အမုန်း၏နောက်ကွယ်(Complete)

By Loon_0199

671K 33.9K 422

နေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ် More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44
Ep 45
Ep 46
Ep 47
Ep 48
Ep 49
Ep 50
Ep 51
Ep 52
Ep 53
Ep 54
Ep 55
Ep 57
Ep 58 Final
New fic
အသိပေးခြင်း
ကြေညာခြင်း📖
Chibi Art
Inner art
Book Cover & Book Details

Ep 56

7.8K 333 0
By Loon_0199

Ep 56

ဒီနေ့စျာန်ကအပြင်သွားမယ်ပြောထားသော
ကြောင့်ခွန်းသတစ်ယောက်မျက်လုံးကနှိုးစက်မပေးပါဘဲအလိုလိုနိူးနေသည်။ဒီနေ့တော့စောစောထကာရေချိုးခန်းထဲဝင်ရန်ကုတင်ပေါ်မှဆင်းလိုက်သည်။သို့ပေမယ့်ပြန်ဆွဲထားသောလက်တစ်စုံကြောင့်နောက်သို့လှည့်ကြည့်ကာ

“ကိုကို နိူးနေပြီလား ဖယ်ပေးလေ ကျွန်တော်ရေချိုးခန်းဝင်မလို့”
“ကလေးရယ်အခုမှ၆နာရီခွဲပဲရှိသေးတာကို အစောကြီးဘာထလုပ်မလို့လဲ” စျာန်ကခုတင်ဘေးကခုံပေါ်တွင်တင်ထားသောနာရီကိုကြည့်ကာပြောလိုက်သည်။ခွန်းသက စောလည်းဘာဖြစ်လဲဆိုတဲ့အကြည့်နဲ့ပြန်ကြည့်ကာ....

“ကျွန်တော်မှမအိပ်ချင်တော့တာကို”
“အဲ့ဒါဆိုလည်းကိုကို့ရင်ခွင်ထဲမှာလာနေ နော်”

စျာန့်အပြော ကြောင့်ခွန်းသ ကစူပုပ်လိုက်ကာ

“မလာဘူး”
“ဟာ ကလေးမဆိုးနဲ့လေ” စျာန်ရဲ့စကားကြောင့်ခွန်းသက မျက်မှောင်ကြုတ်လိုက်ကာ....

“ဟင် အခုတော့ဆိုးတယ်ဖြစ်သွားပြီလား တော်ပြီ ဒီမှာမနေဘူးဘန်ကောက်ပြန်မယ်”

ချက်ချင်းပင်ပြန်မယ်ဆိုပြီးကုတင်ပေါ်ကအတင်းဆင်းနေသောခွန်းသအားစျာန်အမြန်ထကာဆွဲထားရသည်။

“ကလေးရယ် ဘယ်ကိုပြန်မှာလဲ ကိုကို့ကိုသေစေချင်နေတာလား”
“ကိုကိုက ကလေးကိုမှအလိုမလိုက်တာ”

“အဲ့လိုမဟုတ်ပါဘူးကလေးရယ် ကိုကိုက ကလေးအစောကြီးထတော့ ကလေးခေါင်းမူးမှာစိုးလို့ပါ”
“ဟွန်း.... အဲ့ဒါဆိုခွင့်လွှတ်လိုက်မယ်”

နှုတ်ခမ်းဆူကာပြောနေသောကောင်လေးကြောင့်စျာန်ကသူပါလှဲလိုက်ကာခွန်းသကိုပါတစ်ခါတည်းအိပ်ယာပေါ်သို့ဆွဲချလိုက်သည်။
ခွန်းသမှာ စျာန်ရဲ့အပြုမူကြောင့်....

“ဟာ ရေချိုးမှာပါဆို “
“ကလေးရယ် အစောကြီးရှိသေးတယ် ကိုကိုနဲ့အတူတူဆက်အိပ်ပါအုန်း ကိုကိုက ကလေးကိုယ်သင်းနံ့လေးကိုလွမ်းနေရတာ” လွမ်းနေတယ်ပြောကာတစ်ကိုယ်လုံးလိုက်နမ်းနေသောစျာန်ကြောင့်ခွန်းသမှာကြက်သီးတွေပါထနေမိသည်။
“အား...ခခ် ယား ယားတယ် ကိုကိုမနမ်းနဲ့တော့”
“အဲ့ဒါဆိုအိပ်မှာလား”

“အ့ ခခ် အိပ် အိပ်ပါ့မယ် လွှတ်ပေးပါ “
“ပြီးရော ပြန်မအိပ်ရင်ထပ်နမ်းမှာ”

ထပ်နမ်းမယ်ဆိုလို့စျာန်ရင်ခွင်ထဲသို့တိုးဝင်လာသောခွန်းသအားတင်းကြပ်စွာဖက်ထား၍ခွန်းသခေါင်းလေးကိုနမ်းလိုက်သည်။
……………….

စျာန်နှင့်ခွန်းသတို့၇နာရီခွဲမှအိပ်ယာပြန်ထကြကာရုပ်ရှင်ရုံသို့ရောက်ခဲ့ကြသည်။ချယ်ရီနှင့်ဝေယံကိုလည်းရုပ်ရှင်ရုံကိုဘဲလာဖို့ပြောထားပြီး ခွန်းသ မတ်တပ်လေးရပ်ကာအအေးသောက်နေတုန်း

“ခွန်းသ..... “
“ချယ်ရီ ဝေယံ” အအေးသောက်နေတုန်းခွန်းသဆိုကာအော်လာသောချယ်ရီအသံမှာတော်တော်တောင်ကျယ်လာသည်။မတွေ့ရတဲ့နှစ်အတွင်းအသံကျယ်အောင်လည်ချောင်းတွေဘာတွေတောင်ခွဲထားလားမှတ်ရသည်။ဝေယံကတော့
ချယ်ရီ့အနောက်ကနေ ခွန်းသအား
ပြုံးပြရင်းလိုက်လာသည်။ချယ်ရီကခွန်းသကိုတွေ့တာနဲ့ဖက်လိုက်ကာ

“ခွန်းသနင်နေနိူင်လိုက်တာ ငါတို့ကိုမပြောမဆိုနဲ့ထွက်သွားတယ် အဟင့်!!”
“ငါတောင်းပန်ပါတယ်ဟာ မငိုနဲ့တော့ တိတ် တိတ် လှလည်းမလှဘဲနဲ့” ခွန်းသအားဖက်ကာငိုနေသောချယ်ရီမှာပတ်ဝန်းကျင်ကလူတွေတောင်ဂရုမစိုက်နိူင်ပါ။

ဝေယံကခွန်းသ ပခုံးအားဖက်လိုက်ကာ

“ခွန်းသ ငါမင်းပျောက်သွားတုန်းကစိတ်ပူနေတာသိရဲ့လား ခွေးကောင်လေး”
“ကျေးဇူးပါကွာ ငါ့ကိုစိတ်ပူပေးလို့”

“မင်းဘန်ကောက်ရောက်နေတာဘာလို့မပြောတာလဲ ပြီးတော့ငါ့အကိုရောဘဲ အကိုလည်းမကောင်းဘူးနောက်မှဘန်ကောက်ထိလိုက်ပြီး သွားပြောအုန်းမယ်”
“ငါကဘန်ကောက်ကငါ့ဦးလေးအိမ်မှာသွားနေနေတာပါ အကိုတေဇနဲ့ကမထင်မှတ်ဘဲဆုံတာ ပြီးတော့အကိုတေဇကိုငါဘန်ကောက်မှာရှိနေတဲ့အကြောင်းငါကိုယ်တိုင်မပြောခိုင်းခဲ့လို့ပါ ကဲပါ အခုငါတို့စိတ်ညစ်စရာတွေမေ့ပြီးရုပ်ရှင်သွားကြည့်ကြရအောင်”

ထိုအခါချယ်ရီနဲ့ဝေယံက

“နင်နောက်တစ်ခါပျောက်မသွားနဲ့ “
“ဟုတ်တယ် ထွက်သွားရင်မင်းနဲ့သူငယ်ချင်းအဖြစ်ကနေပြတ်စဲပြီ”

“အေးပါကွာ မသွားတော့ပါဘူးငါကငါ့ကိုကိုနဲ့ဘဲတစ်သက်လုံးနေတော့မှာ”ခွန်းသစကားကြောင့်ချယ်ရီက မျက်လုံးကိုအပေါ်သို့လှန်ကြည့်လိုက်ကာ
“ပြောမိတာမှားတယ်”

“ကိုကို ကျွန်တော်တို့သွားကြရအောင်”
“တော်သေးတာပေါ့ ကိုကိုက ကလေးကိုကို့ကိုမေ့နေပြီလားလို့ထင်နေတာ”
သူငယ်ချင်းတွေလာတည်းကသူ့ကိုရှိတယ်လို့ပင်မထင်လာသော အကောင်ပေါက်လေးကြောင့်လူက နည်းနည်းတော့ဘူသွားတာအမှန်ပင်။ခွန်းသက သူ့ဘေးတွင်ရပ်နေသောစျာန့်ကို ရယ်ပြလိုက်ကာ....

“မမေ့ပါဘူးကိုကိုရဲ့ ဒီယောကျာ်းလေးတစ်ယောက်ထဲရှိတာကို”
“ကလေးကဘယ်နှယောက်လိုချင်သေးလို့လဲ”

“ကိုကိုတစ်ယောက်တည်းဘဲ”
“အတတ်လေး”

လက်ညိုးလေးတစ်ချောင်းထောင်ကာပြောနေသောအကောင်ပေါက်လေးအားစျာန်အသည်းယားလာကာပါးလေးအားဆွဲလိုက်မိသည်။ဘေးနားကနှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက်ကြည့်ကာခွန်းသတို့ဘက်လှည့်၍’ပိုတယ်’ဆိုသောအကြည့်ဖြင့်ကြည့်နေကြသည်။

စျာန်နှင့်ခွန်းသတို့ရုပ်ရှင်ကြည့်ပြီးသည်နှင့် မုန့်စားကာကစားကွင်းပါသွားကြသေးသည်။စျာန်ကတော့ ချစ်ရသူနဲ့လာကာRoဆန်ဆန်နေဖို့မပြောနဲ့မျောက်သုံးကောင်ကိုလှည့်ပတ်ထိန်းနေရတာနဲ့တင်ချွေးတွေထွက်နေသည်။သို့ပေမယ့်လည်း
ရေခဲမုန့်စားလိုက်gameသွားဆော့လိုက်နဲ့ပျော်နေသောခွန်းသအားကြည့်ကာစျာန့်မှာအချစ်ပိုရပြန်သည်။

ညနေချိန်ရောက်၍တစ်နေ့လုံးဆော့ခဲ့သောသုံးယောက်မှာအိမ်ပြန်ချိန်ရောက်တာတောင်မနည်းခွဲထုတ်ရသေးသည်။ချယ်ရီနဲ့ဝေယံကအတူတူပြန်ကာစျာန်နဲ့ခွန်းသက သပ်သပ်ပြန်လာခဲ့သည်။ခွန်းသတစ်ယောက်စျာန့်ဘက်ကိုကြည့်ကာ

“ကိုကို”
“ဗျာ “ စျာန်ထူးလိုက်တော့ခွန်းသက

“သန်ဘက်ခါ ဘာနေ့လဲဟင်”
“29ရက်နေ့လေ ကလေးရဲ့”

“မဟုတ်ဘူးလေ တခြားလိုမျိုးလေးပြောတာ”
“ဪ အင်္ဂါ နေ့လေ ဘာလို့လဲ ကလေးရဲ့”ထိုအခါခွန်းသကနှုတ်ခမ်းဆူကာ

“ဘာမှမဟုတ်ဘူးဘာနေ့မှန်းမသိလို့မေးကြည့်တာ”
“ဪ ကလေးရယ်ဖုန်းမှာကြည့်လည်းရတာဘဲကို”
ခွန်းသတစ်ယောက်လိုချင်သောအဖြေမရ၍နှုတ်ခမ်းဆူကာကားမှန်ဘက်လှည့်၍အပြင်ကိုသာငေးကြည့်နေသည်။စျာန်လည်းခွန်းသအားကြည့်ကာကားမောင်းရင်းပြုံးနေမိသည်။

‘ဒီကလေး ကောက်သွားပြန်ပြီ’



Ep 56

ဒီေန႕စ်ာန္ကအျပင္သြားမယ္ေျပာထားေသာ
ေၾကာင့္ခြန္းသတစ္ေယာက္မ်က္လုံးကႏွိုးစက္မေပးပါဘဲအလိုလိုနိူးေနသည္။ဒီေန႕ေတာ့ေစာေစာထကာေရခ်ိဳးခန္းထဲဝင္ရန္ကုတင္ေပၚမွဆင္းလိုက္သည္။သို႔ေပမယ့္ျပန္ဆြဲထားေသာလက္တစ္စုံေၾကာင့္ေနာက္သို႔လွည့္ၾကည့္ကာ

ကိုကို နိူးေနၿပီလား ဖယ္ေပးေလ ကြၽန္ေတာ္ေရခ်ိဳးခန္းဝင္မလို႔
ကေလးရယ္အခုမွ၆နာရီခြဲပဲရွိေသးတာကို အေစာႀကီးဘာထလုပ္မလို႔လဲ စ်ာန္ကခုတင္ေဘးကခုံေပၚတြင္တင္ထားေသာနာရီကိုၾကည့္ကာေျပာလိုက္သည္။ခြန္းသက ေစာလည္းဘာျဖစ္လဲဆိုတဲ့အၾကည့္နဲ႕ျပန္ၾကည့္ကာ....

ကြၽန္ေတာ္မွမအိပ္ခ်င္ေတာ့တာကို
အဲ့ဒါဆိုလည္းကိုကို႔ရင္ခြင္ထဲမွာလာေန ေနာ္

စ်ာန့္အေျပာ ေၾကာင့္ခြန္းသ ကစူပုပ္လိုက္ကာ

မလာဘူး
ဟာ ကေလးမဆိုးနဲ႕ေလ စ်ာန္ရဲ႕စကားေၾကာင့္ခြန္းသက မ်က္ေမွာင္ၾကဳတ္လိုက္ကာ....

ဟင္ အခုေတာ့ဆိုးတယ္ျဖစ္သြားၿပီလား ေတာ္ၿပီ ဒီမွာမေနဘူးဘန္ေကာက္ျပန္မယ္

ခ်က္ခ်င္းပင္ျပန္မယ္ဆိုၿပီးကုတင္ေပၚကအတင္းဆင္းေနေသာခြန္းသအားစ်ာန္အျမန္ထကာဆြဲထားရသည္။

ကေလးရယ္ ဘယ္ကိုျပန္မွာလဲ ကိုကို႔ကိုေသေစခ်င္ေနတာလား
ကိုကိုက ကေလးကိုမွအလိုမလိုက္တာ

အဲ့လိုမဟုတ္ပါဘူးကေလးရယ္ ကိုကိုက ကေလးအေစာႀကီးထေတာ့ ကေလးေခါင္းမူးမွာစိုးလို႔ပါ
ဟြန္း.... အဲ့ဒါဆိုခြင့္လႊတ္လိုက္မယ္

ႏႈတ္ခမ္းဆူကာေျပာေနေသာေကာင္ေလးေၾကာင့္စ်ာန္ကသူပါလွဲလိုက္ကာခြန္းသကိုပါတစ္ခါတည္းအိပ္ယာေပၚသို႔ဆြဲခ်လိဳက္သည္။
ခြန္းသမွာ စ်ာန္ရဲ႕အျပဳမူေၾကာင့္....

ဟာ ေရခ်ိဳးမွာပါဆို
ကေလးရယ္ အေစာႀကီးရွိေသးတယ္ ကိုကိုနဲ႕အတူတူဆက္အိပ္ပါအုန္း ကိုကိုက ကေလးကိုယ္သင္းနံ႕ေလးကိုလြမ္းေနရတာ လြမ္းေနတယ္ေျပာကာတစ္ကိုယ္လုံးလိုက္နမ္းေနေသာစ်ာန္ေၾကာင့္ခြန္းသမွာၾကက္သီးေတြပါထေနမိသည္။
အား...ခခ္ ယား ယားတယ္ ကိုကိုမနမ္းနဲ႕ေတာ့
အဲ့ဒါဆိုအိပ္မွာလား

အ့ ခခ္ အိပ္ အိပ္ပါ့မယ္ လႊတ္ေပးပါ
ၿပီးေရာ ျပန္မအိပ္ရင္ထပ္နမ္းမွာ

ထပ္နမ္းမယ္ဆိုလို႔စ်ာန္ရင္ခြင္ထဲသို႔တိုးဝင္လာေသာခြန္းသအားတင္းၾကပ္စြာဖက္ထား၍ခြန္းသေခါင္းေလးကိုနမ္းလိုက္သည္။
.

စ်ာန္ႏွင့္ခြန္းသတို႔၇နာရီခြဲမွအိပ္ယာျပန္ထၾကကာ႐ုပ္ရွင္႐ုံသို႔ေရာက္ခဲ့ၾကသည္။ခ်ယ္ရီႏွင့္ေဝယံကိုလည္း႐ုပ္ရွင္႐ုံကိုဘဲလာဖို႔ေျပာထားၿပီး ခြန္းသ မတ္တပ္ေလးရပ္ကာအေအးေသာက္ေနတုန္း

ခြန္းသ.....
ခ်ယ္ရီ ေဝယံ အေအးေသာက္ေနတုန္းခြန္းသဆိုကာေအာ္လာေသာခ်ယ္ရီအသံမွာေတာ္ေတာ္ေတာင္က်ယ္လာသည္။မေတြ႕ရတဲ့ႏွစ္အတြင္းအသံက်ယ္ေအာင္လည္ေခ်ာင္းေတြဘာေတြေတာင္ခြဲထားလားမွတ္ရသည္။ေဝယံကေတာ့
ခ်ယ္ရီ႕အေနာက္ကေန ခြန္းသအား
ၿပဳံးျပရင္းလိုက္လာသည္။ခ်ယ္ရီကခြန္းသကိုေတြ႕တာနဲ႕ဖက္လိုက္ကာ

ခြန္းသနင္ေနနိူင္လိုက္တာ ငါတို႔ကိုမေျပာမဆိုနဲ႕ထြက္သြားတယ္ အဟင့္!!
ငါေတာင္းပန္ပါတယ္ဟာ မငိုနဲ႕ေတာ့ တိတ္ တိတ္ လွလည္းမလွဘဲနဲ႕ ခြန္းသအားဖက္ကာငိုေနေသာခ်ယ္ရီမွာပတ္ဝန္းက်င္ကလူေတြေတာင္ဂ႐ုမစိုက္နိူင္ပါ။

ေဝယံကခြန္းသ ပခုံးအားဖက္လိုက္ကာ

ခြန္းသ ငါမင္းေပ်ာက္သြားတုန္းကစိတ္ပူေနတာသိရဲ႕လား ေခြးေကာင္ေလး
ေက်းဇူးပါကြာ ငါ့ကိုစိတ္ပူေပးလို႔

မင္းဘန္ေကာက္ေရာက္ေနတာဘာလို႔မေျပာတာလဲ ၿပီးေတာ့ငါ့အကိုေရာဘဲ အကိုလည္းမေကာင္းဘူးေနာက္မွဘန္ေကာက္ထိလိုက္ၿပီး သြားေျပာအုန္းမယ္
ငါကဘန္ေကာက္ကငါ့ဦးေလးအိမ္မွာသြားေနေနတာပါ အကိုေတဇနဲ႕ကမထင္မွတ္ဘဲဆုံတာ ၿပီးေတာ့အကိုေတဇကိုငါဘန္ေကာက္မွာရွိေနတဲ့အေၾကာင္းငါကိုယ္တိုင္မေျပာခိုင္းခဲ့လို႔ပါ ကဲပါ အခုငါတို႔စိတ္ညစ္စရာေတြေမ့ၿပီး႐ုပ္ရွင္သြားၾကည့္ၾကရေအာင္

ထိုအခါခ်ယ္ရီနဲ႕ေဝယံက

နင္ေနာက္တစ္ခါေပ်ာက္မသြားနဲ႕
ဟုတ္တယ္ ထြက္သြားရင္မင္းနဲ႕သူငယ္ခ်င္းအျဖစ္ကေနျပတ္စဲၿပီ

ေအးပါကြာ မသြားေတာ့ပါဘူးငါကငါ့ကိုကိုနဲ႕ဘဲတစ္သက္လုံးေနေတာ့မွာခြန္းသစကားေၾကာင့္ခ်ယ္ရီက မ်က္လုံးကိုအေပၚသို႔လွန္ၾကည့္လိုက္ကာ
ေျပာမိတာမွားတယ္

ကိုကို ကြၽန္ေတာ္တို႔သြားၾကရေအာင္
ေတာ္ေသးတာေပါ့ ကိုကိုက ကေလးကိုကို႔ကိုေမ့ေနၿပီလားလို႔ထင္ေနတာ
သူငယ္ခ်င္းေတြလာတည္းကသူ႕ကိုရွိတယ္လို႔ပင္မထင္လာေသာ အေကာင္ေပါက္ေလးေၾကာင့္လူက နည္းနည္းေတာ့ဘူသြားတာအမွန္ပင္။ခြန္းသက သူ႕ေဘးတြင္ရပ္ေနေသာစ်ာန့္ကို ရယ္ျပလိုက္ကာ....

မေမ့ပါဘူးကိုကိုရဲ႕ ဒီေယာက်ာ္းေလးတစ္ေယာက္ထဲရွိတာကို
ကေလးကဘယ္ႏွေယာက္လိုခ်င္ေသးလို႔လဲ

ကိုကိုတစ္ေယာက္တည္းဘဲ
အတတ္ေလး

လက္ညိုးေလးတစ္ေခ်ာင္းေထာင္ကာေျပာေနေသာအေကာင္ေပါက္ေလးအားစ်ာန္အသည္းယားလာကာပါးေလးအားဆြဲလိုက္မိသည္။ေဘးနားကႏွစ္ေယာက္ကေတာ့တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာခြန္းသတို႔ဘက္လွည့္၍ပိုတယ္ဆိုေသာအၾကည့္ျဖင့္ၾကည့္ေနၾကသည္။

စ်ာန္ႏွင့္ခြန္းသတို႔႐ုပ္ရွင္ၾကည့္ၿပီးသည္ႏွင့္ မုန့္စားကာကစားကြင္းပါသြားၾကေသးသည္။စ်ာန္ကေတာ့ ခ်စ္ရသူနဲ႕လာကာRoဆန္ဆန္ေနဖို႔မေျပာနဲ႕ေမ်ာက္သုံးေကာင္ကိုလွည့္ပတ္ထိန္းေနရတာနဲ႕တင္ေခြၽးေတြထြက္ေနသည္။သို႔ေပမယ့္လည္း
ေရခဲမုန့္စားလိုက္gameသြားေဆာ့လိုက္နဲ႕ေပ်ာ္ေနေသာခြန္းသအားၾကည့္ကာစ်ာန့္မွာအခ်စ္ပိုရျပန္သည္။

ညေနခ်ိန္ေရာက္၍တစ္ေန႕လုံးေဆာ့ခဲ့ေသာသုံးေယာက္မွာအိမ္ျပန္ခ်ိန္ေရာက္တာေတာင္မနည္းခြဲထုတ္ရေသးသည္။ခ်ယ္ရီနဲ႕ေဝယံကအတူတူျပန္ကာစ်ာန္နဲ႕ခြန္းသက သပ္သပ္ျပန္လာခဲ့သည္။ခြန္းသတစ္ေယာက္စ်ာန့္ဘက္ကိုၾကည့္ကာ

ကိုကို
ဗ်ာ  စ်ာန္ထူးလိုက္ေတာ့ခြန္းသက

သန္ဘက္ခါ ဘာေန႕လဲဟင္
29ရက္ေန႕ေလ ကေလးရဲ႕

မဟုတ္ဘူးေလ တျခားလိုမ်ိဳးေလးေျပာတာ
ဪ အဂၤါ ေန႕ေလ ဘာလို႔လဲ ကေလးရဲ႕ထိုအခါခြန္းသကႏႈတ္ခမ္းဆူကာ

ဘာမွမဟုတ္ဘူးဘာေန႕မွန္းမသိလို႔ေမးၾကည့္တာ
ဪ ကေလးရယ္ဖုန္းမွာၾကည့္လည္းရတာဘဲကို
ခြန္းသတစ္ေယာက္လိုခ်င္ေသာအေျဖမရ၍ႏႈတ္ခမ္းဆူကာကားမွန္ဘက္လွည့္၍အျပင္ကိုသာေငးၾကည့္ေနသည္။စ်ာန္လည္းခြန္းသအားၾကည့္ကာကားေမာင္းရင္းၿပဳံးေနမိသည္။

ဒီကေလး ေကာက္သြားျပန္ၿပီ



Continue Reading

You'll Also Like

5.3M 350K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
183K 18.8K 113
ဘာသာပြန်သူ - စွဲညို့အသင်း
591K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
196K 33.1K 89
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .