ကြယ်တွေကြွေသောည
By akyinnamon
5M 405K 28K
(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့... More
A/N
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 22 (Unicode)
Part 23 (Unicode)
Part 24 (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
ဇာတ်သိမ်းပိုင်း
Sequel 1 (Unicode)
Sequel 2 (Unicode)
Sequel 3 (Unicode)
Sequel 4 (Unicode)
Sequel 5 (Unicode)
Sequel 6 (Unicode)
Sequel 7 (Unicode)
Sequel 8 (Unicode)
Sequel 9 (Unicode)
Sequel 10 (Unicode)
Sequel 11 (Unicode)
Sequel 12 (Unicode)
Sequel 13 (Unicode)
Sequel 14 (Unicode)
Sequel 15 (Unicode)
Sequel 16 (Unicode)
Sequel 17 (Unicode)
Sequel 18 (Unicode)
Sequel 19 (Unicode)
Sequel 20 (Unicode)
Sequel 21 (Unicode)
Sequel 22 (Unicode)
Sequel 23 (Unicode)
Sequel 24 (Unicode)
Sequel 25 (Unicode)
Sequel 26 (Unicode)
Sequel 27 (Unicode)
Sequel 28 (Unicode)
Sequel 29 (Unicode)
Sequel 30 (Unicode)
Sequel 31 (Unicode)
Sequel 32 (Unicode)
Sequel 33 (Unicode)
Sequel 34 (Unicode)
Sequel 35 (Unicode)
Sequel ဇာတ်သိမ်းပိုင်း
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 4 (Unicode)
Author's Note
Title
Chapter 1 (Zawgyi)
Chapter 2 (Zawgyi)
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်စကား
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Final Part 1
Final part 2
❤Thankyou all❤
လေးငယ် extra(1)
extra (2)
extra(3)
extra 4
extra (5)
extra (ending)
ကြယ်တွေကြွေသောည #Out Now
ကြယ်တွေကြွေသောည SEQUEL
X'mas Special Extra (Part 1 ) Uni
X'mas Special Extra (Part 2) Uni
X'mas Special Extra (Part 1) Zawgyi
X'mas Special Extra (Part 2) Zawgyi
Part 21 (Unicode)
23.8K 2.3K 63
By akyinnamon
လိုက်ကာသိမ်းထားသော ပြတင်းပေါက်မှန်မှတဆင့် အပြင်မှအစိမ်းရောင် သစ်ရွက်တစ်ချို့ လေတိုက်တိုင်းလှုပ်ရှားနေသည်ကို မြင်နေရသည်။ တံခါးပိတ်ထားသော မှန်ပြတင်းပေါက်ဘောင်တွင် နှုတ်သီးမည်းနှင့် ချစ်စရာစာကလေးတစ်ကောင် နားလာသည်။ မျက်လုံးဝိုင်းနှင့် သူ့ခေါင်းငယ်ကို ဘယ်ညာစောင်းကြည့်ကာ အညိုရောင်အမွှေးတာင်ကြား နှုတ်သီးဖြင့် တိုးဖွပြီး ပျံသန်းထွက်ခွာသွားသည်။ ထက်ဝေယံ ကုတင်ပေါ်တွင် ခေါင်းအုံးကိုမှီထိုင်နေရင်းမှ ပျံသန်းသွားသော စာကလေးငှက်လေး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။
"ကိုလေး.. မား ပြောတာကြားရဲ့လား။"
"ဗျာ..."
ထက်ဝေယံ ဘေးနားမှ မိခင်ဖြစ်သူကို လှည့်ကြည့်လိုက်သည်။ တကယ်ပင် သူ တစ်ခွန်းမှ မကြားလိုက်။
"မနက်ဖြန် မင်း ဆေးရုံကဆင်းလို့ရပြီလို့ ဆရာဝန်ကြီးကပြောတယ်။"
"သြော်.. အင်း..."
အလိုလို လက်တစ်ဖက်မြှောက်တက်ကာ ခေါင်းမှ ပတ်တီးကို စမ်းကြည့်မိသည်။ ခေါင်းတစ်ခုလုံး အပြောင်ရိပ်ထားသော ဆံပင်များ ခပ်တိုတိုပြန်ပေါက်နေပြီဖြစ်သည်။ မျက်လုံးနှစ်ဖက်လုံးလည်း ကောင်းကောင်း ပြန်ဖွင့်လို့ရပြီဖြစ်သည်။ မျက်စိအတွင်းသားရှိ အနီရောင် သွေးခြည်ဥသည်လည်း တဖြည်းဖြည်းနှင့် အရောင်ဖျော့ကာ အရင်ကလောက် မကြီးတော့။
ဒါပေမယ့်...
ဒီထက်ပို၍ ထက်ဝေယံ မစဉ်းစားချင်...
ရင်ထဲက ဒေါသများနှင့် စုတ်ပြတ်သတ်နေအောင် ခံစားရမှုကတော့ ပျောက်သွားသော ဒဏ်ရာများအစား နေ့စဉ်ပို၍ ကြီးထွားလာနေသလိုပင်။
ရွံရှာမုန်းတီးမှု..
ဒီထက်ပိုပြောရလျှင် ဒေါသထက် မိမိကိုယ်ကို မိမိ ပိုရွံနေမိသည်။
ဘာတန်ဖိုးမှမရှိတော့သည့် လက်နှီးစုတ်တစ်ခု..
ဒီထက်ပိုပြောရလျှင် ဒီလောကမှာ ဆက်လက်ရပ်တည်ဖို့ပင် မထိုက်တန်တော့သူ တစ်ယောက်လို..
ထက်ဝေယံ ကုတင်ဘေးတွင် အပြာရောင် အံဆွဲနှင့် ဘီးတပ်ထားသော ပစ္စည်းတင် အဖြူရောင် ဗီရိုငယ်တစ်ခုရှိသည်။ ၎င်းပေါ်တွင် အဖြူရောင်ကြွေပန်းအိုးငယ်နှင့် စွင့်ကားလှပစွာ ဖူးပွင့်နေသော နှင်းဆီပန်းဖြူတစ်ပွင့်..
ဖြူစွတ်လွန်းသော ပွင့်ဖတ်များသည် ပိုးသားများလို...
ထက်ဝေယံ အပ်တပ်ထားသော လက်ကိုပင် သတိလက်လွတ်မြှောက်တင်ကာ နှင်းဆီပွင့်၏ ပွင့်ဖတ်ငယ်ကို လက်ချောင်းများဖြင့် လှမ်းကိုင် တို့ထိ လိုက်သည်။
နူးညံ့လွန်းသော အသိတစ်ခု..
"ကိုလေး..."
"အ.."
စူးခနဲ နာကျင်မှုကြောင့် ပွင့်ဖတ်မှ လက်များကို ချက်ချင်းလိုလို ဖယ်လိုက်ရသည်။ သူ့လက်ဖျံမှာ အပ်တန်းလန်းရှိနေသေးသည်။ သွေးကြောထဲ စိုက်ဝင်နေသော ထိုအပ်ကို သူ ချက်ချင်းလိုလို ဆွဲထုတ်ပစ်လိုက်ချင်သည်။ ထိုးစိုက်ထားသော နေရာမှ ထုံထိုင်းနာကျင်မှုက စက္ကန့်တိုင်း ဖြစ်နေသည်။
"သား... နာသွားလား။"
"ဟင့်အင်း.. ဘာမှမဖြစ်ဘူး။ ဘာပြောလိုက်တာလဲ မား။"
"မင်းကို မား တစ်ခုပြောစရာရှိတယ်။"
ဘာမှလိမ်းခြယ်ထားခြင်းမရှိသော မိခင်ဖြစ်သူ၏မျက်နှာသည် သူ့အတွက် အထူးအဆန်းဖြစ်သည်။ ရဲရဲနီနေသော နှုတ်ခမ်းနီများမရှိသလို မျက်တောင်များမှာလည်း ကော့်ပျံမနေ။ နဂိုမိတ်ကပ်ထူထူဖြင့် ဖုံးထားတတ်သော မျက်တွင်းရစ်များမှာ ထင်းနေသည်။ ဒါပေမယ့် နှုတ်ခမ်းထောင့်မှ အပြုံးလိုမျိုးတစ်ခုကြောင့် ဝေယံ အံ့သြသွားသည်။ သူ သတိရလာကတည်းက မား ပြုံးတာ ဒါ ပထမဆုံးဖြစ်သည်။
"အရင်ကတော့ မား စိတ်တိုင်းကျ အေးအေးဆေးဆေး လက်စားချေဖို့ပါပဲ။"
ဒေါ်စူစီ လက်ဆွဲအိတ်ထဲမှ ဖိုင်တွဲတစ်ခုကို ဆွဲထုတ်ရင်းပြောလာသည်။
"လက်စားချေဖို့.. ဟုတ်လား။"
"အင်း.. လက်စားချေဖို့။ နေရှင်းခ ကို မား ဘာလို့ကူညီနေတာလဲလို့ မင်း မေးဖူးတာ မှတ်မိလား။"
နေရှင်းခ...
ထက်ဝေယံ တစ်ကိုယ်လုံး မီးပုံထဲ ပစ်ချခံလိုက်ရသော ကောက်ရိုးတစ်ထုံးလို ဒေါသများဖြင့် ဟုန်းခနဲ လောင်ကျွမ်းသွားသည်။
သူ ဒီနာမည်ကို မေ့နေသည်။
မစဉ်းစားမိခဲ့။
မိမိကိုယ်ကို ရွံရှာမုန်းတီးမှုများဖြင့်သာ နေ့တိုင်းကုန်ဆုံး နာကျင်နေသောကြောင့် သူ့ကိုဒီအခြေအနေရောက်အောင် တွန်းပို့ခဲ့သည့် တကယ့်တရားခံတစ်ယောက်ကို မေ့နေခဲ့သည်။
"မား မှာ အရင်ကတည်းက အစီအစဉ်တွေရှိပြီးသား ကိုလေး။ နေရှင်းခကို ဟိုထိပို့ပြီး တရားမဝင်နေထိုင်မှုနဲ့ အဖမ်းခံရအောင် အားလုံးစီစဉ်ထားတာ။"
ထက်ဝေယံ မိခင်ဖြစ်သူကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်သည်။
"စီစဉ်ထားတာ။"
ဆိုလိုတာက အချိန်ကြာမြင့်စွာကပင် နေရှင်းခကို ဒုက္ခရောက်အောင် ဒေါ်စူစီ စီစဉ်နေသည်တဲ့လား။
သူနားမလည်။.
"ဘာဖြစ်လို့လဲ မား။"
"နေရှင်းခ တစ်ယောက်တည်းကိုမဟုတ်ဘူး။ သူ့အမေကိုလည်း တစ်ချိန်တည်း အပြတ်လက်စားချေချင်လို့ နှစ်အကြာကြီး မား စိတ်ရှည်ရှည် စောင့်နေခဲ့တာ။ ဒီမှာကြည့် ကိုလေး။"
သူ့ရှေ့ကိုစာချုပ်တစ်ချို့ ထိုးပြလာသည်။ ထက်ဝေယံ ခေါင်းတွေ ထိုးကိုက်လာသည်။ ရေးထားသမျှ ဘာစာလုံးကိုမှ ရှင်းလင်းစွာ မမြင်ရ။
"ဒါ သူတို့အိမ်ကို မား စီမှာ အပေါင်ခံထားတဲ့ စာချုပ်။ ဒေါ်မေချိုဟာ အခုအချိန်မှာ ကြွေးတွေပိနေပြီ။ တခြားအိမ်ပိုင်တစ်ခုလည်း ရောင်းထားပြီးတာ ကြာလှပြီ။ လက်ရှိအိမ်ကိုလည်း မား ကြိုက်တဲ့အချိန် သိမ်းပိုင်ခွင့်ရှိနေပြီ။"
ထက်ဝေယံ လက်ညှိုးဖြင့် နားထင်ကို နာနာဖိထားမိသည်။
သံစူးချွန်တစ်ခုဖြင့် ထိုးခံထားရသလို နာကျင်ကိုက်ခဲနေသည်။
မိခင်၏ စကားများကို ကြားတစ်ချက်၊ မကြားတစ်ချက်။
ဒါပေမယ့် ဆိုလိုရင်းကိုတော့ သူ ကောင်းကောင်းနားလည်လိုက်သည်။
ဒေါ်မေချိုတို့ တစ်မိသားစုလုံးသည် မိခင်ဖြစ်သူ လက်ခုပ်ထဲမှ ရေများဖြစ်နေပြီ ဆိုတာကိုဖြစ်သည်။
"မား တကယ်ပြောနေတာလား။"
ထက်ဝေယံ မယုံကြည်နိုင်စွာ မေးမိသည်။ မိခင်ဖြစ်သူ၏ ဒေါ်မေချိုအပေါ် မုန်းတီးမှုများသည် ဒီလောက်နက်ရှိုင်းလိုက်မည်ဟု သူ မထင်ထားခဲ့။ ကုန်ဆုံးခဲ့သော နှစ်များအတွင်း ဒေါ်မေချိုနှင့် မိခင်ဖြစ်သူတို့ အလျင်းသင့်သလို တစ်ခါတစ်လေတွေ့ဆုံ ခင်မင်ဆက်ဆံနေသည်ကို သူ သိထားသည်ပဲဖြစ်သည်။
"တကယ်ပေါ့ သား။ သိပ်တော့လည်းမခက်ပါဘူး။ ရှုံးနိုင်မယ့် ရှယ်ယာတစ်ချို့ ဝယ်ခိုင်းရုံ၊ ပိုကာ ရောဂါစွဲနေတဲ့ အဲဒီကောင်မကို များများရှုံးနိုင်မယ့် online ကနေ ဖဲကစားနည်းတစ်ချို့ သင်ပေးလိုက်ရုံပါ။ ကျန်တာကတော့ စိတ်ရှည်ရှည်စောင့်ရတာပဲရှိတယ်။"
ဒေါ်စူစီ ခါးသီးစွာ ရယ်လိုက်သည်။
"ဒါပေမယ့် ဒါတွေကို အခု မင်းစိတ်ကြိုက်လုပ်ခွင့်ရှိတယ် ကိုလေး။ အဲဒီ သားအမိနှစ်ယောက်ကို မင်းကြိုက်သလို တရားစီရင်ခွင့်ကို မင်းကို မား အပြည့်အဝပေးတယ်။"
ထက်ဝေယံ သူ့ရှေ့မှ စာချုပ်ကို လှမ်းကြည့်လိုက်သည်။
နေရှင်းခ အဖမ်းခံရမည်။
အိမ်ပေါ်မှဆင်းရမည်။
အလုပ်မရှိဖြစ်မည်။
ဟင့်အင်း..
ဒါတွေဟာ နေရှင်းခ ဆိုသည့်ကောင်ကို မျက်နှာတစ်ချက်ပျက်စေမည်မဟုတ်တာကို သူသိသည်။ ဂရိဒဏ္ဏာရီပုံပြင်များထဲမှ သူရဲကောင်း Archilles အကြောင်းကို ထက်ဝေယံ အမှတ်ရလိုက်သည်။ ထိုသူရဲကောင်း၏ ငယ်ရွယ်စဉ်တွင် သေဆုံးမည်ဟု နမိတ်ဖတ်ခံခဲ့ရသည်။ ထို့အတွက် မိခင်ဖြစ်သူ နတ်ဘုရားမတစ်ပါးဖြစ်သည့် Thetis မှာ Archilles ကလေးငယ် ကို ထိုအဖြစ်မှကယ်တင်ရန် Styx မြစ်တွင် စိမ်စေခဲ့သည်။ ဖနောင့်မှကိုင်၍ စိမ်ခဲ့စေခြင်းကြောင့် Archilles ၏ ဖနောင့်တွင်မူ မြစ်ရေစိုခဲ့ခြင်းမရှိခဲ့။ အခြားသူများ တိုက်မနိုင် သတ်မနိုင်ရှိခဲ့သော ထိုသူရဲကောင်း၏ အားနည်းချက်ဖြစ်သော ဖနောင့်ကို Paris မှ မြှားဖြင့် ပစ်ခတ် ဒဏ်ရာရစေကာ သတ်နိုင်ခဲ့သည်။
နေရှင်းခတွင်လည်း သူရဲကောင်း Archilles လို အားနည်းချက်ရှိသည်။
တစ်ခုတည်းသော အားနည်းချက်...
ထိုအားနည်းချက်ကို သူကောင်းကောင်းသိသည်။
"မား..."
"ပြော ကိုလေး..."
"နေရှင်းခ ကို စင်္ကာပူသွားနိုင်အောင် လုပ်ပေးလိုက်ပါ။ အဖမ်းခံရတာမျိုးမဟုတ်ဘဲ တကယ်ပဲ သူ တက်ချင်တဲ့သင်တန်းနဲ့ သူ လုပ်ချင်တဲ့ အလုပ်ကို ပေးလုပ်လိုက်။ ဘာမှမနှောင့်ယှက်နဲ့။"
ဒေါ်စူစီ အံံသြလွန်းစွာ ထက်ဝေယံကို စိုက်ကြည့်လိုက်သည်။
ဝေခွဲမရမှုများကအပြည့်...
"မား ပြောတော့ ကျွန်တော် စိတ်တိုင်းကျ လုပ်ခွင့်ရှိတယ်ဆို။"
"ဒါပေမယ့် ကိုလေး...."
"တော်တော့ မား။ ကျွန်တော်ပြောတဲ့အတိုင်းလုပ်ပါ။ ပြီးတော့ သူတို့ကိုလည်း အဲဒီအိမ်မှာ ဒီအတိုင်း ဆက်ထားထားပါ။ တစ်ခုပဲရှိတယ်။"
ထက်ဝေယံ မျက်လုံးများ တင်းမာလွန်းသွားသည်။ ဒေါ်စူစီ သားဖြစ်သူ၏ ဒေါသအရှိန်ကြောင့် လက်ဖျားများ အေးစက်သွားသည်။
သူမ ထင်တာမှားသည်။
ထက်ဝေယံသည် ဒီသားအမိကို သူမ မုန်းသည်ထက် အဆတစ်ရာ ပိုမို မုန်းတီးနေသည်ပဲဖြစ်သည်။
"ဘာလဲ ကိုလေး။ မင်း ပြောသမျှ မား လုပ်ပေးမယ်။"
ထက်ဝေယံ နှင်းဆီပွင့်ဖြူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နီရဲသော မျက်လုံးများက မီးတောက်များလို။
"သတိုးခန့်ဆိုတဲ့ ကောင်လေးကို ကျွန်တော့်ဆီ ခေါ်ခဲ့။"
စကားလုံးများ၏ အေးစက်မှုများကြောင့် နှင်းဆီပွင့်လေးပင် တုန်ခါသွားသလို။
......................................................................
ခြံထဲရှိစားပွဲဝိုင်းဘေးရှိ ခေါက်ထိုင်ခုံတွင် သတိုးငြိမ်သက်စွာ ထိုင်နေသည်။ ပန်းအိုးထဲရှိ ရှားစောင်းပင်လေး၏ အစူးများကို ညင်သာစွာ ထိကိုင်မိချိန် မြနေအောင် ချွန်ထက်သော အစူးချွန်မှာ သူ့လက်ဖျားထဲ ထိုးဖောက်ဝင်သွားသည်။
စို့လာသော သွေးစက်ငယ်နှင့်အတူ ဦးနှောက်တစ်နေရာမှ နာကျင်မှုအသိ။
စူးချွန်ငယ်တစ်ခုသာဒီလောက်နာရသည်။
ထက်ဝေယံဆိုလျှင်...
သတိုး ရှေ့ဆက်မစဉ်းစားချင်တော့။
စားပွဲပေါ်တွင် ငြိမ်သက်နေသော ဖုန်းမှ အပူဓါတ်နွေးနွေးတစ်ခု ကျန်နေသေးသည်။
အခုနလေးတွင်မှ ပြီးဆုံးသွားခဲ့သော ဒေါ်စူစီ၏ စကားများသည် သတိုးခေါင်းထဲ ပတ်ချာလည်ဝေ့လည်နေသည်။
အိမ်ပေါင်ထားသည့်ကိစ္စ...
နေရှင်းခ၏ စင်္ကာပူမှာ သင်တန်းတက်ရင်း အလုပ်လုပ်ရမည့်ကိစ္စ..
နောက်ဆုံးမှာ အဆုံးသတ်သွားသည့် "ကိုလေးက မင်းဒီနေ့သူ့ကိုလာတွေ့လို့ မှာထားတယ်" ဆိုသည့် စကားနောက်မှာ သတိုးအရာရာကို နားလည်မိသွားသည်။
ထိုအချိန်မှာ သူခံစားရသည်မှာ နာကျင်မှုတစ်ခု...
နင့်နေအောင် နာကျင်မှု...
ရှားစောင်းပင်ငယ်တစ်ခု နှလုံးသားထဲ ပေါက်ဖွားလာသလို။
ဖြည်းညှင်းစွာမဟုတ်..
ရုတ်တရက် အခက်အလက်များဖြာကာ စူးချွန်များ ရှည်ထွက်လာပြီး သူ့နှလုံးသားကို အတွင်းမှထိုးဖောက်ဖို့ ကြိုးစားနေသလိုဖြစ်သည်။
ဒါပေမယ့် ထိုနာကျင်မှုသည် မုန်းတီးမှုကြောင့်မဟုတ်..
ဒေါသကြောင့်မဟုတ်..
ဝမ်းနည်းမှုဆိုသည့် ခံစားချက်သက်သက်ကြောင့်သာဖြစ်သည်။
ဗွီဒီယိုဖိုင် online မှာ ပျံ့နှံ့သွားပြီးကတည်းက ဘာ့ကြောင့်ဆိုတာကို သတိုးသိခဲ့ရသည်။ ဇော်မိုးတို့ ညီအစ်ကို သူ့ကို အကြောင်းစုံရှင်းပြ တောင်းပန်ခဲ့သည်။
ထက်ဝေယံကို သိပ်ကြည့်မရလို့...
like တွေ share တွေ အများကြီး တက်လာတာ တွေ့ချင်လို့ဆိုတဲ့ ဇော်မိုးရဲ့ ခပ်ရူးရူးအတွေးမှာ ရက်စက်မှုမပါတာ သတိုးသိသည်။
နာရီဝက်သာ လိုင်းပေါ်ရောက်ကာ ချက်ချင်းပြန်ဖျက်ခဲ့သည့် ဗွီဒီယိုဖိုင်သည် ကူးစက်ရောဂါတစ်ခုလို ထိန်းမရနိုင်အောင် ပျံ့သွားပြီးဖြစ်သည်။
အဲဒီအချိန်ကတည်းက သူ ထက်ဝေယံကို တွေ့ပြီး တောင်းပန်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ ဒါပေမယ့် သူ အခွင့်အရေးမရခဲ့။ လွန်ခဲ့သည့်လက သတင်းစာထဲတွင် အဆိုတောင် ထက်ဝေယံ ကားအက်စ်စီးဒင့် ဖြစ်ကြောင်း ဂျာနယ်များတွင် ပါလာခဲ့သည်။ ဒါပေမယ့် ဒါ အဖြစ်မှန်မဟုတ်တာ သတိုးသိသည်။ ဘာဖြစ်ခဲ့သည်ကိုလဲ သူ အကုန်သိနေသည်။ ထက်ဝေယံ ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာပင် ဦးရန်နိုင်ထွန်း ဒေါ်မေချို့ထံ လာရောက် ရင်ဖွင့်သည်များကို သူ အားလုံးကြားပြီးဖြစ်သည်။
"ဖိုးခွား.. သွားရအောင်လေ။ ကားဆိုက်ချိန်နီးနေပြီ။"
"ဗျာ..."
ဘေးနားရပ်လာသော ဦးကရင်ကြီးကို သတိုး ငေးကြောင် မော့ကြည့်မိသည်။ ဦးကရင်ကြီး ဘာပြောလိုက်တာလဲ။ သူနားမလည်။
"နေရှင်းခ ဒီနေ့ပြန်ရောက်မယ်လေ။"
သတိုး ရင်ထဲ ထိုးအောင့်သွားသည်။
နေရှင်းခ..
ဒီနေ့ပြန်လာမည်...
ဟင့်အင်း..
သူ နေရှင်းခကို ပြန်မလာစေချင်ပါ။
သူ့ဘဝတွင် ပထမဆုံးအကြိမ် နေရှင်းခ ပြန်လာမည်ကို ပျော်လည်းမပျော်နိုင်သလို ဝမ်းလည်းမသာနိုင်။
ဖြစ်နိုင်လျှင် ထိုအဝေးပြေးကားကို ဝေးရာသို့ပြန်ပို့ချင်သည်။
ဒီရန်ကုန်နှင့်အဝေးဆုံးနေရာ
ထက်ဝေယံရှိနေရာ
သူရှိနေသောနေရာ နှင့် အဝေးဆုံးကို မောင်းသွားစေချင်သည်။
"ဦးလေး.."
နဖူးရေများပင် တွန့်ချင်နေပြီဖြစ်သည့် ဦးကရင်ကြီးကို သတိုးအတန်ကြာအောင် စိုက်ကြည့် ငေးငိုင်နေမိသည်။ သူ ဒီအိမ်ကိုရောက်ကတည်းက ပျော်ပျော်နေတတ်သော ဒီဦးလေးကြီးကို ခင်တွယ်ခဲ့သည်။ ဒီအိမ်ကြီးတွင် နှစ်ပေါင်းများစွာကြာအောင် သစ္စာရှိစွာ အလုပ်လုပ်ခဲ့သူတစ်ယောက်။
"မင်း ဘာဖြစ်နေတာလဲ။ ကြောင်တောင်တောင်နဲ့။"
"အန်တီမေရဲ့ စီးပွားရေး အခြေအနေကို ဦးလေး သိလား။"
သတိုးထံမှ မထင်မှတ်ထားသော မေးခွန်းတစ်ခုကြောင့် ဦးကရင်ကြီး ရုတ်တရက် ဆွံ့အသွားရသည်။
"ဘာဖြစ်လို့ မေးတာလဲ ဖိုးခွား။"
"ကျွန်တော်သိမှဖြစ်မယ်။"
"မသိချင်စမ်းပါနဲ့ကွာ။ မင်း သိရင်လည်း ဘာမှထူးမှာမဟုတ်ဘူး။"
"အခြေအနေ တော်တော်ဆိုးနေတယ်ဆိုတာ အမှန်ပဲလား ဦးလေး။"
ဦးကရင်ကြီး သက်ပြင်းပူကို မှုတ်ထုတ်လိုက်သည်။
"အေး...တော်တော်ဆိုးတယ် ထင်တာပဲကွာ။ ငါရော ဒေါ်စိန်ပါ လစာမရတာ နှစ်ချီနေပြီ။"
"ဗျာ...."
သတိုး အံ့သြစွာ ဦးကရင်ကြီးကို မော့ကြည့်မိသည်။ ဒေါ်စူစီပြောလာခဲ့သည့် ဖုန်းထဲမှ အကြောင်းအရာများသည် အားလုံးအမှန်ပင်ဖြစ်သည်။ အမှန်ထက်ပင် လျော့နေသေးသည်ထင်သည်။
"ငါတို့လည်း ဒီလောက်အသက်ကြီးမှ တခြားနေရာမှ ဘယ်မှာ အလုပ်ထပ်ရှာမလဲ ဖိုးခွားရာ။ နေစရာ.. စားစရာရှိရင်တော်ပါပြီဆိုပြီး ဒီလိုပဲ ကြိတ်မှိတ်နေရတာပဲ။ မင်း အန်တီ ပိုကာစွဲနေလို့ အကုန်ကုန်တာ ကြာရောပေါ့။"
ဦးကရင်ကြီး ရှပ်အကျီင်္အိတ်ထဲမှ ကွမ်းထုပ်ကို ထုတ်ယူလိုက်သည်။ ကွမ်းတစ်ယာကို ဖြေယူကာ ပါးစောင်ထဲထည့်ငုံရင်း စကားဆက်လာသည်။
"ဒါ့ကြောင့်လည်း သူ့သား နိုင်ငံခြား သွားရဖို့အရေးကို သေရေးရှင်ရေးဖြစ်နေတာလေ။ အခုအချိန်မှာ သူ့မှာ အားကိုးစရာဆိုလို့ နေရှင်းခပဲ ရှိတော့တာ ဖိုးခွားရ။ မင်းလည်း ဆယ်တန်းအောင်ပြီ။ တခြားအလုပ်တစ်ခုခုရှာပြီ ဒီကထွက်သွားတာ အကောင်းဆုံးပဲ။"
သတိုး ခေါင်းငိုက်စိုက်ကျသွားသည်။
"တကယ်ဆို စီးပွားရေး မကောင်းတာ မင်းမရောက်လာခင်ကတည်းကပဲ။ သူ့ သူငယ်ချင်း ဒေါ်စူစီဆိုတာလားမသိပါဘူးကွာ။ မင်းအန်တီ ငွေလိုတိုင်း ထုတ်ချေးနေလို့သာ ဒီလိုဟန်မပျက်နေနိုင်ကြတာ။. အခုနောက်ပိုင်းတော့ တော်တော့်ကို အခြေအနေဆိုးလာပုံရတယ်။ မင်းစဉ်းစားကြည့်လေ။ ငါတို့လစာတောင် မပေးနိုင်တော့ဘူး။"
"ရှင်းခ ဒါတွေဘာမှမသိဘူး မဟုတ်လား ဦးလေး။"
"ဘယ်သိမလဲကွာ။ မင်း အန်တီမေက ပြောမလားကွ။"
သတိုး စားပွဲပေါ်မှဖုန်းကို လှမ်းယူလိုက်ကာ ထိုင်နေရာမှ ခပ်ဖြည်းဖြည်း ထရပ်လိုက်သည်။
"ကျွန်တော် အပြင်သွားလိုက်ဦးမယ်။"
ဦးကရင်ကြီး အံ့သြစွာ လှမ်းကြည့်လာသည်။
"ငါ နေရှင်းခကိုသွားကြိုမလို့။ မင်း တကယ်မလိုက်ဘူးလား။"
သတိုး ခေါင်းခါလိုက်သည်။ ကြိုးစားပြုံးလိုက်ပေမယ့် အပြုံးက မပီပြင်။
"ကျွန်တော်သွားစရာရှိတယ် ဦးလေး။"
"ပြီးတာပဲကွာ။ မင်း မပါရင်တော့ ရှင်းခက သေချာပေါက်မေးမှာပဲ။"
သတိုးလက်ထဲမှ ဖုန်းကို နောက်တစ်ကြိမ်ငုံ့ကြည့်လိုက်သည်။
နောက် နာရီဝက်...
နောက် နာရီဝက်ဆိုလျှင် နေရှင်းခ ရန်ကုန်မြေပေါ် ပြန်လည်ခြေချတော့မည်။
"ဦးလေး...အခုနက ကျွန်တော့်ကိုပြောတာတွေကို ဘာ့ကြောင့်ပဲဖြစ်ဖြစ် ရှင်းခ မသိစေနဲ့။"
"ငါသိပါတယ်ကွာ။ ငါလည်းမပြောရဲပါဘူး။ မင်းအန်တီမေကသာ ငါပြောမှန်းသိရင် ဒီ အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရမှာ။"
သတိုး ခေါင်းညိတ်ကာ အိမ်ကြီးကိုကျောပေးလျှောက်လာခဲ့သည်။
သေချာပါသည်။
ဒီကျောခိုင်းခြင်းနောက်မှာ သူနှင့်နေရှင်းခအတွက် ပြန်လည်ဆုံစည်းဖို့ဆိုတာ မဖြစ်နိုင်တော့။
Continue Reading
You'll Also Like
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
439K 23K 51
6.4K 183 4
ဘယ်အရာကိုမှ မမျှော်လင့်တော့ပဲ လုံလောက်အောင်စိတ်ကုန်သွားတဲ့အခါ အရာရာကိုစွန့်ပစ်တတ်လာတယ်~~ နာကျင်တာနဲ့ နာကျည်းတာကမတူဘူး နာကျင်တာကခဏတာဆိုပင်မဲ့ နာကျည်းတ...
73.5K 3K 34
အချစ်ဆိုတာကို ကျွန်တော်မယုံဘူး လက်တွေ့ဆန်တဲ့ ငွေကိုသာယုံကြည်တာ အချစ်ကလက်တွေ့မဆန်ဘူးအကို... နှင်းခါးဝိုင် သံသရာတဲ့ အစမရှိသလို အဆုံးလဲမရှိဘူး။ ကိုယ်ရဲ့...