အမုန်း၏နောက်ကွယ်(Complete)

By Loon_0199

672K 33.9K 422

နေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ် More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44
Ep 45
Ep 46
Ep 47
Ep 48
Ep 49
Ep 50
Ep 51
Ep 52
Ep 53
Ep 54
Ep 55
Ep 56
Ep 57
Ep 58 Final
New fic
အသိပေးခြင်း
ကြေညာခြင်း📖
Chibi Art
Inner art
Book Cover & Book Details

Ep 23

10.2K 596 6
By Loon_0199

Ep 23

စျာန်တို့ ထမင်းစားဖို့အတွက်စားသောက်ဆိုင်တစ်ခုသို့မောင်းလာခဲ့သည်။ အေးရိပ်က စားကောင်းသည်ဟူ၍မောင်းလာခဲ့သောစားသောက်ဆိုင်လေးတစ်ခု၏ အပြင်အဆင်ကလှသည်။စျာန်နှင့်အေးရိပ်တို့နှစ်ယောက်ဆိုင်တွင်းသို့ဝင်လာခဲ့ကာ ညာဘက်ထောင့်ကဝိုင်းတွင်ဝင်ထိုင်လိုက်သည်။ထိုင်လိုက်သည်နှင့်စျာန်တွေးမိသည်က နောက်တခါ ကလေးကိုခေါ်လာမယ်ဆိုတာပင်။စျာန်လည်းအတွေးနဲ့တင်ပြုံးလိုက်မိသည်။

“စျာန်ဘာစားမလဲမှာလေ ရိပ်ရှင်းမယ်နော်”
“ ကျွန်တော်ဘဲရှင်းလိုက်ပါ့မယ်”

“စျာန်ကလည်းရိပ်ခေါ်လာတာဘဲရိပ်ဘဲရှင်းမှာပေါ့ နော်”
“ သဘောပါ” စျာန်လည်း လုပ်ဖော်ကိုင်ဖက်မို့လို့လွှတ်ထားလိုက်သည်။အေးရိပ်ကချဉ်းကပ်နေတာလည်းသိပေမယ့်ပစ်ပစ်ခါခါလည်းပြောလို့မကောင်း........
စျာန်နှင့်အေးရိပ်တို့နှစ်ယောက်ဝိတ်တာကိုခေါ်ပြီးစားစရာများမှာနေသည်။
စျာန်လည်းအစားစားနေရင်းတစ်ဖက်ဝိုင်းသို့အကြည့်အရောက် သူ၏ကလေးလေးကိုတွေ့လိုက်ရသည်။သူ့သူငယ်ချင်းဝေယံနှင့်အတူဖြစ်ကာပြီးတော့သူ့ကလေးတို့နှင့်တစ်ဝိုင်းထဲအတူတူထိုင်နေသောလူတစ်ယောက်။

ခွန်းသကတော့ ဘာတွေသဘောကျနေလဲမသိပြုံးနေတာဘဲ။စျာန်ကတော့မျက်မှောင်ကြုတ်၍သာကြည့်နေသည်။ အေးရိပ်မှာ သူ့ရှေ့တွင်ထမင်းမစားဘဲငေးကြည့်နေသောကြောင့်စျာန်ကြောင့်
စျာန်ကြည့်နေသောနေရာသို့ကြည့်လိုက်မိသည်။တစ်ဖက်ဝိုင်းတွင်ပြုံးရွှင်နေသောခွန်းသ။အေးရိပ်အရှေ့ကိုပြန်ကြည့်လိုက်တော့မျက်မှောင်ကြုတ်ကာ ကြည့်နေသောစျာန်ကြောင့်ဒေါသထွက်နေတာကိုသိလိုက်သည်။အေးရိပ်လည်းမဲ့ပြုံးပြုံးကာ

“စျာန် ဟိုမှာ ခွန်းသမလား သူ့အရှေ့ကလူကဘယ်သူလဲမသိဘူးနော် ခွန်းသလေးက ပြုံးနေတာဘဲ”
“……….”
“စျာန်ရောသိလား”
“မသိဘူး ဘေးနားကတော့သူ့သူငယ်ချင်းဆိုတာသိတယ်” အေးရိပ်လည်းမျက်မှောင်ကြုတ်နေသောစျာန်ကြောင့်တစ်ချက်ပြုံးလိုက်ကာ

“စျာန် လွှတ်မထားနဲ့နော် အခုခေတ်ကလွှတ်ထားရင်ပါသွားမှာသိလား ခွန်းသကချစ်စရာလေးဆိုတော့.....”အေးရိပ်က ဆက်မပြောလဲစကားကိုရပ်ထားလိုက်သည်။အမှန်ကစျာန်ဒေါသထွက်နေတာကိုသိ၍အေးရိပ်တစ်ယောက်ပြောလိုက်ခြင်းဖြစ်သည်။

……………………………………..

ခွန်းသတို့ဝိုင်းတွင်......

“ဟား...ဟား....အဲ့ဒါဆိုအကိုကတော်တော်စွံတာဘဲ”
“ဘယ်ကသာညီရာ အကို့မှာအဲ့ကောင်မလေးကိုတော်တော်ရှောင်လိုက်ရတယ်ပြီးတော့မြန်မာအချင်းချင်းလည်းဖြစ် တစ်ဖက်နိူင်ငံမှာဆိုတော့ မကောင်းဘူးလေ သူကအကို့ဆီနေ့တိုင်းလာတော့ဆိုင်ကဝန်ထမ်းတွေတောင်ထင်ချင်ရာတွေထင်နေတာပေါ့ ပြီးမှသူကနည်းနည်းစိတ်မနံ့ဘူးတဲ့လေ”

“ဟား...ဟား...အကို့ကိုစိတ်မနံ့တဲ့သူတောင်ကြိုက်တာဘဲ”ခွန်းသမှာ တေဇက ရယ်စရာများပြော၍ရယ်နေရသည်။

“ညီတော်တော့ကွာ နှစ်ယောက်ပေါင်းပြီးဟားနေကြတာပေါ့ဟုတ်လား သူကလေယဉ်ယဉ်လေးရူးနေတာနေမှာအဲ့ဒါကြောင့်ဘန်ကောက်မှာဆေးလာကုတာတဲ့သူ့မိဘတွေကလာရှာတော့တွေ့တာနဲ့အဲ့ကျမှအကိုလည်းသိရတာ တော်ပါသေးရဲ့လူပျို ဘဝလေးမပါသွားတာ”

“ဟား...ဟား...” တေဇကဘန်ကောက်တွင်ဖြစ်ခဲ့သောဟာသများနှင့်အတွေ့ကြုံများကိုပြောနေသောကြောင့်ခွန်းသတို့နှစ်ယောက်ထိုင်ရယ်နေရသည်။

ခွန်းသလည်း စားနေရင်းတစ်ဖက်ဝိုင်းသို့လှည့်အကြည့်သူ့ကိုမျက်မှောင်ကြုတ်၍ကြည့်နေသော စျာန့်ကိုတွေ့လိုက်ရသောကြောင့်လန့်သွားရသည်။
ကိုကိုကဟိုအေးရိပ်ဖြူ ဆိုတဲ့အမနဲ့လာတာပင်။

သူ့ကိုချဉ်းကပ်နေတဲ့သူနဲ့တောင်ကိုကိုကအတူတူထမင်းလာစားတာလားဒါမှမဟုတ်......ရိုးရိုးသားသားဘဲဖြစ်မှာပါလေ။တွေးနေတုန်းကိုကိုကသူ့ဆီမှအကြည့်လွှဲသွားသည်။ကိုကို့ပန်းကန်ထဲကိုဟင်းတွေခပ်ထည့်ပေးနေသောအမကြောင့်လားမသိကိုကိုကလည်းပြုံးနေလေသည်။


ကိုကိုနဲ့အဲ့အစ်မနဲ့ကဘာတွေလဲဆိုတာ မတွေးချင်တော့ပါ။ခွန်းသမျက်နှာလွှဲ၍ထမင်းသာဆက်စားနေလိုက်တော့သည်။

“ခွန်းသငါတို့ပြီးရင်ပြန်ကြမယ်လေ”
“အင်း ပြန်မယ်လေ”

“ အအေးသောက်အုန်းမလား”
“တော်ပြီအကို”
“အဲ့ဒါဆိုသွားမယ်လာကြ”

ခွန်းသတို့ထမင်းစားပြီး၍သင်တန်းသို့ပြန်လာကြသည်။ပြန်ခါနီးကိုကို့တို့ဝိုင်းသို့ကြည့်လိုက်ချိန်ဟိုအမနဲ့ပြုံးရွှင်ပြီးထမင်းစားနေသောကိုကို့ကို တွေ့၍လှည့်ထွက်ခဲ့မိသည်။

ညနေသင်တန်းကအပြန်ဝေယံကိုလာကြိုသောအကိုတေဇ ကြောင့်နှုတ်ဆက်ကာ တစ်ယောက်တည်းကိုကို့ကိုစောင့်နေလိုက်သည်။ခနအကြာကိုကိုလာကြို ၍ကားပေါ်တက်ကာငြိမ်နေလိုက်သည်။တစ်လမ်းလုံးလည်းဘာစကားမှမပြောလာသောကိုကိုပါ။ကျွန်တော်လည်းငြိမ်နေတာအကောင်းဆုံးထင်၍ငြိမ်နေလိုက်သည်။အိမ်ရောက်၍အခန်းထဲဝင်ချိန်တွင်......

“တော်တော်ပျော်ခဲ့ရဲ့လားနေ့လယ်က”
“ဘာကိုလဲ ကိုကို “ စျာန်ကတစ်ချက်ရယ်လိုက်ကာ
“မင်းရဲ့အသစ်ကလေးနဲ့လေ ထမင်းစားတာတောင်ပြုံးနေတာဘဲ “
“ကိုကိုဘာတွေပြောနေတာလဲအဲ့ဒါဝေယံ့အကို ကျွန်တော်တို့ကရိုးရိုးသားသားတွေ”

“ငါမယုံဘူး ဘာလဲမင်းကအဲ့အကောင်နောက်လိုက်ပြီးငါ့ညီမလေးတုန်းကလိုငါ့ကိုအသည်းခွဲပြီးထပ်ထားခဲ့မလို့လား ဟမ်”
“ကိုကိုထင်ရာတွေစွတ်စွဲမနေပါနဲ့ကျွန်တော်နဲ့ငွေနှင်းကဘာမှမပတ်သတ်ခဲ့ဘူး”

“ငါမယုံဘူး ငါ့ညီမလေးကမင်းကြောင့်သူ့ကိုယ်သူ့သက်သေ သွားတာလေ ငါကမင်းကိုနည်းနည်းလောက်နူးညံ့ပြလိုက်တာနဲ့ ဟုတ်လှပြီထင်နေတာလား” စျာန်ကခါးထောက်၍ခွန်းသအားပြောဆိုနေလေသည်။

“အဲ့ဒါ ဆိုကိုကိုကျတော့ရော ဟိုအမနဲ့ပြုံးပျော်နေတာလေ အဲ့ဒါကျတော့ရော”
“အဲ့ဒါကငါ့ကိစ္စ ငါ့ဘာသာဘယ်သူနဲ့ပျော်ပျော်မင်းအလုပ်မဟုတ်ဘူး”
“ကိုကို ကျတော့နေချင်သလိုနေနေပြီးတော့ ကျွန်တော့်ကိုကျတော့........”

ဖြန်း!!!

ခွန်းသစကားမဆုံးသေး ပါးပြင်ပေါ်သို့ရောက်လာသောလက်တစ်စုံ။ဟုတ်ပါတယ်ကိုကိုကကျွန်တော့်ကိုရိုက်လိုက်ခြင်းပင်။စျာန်က ခွန်းသအားပါးရိုက်လိုက်ကာ

“မင်းစောက်ပါးစပ်ကိုပိတ်ထား.....ငါ့ကိုပြန်မပြောနဲ့ မင်းမှာငါ့ကိုပြန်ပြောပိုင်ခွင့်မရှိဘူး”
ခွန်းသက စျာန့်ကိုသေချာကြည့်ကာ

“ဟုတ်တာပေါ့ ကျွန်တော်ကကိုကိုမချစ်ဘဲယူခဲ့တဲ့သူဘဲ ဒီလောက်တော့ခံရမှာပေါ့ ကျွန်တော်ကကိုကို့ရဲ့စာရွက်ပေါ်ကအမည်ခံသက်သက်ခင်ပွန်းဘဲလေ” ခွန်းသကပြောပြီးသည်နှင့်အခန်းပြင်သို့ထွက်သွားသည်။စျာန်လည်းသူ့လက်ကိုသူပြန်ကြည့်ကာဒေါသထွက်နေသည်။
“ငါကအတ္တကြီးတယ် မင်းကိုငါ့ဆီကထွက်သွားခွင့်မပြုဘူး”ထိုညကဧည့်ခန်းထဲတွင်မျက်ရည်များနှင့်ထိုင်နေသောကောင်လေးလည်းရှိနေခဲ့သည်။
…………………………………………………




Ep 23

စ်ာန္တို႔ ထမင္းစားဖို႔အတြက္စားေသာက္ဆိုင္တစ္ခုသို႔ေမာင္းလာခဲ့သည္။ ေအးရိပ္က စားေကာင္းသည္ဟူ၍ေမာင္းလာခဲ့ေသာစားေသာက္ဆိုင္ေလးတစ္ခု၏ အျပင္အဆင္ကလွသည္။စ်ာန္ႏွင့္ေအးရိပ္တို႔ႏွစ္ေယာက္ဆိုင္တြင္းသို႔ဝင္လာခဲ့ကာ ညာဘက္ေထာင့္ကဝိုင္းတြင္ဝင္ထိုင္လိုက္သည္။ထိုင္လိုက္သည္ႏွင့္စ်ာန္ေတြးမိသည္က ေနာက္တခါ ကေလးကိုေခၚလာမယ္ဆိုတာပင္။စ်ာန္လည္းအေတြးနဲ႕တင္ၿပဳံးလိုက္မိသည္။

စ်ာန္ဘာစားမလဲမွာေလ ရိပ္ရွင္းမယ္ေနာ္
ကြၽန္ေတာ္ဘဲရွင္းလိုက္ပါ့မယ္

စ်ာန္ကလည္းရိပ္ေခၚလာတာဘဲရိပ္ဘဲရွင္းမွာေပါ့ ေနာ္
သေဘာပါ စ်ာန္လည္း လုပ္ေဖာ္ကိုင္ဖက္မို႔လို႔လႊတ္ထားလိုက္သည္။ေအးရိပ္ကခ်ဥ္းကပ္ေနတာလည္းသိေပမယ့္ပစ္ပစ္ခါခါလည္းေျပာလို႔မေကာင္း........
စ်ာန္ႏွင့္ေအးရိပ္တို႔ႏွစ္ေယာက္ဝိတ္တာကိုေခၚၿပီးစားစရာမ်ားမွာေနသည္။
စ်ာန္လည္းအစားစားေနရင္းတစ္ဖက္ဝိုင္းသို႔အၾကည့္အေရာက္ သူ၏ကေလးေလးကိုေတြ႕လိုက္ရသည္။သူ႕သူငယ္ခ်င္းေဝယံႏွင့္အတူျဖစ္ကာၿပီးေတာ့သူ႕ကေလးတို႔ႏွင့္တစ္ဝိုင္းထဲအတူတူထိုင္ေနေသာလူတစ္ေယာက္။

ခြန္းသကေတာ့ ဘာေတြသေဘာက်ေနလဲမသိၿပဳံးေနတာဘဲ။စ်ာန္ကေတာ့မ်က္ေမွာင္ၾကဳတ္၍သာၾကည့္ေနသည္။ ေအးရိပ္မွာ သူ႕ေရွ႕တြင္ထမင္းမစားဘဲေငးၾကည့္ေနေသာေၾကာင့္စ်ာန္ေၾကာင့္
စ်ာန္ၾကည့္ေနေသာေနရာသို႔ၾကည့္လိုက္မိသည္။တစ္ဖက္ဝိုင္းတြင္ၿပဳံး႐ႊင္ေနေသာခြန္းသ။ေအးရိပ္အေရွ႕ကိုျပန္ၾကည့္လိုက္ေတာ့မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနေသာစ်ာန္ေၾကာင့္ေဒါသထြက္ေနတာကိုသိလိုက္သည္။ေအးရိပ္လည္းမဲ့ၿပဳံးၿပဳံးကာ

စ်ာန္ ဟိုမွာ ခြန္းသမလား သူ႕အေရွ႕ကလူကဘယ္သူလဲမသိဘူးေနာ္ ခြန္းသေလးက ၿပဳံးေနတာဘဲ
.
စ်ာန္ေရာသိလား
မသိဘူး ေဘးနားကေတာ့သူ႕သူငယ္ခ်င္းဆိုတာသိတယ္ ေအးရိပ္လည္းမ်က္ေမွာင္ၾကဳတ္ေနေသာစ်ာန္ေၾကာင့္တစ္ခ်က္ၿပဳံးလိုက္ကာ

စ်ာန္ လႊတ္မထားနဲ႕ေနာ္ အခုေခတ္ကလႊတ္ထားရင္ပါသြားမွာသိလား ခြန္းသကခ်စ္စရာေလးဆိုေတာ့.....ေအးရိပ္က ဆက္မေျပာလဲစကားကိုရပ္ထားလိုက္သည္။အမွန္ကစ်ာန္ေဒါသထြက္ေနတာကိုသိ၍ေအးရိပ္တစ္ေယာက္ေျပာလိုက္ျခင္းျဖစ္သည္။

..

ခြန္းသတို႔ဝိုင္းတြင္......

ဟား...ဟား....အဲ့ဒါဆိုအကိုကေတာ္ေတာ္စြံတာဘဲ
ဘယ္ကသာညီရာ အကို႔မွာအဲ့ေကာင္မေလးကိုေတာ္ေတာ္ေရွာင္လိုက္ရတယ္ၿပီးေတာ့ျမန္မာအခ်င္းခ်င္းလည္းျဖစ္ တစ္ဖက္နိူင္ငံမွာဆိုေတာ့ မေကာင္းဘူးေလ သူကအကို႔ဆီေန႕တိုင္းလာေတာ့ဆိုင္ကဝန္ထမ္းေတြေတာင္ထင္ခ်င္ရာေတြထင္ေနတာေပါ့ ၿပီးမွသူကနည္းနည္းစိတ္မနံ႕ဘူးတဲ့ေလ

ဟား...ဟား...အကို႔ကိုစိတ္မနံ႕တဲ့သူေတာင္ႀကိဳက္တာဘဲခြန္းသမွာ ေတဇက ရယ္စရာမ်ားေျပာ၍ရယ္ေနရသည္။

ညီေတာ္ေတာ့ကြာ ႏွစ္ေယာက္ေပါင္းၿပီးဟားေနၾကတာေပါ့ဟုတ္လား သူကေလယဥ္ယဥ္ေလး႐ူးေနတာေနမွာအဲ့ဒါေၾကာင့္ဘန္ေကာက္မွာေဆးလာကုတာတဲ့သူ႕မိဘေတြကလာရွာေတာ့ေတြ႕တာနဲ႕အဲ့က်မွအကိုလည္းသိရတာ ေတာ္ပါေသးရဲ႕လူပ်ိဳ ဘဝေလးမပါသြားတာ

ဟား...ဟား... ေတဇကဘန္ေကာက္တြင္ျဖစ္ခဲ့ေသာဟာသမ်ားႏွင့္အေတြ႕ႀကဳံမ်ားကိုေျပာေနေသာေၾကာင့္ခြန္းသတို႔ႏွစ္ေယာက္ထိုင္ရယ္ေနရသည္။

ခြန္းသလည္း စားေနရင္းတစ္ဖက္ဝိုင္းသို႔လွည့္အၾကည့္သူ႕ကိုမ်က္ေမွာင္ၾကဳတ္၍ၾကည့္ေနေသာ စ်ာန့္ကိုေတြ႕လိုက္ရေသာေၾကာင့္လန့္သြားရသည္။
ကိုကိုကဟိုေအးရိပ္ျဖဴ ဆိုတဲ့အမနဲ႕လာတာပင္။

သူ႕ကိုခ်ဥ္းကပ္ေနတဲ့သူနဲ႕ေတာင္ကိုကိုကအတူတူထမင္းလာစားတာလားဒါမွမဟုတ္......ရိုးရိုးသားသားဘဲျဖစ္မွာပါေလ။ေတြးေနတုန္းကိုကိုကသူ႕ဆီမွအၾကည့္လႊဲသြားသည္။ကိုကို႔ပန္းကန္ထဲကိုဟင္းေတြခပ္ထည့္ေပးေနေသာအမေၾကာင့္လားမသိကိုကိုကလည္းၿပဳံးေနေလသည္။


ကိုကိုနဲ႕အဲ့အစ္မနဲ႕ကဘာေတြလဲဆိုတာ မေတြးခ်င္ေတာ့ပါ။ခြန္းသမ်က္ႏွာလႊဲ၍ထမင္းသာဆက္စားေနလိုက္ေတာ့သည္။

ခြန္းသငါတို႔ၿပီးရင္ျပန္ၾကမယ္ေလ
အင္း ျပန္မယ္ေလ

အေအးေသာက္အုန္းမလား
ေတာ္ၿပီအကို
အဲ့ဒါဆိုသြားမယ္လာၾက

ခြန္းသတို႔ထမင္းစားၿပီး၍သင္တန္းသို႔ျပန္လာၾကသည္။ျပန္ခါနီးကိုကို႔တို႔ဝိုင္းသို႔ၾကည့္လိုက္ခ်ိန္ဟိုအမနဲ႕ၿပဳံး႐ႊင္ၿပီးထမင္းစားေနေသာကိုကို႔ကို ေတြ႕၍လွည့္ထြက္ခဲ့မိသည္။

ညေနသင္တန္းကအျပန္ေဝယံကိုလာႀကိဳေသာအကိုေတဇ ေၾကာင့္ႏႈတ္ဆက္ကာ တစ္ေယာက္တည္းကိုကို႔ကိုေစာင့္ေနလိုက္သည္။ခနအၾကာကိုကိုလာႀကိဳ ၍ကားေပၚတက္ကာၿငိမ္ေနလိုက္သည္။တစ္လမ္းလုံးလည္းဘာစကားမွမေျပာလာေသာကိုကိုပါ။ကြၽန္ေတာ္လည္းၿငိမ္ေနတာအေကာင္းဆုံးထင္၍ၿငိမ္ေနလိုက္သည္။အိမ္ေရာက္၍အခန္းထဲဝင္ခ်ိန္တြင္......

ေတာ္ေတာ္ေပ်ာ္ခဲ့ရဲ႕လားေန႕လယ္က
ဘာကိုလဲ ကိုကို  စ်ာန္ကတစ္ခ်က္ရယ္လိုက္ကာ
မင္းရဲ႕အသစ္ကေလးနဲ႕ေလ ထမင္းစားတာေတာင္ၿပဳံးေနတာဘဲ
ကိုကိုဘာေတြေျပာေနတာလဲအဲ့ဒါေဝယံ့အကို ကြၽန္ေတာ္တို႔ကရိုးရိုးသားသားေတြ

ငါမယုံဘူး ဘာလဲမင္းကအဲ့အေကာင္ေနာက္လိုက္ၿပီးငါ့ညီမေလးတုန္းကလိုငါ့ကိုအသည္းခြဲၿပီးထပ္ထားခဲ့မလို႔လား ဟမ္
ကိုကိုထင္ရာေတြစြတ္စြဲမေနပါနဲ႕ကြၽန္ေတာ္နဲ႕ေငြႏွင္းကဘာမွမပတ္သတ္ခဲ့ဘူး

ငါမယုံဘူး ငါ့ညီမေလးကမင္းေၾကာင့္သူ႕ကိုယ္သူ႕သက္ေသ သြားတာေလ ငါကမင္းကိုနည္းနည္းေလာက္ႏူးညံ့ျပလိုက္တာနဲ႕ ဟုတ္လွၿပီထင္ေနတာလား စ်ာန္ကခါးေထာက္၍ခြန္းသအားေျပာဆိုေနေလသည္။

အဲ့ဒါ ဆိုကိုကိုက်ေတာ့ေရာ ဟိုအမနဲ႕ၿပဳံးေပ်ာ္ေနတာေလ အဲ့ဒါက်ေတာ့ေရာ
အဲ့ဒါကငါ့ကိစၥ ငါ့ဘာသာဘယ္သူနဲ႕ေပ်ာ္ေပ်ာ္မင္းအလုပ္မဟုတ္ဘူး
ကိုကို က်ေတာ့ေနခ်င္သလိုေနေနၿပီးေတာ့ ကြၽန္ေတာ့္ကိုက်ေတာ့........

ျဖန္း!!!

ခြန္းသစကားမဆုံးေသး ပါးျပင္ေပၚသို႔ေရာက္လာေသာလက္တစ္စုံ။ဟုတ္ပါတယ္ကိုကိုကကြၽန္ေတာ့္ကိုရိုက္လိုက္ျခင္းပင္။စ်ာန္က ခြန္းသအားပါးရိုက္လိုက္ကာ

မင္းေစာက္ပါးစပ္ကိုပိတ္ထား.....ငါ့ကိုျပန္မေျပာနဲ႕ မင္းမွာငါ့ကိုျပန္ေျပာပိုင္ခြင့္မရွိဘူး
ခြန္းသက စ်ာန့္ကိုေသခ်ာၾကည့္ကာ

ဟုတ္တာေပါ့ ကြၽန္ေတာ္ကကိုကိုမခ်စ္ဘဲယူခဲ့တဲ့သူဘဲ ဒီေလာက္ေတာ့ခံရမွာေပါ့ ကြၽန္ေတာ္ကကိုကို႔ရဲ႕စာ႐ြက္ေပၚကအမည္ခံသက္သက္ခင္ပြန္းဘဲေလ ခြန္းသကေျပာၿပီးသည္ႏွင့္အခန္းျပင္သို႔ထြက္သြားသည္။စ်ာန္လည္းသူ႕လက္ကိုသူျပန္ၾကည့္ကာေဒါသထြက္ေနသည္။
ငါကအတၱႀကီးတယ္ မင္းကိုငါ့ဆီကထြက္သြားခြင့္မျပဳဘူးထိုညကဧည့္ခန္းထဲတြင္မ်က္ရည္မ်ားႏွင့္ထိုင္ေနေသာေကာင္ေလးလည္းရွိေနခဲ့သည္။

Continue Reading

You'll Also Like

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
254K 6.7K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
3.4M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...