ကြယ်တွေကြွေသောည

By akyinnamon

5M 405K 28K

(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့... More

A/N
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (Unicode)
Part 24 (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
ဇာတ်သိမ်းပိုင်း
Sequel 1 (Unicode)
Sequel 2 (Unicode)
Sequel 4 (Unicode)
Sequel 5 (Unicode)
Sequel 6 (Unicode)
Sequel 7 (Unicode)
Sequel 8 (Unicode)
Sequel 9 (Unicode)
Sequel 10 (Unicode)
Sequel 11 (Unicode)
Sequel 12 (Unicode)
Sequel 13 (Unicode)
Sequel 14 (Unicode)
Sequel 15 (Unicode)
Sequel 16 (Unicode)
Sequel 17 (Unicode)
Sequel 18 (Unicode)
Sequel 19 (Unicode)
Sequel 20 (Unicode)
Sequel 21 (Unicode)
Sequel 22 (Unicode)
Sequel 23 (Unicode)
Sequel 24 (Unicode)
Sequel 25 (Unicode)
Sequel 26 (Unicode)
Sequel 27 (Unicode)
Sequel 28 (Unicode)
Sequel 29 (Unicode)
Sequel 30 (Unicode)
Sequel 31 (Unicode)
Sequel 32 (Unicode)
Sequel 33 (Unicode)
Sequel 34 (Unicode)
Sequel 35 (Unicode)
Sequel ဇာတ်သိမ်းပိုင်း
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 4 (Unicode)
Author's Note
Title
Chapter 1 (Zawgyi)
Chapter 2 (Zawgyi)
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်စကား
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Final Part 1
Final part 2
❤Thankyou all❤
လေးငယ် extra(1)
extra (2)
extra(3)
extra 4
extra (5)
extra (ending)
ကြယ်တွေကြွေသောည #Out Now
ကြယ်တွေကြွေသောည SEQUEL
X'mas Special Extra (Part 1 ) Uni
X'mas Special Extra (Part 2) Uni
X'mas Special Extra (Part 1) Zawgyi
X'mas Special Extra (Part 2) Zawgyi

Sequel 3 (Unicode)

21.1K 1.8K 43
By akyinnamon

အနီရောင်ပြိုင်ကားလေးသည် ခြံရှေ့မှာရပ်ထားသော ကားလေး၏ နှစ်လမလောက်အလိုမှာ အရှိန်ပြင်းစွာ ထိုးရပ်သွားသည်။ ကားဘီးအောက်မှ လွင့်ခနဲ ဝေ့တက်လာသော ဖုန်မှုန့်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများဖုံးလွှမ်းသွားသလို ဝေ၀ါးသွားသည်။ ကျယ်လောင်စွာထွက်ပေါ်နေသော ကားထဲမှသီချင်းသံကြောင့် ကားတစ်စီးလုံး တုန်ခါနေသလို။ သစ်လွင်သောဆေးရောင်တောက်နေသည့် ကားနီလေး၏ အဖုံးသည် နေရောင်အောက်မှာ စူးရှနေသည်။

"ဟေ့ကောင်.. သတိုးခန့်။ မင်းအခုထွက်ခဲ့စမ်း။"

ထက်ဝေယံ ကားပေါ်မှခုန်မဆင်းခင်ကတည်းက အကြွေးတောင်းသော လူမိုက်တစ်ယောက်လို အော်နေပြီဖြစ်သည်။ သတိုး သူ့ကိုရှောင်နေသည်မှာ သေချာသည်။ ဟိုတစ်နေ့က အိမ်ကိုလာဖို့ပြောထားပေမယ့် မလာခဲ့။ ဖုန်းဆက်တော့မကိုင်။ message ပို့တော့လည်း မပြန်။ ထက်ဝေယံဆိုသည့်ကောင်ကို ဒီလိုနည်းနဲ့ ပုန်းရှောင်လို့ရမည်ထင်လျှင်တော့ အမှားကြီးမှားမည်ဖြစ်သည်။

မင်း သေဖို့သာပြင်ထား

ကားတံခါးကို ဆောင့်ပိတ်ပြီး သော့မခတ်ထားသော ခြံဝင်းတံခါးကို တွန်းဖွင့်ကာ အိမ်နားထိလျှောက်လာခဲ့သည်။

"သတိုးခန့်..."

သံပန်းတံခါးကို တဒုန်းဒုန်းဆွဲဆောင့်ကာ ထပ်အော်မှ အိမ်ထဲမှ သတိုးအရိပ်ကိုတွေ့ရသည်။ လက်ထဲမှာ ဂစ်တာနှင့်။ အိမ်နေရင်း ဘောင်းဘီတိုနှင့် အနက်နှင့်အဖြူအစင်းကြောင်းများပါသော အကျီင်္နှင့်ဖြစ်သည်။ သူသိသည်။ ဒီနေ့လည်း ဒီကောင်လေးကျောင်းမသွားဘဲ ကျောင်းပြေးဦးမည်ဖြစ်သည်။ ဒါပေမဲ့ လာခဲ့ပါဟု အကြိမ်ကြိမ်ခေါ်ထားသည့် သူ့ဆီကိုတော့ လာမည့်ပုံမရှိ။

"ကိုလေးရာ.. အိမ်ထိလိုက်လာရလား။"

ရယ်ကျဲကျဲနှင့် သံပန်းတံခါးကို သတိုးဆွဲဖွင့်လိုက်သည်နှင့် ထက်ဝေယံ သတိုးနားထင်နှစ်ဖက်ကို လက်နှင့်ဖိကာ ရှေ့နောက်ယိမ်းသည်အထိ ကိုင်လှုပ်ပစ်လိုက်သည်။

"မင်း ဘယ်နားသွားသေနေတာလဲ။"

"အဟမ်း ဟမ်း..."

ချောင်းဆိုးသံတစ်ခု..

အိမ်ရှေ့ဧည့်ခန်းနှင့်မီးဖိုခန်းဆက်ထားသည့် တံခါးဘောင်ကို ပခုံးမှီကာ နေရှင်းခ လက်ပိုက်ရပ်နေသည်။ သူ့ကိုလှမ်းကြည့်နေသော မျက်လုံးများမှ ထွက်နေသော မီးခိုးငွေ့များဖြင့် အခုချက်ချင်းလှည့်ပြန်ရန် လေထဲတွင် စာလုံးပေါင်းပြနေသည်။

"မင်းက ဘာဖြစ်နေတာလဲ နေရှင်းခ။ ရင်ကြပ်နေရင် ချောင်းဆိုးပျောက်ဆေးသွားသောက်။ ဟေ့ကောင်လေး.. အခုချက်ချင်း ငါနဲ့လိုက်ခဲ့။"

"ကျွန်တော်အခုမှ နိုးတာ။ ရေတောင်မချိုးရသေးဘူး။"

"ငါနဲ့တူတူ အိမ်မှာချိုးပေါ့။"

နေရှင်းခ၏ မာန်ဖီသံ...

သတိုးခေါင်းကုတ်ပြီး သူ့ကို မျက်လုံးပြူးပြသည်။ တိတ်တိတ်နေရန်ဖြစ်သည်။

"နောက်နေ့မှ ကိုလေးရာ.. နော်။ ကျွန်တော် တကယ်လာခဲ့မယ်။"

"မင်းပြောတိုင်း ငါ ယုံမယ်များထင်နေလား။ မင်း ရေးထားတဲ့ သီချင်း မင်း ပြန်ကြည့်စမ်း။"

ဂျင်းဘောင်းဘီအိတ်နောက်မှာ ထိုးထည့်လာသည့် စာရွက်လိပ်ကို ထက်ဝေယံ ဆွဲထုတ်ကာ စက္ကူလိပ်ဖြင့် သတိုးခေါင်းကို သုံးလေးချက် ဆက်တိုက်ခေါက်လိုက်သည်။

"ဟီး.. ဘာဖြစ်လို့လဲ။ မကောင်းဘူးလား။"

"မင်း.. ပေါင်မုန့်ကို ငံပြာရည်ဆမ်းပြီး စားဖူးလား။ အေး.. အဲဒီ့အတိုင်းပဲ။"

သတိုး ခါးကိုင်းအောင် ရယ်နေသည်။ နာရမှန်းမသိ။ တကယ်ပဲ ထက်ဝေယံ စိတ်တိုရသည်။ သံစဉ်တွေချည်းနားထာင်လျှင် ကြက်သီးထအောင် ကောင်းလွန်းအောင် သတိုး သီချင်းရေးတော်သည်။ သီချင်းစာသားနှင့် သံစဉ်ကိုပေါင်းလျှင်တော့ ဘယ်တော့မှအချိုးမပြေ။ ပြိုင်ပွဲမဝင်ခင် သီချင်းတစ်ခွေစာ ဆယ်နှစ်ပုဒ် အနည်းဆုံး ဆယ်ပုဒ်လောက်ကို အဆင်သင့့်ဖြစ်ထားစေချင်သည်။ ဖြစ်နိုင်လျှင် demo ကိုပါ အဆင်သင့်ဖြစ်စေချင်လွန်း၍ သူ အတင်းတွန်းနေခြင်းဖြစ်သည်။ ရှေ့ပိုင်းအချိန်များကတော့ ပြိုင်ပွဲဝင်မည့် သီချင်းကိုသာ အာရုံစိုက်နေရ၍ တခြားဘာကိုမှ သိပ်အလေးမပေးနိုင်ခဲ့။

သီချင်းအတော်များများကတော့ အဆင်သင့်နီးနီးဖြစ်နေပြီဟု ပြောလျှင်ရသည်။ သူနှင့်သတိုး အတူရှိနေခဲ့ချိန်များတွင် ပြင်သင့်သည်များကို ပြင်ပြီးသားဖြစ်သည်။ အခုနောက်ဆုံး နှစ်ပုဒ်ကျမှ စင်္ကာပူမှ ပြဿနာများဝင်လာကာ ရှေ့မဆက်နိုင်တော့။ ထက်ဝေယံ ကိုယ်တိုင်လည်း ဘန်ကောက်မှာ အနေကြာသွားတာပါသည်။ သူ ရန်ကုန်ပြန်ရောက်တော့ အချိန်သိပ်မကျန်တော့။ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေသော်လည်း ဒီတစ်ခွေစာ သီချင်းများကိုလည်း အဆင်သင့်ဖြစ်နေစေချင်သည်။

"လိုက်သွားလိုက် သတိုး။ ငါလည်း ခဏနေရင် အလုပ်သွားတော့မှာ။"

"မင်းမလွှတ်လည်း ငါကဒီကောင်လေးကို ခြေထောက်ကဆွဲခေါ်သွားမှာ။ ပူ မနေနဲ့ နေရှင်းခ။"

"မင်းမှာ ဆွဲခေါ်စရာ လက်ရှိနေသေးရင်ပေါ့။"

"တော်ကြပါတော့ဗျာ။ ကျွန်တော်လိုက်ခဲ့ပါ့မယ်ကိုလေးရာ။ ရေတော့ချိုးပါရစေဦး။"

"ထိုင်စရာ ထိုင်ခုံတောင်မရှိဘူး။"

သတိုးဧည့်ခန်းထဲမှ ထွက်သွားတော့ ထက်ဝေယံ ကြမ်းပြင်ပေါ် ထိုင်ချရင်း ဘာမှမရှိသည့် ဧည့်ခန်းကို တစ်ချက်ဝေ့ကြည့်ကာ မကျေမနပ် ရေရွတ်ဖြစ်သည်။

"မင်း ဖင်ခေါင်းကျယ်မနေနဲ့။"

နေရှင်းခ ရှေ့ဆက်စကားမပြောချင်တော့သလို အခန်းထဲပြန်ဝင်သွားသည်။ ဒါပဲကောင်းသည်။ သူလည်းအခုအချိန်မှာ နေရှင်းခနှင့် မျက်နှာချင်းသိပ်ဆိုင်ချင်တာမဟုတ်။ ဘာအပြင်အဆင်မှမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေသော ဧည့်ခန်းကိုကြည့်ရင်း မျက်စိကို တင်းတင်းမှိတ်မိသည်။

သတိုးရာ.. မင်း ငါနဲ့သာဆို...

ထက်ဝေယံ ဒေါသနှင့်တွေးမိပေမယ့် ဒေါသနောက်မှာ ဝမ်းနည်းမှုက ကပ်ပါလာတာကိုတော့ သူ သိသည်။ သူ့မှာ တွေးရသည်ကပင် ဘယ်တော့မှ မဖြစ်နိုင်ဆိုသည့်အသိနောက်မှာဖြစ်သည်။ နေရှင်းခကို ဘာအကြောင်းကြောင့်နဲ့မှ သတိုး ထားခဲ့မှာမဟုတ်ဘူးဆိုသည့် အသိသည် သတိုးကိုသတိရမိချိန်နောက်တိုင်းမှာ တွဲကပ်ပါလာစမြဲဖြစ်သည်။

တောက်.. ခံရခက်တာကွာ...

ထက်ဝေယံ နံရံကိုခေါင်းမှီရင်း ခပ်နာနာဆောင့်မိသည်။

ချစ်ရသူတစ်ယောက်ကို အနားမှာထားပြီး လွမ်းရတာလောက် ခံရခက်တာမရှိ။

သိပ်မစောင့်လိုက်ရပါ။ သတိုး ချက်ချင်းလိုပင် အခန်းထဲမှ ပြန်ထွက်လာသည်။ အားကစားဖိနပ်နှင့် ဒူးအောက်ရောက်သည့် ဘောင်းဘီတိုနှင့်ဖြစ်သည်။ လက်ရှည်အကျီင်္ကို တံတောင်ထိရောက်အောင် ဆွဲမထားသည်။

"သွားရအောင်လေ ကိုလေး။ ရှင်း.. ငါသွားပြီ။"

ကျောပိုးအိတ်ကို ဆွဲယူရင်း သတိုး အိမ်ခန်းထဲ တစ်ချက်လှမ်းအော်ကာ အပြင်ထွက်သွားပြီဖြစ်သည်။ သတိုးနောက်မှလိုက်ရန် ထိုင်နေရာမှအထ အခန်းပေါက်ဝမှာ နေရှင်းခအရိပ်ကို တွေ့လိုက်ရသည်။

"မင်းတို့ ဘယ်အချိန်လောက်ပြီးမှာလဲ ဝေယံ။"

"မသိဘူး။ မပြီးမချင်း သတိုးကို အိမ်ပြန်လွှတ်ဖို့ ငါ စိတ်မကူးဘူး။"

"ဒါဆို ငါ လာမခေါ်တော့ဘူး။"

ကြားလိုက်ရသည်ကို မယုံသလို နေရှင်းခ ကို လှည့်ကြည့်မိသည်။ လောဘကြီးလွန်းသည့် နေရှင်းခဆိုသူက သူ့ချစ်သူကောင်လေးကို ပြိုင်ဖက်တစ်ယောက်လက်ထဲ စိတ်ချလက်ချ ထားမည်ဟု ဆိုလိုသည်တဲ့လား။

"တစ်ညလုံး မပြီးရင်ရော။"

"မင်းကိုမယုံပေမယ့် သတိုးကို ငါယုံတယ်။"

"ပြီးတာပဲ။"

ထက်ဝေယံ ခပ်မဲ့မဲ့ပြုံးကာ ကျောခိုင်းလိုက်သည်။

"ဝေယံ.."

အိမ်ရှေ့တံခါးရောက်မှ လှမ်းခေါ်သော နေရှင်းခကြောင့် ခြေလှမ်းရပ်ကာ လှည့်ကြည့်လိုက်သည်။

"ကျေးဇူးပဲ..."

နေရှင်းခထံမှ မထင်မှတ်ထားသော စကားတစ်ခွန်း..

နားလည်မှုနှင့်ပြည့်သော အကြည့်တစ်စုံ..

"Shit.."

ထက်ဝေယံ ခပ်ရိုင်းရိုင်းဆဲကာ နေရာမှ လှည့်ထွက်လာခဲ့သည်။ ဒီ ကျေးဇူးပဲဆိုသည့် စကားကို သူ မကြားချင်။ အထူးသဖြင့် နေရှင်းခ ထံမှဖြစ်သည်။ မထိတထိ ခနဲ့တဲ့တဲ့စကားများနှင့် ဒေါသသံများသာ ကြားချင်သည်။ နေရှင်းခနှင့် ရန်ဖြစ်နေရလျှင် နာကျင်နေသော သူ ခံစားချက်တွေ အနည်းငယ် ပိုသက်သာသလို ခံစားရ၍ဖြစ်သည်။ သူ မလိုချင်ဆုံးက သူ့ခံစားချက်များကို နားလည်သလို ကြည့်တတ်သည့် နေရှင်းခ၏ ထိုအကြည့်၊ သူမကြားချင်ဆုံးက နေရှင်းခ၏ ဒီလိုအပြောများဖြစ်သည်။

"ကိုလေး.. စိတ်ဆိုးနေတာလား။"

ကားကိုမောင်းထွက်လာသည်အထိ အတန်ကြာအောင် စကားသံတိတ်နေသော ထက်ဝေယံကို သတိုးမေးလိုက်သည်။ သူ သိသည့် ထက်ဝေယံသည် ဘယ်တော့မှ စကားသံတိတ်မနေတတ်သည့် လူတစ်ယောက်။

"ကိုလေး.."

"ဟင်.."

အခုမှ အိပ်မက်မှလန့်နိုးလာသူလို သူ့ကိုလှည့်ကြည့်သည်။

"ဘာလဲ။"

"စိတ်ဆိုးနေတာလားလို့ မေးနေတာ။"

"စိတ်ဆိုးတာ.. ဟုတ်လား။ ဘာအတွက်လဲ။ အား... အေး.. ဟေ့ကောင်.. ဟုတ်တယ်။ ငါ စိတ်ဆိုးနေတာ။"

"စိတ်ဆိုးတာတောင် ပြန်သတိပေးမှ သတိရတာလား ကိုလေးရာ။"

မိနစ်ခြားပြီးမှ အော်ကြီးဟစ်ကျယ်အော်နေသော ထက်ဝေယံကိုကြည့်ပြီး သတိုးရယ်ဖြစ်သည်။ ထက်ဝေယံ၏ ဆံပင်လိပ်များက တိုးဝင်လာသော ကားလေကြောင့် ပွရှုပ်နေသည်။ လည်ပင်းမှာ ခွေးလည်ပတ်လို အနက်ရောင်သားရေပြားပေါ် သံချွန်တွေပါသည့် လည်ပတ်ကို ဝတ်ထားသည်။ လက်ချောင်းများမှာလည်း အရိုးခေါင်းပုံ ပြူးကျယ်နေသော ငွေလက်စွပ်ကွင်းအပြင် အခြား ပြူးတူးပြူးတဲ လက်စွပ်မျိုးစုံကို လက်ချောင်းစေ့အောင် ဝတ်ထားသေးသည်။

"သတိုး.. မင်း နာမည်မပြောင်းချင်တာ သေချာလား။"

"ဗျာ.. အခွေထုတ်ဖြစ်ရင်ကို ပြောတာလား။"

"အေး.."

"မပြောင်းချင်ဘူး။ ဘာဖြစ်လို့လဲ။ သတိုးခန့်ဆိုတာ မကောင်းလို့လား။"

"အဲဒီလိုမဟုတ်ပါဘူး။ များသောအားဖြင့် အနုပညာလောကထဲရောက်ရင် လူတိုင်းနာမည်သစ်တစ်ခုတော့ ပေးတတ်ကြတယ်လေ။ မင်းက နာမည်ရင်းနဲ့ပဲ ဆက်ဆိုချင်တယ်ဆိုတော့ ထူးဆန်းလို့ မေးကြည့်တာ။"

"သြော်.. ဒါလား.."

သတိုး အသံတိတ်ကာ ကားအပြင်ကို လှမ်းကြည့်နေသည်။ အတန်ကြာမှ နာမည်ရင်းနဲ့ဆို ကျွန်တော့်မိဘတွေများ မှတ်မိမလားလို့ပါ ဟု ခပ်တိုးတိုးဖြေသည်။ ထက်ဝေယံ အံ့သြရသည်။ သတိုး သူ့မိဘများနှင့် ပြန်ဆုံဖို့မျှော်လင့်နေဆဲဖြစ်ကြောင်း သိရတော့ စိတ်မကောင်း။ ဝမ်းနည်းစရာတွေကို ဆက်မပြောချင်တော့၍ စကားပြောင်းရန် ကြိုးစားလိုက်သည်။

"မင်း ဘယ်လိုသီချင်းရေးလဲ သတိုးရာ။ ငါ သေချင်တယ်။"

"ဟီး.. ဇော်မိုးတို့လည်း ကျွန်တော့်ကို အမြဲပြောတယ်။"

"မင်း သူငယ်ချင်း အမွှာနှစ်ကောင်လား။"

"အင်း..."

"မင်းပြောမှ ငါ သတိရတယ်။ အဲဒီနှစ်ကောင်ကို ခေါ်စမ်းကွာ။"

"ဗျာ.."

"ဒီနှစ်ပုဒ်မှာ မင်း သူတို့နှစ်ယောက်နဲ့ တွဲဆိုရင် ပိုကောင်းမယ်။"

"ဗျာ။ တကယ်လား။"

"အေး.. မင်းနဲ့သူတို့နှစ်ယောက်အတူဆိုတာ ငါ ကာရာအိုကေဆိုင်မှာ နားထောင်ဖူးတယ်။"

ကာရာအိုကေဆိုင်..

John legend ရဲ့ all of me သီချင်း...

သူနှင့်ဇော်မိုးတို့တွဲဆိုခဲ့ကြသည်။

ပြီးတော့ ထက်ဝေယံနှင့်နေရှင်းခရဲ့ စကားများသည့် ဗီဒီယိုဖိုင်...

အတိတ်ကိုစဉ်းစားမိတော့ သတိုးကျောချမ်းသွားသည်။ သူ အခုအချိန်ထိ ထက်ဝေယံကို ဇော်မိုးတို့အကြောင်း အမှန်အတိုင်း မဝန်ခံရသေး။

"ဘာလဲ။ သူတို့နဲ့ မဆိုချင်လို့လား။"

"အာ.. အဲ့ဒီ့လို မဟုတ်ပါဘူး။ ဆိုချင်ပါတယ်။ အခုလည်း ဒီနှစ်ကောင်နဲ့ ကျွန်တော် မင်္ဂလာဆောင်တွေမှာ လိုက်ဆို၊ လိုက်တီးနေတာပဲ။ အတူတူကြီးလာတော့ ပြောမနာဆိုမနာတွေပါ။ ဒါပေမဲ့.."

ပြောလျှင်ကောင်းမလား၊ မကောင်းဘူးလား စဉ်းစားရင်း သတိုး အသံတိတ်သွားသည်။ စင်္ကာပူမှာတုန်းကတော့ အဲဒီ့ဗီဒီယိုကိစ္စသည် သူ့သူငယ်ချင်းများကြောင့်ဆိုတာကို ဝန်ခံထားခဲ့ဖူးသည်။ ဆက်စပ်စဉ်းစားလျှင် ဇော်မိုးတို့ကြောင့်ဆိုတာ အဖြေပေါ်လောက်သည်မို့ ထက်ဝေယံ သိပြီးလောက်သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ။"

"ဟို.. ကိုလေးနဲ့ ရှင်းခ ဗွီဒီယို အွန်လိုင်းပေါ်ရောက်တဲ့ကိစ္စက..."

ထက်ဝေယံ မျက်မှောင်ကြုတ်ကာ သူ့ကိုလှည့်ကြည့်သည်။

"အဲဒီ့နှစ်ကောင်ကြောင့်လား..."

အော်သံက ကားစက်သံကိုဖုံးသည်အထိ ကျယ်လွန်းလှသည်။ ထို့နောက်မှာတော့ ထက်ဝေယံ၏ ဆဲသံများက ဆူညံသွားသည်။ အမေလည်းပါသည်။ အဖေလည်းပါသည်။ သေဆုံးပြီးဖြစ်သော ဘိုးဘွားပါမချန်။ အင်္ဂလိပ်လိုရော၊ မြန်မာလိုရော၊ တရုတ်လိုရော ရှိသမျှဆဲနည်းမျိုးစုံဖြင့် ပတ်ရမ်းဆဲနေသည်မှာ မဆုံးတော့။

"မင်းခေါ်ခဲ့စမ်း။ အဲဒီ့နှစ်ကောင်ကို ငါ အရှင်လတ်လတ် အရေခွံဆုတ်မယ်။ ပြီးမှမသေမရှင်ဖြစ်နေတုန်း အရက်နဲ့စိမ်ပြီး ခေါင်းဖောက်စားပစ်မယ်။"

အတွေးကောင်းတွေ ခေါင်းထဲဝင်နေသော ထက်ဝေယံကိုကြည့်ကာ သတိုး ရယ်ချင်ပေမယ့် ခေါင်းပုနေရသည်။ ဝုန်းဒိုင်းနေသည်မှာ ဗုံးကြဲခံရသည့် စစ်မြေပြင်တစ်ခုထဲ ရောက်နေသလို။ ကားစတီယာတိုင်ကိုလည်းထုသည်။ ကားနောက်ခုံမှီကိုလည်း ခေါင်းနှင့်ဆောင့်သည်။ ခြေထောက်က ဘရိတ်နှင့် အရှိန်ကိုထိန်းထားရ၍သာ။ မဟုတ်လျှင် တဒုန်းဒုန်းနှင့် ကားကြမ်းပြင်ကို ဆောင့်နိုင်သည်။

"အဲဒါကြောင့် ငါ့ကိုမြင်တိုင်း ဒီနှစ်ကောင် ပတ်ပြေးနေတာကိုး။ မိလို့ကတော့ ဖင်ကအသက်ထွက်တယ်ဆိုတာ ဘာလဲဆိုတာ နှစ်ကောင်လုံး နားလည်သွားရမယ်။"

ထိန်းထားသည့်ကြားမှ ထက်ဝေယံအပြောကြောင့် သတိုး မရယ်ဘဲ မနေနိုင်တော့။ ထက်ဝေယံ အံတကြိတ်ကြိတ်နှင့် မကျေနပ်သေး။

"ကိုလေး.. မီးပွိုင့်နီနေပြီ။ ကား အရှိန်လျှော့ဦး။"

မီးပွိုင့်နီတာကိုပင် အရှိန်မလျှော့သည့် ထက်ဝေယံကို အသိပေးရသည်။ ရယ်မိသည်ကို အားနာပေမယ့် သတိုး မတတ်နိုင်။ ထက်ဝေယံ ပေါက်ကွဲနေသည်မှာ ကိုယ့်အမြီးကိုယ်ပြန်ကိုက်နေသည့် ခွေးဘီလူးပေါက်စတစ်ကောင်နှင့်တူနေသည်။ လည်ပင်းမှာပတ်ထားသော ခွေးလည်ပတ်ကြောင့် ပိုဆိုးသည်။ နှုတ်ခမ်းထောင့်မှ သွားရည်များကျမနေသောကြောင့်သာ တော်တော့သည်။

Continue Reading

You'll Also Like

15.9K 965 49
တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။
232K 5.7K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
247K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
590K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...