{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

By whitekiddy

298K 40.9K 935

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... More

Description
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 1 လက္ထပ္ျခင္း

9.6K 725 8
By whitekiddy

<Unicode>

အနီရောင် သတို့သမီး ခေါင်းခြုံလွှာက သူမကိုလွှမ်းထားသည်။ ဇာထိုးခေါင်းခြူံလွှာကြားထဲက အပ်ကြောင်း ရာလေးတွေထဲကနေ သူမ
ကြည့်လိုက်တော့  ချစ်ခြင်းနဲ့မေတ္တာကိုရည်းညွှန်းတဲ့ ချစ်စရာဘဲငန်းရုပ်လေး၂ကောင်ကိုတွေ့ရတယ်။ ခေါင်းဆောင်းရဲ့အနားစွန်းမှာ တွဲခိုနေတဲ့ ပုလဲလုံးလေးတွေက သူမ လှုပ်ရှားမှုကြောင်း ဘယ်ညာ ယိမ်းနေတယ်. .

အေးချမ်းမှုက် ပေးတဲ့ အမွှေးရနံ့ကြောင့် အခန်းဟာလည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်. .

ချူးလျန် သူမရဲ့ ခေါင်းက ခြုံလွှာကို အနည်းငယ် မလိုက်ပြီး မင်္ဂလာခန်းတွင်းပြင်ဆင်မှုကို
စပ်စုကြည့်လိုက်တယ်။

ကလေးလက်မောင်းလောက်ရှိတဲ့ မင်္ဂလာ ဖယောင်းတိုင်းတွေက စားပွဲပေါ်မှာ ထွန်းထားပြီး အရှေ့မှာတော့ အနီရောင် ဥလေးတွေထည့်ထားတဲ့ ခြင်းကို ထားထားတယ်။သစ်မွှေးနဲ့လုပ်ထားတဲ့ ရာသီ၎င်းခုကို အသေချာထွင်းထားတဲ့ ပိတ်ကားကိုလည်း စားပွဲဘေးမှာထောင်ထားတယ်။ပိတ်ကားမှာ အရွှယ်စားတူတဲ့ လန်ရှန်ကျောက်စိမ်းတောင်ပါသေး. .

ဒါက ဝတ္ထု ထဲကနဲ့ ချွတ်စွပ်ပဲ!!

အံ့ဩ ပျော်ရွှင်မှု လှိုင်းလုံးကြီးက ချူးလျန်ရဲ့နှလုံးသားလေးကို ရိုက်ခတ်သွားတယ်။သူမ ဖတ်နေတဲ့ ဝတ္ထုထဲကို သူမ ရောက်သွားခဲ့တာပဲ ပြီးတော့ ဇာတ်လိုက်မ နေရာကို . .

သူမအခုရောက်နေတဲ့အချိန်က ဝတ္ထုရဲ့ အစပိုင်းပဲ. .

ချူးလျန် မယုံကြည်နိုင် ဖြစ်နေတယ်. .သူမက အခုဆို ဇာတ်လိုက်မနေရာ ရယုံမက ဝတ္ထုထဲက ချောမောပြည့်စုံတဲ့ ယောက်ကျေားလးကိုလည်း ရအုံးမယ် !

သူမကတော့ သူမရဲ့ မင်္ဂလာပွဲကို ဇာတ်လိုက်မ (ချူးလျန်) လုပ်သလို မဖောက်ပြန်ပါဘူး။
သူမ ကိုယ့်ကျင့်တရားကောင်းတဲ့ ဇနီးသည်လိုနေမယ်. .အပူပင်ကင်းကင်းနဲ့ ကိုယ်လူချောလေးနဲ့အတူ နေ့ရက်တွေဖြတ်သန်းမယ်. .အိမ်မှုကိစ္စတေလုပ်မယ် သူမ ၂၁ရာစုက
မလုပ်ခဲ့ရတာတွေ လုပ်ရမယ်. . .

သူမ အခုလို ဝတ္ထုကမ္ဘာထဲ{အချိန်ခရီးသွား} မလာနိုင်ခင် ဝတ္ထုကို ပြီးအောင်မဖတ်ရသေးတဲ့ အတွက် သူမ စိတ်မကောင်းတောင် ဖြစ်မိသွားတယ်။

ချူးလျန် အတွေးနွံထဲ နစ်နေချိန်မှာပဲ အပြင်ဘက်က ခြေသံကိုကြားလိုက်ရတယ်။ ချူးလန်အမြန်ပဲ ပုဝါကို ပြန်ချပြီး ကိုယ်အနေအထားကို ပြင်လိုက်တယ်။

ယောက်ယက်ခပ်စွာနဲ့ လာနေတဲ့အစေခံဖုရန်က "ခြောက်ယောက်မြောက်သခင်မလေး . .မင်္ဂလာပွဲ တက်ရောက်တဲ့သူတေနဲ့ သခင်လေး ရောက်နေပါပြီ"

အခြားအစေခံ ရှီရန်က ချူးလျန် ထရပ်နိုင်ရန် ဝတ်ရုံကိုကူမပြီး တွဲကိုင်ပေးလိုက်သည်။

ချူးလျန်ရဲ့ နှလုံးသားလေးကလည်း စိတ်လှုပ်ရှားမှုကြောင့် လည်ချောင်းကနေ ခုန်ထွက်မတက်ဖြစ်နေခဲ့တယ်။ တိတ်ဆိတ်နေတဲ့ အခန်းလေးကလည်း ကောင်းချီးပေးသံ အော်ဟစ်သံတွေနဲ့ ပြည့်နက်သွားခဲ့တယ်။

" စန်းလန် *3 မြန်မြန် ငါတို့ရဲ့ ယောင်းမလေး ဘယ်လိုလှလဲကြည့်ရအောင် ခြုံ လွှာကို မလိုက်"
"မှန်တယ်ဟေ့ ဟေးစန်းလန် ငါတို့မစောင့်နိုင်တော့ဘူး"

လူအုပ်ထဲကတယောက်က ရွှေရောင်အချောင်းလေးကို အစေခံဆီကနေ ဟေးမိသားစုရဲ့တတိယသခင်လေးကို ကမ်းပေးတယ်

"တတိယသခင်လေး ပုဝါကို မလိုက်တော့ သခင်လေးရဲ့ ဆန္ဒတွေပြည့်ဝပါစေ !"

အားလုံးဟာလည်း ကုတင်ပေါ်ထိုင်နေတဲ့ ချူးလျန်ဆီအကြည့်ရောက်နေကြတယ်။ သူတို့ဟေးမိသားစု ဝင် ဖြစ်လာတော့မယ် သူက ဘယ်လိုပုံရှိမလဲ သိချင်နေကြတယ်။

ပုဝါအောက်ခြေကနေ အနီရောင် ဝတ်ရုံရှည်ဖုံးနေတဲ့ အနက်ရောင်ဖိနပ်တစုံကိုတွေ့နေရတယ်။ ပုဝါ လှန်လိုက်ချိန်မှာတော့ ချူးလျန် နေရောင်ကြောင့် မျက်လုံးစူး သွားတဲ့အတွက် သူမရဲ့ ယောကျာ်းလေးကို ခဏပဲ ကြည့်လိုက်ရပြီး ပြန်ငုံ့ လိုက်ရတယ်။အယ်မွန်ပုံ မျက်လုံး အနီရောင်နှုတ်ခမ်း ပန်းရောင်ပါးပြင်  သူမရဲ့ပုံစံလေးက နှစ်လိုဖွယ်နဲ့ ချစ်စရာကောင်းနေခဲ့တယ်။

ဒုတိယသခင်လေးက " စန်းလန် ကံကောင်းလိုက်တဲ့ အမှိုက်လေး! " သူ၏ ညီလေးကိုပြောနေပေမယ့်လည်း ချူးလျန်ကို သူရဲ့ ခယ်မအဖြစ် အပြည့်ဝ အသိမှတ်ပြုကြောင်းပြနေခဲ့တယ်။

ဟေးချန်ကတော့ သူရဲ့သူငယ်ချင်းတွေက သောက်ဖို့ ခေါ်သွားတဲ့အတွက် ပါသွားတယ်။ သူမလည်း ဧည့်သည်တွေကို ဝတ်တရားအရ နှုတ်ဆက်ပြီးတဲ့အခါ အခန်းထဲပဲ ဝင်နေလိုက်တယ်။

ခဏပဲတွေ့လိုက်ရပေမယ့် အရမ်းချောလွန်းလို့ မျက်လုံးထဲမထွက်ဖြစ်နေတဲ့ သူကို ယောကျာ်းတော်ရမှာကို အိမ်မက်လို့ပဲ သူမ ထင်နေသေးတယ်။
သူမ စဉ်းစားမရတာက သူမယောကျာ်းလေးက ပျော်ရွှင်ဟန်တောင်မပြတဲ့အပြင် သူမကို သတိပေးသလို ရွှံရှာသလိုအကြည့်နဲ့ ကြည့်လိုက်တာကိုပဲ. .

ထိုအကြည့်ကို လျှပ်တပြက်မြင်လိုက်သော အစေခံ ကူ သည်လည်း အံ့ဩသွားရသည်။ ပြီးပြည့်စုံတဲ့ မိန်းမလှလေး တယောက်ကို မလိုချင်တဲ့ ယောကျာ်းသားဘယ်မှာရှိပါအံ့။သူမရဲ့အကြည့်ကို ချူးလျန်ထံသို့ ပို့လိုက်သောအခါ ချူးလျန်က ပြူံးပန်းဆင်လျက်ပင်။ သူမရဲ့ ရင်ထဲမှာ စိုးရိမ်စိတ်များသာ ကြီးစိုးသွားခဲ့သည်။ သူမ အမြင်မှားသည်ဟုသာ ဖြေလိုက်တော့သည်။

ဧည့်သည်တွေ အသီးသီးပြန်သွားကြသော်အခါ ချူးလျန်လည်း ကုတင်ပေါ်တွင်သာ ထိုင်လျက် ဇာမဏီခေါင်းဆောင်းကို ဖြုတ်ရန် လက်လှမ်းလိုက်သည်။ သို့ပေမယ့် ရှီးရန်၏ တားမြစ်ခြင်းခံလိုက်ရပြန်သည်။

"သခင်မလေး . . ထုံးထမ်းစဉ်လာအရ သခင်လေး ဟေး ကိုယ်တိုင် ခေါင်းဆောင်းကို ဖြုတ်ပေးရမှာပါ "

ချူးလျန်လည်း မတတ်နိုင်တဲ့အဆုံး သူမရဲ့ နာကျင်နေတဲ့ လည်တိုင်ကိုသာ ညောင်းညာပြေသွားအောင် လုပ်လိုက်တော့သည်။

"ခ်ခ် . . သိပ်မကြာခင် သခင်လေး ဟေး ကြာကြာမနေပဲ ပြန်လာတော့မှာပါ သခင်မလေး  "

ရှီးရန်၏ ကျီစယ်မှုကြောင့် ချူးလျန် ပါးပြင်တို့ နီးမြန်းလာခဲ့သည်။ တိတ်ဆိတ်မှုကိုသာ လက်ကိုင်ထားနေတဲ့ သူမ ဘာမှပြန်ပြောမနေပဲ တိတ်တဆိတ်သာနေခဲ့သည်။

ချူးလျန် အစေခံများကို လက်ဆောင် ပစ္စည်းများ အပြင်ကို ထုတ်သွားဖို့ စေခိုင်းလိုက်သည်။
သိပ်မကြာခင်ပဲ အစေခံကူ က ဟေးချန် ရောက်လာပြီ ဖြစ်ကြောင်း ပြောလာသည်။ ဟေးချန်နဲ့ ဓလေ့ထုံးစံကို ပြောကြားပေးမယ့် အစေခံအို တစ်ဦးသာ ရောက်လာခဲ့သည်။

ထိုအစေခံ လည်း ရှီးရန်ကို မင်္ဂလာသေရည် ယူလာပေးရန် ညွှန်ကြားလိုက်သည်။

" သခင်လေး ဟေးနဲ့ သခင်မလေး ဟေး. .ဒီမင်္ဂလာသေရည်သောက်ပြီးတာနဲ့ ဘဝကို အေးအတူ ပူအမျှ  အတူတူ ဖြတ်သန်းနိုင်ကြပါစေ !"  ထိုအစေခံအိုမှ ပြုံးပန်းဆင်လျက်ပင် ကောင်းချီး ပေး ပြောကြားလိုက်သည်။

ဟေးချန်လည်း  ကုတင်ရှေ့မှာ တောင့်တောင့်ကြီးသာ ရပ်နေပြီး သေရည်ခွက်ကို ယူလိုက်သည်။ အခန်းထဲရှိလေထုလည်း အနည်းငယ်အေးစက်လာသည်။အစေခဲအိုလည်း အနည်းငယ်ကြောင် စီစီ ဖြစ်၍ နဖူးမှ ချွေးအေးများကို ခိုးသုတ်လိုက်ပြီးမှ အားယူပြုံးလျက် သေရည်ခွက်ကို ချူးလျန်ကို ပေးလိုက်သည်။ သေရည်သောက်ပြီးတဲ့အခါ ဟေးချန် ခေါင်းဆောင်းကို ချွတ်ပေးရန်ပြောပြီး ရှေ့လျောက်ဖြတ်သန်းရမယ့် နေ့တွေမှာ ငြိမ်းချမ်းမှု ရှေ့သွားနောက်လိုက်ညီမှုတို့ ဖြစ်စေရန်ဖြစ်ကြောင်း ပြောလိုက်သည်။

ထိုအစေခံအိုမှာ ကောင်းချီး ပေးမှု စကားတို့ပြော၍ မဆုံးသေးခင်တွင် ဟေးချန်၏ အေးသက်စက်အသံက ထွက်လာခဲ့သည်။
"ကောင်းပြီ မင်းပြန်လို့ရပြီ"

အစေခံလည်း အနည်းငယ်ကြောင်သွားပြီး
"သခင်လေးတို့ မသောက်ရသေး. . "

ဟေးချန်ရဲ့ အသံက ဒေါသသံအနည်းငယ်စွပ်လာပြီး ပို၍အေးစက်လာခဲ့သည်။
" မင်း ငါပြောတာမကြားဘူးလား? "

အစေခံအိုသည်လည်း အစေခံသာသာ သာ ဖြစ်သည့် ပြန်မပြောနိုင်ပဲ ထွက်လာခဲ့ရသည်။
ဟေးချန် အခန်းထဲရှိ လူများအားလုံးကို ထွက်သွားစေလိုက်သည်။ချူးလျန်လည်း အမှန်ဆို ဝတ္ထုထဲကဒီအခန်းက အေးအေးချမ်းချမ်းပဲ ပြီးသွားတယ်ဆိုတာကို တွေးနေခဲ့တယ်။ ထိုအဖြစ်ပျက်များက ဝတ္ထုထဲက နဲ့ အနည်းငယ် သွေဖယ်နေတဲ့အတွက် စဉ်းစားခန်းဖွင့်နေပြီးမှ မော့ကြည့်လိုက်မိသည်။

သူမ ပထမဆုံးမြင်လိုက်ရတာက သပ်သပ်ရပ်ရပ်ရှိနေတဲ့ မျက်ခုံးတစုံရယ် ချောမောတဲ့ မျက်နာတခုရယ်။ ဝတ္ထုထဲက ပြောထားတဲ့ထက်တောင် ချောနေပါ့လားလို့ သူမတွေးနေမိတယ်။ ဒါပေမယ့် ထိုမျက်လုံးတစုံထဲက အေးစက်မှုတွေက အတိုင်းသား. .သူမကိုဘာလို့ အေးစက်စက် နဲ့ အကြွေးတင်နေသလို ကြည့်နေလဲ ဆိုတာကို သူမစဉ်းစားမရပဲ ဖြစ်နေတယ်။

ဝတ္ထု ထဲကအတိုင်းဆို သူက ဇာတ်လိုက်မကို ချိူ ချိူသာသာပဲပြောဆိုဆက်ဆံတယ်လေ. .ဇာတ်လိုက်မက ဆန္ဒမပါလို့တောင် သူက အိပ်ယာကက်စ္စကို မလုပ်ဘူးလေ. .

သူမစဉ်းစားခန်းဖွင့်နေချိန်မှာ ဟေးချန်က သူမအနားကို လျှောက်လာပြီး သူမရဲ့ နက်မှောင်တောက်ပနေတဲ့ မျက်ဝန်းတွေကိုကြည့်လိုက်တယ်။ ထိုမျက်ဝန်းများထဲမှ စိတ်ရှုပ်ထွေးနေတဲ့ အမှုအရာကို ရှာတွေ့သွားတဲ့အခါ ဟေးချန်ရဲ့ နှုတ်ခမ်းစွန်းတို့က အပေါ်ကို အနည်းငယ် ကွှေ့ညွှန့်သွားတယ်။ ချူးလျန်လည်း အနည်းငယ် အေးလာသလို ခံစားရပြီး ဟေးချန်လည်း အေးစက်မှုရောင်ဝါတွေကိုသာ ထုတ်လွှတ်နေခဲ့တယ်။

သူရဲ့ထိုအပြုံး. . . မကောင်းဆိုးဝါးဆန်တဲ့အပြုံး. . .

ချူးလျန် . .ဟေးချန်ရဲ့ အမှုအရာတွေကို စဉ်းစားခန်းဖွင့်နေစဉ်မှာပဲ ရုတ်ရက် ဟေးချန်က သေရည်ခွက်ကို အနီရောင်ကော်ဇော်ပေါ် သွန်းချလိုက်တယ်။ ချူးလျန်လည်း ကြောင်စီစီနဲ့သာ ထိုအပြုအမူတွေကို ကြည့်နေခဲ့ရတယ်။

ချူးလျန်လည်း သတိလက်လွတ်ဖြစ်သွားပြီး
"ရှင် ဘာလုပ်နေတာလဲ? "

သူမစကားပြီးပြီးချင်းပဲ သူမလက်ထဲက သေရည်ခွက်လည်း အဝေးက်ုလွှင့်သွားပြီး သူမရဲ့ ဝတ်ရုံလည်း စိုကုန်တယ်။ နောက်တစ်စက္ကန့်မှာပဲ သူမရဲ့ လက်ကောက်ဝတ်ကို တင်းကြပ်စွာဆုတ်ကိုင်ခံလိုက်ရတယ်
"ငါဘာလုပ်နေလဲ မစဉ်းစားတတ်တော့ဘူးလား?ကိုယ့်ရဲ့ ချစ်ဇနီးလေး! "

ဝှက်သယ် ဟက်? ဘာတွေလဲ? သူက ဝတ္ထုထဲကအတိုင်း သရုပ်မဆောင်နိုင်ဘူးလား? သူမ စိတ်ဆိုး ပြီးဒေါသ ထွက်လာသည်။ သူမဘာမှ ပြန်မပြောနိုင်ခင်မှာပဲ သူမခေါင်းပေါ်က ဇာမဏီခေါင်းဆောင်းလည်း မြေခသွားပြီး သူမရဲ့နောက်မှောင်တဲ့ဆံနွှယ်တွေလည်း ဖြည်ကျလာပြီးတော့ သူမရဲ့လည်တိုင်လေးကတော့ သက်သာရာရသွားခဲ့သည်။

ထို့နောက် ဟေးချန်၏ ဒေါသ စွက်နေသည့်အသံက ပေါ်လာသည်။" မင်းက ဒီဇာမဏီခေါင်းဆောင်း ကိုဆောင်းထားဖို့ မတန္ဘူး! "

  ချူးလျန်လည်း ထိုလူထံမှ လွှတ်မြောက်နိုင်ရန် တွန်းဖယ်နေသော်လည်း ယုန်နဲ့ ကျားကဲ့သို့ ဖြစ်နေသောကြောင့် အချင်းနှီးဖြစ်နေခဲ့သည်။ ဟေးချန် သူမက သူ့ကို ပြန်ရုန်းနေသောကြောင့် ဒေါသပိုထွက်လာခဲ့သည်။ သူရဲ့လက်က ချူးလျန်ရဲ့ လည်တိုင်ဖြူဖြူ နုနုပေါ်သို့ ရောက်သွားပြီး လက်မှာအကြောများပေါ်လာတဲ့အထိ ညှစ်ထားလိုက်သည်။

ချူးလျန်လည်း ထိုလူရဲ့ မျက်လုံးထဲက ဒေါသအပြည့်နဲ့ သတ်ဖြတ်ချင်တဲ့ အငွေ့သက်တွေကြောင့် ရူး မလိုတောင်ဖြစ်နေခဲ့သည်။ ရုန်းကန်၍လည်း မရ. . သူမရဲ့ မျက်နာဟာလည်း သွေးရောင်သန်းနေတာကနေ အပြာရောင် အဆင့်ရောက်နေပြီး နောက်တစက္ကန့်တွင်ပင် အသက်က အချိန်မရွှေးထွက်သွားမည်ဟုသာတွေးနေသည်။

ဟေးချန် ရုတ်တရက် သူ့ရဲ့ အဖွား သူ့ရဲ့အကိုတွေ. .သူ့ရဲ့ပျော်ရွှင်မှုကို သာ အလေးထားကြတဲ့သူတွေ  . .က သူ့ရဲ့ စိတ်ထဲပေါ်လာခဲ့သည်။ အကယ်၍ သူမကိုသာ သတ်လိုက်လျှင် သူမရဲ့အနောက်ကထောက်တိုင်တွေဖြစ်တဲ့ မြို့စား ရင် နဲ့ ရှန်အန်း က အငြိမ်နေမည်မဟုတ်. . သူ နောက်ထပ်အားအနည်းငယ် ထည့်လိုက်ရုံနဲ့ ထို မကောင်းတဲ့မိန်းမကို အနိစ္စပို့နိုင်ပြီး သူလည်းအေးအေးချမ်းချမ်းနေနိုင်မည်. .
သို့သော်လည်း ထိုမိန်းမပျက်ကို သူသတ်လိုက်လို့မဖြစ်သေး. . .ထိုကြောင့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။

ချူးလျန် သူမလည်းပင်းက ဆုတ်ကိုင်ထားမှုလျော့သွားတဲ့အတွက် လေက သူမရဲ့ အဆူတ်အတွင်းသို့ အလုံးအရင်းဝင်လာတဲ့အတွက် အသက်ကို လုရှုူ နေရသည်။ သူမရဲ့လည်ချောင်းက ခြောက်ကပ်နေပြီး စကားတခွန်းမှ မပြောနိုင်ပဲ သူမရဲ့ ရင်ဘက်ကိုသာ ထုပြီး အသက်ကို ပြင်းပြင်းပြပြ ရှုူ နေရသည်။

သူမတွေးမိသည်က သူမသည မင်္ဂလာဦးညမှာ သူမရဲ့ သတို့သားလောင်းလေးရဲ့ အသတ်ခံလိုက်ရရင် သူမက အချိန်ခရီးသွားသူတွေထဲမှာ သနားစရာအကောင်းဆုံး ဖြစ်နေမှာပဲ !

ဟေးချန်ရဲ့မျက်နာ အမှုအရာတွေက ပိုလို့တောင်မှ အရုပ်ဆိုးလာခဲ့သည်။ သူက ပျက်ရယ်ပြု၍ " ချူးသခင်မလေး ၆ . .လူတိုင်းက တုံးအမ နေဘူးဆိုတာ သတိရပါ"

   ~~~~~~~~~~~~~~
# ေဟးခ်န္ ေဟးစန္းလန္ အတူတူပါပဲ

#ဟေးချန်က rebirthသဘောဖြစ်တဲ့အတွက်ချူ းလျန်လေးက်ု ဇာတ်လိုက်မ အမှတ်နဲ့ ဆက်ဆံတာပါ ဇာတ်လိုက်မက သူကကောင်းကောင်းမွန်မွန် ဆက်ဆံပေးသလောက် သူ့အပေါ်ကို မကောင်းတဲ့အပြင် ဖောက်ပြန်ခဲ့လိုပါ😇
ချူ းချူ းကတော့ Supriseသောက်လိုက်ရပါတယ်😆 poor transmigratorလေး

<Zawgyi>

အနီေရာင္ သတို႔သမီး ေခါင္းၿခဳံလႊာက သူမကိုလႊမ္းထားသည္။ ဇာထိုးေခါင္းၿခဴံလႊာၾကားထဲက အပ္ေၾကာင္း ရာေလးေတြထဲကေန သူမ
ၾကည့္လိုက္ေတာ့  ခ်စ္ျခင္းနဲ႔ေမတၱာကိုရည္းၫႊန္းတဲ့ ခ်စ္စရာဘဲငန္း႐ုပ္ေလး၂ေကာင္ကိုေတြ႕ရတယ္။ ေခါင္းေဆာင္းရဲ႕အနားစြန္းမွာ တြဲခိုေနတဲ့ ပုလဲလုံးေလးေတြက သူမ လႈပ္ရွားမႈေၾကာင္း ဘယ္ညာ ယိမ္းေနတယ္. .

ေအးခ်မ္းမႈက္ ေပးတဲ့ အေမႊးရနံ႔ေၾကာင့္ အခန္းဟာလည္း တိတ္ဆိတ္ၿငိမ္သက္ေနခဲ့တယ္. .

ခ်ဴးလ်န္ သူမရဲ႕ ေခါင္းက ၿခဳံလႊာကို အနည္းငယ္ မလိုက္ၿပီး မဂၤလာခန္းတြင္းျပင္ဆင္မႈကို
စပ္စုၾကည့္လိုက္တယ္။

ကေလးလက္ေမာင္းေလာက္ရွိတဲ့ မဂၤလာ ဖေယာင္းတိုင္းေတြက စားပြဲေပၚမွာ ထြန္းထားၿပီး အေရွ႕မွာေတာ့ အနီေရာင္ ဥေလးေတြထည့္ထားတဲ့ ျခင္းကို ထားထားတယ္။သစ္ေမႊးနဲ႔လုပ္ထားတဲ့ ရာသီ၎ခုကို အေသခ်ာထြင္းထားတဲ့ ပိတ္ကားကိုလည္း စားပြဲေဘးမွာေထာင္ထားတယ္။ပိတ္ကားမွာ အရႊယ္စားတူတဲ့ လန္ရွန္ေက်ာက္စိမ္းေတာင္ပါေသး. .

ဒါက ဝတၳဳ ထဲကနဲ႔ ခြၽတ္စြပ္ပဲ!!

အံ့ၾသ ေပ်ာ္ရႊင္မႈ လႈိင္းလုံးႀကီးက ခ်ဴးလ်န္ရဲ႕ႏွလုံးသားေလးကို ႐ိုက္ခတ္သြားတယ္။သူမ ဖတ္ေနတဲ့ ဝတၳဳထဲကို သူမ ေရာက္သြားခဲ့တာပဲ ၿပီးေတာ့ ဇာတ္လိုက္မ ေနရာကို . .

သူမအခုေရာက္ေနတဲ့အခ်ိန္က ဝတၳဳရဲ႕ အစပိုင္းပဲ. .

ခ်ဴးလ်န္ မယုံၾကည္ႏိုင္ ျဖစ္ေနတယ္. .သူမက အခုဆို ဇာတ္လိုက္မေနရာ ရယုံမက ဝတၳဳထဲက ေခ်ာေမာျပည့္စုံတဲ့ ေယာက္ေက်ားလးကိုလည္း ရအုံးမယ္ !

သူမကေတာ့ သူမရဲ႕ မဂၤလာပြဲကို ဇာတ္လိုက္မ (ခ်ဴးလ်န္) လုပ္သလို မေဖာက္ျပန္ပါဘူး။
သူမ ကိုယ့္က်င့္တရားေကာင္းတဲ့ ဇနီးသည္လိုေနမယ္. .အပူပင္ကင္းကင္းနဲ႔ ကိုယ္လူေခ်ာေလးနဲ႔အတူ ေန႔ရက္ေတြျဖတ္သန္းမယ္. .အိမ္မႈကိစၥေတလုပ္မယ္ သူမ ၂၁ရာစုက
မလုပ္ခဲ့ရတာေတြ လုပ္ရမယ္. . .

သူမ အခုလို ဝတၳဳကမၻာထဲ{အခ်ိန္ခရီးသြား} မလာႏိုင္ခင္ ဝတၳဳကို ၿပီးေအာင္မဖတ္ရေသးတဲ့ အတြက္ သူမ စိတ္မေကာင္းေတာင္ ျဖစ္မိသြားတယ္။

ခ်ဴးလ်န္ အေတြးႏြံထဲ နစ္ေနခ်ိန္မွာပဲ အျပင္ဘက္က ေျခသံကိုၾကားလိုက္ရတယ္။ ခ်ဴးလန္အျမန္ပဲ ပုဝါကို ျပန္ခ်ၿပီး ကိုယ္အေနအထားကို ျပင္လိုက္တယ္။

ေယာက္ယက္ခပ္စြာနဲ႔ လာေနတဲ့အေစခံဖုရန္က "ေျခာက္ေယာက္ေျမာက္သခင္မေလး . .မဂၤလာပြဲ တက္ေရာက္တဲ့သူေတနဲ႔ သခင္ေလး ေရာက္ေနပါၿပီ"

အျခားအေစခံ ရွီရန္က ခ်ဴးလ်န္ ထရပ္ႏိုင္ရန္ ဝတ္႐ုံကိုကူမၿပီး တြဲကိုင္ေပးလိုက္သည္။

ခ်ဴးလ်န္ရဲ႕ ႏွလုံးသားေလးကလည္း စိတ္လႈပ္ရွားမႈေၾကာင့္ လည္ေခ်ာင္းကေန ခုန္ထြက္မတက္ျဖစ္ေနခဲ့တယ္။ တိတ္ဆိတ္ေနတဲ့ အခန္းေလးကလည္း ေကာင္းခ်ီးေပးသံ ေအာ္ဟစ္သံေတြနဲ႔ ျပည့္နက္သြားခဲ့တယ္။

" စန္းလန္ *3 ျမန္ျမန္ ငါတို႔ရဲ႕ ေယာင္းမေလး ဘယ္လိုလွလဲၾကည့္ရေအာင္ ၿခဳံ လႊာကို မလိုက္"
"မွန္တယ္ေဟ့ ေဟးစန္းလန္ ငါတို႔မေစာင့္ႏိုင္ေတာ့ဘူး"

လူအုပ္ထဲကတေယာက္က ေရႊေရာင္အေခ်ာင္းေလးကို အေစခံဆီကေန ေဟးမိသားစုရဲ႕တတိယသခင္ေလးကို ကမ္းေပးတယ္

"တတိယသခင္ေလး ပုဝါကို မလိုက္ေတာ့.. သခင္ေလးရဲ႕ ဆႏၵေတြျပည့္ဝပါေစ !"

အားလုံးဟာလည္း ကုတင္ေပၚထိုင္ေနတဲ့ ခ်ဴးလ်န္ဆီအၾကည့္ေရာက္ေနၾကတယ္။ သူတို႔ေဟးမိသားစု ဝင္ ျဖစ္လာေတာ့မယ္ သူက ဘယ္လိုပုံရွိမလဲ သိခ်င္ေနၾကတယ္။

ပုဝါေအာက္ေျခကေန အနီေရာင္ ဝတ္႐ုံရွည္ဖုံးေနတဲ့ အနက္ေရာင္ဖိနပ္တစုံကိုေတြ႕ေနရတယ္။ ပုဝါ လွန္လိုက္ခ်ိန္မွာေတာ့ ခ်ဴးလ်န္ ေနေရာင္ေၾကာင့္ မ်က္လုံးစူး သြားတဲ့အတြက္ သူမရဲ႕ ေယာက်ာ္းေလးကို ခဏပဲ ၾကည့္လိုက္ရၿပီး ျပန္ငုံ႔ လိုက္ရတယ္။အယ္မြန္ပုံ မ်က္လုံး အနီေရာင္ႏႈတ္ခမ္း ပန္းေရာင္ပါးျပင္  သူမရဲ႕ပုံစံေလးက ႏွစ္လိုဖြယ္နဲ႔ ခ်စ္စရာေကာင္းေနခဲ့တယ္။

ဒုတိယသခင္ေလးက " စန္းလန္ ကံေကာင္းလိုက္တဲ့ အမႈိက္ေလး! " သူ၏ ညီေလးကိုေျပာေနေပမယ့္လည္း ခ်ဴးလ်န္ကို သူရဲ႕ ခယ္မအျဖစ္ အျပည့္ဝ အသိမွတ္ျပဳေၾကာင္းျပေနခဲ့တယ္။

ေဟးခ်န္ကေတာ့ သူရဲ႕သူငယ္ခ်င္းေတြက ေသာက္ဖို႔ ေခၚသြားတဲ့အတြက္ ပါသြားတယ္။ သူမလည္း ဧည့္သည္ေတြကို ဝတ္တရားအရ ႏႈတ္ဆက္ၿပီးတဲ့အခါ အခန္းထဲပဲ ဝင္ေနလိုက္တယ္။

ခဏပဲေတြ႕လိုက္ရေပမယ့္ အရမ္းေခ်ာလြန္းလို႔ မ်က္လုံးထဲမထြက္ျဖစ္ေနတဲ့ သူကို ေယာက်ာ္းေတာ္ရမွာကို အိမ္မက္လို႔ပဲ သူမ ထင္ေနေသးတယ္။
သူမ စဉ္းစားမရတာက သူမေယာက်ာ္းေလးက ေပ်ာ္ရႊင္ဟန္ေတာင္မျပတဲ့အျပင္ သူမကို သတိေပးသလို ရႊံရွာသလိုအၾကည့္နဲ႔ ၾကည့္လိုက္တာကိုပဲ. .

ထိုအၾကည့္ကို လွ်ပ္တျပက္ျမင္လိုက္ေသာ အေစခံ ကူ သည္လည္း အံ့ၾသသြားရသည္။ ၿပီးျပည့္စုံတဲ့ မိန္းမလွေလး တေယာက္ကို မလိုခ်င္တဲ့ ေယာက်ာ္းသားဘယ္မွာရွိပါအံ့။သူမရဲ႕အၾကည့္ကို ခ်ဴးလ်န္ထံသို႔ ပို႔လိုက္ေသာအခါ ခ်ဴးလ်န္က ၿပဴံးပန္းဆင္လ်က္ပင္။ သူမရဲ႕ ရင္ထဲမွာ စိုးရိမ္စိတ္မ်ားသာ ႀကီးစိုးသြားခဲ့သည္။ သူမ အျမင္မွားသည္ဟုသာ ေျဖလိုက္ေတာ့သည္။

ဧည့္သည္ေတြ အသီးသီးျပန္သြားၾကေသာ္အခါ ခ်ဴးလ်န္လည္း ကုတင္ေပၚတြင္သာ ထိုင္လ်က္ ဇာမဏီေခါင္းေဆာင္းကို ျဖဳတ္ရန္ လက္လွမ္းလိုက္သည္။ သို႔ေပမယ့္ ရွီးရန္၏ တားျမစ္ျခင္းခံလိုက္ရျပန္သည္။

"သခင္မေလး . . ထုံးထမ္းစဉ္လာအရ သခင္ေလး ေဟး ကိုယ္တိုင္ ေခါင္းေဆာင္းကို ျဖဳတ္ေပးရမွာပါ "

ခ်ဴးလ်န္လည္း မတတ္ႏိုင္တဲ့အဆုံး သူမရဲ႕ နာက်င္ေနတဲ့ လည္တိုင္ကိုသာ ေညာင္းညာေျပသြားေအာင္ လုပ္လိုက္ေတာ့သည္။

"ခ္ခ္ . . သိပ္မၾကာခင္ သခင္ေလး ေဟး ၾကာၾကာမေနပဲ ျပန္လာေတာ့မွာပါ သခင္မေလး  "

ရွီးရန္၏ က်ီစယ္မႈေၾကာင့္ ခ်ဴးလ်န္ ပါးျပင္တို႔ နီးျမန္းလာခဲ့သည္။ တိတ္ဆိတ္မႈကိုသာ လက္ကိုင္ထားေနတဲ့ သူမ ဘာမွျပန္ေျပာမေနပဲ တိတ္တဆိတ္သာေနခဲ့သည္။

ခ်ဴးလ်န္ အေစခံမ်ားကို လက္ေဆာင္ ပစၥည္းမ်ား အျပင္ကို ထုတ္သြားဖို႔ ေစခိုင္းလိုက္သည္။
သိပ္မၾကာခင္ပဲ အေစခံကူ က ေဟးခ်န္ ေရာက္လာၿပီ ျဖစ္ေၾကာင္း ေျပာလာသည္။ ေဟးခ်န္နဲ႔ ဓေလ့ထုံးစံကို ေျပာၾကားေပးမယ့္ အေစခံအို တစ္ဦးသာ ေရာက္လာခဲ့သည္။

ထိုအေစခံ လည္း ရွီးရန္ကို မဂၤလာေသရည္ ယူလာေပးရန္ ၫႊန္ၾကားလိုက္သည္။

" သခင္ေလး ေဟးနဲ႔ သခင္မေလး ေဟး. .ဒီမဂၤလာေသရည္ေသာက္ၿပီးတာနဲ႔ ဘဝကို ေအးအတူ ပူအမွ်  အတူတူ ျဖတ္သန္းႏိုင္ၾကပါေစ !"  ထိုအေစခံအိုမွ ၿပဳံးပန္းဆင္လ်က္ပင္ ေကာင္းခ်ီး ေပး ေျပာၾကားလိုက္သည္။

ေဟးခ်န္လည္း  ကုတင္ေရွ႕မွာ ေတာင့္ေတာင့္ႀကီးသာ ရပ္ေနၿပီး ေသရည္ခြက္ကို ယူလိုက္သည္။ အခန္းထဲရွိေလထုလည္း အနည္းငယ္ေအးစက္လာသည္။အေစခဲအိုလည္း အနည္းငယ္ေၾကာင္ စီစီ ျဖစ္၍ နဖူးမွ ေခြၽးေအးမ်ားကို ခိုးသုတ္လိုက္ၿပီးမွ အားယူၿပဳံးလ်က္ ေသရည္ခြက္ကို ခ်ဴးလ်န္ကို ေပးလိုက္သည္။ ေသရည္ေသာက္ၿပီးတဲ့အခါ ေဟးခ်န္ ေခါင္းေဆာင္းကို ခြၽတ္ေပးရန္ေျပာၿပီး ေရွ႕ေလ်ာက္ျဖတ္သန္းရမယ့္ ေန႔ေတြမွာ ၿငိမ္းခ်မ္းမႈ ေရွ႕သြားေနာက္လိုက္ညီမႈတို႔ ျဖစ္ေစရန္ျဖစ္ေၾကာင္း ေျပာလိုက္သည္။

ထိုအေစခံအိုမွာ ေကာင္းခ်ီး ေပးမႈ စကားတို႔ေျပာ၍ မဆုံးေသးခင္တြင္ ေဟးခ်န္၏ ေအးသက္စက္အသံက ထြက္လာခဲ့သည္။
"ေကာင္းၿပီ မင္းျပန္လို႔ရၿပီ"

အေစခံလည္း အနည္းငယ္ေၾကာင္သြားၿပီး
"သခင္ေလးတို႔ မေသာက္ရေသး. . "

ေဟးခ်န္ရဲ႕ အသံက ေဒါသသံအနည္းငယ္စြပ္လာၿပီး ပို၍ေအးစက္လာခဲ့သည္။
" မင္း ငါေျပာတာမၾကားဘူးလား? "

အေစခံအိုသည္လည္း အေစခံသာသာ သာ ျဖစ္သည့္ ျပန္မေျပာႏိုင္ပဲ ထြက္လာခဲ့ရသည္။
ေဟးခ်န္ အခန္းထဲရွိ လူမ်ားအားလုံးကို ထြက္သြားေစလိုက္သည္။ခ်ဴးလ်န္လည္း အမွန္ဆို ဝတၳဳထဲကဒီအခန္းက ေအးေအးခ်မ္းခ်မ္းပဲ ၿပီးသြားတယ္ဆိုတာကို ေတြးေနခဲ့တယ္။ ထိုအျဖစ္ပ်က္မ်ားက ဝတၳဳထဲက နဲ႔ အနည္းငယ္ ေသြဖယ္ေနတဲ့အတြက္ စဉ္းစားခန္းဖြင့္ေနၿပီးမွ ေမာ့ၾကည့္လိုက္မိသည္။

သူမ ပထမဆုံးျမင္လိုက္ရတာက သပ္သပ္ရပ္ရပ္ရွိေနတဲ့ မ်က္ခုံးတစုံရယ္ ေခ်ာေမာတဲ့ မ်က္နာတခုရယ္။ ဝတၳဳထဲက ေျပာထားတဲ့ထက္ေတာင္ ေခ်ာေနပါ႔လားလို႔ သူမေတြးေနမိတယ္။ ဒါေပမယ့္ ထိုမ်က္လုံးတစုံထဲက ေအးစက္မႈေတြက အတိုင္းသား. .သူမကိုဘာလို႔ ေအးစက္စက္ နဲ႔ အေႂကြးတင္ေနသလို ၾကည့္ေနလဲ ဆိုတာကို သူမစဉ္းစားမရပဲ ျဖစ္ေနတယ္။

ဝတၳဳ ထဲကအတိုင္းဆို သူက ဇာတ္လိုက္မကို ခ်ိဴ ခ်ိဴသာသာပဲေျပာဆိုဆက္ဆံတယ္ေလ. .ဇာတ္လိုက္မက ဆႏၵမပါလို႔ေတာင္ သူက အိပ္ယာကက္စၥကို မလုပ္ဘူးေလ. .

သူမစဉ္းစားခန္းဖြင့္ေနခ်ိန္မွာ ေဟးခ်န္က သူမအနားကို ေလွ်ာက္လာၿပီး သူမရဲ႕ နက္ေမွာင္ေတာက္ပေနတဲ့ မ်က္ဝန္းေတြကိုၾကည့္လိုက္တယ္။ ထိုမ်က္ဝန္းမ်ားထဲမွ စိတ္ရႈပ္ေထြးေနတဲ့ အမႈအရာကို ရွာေတြ႕သြားတဲ့အခါ ေဟးခ်န္ရဲ႕ ႏႈတ္ခမ္းစြန္းတို႔က အေပၚကို အနည္းငယ္ ေကႊ႕ၫႊန္႔သြားတယ္။ ခ်ဴးလ်န္လည္း အနည္းငယ္ ေအးလာသလို ခံစားရၿပီး ေဟးခ်န္လည္း ေအးစက္မႈေရာင္ဝါေတြကိုသာ ထုတ္လႊတ္ေနခဲ့တယ္။

သူရဲ႕ထိုအၿပဳံး. . . မေကာင္းဆိုးဝါးဆန္တဲ့အၿပဳံး. . .

ခ်ဴးလ်န္ . .ေဟးခ်န္ရဲ႕ အမႈအရာေတြကို စဉ္းစားခန္းဖြင့္ေနစဉ္မွာပဲ ႐ုတ္ရက္ ေဟးခ်န္က ေသရည္ခြက္ကို အနီေရာင္ေကာ္ေဇာ္ေပၚ သြန္းခ်လိုက္တယ္။ ခ်ဴးလ်န္လည္း ေၾကာင္စီစီနဲ႔သာ ထိုအျပဳအမူေတြကို ၾကည့္ေနခဲ့ရတယ္။

ခ်ဴးလ်န္လည္း သတိလက္လြတ္ျဖစ္သြားၿပီး
"ရွင္ ဘာလုပ္ေနတာလဲ? "

သူမစကားၿပီးၿပီးခ်င္းပဲ သူမလက္ထဲက ေသရည္ခြက္လည္း အေဝးက္ုလႊင့္သြားၿပီး သူမရဲ႕ ဝတ္႐ုံလည္း စိုကုန္တယ္။ ေနာက္တစ္စကၠန္႔မွာပဲ သူမရဲ႕ လက္ေကာက္ဝတ္ကို တင္းၾကပ္စြာဆုတ္ကိုင္ခံလိုက္ရတယ္
"ကိုယ္ဘာလုပ္ေနလဲဆိုတာ မစဉ္းစားတတ္ေတာ့ဘူးလား?ကိုယ့္ရဲ႕ ခ်စ္ဇနီးေလး! "

ဝွက္သယ္ ဟက္? ဘာေတြလဲ? သူက ဝတၳဳထဲကအတိုင္း သ႐ုပ္မေဆာင္ႏိုင္ဘူးလား? သူမ စိတ္ဆိုး ၿပီးေဒါသ ထြက္လာသည္။ သူမဘာမွ ျပန္မေျပာႏိုင္ခင္မွာပဲ သူမေခါင္းေပၚက ဇာမဏီေခါင္းေဆာင္းလည္း ေျမခသြားၿပီး သူမရဲ႕ေနာက္ေမွာင္တဲ့ဆံႏႊယ္ေတြလည္း ျဖည္က်လာၿပီးေတာ့ သူမရဲ႕လည္တိုင္ေလးကေတာ့ သက္သာရာရသြားခဲ့သည္။

ထို႔ေနာက္ ေဟးခ်န္၏ ေဒါသ စြက္ေနသည့္အသံက ေပၚလာသည္။" မင္းက ဒီဇာမဏီေခါင္းေဆာင္း ကိုေဆာင္းထားဖို႔ မတန္ဘူး! "

  ခ်ဴးလ်န္လည္း ထိုလူထံမွ လႊတ္ေျမာက္ႏိုင္ရန္ တြန္းဖယ္ေနေသာ္လည္း ယုန္နဲ႔ က်ားကဲ့သို႔ ျဖစ္ေနေသာေၾကာင့္ အခ်င္းႏွီးျဖစ္ေနခဲ့သည္။ ေဟးခ်န္ သူမက သူ့ကို ျပန္႐ုန္းေနေသာေၾကာင့္ ေဒါသပိုထြက္လာခဲ့သည္။ သူရဲ႕လက္က ခ်ဴးလ်န္ရဲ႕ လည္တိုင္ျဖဴျဖဴ ႏုႏုေပၚသို႔ ေရာက္သြားၿပီး လက္မွာအေၾကာမ်ားေပၚလာတဲ့အထိ ညႇစ္ထားလိုက္သည္။

ခ်ဴးလ်န္လည္း ထိုလူရဲ႕ မ်က္လုံးထဲက ေဒါသအျပည့္နဲ႔ သတ္ျဖတ္ခ်င္တဲ့ အေငြ႕သက္ေတြေၾကာင့္ ႐ူး မလိုေတာင္ျဖစ္ေနခဲ့သည္။ ႐ုန္းကန္၍လည္း မရ. . သူမရဲ႕ မ်က္နာဟာလည္း ေသြးေရာင္သန္းေနတာကေန အျပာေရာင္ အဆင့္ေရာက္ေနၿပီး ေနာက္တစကၠန္႔တြင္ပင္ အသက္က အခ်ိန္မေရႊးထြက္သြားမည္ဟုသာေတြးေနသည္။

ေဟးခ်န္ ႐ုတ္တရက္ သူ့ရဲ႕ အဖြား သူ့ရဲ႕အကိုေတြ. .သူ့ရဲ႕ေပ်ာ္ရႊင္မႈကို သာ အေလးထားၾကတဲ့သူေတြ  . .က သူ့ရဲ႕ စိတ္ထဲေပၚလာခဲ့သည္။ အကယ္၍ သူမကိုသာ သတ္လိုက္လွ်င္ သူမရဲ႕အေနာက္ကေထာက္တိုင္ေတြျဖစ္တဲ့ ၿမိဳ႕စား ရင္ နဲ႔ ရွန္အန္း က အၿငိမ္ေနမည္မဟုတ္. . သူ ေနာက္ထပ္အားအနည္းငယ္ ထည့္လိုက္႐ုံနဲ႔ ထို မေကာင္းတဲ့မိန္းမကို အနိစၥပို႔ႏိုင္ၿပီး သူလည္းေအးေအးခ်မ္းခ်မ္းေနႏိုင္မည္. .
သို႔ေသာ္လည္း ထိုမိန္းမပ်က္ကို သူသတ္လိုက္လို႔မျဖစ္ေသး. . .ထိုေၾကာင့္ သူ့လက္ကို ျပန္႐ုတ္လိုက္သည္။

ခ်ဴးလ်န္ သူမလည္းပင္းက ဆုတ္ကိုင္ထားမႈေလ်ာ့သြားတဲ့အတြက္ ေလက သူမရဲ႕ အဆူတ္အတြင္းသို႔ အလုံးအရင္းဝင္လာတဲ့အတြက္ အသက္ကို လု႐ႈဴ ေနရသည္။ သူမရဲ႕လည္ေခ်ာင္းက ေျခာက္ကပ္ေနၿပီး စကားတခြန္းမွ မေျပာႏိုင္ပဲ သူမရဲ႕ ရင္ဘက္ကိုသာ ထုၿပီး အသက္ကို ျပင္းျပင္းျပျပ ႐ႈဴ ေနရသည္။

သူမေတြးမိသည္က သူမသာ မဂၤလာဦးညမွာ သူမရဲ႕ သတို႔သားေလာင္းေလးရဲ႕ အသတ္ခံလိုက္ရရင္ သူမက အခ်ိန္ခရီးသြားသူေတြထဲမွာ သနားစရာအေကာင္းဆုံး ျဖစ္ေနမွာပဲ !

ေဟးခ်န္ရဲ႕မ်က္နာ အမႈအရာေတြက ပိုလို႔ေတာင္မွ အ႐ုပ္ဆိုးလာခဲ့သည္။ သူက ပ်က္ရယ္ျပဳ၍ " ခ်ဴးသခင္မေလး ၆ . .လူတိုင္းက တံုးအမ ေနဘူးဆိုတာ သတိရပါ"

   ~~~~~~~~~~~~~~

#ေဟးခ်န္က rebirthသေဘာျဖစ္တဲ့အတြက္ခ်ဴ းလ်န္ေလးက္ု ဇာတ္လိုက္မ အမွတ္နဲ႔ ဆက္ဆံတာပါ ဇာတ္လိုက္မက သူကေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးသေလာက္ သူ႔အေပၚကို မေကာင္းတဲ့အျပင္ ေဖာက္ျပန္ခဲ့လိုပါ😇
ခ်ဴ းခ်ဴ းကေတာ့ Supriseေသာက္လိုက္ရပါတယ္😆 poor transmigratorေလး

#ေဟးခ်န္ ေဟးစန္းလန္ အတူတူပါပဲ

Continue Reading

You'll Also Like

9.7K 662 49
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
67.3K 16K 4
Everything changed the day the King ordered me to seduce his son and bring him back to the Kingdom. He was my best friend. As per the order of things...
Erica By Sam

Historical Fiction

2.8M 155K 89
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
33.7K 1.7K 73
true love never exists right?? or If it does than only give pain. "It's amazing how someone can break your heart, and you can still love them with al...