႔ အခ်ိဳ ပြဲကို လက္ေဆာင္ရျခင္းကို ဂုဏ္ယူၾကသည္ ဆိုတာကလည္း အတိအက်ပင္ ထင္ရွားသြားရသည္။
အခ်ိဳ ပြဲကို အိမ္ေတာ္ ေတာ္၂မ်ား၂ကို လက္ေဆာင္ေပးခဲ့ေပမယ့္လည္း က်င္းအန္အိမ္တခုထဲကသာ ထုတ္လုပ္သူ ျဖစ္ေနေသးတာကလည္း ထိုလ်ွိ႔ဝွက္ခ်က္ကို ထိန္းသိမ္းထားနိုင္၍ ျဖစ္သည္။

ခ်ဴ းလ်န္ ရဲ႕ အမႈမဲ့ အမွတ္မဲ့ ေျပာလိုက္သည့္ မုန္႔လုပ္နည္းကလည္း လ်ွိ႔ဝွက္ခ်က္အျဖစ္ သတ္မွတ္ခံလိုက္ရေလ ေပၿပီ။

ခ်ဴ းလ်န္ရဲ႕အေမ က သူမငယ္စဥ္ထဲက ဆံုးသြားတာျဖစ္သည္။ အေစခံ ေလးေယာက္လံုးကလည္း ယင္ၿမိဳ႕စားအိမ္ေတာ္မွာပဲ ႀကီးျပင္းလာတဲ့အတြက္ ခ်ဴ းလ်န္ရဲ႕အေၾကာင္းကို အနည္းအမ်ား သိၾကသည္။

ခ်ဴ းလ်န္ရဲ႕အေမက ဒုတိယသခင္ရဲ႕ ပဏာမ ဇနီးျဖစ္သည္။သူမက စာေပပညာရွင္ အိမ္က ေမြးဖြားလာတာျဖစ္သည္။ ခ်ဴ းလ်န္ရဲ႕ အေမဘက္က အဖိုးအဖြားတို႔က စစ္သူႀကီးခ်န္းပင္း ရဲ႕ ပုန္ကန္မႈတြင္ ပါဝင္ေၾကာင္း စံုစမ္းရရွိသည့္အတြက္ သူတို႔၏ အိမ္ေတာ္ ဟာ ေမွးမွိန္သြားခဲ့သည္။

ထိုအခ်ိန္တြင္ ခ်ဴ းလ်န္ရဲ႕အေမက ခ်ဴ းလ်န္ကိုယ္ဝနိကိုလြယ္ထားၿပီး ထိုသတင္းေၾကာင့္
ထိန္႔လန္႔ကာ ကိုယ္ဝန္ဟာလည္း ထိခိုက္လုနီး ျဖစ္သြားခဲ့သည္။ ေနာက္ပိုင္းေတာ့ ခ်ဴ းလ်န္ကို ခက္ခက္ခဲခဲ ေမြးလာခဲ့သည္။ခ်ဴ းလ်န္ တနွစ္သမီးအရႊယ္ ေရာကိခ်ိန္တြင္ေတာ့ သူမက
ေလာကႀကီးနဲ႔ အဆက္ျဖတ္သြားခဲ့သည္။

သူမဆံုးသြားၿပီးေတာ့ ခ်ဴ းလ်န္ဖို႔ တန္ဖိုးႀကီးတဲ့ ရတနာမ်ား ခ်န္ထားခဲ့သည္ဆိုသည့္ သတင္းက ပ်ံ့နံ႔လာခဲ့သည္။

ထို႔ေၾကာင့္ အေစခံေလးေယာက္လံုးက ခ်ဴ းလ်န္ လိေမၼာ္သီးကို ဘယ္လိုလုပ္ရန္ ဒလစပ္ေရရႊတ္သြားသည္ကို မယံုသကၤာမျဖစ္ျခင္း ပင္။
သူတို႔ထင္လိုက္တာက ဒီလ်ိွ ႔ဝွက္ခ်က္ဟာ သခင္မ မေသခင္ ခ်ဴ းလ်န္အတြက္ ခ်န္ရစ္ ထားခဲ့သည္ဟုပင္။

က်င္းအန္အိမ္ေတာ္၏ ေက်ာ္ၾကားသည့္စားဖိုမႈးသည္လည္း နမည္ေက်ာ္သည့္ အခ်ိဳ ပြဲအခ်ိဳ႕ကို ျပဳလုပ္ခဲ့ႀပီး ထိုအရာကပဲ က်င္းအန္အိမ္ေတာ္ကို ပိုၿပ ီး ေက်ာ္ၾကား ေစသည္။ ဒါေၾကာင့္ပဲ ခ်ဴ းလ်န္၏ ေလ်ာ့ေလ်ာ့ေပါ့ေပါ့သာ ေျပာလိုက္သည့္ သူတို႔မၾကားဖူးသည့္နည္းေလးကို ခ်က္ခ်င္းႀကီး အတည္ယူေနၾကျခင္း ျဖစ္သည္။

ဒါေပါ့ ခ်ဴ းလ်န္ကေတာ့ ဘာမွမသိလိုက္ဘူးေပါ့ ။{ အေပၚကဟာေတြက authorေျပာျပလို႔သိတာေနာ္ ခ်ဴ းခ်ဴ းမသိဘူး😉}သူမသာ ထိုအေၾကာင္း သိလ်ွင္ အူတက္ေအာင္ ရယ္ေနေလာက္ၿပီ ျဖစ္သည္။

ခ်ဴ းလ်န္က ရုတ္တရက္ႀကီး ေမာဒန္ေခတ္က ဘာမွမယူလာနိုင္ပဲ ဒီေသာက္က်ိဳ းနည္း ဝတၳဳႀကီးတဲ့ ဝိညဥ္ ကူးေျပာင္းခံခဲ့ရသည္။ခ်ဴ းလ်န္မွာ သူမကို ကူညီနိုင္တဲ့ ပစၥည္းတစံုတရာဟူ၍ မရွိေပ။သိုေပ့မယ္ သူမမွာ
'အဖိုးျဖတ္မရသည့္ ေထာင္တန္ေသာင္းတန္ လ်ွိ႔ဝွက္နည္းႀကီးကေတာ့' သူမဦးေနွာက္ထဲမွာရွိေသးသည္ !

ခ်ဴ းလ်န္လည္း ရိုးစင္တဲ့ မုန္႔လုပ္နည္းေလးကိုေျပာျပတာကို ရွီးယန္က ဘာေၾကာင့္ အရမ္းေတြကိုမွ ေက်းဇူးေတြ တင္ေနတာလည္း နားမလည္နိုင္ေပ။ ဆက္လည္းေတြးမေနေတာ့ေပ။သူမက ဒီကမၻာကိုေရာက္ေနမွာေတာ့ သူမ သိၿပီးတဲ့ကိစၥေတြကို အရမ္းသိခ်င္ၿပီး လိၾက္ေမးေနရင္လည္း မေကာင္းေပ။

သူမ ရွီးယန္ကို ထြက္သြားေတာ့ရန္ လက္ရမ္းျပလိုက္သည္။

" ေကာင္းပါၿပီ , ဒီလိုကိစၥေသးေသးေလးကို အေရးတယူလုပ္ေနတာေတြ ရပ္လိုက္ပါေတာ့။ ျမန္ျမန္သာ သြားၿပီးေတာ့ ငါ့အတြက္
လိေမၼာ္ယိုေလး လုပ္ေပးပါအံုး "

ရွီးယန္လည္း မ်က္ရည္မ်ားကို သုတ္၍ နွာေခါင္းတရံႈ႕ရံႈ႕ ျဖင့္ ၿပံဳ းရႊင္ကာ ဆိုလာသည္။

" ေကာင္းပါၿပီ..သခင္မေလး..ဒီမွာ ထိုင္ၿပီးသာေစာင့္ေနပါ..ဒီအေစခံက မၾကာခင္ ျပန္လာပါ့မယ္ "

ဖုယန္ ကေတာ့ ရွီးယန္ထြက္သြားသည့္ ပံုရိပ္ကို အလြန္အမင္း သဝန္တိုစြာ ၾကည့္ေနသည္။ သူမ မ်က္လံုးမ်ားဟာ ေတာက္ပသြားၿြားၿပီး
ခ်ဴ းလ်န္ကို စိတ္အားထက္သန္စြာနဲ႔ ေစာင့္ေရွာက္ေပးလာသည္။

သူမ အရိပ္အႁမြက္ေလး ေျပာလာသည္။
" သခင္မေလး , သခင္မေလးက ရွီးယန္ကို ေကာင္းေကာင္းဆက္ဆံတာပဲ ! သူမကို လ်ွို႔ဝွက္ခ်က္ျပဳတ္နည္းေတာင္မွ သင္ေပးလိုက္ေသးတယ္ ! "

ခ်ဴ းလ်န္ မ်က္ခံုးတဖက္ ပင့္သြားၿပီး ေရတငံုေသာက္ေနလိုက္သည္။ သူမ ဖုယန္ဘက္သို႔လွည့္လ်က္
"ဟမ္? ဖုယန္ , နင္လည္း အခိ်ဳ ပြဲဘယ္လိုလုပ္ရမလဲဆိုတာ သင္ခ်င္တာလား ? "

ဖုယန္ မ်က္လံုးမ်ားဟာ တဖ်က္ဖ်က္လဲ့လာၿပီး
သူမရဲ႕ ေလာဘစိတ္ေလးကို အျမန္ စိတ္ထဲကိုျပန္သြင္းလိုက္ၿပီး
" ဒီအေစခံက သူ႔လုပ္ခြင့္ကို ေက်ာ္လြန္ၿပီး မလုပ္ရဲပါဘူး ရွင္ "

ခ်ဴ းလ်န္လည္း ေနာက္ထပ္ ေျပာမလာေတာ့ပဲ
ဖုယန္မ်က္လံုးထဲက ျဖတ္ေျပးသြားေသာ စိတ္ပ်က္သြားမႈကိုေတာ့ သတိျပဳလိုက္မိသည္။

ဝတၳဳ ထဲမွာဖတ္ခဲ့ရတဲ့အတိုင္းေတာ့ ဒီအေစခံေတြရဲ႕ စရိုက္ေတြကို သူမ မဆံုးျဖတ္ခ်င္ေပ။တခါတရံ လူဆိုးနဲ႔လူေကာင္းၾကားမွာ ဘာအရံအတားမွ မရွိေပ။တခါတရံ လူဆိုးတေယာက္က မွန္ကန္ေရႊးခ်ယ္မႈေလးကို ရိုးရိုးေလးေရႊးၿပီး လူေကာင္းျဖစ္လာနိုင္တာပဲေလ။
ထို႔ေၾကာင့္ သူမလည္း သူတို႔ကို လ်င္လ်င္ျမန္ျမန္ႀ္ႀကီး မဆံုးျဖတ္ခ်င္ေပ။သူမက ထိုအေစခံေလးမ်ားကို ဆံုးျဖတိခ်က္မခ်ခင္ တရားမ်ွတေစဖို႔ လမ္းညႊန္ျပေပးခ်င္သည္။

ရွီးယန္ကလည္း ျမန္ျမန္လုပ္ေပးေနခဲ့သည္။
11နာရီ မတိုင္ခင္ပဲ ယိုဘူးေလးကို ယူလာေပးသည္။ ဒီ အခ်ိဴ ပြဲက ျပဳလုပ္ဖို႔ ေတာ္ေတာ္ေလးကို ရိုးရွငိးလြန္းသည္။

ရွီးယန္ နွင္းျဖဴေရာင္ေႂကြပန္းကန္ေလးထဲသုိ႔ လိေမၼာ္ယိုေလးကို ထည့္လာၿပီး ခ်ဴ းလ်န္ေရွ႕ကစားပြဲေပၚသုိ႔ အနည္းငယ္ ရွက္ေသြးျဖန္းလ်က္ ခ်ေပးလာသည္။သူမ ခ်ဴ းလ်န္ကို ေပ်ာ္လံုးစို႔ေနသည့္ ပံုေလးျဖငိ့ ေျပာလာသည္။

"သခင္မေလး ေက်းဇူးျပဳၿပီး စားၾကည့္ပါအံုး။
ဒီအေစခံက ဒါကို ပထမဆံုးလုပ္တာ ျဖစ္တဲ့အတြက္ စားမေကာင္းမွာကို စိုး႐ြ႕ံမိပါတယ္ "

လိေမၼာ္သီး(kumquat)က နဂိုထဲက ေရႊအိုေရာင္ ျဖစ္သည္။ ထိုအသီးမ်ားကို ခ်က္ျပဳတ္ၿပီး ပ်ားရည္စိမ္လိုက္ေသာအခါ စားခ်င့္စဖြယ္ ပံုစံေလးျဖစ္သြားသည္။ေလးျခမ္းျခမ္း အေစ့ထာတ္ထားသည့္အတြက္ ျပဳတ္ၿပီးေနာက္ အနည္းငယ္ေတာ့ ျပားေနသည္။ လိေမၼာ္ယိုကို ေႂကြပန္းကန္ထဲထည့္ထားသည့္ျမင္ကြငိးကလည္း
ပန္းေလးက ပြင့္လာေတာ့မည့္သေယာင္ အခ်င္းလည္း လွသည္။ စားပြဲေပၚကို ထိုပန္းကန္တင္လိုက္ေသာ္အခါ အခ်ဥ္ဓာတ္အနည္းငယ္စြတ္သြားသည့္ ပ်ားရည္၏ ေမႊးပ်ံ့ပ်ံ့ရနံ႔ေလးက ေလထုထဲ အစားထိုး ဝင္ေရာက္လာၿပီး သြားရည္ ယိုေစသည္။


{ သြားရည္ေတြ သုတ္လိုက္အံုးေလ 🤪}

UNICODE

.Chapter 6 .2: Secret Recipe (2)

မော်ဒန်ခေတ်မှာဆိုရင်တော့ , ဒီလို မုန့်လုပ်နည်းလေးကို ဂလူဂလူ မှာခေါက်တာနဲ့ ခေါင်းကိုချာချာလည်နေစေမယ့် အဖြေတွေကို ပေးလာမှာ ဖြစ်သည်။ လုပ်ဖို့ပျင်းလို့ နဲ့အရာအျကြာင်းတေကြောင့်သာ မလုပ်ဖြစ်ကြရုံ ဖြစ်သည်။

ချူ းလျန် အနည်းငယ် နားမလည်တာ ရှိသည်။ ဒီစိတ်ကူးယဉ် ဝူနိုင်ငံတွင် ဂီတာဖျော်ဖြေတာကိုကြည့်ရင်း အချို့ မုန့် များ ခင်းကျင်းထားပြီး စားသုံးခြင်းသည် အရမ်းကို စရိတ်စက ကုန်သည်ကိုပင်။ ဒါကတော့ ဘဝကို
သဘာဝကျကျပင် သူကောင်းပြုနေခြင်းဖြစ်သည်။

ချက်ပြုတ် တာကလည်း အရည်အချင်းနဲ့ပဲ ဆုံးဖြတ်ပြီး အရည်အတွက်နဲ့မဟုတ်ပေ။လျှိ့ဝှက်ချက်ပြုတ်နည်းတွေက အိမ်တော်ကြီးတွေအတွက် မရှိမဖြစ် ပင် လိုအပ်သည်။ လျှိ့ဝှက်
ရှားပါးပြီး တန်ဖိုးကြီးသည့် အစားအသောက်တွေကို ဖန်တီးရခြင်းက သူတို့၏ ဝင့်ကြွားကြွား နေထိုင်မှု အတွက် အရေးပါသည်။

အရာရှိအိမ်တော်များတွင် အနည်းဆုံး လျှိ့ဝှက်နည်း တခုမဟုတ်နှစ်ခု တော့ရှိသည်။ ထိုအိမ်တော်များ၏ သခင်မအချို့ကလည်း သူတို့မိတ်ဆွေများနှင့် ရင်းနှီးမှု ယူသည့်သဘောဖြင့် လျှိ့ဝှက်ချက်များက်ု လဲလှယ်ကြပေလိမ့်မည်။

ထိုအရာကိုကြည့်ခြင်းဖြင့် လျှိ့ဝှက်ချက်ပြုတ်နည်းတွေက ဤ ဝူအင်ပါယာကြီးမှာ ဘယ်လောက်အရေးကြီး သလဲ သိနိုင်သည်။ ကျင်းအန်အိမ်တော်မှ နတ်သုဒ္ဓါကဲ့သို့ အချို ပွဲကို လက်ဆောင်ရခြင်းကို ဂုဏ်ယူကြသည် ဆိုတာကလည်း အတိအကျပင် ထင်ရှားသွားရသည်။
အချို ပွဲကို အိမ်တော် တော်၂များ၂ကို လက်ဆောင်ပေးခဲ့ပေမယ့်လည်း ကျင်းအန်အိမ်တခုထဲကသာ ထုတ်လုပ်သူ ဖြစ်နေသေးတာကလည်း ထိုလျှိ့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်၍ ဖြစ်သည်။

ချူ းလျန် ရဲ့ အမှုမဲ့ အမှတ်မဲ့ ပြောလိုက်သည့် မုန့်လုပ်နည်းကလည်း လျှိ့ဝှက်ချက်အဖြစ် သတ်မှတ်ခံလိုက်ရလေ ပေပြီ။

ချူ းလျန်ရဲ့အမေ က သူမငယ်စဉ်ထဲက ဆုံးသွားတာဖြစ်သည်။ အစေခံ လေးယောက်လုံးကလည်း ယင်မြို့စားအိမ်တော်မှာပဲ ကြီးပြင်းလာတဲ့အတွက် ချူ းလျန်ရဲ့အကြောင်းကို အနည်းအများ သိကြသည်။

ချူ းလျန်ရဲ့အမေက ဒုတိယသခင်ရဲ့ ပဏာမ ဇနီးဖြစ်သည်။သူမက စာပေပညာရှင် အိမ်က မွေးဖွားလာတာဖြစ်သည်။ ချူ းလျန်ရဲ့ အမေဘက်က အဖိုးအဖွားတို့က စစ်သူကြီးချန်းပင်း ရဲ့ ပုန်ကန်မှုတွင် ပါဝင်ကြောင်း စုံစမ်းရရှိသည့်အတွက် သူတို့၏ အိမ်တော် ဟာ မှေးမှိန်သွားခဲ့သည်။

ထိုအချိန်တွင် ချူ းလျန်ရဲ့အမေက ချူ းလျန်ကိုယ်ဝနိကိုလွယ်ထားပြီး ထိုသတင်းကြောင့်
ထိန့်လန့်ကာ ကိုယ်ဝန်ဟာလည်း ထိခိုက်လုနီး ဖြစ်သွားခဲ့သည်။ နောက်ပိုင်းတော့ ချူ းလျန်ကို ခက်ခက်ခဲခဲ မွေးလာခဲ့သည်။ချူ းလျန် တနှစ်သမီးအရွှယ် ရောကိချိန်တွင်တော့ သူမက
လောကကြီးနဲ့ အဆက်ဖြတ်သွားခဲ့သည်။

သူမဆုံးသွားပြီးတော့ ချူ းလျန်ဖို့ တန်ဖိုးကြီးတဲ့ ရတနာများ ချန်ထားခဲ့သည်ဆိုသည့် သတင်းက ပျံ့နံ့လာခဲ့သည်။

ထို့ကြောင့် အစေခံလေးယောက်လုံးက ချူ းလျန် လိမ္မော်သီးကို ဘယ်လိုလုပ်ရန် ဒလစပ်ရေရွှတ်သွားသည်ကို မယုံသင်္ကာမဖြစ်ခြင်း ပင်။
သူတို့ထင်လိုက်တာက ဒီလျှိ့ဝှက်ချက်ဟာ သခင်မ မသေခင် ချူ းလျန်အတွက် ချန်ရစ် ထားခဲ့သည်ဟုပင်။

ကျင်းအန်အိမ်တော်၏ ကျော်ကြားသည့်စားဖိုမှုးသည်လည်း နမည်ကျော်သည့် အချို ပွဲအချို့ကို ပြုလုပ်ခဲ့ပြီး ထိုအရာကပဲ ကျင်းအန်အိမ်တော်ကို ပိုပြီး ကျော်ကြား စေသည်။ ဒါကြောင့်ပဲ ချူ းလျန်၏ လျော့လျော့ပေါ့ပေါ့သာ ပြောလိုက်သည့် သူတို့မကြားဖူးသည့်နည်းလေးကို ချက်ချင်းကြီး အတည်ယူနေကြခြင်း ဖြစ်သည်။

ဒါပေါ့ ချူ းလျန်ကတော့ ဘာမှမသိလိုက်ဘူးပေါ့ ။{ အပေါ်ကဟာတွေက authorပြောပြလို့သိတာနော် ချူ းချူ းမသိဘူး😉}သူမသာ ထိုအကြောင်း သိလျှင် အူတက်အောင် ရယ်နေလောက်ပြီ ဖြစ်သည်။

ချူ းလျန်က ရုတ်တရက်ကြီး မောဒန်ခေတ်က ဘာမှမယူလာနိုင်ပဲ ဒီသောက်ကျို းနည်း ဝတ္ထုကြီးတဲ့ ဝိညဉ် ကူးပြောင်းခံခဲ့ရသည်။ချူ းလျန်မှာ သူမကို ကူညီနိုင်တဲ့ ပစ္စည်းတစုံတရာဟူ၍ မရှိပေ။သိုပေ့မယ် သူမမှာ
'အဖိုးဖြတ်မရသည့် ထောင်တန်သောင်းတန် လျှိ့ဝှက်နည်းကြီးကတော့' သူမဦးနှောက်ထဲမှာရှိသေးသည် !

ချူ းလျန်လည်း ရိုးစင်တဲ့ မုန့်လုပ်နည်းလေးကိုပြောပြတာကို ရှီးယန်က ဘာကြောင့် အရမ်းတွေကိုမှ ကျေးဇူးတွေ တင်နေတာလည်း နားမလည်နိုင်ပေ။ ဆက်လည်းတွေးမနေတော့ပေ။သူမက ဒီကမ္ဘာကိုရောက်နေမှာတော့ သူမ သိပြီးတဲ့ကိစ္စတွေကို အရမ်းသိချင်ပြီး လိကြမေးနေရင်လည်း မကောင်းပေ။

သူမ ရှီးယန်ကို ထွက်သွားတော့ရန် လက်ရမ်းပြလိုက်သည်။

" ကောင်းပါပြီ , ဒီလိုကိစ္စသေးသေးလေးကို အရေးတယူလုပ်နေတာတွေ ရပ်လိုက်ပါတော့။ မြန်မြန်သာ သွားပြီးတော့ ငါ့အတွက်
လိမ္မော်ယိုလေး လုပ်ပေးပါအုံး "

ရှီးယန်လည်း မျက်ရည်များကို သုတ်၍ နှာခေါင်းတရှုံ့ရှုံ့ ဖြင့် ပြုံ းရွှင်ကာ ဆိုလာသည်။

" ကောင်းပါပြီ..သခင်မလေး..ဒီမှာ ထိုင်ပြီးသာစောင့်နေပါ..ဒီအစေခံက မကြာခင် ပြန်လာပါ့မယ် "

ဖုယန် ကတော့ ရှီးယန်ထွက်သွားသည့် ပုံရိပ်ကို အလွန်အမင်း သဝန်တိုစွာ ကြည့်နေသည်။ သူမ မျက်လုံးများဟာ တောက်ပသွားွြားပြီး
ချူ းလျန်ကို စိတ်အားထက်သန်စွာနဲ့ စောင့်ရှောက်ပေးလာသည်။

သူမ အရိပ်အမြွက်လေး ပြောလာသည်။
" သခင်မလေး , သခင်မလေးက ရှီးယန်ကို ကောင်းကောင်းဆက်ဆံတာပဲ ! သူမကို လျှို့ဝှက်ချက်ပြုတ်နည်းတောင်မှ သင်ပေးလိုက်သေးတယ် ! "

ချူ းလျန် မျက်ခုံးတဖက် ပင့်သွားပြီး ရေတငုံသောက်နေလိုက်သည်။ သူမ ဖုယန်ဘက်သို့လှည့်လျက်
"ဟမ်? ဖုယန် , နင်လည်း အချို ပွဲဘယ်လိုလုပ်ရမလဲဆိုတာ သင်ချင်တာလား ? "

ဖုယန် မျက်လုံးများဟာ တဖျက်ဖျက်လဲ့လာပြီး
သူမရဲ့ လောဘစိတ်လေးကို အမြန် စိတ်ထဲကိုပြန်သွင်းလိုက်ပြီး
" ဒီအစေခံက သူ့လုပ်ခွင့်ကို ကျော်လွန်ပြီး မလုပ်ရဲပါဘူး ရှင် "

ချူ းလျန်လည်း နောက်ထပ် ပြောမလာတော့ပဲ
ဖုယန်မျက်လုံးထဲက ဖြတ်ပြေးသွားသော စိတ်ပျက်သွားမှုကိုတော့ သတိပြုလိုက်မိသည်။

ဝတ္ထု ထဲမှာဖတ်ခဲ့ရတဲ့အတိုင်းတော့ ဒီအစေခံတွေရဲ့ စရိုက်တွေကို သူမ မဆုံးဖြတ်ချင်ပေ။တခါတရံ လူဆိုးနဲ့လူကောင်းကြားမှာ ဘာအရံအတားမှ မရှိပေ။တခါတရံ လူဆိုးတယောက်က မှန်ကန်ရွှေးချယ်မှုလေးကို ရိုးရိုးလေးရွှေးပြီး လူကောင်းဖြစ်လာနိုင်တာပဲလေ။
ထို့ကြောင့် သူမလည်း သူတို့ကို လျင်လျင်မြန်မြန်ြကြီး မဆုံးဖြတ်ချင်ပေ။သူမက ထိုအစေခံလေးများကို ဆုံးဖြတိချက်မချခင် တရားမျှတစေဖို့ လမ်းညွှန်ပြပေးချင်သည်။

ရှီးယန်ကလည်း မြန်မြန်လုပ်ပေးနေခဲ့သည်။
11နာရီ မတိုင်ခင်ပဲ ယိုဘူးလေးကို ယူလာပေးသည်။ ဒီ အချိူ ပွဲက ပြုလုပ်ဖို့ တော်တော်လေးကို ရိုးရှငိးလွန်းသည်။

ရှီးယန် နှင်းဖြူရောင်ကြွေပန်းကန်လေးထဲသို့ လိမ္မော်ယိုလေးကို ထည့်လာပြီး ချူ းလျန်ရှေ့ကစားပွဲပေါ်သို့ အနည်းငယ် ရှက်သွေးဖြန်းလျက် ချပေးလာသည်။သူမ ချူ းလျန်ကို ပျော်လုံးစို့နေသည့် ပုံလေးဖြငိ့ ပြောလာသည်။

"သခင်မလေး ကျေးဇူးပြုပြီး စားကြည့်ပါအုံး။
ဒီအစေခံက ဒါကို ပထမဆုံးလုပ်တာ ဖြစ်တဲ့အတွက် စားမကောင်းမှာကို စိုးရွံ့မိပါတယ် "

လိမ္မော်သီး(kumquat)က နဂိုထဲက ရွှေအိုရောင် ဖြစ်သည်။ ထိုအသီးများကို ချက်ပြုတ်ပြီး ပျားရည်စိမ်လိုက်သောအခါ စားချင့်စဖွယ် ပုံစံလေးဖြစ်သွားသည်။လေးခြမ်းခြမ်း အစေ့ထာတ်ထားသည့်အတွက် ပြုတ်ပြီးနောက် အနည်းငယ်တော့ ပြားနေသည်။ လိမ္မော်ယိုကို ကြွေပန်းကန်ထဲထည့်ထားသည့်မြင်ကွငိးကလည်း
ပန်းလေးက ပွင့်လာတော့မည့်သယောင် အချင်းလည်း လှသည်။ စားပွဲပေါ်ကို ထိုပန်းကန်တင်လိုက်သော်အခါ အချဉ်ဓာတ်အနည်းငယ်စွတ်သွားသည့် ပျားရည်၏ မွှေးပျံ့ပျံ့ရနံ့လေးက လေထုထဲ အစားထိုး ဝင်ရောက်လာပြီး သွားရည် ယိုစေသည်။

{သွားရည် သုတ်လိုက်အုံးလေ🤪}

Continue Reading

You'll Also Like

11.7K 913 31
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...
817K 18.4K 35
Her Royal Highness The Princess Royal, is a beacon of regality, yet beneath her crown lies a woman determined to defy the conventional expectations o...
35.8K 5.3K 56
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း
9.9M 750K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...