မုန္တိုင္းမ်ား၏အရွင္သခင္
အပိုင္း (၅၂)
တင္တက္ရင္၏ အေျပာေႀကာင့္ ကမာ စိတ္တိုတိုနွင့္ သူ႕ရင္ဘတ္ကို ကုန္းကိုက္ကာ ေျပာလိုက္သည္္။
"ဒီလူႀကီးေႀကာင့္ ..."
"ဒီလူႀကီးက ဘာလုပ္လို႕လဲ ေျပာပါဦး။"
ကမာ သူ႕ကို မေက်မနပ္ႀကည့္ကာ ေျပာလိုက္သည္။
"ဘာမွ မလုပ္ဘူး။ သူ႕အခ်စ္ေတာ္ကို မေခၚပဲ လူကို အတင္းဖက္ထားလို႕ စိတ္တိုေနတာ။ အကိုႀကိီး လႊတ္ေပးေတာ့။ ဟာစန္ကိုပဲ ေခၚလိုက္။ ကြ်န္ေတာ္ မလိုေတာ့ဘူး။ သြားပါရေစ။"
"ဘယ္က ဟာစန္လဲ။ "
အကိုႀကီးေျဗာင္ျငင္းေနေသာေႀကာင့္ ကမာ သက္ျပင္းရိႈက္ကာ
"ဘာမွ မဟုတ္ေတာ့ဘူး။ကြ်န္ေတာ္ နားႀကားမွားတာေနမွာပါ။ ကြ်န္ေတ္ာ့ကို လႊတ္ေပးပါေတာ့။"
တင္တက္ရင္သည္ စိတ္ဆိုးေနေသာ ခ်ာတိတ္ေလးကို ဖက္ကာေျပာလို္က္သည္။
"ကမာ နားႀကားမမွားပါဘူး။ ဟာစန္ဆိုတာ ေမာ္ရင္ကိုယ့္ဆီကို လႊတ္လိုက္တဲ့ ပါရွားေကာင္ေလးပါ။ အေတာ့္ကိုေခ်ာတယ္။ ေရႊစင္တစ္ေထာင္နဲ႕ ၀ယ္ခဲ့တာတဲ့။"
ကမာ အံႀကိတ္လိုက္သည္။ မိမိမရွိသည့္ ၃ လတာအတြင္း အကိုႀကီးက ပါရွားလူငယ္ေလးနွင့္ ေပ်ာ္ပါးေနတာေပါ့။ မထင္ထားပါ။ အကိုႀကီး ဒီလိုလူမ်ိဳးးဆိုတာ မိမိအိပ္မက္ပင္မက္မထားပါ။ မိမိိနွင့္ အတူေနရာ သူက မိိမိကုိခ်စ္လြန္းလုိ႕ပါဆိုသည့္ စကားကို မိမိယံုထားခဲ့မိသည္။
ကမာ့ ရင္ထဲ ဟာလာဟင္းလင္းျဖစ္သြားသည္။ ဘယ္လိုေျပာရမွန္းမသိေတာ့ေပ။ နာက်င္တာလား။ ေႀကကြဲတာလားလည္းမသိေတာ့ေပ။ ေသခ်ာတာကေတာ့ ကမာ စိတ္တျခားလူတျခားျဖစ္ေနျခင္းပါ။
တင္တက္ရင္သည္ ျငိမ္က်သြားေသာကမာ့ကို မ်က္နွာျခင္းဆိုင္ဆြဲလွည့္ကာ ေမးေလးကိုပင့္ေမာ့ လိုက္စဥ္ ကမာ၏ မိႈင္ေနေသာမ်က္နွာေလးကို ႀကည့္ကာေျပာလိုက္သည္။
"ကမာေလး ကိုယ့္ကိုစိတ္ဆိုးေနလား။"
ကမာ မေျဖပါ။ သူက ကမာ့ နဖူးေလးကို အသာနမ္းကာ လည္တိုင္ေက်ာ့ကို နမ္းရင္းေျပာသည္။
"ခ်ဴးခ်ဴးနာမည္ ကမာ့ပါးစပ္က ထြက္လာတဲ့အခ်ိန္တုန္းက ကိုယ္ဒီထက္ ၁၀ ခံစားရတယ္ ကမာေလး။ ကိုယ္ခ်စ္တာမင္းတစ္ေယာက္တည္းပါ။ "
ကမာ ဘာမွမေျပာပဲ ျငိမ္ေနသျဖင့္ တင္တက္ရင္ ကမာ့ကိုယ္ေလးကို ေပြ႕ခ်ီကာ အခန္းထဲေခၚလာျပိီး သလြန္ထက္တြင္တင္ကာေမးလုိက္သည္။
"ကိုယ္ေျပာတာ မယံုဘူးလား။ ယံုေအာင္သက္ေသျပရမလား။"
တင္တက္ရင္က ကမာ့အ၀တ္မ်ားကို ဆြဲဖယ္ကာ အနမ္းမုန္တိုင္းဆင္ရင္းေမးလိုက္သည္။ ကမာ မ်က္နွွာႀကက္ကို ေငးႀကည့္ကာ ခံစားခ်က္ကင္းမဲ့ဟန္ျဖင့္ ေျပာလုိုက္သည္။
"ယံုပါတယ္။ သက္ေသျပစရာ မလိုပါဘူး။ "
ကမာ့ အသံမ်ားက ေျခာက္ကပ္ကာ အသက္ကင္းမဲ့ေနသည္။ တင္တက္ရင္ တိုးတိုးရယ္လိုက္သည္။ ကမာ သူ႕ကို ႀကည့္မိစဥ္သူက ေျပာသည္။
"ကမာေလး ကိုယ့္ကို သ၀န္တိုတာလား"
သူ႕အေမးကို ကမာ ေဒါသထြက္သြားသည္။ အႀကည့္လႊဲကာ ေျပာလိုက္သည္။
"သ၀န္မတိုပါဘူး။ အကိုႀကီးစိတ္ခ်မ္းသာမယ္ဆိုရင္ အိပ္ခ်င္တဲ့သူနဲ႕အိပ္ပါ။ ကြ်န္ေတာ္ ဘာမွ မေျပာပါဘူး။"
ကမာ ေျပာလိုက္သည့္ စကားမ်ားက သူ႕ေဒါသကို ေပါက္ကြဲလာေစသည္။ ကမာ့ကို အႀကီးအက်ယ္ စိတ္ဆိုးသြားေတာ့သည္။ ကမာ့ကို အႀကမ္းပတမ္းခ်စ္တင္းေနွာရင္းေျပာသည္။
"တကယ္ပဲလား။ ကိုယ္ ဘယ္သူနဲ႕ အိပ္အိပ္ဟုတ္လား။ မင္း တကယ္ပဲ ကိုယ့္ကို ဘယ္သူနဲ႕ ျဖစ္ျဖစ္ရတယ္တဲ့လား။"
ကမာသည္ နာက်င္မႈေႀကာင့္ သူ႕လက္ဖ်ံကို ညစ္ကာ ေျပာလိုက္သည္။
"ဟင့္အင္း။ အကိုႀကီး နည္းနည္းေလွ်ာ့ပါဦး။ နာတယ္။"
သုိ႕ေသာ္ ေဒါသအိုးေပါက္ကြဲေနေသာ အခ်စ္ဘုရင္ႀကီးက ကမာ့စကားကို မနာယူေတာ့ပါ။ ထိုေန႕ ကမာ နာက်င္စြာျဖင့္ မ်က္ရည္က်လာခဲ့သည္။ ခႏၶာကိုယ္နာက်င္ျခင္းထက္ စိတ္ထဲက နာက်င္တာ ဆိုးသည္။
"ကမာေလး။ ကိုယ့္အခ်စ္က မင္းကို မ်က္ရည္က်ေစသလားဟင္။ ကိုယ္က မင္းအတြက္ ဘီလူုးတစ္ေကာင္လို ႀကမ္းတမ္းခက္ထန္ေနလား။"
ကမာ့ မ်က္ရည္မ်ားေႀကာင့္ သူ ျဖဳန္းခနဲရပ္ကာ ေမးလိုက္သည္။ ကမာ မ်က္နွာကိုအုပ္ကာ ငိုျပီးေျပာသည္။
"မဟုတ္ဘူ။ အကိုႀကီး ဟာစန္ကို ေခၚအိပ္တာက ကြ်န္ေတာ့္ကို မ်က္ရည္က်ေစတာပါ။"
ကမာ့ စကားကို ႀကားေသာ္ တင္တက္ရင္ ၏ ေဒါသအားလံုးေပ်ာက္ကြယ္သြားသည္။ ကမာ့ လက္ကို ဖယ္ကာ ညင္ညင္သာသာနမ္းျပီး နားနားကပ္ကာ တိုးတိုးေျပာလို္က္သည္။
"ကိုယ္ အရမ္း၀မ္းသာတယ္ သိလား ကမာေလး။ မင္း ကိုယ့္ကို အျခားတစ္ေယာက္နဲ႕ သ၀န္တိုတယ္ ဆိုတာ ကိုယ့္ကို ခ်စ္လို႕ပဲေပါ့။ ကမာေလးရယ္။ အစကတည္းက ရွင္းေအာင္ေျပာပါလားကြယ္။ မင္းကို နာက်င္ေစတာေတာင္းပန္ပါတယ္။ ေမာ္ရင္က ဟာစန္ကို လက္ေဆာင္ေပးခဲ့ေပမယ့္ ကိုယ့္ အိပ္ယာေပၚ သူ႕ကို မတင္ခဲ့ပါဘူး။ မင္းကလြဲျပီး ကိုယ္ဘယ္သူ႕ကို မွ မခ်စ္ခဲ့ဘူး။ ကဲ ေက်နပ္ျပီလား။ကိုယ္ အခ်စ္နတ္သားေလး။"
မုန္တိုင္းမ်ား၏ အရွင္သခင္
အပိုင္း (၃၈)-ပထမပိုင္း
ကမာသည္ အကိုႀကီး၏နူတ္မွ ေျပာလာသည့္ စကားကိုႀကားေသာ္ သူ႕ရင္ခြင္ထဲ ေခါင္းတိုးကာ ရိႈက္ငိုမိျပန္သည္။ ဒီတစ္ခါေတာ့ ေပ်ာ္လုိ႕က်သည့္ မ်က္ရည္ပါ။
တင္တက္ရင္သည္ ကမာ့ကို ညင္သာစြာနမ္းကာ ျပံဳးရင္းေမးသည္။
"ကမာေလး ကိုယ့္ကို ခ်စ္သလား။"
"ဟုတ္ကဲ့။"
"ဘယ္လိုခ်စ္တာလဲ။"
ကမာ သူ႕ကို ေမာ့ႀကည့္ကာ ေျပာလိုက္သည္။ ကမာ့မ်က္နွာက နီေနသည္။
"ခ်စ္သူလို။"
"တကယ္လား။ တကယ္ ကိုယ့္ကို ခ်စ္သူလို ခ်စ္နို္င္ျပၤိလား ကမာေလး။"
"ဟုတ္ကဲ့။"
ကမာ့ အေျဖကို ႀကားေသာ္ တင္တက္ရင္ စကားမဆိုနို္ုင္ေအာင္ျပဳစားလိုက္ျပန္သည္။ ဒီတခါေတာ့ ျငိမ္းခ်မ္းေရး ခ်စ္သံစဥ္မ်ား အခန္းထဲ ပ်ံ႕လြင့္လို႕ေနသည္။
တင္တက္ရင္သည္ ကမာ့ ပုခံုးသား၀င္း၀င္းေလးမ်ားကို ဖြဖြပြတ္ရင္းေျပာလုိက္သည္။
"ခ်ဴးခ်ဴးကို ကိုယ္ ျပည္နွင္ဒဏ္ခတ္လိုက္မယ္ ကမာ။"
ကမာ စိတ္မေကာင္းျဖစ္မိသည္။ တကယ္ေတာ့ ခ်ဴးခ်ဴးအရမ္းငယ္ေသးသည္.။ နယ္နွင္ဒဏ္ခတ္ တာက သူမကို ေသဒဏ္ခ်တာနွင့္ ဘာမွ မထူးျခားပါ။ ကမာ သူမေလးကို နန္းတြင္းထဲမွာ ေခၚထား ခ်င္သည္။ သို႕ေသာ္ ထိုသို႕ေတာင္းဆိုလွ်င္ အကိုႀကီး စိတ္ဆိုးမည္္ကို သိသည္။ မလိုက္ေလ်ာနိုင္မည္ကို သိသည္။ ထို႕ေႀကာင့္ ကမာ ဘာမွ ထပ္မေတာင္းဆိုပါ။
တင္တက္ရင္က ကမာ့မ်က္နွာေလး ညိွဳးသြားသည္ကို ႀကည့္ကာ သက္ျပင္းခ်လိုက္သည္။
"ကမာေလး။ ခ်ဴးခ်ဴးကို ဘယ္လုိလုပ္ခ်င္တာလဲ။"
ကမာမေျဖပါ။ တင္တက္ရင္က ကမာ့စိတ္ကို သိလိုက္သည္။သို႕ေသာ္ ခ်ဴးခ်ဴးကို အနားေခၚ ထား တာ ေနာင္တခ်ိန္တြင္ ကမာ့ကို ထိခိုက္မည္ကို စိုးရိမ္ရသည္။ရန္စမီးက တခါတည္း ရွင္းပစ္ တာအေကာငး္ဆံုးမဟုတ္လား။
"ကမာေလး။ ခ်ဴးခ်ဴးကို သြားေတြ႕ခ်င္လား။"
"ဟုတ္ကဲ့။ အကိုႀကီး ကြ်န္ေတာ္ ခ်ဴးခ်ဴးကို ညီမေလးလိုပဲ ခ်စ္တာပါ။"
"ကိုယ္ယံုပါတယ္။ သြားေတြ႕ပါ။"
ကမာ သူ႕မ်က္နွာထားေႀကာင့္ ဆက္မေတာင္းဆိုရဲေတာ့ပါ။ မေတာ္လို႕ သတ္ခုိင္းလွ်င္ ဘယ္္လိုလုပ္မလဲ။
ကမာ သူ႕အေဆာင္မွ ျပန္လာေတာ့ ေန႕လည္ပင္ေရာက္ေနျပီ။ မိိမိအေဆာင္တြင္ အ၀တ္အစားလဲ ေနစဥ္ ေဟဇယ္တို႕ အုပ္စု စာသင္ေနရာမွျပန္လာခဲ့သည္။ ေဟဇယ္သည္ ေနာင္ေတာ္ ကမာ့ကို ေတြ႕ သည္နွင့္ အေျပးေလးလာဖက္သည္။ ကမာလည္းဖက္ထားကာ ေမးလိုက္သည္။
"ေဟဇယ္ေလး။ စာလိုက္နိုင္လား။ ႀကိဳးစားေနာ္။"
"ဟုတ္ကဲ့။ ေနာင္ေတာ္ မနက္အေစာႀကီး ဘယ္ထြက္သြားတာလဲ။ ကြ်န္ေတာ္နုိးလာေတာ့ ေနာင္ေတာ့္ကို မေတြ႕ရေတာ့ဘူး။"
"အိ္မ္ေရွ႕မင္းသားဆီသြားေနတာပါ။ ကဲ ညီေတာ္ေလး ဆာေနေရာေပါ့။ ေန႕လည္စာစား ရေအာင္ေနာ္။ ေနာင္ေတာ္ ေစာင့္ေနတာ။ လာ အားလံုး အတူစားရေအာင္။"
နွင္းျမိဳ႕ေတာ္သား လူငယ္မ်ားက အျပိဳင္ျငင္းလိုက္သည္။
"သခင္ေလးနဲ႕ အတူ မစား၀ံ့ပါ ။"
ကမာ ဘယ္လိုေခၚေခၚ အတင္းျငင္းေနေသာေႀကာင့္ ကမာ လက္ေလ်ာ့လိုက္ရသည္။ ေဟဇယ္နွင့္ အတူစားရင္း ေဟဇယ္ေမးသမွ်ကိုေျဖေပးေနသည္။
"ေနာင္ေတာ္ အိမ္ေရွ႕မင္းက ေႀကာက္စ၇ာေကာင္းလားဟင္၊"
"အကိုေလးက သိပ္သေဘာေကာင္းတယ္ ညီေလးရဲ႕။ ဘာလို႕ေမးတာလဲ။"
"ညီေတာ္က အိမ္ေရွ႕မင္းသားရဲ႕ အပါးေတာ္ျမဲလုပ္ခ်င္လို႕ပါ။"
"ဘာစိတ္ကူးေပါက္လို႕လဲ ေဟဇယ္ေလးရဲ႕။"
"ေနာင္ေတာ္က မင္းႀကီးရဲ႕ အပါးေတာ္ျမဲဆိုေတာ့ ညီေတာ္လည္း အိမ္ေရွ႕မင္းရဲ႕ အပါးေတာ္ျမဲလုပ္ ခ်င္လို႕ပါ။"
ေဟဇယ္ေျပာသည္ကို ကမာ ဘယ္လိုမွ မေတြးတတ္ခဲ့ပါ။ တကယ္လည္း သူေလး အလုပ္လုပ္ခ်င္သည္ ဟု သာထင္ခဲ့သည္။ ေလာေလာဆည္ ကမာ့ ေခါင္းထဲတြင္ ရွိေနသည္က ခ်ဴးခ်ဴးျဖစ္သည္။
"ေနာင္ေတာ္ ဘယ္သြားမလို႕လဲ။ ညီေတာ္ လိုက္ခဲ့ခ်င္တယ္။ "
ေဟဇယ္ ေနာင္ေတာ္ကို ပူဆာလိုက္သည္။ သို႕ေသာ္ ကမာက ေခါင္းယမ္းကာ ေဟဇယ္ကို ထားရစ္ခဲ့သည္။
"ေဟဇယ္ လိုက္လို႕မရဘူးေနာ္။ ေနာင္ေတာ္ အေရးႀကီးလုပ္စရာရွိလို႕။ေနာက္ရက္မွ ကန္ထဲ ေလွစီးထြက္ရင္း ညီေတာ့ကို ေခၚသြားမယ္ေနာ္။."
ေဟဇယ္ သည္ ေနာင္ေတာ့္ စကားကို နားေထာင္ကာ အေဆာင္တြင္ က်န္ရစ္ခဲ့သည္။ ေနာင္ေတာ္ ယခုတေလာ တစံုတစ္ခု ျဖစ္ေနသည္ဟု သတိျပဳမိသည္။ မင္းႀကီးနွင့္ ျပႆနာ တက္ေနပံု ရသည္။
ကမာသည္ မင္းႀကီးခြင့္ျပဳခ်က္နွင့္ ေျမေအာက္အက်ဥး္ေထာင္သို႕ထြက္လာခဲ့သည္။ သံတံခါး အထပ္ထပ္ကို ျဖတ္သန္းျပီး ေလွကားထစ္မ်ားစြာကို ဆင္းလာျပီးေနာက္ ေအးစိမ့္ေသာ ေျမတိုက္ခန္း ထဲသို႕ေရာက္ခဲ့သည္။ ေျမေအာက္ထပ္ျဖစ္လို႕ ေအာက္သိုးသိုးအနံ႕မ်ားလိႈင္ေနသည္။
ကမာကို ေထာင္မႈးကိုယ္တိုင္ ရိုေသစြာလိုက္ပို႕ေပးသည္။အခန္းတစ္ခုသို႕ေရာက္ေသာ္ ေထာင္မႈးထြက္သြားသည္။
"ေဟဇယ္..."
ကမာ့အသံကို ႀကားေသာ္ ေဟဇယ္သည္ အေပါက္၀ကို ခ်ာခနဲလွည့္ႀကည့္လိုက္သည္။ သံတုိင္၏ အျခားတစ္ဖက္တြင္ အကိုေလး ရပ္ေနသည္ကို ေတြ႕ေသာ္ အိပ္မက္မ်ားလည္းဟု မ်က္လံုးကို အထပ္ထပ္ပြတ္ႀကည့္လို္က္မိသည္။
"ေဟဇယ္ေလး။ အကိုေလး ကမာပါ။ ေဟဇယ္ေလးကို အကိုေလး ရေအာင္ကယ္ေပးမယ္ေနာ္။"
ကမာ့ အသံကိုႀကားရေတာ့ ေဟဇယ္ ငိုရိႈက္ရင္း သံတိုင္နားတိုးကပ္လာခဲ့သည္။ သို႕ေသာ္ ေျခေထာက္မွ သံေျခက်င္းေႀကာင့္ ေဟဇယ္ ဟပ္ထိုးလဲက်သြားသည္။
"အကိုေလး...ဟီး...ဟီး...အကိုေလး။ ေဟဇယ့္ကို ကယ္ပါဦး။ ေဟဇယ္ ဒီမွာ မေနခ်င္ဘူး။ အထိန္းေတာ္ႀကီးကိုလည္း ကယ္ေပးပါဦး။"
ေဟဇယ့္အျဖစ္ကို ေတြ႕ေသာ္ ကမာ စိတ္တင္းမထားနို္င္ေတာ့ပဲ ေထာင္မႈးကို ေအာ္ေခၚလိုက္သည္။
"ေထာင္မႈးႀကီး ေထာင္မႈးႀကီး အခုခ်က္ခ်င္း သူ႕ကို သံေျခက်င္းခတ္တာ လႊတ္ေပးပါ။"
"မင္းသားေလး။ မင္းႀကီး အမိန္႕နဲ႕ပါ။ "
"အခု ခ်က္ခ်င္းလႊတ္ေပးပါ။ က်ဴပ္ မင္းႀကီးကို သြားေျပာမယ္။"
"ဟင့္အင္း အကိုေလး မသြားပါနဲ႕၊ ေဟဇယ့္ကို ထားမသြားပါနဲ႕။"
ေဟဇယ္က ကမာ ျပန္သြားမည္ဆိုေတာ့ အတင္းေတာင္းပန္ကာ တားသည္။ ကမာ ေပ်ာက္သြားမည္ကို သူမေႀကာက္ေနမိသည္။
ကမာသည္ ပိန္ခ်ံဴးေနေသာ သူမကို ႀကည့္ကာ မ်က္ရည္မ်ားပင္က်လာခဲ့သည္။ ဒါကို ႀကည့္ကာ စိတ္မေကာင္းျဖစ္ေနသူက တင္ေမာ္ရင္ျဖစ္သည္။ တင္ေမာ္ရင္က ေထာင္မႈးကို အခ်က္ေပးလိုက္ေတာ့ ေထာင္မႈူးကတံခါးဖြင့္ကာ ေျခက်ုင္းျဖဳတ္ေပးသည္။ ေျခက်င္းစားထားသည့္ အနာမွာ ယင္းလို႕ေနသည္။ ကမာသည္ ေဟဇယ္ကို ႀကင္နာစြာေပြ႕ဖက္ကာ ငိုရင္းေျပာသည္။.
"ေဟဇယ္ေလးရယ္။ ေတာင္းပန္ပါတယ္။ မင္းဒီလို အဖမ္းခံရတာ အကိုေလး မသိခဲ့ဘူး။ အကိုေလးလည္း မေန႕ကမွ နန္းေတာ္ကို ျပန္ေရာက္ခဲ့တာပါ။"
"အကိုေလး.အကိုေလး..."
ခ်ဴးခ်ဴးက ကမာ့ကို အတင္းဖက္ကာ ရင္ခြင္ထဲတိုးျပီး ငိုေနေသာေႀကာင့္ ကမာ စိတ္မေကာငး္ျဖစ္မိသည္။
"ကမာ. သူ႕ကို လႊတ္ေပးလိုက္ျပီ။ သူ႕ကုို နယ္နွင္ဒဏ္ခတ္ဖို႕ ေနာင္ေတာ္ အမိန္႕ခ်လိုက္ျပီ။ ေခၚခဲ့လိုက္ေတာ့။"
အကိုေလး၏ အသံေႀကာင့္ ကမာ လွည့္ႀကည့္ကာေတာင္းပန္သည္။
"အကိုေလး။ သူ႕မွာ ဒဏ္ရာေတြနဲ႕ ခ်က္ခ်င္းပို႕လို႕မျဖစ္ဘူး။ ေဆးကုေပးပါရေစ။"
တင္ေမာ္ရင္ ေခါင္းယမ္းလိုက္သည္။
"မရဘူး ကမာ။ ေနာင္ေတာ့္စိတ္ကို မင္းလည္း သိတာပဲ။ အခု သူ႕ကို အကိုလာေခၚတာ အဲ့အတြက္ေႀကာင့္ပဲ။ "
ကမာ စိတ္မေကာင္းစြာျဖင့္ အကိုေလးကို ေမာ့ႀကည့္ကာေမးလိုက္သည္။
"အကိုေလး အထိန္းေတာ္ႀကီးကိုလည္း လႊတ္ေပးလိုက္လား။"
ေမာ္ရင္ ေခါင္းျငိ္မ့္လိုက္သည္။ မိမိလည္း စိတ္မေကာင္းပါ။ တကယ္ေတာ့ ခ်ဴးခ်ဴးက မိမိသူငယ္ခ်င္း ေတးဟာခန္ရဲ႕ သမီးေလးျဖစ္သည္။ ျပီးေတာ့ ဖိန္းဖိန္းရဲ႕ တူမေလးျဖစ္သည္။ ေနာင္တာ္က ကမာ့အတြက္ စိုးရိမ္လို႕ နယ္နွင္ဒဏ္ ခတ္လိုက္ျခင္းျဖစ္သည္။ ေနာင္ေတာ္က ေက်ာက္မိန္နွင့္ ပတ္သတ္ျပီး ခ်ဴးခ်ဴးက ကမာ့ကို အျငိဳးနွင့္ ျပန္ကလဲ့စားေျခမည္ကို စိုးရိ္မ္ေနျခင္းျဖစ္သည္။
ကမာ ခ်ဴးခ်ဴးကို ေပြ႕ခ်ီကာ ေထာင္အျပင္ကို ထြက္လာခဲ့သည္။ ခ်ဴးခ်ဴးက ငိုရင္းလိုက္ပါလာခဲ့သည္။ ခ်စ္ေသာ အကိုေလး၏ ရင္ခြင္တြင္ ေနာက္ဆံုးအျဖစ္ခို၀င္ရျခင္းျဖစ္သည္ကို သိလိုက္ရေလျပီ။
"ဟင့္အင္း။ ေဟဇယ္ အကိုေလးကို မခြဲနို္င္ဘူး။ မခြဲပါရေစနဲ႕ေနာ္။"
"မရဘူး။ ေဟဇယ္ အကိုေလးကို ခ်စ္ရင္ အကိုေလး ရဲ႕ စကားကို နားေထာင္ရမယ္ေနာ္။ ေဟဇယ္ အသက္ဆက္ရွင္၇မယ္။ ဒါဆို တေန႕ အကိုေလး ေဟဇယ့္ကို လာရွာမယ္။"
"ဟင့္အင္း။ မသြားခ်င္ဘူုး။"
"မသြားလို႕ မရဘူး။ မင္းကို ဒီနနး္ေတာ္မွာ လံုး၀မထားနိုင္ဘူး။ မင္းေကာင္းေကာင္းမသြား၇င္ အကိုေလး မင္းကို မုန္းလိုက္မယ္ ေဟဇယ္။"
ခ်ဴးခ်ဴးသည္ ကမာ့ေလသံမာမာေႀကာင့္ တအိအိနွင့္ငိုေနေတာ့သည္။ကမာ ကိုယ္တိုင္ ငိုခ်င္ေသာ္ လည္း အတင္းေအာင့္ထားလိုက္သည္။ ခ်ဴးခ်ဳးသာ မိမိမ်က္ရည္ကို ေတြ႕လွ်င္ သြားမည္ မဟုတ္ေတာ့ ေပ။ ေအာင့္ထားရလို႕ ကမာ့ရင္ဘတ္တခုလံုးနာက်င္လို႕ေနသည္။
ကမာသည္ ခ်ဴးခ်ဴးနွင့္အထိန္းေတာ္ႀကီးကို ရထားလံုးထဲ ထည့္လိုက္ကာ ေသခ်ာမွာႀကားလိုက္သည္။
"အထိန္းေတာ္ႀကီး ေဟဇယ္ကို ေသခ်ာေစာင့္ေရွာက္ေပးပါ။ ေဟဇယ္ ေကာင္းေကာင္းအသက္ရွင္ပါ။ အကိုေလး ေဟဇယ့္ကိုလာရွာပါ့မယ္။"
ရထားလံုး ျမိဳ႕က ထြက္သြားသည္ကို ႀကည့္ရင္း ကမာ့ရင္ထဲ ေပါက္ကြဲလုမတတ္ငိုရိႈက္ေနမိသည္။
ကမာစိတ္ေအးျခင္းတစ္၀က္။စိတ္ပူျခင္းတစ္၀က္နွင့္ မိမိအေဆာင္ကိုျပန္လာခဲ့သည္။ အေဆာင္ေရာက္ေသာ္ ဘာမွ မလုပ္နုိင္ပဲ အိပ္ယာထက္တြင္လွဲေလ်ာင္းေနမိသည္။
~ ဆက္ရန္
===================
မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၅၂)
တင်တက်ရင်၏ အပြောကြောင့် ကမာ စိတ်တိုတိုနှင့် သူ့ရင်ဘတ်ကို ကုန်းကိုက်ကာ ပြောလိုက်သည်။
"ဒီလူကြီးကြောင့် ..."
"ဒီလူကြီးက ဘာလုပ်လို့လဲ ပြောပါဦး။"
ကမာ သူ့ကို မကျေမနပ်ကြည့်ကာ ပြောလိုက်သည်။
"ဘာမှ မလုပ်ဘူး။ သူ့အချစ်တော်ကို မခေါ်ပဲ လူကို အတင်းဖက်ထားလို့ စိတ်တိုနေတာ။ အကိုကြီး လွှတ်ပေးတော့။ ဟာစန်ကိုပဲ ခေါ်လိုက်။ ကျွန်တော် မလိုတော့ဘူး။ သွားပါရစေ။"
"ဘယ်က ဟာစန်လဲ။ "
အကိုကြီးဗြောင်ငြင်းနေသောကြောင့် ကမာ သက်ပြင်းရှိုက်ကာ
"ဘာမှ မဟုတ်တော့ဘူး။ကျွန်တော် နားကြားမှားတာနေမှာပါ။ ကျွန်တေ်ာ့ကို လွှတ်ပေးပါတော့။"
တင်တက်ရင်သည် စိတ်ဆိုးနေသော ချာတိတ်လေးကို ဖက်ကာပြောလိုက်သည်။
"ကမာ နားကြားမမှားပါဘူး။ ဟာစန်ဆိုတာ မော်ရင်ကိုယ့်ဆီကို လွှတ်လိုက်တဲ့ ပါရှားကောင်လေးပါ။ အတော့်ကိုချောတယ်။ ရွှေစင်တစ်ထောင်နဲ့ ဝယ်ခဲ့တာတဲ့။"
ကမာ အံကြိတ်လိုက်သည်။ မိမိမရှိသည့် ၃ လတာအတွင်း အကိုကြီးက ပါရှားလူငယ်လေးနှင့် ပျော်ပါးနေတာပေါ့။ မထင်ထားပါ။ အကိုကြီး ဒီလိုလူမျိုးးဆိုတာ မိမိအိပ်မက်ပင်မက်မထားပါ။ မိမိနှင့် အတူနေရာ သူက မိမိကိုချစ်လွန်းလို့ပါဆိုသည့် စကားကို မိမိယုံထားခဲ့မိသည်။
ကမာ့ ရင်ထဲ ဟာလာဟင်းလင်းဖြစ်သွားသည်။ ဘယ်လိုပြောရမှန်းမသိတော့ပေ။ နာကျင်တာလား။ ကြေကွဲတာလားလည်းမသိတော့ပေ။ သေချာတာကတော့ ကမာ စိတ်တခြားလူတခြားဖြစ်နေခြင်းပါ။
တင်တက်ရင်သည် ငြိမ်ကျသွားသောကမာ့ကို မျက်နှာခြင်းဆိုင်ဆွဲလှည့်ကာ မေးလေးကိုပင့်မော့ လိုက်စဉ် ကမာ၏ မှိုင်နေသောမျက်နှာလေးကို ကြည့်ကာပြောလိုက်သည်။
"ကမာလေး ကိုယ့်ကိုစိတ်ဆိုးနေလား။"
ကမာ မဖြေပါ။ သူက ကမာ့ နဖူးလေးကို အသာနမ်းကာ လည်တိုင်ကျော့ကို နမ်းရင်းပြောသည်။
"ချူးချူးနာမည် ကမာ့ပါးစပ်က ထွက်လာတဲ့အချိန်တုန်းက ကိုယ်ဒီထက် ၁၀ ခံစားရတယ် ကမာလေး။ ကိုယ်ချစ်တာမင်းတစ်ယောက်တည်းပါ။ "
ကမာ ဘာမှမပြောပဲ ငြိမ်နေသဖြင့် တင်တက်ရင် ကမာ့ကိုယ်လေးကို ပွေ့ချီကာ အခန်းထဲခေါ်လာပြီး သလွန်ထက်တွင်တင်ကာမေးလိုက်သည်။
"ကိုယ်ပြောတာ မယုံဘူးလား။ ယုံအောင်သက်သေပြရမလား။"
တင်တက်ရင်က ကမာ့အဝတ်များကို ဆွဲဖယ်ကာ အနမ်းမုန်တိုင်းဆင်ရင်းမေးလိုက်သည်။ ကမာ မျက်နှာကြက်ကို ငေးကြည့်ကာ ခံစားချက်ကင်းမဲ့ဟန်ဖြင့် ပြောလိုက်သည်။
"ယုံပါတယ်။ သက်သေပြစရာ မလိုပါဘူး။ "
ကမာ့ အသံများက ခြောက်ကပ်ကာ အသက်ကင်းမဲ့နေသည်။ တင်တက်ရင် တိုးတိုးရယ်လိုက်သည်။ ကမာ သူ့ကို ကြည့်မိစဉ်သူက ပြောသည်။
"ကမာလေး ကိုယ့်ကို သဝန်တိုတာလား"
သူ့အမေးကို ကမာ ဒေါသထွက်သွားသည်။ အကြည့်လွှဲကာ ပြောလိုက်သည်။
"သဝန်မတိုပါဘူး။ အကိုကြီးစိတ်ချမ်းသာမယ်ဆိုရင် အိပ်ချင်တဲ့သူနဲ့အိပ်ပါ။ ကျွန်တော် ဘာမှ မပြောပါဘူး။"
ကမာ ပြောလိုက်သည့် စကားများက သူ့ဒေါသကို ပေါက်ကွဲလာစေသည်။ ကမာ့ကို အကြီးအကျယ် စိတ်ဆိုးသွားတော့သည်။ ကမာ့ကို အကြမ်းပတမ်းချစ်တင်းနှောရင်းပြောသည်။
"တကယ်ပဲလား။ ကိုယ် ဘယ်သူနဲ့ အိပ်အိပ်ဟုတ်လား။ မင်း တကယ်ပဲ ကိုယ့်ကို ဘယ်သူနဲ့ ဖြစ်ဖြစ်ရတယ်တဲ့လား။"
ကမာသည် နာကျင်မှုကြောင့် သူ့လက်ဖျံကို ညစ်ကာ ပြောလိုက်သည်။
"ဟင့်အင်း။ အကိုကြီး နည်းနည်းလျှော့ပါဦး။ နာတယ်။"
သို့သော် ဒေါသအိုးပေါက်ကွဲနေသော အချစ်ဘုရင်ကြီးက ကမာ့စကားကို မနာယူတော့ပါ။ ထိုနေ့ ကမာ နာကျင်စွာဖြင့် မျက်ရည်ကျလာခဲ့သည်။ ခန္ဓာကိုယ်နာကျင်ခြင်းထက် စိတ်ထဲက နာကျင်တာ ဆိုးသည်။
"ကမာလေး။ ကိုယ့်အချစ်က မင်းကို မျက်ရည်ကျစေသလားဟင်။ ကိုယ်က မင်းအတွက် ဘီလူုးတစ်ကောင်လို ကြမ်းတမ်းခက်ထန်နေလား။"
ကမာ့ မျက်ရည်များကြောင့် သူ ဖြုန်းခနဲရပ်ကာ မေးလိုက်သည်။ ကမာ မျက်နှာကိုအုပ်ကာ ငိုပြီးပြောသည်။
"မဟုတ်ဘူ။ အကိုကြီး ဟာစန်ကို ခေါ်အိပ်တာက ကျွန်တော့်ကို မျက်ရည်ကျစေတာပါ။"
ကမာ့ စကားကို ကြားသော် တင်တက်ရင် ၏ ဒေါသအားလုံးပျောက်ကွယ်သွားသည်။ ကမာ့ လက်ကို ဖယ်ကာ ညင်ညင်သာသာနမ်းပြီး နားနားကပ်ကာ တိုးတိုးပြောလိုက်သည်။
"ကိုယ် အရမ်းဝမ်းသာတယ် သိလား ကမာလေး။ မင်း ကိုယ့်ကို အခြားတစ်ယောက်နဲ့ သဝန်တိုတယ် ဆိုတာ ကိုယ့်ကို ချစ်လို့ပဲပေါ့။ ကမာလေးရယ်။ အစကတည်းက ရှင်းအောင်ပြောပါလားကွယ်။ မင်းကို နာကျင်စေတာတောင်းပန်ပါတယ်။ မော်ရင်က ဟာစန်ကို လက်ဆောင်ပေးခဲ့ပေမယ့် ကိုယ့် အိပ်ယာပေါ် သူ့ကို မတင်ခဲ့ပါဘူး။ မင်းကလွဲပြီး ကိုယ်ဘယ်သူ့ကို မှ မချစ်ခဲ့ဘူး။ ကဲ ကျေနပ်ပြီလား။ကိုယ် အချစ်နတ်သားလေး။"
မုန်တိုင်းများ၏ အရှင်သခင်
အပိုင်း (၃၈)-ပထမပိုင်း
ကမာသည် အကိုကြီး၏နူတ်မှ ပြောလာသည့် စကားကိုကြားသော် သူ့ရင်ခွင်ထဲ ခေါင်းတိုးကာ ရှိုက်ငိုမိပြန်သည်။ ဒီတစ်ခါတော့ ပျော်လို့ကျသည့် မျက်ရည်ပါ။
တင်တက်ရင်သည် ကမာ့ကို ညင်သာစွာနမ်းကာ ပြုံးရင်းမေးသည်။
"ကမာလေး ကိုယ့်ကို ချစ်သလား။"
"ဟုတ်ကဲ့။"
"ဘယ်လိုချစ်တာလဲ။"
ကမာ သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။ ကမာ့မျက်နှာက နီနေသည်။
"ချစ်သူလို။"
"တကယ်လား။ တကယ် ကိုယ့်ကို ချစ်သူလို ချစ်နိုင်င်္ပြိလား ကမာလေး။"
"ဟုတ်ကဲ့။"
ကမာ့ အဖြေကို ကြားသော် တင်တက်ရင် စကားမဆိုနိုုင်အောင်ပြုစားလိုက်ပြန်သည်။ ဒီတခါတော့ ငြိမ်းချမ်းရေး ချစ်သံစဉ်များ အခန်းထဲ ပျံ့လွင့်လို့နေသည်။
တင်တက်ရင်သည် ကမာ့ ပုခုံးသားဝင်းဝင်းလေးများကို ဖွဖွပွတ်ရင်းပြောလိုက်သည်။
"ချူးချူးကို ကိုယ် ပြည်နှင်ဒဏ်ခတ်လိုက်မယ် ကမာ။"
ကမာ စိတ်မကောင်းဖြစ်မိသည်။ တကယ်တော့ ချူးချူးအရမ်းငယ်သေးသည်.။ နယ်နှင်ဒဏ်ခတ် တာက သူမကို သေဒဏ်ချတာနှင့် ဘာမှ မထူးခြားပါ။ ကမာ သူမလေးကို နန်းတွင်းထဲမှာ ခေါ်ထား ချင်သည်။ သို့သော် ထိုသို့တောင်းဆိုလျှင် အကိုကြီး စိတ်ဆိုးမည်ကို သိသည်။ မလိုက်လျောနိုင်မည်ကို သိသည်။ ထို့ကြောင့် ကမာ ဘာမှ ထပ်မတောင်းဆိုပါ။
တင်တက်ရင်က ကမာ့မျက်နှာလေး ညှိုးသွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ကမာလေး။ ချူးချူးကို ဘယ်လိုလုပ်ချင်တာလဲ။"
ကမာမဖြေပါ။ တင်တက်ရင်က ကမာ့စိတ်ကို သိလိုက်သည်။သို့သော် ချူးချူးကို အနားခေါ် ထား တာ နောင်တချိန်တွင် ကမာ့ကို ထိခိုက်မည်ကို စိုးရိမ်ရသည်။ရန်စမီးက တခါတည်း ရှင်းပစ် တာအကောင်းဆုံးမဟုတ်လား။
"ကမာလေး။ ချူးချူးကို သွားတွေ့ချင်လား။"
"ဟုတ်ကဲ့။ အကိုကြီး ကျွန်တော် ချူးချူးကို ညီမလေးလိုပဲ ချစ်တာပါ။"
"ကိုယ်ယုံပါတယ်။ သွားတွေ့ပါ။"
ကမာ သူ့မျက်နှာထားကြောင့် ဆက်မတောင်းဆိုရဲတော့ပါ။ မတော်လို့ သတ်ခိုင်းလျှင် ဘယ်လိုလုပ်မလဲ။
ကမာ သူ့အဆောင်မှ ပြန်လာတော့ နေ့လည်ပင်ရောက်နေပြီ။ မိမိအဆောင်တွင် အဝတ်အစားလဲ နေစဉ် ဟေဇယ်တို့ အုပ်စု စာသင်နေရာမှပြန်လာခဲ့သည်။ ဟေဇယ်သည် နောင်တော် ကမာ့ကို တွေ့ သည်နှင့် အပြေးလေးလာဖက်သည်။ ကမာလည်းဖက်ထားကာ မေးလိုက်သည်။
"ဟေဇယ်လေး။ စာလိုက်နိုင်လား။ ကြိုးစားနော်။"
"ဟုတ်ကဲ့။ နောင်တော် မနက်အစောကြီး ဘယ်ထွက်သွားတာလဲ။ ကျွန်တော်နိုးလာတော့ နောင်တော့်ကို မတွေ့ရတော့ဘူး။"
"အိမ်ရှေ့မင်းသားဆီသွားနေတာပါ။ ကဲ ညီတော်လေး ဆာနေရောပေါ့။ နေ့လည်စာစား ရအောင်နော်။ နောင်တော် စောင့်နေတာ။ လာ အားလုံး အတူစားရအောင်။"
နှင်းမြို့တော်သား လူငယ်များက အပြိုင်ငြင်းလိုက်သည်။
"သခင်လေးနဲ့ အတူ မစားဝံ့ပါ ။"
ကမာ ဘယ်လိုခေါ်ခေါ် အတင်းငြင်းနေသောကြောင့် ကမာ လက်လျော့လိုက်ရသည်။ ဟေဇယ်နှင့် အတူစားရင်း ဟေဇယ်မေးသမျှကိုဖြေပေးနေသည်။
"နောင်တော် အိမ်ရှေ့မင်းက ကြောက်စရာကောင်းလားဟင်၊"
"အကိုလေးက သိပ်သဘောကောင်းတယ် ညီလေးရဲ့။ ဘာလို့မေးတာလဲ။"
"ညီတော်က အိမ်ရှေ့မင်းသားရဲ့ အပါးတော်မြဲလုပ်ချင်လို့ပါ။"
"ဘာစိတ်ကူးပေါက်လို့လဲ ဟေဇယ်လေးရဲ့။"
"နောင်တော်က မင်းကြီးရဲ့ အပါးတော်မြဲဆိုတော့ ညီတော်လည်း အိမ်ရှေ့မင်းရဲ့ အပါးတော်မြဲလုပ် ချင်လို့ပါ။"
ဟေဇယ်ပြောသည်ကို ကမာ ဘယ်လိုမှ မတွေးတတ်ခဲ့ပါ။ တကယ်လည်း သူလေး အလုပ်လုပ်ချင်သည် ဟု သာထင်ခဲ့သည်။ လောလောဆည် ကမာ့ ခေါင်းထဲတွင် ရှိနေသည်က ချူးချူးဖြစ်သည်။
"နောင်တော် ဘယ်သွားမလို့လဲ။ ညီတော် လိုက်ခဲ့ချင်တယ်။ "
ဟေဇယ် နောင်တော်ကို ပူဆာလိုက်သည်။ သို့သော် ကမာက ခေါင်းယမ်းကာ ဟေဇယ်ကို ထားရစ်ခဲ့သည်။
"ဟေဇယ် လိုက်လို့မရဘူးနော်။ နောင်တော် အရေးကြီးလုပ်စရာရှိလို့။နောက်ရက်မှ ကန်ထဲ လှေစီးထွက်ရင်း ညီတော့ကို ခေါ်သွားမယ်နော်။."
ဟေဇယ် သည် နောင်တော့် စကားကို နားထောင်ကာ အဆောင်တွင် ကျန်ရစ်ခဲ့သည်။ နောင်တော် ယခုတလော တစုံတစ်ခု ဖြစ်နေသည်ဟု သတိပြုမိသည်။ မင်းကြီးနှင့် ပြဿနာ တက်နေပုံ ရသည်။
ကမာသည် မင်းကြီးခွင့်ပြုချက်နှင့် မြေအောက်အကျဥ်းထောင်သို့ထွက်လာခဲ့သည်။ သံတံခါး အထပ်ထပ်ကို ဖြတ်သန်းပြီး လှေကားထစ်များစွာကို ဆင်းလာပြီးနောက် အေးစိမ့်သော မြေတိုက်ခန်း ထဲသို့ရောက်ခဲ့သည်။ မြေအောက်ထပ်ဖြစ်လို့ အောက်သိုးသိုးအနံ့များလှိုင်နေသည်။
ကမာကို ထောင်မှုးကိုယ်တိုင် ရိုသေစွာလိုက်ပို့ပေးသည်။အခန်းတစ်ခုသို့ရောက်သော် ထောင်မှုးထွက်သွားသည်။
"ဟေဇယ်..."
ကမာ့အသံကို ကြားသော် ဟေဇယ်သည် အပေါက်ဝကို ချာခနဲလှည့်ကြည့်လိုက်သည်။ သံတိုင်၏ အခြားတစ်ဖက်တွင် အကိုလေး ရပ်နေသည်ကို တွေ့သော် အိပ်မက်များလည်းဟု မျက်လုံးကို အထပ်ထပ်ပွတ်ကြည့်လိုက်မိသည်။
"ဟေဇယ်လေး။ အကိုလေး ကမာပါ။ ဟေဇယ်လေးကို အကိုလေး ရအောင်ကယ်ပေးမယ်နော်။"
ကမာ့ အသံကိုကြားရတော့ ဟေဇယ် ငိုရှိုက်ရင်း သံတိုင်နားတိုးကပ်လာခဲ့သည်။ သို့သော် ခြေထောက်မှ သံခြေကျင်းကြောင့် ဟေဇယ် ဟပ်ထိုးလဲကျသွားသည်။
"အကိုလေး...ဟီး...ဟီး...အကိုလေး။ ဟေဇယ့်ကို ကယ်ပါဦး။ ဟေဇယ် ဒီမှာ မနေချင်ဘူး။ အထိန်းတော်ကြီးကိုလည်း ကယ်ပေးပါဦး။"
ဟေဇယ့်အဖြစ်ကို တွေ့သော် ကမာ စိတ်တင်းမထားနိုင်တော့ပဲ ထောင်မှုးကို အော်ခေါ်လိုက်သည်။
"ထောင်မှုးကြီး ထောင်မှုးကြီး အခုချက်ချင်း သူ့ကို သံခြေကျင်းခတ်တာ လွှတ်ပေးပါ။"
"မင်းသားလေး။ မင်းကြီး အမိန့်နဲ့ပါ။ "
"အခု ချက်ချင်းလွှတ်ပေးပါ။ ကျူပ် မင်းကြီးကို သွားပြောမယ်။"
"ဟင့်အင်း အကိုလေး မသွားပါနဲ့၊ ဟေဇယ့်ကို ထားမသွားပါနဲ့။"
ဟေဇယ်က ကမာ ပြန်သွားမည်ဆိုတော့ အတင်းတောင်းပန်ကာ တားသည်။ ကမာ ပျောက်သွားမည်ကို သူမကြောက်နေမိသည်။
ကမာသည် ပိန်ချူံးနေသော သူမကို ကြည့်ကာ မျက်ရည်များပင်ကျလာခဲ့သည်။ ဒါကို ကြည့်ကာ စိတ်မကောင်းဖြစ်နေသူက တင်မော်ရင်ဖြစ်သည်။ တင်မော်ရင်က ထောင်မှုးကို အချက်ပေးလိုက်တော့ ထောင်မှုူးကတံခါးဖွင့်ကာ ခြေကျုင်းဖြုတ်ပေးသည်။ ခြေကျင်းစားထားသည့် အနာမှာ ယင်းလို့နေသည်။ ကမာသည် ဟေဇယ်ကို ကြင်နာစွာပွေ့ဖက်ကာ ငိုရင်းပြောသည်။.
"ဟေဇယ်လေးရယ်။ တောင်းပန်ပါတယ်။ မင်းဒီလို အဖမ်းခံရတာ အကိုလေး မသိခဲ့ဘူး။ အကိုလေးလည်း မနေ့ကမှ နန်းတော်ကို ပြန်ရောက်ခဲ့တာပါ။"
"အကိုလေး.အကိုလေး..."
ချူးချူးက ကမာ့ကို အတင်းဖက်ကာ ရင်ခွင်ထဲတိုးပြီး ငိုနေသောကြောင့် ကမာ စိတ်မကောင်းဖြစ်မိသည်။
"ကမာ. သူ့ကို လွှတ်ပေးလိုက်ပြီ။ သူ့ကို နယ်နှင်ဒဏ်ခတ်ဖို့ နောင်တော် အမိန့်ချလိုက်ပြီ။ ခေါ်ခဲ့လိုက်တော့။"
အကိုလေး၏ အသံကြောင့် ကမာ လှည့်ကြည့်ကာတောင်းပန်သည်။
"အကိုလေး။ သူ့မှာ ဒဏ်ရာတွေနဲ့ ချက်ချင်းပို့လို့မဖြစ်ဘူး။ ဆေးကုပေးပါရစေ။"
တင်မော်ရင် ခေါင်းယမ်းလိုက်သည်။
"မရဘူး ကမာ။ နောင်တော့်စိတ်ကို မင်းလည်း သိတာပဲ။ အခု သူ့ကို အကိုလာခေါ်တာ အဲ့အတွက်ကြောင့်ပဲ။ "
ကမာ စိတ်မကောင်းစွာဖြင့် အကိုလေးကို မော့ကြည့်ကာမေးလိုက်သည်။
"အကိုလေး အထိန်းတော်ကြီးကိုလည်း လွှတ်ပေးလိုက်လား။"
မော်ရင် ခေါင်းငြိမ့်လိုက်သည်။ မိမိလည်း စိတ်မကောင်းပါ။ တကယ်တော့ ချူးချူးက မိမိသူငယ်ချင်း တေးဟာခန်ရဲ့ သမီးလေးဖြစ်သည်။ ပြီးတော့ ဖိန်းဖိန်းရဲ့ တူမလေးဖြစ်သည်။ နောင်တာ်က ကမာ့အတွက် စိုးရိမ်လို့ နယ်နှင်ဒဏ် ခတ်လိုက်ခြင်းဖြစ်သည်။ နောင်တော်က ကျောက်မိန်နှင့် ပတ်သတ်ပြီး ချူးချူးက ကမာ့ကို အငြိုးနှင့် ပြန်ကလဲ့စားခြေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
ကမာ ချူးချူးကို ပွေ့ချီကာ ထောင်အပြင်ကို ထွက်လာခဲ့သည်။ ချူးချူးက ငိုရင်းလိုက်ပါလာခဲ့သည်။ ချစ်သော အကိုလေး၏ ရင်ခွင်တွင် နောက်ဆုံးအဖြစ်ခိုဝင်ရခြင်းဖြစ်သည်ကို သိလိုက်ရလေပြီ။
"ဟင့်အင်း။ ဟေဇယ် အကိုလေးကို မခွဲနိုင်ဘူး။ မခွဲပါရစေနဲ့နော်။"
"မရဘူး။ ဟေဇယ် အကိုလေးကို ချစ်ရင် အကိုလေး ရဲ့ စကားကို နားထောင်ရမယ်နော်။ ဟေဇယ် အသက်ဆက်ရှင်၇မယ်။ ဒါဆို တနေ့ အကိုလေး ဟေဇယ့်ကို လာရှာမယ်။"
"ဟင့်အင်း။ မသွားချင်ဘူုး။"
"မသွားလို့ မရဘူး။ မင်းကို ဒီနန်းတော်မှာ လုံးဝမထားနိုင်ဘူး။ မင်းကောင်းကောင်းမသွားရင် အကိုလေး မင်းကို မုန်းလိုက်မယ် ဟေဇယ်။"
ချူးချူးသည် ကမာ့လေသံမာမာကြောင့် တအိအိနှင့်ငိုနေတော့သည်။ကမာ ကိုယ်တိုင် ငိုချင်သော် လည်း အတင်းအောင့်ထားလိုက်သည်။ ချူးချုးသာ မိမိမျက်ရည်ကို တွေ့လျှင် သွားမည် မဟုတ်တော့ ပေ။ အောင့်ထားရလို့ ကမာ့ရင်ဘတ်တခုလုံးနာကျင်လို့နေသည်။
ကမာသည် ချူးချူးနှင့်အထိန်းတော်ကြီးကို ရထားလုံးထဲ ထည့်လိုက်ကာ သေချာမှာကြားလိုက်သည်။
"အထိန်းတော်ကြီး ဟေဇယ်ကို သေချာစောင့်ရှောက်ပေးပါ။ ဟေဇယ် ကောင်းကောင်းအသက်ရှင်ပါ။ အကိုလေး ဟေဇယ့်ကိုလာရှာပါ့မယ်။"
ရထားလုံး မြို့က ထွက်သွားသည်ကို ကြည့်ရင်း ကမာ့ရင်ထဲ ပေါက်ကွဲလုမတတ်ငိုရှိုက်နေမိသည်။
ကမာစိတ်အေးခြင်းတစ်ဝက်။စိတ်ပူခြင်းတစ်ဝက်နှင့် မိမိအဆောင်ကိုပြန်လာခဲ့သည်။ အဆောင်ရောက်သော် ဘာမှ မလုပ်နိုင်ပဲ အိပ်ယာထက်တွင်လှဲလျောင်းနေမိသည်။
~ ဆက်ရန်