အမုန်း၏နောက်ကွယ်(Complete)

By Loon_0199

672K 33.9K 422

နေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ် More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44
Ep 45
Ep 46
Ep 47
Ep 48
Ep 49
Ep 50
Ep 51
Ep 52
Ep 53
Ep 54
Ep 55
Ep 56
Ep 57
Ep 58 Final
New fic
အသိပေးခြင်း
ကြေညာခြင်း📖
Chibi Art
Inner art
Book Cover & Book Details

Ep 31

11.3K 622 4
By Loon_0199

Ep 31

စျာန်လည်းCompanyမှထွက်ခဲ့ပြီးခွန်းသအိမ်ပြန်သွားသည်အထင်နှင့်အိမ်သို့မောင်းခဲ့လိုက်သည်။သို့သော်အိမ်ရောက်တော့အိမ်မှာလည်းရှိမနေပါ။ကျော်ထက်အားဖုန်းဆက်ကာရှာခိုင်းသော်လည်းအခုထိမတွေ့သေး။နေ့လယ်ထဲကပျောက်နေတာဘယ်သွားမှန်းလည်းမသိသောကြောင့်စိတ်ပူနေမိသည်။အခန်းထဲမှထွက်ကာအပြင်သွားရန်ကားနားသို့အရောက်ခြံထဲသို့ဝင်လာသောအရိပ်လေးကြောင့်ပျော်သွားရသည်။ချက်ချင်းပင်ခွန်းသအနားသသွားကာဆွဲဖက်မိလိုက်သည်။ သို့သော်ဖက်ထားသောလက်များကို သူ့လက်တွေနှင့်ပြန်ဖယ်ကာသူ့အရှေ့မှထွက်သွားပြီးအိမ်ထဲဝင်သွားသောခွန်းသကြောင့်စျာန်လည်းခြံထဲ၌ကျန်နေခဲ့သည်။

ကျွန်တော်နှင့်ဝေယံ တစ်လမ်းလုံးစကားပြောလာကာဝေယံကကျွန်တော့်အိမ်သို့ပြန်ပို့ပေးသည်။စကားသာပြောလာပေမယ့်တစ်လမ်းလုံးလည်းကျွန်တော်ငိုင်နေမိသည်။ကိုကိုနဲ့ဟိုမိန်းမနဲ့ကဘယ်အခြေနေထိရောက်နေကြပြီလဲ။ကျွန်တော်ထွက်သွားသင့်ရင်ထွက်သွားပေးမှာပါ။ကိုယ်ချစ်တဲ့သူပျော်ရွှင်ဖို့ဆိုရင်ကျွန်တော်ဘယ်လိုဘဲနေရနေရ အဆင်သင့်ဘဲ။တွေးနေရင်းခြံရှေ့ရောက်တော့ကားပေါ်မှဆင်းကာဝေယံကိုနှုတ်ဆက်ပြီးခြံထဲသို့ဝင်လာခဲ့သည်။အိမ်ပေါက်ဝမရောက်ခင် ရင်ခွင်တစ်ခုထဲသို့ဆွဲသွင်းခံလိုက်ရသောကြောင့်ကျွန်တော်ခန္ဓာကိုယ်အလိုက်သင့်လေးပါသွားကာခြေထောက်နာနေသည်ကြောင့်နည်းနည်းတောင်ယိုင်သွားရသည်။သို့သော်ရင်ခွင်ထဲမှာဆိုသောကြောင့်ဘာမှမဖြစ်။ကျွန်တော်ကိုကိုနှင့်စကားမပြောချင်၍ဖက်ထားသည်ကိုဆွဲဖယ်ကာကိုကို့အရှေ့မှထွက်လာခဲ့မိသည်။

စျာန်လည်းသူ့ကိုတွန်းဖယ်သွားသောခွန်းသ
ကြောင့်အခန်းထဲသို့ဝင်ရန်သွားနေသောခွန်းသနောက်သို့အမြန်လိုက်လာခဲ့သည်။ခွန်းသအခန်းထဲသို့ရောက်ချိန်စျာန်လည်းတံခါးအားအမြန်တွန်းဖွင့်လိုက်ကာခွန်းသအားလက်ဆွဲ၍သူ့ဘက်လှည့်စေလိုက်သည်။ခွန်းသတစ်ယောက်ဆွဲခံထားရသောလက်ကိုဖယ်ကာ

"ကျွန်တော်ပင်ပန်းနေလို့နားလိုက်ပါအုန်းမယ်" ပြောပြီးသည်နှင့်ကုတင်ပေါ်သို့သွားနေသောခွန်းသကို

"ခွန်းကိုယ်တောင်းပန်ပါတယ်ကွာ ခွန်းအထင်လွဲနေတာပါ" ခွန်းသလည်းကုတင်ပေါ်မတတ်မှီစျာန့်ဘက်ကိုလှည့်၍မဲ့ပြုံးပြုံးကာ

"ကျွန်တော့်မျက်လုံးနဲ့သေချာမြင်တာကိုအထင်လွဲနေတာတဲ့လား"
"မဟုတ်ပါဘူး ခွန်းရယ် အဲ့ဒါက..."စျာန့်စကားမဆုံးသေး

"ကိုကိုကကျွန်တော့်ကိုမချစ်ဘဲယူခဲ့တဲ့အတွက်ကျွန်တော်နားလည်ပါတယ် ကိုကိုသူနဲ့ပျော်ရင်ကျွန်တော်ကထွက်သွားပေးမှာပါ"

"မဟုတ်ဘူးခွန်းထွက်သွားလို့မရဘူး"

"ဘာလဲ ကျွန်တော့်ကိုဒဏ်ရာတွေပေးပြီးပျော်ပျော်ကြီးကြည့်နေအုန်းမလို့လား ကိုကိုအဲ့မိန်းမနဲ့ပလူးနေတာကိုကျွန်တော်ကထပ်ပြီးကြည့်ပေးရအုန်းမှာလား" ခွန်းတစ်ယောက်မျက်ရည်များကျကာ စျာန့်ကိုပြောနေလေသည်။စျာန်က ခွန်းသစကားကြောင့် စိတ်တိုသွားကာ......

"ခွန်း!!!မင်းဘယ်လိုပြောလိုက်တာလဲ ငါတို့ကလုပ်ငန်းချင်းကိစ္စဘဲရှိတာကျန်တာဘာမှမရှိဘူး"

"ဒါပေမယ့် အဲ့ဒီမိန်းမကရှိနေတယ်လေ အဲ့မိန်းမကကိုကို့ကိုမြူဆွယ်နေတာလေ ကိုကိုကလည်းအဲ့မိန်းမကို...."

"ဆက်ခွန်းသ!!! မင်းတို့လိုဘုရားပေါ်တောင်ဖြစ်ချင်သလိုဖြစ်နေတာမဟုတ်ဘူးကွ" စျာန်တစ်ယောက်ခွန်းသအားဒေါသမျက်လုံးများနှင့်ကြည့်ကာပြောနေလေသည်။သို့ပေမယ့်ခွန်းသလည်းစျာန့်ကိုပြန်ကြည့်ကာ......

"ဟုတ်တယ် အဲ့တော့ဘာဖြစ်လဲ ကျွန်တော်တို့က ဘာမှမလုပ်လို့ဘုရားပေါ်မှာရှိနေနိူင်တာလေ ကိုကိုတို့လို အခန်းထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေတာမှမဟုတ်ဘဲ"

"ဘာ......ခွပ်" စျာန်တစ်ယောက် ခွန်းသပြောသောစကားကြောင့်အသိစိတ်လွတ်ကာခွန်းသအားထိုးမိသွားသည်။ခွန်းသတစ်ယောက်သွေးထွက်သွားသောနှုတ်ခမ်းအားလက်နှင့်သုတ်လိုက်ကာ

"ကိုကိုကအဲ့မိန်းမကိုထိတော့နာတယ်ပေါ့ ကိုကိုအတွက်ကျွန်တော်ကအဲ့မိန်းမလောက်တောင်အရေးမပါဘူးလား သုံးခါ သုံးခါရှိသွားပြီ ကိုကို အဲ့မိန်းမကြောင့်ကျွန်တော့်ကိုရိုက်တာသုံးခါရှိသွားပြီ"
စျာန်လည်းစိတ်တိုနေ၍သူ့ရှေ့ကခွန်းသအား

"ဟုတ်တယ် မင်းလိုမာယာများတဲ့ကောင်ကငါ့အတွက်ဘာမှအရေးမပါဘူးငါ့ညီမတုန်းကလည်းအပြစ်မရှိဘဲမင်းကြောင့်သေ သွားရတယ်အခုလည်းဟိုအကောင်ကိုတွေ့တော့ငါ့ကိုခြေစုန်ကန်နေပြီပေါ့ မင်းလိုကောင်ကရုပ်လေးပြပြီးချူ စားနေတာမလား"

"အဟက်!!! အေးပေါ့ကျွန်တော်ကအဲ့လိုလူမျိုးလေ ကိုကိုအခုကျွန်တော့်လိုလူမျိုးကိုရွေးချယ်ခဲ့လိုနောင်တရနေပြီမလား"

ခွန်းသတစ်ယောက်ပြောပြီးတာနဲ့အခန်းထဲကထွက်သွားလိုက်သည်။စျာန်လည်းအခန်းထဲတွင်သာကျန်နေခဲ့သည်။စျာန်တစ်ယောက်ခွန်းသအားထိုးမိလိုက်သောသူ့လက်ကြောင့် နံရံကိုပြန်ထိုးနေသည်။လက်တစ်ခုလုံးရစရာမရှိအောင်ထိုးနေသောကြောင့်လက်တွေပေါက်ပြဲကာသွေးပင်ထွက်နေပြီ။ခြံထဲကဒန်းပေါ်တွင်ခွန်းသလည်းမျက်ရည်များကျကာထိုင်နေမိသည်။

"ကျွန်တော်ကကိုကို့အတွက်အရေးမပါဘူးတဲ့လား ရုပ်လေးပြပြီးချူ စားနေတဲ့ကောင်တဲ့လား ကျွန်တော်က ကိုကို့မျက်လုံးထဲမှာ အဲ့အဆင့်ပဲရှိတာလား"
ခွန်းသတစ်ယောက်စျာန်ပြောခဲ့သောစကားများကိုပြန်ကြားကာတစ်ယောက်တည်းပြန်ပြောနေမိသည်။
ထိုနေ့တွင်အခန်းထဲ၌လက်မှာသွေးအလိမ်းလိမ်းထွက်နေသောကောင်လေးနှင့်ဒန်းပေါ်တွင်မျက်ရည်များနှင့်ထိုင်နေသောကောင်လေးလည်းရှိနေသည်။

Ep 31

စ်ာန္လည္းCompanyမွထြက္ခဲ့ၿပီးခြန္းသအိမ္ျပန္သြားသည္အထင္ႏွင့္အိမ္သို႔ေမာင္းခဲ့လိုက္သည္။သို႔ေသာ္အိမ္ေရာက္ေတာ့အိမ္မွာလည္းရွိမေနပါ။ေက်ာ္ထက္အားဖုန္းဆက္ကာရွာခိုင္းေသာ္လည္းအခုထိမေတြ႕ေသး။ေန႕လယ္ထဲကေပ်ာက္ေနတာဘယ္သြားမွန္းလည္းမသိေသာေၾကာင့္စိတ္ပူေနမိသည္။အခန္းထဲမွထြက္ကာအျပင္သြားရန္ကားနားသို႔အေရာက္ၿခံထဲသို႔ဝင္လာေသာအရိပ္ေလးေၾကာင့္ေပ်ာ္သြားရသည္။ခ်က္ခ်င္းပင္ခြန္းသအနားသသြားကာဆြဲဖက္မိလိုက္သည္။ သို႔ေသာ္ဖက္ထားေသာလက္မ်ားကို သူ႕လက္ေတြႏွင့္ျပန္ဖယ္ကာသူ႕အေရွ႕မွထြက္သြားၿပီးအိမ္ထဲဝင္သြားေသာခြန္းသေၾကာင့္စ်ာန္လည္းၿခံထဲ၌က်န္ေနခဲ့သည္။

ကြၽန္ေတာ္ႏွင့္ေဝယံ တစ္လမ္းလုံးစကားေျပာလာကာေဝယံကကြၽန္ေတာ့္အိမ္သို႔ျပန္ပို႔ေပးသည္။စကားသာေျပာလာေပမယ့္တစ္လမ္းလုံးလည္းကြၽန္ေတာ္ငိုင္ေနမိသည္။ကိုကိုနဲ႕ဟိုမိန္းမနဲ႕ကဘယ္အေျခေနထိေရာက္ေနၾကၿပီလဲ။ကြၽန္ေတာ္ထြက္သြားသင့္ရင္ထြက္သြားေပးမွာပါ။ကိုယ္ခ်စ္တဲ့သူေပ်ာ္႐ႊင္ဖို႔ဆိုရင္ကြၽန္ေတာ္ဘယ္လိုဘဲေနရေနရ အဆင္သင့္ဘဲ။ေတြးေနရင္းၿခံေရွ႕ေရာက္ေတာ့ကားေပၚမွဆင္းကာေဝယံကိုႏႈတ္ဆက္ၿပီးၿခံထဲသို႔ဝင္လာခဲ့သည္။အိမ္ေပါက္ဝမေရာက္ခင္ ရင္ခြင္တစ္ခုထဲသို႔ဆြဲသြင္းခံလိုက္ရေသာေၾကာင့္ကြၽန္ေတာ္ခႏၶာကိုယ္အလိုက္သင့္ေလးပါသြားကာေျခေထာက္နာေနသည္ေၾကာင့္နည္းနည္းေတာင္ယိုင္သြားရသည္။သို႔ေသာ္ရင္ခြင္ထဲမွာဆိုေသာေၾကာင့္ဘာမွမျဖစ္။ကြၽန္ေတာ္ကိုကိုႏွင့္စကားမေျပာခ်င္၍ဖက္ထားသည္ကိုဆြဲဖယ္ကာကိုကို႔အေရွ႕မွထြက္လာခဲ့မိသည္။

စ်ာန္လည္းသူ႕ကိုတြန္းဖယ္သြားေသာခြန္းသ
ေၾကာင့္အခန္းထဲသို႔ဝင္ရန္သြားေနေသာခြန္းသေနာက္သို႔အျမန္လိုက္လာခဲ့သည္။ခြန္းသအခန္းထဲသို႔ေရာက္ခ်ိန္စ်ာန္လည္းတံခါးအားအျမန္တြန္းဖြင့္လိုက္ကာခြန္းသအားလက္ဆြဲ၍သူ႕ဘက္လွည့္ေစလိုက္သည္။ခြန္းသတစ္ေယာက္ဆြဲခံထားရေသာလက္ကိုဖယ္ကာ

ကြၽန္ေတာ္ပင္ပန္းေနလို႔နားလိုက္ပါအုန္းမယ္ ေျပာၿပီးသည္ႏွင့္ကုတင္ေပၚသို႔သြားေနေသာခြန္းသကို

ခြန္းကိုယ္ေတာင္းပန္ပါတယ္ကြာ ခြန္းအထင္လြဲေနတာပါ ခြန္းသလည္းကုတင္ေပၚမတတ္မွီစ်ာန့္ဘက္ကိုလွည့္၍မဲ့ၿပဳံးၿပဳံးကာ

ကြၽန္ေတာ့္မ်က္လုံးနဲ႕ေသခ်ာျမင္တာကိုအထင္လြဲေနတာတဲ့လား
မဟုတ္ပါဘူး ခြန္းရယ္ အဲ့ဒါက...စ်ာန့္စကားမဆုံးေသး

ကိုကိုကကြၽန္ေတာ့္ကိုမခ်စ္ဘဲယူခဲ့တဲ့အတြက္ကြၽန္ေတာ္နားလည္ပါတယ္ ကိုကိုသူနဲ႕ေပ်ာ္ရင္ကြၽန္ေတာ္ကထြက္သြားေပးမွာပါ

မဟုတ္ဘူးခြန္းထြက္သြားလို႔မရဘူး

ဘာလဲ ကြၽန္ေတာ့္ကိုဒဏ္ရာေတြေပးၿပီးေပ်ာ္ေပ်ာ္ႀကီးၾကည့္ေနအုန္းမလို႔လား ကိုကိုအဲ့မိန္းမနဲ႕ပလူးေနတာကိုကြၽန္ေတာ္ကထပ္ၿပီးၾကည့္ေပးရအုန္းမွာလား ခြန္းတစ္ေယာက္မ်က္ရည္မ်ားက်ကာ စ်ာန့္ကိုေျပာေနေလသည္။စ်ာန္က ခြန္းသစကားေၾကာင့္ စိတ္တိုသြားကာ......

ခြန္း!!!မင္းဘယ္လိုေျပာလိုက္တာလဲ ငါတို႔ကလုပ္ငန္းခ်င္းကိစၥဘဲရွိတာက်န္တာဘာမွမရွိဘူး

ဒါေပမယ့္ အဲ့ဒီမိန္းမကရွိေနတယ္ေလ အဲ့မိန္းမကကိုကို႔ကိုျမဴဆြယ္ေနတာေလ ကိုကိုကလည္းအဲ့မိန္းမကို....

ဆက္ခြန္းသ!!! မင္းတို႔လိုဘုရားေပၚေတာင္ျဖစ္ခ်င္သလိုျဖစ္ေနတာမဟုတ္ဘူးကြ စ်ာန္တစ္ေယာက္ခြန္းသအားေဒါသမ်က္လုံးမ်ားႏွင့္ၾကည့္ကာေျပာေနေလသည္။သို႔ေပမယ့္ခြန္းသလည္းစ်ာန့္ကိုျပန္ၾကည့္ကာ......

ဟုတ္တယ္ အဲ့ေတာ့ဘာျဖစ္လဲ ကြၽန္ေတာ္တို႔က ဘာမွမလုပ္လို႔ဘုရားေပၚမွာရွိေနနိူင္တာေလ ကိုကိုတို႔လို အခန္းထဲမွာ ျဖစ္ခ်င္တိုင္းျဖစ္ေနတာမွမဟုတ္ဘဲ

ဘာ......ခြပ္ စ်ာန္တစ္ေယာက္ ခြန္းသေျပာေသာစကားေၾကာင့္အသိစိတ္လြတ္ကာခြန္းသအားထိုးမိသြားသည္။ခြန္းသတစ္ေယာက္ေသြးထြက္သြားေသာႏႈတ္ခမ္းအားလက္ႏွင့္သုတ္လိုက္ကာ

ကိုကိုကအဲ့မိန္းမကိုထိေတာ့နာတယ္ေပါ့ ကိုကိုအတြက္ကြၽန္ေတာ္ကအဲ့မိန္းမေလာက္ေတာင္အေရးမပါဘူးလား သုံးခါ သုံးခါရွိသြားၿပီ ကိုကို အဲ့မိန္းမေၾကာင့္ကြၽန္ေတာ့္ကိုရိုက္တာသုံးခါရွိသြားၿပီ
စ်ာန္လည္းစိတ္တိုေန၍သူ႕ေရွ႕ကခြန္းသအား

ဟုတ္တယ္ မင္းလိုမာယာမ်ားတဲ့ေကာင္ကငါ့အတြက္ဘာမွအေရးမပါဘူးငါ့ညီမတုန္းကလည္းအျပစ္မရွိဘဲမင္းေၾကာင့္ေသ သြားရတယ္အခုလည္းဟိုအေကာင္ကိုေတြ႕ေတာ့ငါ့ကိုေျခစုန္ကန္ေနၿပီေပါ့ မင္းလိုေကာင္က႐ုပ္ေလးျပၿပီးခ်ဴ စားေနတာမလား

အဟက္!!! ေအးေပါ့ကြၽန္ေတာ္ကအဲ့လိုလူမ်ိဳးေလ ကိုကိုအခုကြၽန္ေတာ့္လိုလူမ်ိဳးကိုေ႐ြးခ်ယ္ခဲ့လိုေနာင္တရေနၿပီမလား

ခြန္းသတစ္ေယာက္ေျပာၿပီးတာနဲ႕အခန္းထဲကထြက္သြားလိုက္သည္။စ်ာန္လည္းအခန္းထဲတြင္သာက်န္ေနခဲ့သည္။စ်ာန္တစ္ေယာက္ခြန္းသအားထိုးမိလိုက္ေသာသူ႕လက္ေၾကာင့္ နံရံကိုျပန္ထိုးေနသည္။လက္တစ္ခုလုံးရစရာမရွိေအာင္ထိုးေနေသာေၾကာင့္လက္ေတြေပါက္ၿပဲကာေသြးပင္ထြက္ေနၿပီ။ၿခံထဲကဒန္းေပၚတြင္ခြန္းသလည္းမ်က္ရည္မ်ားက်ကာထိုင္ေနမိသည္။

ကြၽန္ေတာ္ကကိုကို႔အတြက္အေရးမပါဘူးတဲ့လား ႐ုပ္ေလးျပၿပီးခ်ဴ စားေနတဲ့ေကာင္တဲ့လား ကြၽန္ေတာ္က ကိုကို႔မ်က္လုံးထဲမွာ အဲ့အဆင့္ပဲရွိတာလား
ခြန္းသတစ္ေယာက္စ်ာန္ေျပာခဲ့ေသာစကားမ်ားကိုျပန္ၾကားကာတစ္ေယာက္တည္းျပန္ေျပာေနမိသည္။
ထိုေန႕တြင္အခန္းထဲ၌လက္မွာေသြးအလိမ္းလိမ္းထြက္ေနေသာေကာင္ေလးႏွင့္ဒန္းေပၚတြင္မ်က္ရည္မ်ားႏွင့္ထိုင္ေနေသာေကာင္ေလးလည္းရွိေနသည္။

Continue Reading

You'll Also Like

441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
374K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...