ZAWGYI
ခ်ဴ းလ်န္ ေၾကာင္အမ္းအမ္း ျဖစ္ေနၿပီး ေဟးခ်န္ရဲ႕ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ပံုကို ေငးၾကည့္ေနမိသည္။ သူမစိတ္က ရႈပ္ေထြးေနသည့္အတြက္ သူမရဲ႕ မ်က္ခံုး ၂လႊာက တြန္းခ်ိဴ း နီးကပ္လုျဖစ္ေနခဲ့သည္။
သူမ စိတ္ေတြ ေထြျပားေနခဲ့သည္။ အေၾကာင္းက ဝတၳဳထဲက ေဟးခ်န္က ေအးေဆးေနတတ္ၿပီး သူရဲ႕ ဇနီး ခ်ဴ းလ်န္ကို လည္း ခ်စ္ေပးသည္။ သူက ရွားပါးတဲ့ အဖိုးတန္ ေယာက်ာ္းေကာင္းတစ္ေယာက္ သို႔ေပမယ့္ သူမနဲ႔ေတြ႕ေနတဲ့ ေယာက်ာ္းက ဇာတ္လိုက္နဲ႔ မတူဘူးျဖစ္ေနတယ္. . သူရဲ႕ ပံုပန္းသြင္ျပင္ကလႊဲလို႔ သူ႔ ဆက္ဆံေနပံုေတြက ဝတၳဳ နဲ႔ တက္တက္စင္ေအာင္ကို လႊဲေနတယ္။
ဝတၳဳထဲက ေဟးခ်န္က ဂုဏ္သိကၡာရွိၿပီး ေအးခ်မ္းတဲ့ လမင္းႀကီးဆို သူမေရွ႕က ေဟးခ်န္က သူသြားတဲ့ေနရာတိုင္းကို ေအးစက္မႈေတြကိုပဲေပးမယ့္ ညဘက္မွာတိုက္ခတ္တဲ့ ေလစိမ္း ေတြပဲ.!
ဒါက ဘယ္လို ျဖစ္ရတာလဲ?
ခ်ဴ းလ်န္ သူမဖတ္ခဲ့တဲ့ ဝတၳဳ ကို ဖင္တျပန္ေခါင္းတျပန္ စဥ္းစားခန္းဖြင့္လိုက္ေသာ္လည္း သူမ နားမလည္နိုင္ေသး. . အရာအားလံုးက ဝတၳဳထဲက အတိုင္းပါပဲ. .သူမ အေရွ႕က ေဟးခ်န္ ေရာက္မလာခင္အထိ ပဲ !
သူမအေရွ႕က လက္ကိုေနာက္ပစ္ၿပီး ရပ္ေနတဲ့ သတို႔သားအသစ္စက္စက္ေလးကေတာ့ သူ႔အက်ီ္လက္ကို ခါထုတ္လ်က္ နွလံုးသားကင္းမဲ့စြာနဲ႔ မဂၤလာအခန္းထဲက ထြက္သြားေလၿပီ။ သူသာဆက္ၿပီး သည္ သတို႔သမီးကို ၾကည့္ေနလ်ွင္ သူ႔မ်က္လံုး ကန္းေတာ့မည့္အတိုင္း. . .
ေဟးခ်န္ထြက္သြား ၿပီးတာနဲ႔ အေစခံ ကူ နဲ႔ ရွီးရန္ တို႔ ဒုန္းဆိုင္းဝင္လာခဲ့သည္။ သူတို႔ေတြ႕လိုက္ရတာက ၾကမ္းျပင္မွာ အကူအညီမဲ့စြာ ထိုင္ေနၿပီး မ်က္ဝန္းမ်ားက ဗလာက်င္းလ်က္ ဆံပင္မ်ား ရႈပ္ပြေနေသာ ခ်ဴ းလ်န္ကိုသာ. .ဇာမဏီ ေခါင္းေဆာင္းသည္လည္း အျမင္မသင့္စြာ ၾကမ္းျပင္၌ မြက်ဲေနသည္။အေစခံ ကူ လည္း ကူကယ္ရာမဲ့စြာ ၾကည့္ေနမိသည္။
"သခင္မေလး ၆ . .ျမန္ျမန္ မတ္တပ္ရပ္လိုက္ပါ . . ၾကမ္းျပင္က ေအးတယ္. .က်န္းမာေရးကို ဂရုစိုက္ရမယ္"
အေစခံကူလည္း သူမရဲ႕မ်က္လံုးေထာင့္ကို လက္ျဖင့္ တိတ္တဆိတ္သုတ္လိုက္ၿပီး ခ်ဴ းလ်န္ကို ထနိုင္ရန္ ကူေပးလိုက္ၿပီး အိပ္ယာေပၚသို႔ ပို႔ေပးလိုက္သည္။
ရွီရန္ကို ေရခ်ိဳ း ဖို႔ ေရေနႊးစပ္ခိုင္းလိုက္ၿပီး ခ်ဴ းလ်န္ကို အသံေဖ်ာ့ေဖ်ာ့ျဖင့္ ေမးလိုက္သည္။
" သခင္မေလး 6 . .သခင္ေလးနဲ႔ ဘာမ်ားျဖစ္သြားခဲ့တာလဲ? သခင္မေလး တခုခုျဖစ္သြားေသးလား? "
အေစခံ စကားေျပာမွ ခ်ဴ းလ်န္ အေတြးႏြံထဲမွ ထြက္လာခဲ့သည္။ ခ်ဴ းလ်န္ အိမ္ေတာ္က သူမ နဲ႔အတူ ပါလာေသာ အေစခံတို႔ကို ၾကည့္လ်က္ သနားစရာရုပ္ေလး ေပါက္မေနေအာင္ အတတ္နိုင္ဆံုး ၿပံဳးျပလိုက္သည္။ထိုအေစခံမ်ားသည္ ခ်ဴ းလ်န္အေပၚ စိတ္ရင္းအမွန္ျဖင့္ ဆက္ဆံေၾကာင္း ဖတ္ထားရ၍ ျဖစ္သည္။
"ဘာမွမျဖစ္ပါဘူး . .စိတ္ပူစရာမလိုေတာ့ပါဘူး မိုမို ။ ရွီရန္ နဲ႔အျခားသူေတြက္ုသာ ေရခ်ိဴ းဖို႔အတြက္ ျမန္ျမန္ ျပင္ခိုင္းေပးပါ. .ကြၽန္မ ဒီဝတ္ရံုကို အျမန္လဲ ခ်င္ေနၿပီ"
{မုိုမိုက လက္ထပ္ထားၿပီးတဲ့ အသက္ႀကီးတဲ့ အေစခံေတြကို ေလးစားသမႈ ေခၚတာပါတဲ့}
ခ်ဴ းလ်န္က ေခါင္းစဥ္ေျပာင္းေျပာလိုက္တဲ့အတြက္ ကူ သည္လည္း ဆက္ေျပာလို႔ မသင့္၍ ၿငိမ္ေနလိုက္သည္။
သို႔ေသာ္လည္း သူမ၏ စိတ္ပူမႈကို မထိန္းခ်ဴပ္နိုင္၍ " သခင္မေလး ၆ . .ဘာေတြပဲျဖစ္လာလာ သခင္မေလး ေဘးမွာ ကြၽန္မနဲ႔ဲ႔ အျခားသူေတြက အၿမဲ အဆင္သင့္ရွ္ေနမွာပါ ! " ဟု စိုးရိမ္းတႀကီးေျပာလိုက္သည္။
ခ်ဴ းလ်န္လည္း အမွတ္တမဲ့သာ ေခါင္းၿငိမ့္လိုက္သည့္အတြက္ ကူ လည္း စိတ္တို႔ပို၍ပင္ ေလးလံသြားသည္။
ဖူရန္ ခ်ဴ းလ်န္ကို ေရခ်ိဴ းရန္ ကူညီေပးေနစဥ္ ခ်ဴ းလ်န္ လည္းပင္းမွ လက္အရာကို ေတြ႕သြား၍ ထခုန္မိမတတ္ျဖစ္သြားသည္။ ဖူရန္လည္း စိတ္ကို တည္ၿငိမ္ေအာင္ ျပန္ထိန္း ၍ ခ်ဴ းလ်န္ကို ဘာမွေမးမေနပဲ သူမမသိလိုက္ခင္ ကူ ကို ေျပာရန္သာဆံုးျဖတ္လိုက္သည္။
ခ်ဴ းလ်န္ ေရပူျဖင့္ စိမ္ခ်ိဴ းလိုက္ၿပီးေနာက္ အနီေရာင္ ညအိပ္ဝတ္ရံုအပါးေလးသာ ဝတ္ဆင္လိုက္သည္။ ထို္မွသာ တေနကုန္နီးပါး သယ္ပိုးထားရေသာ အေဆာင္အေယာင္ေၾကာင့္ကိုက္ခဲမႈမ်ားနွင့္ ေဟးခ်န္ ေပးခဲ့ေသာ ဒဏ္ရ
ာမ်ားက အနည္းငယ္သက္သာလာခဲ့သည္။
ခ်ဴ းလ်န္ ေရခ်ိဴ းခန္းကထြက္လာခ်ိန္တြင္ မင္ရန္က မဂၤလာကုတင္ကို ျပင္ဆင္ၿပီးၿပီျဖစိသည္။ ဖူရန္ကသူမကို တြဲ၍ မိတ္ကပ္ျဖတ္ရန္ ကူညီေပးၿပီး သူမ လက္ဖက္ရည္ေမႊး တခြက္ေသာက္ၿပီးခ်ိန္တြင္ေတာ့ ည၉နာရီ ရွိေနၿပီျဖစ္သည္။
သတို႔သားတေယာက္အေနျဖင့္ ယခုအခ်ိန္သည္ ေရာက္ေနသင့္ၿပီ ျဖစ္သည္။
ခ်ဴ းလ်န္ လည္း ေဟးခ်န္ရဲ႕ ဆက္ဆံပံု အျပဳအမူ တို႔ ဘာေၾကာင့္ ေျပာင္းသြားမွန္းမသိေပမယ့္လည္း သူမ စိတ္ရွည္ရွည္သာ ေစာင့္ေနလိုက္သည္။
ေနာက္ဆံုးတြင္ေတာ့ အစိမ္းေရာင္ ဝတ္ထားသည့္ အေစခံတဦး ေရာက္လာခဲ့သည္။
"သခင္မေလး . .သခင္ေလးက မင္းသားအခ်ိဴ ႕နဲ႔ သူ႔ရဲ႕ အေဖာ္တခ်ိဴ ႕က ေသရည္အတင္းတိုက္ၾကလို႔ အရမ္းမူးေနတဲ့အတြက္ စာၾကည့္ခန္းမွာပဲ ေနလိုက္ေတာ့မယ္ေျပာပါတယ္ ငခင္မေလးကိုလည္း ေစာေစာနားဖို႔ မွာလိုက္ပါတယ္"
ထိုအေစခံ စကားကို ၾကားေသာ္အခါ ကူနွင့္ အျခားအေစခံမ်ားလည္း အံ့ၾသ ထိတ္လန္႔ကုန္ၾကသည္။
မဂၤလာသတို႔သားက မဂၤလာခန္းထဲကို မလာေတာ့ဘူး? !!
ဒီသတင္းသာ အျပင္ကို ပ်ံ့နွ႔႔ံ သြားရင္ သူတို႔သခင္မေလး ဘယ္လို ေခါင္းေဖာ္နိုင္ေတာ့မလဲ?
"သခင္မေလး. .ဒါကဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ ဒီအေစခံအိုကို သခင္ေလးကို သြားေခၚဖို႔ အတြက္ တေယာက္ေယာက္ကို ေစလႊတ္ဖို႔ မခိုင္းရတာလဲ? " အေစခံကူ သည္လည္း နားမလည္နိုင္ ျဖစ္ေနရသည္။' ေဟးခ်န္က ဘာေၾကာင့္ မဂၤလာအခန္းကို မလာရတာလဲ? မိသားစု ၂ခုကလည္း တခါမွ ပဠိပကၡမျဖစ္ဖူးပါဘူး သခင္မေလးဟာလည္း ေဟးစန္းလန္ကလႊဲလို႔ အျခားဘယ္သူ႔ကိုမွ လက္မခံခဲ့ဖူးဘူး သခင္ေလး နဲ႔ သခင္မေလး ၂ေယာက္လံုးကလည္း မဂၤလာပြဲမတိုင္ခင္အထိ မေတြ႕ဖူးၾကပဲနဲ႔ ျပသနာျဖစ္သြားတယ္ဆိုတာ ဘယ္လို လုပ္ျဖစ္နိုင္အံုးမလဲ?'
သို႔ေပမယ့္လည္း ခ်ဴ းလ်န္က ေခါင္းကိုသာ ရမ္ူလိုက္လ်က္ လာအေၾကာင္းၾကားသည့္အေစခံကို ျပန္သြားေစလိုက္သည္။
"အဲ့လို လုပ္ဖို႔ မလိုပါဘူး. .မိုမို တို႔အားလံုး အိပ္ယာဝင္ၾကပါေတာ့ ေဟးခ်န္ကို သြားေခၚစရာမလိုပါဘူး သူ႔ဟာသူသာ လာပါလိမ့္မယ္"
ခ်ဴ းလ်န္ကေတာ့ စိတ္ေပါ့ေပါ့ျဖင့္ထိုစကားကို ေျပာလိုက္နိုင္သည္။ အေၾကာင္းမွာ မၾကာေသးခင္က သူမသာ သိလိုက္သည့္ အျဖစ္ပ်က္ေၾကာင့္ပင္။ေဟးခ်န္ သူမအား ေသေစနိုင္သည္အထိ ျပဳလုပ္ခဲ့ၿပီး ေနာက္ဆံုး သူမအသက္ေလး ထြက္စခ်ိန္မွသာ လႊတ္ေပးခဲ့ေလသည္။ သူမေၾကာက္လန္႔မိေသာ္လည္း အသက္ရွင္ေသးသည္။
ေဟးခ်န္သည္ အမူးလြန္ေနၿပီဟု ဆိုကာ လာရန္ ျငင္းဆန္လိုက္သည္။ အေၾကာင္းကိုရိပ္မိလိုက္ေသာ သူမကလည္း အဘယ္ေၾကာင့္ သြားေခၚခိုင္းရမည္နည္း။ သူလာစဥ္က သူ႔ဆီက အရက္နံ႔အနည္းငယ္ေတာင္ သူမ မရလိုက္. .တမင္ကို ရည္ရႊယ္ခ်က္ရွီရွိ အနိုင္က်င့္ေနတာပဲ!!!
အဲ့တာကို ဘာေၾကာင့္ အနိုင္က်င့္ေနတာလဲလို႔ သြားေမးရမွာလား?
ၿပီးေတာ့ေရာ မဂၤလာဦးညမွာ သတို႔သားကမလာလို႔ သြားေခၚရတဲ့သတို႔သမီးေကာဘယ္မွာ ရွိဖူးလို႔လဲ?
"သခင္မေလး!" ဖူရန္လည္း သြားအိပ္ဖို႔ကို ျငင္းဆန္၍ " သခင္ေလးက ဘာေၾကာင့္ ခုလိုလုပ္ရတာလဲ? သခင္မေလးက သူတရားဝင္လက္ထပ္ထားတဲ့ တဦးတည္းေသာ ဇနီးပါ"
"ေကာင္းပီ ေကာင္းပီ ကိုယ္လက္သန္႔စ္႔စင္ၿပီး အိပ္ယာဝင္ေတာ့ . .ငါတို႔မနက္ျဖန္လည္း ေစာေစာထရအံုးမယ္ မင္းဒီမွာ မေက်မနပ္ျဖစ္ေနလည္း ဘာမွ ျဖစ္မလာဘူး"
အေစခံ ကူ လည္း အျခားလူမ်ားကို သူမ နွငိ့အတူ အျပင္သို႔ေခၚသြား၍ ခ်ဴ းလ်န္ကို အခန္းထဲ၌ တေယာက္ထဲ ထားေပးခဲ့သည္။
ခ်ဴ းလ်န္အခန္းထဲ တေယာက္ထဲ ထိုင္ေနၿပီး ျဖစ္ပ်က္ခဲ့သမ်ွ အားလံုးနွင့္ ဝတၳဳ ကို ျပန္၍ စဥ္းစားခန္းဖြင့္ေနလိုက္သည္။ ထို႔ေနာက္ အိပ္ယာေပၚ တင္ထားေသာ အျဖဴေရာင္ ပိတ္စကို ယူလိုက္သည္။ ထို႔ေနာက္ သူမရွာေတြ႕ထားသည့္ ေၾကးေခ်ာင္း အခြၽြၽန္နွငိ့ သူမရဲ႕ လက္သန္းႂကြယ္ ေသြးထြက္ေအာင္ လုပ္လိုက္ၿပီး ထိုပိတ္စေပၚသို႔ ေသြးကို ခ်လိုက္သည္။ ထို႔ေနာက္ ပိတ္စ ကို ျပန္ထားလိုက္သည္။
ခ်ဴ းလ်န္သည္ သူမရဲ႕ ၂၁ရာစုေခတ္၌ သူမငယ္ငယ္တုန္းထဲက မိဘမဲ့ေဂဟာသို႔ အျပစ္ခံခဲ့ရၿပီး ဆင္းဆငိးရဲရဲ ရွငိသန္ခဲ့ရသူျဖစ္သည္။သူမဘဝကို သူမကိုယ္တိုင္သာ လမ္းေၾကာင္းခဲ့ရၿပီး မ်က္နာနွစ္ဖက္ေနနည္းကို သင္ယူက်င့္သံုး၍ သူမ၏ ဘဝလမ္းေၾကာင္းဟာလည္း အျခားလူမ်ားနွင့္ရင္ေဘာင္တန္း ေနထိုင္နိုင္ခဲ့သည္။ ခ်ဴ းလ်န္သည္ အျပစ္ကင္းစင္ေသာ မိန္းကေလး တေယာက္ေတာ့ မဟုတ္ေပ။သို႔ေပမယ့္ သူမက စမတ္က်က်ေနၿပီး ျပတ္သားခိုင္မာသူျဖစ္သည္။ ထိုအေျခေနကို ဘယ္လိုေျဖရွငိး ရမလဲဆိုသည္ကိုလည္း သူမေကာင္းစြာသိသည္။
သူမ ျပည့္စံုၿပီး အားက်ဖြယ္ ရိုမန္႔ေလးကိုလိုခ်င္ေသာ္လည္း သူမက အရူး လံုးလံုးေတာ့မဟူတ္ေသးေပ။
ျဖစ္ခဲ့သမ်ွ အားလံုးကလည္း သူမရဲ႕ စိတ္ေလးကို အစာေကြၽးေနတာ လံုေလာက္ေနေပၿပီ။ သူမစဥ္းစားမိေနတာကလည္း ယခု ေဟးခ်န္သည္လည္း ဝတၳဳ ထဲက ေဟးခ်န္ေတာ့မျဖစ္နိုင္ေပ။ သူလည္း သူမလိုပဲလား?
ခ်ဴ းလ်န္ လည္း သူမရဲ႕အေတြးကို မွန္သည္ဟု ထင္လိုက္သည္။ အျခားတေယာက္က ေျခနဲ႔တက္နင္းခံရေလာက္ဖို႔အထိ သူမ မေပ်ာ့ညံ့ေသးေပ။
ခ်ဴ းလ်န္ လည္း ယခုအျဖစ္ပ်က္မ်ားကို နားမလည္နိုင္ေသးေသာ္လည္း ထပ္ အနိုင့္က်င့္ခံဖို႔ကိုေတာ့ ထိုင္ေစာင့္ေနမည့္သူမဟုတ္။အကယ္၍ ေဟးခ်န္သာ ဝတၳဳ ထဲကအတိုင္းဆို သူနဲ႔ဆက္ကစားေပးၿပီး သူမရဲ႕ တကယ့္ေယာက်္ားလို ဆက္ဆံေပးမည္ျဖစ္သည္။အကယ္၍ ထိုေဟးခ်န္သာ မဟုတ္ပဲ အမိႈက္ေကာင္ဆိုလ်ွင္ေတာ့ သူမ လည္း အၿငိမ္ေနမည္မဟုတ္ေပ!
သူမရဲ႕ အေတြးေတြကို ျဖတ္ေတာက္လိုက္ၿပီး အနီေရာင္ေဆာင္ကို လႊမ္းလ်က္ အိမ္မက္ ကမၻာထဲသို႔ အျမန္ပင္ ဝင္ေရာက္လိုက္သည္။
______×______________
"ဒီမွာ ဘာေတြျဖစ္ေနတာလဲ!? "
"သခင္ေလးကို ျပန္ေျဖပါတယ္ သခငိမေလး အေစာထဲက အိပ္သြားပါၿပီ"
"ဘာ!" လက္ေနာက္ပစ္လ်က္ ရပ္ေနေသာ ေဟးခ်န္သည္ ခ်က္ခ်င္းပင္ လက္သီးဆုတ္လိုက္ၿပီး လက္ဆစ္မ်ားပင္ အျဖဴေရာင္ေျပာင္းသြားသည္အထိပင္။
ခ်ဴ းလ်န္ရဲ႕ တံု႔ျပန္လိုက္ပံုက ေဟးခ်န္ မွန္းထားသကဲ့သို႔ မဟုတ္ေပ။ သူက သူမကို တမင္သက္သက္ သိကၡာက်ေစရန္ မလာပဲ ေနလိုက္ျခင္းျဖစ္သည္။ သို႔ေပမယ့္လည္း ထို မိန္းမက ဒီအေျခေနမွာေတာင္ ေကာင္းေကာင္းအိပ္နိုင္ေနေသးသည္။
ေဟးခ်န္ အတိတ္ဘဝက အျဖစ္အပ်က္မ်ားကို ျပန္စဥ္းစားလိုက္ရင္း သူရဲ႕ စိတ္ထဲမာ နာက်ည္း မုန္းတီးမႈမ်ားျဖငိ့သာ ႀကီးစုိးသြားခဲ့သည္။သူ႔ရဲ႕ မဂၤလာပြဲကို မေျပာင္းလဲနိုင္ခဲ့ေပမယ့္လည္း ထိုမိန္းမကို ေအးေအးခ်မ္းခ်မ္း ေနခြင့္မေပးနိုင္ေတာ့ေပ။ ထိုသို႔မွမဟုတ္လ်င္ အတိတ္ဘဝက သူမေပးခဲ့သည့္ နာက်င္မႈတို႔ကို ဘယ္လိုျပန္ကုစားနိုင္ေတာ့မလဲ?
အခ်ိဳ ႕လူမ်ား သူတို႔၏ မဂၤလာဦးညကို ေရႊကဲ့သို႔ တန္ဖိုးထားၾကေသာ္လည္း ေဟးခ်န္ကေတာ့ အတတ္နိုင္ဆံုးအျမန္ကုန္ဆံုး ခ်င္ေနၿပီျဖစိသည္။ မနက္ျဖန္က် အပ်ိဴ စစ္ေၾကာင္းျပမည့္ထိုပိတ္ျဖဴ ကိစၥေၾကာင့္ ျဖစ္သြားမည့္ သူမ၏ ရုပ္ကို ျမင္ရဖို႔ မေစာင့္နိုင္ ျဖစ္ေနေပသည္။ {ခ်ဴ းခ်ဴ းက လက္ခလယ္တဲ့😆}
မွန္းထားသည့္အတိုင္းပင္ ေနမထြက္ခင္ပင္ခ်ဴ းလ်န္ သူမရဲ႕ အပူပင္ကင္းစြာ အိပ္စက္မႈႀကီးကေန နိုးထလာခ်ိန္ အိပ္ယာေဘး၌ အက်ီၤ ခြၽတ္ေနသည့္အသံတိုးတိုးကို ၾကားေနသည္။
သူမမ်က္လံုးကိုအနည္းငယ္ဖြငိ့ၿပီး ၾကည့္လိုက္သည္။ ထိုလူသည္ အရမ္းမေတာင့္ေျဖာင့္ေသာ္လည္း အရမ္းလည္းပိန္မေနပဲ ၾကည့္ေကာင္းသည့္ကိုယ္ထည္နွငိ့ ရွည္လ်ားေသာ မ်က္ခံုးတစံုနွင့္ ေခ်ာေမာေသာမ်က္နာသြင္ျပင္ကို မၿငိမ္းေသးေသာ ဖေယာင္းတိုင္အလင္ူျဖင့္ ျမင္ေနရသည္က စစ္နတ္ဘုရားသဖြယ္ပင္။
ထိုအေျခေနကေတာ့ အမွန္ကို ဝတၳဳထဲကအတိုင္းပင္!
သို႔ေသာ္လည္း ေဟးခ်န္၏ ေျပာင္းလဲေနမႈမ်ားေၾကာင့္ သူမ မ်က္လံုးကိုအေပၚသို႔သာပင့္တင္လိုက္ၿပီး မ်က္လံုးမိွတ္ကာ ျပန္အိပ္ရန္ ျပင္လိုက္သည္။
ေဟးခ်န္ က်န္းမာေကာင္းသည့္သူ ျဖစ္ေသာ္လည္း ေဆာင္းတြင္းကို စာၾကည့္ခန္းထဲ၌သာ ညဝက္ခန္႔ အခ်ိန္ျဖဳန္းျခင္းက အဆင္မေျပျဖစ္ၿပီး သူ႔တကိုယ္လံုး ေအးစက္ေနခဲ့သည္။
ဝင္မအိပ္ခင္ သူ႔ရဲ႕အေပၚဝတ္ရံုကို ေဘးသို႔ပစ္လိုက္ၿပီး ခန္းဆီးကို မလိုက္ခ်ိန္ ေတြ႕လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ တည္ၿငိမ္ေနၿပီ ျဖစ္ေသာ သူ၏ စိတ္အစဥ္ကို ဓာတ္ဆီျဖင့္ ေလာင္ူလိုက္ကဲ့သို႔ ျဖစ္သြားရျပန္သည္။
ခ်ဴ းလ်န္သည္ ေစာင္ပံုထဲ ေကြးေနၿပီး သူမ၏ ဆံပင္မ်ားက အနည္းငယ္ ပြေယာင္းလ်က္ နႈတ္ခမ္းစြန္းမ်ားကလည္း အေပၚသို႔ ေကာ့ညႊတ္ေနသေယာင္ ေနႊးေနႊးေထြးေထြးကို အိပ္ေပ်ာ္ေနသည္။ သူမက အရမ္းကိုအဆင္ေျပေနၿပီးအနည္းငယ္ေတာင္ အဆင္မေျပ မျဖစ္ေနေပ !
သူေတာ့ စာၾကည့္ခန္းထဲ အေအးဒဏ္သြားခံ. .ခံစားခ်က္ေတြနဲ႔ တခ်ိန္လံုး ျပည့္ေနၿပီး . .ညစာကိုေတာင္ ေကာင္းေကာင္းမစားနိုင္ခဲ့ေပ။ သူမကို ေအးစက္စက္ ဆက္ဆံမယ့္ သူရဲ႕ အစီစဥ္က ဂြမ္းစကို လက္သီးနဲ႔ထိုးေနသလိုပင္ သက္ေရာက္မႈမရွိေပ။
အပူပင္ကင္းကင္းအိပ္ေနေသာ ခ်ဴ းလ်န္ကိုၾကည့္၍ ေဟးခ်န္ ရုတ္တရက္ဆိုသလို ခ်ဴ းလ်န္ၿခံဳထားေသာ ေစာင္ကို အားျပင္းျပင္းနွင့္ ေဆာင့္ဆြဲ လိုက္သည္။ သို႔ေသာ္ ပါလာသည္က ေစာင္သာမကပဲ ခ်ဴ းလ်န္လည္း ကုတင္အျပင္ဘက္ကုိ လိမ့္လာခဲ့သည္။
ခ်ဴ းလ်န္လည္း တေယာက္ထဲ အိပ္က်င့္ရွိသူျဖစ္ေသာေၾကာင့္ ေစာင္နွငိ့ကိုယ္ကို ပတ္ထားၿပီး အေနႊးဓာတ္ရေအာင္ လုပ္က်င့္ရွိသူျဖစိသည္။
ေဟးခ်န္လည္း စိတ္ပ်က္စြာ သက္ျပင္းခ်လိုက္၍ အျခားေစာင္တခုကိုသာ ထုတ္ယူလိုက္ၿပီး တိတ္တဆိတ္သာ အတြင္းဘက္သို႔ တက္၍ အိပ္ဖို႔ျပင္လိုက္သည္။ ေအးစက္ေနေသာ သူ႔ကိုယ္အတြက္ ေအးစက္ေနေသာေစာင္က ပိုလို႔ေတာင္ ဆိုးရႊားေစသည္။ ယခုဆို သူ႔ကိုယ္ေပၚတြင္ ေနႊးေနေသာေနရာ တကြက္မရွိ။
ခ်ဴ းလ်န္ သူမ၏ ေစာင္ကို ျပန္၍ တင္းတင္းၾကပ္ၾကပ္ ပတ္ထားလိုက္သည္။ သူမေတြးေနသည္က ထိုေဟးစန္းလန္ အေအးပတ္၍ ေသနိုင္သည္ဟူ၍။
ေဟးခ်န္ လည္း အိပ္စက္ရန္စိတ္ကုိၿငိမ္ေအာင္ထား၍ မ်က္လံုးမ်ားကိုပိတ္ထားလိုက္သည္။
အေနႊးဓာတ္ လံုလံုေလာက္မရေသးခင္ပင္ အေစခံမ်ားက ထရန္ လာနႈိးေနၿပီျဖစ္သည္။
ေဟးအိမ္ေတာ္ (က်င္းအန္ )မွအေစခံ၂ဦးလည္းေရာကိလာသျဖငိ့ အေစခံကူလည္း ကူကယ္ရာမဲ့စြာျဖငိ့ မေန႔ညက သခင္ေလး မလာခဲ့ျခင့္းေၾကာင့္ သခင္မေလး ေဟးအိမ္ေတာ္တြင္ မ်က္နာမေဖာ္နိုင္မွာ ကို စိုးထိတ္ေနသည္။
ထိုအခ်ိန္တြင္ပဲ အထဲမွ ခ်ဴ းလ်န္၏ ဝင္လာခဲ့ရန္ ေခၚသည္ကို ၾကားလိုက္ရသည္။
________________________
#Jingan (က်င္းအန္ )က ေဟးအိမ္ေတာ္ကို အပ္နွင္းထားတဲ့ ဘြဲ႕နမည္ပါ
UNICODE
ချူ းလျန် ကြောင်အမ်းအမ်း ဖြစ်နေပြီး ဟေးချန်ရဲ့ တောင့်တောင့်ဖြောင့်ဖြောင့်ပုံကို ငေးကြည့်နေမိသည်။ သူမစိတ်က ရှုပ်ထွေးနေသည့်အတွက် သူမရဲ့ မျက်ခုံး ၂လွှာက တွန်းချိူ း နီးကပ်လုဖြစ်နေခဲ့သည်။
သူမ စိတ်တွေ ထွေပြားနေခဲ့သည်။ အကြောင်းက ဝတ္ထုထဲက ဟေးချန်က အေးဆေးနေတတ်ပြီး သူရဲ့ ဇနီး ချူ းလျန်ကို လည်း ချစ်ပေးသည်။ သူက ရှားပါးတဲ့ အဖိုးတန် ယောကျာ်းကောင်းတစ်ယောက် သို့ပေမယ့် သူမနဲ့တွေ့နေတဲ့ ယောကျာ်းက ဇာတ်လိုက်နဲ့ မတူဘူးဖြစ်နေတယ်. . သူရဲ့ ပုံပန်းသွင်ပြင်ကလွှဲလို့ သူ့ ဆက်ဆံနေပုံတွေက ဝတ္ထု နဲ့ တက်တက်စင်အောင်ကို လွှဲနေတယ်။
ဝတ္ထုထဲက ဟေးချန်က ဂုဏ်သိက္ခာရှိပြီး အေးချမ်းတဲ့ လမင်းကြီးဆို သူမရှေ့က ဟေးချန်က သူသွားတဲ့နေရာတိုင်းကို အေးစက်မှုတွေကိုပဲပေးမယ့် ညဘက်မှာတိုက်ခတ်တဲ့ လေစိမ်း တွေပဲ.!
ဒါက ဘယ်လို ဖြစ်ရတာလဲ?
ချူ းလျန် သူမဖတ်ခဲ့တဲ့ ဝတ္ထု ကို ဖင်တပြန်ခေါင်းတပြန် စဉ်းစားခန်းဖွင့်လိုက်သော်လည်း သူမ နားမလည်နိုင်သေး. . အရာအားလုံးက ဝတ္ထုထဲက အတိုင်းပါပဲ. .သူမ အရှေ့က ဟေးချန် ရောက်မလာခင်အထိ ပဲ !
သူမအရှေ့က လက်ကိုနောက်ပစ်ပြီး ရပ်နေတဲ့ သတို့သားအသစ်စက်စက်လေးကတော့ သူ့အကျီလက်ကို ခါထုတ်လျက် နှလုံးသားကင်းမဲ့စွာနဲ့ မင်္ဂလာအခန်းထဲက ထွက်သွားလေပြီ။ သူသာဆက်ပြီး သည် သတို့သမီးကို ကြည့်နေလျှင် သူ့မျက်လုံး ကန်းတော့မည့်အတိုင်း. . .
ဟေးချန်ထွက်သွား ပြီးတာနဲ့ အစေခံ ကူ နဲ့ ရှီးရန် တို့ ဒုန်းဆိုင်းဝင်လာခဲ့သည်။ သူတို့တွေ့လိုက်ရတာက ကြမ်းပြင်မှာ အကူအညီမဲ့စွာ ထိုင်နေပြီး မျက်ဝန်းများက ဗလာကျင်းလျက် ဆံပင်များ ရှုပ်ပွနေသော ချူ းလျန်ကိုသာ. .ဇာမဏီ ခေါင်းဆောင်းသည်လည်း အမြင်မသင့်စွာ ကြမ်းပြင်၌ မွကျဲနေသည်။အစေခံ ကူ လည်း ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။
"သခင်မလေး ၆ . .မြန်မြန် မတ်တပ်ရပ်လိုက်ပါ . . ကြမ်းပြင်က အေးတယ်. .ကျန်းမာရေးကို ဂရုစိုက်ရမယ်"
အစေခံကူလည်း သူမရဲ့မျက်လုံးထောင့်ကို လက်ဖြင့် တိတ်တဆိတ်သုတ်လိုက်ပြီး ချူ းလျန်ကို ထနိုင်ရန် ကူပေးလိုက်ပြီး အိပ်ယာပေါ်သို့ ပို့ပေးလိုက်သည်။
ရှီရန်ကို ရေချို း ဖို့ ရေနွှေးစပ်ခိုင်းလိုက်ပြီး ချူ းလျန်ကို အသံဖျော့ဖျော့ဖြင့် မေးလိုက်သည်။
" သခင်မလေး 6 . .သခင်လေးနဲ့ ဘာများဖြစ်သွားခဲ့တာလဲ? သခင်မလေး တခုခုဖြစ်သွားသေးလား? "
အစေခံ စကားပြောမှ ချူ းလျန် အတွေးနွံထဲမှ ထွက်လာခဲ့သည်။ ချူ းလျန် အိမ်တော်က သူမ နဲ့အတူ ပါလာသော အစေခံတို့ကို ကြည့်လျက် သနားစရာရုပ်လေး ပေါက်မနေအောင် အတတ်နိုင်ဆုံး ပြုံးပြလိုက်သည်။ထိုအစေခံများသည် ချူ းလျန်အပေါ် စိတ်ရင်းအမှန်ဖြင့် ဆက်ဆံကြောင်း ဖတ်ထားရ၍ ဖြစ်သည်။
"ဘာမှမဖြစ်ပါဘူး . .စိတ်ပူစရာမလိုတော့ပါဘူး မိုမို ။ ရှီရန် နဲ့အခြားသူတွေက်ုသာ ရေချိူ းဖို့အတွက် မြန်မြန် ပြင်ခိုင်းပေးပါ. .ကျွန်မ ဒီဝတ်ရုံကို အမြန်လဲ ချင်နေပြီ"
{မိုမိုက လက်ထပ်ထားပြီးတဲ့ အသက်ကြီးတဲ့ အစေခံတွေကို လေးစားသမှု ခေါ်တာပါတဲ့}
ချူ းလျန်က ခေါင်းစဉ်ပြောင်းပြောလိုက်တဲ့အတွက် ကူ သည်လည်း ဆက်ပြောလို့ မသင့်၍ ငြိမ်နေလိုက်သည်။
သို့သော်လည်း သူမ၏ စိတ်ပူမှုကို မထိန်းချူပ်နိုင်၍ " သခင်မလေး ၆ . .ဘာတွေပဲဖြစ်လာလာ သခင်မလေး ဘေးမှာ ကျွန်မနဲ့ အခြားသူတွေက အမြဲ အဆင်သင့်ရှ်နေမှာပါ ! " ဟု စိုးရိမ်းတကြီးပြောလိုက်သည်။
ချူ းလျန်လည်း အမှတ်တမဲ့သာ ခေါင်းငြိမ့်လိုက်သည့်အတွက် ကူ လည်း စိတ်တို့ပို၍ပင် လေးလံသွားသည်။
ဖူရန် ချူ းလျန်ကို ရေချိူ းရန် ကူညီပေးနေစဉ် ချူ းလျန် လည်းပင်းမှ လက်အရာကို တွေ့သွား၍ ထခုန်မိမတတ်ဖြစ်သွားသည်။ ဖူရန်လည်း စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်း ၍ ချူ းလျန်ကို ဘာမှမေးမနေပဲ သူမမသိလိုက်ခင် ကူ ကို ပြောရန်သာဆုံးဖြတ်လိုက်သည်။
ချူ းလျန် ရေပူဖြင့် စိမ်ချိူ းလိုက်ပြီးနောက် အနီရောင် ညအိပ်ဝတ်ရုံအပါးလေးသာ ဝတ်ဆင်လိုက်သည်။ ထိုမှသာ တနေကုန်နီးပါး သယ်ပိုးထားရသော အဆောင်အယောင်ကြောင့်ကိုက်ခဲမှုများနှင့် ဟေးချန် ပေးခဲ့သော ဒဏ်ရ
ာများက အနည်းငယ်သက်သာလာခဲ့သည်။
ချူ းလျန် ရေချိူ းခန်းကထွက်လာချိန်တွင် မင်ရန်က မင်္ဂလာကုတင်ကို ပြင်ဆင်ပြီးပြီဖြစိသည်။ ဖူရန်ကသူမကို တွဲ၍ မိတ်ကပ်ဖြတ်ရန် ကူညီပေးပြီး သူမ လက်ဖက်ရည်မွှေး တခွက်သောက်ပြီးချိန်တွင်တော့ ည၉နာရီ ရှိနေပြီဖြစ်သည်။
သတို့သားတယောက်အနေဖြင့် ယခုအချိန်သည် ရောက်နေသင့်ပြီ ဖြစ်သည်။
ချူ းလျန် လည်း ဟေးချန်ရဲ့ ဆက်ဆံပုံ အပြုအမူ တို့ ဘာကြောင့် ပြောင်းသွားမှန်းမသိပေမယ့်လည်း သူမ စိတ်ရှည်ရှည်သာ စောင့်နေလိုက်သည်။
နောက်ဆုံးတွင်တော့ အစိမ်းရောင် ဝတ်ထားသည့် အစေခံတဦး ရောက်လာခဲ့သည်။
"သခင်မလေး . .သခင်လေးက မင်းသားအချိူ့နဲ့ သူ့ရဲ့ အဖော်တချိူ့က သေရည်အတင်းတိုက်ကြလို့ အရမ်းမူးနေတဲ့အတွက် စာကြည့်ခန်းမှာပဲ နေလိုက်တော့မယ်ပြောပါတယ် ငခင်မလေးကိုလည်း စောစောနားဖို့ မှာလိုက်ပါတယ်"
ထိုအစေခံ စကားကို ကြားသော်အခါ ကူနှင့် အခြားအစေခံများလည်း အံ့ဩ ထိတ်လန့်ကုန်ကြသည်။
မင်္ဂလာသတို့သားက မင်္ဂလာခန်းထဲကို မလာတော့ဘူး? !!
ဒီသတင်းသာ အပြင်ကို ပျံ့နှ့ံ့ သွားရင် သူတို့သခင်မလေး ဘယ်လို ခေါင်းဖော်နိုင်တော့မလဲ?
"သခင်မလေး. .ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီအစေခံအိုကို သခင်လေးကို သွားခေါ်ဖို့ အတွက် တယောက်ယောက်ကို စေလွှတ်ဖို့ မခိုင်းရတာလဲ? " အစေခံကူ သည်လည်း နားမလည်နိုင် ဖြစ်နေရသည်။' ဟေးချန်က ဘာကြောင့် မင်္ဂလာအခန်းကို မလာရတာလဲ? မိသားစု ၂ခုကလည်း တခါမှ ပဠိပက္ခမဖြစ်ဖူးပါဘူး သခင်မလေးဟာလည်း ဟေးစန်းလန်ကလွှဲလို့ အခြားဘယ်သူ့ကိုမှ လက်မခံခဲ့ဖူးဘူး သခင်လေး နဲ့ သခင်မလေး ၂ယောက်လုံးကလည်း မင်္ဂလာပွဲမတိုင်ခင်အထိ မတွေ့ဖူးကြပဲနဲ့ ပြသနာဖြစ်သွားတယ်ဆိုတာ ဘယ်လို လုပ်ဖြစ်နိုင်အုံးမလဲ?'
သို့ပေမယ့်လည်း ချူ းလျန်က ခေါင်းကိုသာ ရမ်ူလိုက်လျက် လာအကြောင်းကြားသည့်အစေခံကို ပြန်သွားစေလိုက်သည်။
"အဲ့လို လုပ်ဖို့ မလိုပါဘူး. .မိုမို တို့အားလုံး အိပ်ယာဝင်ကြပါတော့ ဟေးချန်ကို သွားခေါ်စရာမလိုပါဘူး သူ့ဟာသူသာ လာပါလိမ့်မယ်"
ချူ းလျန်ကတော့ စိတ်ပေါ့ပေါ့ဖြင့်ထိုစကားကို ပြောလိုက်နိုင်သည်။ အကြောင်းမှာ မကြာသေးခင်က သူမသာ သိလိုက်သည့် အဖြစ်ပျက်ကြောင့်ပင်။ဟေးချန် သူမအား သေစေနိုင်သည်အထိ ပြုလုပ်ခဲ့ပြီး နောက်ဆုံး သူမအသက်လေး ထွက်စချိန်မှသာ လွှတ်ပေးခဲ့လေသည်။ သူမကြောက်လန့်မိသော်လည်း အသက်ရှင်သေးသည်။
ဟေးချန်သည် အမူးလွန်နေပြီဟု ဆိုကာ လာရန် ငြင်းဆန်လိုက်သည်။ အကြောင်းကိုရိပ်မိလိုက်သော သူမကလည်း အဘယ်ကြောင့် သွားခေါ်ခိုင်းရမည်နည်း။ သူလာစဉ်က သူ့ဆီက အရက်နံ့အနည်းငယ်တောင် သူမ မရလိုက်. .တမင်ကို ရည်ရွှယ်ချက်ရှီရှိ အနိုင်ကျင့်နေတာပဲ!!!
အဲ့တာကို ဘာကြောင့် အနိုင်ကျင့်နေတာလဲလို့ သွားမေးရမှာလား?
ပြီးတော့ရော မင်္ဂလာဦးညမှာ သတို့သားကမလာလို့ သွားခေါ်ရတဲ့သတို့သမီးကောဘယ်မှာ ရှိဖူးလို့လဲ?
"သခင်မလေး!" ဖူရန်လည်း သွားအိပ်ဖို့ကို ငြင်းဆန်၍ " သခင်လေးက ဘာကြောင့် ခုလိုလုပ်ရတာလဲ? သခင်မလေးက သူတရားဝင်လက်ထပ်ထားတဲ့ တဦးတည်းသော ဇနီးပါ"
"ကောင်းပီ ကောင်းပီ ကိုယ်လက်သန့်စ့်စင်ပြီး အိပ်ယာဝင်တော့ . .ငါတို့မနက်ဖြန်လည်း စောစောထရအုံးမယ် မင်းဒီမှာ မကျေမနပ်ဖြစ်နေလည်း ဘာမှ ဖြစ်မလာဘူး"
အစေခံ ကူ လည်း အခြားလူများကို သူမ နှငိ့အတူ အပြင်သို့ခေါ်သွား၍ ချူ းလျန်ကို အခန်းထဲ၌ တယောက်ထဲ ထားပေးခဲ့သည်။
ချူ းလျန်အခန်းထဲ တယောက်ထဲ ထိုင်နေပြီး ဖြစ်ပျက်ခဲ့သမျှ အားလုံးနှင့် ဝတ္ထု ကို ပြန်၍ စဉ်းစားခန်းဖွင့်နေလိုက်သည်။ ထို့နောက် အိပ်ယာပေါ် တင်ထားသော အဖြူရောင် ပိတ်စကို ယူလိုက်သည်။ ထို့နောက် သူမရှာတွေ့ထားသည့် ကြေးချောင်း အချွျွန်နှငိ့ သူမရဲ့ လက်သန်းကြွယ် သွေးထွက်အောင် လုပ်လိုက်ပြီး ထိုပိတ်စပေါ်သို့ သွေးကို ချလိုက်သည်။ ထို့နောက် ပိတ်စ ကို ပြန်ထားလိုက်သည်။
ချူ းလျန်သည် သူမရဲ့ ၂၁ရာစုခေတ်၌ သူမငယ်ငယ်တုန်းထဲက မိဘမဲ့ဂေဟာသို့ အပြစ်ခံခဲ့ရပြီး ဆင်းဆငိးရဲရဲ ရှငိသန်ခဲ့ရသူဖြစ်သည်။သူမဘဝကို သူမကိုယ်တိုင်သာ လမ်းကြောင်းခဲ့ရပြီး မျက်နာနှစ်ဖက်နေနည်းကို သင်ယူကျင့်သုံး၍ သူမ၏ ဘဝလမ်းကြောင်းဟာလည်း အခြားလူများနှင့်ရင်ဘောင်တန်း နေထိုင်နိုင်ခဲ့သည်။ ချူ းလျန်သည် အပြစ်ကင်းစင်သော မိန်းကလေး တယောက်တော့ မဟုတ်ပေ။သို့ပေမယ့် သူမက စမတ်ကျကျနေပြီး ပြတ်သားခိုင်မာသူဖြစ်သည်။ ထိုအခြေနေကို ဘယ်လိုဖြေရှငိး ရမလဲဆိုသည်ကိုလည်း သူမကောင်းစွာသိသည်။
သူမ ပြည့်စုံပြီး အားကျဖွယ် ရိုမန့်လေးကိုလိုချင်သော်လည်း သူမက အရူး လုံးလုံးတော့မဟူတ်သေးပေ။
ဖြစ်ခဲ့သမျှ အားလုံးကလည်း သူမရဲ့ စိတ်လေးကို အစာကျွေးနေတာ လုံလောက်နေပေပြီ။ သူမစဉ်းစားမိနေတာကလည်း ယခု ဟေးချန်သည်လည်း ဝတ္ထု ထဲက ဟေးချန်တော့မဖြစ်နိုင်ပေ။ သူလည်း သူမလိုပဲလား?
ချူ းလျန် လည်း သူမရဲ့အတွေးကို မှန်သည်ဟု ထင်လိုက်သည်။ အခြားတယောက်က ခြေနဲ့တက်နင်းခံရလောက်ဖို့အထိ သူမ မပျော့ညံ့သေးပေ။
ချူ းလျန် လည်း ယခုအဖြစ်ပျက်များကို နားမလည်နိုင်သေးသော်လည်း ထပ် အနိုင့်ကျင့်ခံဖို့ကိုတော့ ထိုင်စောင့်နေမည့်သူမဟုတ်။အကယ်၍ ဟေးချန်သာ ဝတ္ထု ထဲကအတိုင်းဆို သူနဲ့ဆက်ကစားပေးပြီး သူမရဲ့ တကယ့်ယောက်ျားလို ဆက်ဆံပေးမည်ဖြစ်သည်။အကယ်၍ ထိုဟေးချန်သာ မဟုတ်ပဲ အမှိုက်ကောင်ဆိုလျှင်တော့ သူမ လည်း အငြိမ်နေမည်မဟုတ်ပေ!
သူမရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်ပြီး အနီရောင်ဆောင်ကို လွှမ်းလျက် အိမ်မက် ကမ္ဘာထဲသို့ အမြန်ပင် ဝင်ရောက်လိုက်သည်။
______×______________
"ဒီမှာ ဘာတွေဖြစ်နေတာလဲ!? "
"သခင်လေးကို ပြန်ဖြေပါတယ် သခငိမလေး အစောထဲက အိပ်သွားပါပြီ"
"ဘာ!" လက်နောက်ပစ်လျက် ရပ်နေသော ဟေးချန်သည် ချက်ချင်းပင် လက်သီးဆုတ်လိုက်ပြီး လက်ဆစ်များပင် အဖြူရောင်ပြောင်းသွားသည်အထိပင်။
ချူ းလျန်ရဲ့ တုံ့ပြန်လိုက်ပုံက ဟေးချန် မှန်းထားသကဲ့သို့ မဟုတ်ပေ။ သူက သူမကို တမင်သက်သက် သိက္ခာကျစေရန် မလာပဲ နေလိုက်ခြင်းဖြစ်သည်။ သို့ပေမယ့်လည်း ထို မိန်းမက ဒီအခြေနေမှာတောင် ကောင်းကောင်းအိပ်နိုင်နေသေးသည်။
ဟေးချန် အတိတ်ဘဝက အဖြစ်အပျက်များကို ပြန်စဉ်းစားလိုက်ရင်း သူရဲ့ စိတ်ထဲမာ နာကျည်း မုန်းတီးမှုများဖြငိ့သာ ကြီးစိုးသွားခဲ့သည်။သူ့ရဲ့ မင်္ဂလာပွဲကို မပြောင်းလဲနိုင်ခဲ့ပေမယ့်လည်း ထိုမိန်းမကို အေးအေးချမ်းချမ်း နေခွင့်မပေးနိုင်တော့ပေ။ ထိုသို့မှမဟုတ်လျင် အတိတ်ဘဝက သူမပေးခဲ့သည့် နာကျင်မှုတို့ကို ဘယ်လိုပြန်ကုစားနိုင်တော့မလဲ?
အချို့လူများ သူတို့၏ မင်္ဂလာဦးညကို ရွှေကဲ့သို့ တန်ဖိုးထားကြသော်လည်း ဟေးချန်ကတော့ အတတ်နိုင်ဆုံးအမြန်ကုန်ဆုံး ချင်နေပြီဖြစိသည်။ မနက်ဖြန်ကျ အပျိူ စစ်ကြောင်းပြမည့်ထိုပိတ်ဖြူ ကိစ္စကြောင့် ဖြစ်သွားမည့် သူမ၏ ရုပ်ကို မြင်ရဖို့ မစောင့်နိုင် ဖြစ်နေပေသည်။ {ချူ းချူ းက လက်ခလယ်တဲ့😆}
မှန်းထားသည့်အတိုင်းပင် နေမထွက်ခင်ပင်ချူ းလျန် သူမရဲ့ အပူပင်ကင်းစွာ အိပ်စက်မှုကြီးကနေ နိုးထလာချိန် အိပ်ယာဘေး၌ အကျင်္ီ ချွတ်နေသည့်အသံတိုးတိုးကို ကြားနေသည်။
သူမမျက်လုံးကိုအနည်းငယ်ဖွငိ့ပြီး ကြည့်လိုက်သည်။ ထိုလူသည် အရမ်းမတောင့်ဖြောင့်သော်လည်း အရမ်းလည်းပိန်မနေပဲ ကြည့်ကောင်းသည့်ကိုယ်ထည်နှငိ့ ရှည်လျားသော မျက်ခုံးတစုံနှင့် ချောမောသောမျက်နာသွင်ပြင်ကို မငြိမ်းသေးသော ဖယောင်းတိုင်အလင်ူဖြင့် မြင်နေရသည်က စစ်နတ်ဘုရားသဖွယ်ပင်။
ထိုအခြေနေကတော့ အမှန်ကို ဝတ္ထုထဲကအတိုင်းပင်!
သို့သော်လည်း ဟေးချန်၏ ပြောင်းလဲနေမှုများကြောင့် သူမ မျက်လုံးကိုအပေါ်သို့သာပင့်တင်လိုက်ပြီး မျက်လုံးမှိတ်ကာ ပြန်အိပ်ရန် ပြင်လိုက်သည်။
ဟေးချန် ကျန်းမာကောင်းသည့်သူ ဖြစ်သော်လည်း ဆောင်းတွင်းကို စာကြည့်ခန်းထဲ၌သာ ညဝက်ခန့် အချိန်ဖြုန်းခြင်းက အဆင်မပြေဖြစ်ပြီး သူ့တကိုယ်လုံး အေးစက်နေခဲ့သည်။
ဝင်မအိပ်ခင် သူ့ရဲ့အပေါ်ဝတ်ရုံကို ဘေးသို့ပစ်လိုက်ပြီး ခန်းဆီးကို မလိုက်ချိန် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် တည်ငြိမ်နေပြီ ဖြစ်သော သူ၏ စိတ်အစဉ်ကို ဓာတ်ဆီဖြင့် လောင်ူလိုက်ကဲ့သို့ ဖြစ်သွားရပြန်သည်။
ချူ းလျန်သည် စောင်ပုံထဲ ကွေးနေပြီး သူမ၏ ဆံပင်များက အနည်းငယ် ပွယောင်းလျက် နှုတ်ခမ်းစွန်းများကလည်း အပေါ်သို့ ကော့ညွှတ်နေသယောင် နွှေးနွှေးထွေးထွေးကို အိပ်ပျော်နေသည်။ သူမက အရမ်းကိုအဆင်ပြေနေပြီးအနည်းငယ်တောင် အဆင်မပြေ မဖြစ်နေပေ !
သူတော့ စာကြည့်ခန်းထဲ အအေးဒဏ်သွားခံ. .ခံစားချက်တွေနဲ့ တချိန်လုံး ပြည့်နေပြီး . .ညစာကိုတောင် ကောင်းကောင်းမစားနိုင်ခဲ့ပေ။ သူမကို အေးစက်စက် ဆက်ဆံမယ့် သူရဲ့ အစီစဉ်က ဂွမ်းစကို လက်သီးနဲ့ထိုးနေသလိုပင် သက်ရောက်မှုမရှိပေ။
အပူပင်ကင်းကင်းအိပ်နေသော ချူ းလျန်ကိုကြည့်၍ ဟေးချန် ရုတ်တရက်ဆိုသလို ချူ းလျန်ခြုံထားသော စောင်ကို အားပြင်းပြင်းနှင့် ဆောင့်ဆွဲ လိုက်သည်။ သို့သော် ပါလာသည်က စောင်သာမကပဲ ချူ းလျန်လည်း ကုတင်အပြင်ဘက်ကို လိမ့်လာခဲ့သည်။
ချူ းလျန်လည်း တယောက်ထဲ အိပ်ကျင့်ရှိသူဖြစ်သောကြောင့် စောင်နှငိ့ကိုယ်ကို ပတ်ထားပြီး အနွှေးဓာတ်ရအောင် လုပ်ကျင့်ရှိသူဖြစိသည်။
ဟေးချန်လည်း စိတ်ပျက်စွာ သက်ပြင်းချလိုက်၍ အခြားစောင်တခုကိုသာ ထုတ်ယူလိုက်ပြီး တိတ်တဆိတ်သာ အတွင်းဘက်သို့ တက်၍ အိပ်ဖို့ပြင်လိုက်သည်။ အေးစက်နေသော သူ့ကိုယ်အတွက် အေးစက်နေသောစောင်က ပိုလို့တောင် ဆိုးရွှားစေသည်။ ယခုဆို သူ့ကိုယ်ပေါ်တွင် နွှေးနေသောနေရာ တကွက်မရှိ။
ချူ းလျန် သူမ၏ စောင်ကို ပြန်၍ တင်းတင်းကြပ်ကြပ် ပတ်ထားလိုက်သည်။ သူမတွေးနေသည်က ထိုဟေးစန်းလန် အအေးပတ်၍ သေနိုင်သည်ဟူ၍။
ဟေးချန် လည်း အိပ်စက်ရန်စိတ်ကိုငြိမ်အောင်ထား၍ မျက်လုံးများကိုပိတ်ထားလိုက်သည်။
အနွှေးဓာတ် လုံလုံလောက်မရသေးခင်ပင် အစေခံများက ထရန် လာနှိုးနေပြီဖြစ်သည်။
ဟေးအိမ်တော် (ကျင်းအန် )မှအစေခံ၂ဦးလည်းရောကိလာသဖြငိ့ အစေခံကူလည်း ကူကယ်ရာမဲ့စွာဖြငိ့ မနေ့ညက သခင်လေး မလာခဲ့ခြင့်းကြောင့် သခင်မလေး ဟေးအိမ်တော်တွင် မျက်နာမဖော်နိုင်မှာ ကို စိုးထိတ်နေသည်။
ထိုအချိန်တွင်ပဲ အထဲမှ ချူ းလျန်၏ ဝင်လာခဲ့ရန် ခေါ်သည်ကို ကြားလိုက်ရသည်။
________________________
#Jingan (ကျင်းအန် )က ဟေးအိမ်တော်ကို အပ်နှင်းထားတဲ့ ဘွဲ့နမည်ပါ