ကြယ်တွေကြွေသောည
By akyinnamon
5M 405K 28K
(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့... More
A/N
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (Unicode)
Part 24 (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
ဇာတ်သိမ်းပိုင်း
Sequel 1 (Unicode)
Sequel 2 (Unicode)
Sequel 3 (Unicode)
Sequel 4 (Unicode)
Sequel 5 (Unicode)
Sequel 6 (Unicode)
Sequel 7 (Unicode)
Sequel 8 (Unicode)
Sequel 9 (Unicode)
Sequel 10 (Unicode)
Sequel 11 (Unicode)
Sequel 12 (Unicode)
Sequel 13 (Unicode)
Sequel 14 (Unicode)
Sequel 15 (Unicode)
Sequel 16 (Unicode)
Sequel 17 (Unicode)
Sequel 18 (Unicode)
Sequel 19 (Unicode)
Sequel 20 (Unicode)
Sequel 21 (Unicode)
Sequel 22 (Unicode)
Sequel 23 (Unicode)
Sequel 24 (Unicode)
Sequel 25 (Unicode)
Sequel 26 (Unicode)
Sequel 27 (Unicode)
Sequel 28 (Unicode)
Sequel 29 (Unicode)
Sequel 30 (Unicode)
Sequel 31 (Unicode)
Sequel 32 (Unicode)
Sequel 33 (Unicode)
Sequel 34 (Unicode)
Sequel 35 (Unicode)
Sequel ဇာတ်သိမ်းပိုင်း
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 4 (Unicode)
Author's Note
Title
Chapter 1 (Zawgyi)
Chapter 2 (Zawgyi)
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်စကား
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Final Part 1
Final part 2
❤Thankyou all❤
လေးငယ် extra(1)
extra (2)
extra(3)
extra 4
extra (5)
extra (ending)
ကြယ်တွေကြွေသောည #Out Now
ကြယ်တွေကြွေသောည SEQUEL
X'mas Special Extra (Part 1 ) Uni
X'mas Special Extra (Part 2) Uni
X'mas Special Extra (Part 1) Zawgyi
X'mas Special Extra (Part 2) Zawgyi
Part 28 (Unicode)
23.2K 2.3K 122
By akyinnamon
လင်းထိန်နေသော လမ်းမီးတိုင်များ...
China Town MRT မြေအောက်ရထားအဝင် ဆိုင်းဘုတ်တစ်ခု...
မှိတ်တုတ်လင်းလက်နေသော ကြော်ငြာဆိုင်းဘုတ် နှင့် စာတန်းများ...
လျှပ်စစ်မီးရောင်များဖြင့် အံတုထားသော ညအမှောင်တွင် ခပ်သွက်သွက် လျှောက်လှမ်းနေသူများ...
ကမ္ဘာတစ်ခုလုံး ရွေ့လျား လှုပ်ရှားနေသည့်ကြားတွင် ငြိမ်သက်နေသူဟူ၍ နေရှင်းခ တစ်ယောက်သာရှိမည်ထင်သည်။ ခဲနက်ရောင် အစက်အပြောက်များနှင့် ကျောက်စရစ် လှေကားနှစ်ဆင့်တွင် ထိုင်နေခဲ့သည်မှာ နာရီပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သူ့ကို ခလုတ်တိုက်သွားသူများရှိသည်။ ဆဲသွားသူများရှိသည်။ အော်ငေါက်သွားသူများရှိသည်။ အရူးတစ်ယောက်လို ကြည့်သွားသူများရှိသည်။
သူ မသိ။
ဘာဆိုဘာကိုမှ သတိမထားမိ။
နေရှင်းခအသိတွင် တစ်ခုပဲရှိသည်။
သူ့လက်ထဲမှ အခုအချိန်ထိ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ဆွဲကြိုးငယ်နှင့်လက်စွပ်ကွင်းမှ ပူလောင်မှုသည် သူ့အရေးပြားများကို ထိုးဖောက်ကာ ရိုးတွင်းခြင်ဆီကို လှိုက်စားနေသည်။
နာကျင်လွန်းသည်။
နာလွန်းလှ၍ ထိုအသိမှလွဲ၍ တခြားဘာကိုမှ သူ သတိမထားမိခြင်းဖြစ်မည်ထင်သည်။
"ရှင်း...."
Yi Ling ကားကိုထိုးရပ်ကာ နေရှင်းခကို လှမ်းခေါ်လိုက်သည်။ ညနေကတည်းက ဧည့်သည်အတွက် ရှန်ပိန်ယူသွားပေးသော နေရှင်းခ လူသေကောင်တစ်ယောက်လို ပြန်ရောက်လာသည်။ နီရဲသော မျက်လုံးများနှင့် ပျက်ယွင်းသော မျက်နှာ။
အလုပ်အတူတူလုပ်ခဲ့သော အချိန်နှစ်နှစ်အတွင်း နေရှင်းခ ဒီလောက် မျက်နှာပျက်သည်ကို သူမ တစ်ခါမှ မတွေ့ဖူးခဲ့။ နေရှင်းခ အပေါ် နိုင်ချင်လွန်းသော၊ ကြည့်မရလွန်းသော second chef ၏ အနိုင်ကျင့်အလုပ်ခိုင်းမှုများ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆူသံများအောက်မှာပင် နေရှင်းခ ဘယ်တော့မှ သတိလက်လွတ်မဖြစ်ခဲ့။ ဒီနေ့ညတွင်တော့ ချက်ချင်းလိုလို chef ကို ခွင့်တောင်းပြီး အိမ်ပြန်မည်ပြောကာ kitchen မှ ထွက်သွားခဲ့သည်။ chef ၏ အဖြေကိုပင်မစောင့်။
ကျန်အလုပ်သမားများမှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား။ နေရှင်းခ ဆိုလျှင် ယုံကြည်အားကိုးသော Chef ကြောင့်သာ ဘာမှမဖြစ်ခဲ့။ မဟုတ်လျှင် နေရှင်းခ၏ အပြုအမူသည် ချက်ချင်းပင် အလုပ်ထုတ်ခံရဖို့ရှိသည်။ လူများနေသည့်အချိန်၊ Service ချိန်မှာ လုပ်ငန်းခွင်ကို အရေးတကြီးသေရေးရှင်ရေးမဟုတ်ဘဲ ထားခဲ့ခွင့်မရှိ။ နောက်မှကြားရသည်မှာ ဗန်းပြုတ်ကျကာ ဖန်ခွက်များရော ရှမ်ပိန်ပုလင်းပါ ကွဲခဲ့သည်ဟူ၍ဖြစ်သည်။ လုပ်ငန်းခွင်မှာ မတော်တဆမှုဆိုတာဖြစ်မြဲဖြစ်သည်။ ထို့ကြောင့် နေရှင်းခ ဒီလောက်စိတ်ထိခိုက်စရာမလိုကြောင်း အဝတ်လဲခန်းထိ သူမ သွားပြောဖို့ ကြိုးစားသော်လည်း နေရှင်းခ မရှိတော့။ အခု အလုပ်အပြီး အိမ်ပြန်ချိန်တွင်မှ လမ်းဘေးမှာ ထိုင်နေသည့် နေရှင်းခကို တွေ့လိုက်ရခြင်းဖြစ်သည်။
"ရှင်း... ဘာဖြစ်နေတာလဲ။"
"........."
"လာ.. ငါ လိုက်ပို့ပေးမယ်။ မြန်မြန်.. ကားက ရပ်လို့ရတာမဟုတ်ဘူး။"
နေရှင်းခ လက်မောင်းကိုဆွဲကာ ကားရှေ့ခန်းမှာ အတင်းထိုင်ခိုင်းလိုက်ရသည်။ အသိနှင့်စိတ်ကင်းကွာနေသလို နေရှင်းခ တစ်လမ်းလုံး သူမကို စကားတစ်ခွန်းမှ မပြောလာခဲ့။
"ရှင်း.. တို့နဲ့လိုက်ခဲ့မလား။ မနက်ဖြန် ငါတို့နှစ်ယောက်စလုံး အလုပ်နားရက်မဟုတ်လား။"
Yi Ling ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။ ဒါက ထူးထူးဆန်းဆန်း ရှက်နေရမည့် ကိစ္စမဟုတ်သလို ဝှေ့လည်ကြောင်ပတ်စကားခေါ်ရမည့် အရာမဟုတ်။ သူမ နေရှင်းခကို ခေါ်ခဲ့ဖူးသည်မှာ ဒါပထမဆုံးအကြိမ်လည်းမဟုတ်။ မေးတိုင်းခေါင်းခါတတ်သော နေရှင်းခ ဒီညမှာတော့ အသံတိတ်နေသည်။
Yi Ling ကားကို နေရှင်းခအိမ်သို့ မမောင်းခဲ့။ မိမိတိုက်ခန်းရှိရာသို့သာ မောင်းလာခဲ့သည်။ ဧည့်ခန်းထဲမှ နေရှင်းခရှေ့တွင် အနီရောင် ၀ိုင်တစ်ခွက်ကို ချပေးခဲ့ပြီး ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ သူမအတွက် ဒါဟာ ပထမဆုံးအကြိမ်မဟုတ်။ ဒါပေမယ့် ဒီည ရင်ခုန်နေသည်ကိုတော့ ငြင်းမရ။ နေရှင်းခကို စတွေ့စဉ်ကတည်းက ယောက်ျားပီသလွန်းသော မျက်နှာနှင့် ခန်းညားလွန်းသော အမူအကျင့်များကြောင့် လိုက်မကြည့်ဘဲမနေနိုင်ခဲ့။
ပြုံးခဲ ရယ်ခဲသော်လည်း အားလုံးကိုဆက်ဆံရာတွင် ယဉ်ကျေးသည်။ ပြတ်သားသည်။ သူအလုပ်ဝင်စ position မှာ အနိမ့်ဆုံးဖြစ်သော်လည်း အားလုံး၏ လေးစားမှုကိုရခဲ့သည်။ နောက် တဖြည်းဖြည်း အမြင့်ရောက်လာသော်လည်း အောက်ခြေမလွတ်။ စီမံခန့်ခွဲမှုအပိုင်းတွင် ဘယ်သူ့ကိုမှ အလျှော့မပေးသော်လည်း စာနာစိတ်အပြည့်ရှိပြီး အနစ်နာခံကြိုးစားသည့် နေရှင်းခကို Chef အားကိုးသည်မှာ မမှား။
ရေချိုးခန်းထဲမှ မျက်နှာသုတ်ပုဝါအဖြူကို ကိုယ်တွင်ပါတ်ကာ Yi Ling ဧည့်ခန်းသို့ လှမ်းလျှောက်လာခဲ့သည်။ နေရှင်းခ လက်ထဲမှ ၀ိုင်ခွက်မှာ လက်ကျန်ဝိုင်ရည်အနည်းငယ်သာကျန်တော့သည်ကို တွေ့လိုက်ရ၍ သူမ အံ့သြသွားသည်။ Kitchen နှင့် Bar တွင် လူးလားခေါက်ပြန် အလုပ်လုပ်နေပေမယ့် နေရှင်းခ ဘီယာတစ်ခွက်သောက်သည်ကိုပင် မတွေ့ရဘူး။ Cd player ထဲမှ ငြိမ့်ညောင်းသော သီချင်းတစ်ပုဒ်ကို Yi Ling ထည့်ဖွင့်လိုက်သည်။ နေရှင်းခဘေးဆိုဖာတွင် ဝင်ထိုင်ကာ နေရှင်းခလက်ထဲမှ ၀ိုင်ခွက်ကို သူမ ယူသောက်လိုက်သည်။
"ရှင်း.. စိတ်ညစ်နေတာလား။ အားလုံးကိုမေ့သွားစေရမယ်။"
သူမ စကားကိုသဘောကျကာ အသံထွက်ရယ်လိုက်ပေမယ့် နေရှင်းခ မျက်လုံးများက ကြားဟန်ပင်မရှိ။ Yi Ling နှုတ်ခမ်းထောင့်ကွေးရုံ ပြုံးလိုက်သည်။ သူမ၏ ညပေါင်းများစွာတွင် ဒီညသည် အခြားညများထက် ပိုပြီး ထူးခြားလှပနေမည်ထင်သည်။ အညိုရောင်သန်းချင်သည့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများရှိရာသို့ သူမနှုတ်ခမ်းများကို တိုးရွှေ့လာခဲ့သည်။
..................................................................
National Orchid Garden
ပန်းရောင် သစ်ခွပန်းပုံအောက်မှ စာလုံးများက ထင်းနေသည်။ ဆိုင်းဘုတ်အောက်မှ ကျောက်တုံးမည်းများကြားတွင် စွင့်ကားလှပစွာ ပွင့်ဖူးနေသော ခရမ်းရောင် သစ်ခွပန်းပွင့်များ ရှိနေသည်။
"ဝင်ကြည့်ဦးမလား သတိုး။"
"ဝင်လေ။"
ထက်ဝေယံ လက်မှတ်နှစ်စောင်ဝယ်လိုက်သည်။ ဒီ သစ်ခွပန်းခြံငယ်က စင်္ကာပူမြို့၏ Botanic Garden ထဲမှာရှိသည်။ ကျယ်ပြန့်ခမ်းနားလွန်းသော ပန်းခြံကြီးထဲတွင် သူတို့မနက်မိုးလင်းကတည်းက ရောက်နေကြသည်။ မနေ့ကတော့ တစ်နေကုန် ဟိုတယ်ထဲမှာသာ နှစ်ယောက်စလုံး တီဗွီရှေ့အချိန်ကုန်ခဲ့ပေမယ့် သတိုးရော ထက်ဝေယံပါ ဘာတစ်ခုမှမကြားသလို၊ ဘာမှမမြင်ခဲ့တာ သေချာသည်။ ဒီနေ့တော့ ထက်ဝေယံ ဟိုတယ်ထဲမှာ ထပ်မနေချင်တော့၍ ဒီကိုလာခဲ့ကြခြင်းဖြစ်သည်။
စိမ်းလွင်သော မြက်ခင်းပြင်၊ မြင့်မားသော သစ်ပင်များနှင့် တကယ့် တောအုပ်တစ်ခုလို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားသော မြင်ကွင်းက ထိုင်းမှိုင်းနေသောစိတ်များကို ပြန်လည်လန်းဆန်းစေသည်။ သစ်ခွပန်းခြံငယ်ထဲ လှမ်းဝင်လိုက်သည်နှင့် ကြိုးကြာနှစ်ကောင်နှင့် နှစ်ဆင့်ရေပန်းတစ်ခုက သစ်ခွပန်းများကြားတွင် လှပစွာရှိနေသည်။ အဝါရောင် Dancing lady orchid ပွင့်များက အလျားလိုက် လမ်းဘေးတစ်ဖက်တစ်ချက်တွင် ဝင်းထိန်စွာ တည်ရှိနေသည်။
"မင်း ဗိုက်ဆာနေပြီလား။"
"ဟင့်အင်း.. ရတယ်။ ကိုလေး ဆာရင် ဒီကအထွက် ဆိုင်မှာဝင်စားလေ။ အပြင်မှာ ကျွန်တော် စားသောက်ဆိုင်တွေ တွေ့ခဲ့တယ်။"
ထက်ဝေယံ ခေါင်းညိတ်လိုက်သည်။ သတိုးက အရင်လိုပင်။ သူတို့နှစ်ယောက်ကြား ဘာပြဿနာမှ မတက်ခဲ့သလို။ သတိုးခြေထောက်တွေ နာနေမှာကို စိုးရိမ်ပေမယ့် သူ မမေးရဲ။ မနက်က အပြင်ထွက်မည်ဆိုတော့ သတိုးလိုက်ခဲ့မှာမဟုတ်ဟု သူ တထစ်ချ ထင်ထားခဲ့သည်။ ဒါပေမယ့် ကျွန်တော်လည်း လိုက်ခဲ့မယ် ဆိုပြီး သတိုး ထလိုက်လာသည်။ သူကတော့ သတိုးဘေးမှာရှိနေတာကို မွန်းကြပ်နေသလို။ သတိုးက ဘာမှမဖြစ်သလို အေးဆေးစွာ နေနိုင်ပေမယ့် သူက အရင်လို ဘယ်လိုမှနေလို့မရတော့။ သတိုးကို ချစ်နေမိပြီဆိုသည့် အသိတစ်ခုက စူးချွန်တစ်ခုလို သူ့ဒဏ်ရာကို ဆွပေးနေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်မှ ပန်းစင်များမှာ လေးကိုင်းသဖွယ် သူတို့ခေါင်းပေါ်အုပ်မိုးထားသည်။ လမ်းဆုံးမှာတော့ အနားယူနိုင်ရန် သစ်သားလုံးအိမ်လေးတစ်ခုက သစ်ခွများကြား၊ မြက်ခင်းများကြားမှာ ရှိနေသည်။ လိပ်ပြာငယ်များသည်လည်း ဟိုသည်ပျံဝဲနေသလို ပုစဉ်းကောင်ငယ်များနှင့် ပိတုန်းကောင်တစ်ချို့ကပါ လှပသော သစ်ခွပန်းများ၏ မြင်ကွင်းပန်းချီကားချပ်ကို ဖြည့်ဆည်းပေးနေသည်။
ခရမ်းရောင်.. အဝါရောင်.. ပန်းရောင်.. အပြာရောင်... အနီရောင်...
ရောင်စုံသစ်ခွပန်းပွင့်များကြားမှာ သူလမ်းလျှောက်နေရပေမယ့်...
သူ့ဘေးမှာ သူချစ်သော သတိုးရှိနေပေမယ့်...
ထက်ဝေယံ အထီးကျန်နေမိသလို...
တစ်လောကလုံးမှာ သူတစ်ယောက်တည်း ရှိနေလျှင်တောင် သူဒီလောက်အထီးကျန်နေရသည့် ခံစားချက်မျိုး ခံစားမိမည်မထင်။
"ရှူး...ကိုလေး.."
သတိုး သူ့ကိုလှမ်းတားလိုက်သည်မို့ ထက်ဝေယံ အတွေးရပ်သွားသည်။ သူတို့နှစ်ယောက် လမ်းလျှောက်နေသည့် ကွန်ကရစ်လမ်းငယ် မလှမ်းမကမ်းတွင် ချိုးငှက်ငယ်တစ်ကောင် ရှိနေသည်။ လည်ပင်းဖြူဖြူ အမြီးရှည်ရှည်နှင့် ငှက်ငယ်မှာ အစာကောက်ပြီးမှ ပျံသန်းထွက်ခွာသွားသည်။ မျက်စိတစ်ဆုံးလှမ်းကြည့်ပြီးမှ သတိုး ပြုံးသည်။
"လှတယ်ဗျာ။ ကျွန်တော် ဒီနေရာကို အရမ်းကြိုက်တယ်။"
ထက်ဝေယံ ရင်ထဲ နင့်ခနဲ...
ပျော်သွားသလို...
သတိုးအပြုံးက သူ့ရဲ့အထီးကျန်မှုများကို ယူပစ်လိုက်သလို။
"တစ်ခုခုသွားစားရအောင် သတိုး။ မင်း မနေ့ကလည်း ဘာအစာမှ မစားထားဘူး။"
မနေ့ကပင်မဟုတ်။ စင်္ကာပူရောက်ပြီး ပထမရက်ကတည်းကဖြစ်သည်။ သူတို့နှစ်ယောက်ကို နေရှင်းခ တွေ့သွားပြီးကတည်းက။ သတိုး ဘာဆိုဘာမှ မစားတော့တာ သူ သတိထားမိသည်။
ပန်းခြံမှအထွက် နေ့လယ်စာအဖြစ် စားသောက်ဆိုင်ထဲ ဝင်ထိုင်ဖြစ်ကာ Ramen နှစ်ပွဲ မှာလိုက်သည်။ ဘဲဥပြုတ်တစ်ခြမ်းနှင့် ဝက်သားဖတ်များသည် အဝါရောင် ခေါက်ဆွဲဖတ်များပေါ် စားချင်စရာရှိနေသည်။ ပြောင်းဖူးစေ့များကို ထည့်ကာ ထက်ဝေယံ တူနှင့်ဆွဲယူကာ ပါးစပ်အပြည့်စားလိုက်သည်။ ဆာနေသည်မို့ နဂိုအရသာရှိသော ခေါက်ဆွဲများသည် စားကောင်းလွန်းနေသည်။
"စားလေ။"
"ကျွန်တော် မဆာဘူး။"
"မင်း မစားလို့မရဘူး။ မင်းမစားမချင်း ငါ ဒီဆိုင်ထဲကမထွက်ဘူး။"
အစာမရှိသည်မှာနှစ်ရက်လောက်ရှိနေပြီဖြစ်သည်မို့ သူ ဂရုဏာဒေါသဖြင့် အော်မိသည်။ သတိုးသက်ပြင်းချကာ တစ်ဇွန်းခပ်စားသည်။ တစ်မိနစ်ပင်မကြာ။ ချက်ချင်းလိုလို ပါးစပ်ကို လက်ဖြင့်ဖိအုပ်လာသည်။
"သတိုး.. ဘာဖြစ်လို့လဲ။"
သတိုး ခေါင်းခါသည်။ ဒါပေမယ့် ထိုင်နေရာမှ ဝုန်းခနဲထကာ toliet ရှိရာ အပြေးထွက်သွားသည်။ ထက်ဝေယံ စိတ်ပူလွန်း၍ နောက်မှလိုက်ခဲ့စဉ် ရေဇလုံမှာ အန်နေသည့် သတိုးကို တွေ့လိုက်ရသည်။
"သတိုး..."
"ရတယ်.. ကိုလေး.. ဘာမှမဖြစ်ဘူး။"
သတိုး ရေပိုက်ကို အဆုံးထိဖွင့်ချကာ မျက်နှာသစ်ရန် ကြိုးစားနေပေမယ့် လက်များတုန်နေသည်။ မျက်နှာကလည်း ပြာနေပြီ။
"သတိုး.. ဘာဖြစ်တာလဲ။ ဆေးရုံသွားမလား။"
သတိုးခေါင်းခါသည်။ စကားမပြောနိုင်။ ပလုတ်ကျင်းနေသည့် ရေပါ ပြန်အန်ထွက်နေသည့် သူ့ရှေ့မှ သတိုးကိုကြည့်ကာ ထက်ဝေယံ ဘာလုပ်ရမည်မသိတော့။ ဆယ်မိနစ်လောက်ကြာမှ ခေါင်းပြန်ထောင်နိုင်ပေမယ့် မတ်မတ်မရပ်နိုင်။ taxi ငှားကာ ဟိုတယ်သို့ ပြန်ခဲ့ကြသည်။ ဆေးရုံသွားဖို့ အထပ်ထပ်ပြောပေမယ့် သတိုး နားမထောင်။ အရင်ကလည်း ဖြစ်ဖူးသည်ဟူ၍သာ ပြောသည်။ နောက်ရက်ကြာလျှင် သူ့အလိုလို ပျောက်သွားမည်ဆိုတော့ ထက်ဝေယံ မယုံချင်ပေမယ့် ယုံလိုက်ရသည်။
အခန်းထဲလှမ်းဝင်ချိန် နောက်တစ်ကြိမ် ထက်ဝေယံ မယုံနိုင်လောက်အောင် အံ့သြရပြန်သည်။
သူမတွေ့ချင်ဆုံး နောက်လူတစ်ယောက်။
စင်္ကာပူသည် သူ့အတွက် ကျိန်စာသင့်သည့် မြို့တစ်မြို့...
"ပါး.."
သူတို့ ဟိုတယ်အခန်းထဲမှ တစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ဦးရန်နိုင်ထွန်းထိုင်နေသည်။ မျက်လုံးများက စိုးရိမ်မှုအပြည့်။ ထက်ဝေယံ ထောင်းခနဲ ဒေါသထွက်သွားသည်။
"ဒီမှာဘာလာလုပ်တာလဲ။"
"ဝေယံ.. ငါ .. မင်းအမေလုပ်နေတာတွေ သိသိချင်း လိုက်လာတာ။"
ထက်ဝေယံ ရယ်ချလိုက်သည်။
"ပါး ရဲ့သားငယ် နေရှင်းခ အတွက်ဆိုရင် အောက်ဆင်းသွား။ ဒီကောင် kitchen မှာ။"
သတိုး သူ့ကို ထိတ်လန့်သောမျက်လုံးများဖြင့် စိုက်ကြည့်လာသည်။ သတိုးမသိသေး။ သူ သတိုးကို နေရှင်းခနှင့် ညီအစ်ကိုဖြစ်သည့်အကြောင်း မပြောရသေး။ ထက်ဝေယံ ရင်တွေပူကုန်သည်။ အခုပင် ပစ်လဲတော့မလို ဖြစ်နေသည့် သတိုးရှေ့မှာ သူ ဘာမှထပ်မပြောချင်တော့။
"ကျွန်တော်နဲ့လိုက်ခဲ့ ပါး။"
ထက်ဝေယံ ဝရန်တာရှိရာလျှောက်သွားပြီး ဦးရန်နိုင်ထွန်း အပြင်ရောက်သည်နှင့် တံခါးကို ပိတ်ပစ်လိုက်သည်။
"တောက်..."
ဝရန်တာလက်ရမ်းကို ဒေါသဖြင့် လှမ်းကန်မိသည်။ ပူလောင်သော နေရှိန်သည် သူ့ရင်ထဲ ရောက်လာသလို။
"ဝေယံ.. မင်းကို ငါ ရှင်းပြမှဖြစ်မယ်။ ငါ နဲ့ မေ.."
"ဒါတွေ ကျွန်တော်မသိချင်ဘူး။"
ထက်ဝေယံ အသားကုန်အော်ပစ်လိုက်သည်။
"နေရှင်းခဟာ ပါး ရဲ့သား လား.. ကျွန်တော်ဒါပဲသိချင်တယ်..."
ဦးရန်နိုင်ထွန်း ခေါင်းငုံ့သွားသည်။ အဖြေကို ပါးစပ်မှထုတ်ပြောစရာမလိုအောင် ထက်ဝေယံရှေ့ ခေါင်းငုံ့နေသော ဖခင်ဖြစ်သူ၏ အပြုအမူက သိသာစေသည်။
"ဒါဆိုလည်း ဘာလို့သွားမပြောလဲ။ မင်းရဲ့အဖေဟာ ငါပါ ဆိုပြီး ဂုဏ်ယူလိုက်လေ။ ပါး တစ်သက်လုံးဖြစ်ချင်တဲ့ နေရှင်းခ ရဲ့အဖေဖြစ်နေတာကို ကျွန်တော် ဝမ်းသာပေးရမှာပေါ့။"
"ဝေယံ..."
"မပြောနဲ့။ ပါး မပြောလည်း ကျွန်တော်သိတယ်။ အဲ့ကောင်က ကျွန်တော့်ထက်သာတယ်။ အရာရာမှာသာတယ်။ ကျေနပ်လား။ တစ်သက်လုံး ဝန်မခံပေမယ့် ကျွန်တော်အခုဝန်ခံတယ်။ ကျွန်တော် နေရှင်းခကို ဘယ်နေရာမှ မယှဉ်နိုင်ဘူး။ ပါး ကျေနပ်ပြီလား။"
"ဟုတ်တယ်... နေရှင်းခဟာ မင်းထက် သာတယ်..."
ဦးရန်နိုင်ထွန်း ဝရန်တာလက်ရမ်းကို ဝုန်းခနဲထုချသည်။ ထက်ဝေယံ ရင်ထဲ စူးအောင့်သွားသည်။ ဝဲတက်လာသော မျက်ရည်များကြောင့် အံကြိတ်မိသည်။
"မင်းပြောတာမှန်တယ်။ နေရှင်းခဟာ မင်းထက်သာတယ်။ အဲဒါဟာ အမှန်တရားပဲ။."
ဦးရန်နိုင်ထွန်း မျက်လုံးများ နီရဲနေသည်။ နာကျင်မှုများကအပြည့်။ အေးစက်တောင့်တင်းနေသော ထက်ဝေယံ၏ ပခုံးနှစ်ဖက်ကို ဦးရန်နိုင်ထွန်း ဆုပ်ကိုင်ခါရမ်းလိုက်သည်။
"ဒါပေမယ့်... မင်းကို ငါ ဘယ်နေရှင်းခနဲ့မှ မလဲဘူး ဝေယံ။ မင်းယုံစမ်းပါ။ ငါ့အတွက် ဝေယံဆိုတဲ့သားဟာ တစ်ယောက်တည်းရှိတယ်။ ဘယ်ကောင်နဲ့မှ ငါမလဲဘူး။"
ထက်ဝေယံ မျက်ရည်များ စီးကျလာသည်။
နာကျင်ရလွန်းသည်။
ခံရခက်လွန်းသည်။
"မင်းမှတ်မိလား။ စက်ဘီးစီးစသင်တဲ့နေ့က ပြုတ်ကျပြီး ဒူးနာတော့ မင်းငိုလိုက်တာ မပြီးနိုင်အောင်ပဲ။ ဟုတ်တယ်။ အဲဒီ့အချိန်မှာ ငါ စဉ်းစားမိတာ ရှင်းခသာ မင်းနေရာမှာဆိုရင် သူ ငိုမှာမဟုတ်ဘူးဆိုတဲ့အတွေးပဲ။ ပြီးတော့ မင်း စာမကျက်ချင်တိုင်း.. မင်း ရန်ဖြစ်တိုင်း.. မင်း ဘာလုပ်လုပ် ...ရှင်းခသာ မင်းနေရာမှာဆို ဒါမျိုးလုပ်မှာမဟုတ်ဘူးလို့ ငါ အမြဲတွေးတယ်။"
ဖခင်ဖြစ်သူ၏ မျက်လုံးများမှ မျက်ရည်စများကို ထက်ဝေယံမြင်နေရသည်။ နဖူးကြောများထောင်နေသည်အထိ ခံစားချက်များက ပြင်းထန်နေသည်။
"ဒါပေမယ့် ငါ မင်းကို နေရှင်းခ ဖြစ်ပါစေလို့ ဘယ်တော့မှ မတွေးဘူး ဝေယံ။"
ထက်ဝေယံ စူးနစ်သွားသည်။
ပါး က သူ့ကိုနေရှင်းခ မဖြစ်စေချင်ဘူးတဲ့လား...
ဝမ်းသာဝမ်းနည်းမှုများက ရေတံခွန်တစ်ခုလို ပြိုဆင်းလာသည်။ ဖခင်ဖြစ်သူသည် ဘယ်တော့မှ သူ့ကို ပြုပြင်ဖို့ မကြိုးစားခဲ့။ ငယ်စဉ်ကတည်းက သူငိုလျှင် ပွေ့ဖက်ပြီး အငိုတိတ်သည်အထိ စောင့်ပေးခဲ့သည်။ သူကြောက်လျှင် သတ္တိမရှိဟု မလှောင်ပြောင်ခဲ့။ သူနှင့်အတူလာအိပ်ပေးခဲ့သည်။ သူ့လက်ကိုဆွဲကာ သူကြောက်သည့်အရာတိုင်းကို ရင်ဆိုင်ရန် ကူညီပေးခဲ့သည်။
သူ ဘာလုပ်လုပ် အပြစ်တင်သည်ကလွဲလျှင် လိုက်လျောပေးခဲ့သည်ပဲဖြစ်သည်။ နောက်ဆုံး သူ့ဘဝတွင် အခက်ခဲဆုံး ဝန်ခံမှုတစ်ခုဖြစ်သည့် ဂေးတစ်ယောက် ဖြစ်ကြောင်းပြောခဲ့စဉ်ကပင် သူနှင့်ဖခင်ဖြစ်သူတို့၏ ခင်မင်ယုံကြည်မှုသည် မပျက်ပြားခဲ့။
ထက်ဝေယံ လောဘကြီးလွန်းသည်ထင်သည်။
ဖခင်၏ နားလည် ချစ်ခင်မှုကို သူ အလေးမထားမိခဲ့။
"မင်းကို ပါး ချစ်တဲ့အချစ်ဟာ ရှင်းခကို ချစ်တဲ့အချစ်ထက် တပြားသားမှ မလျော့ပါဘူးဆိုတာ ငါ ကျိန်ရဲပါတယ်။ မင်းနဲ့ပတ်သက်ပြီး ငါ လိုအပ်ချက်တွေ အများကြီးရှိခဲ့ပေမယ့် မင်းကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့အချစ်မှာတော့ ဘာလိုအပ်ချက်မှမရှိခဲ့ပါဘူးကွာ။ မင်း ဒါလေးကို ယုံပေးပါ။"
ဦးရန်နိုင်ထွန်း မျက်ရည်များ စီးကျနေသည်။ ထက်ဝေယံ မခံစားနိုင်တော့စွာ ဖခင်ဖြစ်သူကို ပွေ့ဖက်မိသည်။ သူ့ရင်တွေ ပေါက်ထွက်သွားတော့မလို.. မျက်ရည်ကျမိသည်။
"ငါ့ကို မင်းဘဝထဲက မောင်းမထုတ်ပါနဲ့ သားရာ။"
ဖခင်၏ လက်များက ကြမ်းတမ်းပေမယ့် နွေးထွေးလွန်းသလို။ ထက်ဝေယံ မျက်ရည်များကို လက်ဖမိုးဖြင့် ဖိသုတ်လိုက်ကာ ပြုံးလိုက်သည်။
"သားလို့တော့ မခေါ်စမ်းပါနဲ့ဗျာ။ နားယားတယ်။"
"မသိဘူးလေကွာ။ ပိုပြီးတော့များ ချိုမလားတော့။"
"ရွံစရာပဲကောင်းတယ်။"
ထက်ဝေယံ မျက်မှောင်ကုတ်ပြောတော့ နှစ်ယောက်ပြိုင်တူရယ်မိကြသည်။ ရင်ဘတ်ပေါ်မှ လေးလံသော ကျောက်တုံးတစ်ခု ဖယ်ရှားခံလိုက်ရသလို။
"ပါး ဘယ်မှာတည်းလဲ။ ဒီမှာပဲလား။"
"ဟုတ်တယ်။ ငါ့အခန်းတော့မလာနဲ့။ ငါ့ကောင်မလေးနဲ့လာတာ။"
"သိပါတယ်ဗျာ.."
ထက်ဝေယံ ဖခင်ပခုံးကိုလှမ်းတွန်းကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ လှုပ်ရှားဘောင်ခတ်နေသော စိတ်များကို ပြန်လည်တည်ငြိမ်အောင် ကြိုးစားနေသည်။
"ဝေယံ.. ငါ ဒီကနေ Bangkok ကို ဆက်သွားဖြစ်မယ်။ အလုပ်ကိစ္စကြောင့် ၆ လ လောက်ကြာမယ်။ မင်း လိုက်ခဲ့မလား။"
ထက်ဝေယံ အခန်းထဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အဖြူရောင်လိုက်ကာကို ချထားသည်မို့ သတိုးကို လှမ်းမမြင်ရ။ သက်ပြင်းတစ်ချက်ချမိသည်။
"လိုက်ခဲ့မယ် ပါး။ ကျွန်တော်လည်း ရန်ကုန်မပြန်ချင်ဘူး။"
.............................................................
ကောင်းကင်ပြာတွင် အရုပ်ငယ်တစ်ခုနှင့် ဆင်ဆင်တူသော လေယာဉ်ပျံတစ်စင်း ဖြတ်သန်းသွားနေသည်။ အဖြူရောင်မီးခိုးငွေ့တန်းသည် ဖြောင့်စင်းစွာကျန်ခဲ့ပေမယ့် အချိန်ခဏလေးမှာပဲ လွင့်ပါးပျောက်ကွယ်ကုန်ကြသည်။ ပြင်းထန်နေသော လေများကြောင့် ဟိုတယ်နှင့် ဝရန်တာတံခါးကို ပိတ်ထားခဲ့ရသည်။ သတိုး မှန်တံခါးရှေ့တွင်ရပ်ကာ အပြင်ကိုလှမ်းကြည့်နေသည်။ လိုက်ကာအဖြူကို လက်တစ်ဖက်ဖြင့် မတင်သိမ်းထားသောကြောင့် သူ့လက်များကို မှန်ပေါ် ခပ်ဖွဖွတင်မှီထားသည်။
"မင်း သီချင်းပြိုင်ပွဲ စားရင်းသွင်းဖို့အတွက် ငါ ရဲလေးကို အားလုံးမှာထားတယ်။ လိုအပ်ရင် သူ မင်းကိုဆက်သွယ်လိမ့်မယ်။"
သတိုး ခေါင်းညိတ်သည်။ လိုက်ကာကို ပြန်ချရင်း သူ့ကိုလှမ်းကြည့်သည်။
" မင်း တစ်ယောက်တည်း ရန်ကုန်ပြန်လို့ဖြစ်ပါတယ်နော်။"
"ကျွန်တော် သွားတတ်ပါတယ်ဗျာ။ လေယာဉ်ပေါ်ရောက်ရင် ထိုင်ရုံပါပဲ။ ကိုယ်တိုင်မောင်းရမှာမဟုတ်ပါဘူး။"
သတိုးနောက်ပေမယ့် ထက်ဝေယံ မပြုံးနိုင်။ ဒီနေ့ညဆိုလျှင် သတိုးက ရန်ကုန်ပြန်ပြီး သူကတော့ မနက်ဖြန်မှ ဖခင်ဖြစ်သူနှင့် ဗန်ကောက်လိုက်သွားမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သတိုးကို ရန်ကုန်တစ်ယောက်တည်း ပြန်လွှတ်ရမှာ စိတ်တော့မကောင်း။ ပြီးတော့ လေးရက်မြောက်အောင် ဘာဆိုဘာမှ အစားမဝင်သောကြောင့်လည်း ပိုစိတ်ပူမိသည်။ ညကလည်း သူကျွေးသမျှ ကြိုးစားပြီး သတိုး စားသော်လည်း အကုန်ပြန်အန်သည်။ အန်သည်မှ ၀ိညာဉ်ရော အသက်ပါ ထွက်သွားတော့မတတ် အန်ခြင်းဖြစ်သည်။
"ငါအပြင်ခဏသွားဦးမယ်။"
ထက်ဝေယံ အခန်းထဲမှ ထွက်လာခဲ့သည်။ ခေါင်းထဲမှ အတွေးများက တောင်ရောက်လိုက် မြောက်ရောက်လိုက်နှင့်မတည်ငြိမ်။ ဖခင်ဖြစ်သူအခန်းတံခါးကို ခေါက်ပြီး အတန်ကြာမှ တံခါးဖွင့်လာသည်။
"ဘာဖြစ်လို့လဲ ဝေယံ။"
ဦးရန်နိုင်ထွန်း အပြင်သွားဖို့ပြင်ဆင်နေဟန်တူသည်။ ဖိနပ်တစ်ဖက်က စီးလက်စ။
"သတိုးကို ကျွန်တော်စိတ်ပူလို့ ပါး။ ဘာစားစား အန်နေတာ သုံးလေးရက်ရှိပြီ။ ပြီးတော့ ဒီည လေဆိပ်ဆင်းရမှာ တစ်ယောက်တည်းဆိုတော့....ဟို..."
ထက်ဝေယံ ခေါင်းကိုတစ်ချက်ကုတ်သည်။ ရှေ့ဆက်ရမည့်စကားများကို သူ မပြောချင်။ ဦးရန်နိုင်ထွန်းကတော့ ဘာမှဝင်မပြော။ သူ ပြောမည့်စကားများကိုသာ စိတ်ရှည်ရှည်စောင့်နေသည်။
"အဟမ်း.. ဟို... ပါး..... နေရှင်းခကို တစ်ချက်လောက် မေးကြည့်ပါလား။ သတိုးပြောတော့ ဒါမျိုးဖြစ်ဖူးတယ်လို့ ပြောဖူးလို့။"
"အေး.. အေး.. ငါ မေးလိုက်မယ်။"
ဦးရန်နိုင်ထွန်း တံခါးပြန်ပိတ်သွားသည်။ ထက်ဝေယံ သက်ပြင်းချရင်း အခန်းသို့ ပြန်လာခဲ့သည်။ သတိုးက အဝတ်အစားများသိမ်းဆည်းကာ ကျောပိုးအိတ်ပြင်နေသည်။ မျက်တွင်းများက ကျလွန်းနေသည်။ နှုတ်ခမ်းများမှာ သွေးမရှိတော့။ ဖြူရောရောပင် ဖြစ်ချင်နေပြီ။ သတိုး မျက်နှာနွမ်းလွန်းနေသည်။
နာရီဝက်လောက်အကြာမှာ အခန်းတံခါးခေါက်သံတစ်ခု..။
ထက်ဝေယံ အခန်းတံခါးကို ဆွဲအဖွင့် ချစ်စရာ ဝန်ထမ်းကောင်မလေးတစ်ယောက်ကို တွေ့ရသည်။
"အစ်ကိုတို့အခန်းက မှာထားတာ ရပြီ အစ်ကို။"
အသံဝဲသော်လည်း မြန်မာလို ပီသစွာ ပြောလာသော မိန်းကလေးလက်ထဲမှ ဗန်းကို ထက်ဝေယံ လှမ်းယူလိုက်သည်။
ငွေလင်ဗန်းထဲတွင် ကြွေပန်းကန်လုံးတစ်ခုရှိနေသည်။
အပူငွေ့မပြယ်သေးသော ဖြူဖွေးသော ဆန်ပြုတ်ကြားမှ ကြက်သားတုံးငယ်များတစ်ချို့မှာ ပန်းကန်လုံးထဲမှ ခေါင်းပြူနေသည်။ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မြိတ်စိမ်းများ ဖြူးထားသည်။ ထက်ဝေယံ ဗန်းကို စားပွဲပေါ်လှမ်းတင်ကာ ထိုင်ခုံကို သတိုးအသင့်ထိုင်နိုင်ရန် ရှေ့သို့ ဆွဲလိုက်သည်။
"စားလိုက်ဦး သတိုး။ မင်း လေယာဉ်ပေါ်မတက်ခင် တစ်ခုခုတော့ အစားဝင်မှဖြစ်မယ်။"
သတိုး မျက်နှာ ပြင်မရအောင် ပျက်နေသည်။
ကြွေပန်းကန်လုံးကို မယုံကြည်နိုင်လွန်းစွာ စိုက်ကြည့်နေသည်။
"လာ..."
ထက်ဝေယံ သတိုး ပခုံးမှကိုင်ကာ ထိုင်ခုံမှာ ထိုင်ခိုင်းချိန် အသက်ကင်းမဲ့သော အရုပ်တစ်ခုလို ဝုန်းခနဲ ထိုင်ကျသွားသည်။
"စားလေ သတိုး။"
သတိုး တုန်ရင်နေသော လက်များဖြင့် ဆန်ပြုတ်တစ်ဇွန်းကို ခပ်စားလိုက်သည်။
နောက်ပါးစပ်ကို လက်ဝါးနှင့်အုပ်တော့ ထက်ဝေယံ စိုးရိမ်စွာ မေးမိသည်။
"အန်ချင်လို့လားသတိုး။"
သတိုး ခေါင်းခါသည်။ ခါသည်မှ အရမ်းခါခြင်းဖြစ်သည်။
ထို့နောက် မျက်ရည်ဝိုင်းသော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်လာသည်။
ထိုအကြည့်များမှာ
ဒဏ်ရာများရှိသည်..
မယုံကြည်နိုင်ခြင်းများရှိသည်...
ကြည်နူးခြင်းများရှိသည်...
ဝမ်းနည်းခြင်းများရှိသည်....
ဒီဆန်ပြုတ်ကို ဘယ်သူချက်ပေးလိုက်သည်ကို ထက်ဝေယံ မေးစရာမလို။
Continue Reading
You'll Also Like
50.6K 1.8K 39
ခုမှ စရေးတာမို့ လိုအပ်ချက်များရှိရင် ပြောပေးကြပါနော် အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးသွားပါ့မယ် တစ်နေ့ နှစ်ပိုင်းနဲ့ updateပေးနိုင်သမျှ updateပေးမှာ...
65K 4.1K 45
4.5M 305K 48
Boy×Boy(Own Characters) Romance,Drama and other age limited feelings.
126K 17.6K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ