ကြယ်တွေကြွေသောည

By akyinnamon

5M 405K 28K

(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့... More

A/N
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (Unicode)
Part 24 (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
ဇာတ်သိမ်းပိုင်း
Sequel 1 (Unicode)
Sequel 2 (Unicode)
Sequel 3 (Unicode)
Sequel 4 (Unicode)
Sequel 5 (Unicode)
Sequel 6 (Unicode)
Sequel 7 (Unicode)
Sequel 8 (Unicode)
Sequel 9 (Unicode)
Sequel 10 (Unicode)
Sequel 11 (Unicode)
Sequel 12 (Unicode)
Sequel 13 (Unicode)
Sequel 14 (Unicode)
Sequel 15 (Unicode)
Sequel 16 (Unicode)
Sequel 17 (Unicode)
Sequel 18 (Unicode)
Sequel 19 (Unicode)
Sequel 20 (Unicode)
Sequel 21 (Unicode)
Sequel 22 (Unicode)
Sequel 23 (Unicode)
Sequel 24 (Unicode)
Sequel 25 (Unicode)
Sequel 26 (Unicode)
Sequel 27 (Unicode)
Sequel 28 (Unicode)
Sequel 29 (Unicode)
Sequel 30 (Unicode)
Sequel 31 (Unicode)
Sequel 32 (Unicode)
Sequel 33 (Unicode)
Sequel 34 (Unicode)
Sequel 35 (Unicode)
Sequel ဇာတ်သိမ်းပိုင်း
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 4 (Unicode)
Author's Note
Title
Chapter 1 (Zawgyi)
Chapter 2 (Zawgyi)
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်စကား
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Final Part 1
Final part 2
❤Thankyou all❤
လေးငယ် extra(1)
extra (2)
extra(3)
extra 4
extra (5)
extra (ending)
ကြယ်တွေကြွေသောည #Out Now
ကြယ်တွေကြွေသောည SEQUEL
X'mas Special Extra (Part 1 ) Uni
X'mas Special Extra (Part 2) Uni
X'mas Special Extra (Part 1) Zawgyi
X'mas Special Extra (Part 2) Zawgyi

Part 17 (Unicode)

26.6K 2.5K 57
By akyinnamon

ဧည့်ခန်းရှိ စန္ဒရားခြေရင်းတွင် သတိုးနှင့်အမွှာနှစ်ယောက်တို့ ၀ိုင်းပတ်ထိုင်နေကြသည်။ သူတို့၏ ဘေးနား ပတ်ပတ်လည်တွင် မှတ်စုစာအုပ်၊ သီချင်းစာရွက်များဖြင့် ပြည့်နှက်နေသည်။ နားကြပ်ကို ပခုံးပေါ်တွင်ချိတ်ထားပြီး ဂစ်တာကိုလက်မှာပိုက်ထားသော သတိုးမျက်နှာသည် ရှုံ့မဲ့နေသည်။

"ဒီနေရာကွာ။ ငါဘယ်လိုမှ သဘောမကျဘူး။"

"သတိုးရာ... မင်းကလည်း စာသားကိုပဲ အပြစ်ပြောမနေနဲ့။ သံစဉ်ကိုက ထောက်နေတာ။"

ဇော်မိုးပြောသည်မှာ မှန်နေသည်မို့ သတိုးခေါင်းကုတ်မိသည်။ သူက စာသားကို သိပ်မကျွမ်းကျင်။ ခေါင်းထဲဝင်လာသည့် ဂီတသံစဉ်များကို သီချင်းတစ်ပုဒ်ဖြစ်အောင် အရင် ဖွဲ့ဆိုပြီးမှ လိုက်ဖက်သည့် စာသားကိုရှာတတ်သည်။ သံစဉ်ကိုသာ ခံစားတတ်သော သူ့အတွက် စကားလုံးများနှင့် ပေါင်းစပ်ရသည်မှာ တကယ့်ကိုစိန်ခေါ်မှုတစ်ခုဖြစ်သည်။

"နေစမ်းပါဦးကွာ။ ငါ ပြန်တီးကြည့်ဦးမယ်။"

သတိုး နောက်တစ်ကြိမ် အစမှ ပြန်စကာ သံစဉ်ကို တီးခတ်လိုက်သည်။ သူ့ရေးစပ်သော သီချင်းများသည် pop rap နှင့် R&B style မျိုးဖြစ်သည်။ သူ ထစ်နေသော နေရာအရောက်မှာ တစ်ကယ်ပင် အဆင်မပြေ။

"စာသားကို ပြင်ရင်ရော။"

မိုးဇော်ကပါ ဝင်ပြောလာသည်။ သတိုးပြန်ဖြေချိန်မရလိုက်။ ဇော်မိုးက ညီဖြစ်သူ၏ ခေါင်းကို ဖောင်းခနဲနေအောင် ရိုက်ချသည်။

"ဟာ.. မရောင်ရာ ဆီလူးနေလို့ ပြီးမလားကွ။"

"DAW လေးများရှိလို့ကတော့ကွာ။"

digital audio workstation...

သူတို့အနေအထားနှင့် ဘယ်လိုမှလက်လှမ်းမမီသည့် အရာတစ်ခု။

"မင်းတို့နှစ်ယောက် တိတ်တိတ်နေစမ်းကွာ။ ခေါင်းရှုပ်ရတဲ့ကြားထဲမှာ။"

သတိုးလက်ထဲမှ ဂစ်တာကို မိုးဇော်လက်ထဲထည့်ကာ ကြမ်းပြင်မှာ ဝမ်းလျားမှောက်ချလိုက်သည်။ ရေးလက်စ မှတ်စုစာအုပ်ထဲမှ သီချင်းစာရွက်ကို စိုက်ကြည့်ကာ ဘာလိုနေသည်ကို စဉ်းစားမရ။ စဉ်းစားမရကာမှ ဧည့်ခန်းဆိုဖာပေါ်ရှိ ဘေးတစောင်းမြင်နေရသည့် နေရှင်းခကို တွေ့လိုက်ရသည်။ စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာ ဖတ်နေသော မျက်နှာပေါ် ပြတင်းပေါက်မှ နေ့လည်ခင်းနေရောင်ခြည်တစ်ချို့ ဖြာကျနေသည်။ ကိုယ်ကိုခပ်လျော့လျော့ထိုင်ကာ ဆိုဖာလက်ကိုင်ပေါ် တတောင်ဆစ်မှီတင်ကာ လက်ထဲမှစာအုပ်ကို နေရှင်းခ စူးစိုက်ဖတ်နေသည်။ အခြားလက်ကိုင်ပေါ်ရှိ လက်သီးဆုပ်ပေါ် နားထင်ကိုမှီတင်ထားသည်။ ပခုံးထိရောက်ချင်သော နောက်ဆံပင်ပါးပါးများက နေရောင်ခြည်အောက်မှာ ကြေးနီရောင်ဟပ်ထင်နေသည်။ ခပ်ဟဟပွင့်နေသော နှုတ်ခမ်းများကို ငေးကြည့်မိချိန် သတိုးအသက်ရှူသံ ပြင်းလာသလို။

"သတိုး.. မင်းက စဉ်းစားနေတာလား။ ဆေးမိနေတာလား။"

ပခုံးပေါ်ဖြန်းခနဲကျလာသည့် လက်ဝါးနှင့်အတူ အမွှာတစ်ယောက်၏ အသံကြောင့် သတိုး ဒေါသထွက်သွားမိသည်။ နေရှင်းခ သူရှိရာသို့ တစ်ချက်စောင်းကြည့်လာသည်ဖြစ်၍ သတိုး အကြည့်အမြန်လွှဲလိုက်ပေမယ့် စာအုပ်ရှိရာသို့ ခေါင်းပြန်ငုံ့သွားသော နေရှင်းခ၏ နှုတ်ခမ်းထောင့်မှာ မသိမသာလေးကွေးသွားသည်ကိုတော့ သူ မြင်ဖြစ်အောင်မြင်လိုက်မိသည်။

"တော်ပြီကွာ။ ဘာမှစဉ်းစားလို့မရဘူး။"

သတိုး ပက်လက်လှန်လှဲအိပ်ကာ သီချင်းစာရွက်ကို မျက်နှာပေါ်တင်အုပ်ထားလိုက်သည်။ ပုစွန်ဆိတ်တစ်ကောင်လို တဆတ်ဆတ်ခုန်နေသော နှလုံးသားကို ငြိမ်သက်သွားအောင် ဖိကိုင်ထိန်းချုပ်ထားချင်သည်။

"အစ်ကိုရှင်းခ။ ကျွန်တော်တို့ ဒီမှာညစာပါ စားလို့ရမလား။"

"မင်းတို့တော်တော်ငတ်နေလား။"

အရှက်မရှိစွာ လှမ်းမေးလာသော ဇော်မိုးကို သတိုး လှဲနေရာမှ လှမ်းကန်လိုက်သည်။ မနက်ကတည်းက အိမ်ရောက်နေသည့် ဒီနှစ်ကောင်ကို သတိုးကြည့်မရတော့။ နေရှင်းခချက်ပေးထားသည့် နေ့လယ်စာကိုလည်း အဝစားထားပြီးဖြစ်သည်။ အခုလည်း ညစာပါ စားဖို့စဉ်းစားနေသည်။

"အစ်ကိုခလက်ရာက စားရခဲတယ်ကွ။"

"ငါတို့ ညကျရင် အိမ်မှာမရှိဘူး ဇော်မိုး။"

"ဗျာ.. ဘယ်သွားကြမှာလဲ။"

"ကာရာအိုကေ သွားဆိုဖို့ ယမုံခေါ်ထားတယ်။"

နေရှင်းခ အဖြေကိုကြားမှ ပွင့်ယမုံကို သတိုးသတိရသွားသည်။ စေ့စပ်ဖို့စီစဉ်နေတယ်ဟူသော စကားကလည်း အခုမှ နားထဲမှာ ကျယ်လောင်စွာ ပြန်လည်ကြားယောင်လာသည်။

"ကျွန်တော်တို့ပါ လိုက်ခဲ့လို့ရလား။ ကျွန်တော်တို့လည်း သီချင်းမဆိုရတာ ကြာပြီ။"

"လိုက်ခဲ့လေ။"

နေရှင်းခ စာအုပ်ကိုပိတ်ကာ ဆိုဖာမှ ထရပ်လိုက်သည်။

"သတိုး.. ငါ မင်းကိုပြောစရာရှိသေးတယ်။ အမွှာနှစ်ယောက်.. ခဏနော်။"

"အာ...ရပါတယ် အစ်ကို။"

သတိုး မျက်နှာပေါ်မှ စာရွက်ကို ဆွဲဖယ်လိုက်ချိန်မှာ နေရှင်းခ အိမ်ရှေ့တံခါးကိုဖွင့်ကာ ခြံထဲဆင်းသွားပြီဖြစ်သည်။ သတိုးနောက်မှ လိုက်လာခဲ့ပေမယ့် နေရှင်းခ ပြောလာမည့် စကားများကို မကြားရဲ။ ဆင်ဝင်နှင့်မလှမ်းမကမ်းရှိ ခြံထဲတွင် မှန်စာပွဲဝိုင်းငယ်လေးတစ်ခုရှိသည်။ အပြာရောင် ခေါက်ထိုင်ခုံနှစ်ခုကို စားပွဲ၏ တစ်ဖက်တစ်ချက်တွင် ချထားသည်။ ထိုစားပွဲဝိုင်းအလယ်တွင် ရှားစောင်းပင်ငယ်တစ်ခုထည့်ထားသော ပန်းအိုးငယ်လေးတစ်ခု ရှိနေသည်။ စားပွဲနားမှာရပ်လိုက်ပေမယ့် နေရှင်းခ မထိုင်။

"ငါ ယမုံ့ကို ပြောပြဖို့ ဆုံးဖြတ်ထားတယ်။"

နေရှင်းခ ဘာကိုဆိုလိုသည်ကို သတိုး ချက်ချင်းနားလည်သည်။ ဒါပေမယ့် အမှန်အတိုင်းဝန်ခံဖို့ရန် သူ့မှာ သတ္တိမရှိ။

"ငါ ညက တစ်ညလုံးစဉ်းစားထားပြီးပြီ သတိုး။ တကယ်လို့ ယမုံ စနေတာမဟုတ်ဘဲ သူနဲ့ငါ စေ့စပ်ဖို့ လူကြီးတွေ တကယ် စီစဉ်နေကြတယ်ဆိုရင် ငါ အချိန်မီတားမှဖြစ်မယ်။"

"မဖြစ်ဘူး ရှင်းခ။ လုံးဝပြောလို့မဖြစ်ဘူး။ ယမုံသိရင် အန်တီပါ သိသွားလိမ့်မယ်။"

"အဲဒါဘာဖြစ်လဲကွာ။ အခုမသိရင်လည်း တစ်နေ့နေ့ သိမှာပဲလေ။ ငါ မင်းကလွဲပြီး တခြားဘယ်သူ့ကိုမှ လက်မတွဲနိုင်ဘူး။ ဘာပဲဖြစ်လာ ဖြစ်လာ ငါ ရင်ဆိုင်ရဲတယ် သတိုး။"

သတိုး ခေါင်းကိုသာ တွင်တွင် ခါမိသည်။ နေရှင်းခ ရင်ဆိုင်ရဲပေမယ့် သူ ရင်မဆိုင်ရဲ။ သူ့မှာ ထောက်ထားစရာတွေ အများကြီးရှိသည်။ ဒေါ်မေချို၏ အသိုင်းအဝိုင်းသည် ဒိတ်ဒိတ်ကြဲဆိုသည့် အသိုင်းအဝိုင်းတွင် ပါဝင်သည်။ ပြီးတော့ သက်ကြီးရွယ်အို အဖွားကလည်းရှိသေးသည်။ အားလုံးက မျှော်လင့်အားကိုးနေရသည့် တစ်ဦးတည်းသောသေား နေရှင်းခ သည် အားလုံးအတွက် တန်ဖိုးကြီးလွန်းသူ ဖြစ်နေသည်။ သူကတော့ ဒီအိမ်မှာ မှီခိုနေရသူတစ်ယောက်။

"ရှင်းခ.. ငါပြောပြီးပြီ။ ဘာပဲဖြစ်ဖြစ် ငါတို့အကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး။ မင်း ငါ့စကားနားမထောင်ရင် ငါ ဒီအိမ်မှာဆက်မနေတော့ဘူး။"

သတိုး သွေးရူးသွေးတမ်း ပြောမိသည်။

"ဘာဖြစ်လို့လဲ သတိုးရာ။ မင်း အဲဒီလောက် သတ္တိမနည်းစမ်းပါနဲ့။"

"သတ္တိနည်းတာမဟုတ်ဘူး ရှင်းခ။ ရှိကိုမရှိတာ။"

သတိုးအမှန်အတိုင်းဝန်ခံပြီး မရယ်ချင့်ရယ်ချင် ရယ်မိသည်။ တစ်ဖက်သက် ချစ်ခဲ့ရတုန်းကတော့ ဒီ ပြဿနာတွေကို သူမစဉ်းစားခဲ့မိ။ အခုနှစ်ယောက်စလုံး အပြန်အလှန်ချစ်မိကြတော့မှ မရှင်းနိုင်လောက်အောင် ရှုပ်ထွေးနေသော အခက်အခဲများကို သတိထားမိရသည်။

"မင်းကို ငါနောက်နေတာ မဟုတ်ဘူးနော်။ ငါ တကယ်အိမ်မှာဆက်မနေဘူး။"

"ဒါပေမယ့်..ယမုံနဲ့က..."

"အဲဒါတော့ ငါလည်းမသိဘူး။ ငါ.. ငါ.."

သတိုး ရှေ့ဆက်ဘာပြောရမည်မှန်းမသိတော့။ တကယ်တမ်းကျတော့လည်း နေရှင်းခကို သူ ပွင့်ယမုံလက်ထဲ မထည့်ပေးနိုင်။ ဒါပေမယ့် အားလုံးရှေ့မှာ ဝန်ခံ လက်တွဲဖို့ကျရန်လည်း သတ္တိမရှိ။ နေရှင်းခ အပေါ်မှာ သူမတရားတာ သတိုးသိသည်။

"အေးပါကွာ။ မင်း သဘောပဲ။ ယမုံနဲ့ကိစ္စကို ငါ့ဘာသာ အဆင်ပြေအောင် ကြည့်ရှင်းလိုက်ပါ့မယ်။ မင်းက မသိစေချင်သေးရင် ဘယ်သူ့ကိုမှ ငါ ဖွင့်မပြောပါဘူး။"

သတိုး သူ့ရှေ့မှ နေရှင်းခကို ကျေးဇူးတင်စွာ လှမ်းကြည့်မိသည််။ နေရှင်းခ သတိုးပခုံးပေါ်လက်တစ်ဖက်တင်ကာ ပြုံးလာသည်။

"ဒါပေမယ့် တစ်သက်လုံးတော့ ခိုးကြောင်ခိုးဝှက် ချစ်ဖို့ ငါစိတ်ကူးမရှိဘူး။"

သတိုး ရယ်ကာ နေရှင်းခ လက်ကိုပုတ်ထုတ်လိုက်သည်။ နေ့ရက်မခြားခင် သူငယ်ချင်းလိုမှ ချစ်သူတစ်ယောက်လို ဘယ်လိုပြောင်းလဲဆက်ဆံရမည်ကို သူ မသိသေး။

........................................................

"နင်တို့နှစ်ယောက် ဘာဖြစ်နေတာလဲ။"

ယမုံအိမ်မှလိုက်ပို့သည့် ကားပေါ်မှဆင်းလာကတည်းက နေရှင်းခနှင့်သတိုးတို့ တစ်ခုခုလွဲမှားနေသလို ခံစားရသည်။ ယမုံ၏ အမေးကို နေရှင်းခ မဖြေ။ ကားမောင်းသူနေရာမှာ ဝင်ထိုင်ရင်း သတိုးဖက်လှည့်ပြောသည်။

"သတိုး မင်းရှေ့မှာထိုင်လေ။"

"အာ.. ရတယ်။ ယမုံထိုင်လိုက်မယ်။ ငါ ဇော်မိုးတို့နဲ့ နောက်မှာပဲ ထိုင်မယ်။"

သတိုး သူမကိုတစ်ချက်လှမ်းကြည့်ပြီး ပြုံးပြသည်။ ဒီ အပြုံးကိုက မသင်္ကာစရာကောင်းနေခြင်းဖြစ်သည်။ သတိုးဆိုသည့် ကောင်လေးသည် နေရှင်းခနားမှာ နေရမည်ဆိုလျှင် သူမကို ဘယ်တုန်းကမှ ဦးစားပေးခဲ့သူမဟုတ်။ အရင်အတိုင်းသာဆိုလျှင် သူမကို တွန်းဖယ်ကာ မရ ရအောင် ရှေ့ခန်းသွားထိုင်မည်ဖြစ်သည်။

"သတိုး နင် ဆေးသောက်မှားလာတာလား။ နင်ကရော.. ဘာဖြစ်နေတာလဲ..ရှင်းခ။"

ပွင့်ယမုံ ကားရှေ့ခန်းမှာ ဝင်ထိုင်ကာ သတိုးကိုလှည့်ပြောပြီး နေရှင်းခကိုပါ လှည့်ဟောက်သည်။ ဒါပေမယ့် နှစ်ယောက်စလုံးက မသိချင်ယောင် ဆောင်နေကြဆဲဖြစ်သည်။ နောက်ခန်းမှာ အမွှာနှစ်ယောက်ပါ ရှိနေသဖြင့် ယမုံ ဆက်မမေးတော့။ ဒါပေမယ့် စိတ်ထဲမှာတော့ ကလိကလိဖြင့် မကျေမနပ်ဖြစ်နေရသည်။ သူမတို့ ညစာအတွက် အပြင်စားသောက်ဆိုင်တစ်ခုမှာ စားပြီးနောက် ကာရာအိုကေဆိုင်သို့ရောက်ချိန်တွင် ညရှစ်နာရီ နီးပါးရှိပြီဖြစ်သည်။

"အခန်းတွေအားလုံး မအားတော့ဘူး အမ။ အားလုံး လူပြည့်နေပြီ။."

ရောက်မဆိုက် ပြောလာသော ဆိုင်ဝန်ထမ်းကောင်လေးကြောင့် ယမုံ စိတ်တိုသွားရသည်။ သူမကို အမဟု ခေါ်လိုက်တာကြောင့်လည်း ဖြစ်မည်ထင်သည်။ တကယ်ဆို ရွယ်တူလောက်ပဲ ရှိဦးမည်။

"ဟို vip အခန်းရော။"

"အဲဒါလည်း လူရှိတယ်အမ။"

"ဒုက္ခပဲ။ စိတ်ညစ်ရပါလား။"

"တခြားဆိုင်သွားရအောင် ယမုံ။"

"တခြားဆိုင်တွေလည်း ဒီအချိန်ဆို အခန်းလွတ်ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဒီဆိုင်က အစားအသောက်လည်း ကောင်းတယ်။"

"ယမုံရာ.. အခုနလေးတင်ပဲ အဝစားလာတာပဲဟာကို။"

နေရှင်းခကို ယမုံ မျက်စောင်းထိုးကြည့်ရုံကြည့်ကာ မဖြေတော့။ စိတ်ရှုပ်စွာ ခေါင်းကုတ်မိသည်။

"ပွင့်...."

ခေါ်သံကြောင့် ပွင့်ယမုံနောက်လှည့်ကြည့်လိုက်သည်။ သူမကို ပွင့်ဟုခေါ်သူဟူ၍ သူငယ်ချင်းများကြားတွင် တစ်ယောက်သာရှိသည်။

ထက်ဝေယံ...

ကောက်လိမ်သောဆံပင်များကို ဂျယ်လီနှင့်သပ်တင်ထားသည်။ အပြာရောင် လက်ပြတ်ခေါင်းစွပ်အကျီင်္ကို ဇစ်ဖြုတ်ဝတ်ထားသောကြောင့် ကြံ့ခိုင်သော ရင်ဘတ်များကို အထင်းသားမြင်နေရသည်။ ခေါက်လိပ်ထားသော ဂျင်းဘောင်းဘီနက်ပြာကလည်း မညိုမဖြူသောအသားအရည်နှင့် လိုက်ဖက်လွန်းနေသည်။

"ဝေယံ.. ဘယ်ကနေဘယ်လို နင် ဒီကိုရောက်နေတာလဲ။"

"သူငယ်ချင်းတွေ အတင်းခေါ်လို့ပါ။ နင်ကရော။"

ထက်ဝေယံ ယမုံ့ဘေးမှ နေရှင်းခနှင့်အုပ်စုကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မျက်မှန်နှင့် နေရှင်းခ အိမ်ဖော်ကောင်လေးပါ ပါလာသည်ကိုတွေ့လိုက်ရသည်။

"ငါတို့ သီချင်းဆိုမလို့လာတာ။ အခု အခန်းမရှိတော့လို့လေ။"

"ငါယူထားတဲ့ အခန်းမှာ လာဆိုလေ။ ငါ့သူငယ်ချင်းတွေ အခုပဲ ပြန်ကုန်ကြပြီ။"

တကယ်တော့ ထက်ဝေယံလည်း အခန်းအပ်ပြီး ပြန်တော့မှာဖြစ်သည်။ ဒါပေမယ့် နေရှင်းခနှင့်သတိုးကို တွေ့လိုက်ရ၍ တမင် နေဦးမည့်ပုံစံ ပြောနေခြင်းဖြစ်သည်။ ယမုံကတော့ ဘာမှမရိပ်မိ။

"တကယ်လား။ တော်သေးတာပေါ့။ ငါတို့တွေ အကုန်ဆံ့ပါ့မလား။"

"ရပါတယ်။ အခန်းက အကျယ်ကြီး။ တမင် vip အခန်းယူထားတာ။"

"တခြားဆိုင်တွေပဲ သွားရအောင် ယမုံရာ။"

နေရှင်းခ သူနှင့်အတူတူ တစ်ခန်းထဲ အတူနေရမည်ကို စိတ်ရှုပ်သလို မျက်မှောင်ကုပ်နေသည်။ ဒါမျိုးတွေကြောင့်လည်း ထက်ဝေယံ နေရှင်းခ ဆိုလျှင် တမင်ညစ်ချင်ခြင်းဖြစ်သည်။

"နင်ကလည်းဟာ။ သူငယ်ချင်းတွေပဲ။ လာပါ။ ဝေယံ အခန်းဘယ်မှာလဲ..."

"လာ.. ပွင့်..."

ထက်ဝေယံ ယမုံ့ကို မျက်စိတစ်ဖက်မှိတ်ပြကာ လှေကားအတိုင်း ဦးဆောင်ခေါ်လာခဲ့သည်။ ကျယ်ဝန်းသော အသံလုံအခန်းသည် အနီရောင် နံရံများဖြင့် ကာရံထားသည်။ အခန်းပတ်ပတ်လည်တွင် ဆိုဖာတန်းရှည် ပတ်ချာလည်ရှိနေပြီး သစ်သားစားပွဲရှည်တစ်ခုကို အလည်မှာ ချထားသည်။ အခန်းထဲရောက်သည်နှင့် ပွင့်ယမုံမှာ သီချင်းဆိုဖို့ထက် menu ကတ်ကိုဖတ်ကာ ကန်စွန်းရွက်ကြော်၊ဝက်သားလုံးကြော်၊ အားလူးချောင်းကြော် စသည်ဖြင့် စုံအောင်မှာနေသည်။

"ဘီယာပါ ထပ်မှာရအောင်။ မင်းတို့သောက်မယ် မဟုတ်လား။"

"နေပါစေ ထက်ဝေယံ။ ငါ ဘီယာမသောက်တတ်ဘူး။"

ထက်ဝေယံအမေးကို ဘယ်သူမှမဖြေရသေးခင် နေရှင်းခ ဖြေသည်။ ထက်ဝေယံ မျက်နှာမဲ့ကာ နေရှင်းခကို မျက်နှာချင်းဆိုင်လိုက်သည်။

"မင်း မသောက်လည်း တခြားလူတွေ သောက်မှာပေါ့။"

"ငါလည်းမသောက်ဘူး။ သူတို့လည်းမသောက်ဘူး။ ဒီသုံးယောက်စလုံး အခုမှ ဆယ်တန်းဖြေပြီးစ ကလေးတွေပဲ ရှိသေးတယ်။ ပြီးတော့ ယမုံကမိန်းကလေး။ သောက်မယ်ဆိုရင်တောင် ငါခွင့်မပြုဘူး။"

ထက်ဝေယံ ဒေါသထွက်သွားမိသည်။ ဒီကောင် နည်းနည်းတော့ လွန်လာပြီထင်သည်။ အပြောအဆိုက မောက်မာလွန်းနေသည်။ ထက်ဝေယံဆိုသည်မှာ ဒီလိုဟိတ်ဟန်ကြီးသည့် ဘယ်ကောင်ကိုမှ လူထင်ခဲ့သည်မဟုတ်။

"နင်တို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ။ နေရှင်းခ .ကောင်းကောင်းသွားထိုင်။ ထက်ဝေယံ.. သူတို့မသောက်ပါဘူးဆိုမှ နင်ကလည်း အတင်းလိုက်တိုက်မနေနဲ့။ ကိုယ့်အတွက် ကိုယ်မှာ။"

ပွင့်ယမုံကြားမှ ဆရာလုပ်ကာ ဆူလိုက်မှ နေရှင်းခနှင့် ထက်ဝေယံ လူချင်းခွဲကာ ခပ်ဝေးဝေး သွားထိုင်ဖြစ်ကြသည်။ ပွင့်ယမုံမှာ အစားအစာ မှာပြီးသားမို့ menu ကတ်ကို ဘေးချကာ သီချင်းရွေးသည့် tablet ကို လှမ်းယူလိုက်သည်။

"နင် ဘာသီချင်းဆိုမှာလဲ...ဝေယံ.."

"နင်တို့ဘာသာရွေးပါ။"

တကယ်တော့ ထက်ဝေယံ ဆိုချင်စိတ် နည်းနည်းမှမရှိ။ သူ့အိမ်မှ studio သည် ဒီအခန်းထက် အဆပေါင်းများစွာ ပြည့်စုံသည်ပဲဖြစ်သည်။ ဒီညလည်း သူငယ်ချင်းတွေ အတင်းခေါ်၍သာ လိုက်လာခဲ့ခြင်းဖြစ်သည်။

"သတိုး ... John Legend ရဲ့ all of me ရှိတယ်။ ဆိုမလား။"

သူမကို တစ်ခါတစ်လေ သတိုးဆိုပြဖူးသည့် သီချင်းဖြစ်သည်မို့ ယမုံလှမ်းမေးလိုက်သည်။ သတိုးအကြိုက်ဆုံး သီချင်းများထဲတွင် တစ်ပုဒ်ဖြစ်သည်။

"အေး...ဆိုမယ်။"

ယမုံနှစ်ခါမမေးလိုက်ရ။ သတိုး သူမလက်ထဲမှ မိုက်ကို လှမ်းယူလိုက်ပြီဖြစ်သည်။

"ငါတို့ harmony ဆိုပေးမယ်။"

အမွှာနှစ်ယောက်မှာ ကျန်မိုက်ခွက်ကို လှမ်းယူကာ သတိုးဘေးမှာ နေရာယူလိုက်ကြသည်။ Intro တီးလုံး စပြီး စက္ကန့်ပိုင်းအကြာမှာ ထွက်ပေါ်လာသော သတိုးအသံကို ကြားလိုက်ရသည်နှင့် နှုတ်ခမ်းနားရောက်နေသော ဘီယာပုလင်းကို မော့သောက်ရန် ထက်ဝေယံ မေ့လျော့သွားသည်။

What.. the.. hell...!!!

ထက်ဝေယံ ဒီထက်ပို၍ ဘာပြောရမှန်းမသိတော့။ မျက်လုံးပြူးကာသာ သတိုးကို စိုက်ကြည့်မိသည်။ သတိုးအသံသည် ခိုင်လည်းခိုင်သလို ငြိမ်လည်းငြိမ်သည်။ အဝင်အထွက်ကွက်တိ။ အနိမ့်အမြင့်မှာလည်း တစ်ချက်မှ မမှား။ တကယ်ပင် professional အဆင့်။ အသက်ရှူရမည့် နေရာတစ်ချို့တွင် လိုအပ်ချက်မသိမသာ ရှိနေသော်လည်း ဆယ်တန်းဖြေပြီးကာစ ကောင်လေးတစ်ယောက်သည် ဒီလောက်တောင် အရည်အချင်းရှိလိမ့်မည်ဟု သူ လုံးလုံးမထင်ထားခဲ့။

သတိုးကတော့ ထက်ဝေယံကို သတိမထားမိ။ အလွတ်ရနေပြီဖြစ်သော စာသားများကို မျက်စိမှိတ်ကာ သီဆိုနေခြင်းဖြစ်သည်။ သီချင်းဆုံးသွားသည်အထိ ထက်ဝေယံ မျက်တောင်ခတ်ဖို့ပင် မေ့နေသည်။ သတိုးလက်ထဲမှ မိုက်ကို ပွင့်ယမုံကို လှမ်းပေးလိုက်သည်။

"ချာတိတ်..မင်း အရမ်းတော်တယ်။"

ထက်ဝေယံ တကယ်ပင် လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်ခြင်းဖြစ်သည်။ ဒါပေမယ့် သူ့နှင့် ခပ်လှမ်းလှမ်းမှာနေသော နေရှင်းခ မျက်နှာမည်းသွားသည်။ သတိုးမှာ လုံးဝမထင်မှတ်ထားသော စကားတစ်ခွန်းကို ကြားမိသလို အံ့သြနေသည်။

"ဗျာ.. . ဟုတ်.. ဟုတ်ကဲ့။ ကျေးဇူး အစ်ကို။"

"မင်း အပြင်မှာ သီချင်းဆိုတာလား။"

"ဘုရားကျောင်းမှာပဲ ဆိုဖြစ်တာပါ။ အိမ်မှာတော့ အပျော် ဆိုတာလောက်ပါပဲ။"

"ဒီကောင်က အသံကောင်းရဲ့သားနဲ့ ဆိုဖို့ထက် သီချင်းရေးဖို့ကိုပဲ စိတ်ထက်တာ။"

သတိုး စကားမဆုံးခင် မိုးဇော်မှ ဖြတ်ပြောလာသည်။

"သီချင်းရေးဖို့... ဟုတ်လား။"

"ဒီလိုပါပဲဗျာ။ ဟိုခြစ်ဒီခြစ်ပါ။"

"မင်းရေးထားတဲ့ သီးချင်းတွေရှိလား။"

"ဟုတ်။"

"ဘယ်နှစ်ပုဒ်လောက်ရှိလဲ။"

"စုစုပေါင်း အပုဒ်နှစ်ဆယ်လောက်တော့ ရှိမယ်ထင်တယ်။ မသေချာဘူး အစ်ကို။ ကျွန်တော်သေချာတော့ မမှတ်မိဘူး။"

"အပုဒ်နှစ်ဆယ်... WoW"

ထက်ဝေယံ မျက်ခုံးနှစ်ခုစလုံးမြှင့်တက်သွားသည်။

ဒီကောင်လေးသည် သူ့ကို အကြိမ်တိုင်း အံ့သြစေနိုင်နေသည်။

"နောက်ကြုံရင် မင်းရေးထားတဲ့ သီချင်းတွေ ငါ့ကိုပြစမ်းပါ။"

"ဗျာ.. ဟုတ်..."

သတိုး စကားစဖြတ်ဖို့ ကြိုးစားနေသည်ကို ထက်ဝေယံသိသည်။

သူ့နောက်ကျောမှ နေရှင်းခ၏ မျက်လုံးမှ မီးတောက်များကို သူလည်း ခံစားနေရသည်။

ဒီကောင်နဲ့တော့ ခက်တာ။ စကားတောင် အကောင်းပြောလို့မရဘူး။

ထက်ဝေယံ အညောင်းဆန့်ကာ မတ်တပ်ထရပ်လိုက်သည်။

"ပွင့်.. ငါ အပြင်မှာ စီးကရက် သွားသောက်လိုက်ဦးမယ်။"

"အေး အေး။ ဝန်ထမ်းကောင်လေးတွေတွေ့ရင် ရေနောက်တစ်ဗူးပါ မှာလိုက်ဟာ။"

"အိုကေ..."

ထက်ဝေယံ အပြင်ရောက်မှ လက်ထဲမှ စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်ကို လှမ်းယူကာ နှုတ်ခမ်းထောင့်မှာ တပ်လိုက်သည်။

သတိုးခန့်...

တစ်ခေါက်တွေ့တိုင်း တစ်ခါပို၍ စိတ်ဝင်စားဖို့ကောင်းနေသော ထိုကောင်လေးကို သူ သတိမထားမိဘဲ မနေနိုင်တော့။

Continue Reading

You'll Also Like

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
73.4K 3K 34
အချစ်ဆိုတာကို ကျွန်တော်မယုံဘူး လက်တွေ့ဆန်တဲ့ ငွေကိုသာယုံကြည်တာ အချစ်ကလက်တွေ့မဆန်ဘူးအကို... နှင်းခါးဝိုင် သံသရာတဲ့ အစမရှိသလို အဆုံးလဲမရှိဘူး။ ကိုယ်ရဲ့...
239K 10K 33
ကိုယ့်နှလုံးသားက မင်းနဲ့မှ တကယ်ချစ်တတ်လာတာပါ #လွမ်းရေးထက် ခင်ဗျားကို ချစ်ရမှာကြောက်တယ် #စစ်ခွန်းသ ကိုယ့်နှလုံးသားက မင်းနဲ့မှ တကယ်ချစ်တတ်လာတာပါ #လွ...
16K 965 49
တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။