မုန္တိုင္းမ်ား၏အရွင္သခင္ Seas...

By MayKingMK119

341K 21K 199

Zawgyi+Unicode Font ၂ မ်ိဳးလံုးနဲ႕ တင္ထားပါတယ္။ တာတာအရိုင္းစိုင္းမ်ားေႀကာင့္ ပ်က္သုဥ္းခဲ့ရတဲ့ နွင္းျမိဳ႕ေတာ္... More

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၂)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၃)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၆)ဇာတ္သိမ္းပုိင္း(Z+U)
မုန္တိုင္းမ်ား၏ အရွင္သခင္ - Season II

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၅)

4.6K 300 3
By MayKingMK119

မုန္တိုင္းမ်ား၏အရွင္သခင္
အပိုင္း (၃၅)

ေႀကာက္ရင္လာဘ္လြဲ ရဲလွ်င္ မငး္ျဖစ္လိမ့္မည္။ တင္တက္ရင္သည္ အမတ္ခ်ဳပ္ႀကိီးစံအိမ္သို႕ ဦးတည္
သြားလိုက္သည္။

ကမာသည္ အကိုႀကိီး ဂိုယိုျပည္သို႕သံတမန္အျဖစ္ေစလႊတ္ခံရသျဖင့္ အနည္းငယ္ေတာ့ လြမ္းဆြတ္မိသည္။ အကိုႀကီးရွိေတာ့လည္း ကဲလြန္းလို႕လန္႕သည္။ မရွိေတာ့လည္း သူ႕ကို သတိရသည္။ ေႀသာ္ မိမိလည္း ဘာလိုလိုနွင့္ အကိုႀကီးကို တမ္းတ တတ္လာေလျပီ။

ကမာကိုေတြ႕ခ်င္စိတ္ကို တင္တက္ရင္ အတင္းခ်ိဳးနွိမ္ကာ ဂိုယိုျပည္နွင့္မြန္ဂိုျပည္ ခ်စ္ႀကည္ေရးကို ေကာင္းစြာ တည္ေဆာက္နို္င္ခဲ့သည္။ အနည္းငယ္ ေစာင္းႀကြခ်င္ေသာ ဂိုယိုျပည့္ရွင္ကို နည္းနည္း ခ်ိဳးေပးျပီးေနာက္ လက္ေဆာင္မ်ားျဖင့္ျပည္ေတာ္ျပန္လာခဲ့သည္။

နန္းေတာ္တြင္းတြင္ တိတ္တဆိတ္ အင္အားစုစည္းကာ ပုန္ကန္ရန္ႀကံေနေသာ အင္အားစုကို တင္တက္ရင္ ေဖာ္ထုတ္ျပိီးေနာက္ လွ်ိဳ႕၀ွက္တပ္ဖြဲ႕ကို တင္တက္ရင္လက္သို႕ မင္းႀကီးအပ္လိုက္ ေတာ့သည္။

ကမာ အတြက္ေတာ့ အကိုႀကီးမ်ားကို မင္းႀကီးေျမွာက္စားေလ မင္းႀကီးကို ပိုျပီး ႀကင္နာစြာ ျပဳစု ေစာင့္ေရွာက္ေလျဖစ္သည္။ နန္းတြင္းထဲတြင္ ကမာတို႕ ညီအစ္ကို တေတြ ၿသဇာအာဏာ ႀကီးထြား လာေတာ့ ေက်ာက္မိန္ စိုးရိမ္လာသည္။ မိမိအေဆာင္ကို မင္းၿကီးမႀကြသည္မွာ ခရီးထြက္ျပီး ကတည္းက ျဖစ္သည္။

ေက်ာက္မိန္သည္ ေနာက္ဆံုး လက္နက္ကို ထုတ္သံုးရေတာ့သည္။

ကမာသည္ ခုတေလာ အားနည္းကာ အစားစားတိုင္း အန္အန္ေနသည္။ ပထမေတာ့ အစာမေႀကဘူး လ္ို႕သာထင္သည္။ သို႕ေသာ္ တျဖည္းျဖည္း ေဖ်ာ့ေတာ့လာေသာအခါ တင္ေမာ္ရင္ မသကၤာေတာ့ေပ။ ကမာကို တစံုတဥိီး လုပ္ႀကံျပီဟု ေတြးမိကာ မင္းႀကီးကို တင္ေလွ်ာက္လိုက္သည္။ ကမာစားသည့္ အစားအစာမ်ား၊ လိမ္းျခယ္သည့္ အေမႊးနံ႕သာမ်ားကို စစ္ေဆးသည္။ သို႕ေသာ္ ဘာမွ မေတြ႕သျဖင့္ ေတြးရႀကပ္ေနသည္။

ကမာသည္ တျဖည္းျဖည္း ေရာဂါဆိုး၀ါးလာခဲ့သည္။ မင္းႀကီးကလည္း ေဒါသထြက္ကာ ေပ်ာက္ ေအာင္ မကုနိုင္လွ်င္ သမားေတာ္ကို ေသဒဏ္ခ်မည္ေျပာသျဖင့္ သမားေတာ္ႀကီးက စစ္သူႀကီး တင္တက္ရင္ထံသို႕ ေျပးကာ အကူအညီေတာင္းရေတာ့္သည္။

တင္တက္ရင္သည္ ကမာ့အေဆာင္ကို မင္းႀကီးအမိန္႕ျဖင့္ ေသခ်ာလာေရာက္စစ္ေဆးႀကည့္သည္။
ကမာ့ အေဆာင္ထဲ၀င္လိုက္သည္နွင့္ ပန္းျဖူျဖဴမ်ားပြင့္ေနသည့္ ပန္းအိုးကို အေဆာင္ထဲတြင္ ေတြ႕လိုက္ရသည္။ ထိုပန္းက သင္းသင္းေလး ေမႊးသျဖင့္ ကမာ့ အေဆာင္ထဲတြင္ ေမႊးေနသည္။ ဘာမွ မသကၤာစရာမရွိသျဖင့္ တင္တက္ရင္ မ်က္ေမွာင္ႀကုတ္မိသည္။ ထို႕ေနာက္ ကမာ၏ ေရခ်ိဳးအေဆာင္ထဲကို သြားစစ္ႀကည့္သည္။

ေရစည္ႀကီးထဲတြင္ ခရမး္ေရာင္ ပန္းတစ္မ်ိဳး၏ ပြင့္ဖတ္မ်ားကို ထည့္ထားသျဖင့္ ေရက ေမႊးပ်ံ႕ေနသည္။တင္တက္ရင္သည္ ပနး္ပြင့္ဖတ္ကို ဆယ္ကာ နမ္းႀကည့္ျပီး မ်က္ေမွာင္ႀကဳတ္သြား သည္။
"သမားေတာ္ႀကီးကို သြားေခၚစမ္း။"

တင္တက္ရင္၏ အမိန္႕ျဖင့္ သမားေတာ္ေရာက္လာေသာအခါ ပန္းပြင့္ဖတ္မ်ားကို ျပကာ

"ဒါ ဘာပန္းလဲ။ သူက ဘယ္လိုအာနိသင္ရွိသလဲ သမားေတာ္ႀကိး"

သမားေတာ္က ပန္းကို ေသခ်ာနမး္ႀကည့္ကာ
"ဒါက သာမန္ ပန္းပါ စစ္သူႀကီး။ သူ႕ေမႊးရနံ႕က လူကိုလန္းေစပါတယ္။ တခိ်ဳ႕က ပန္းေျခာက္ကို လက္ဖက္ေျခာက္နဲ႕ ေရာျပီးထည့္ေသာက္တတ္ပါတယ္။"

တင္တက္ရင္သည္ ပန္းပြင့္ဖတ္ကို ယူကာ အေဆာင္ထဲကို ျပန္လာခဲ့သည္။ အေဆာင္ထဲသို႕ ၀င္လိုက္သည္နွင့္ ပန္းျဖဴျဖဴပြင့္ေသာ အပင္ကို လက္ညွိဳးထိုးကာေမးလိုက္သည္။

"ဒီပန္းပြင့္က ဘယ္လိုအာနိသင္ရွိသလဲ။"

သမားေတာ္ ပန္းအိုးကို ႀကည့္ကာ မ်က္နွာပ်က္သြားသည္။ သို႕ေသာ္

"ဒီပန္းအိုးက အဆိပ္မရွိပါဘူး စစ္သူႀကီး။"

တင္တက္ရင္က သမားေတာ္ကို စိုက္ႀကည့္ကာ ေသခ်ာေအာင္ထပ္ေမးလိုက္သည္။

"ဒီပန္းအိုးကို မင္းထားခိုင္းတာလို႕ႀကားတယ္။ ဘာေၿကာင့္ ထားခိုင္းတာလဲ။ ဘယ္သူ႕ အမိန္႕နဲ႕လဲ။"
သမားေတာ္ မ်က္နွာပ်က္သြားေသာ္လည္း ေခါင္းမာစြာေျဖသည္။

"ဘယ္သူအမိန္႕မွ မဟုတ္ပါဘူး။ နွင္းမိဖုရား အတြက္ စိတ္ရြင္လန္းေအာင္ ထားခိုင္းတာပါ။"

တင္တက္ရင္သည္ အခ်က္ျပလိုက္သည္နွင့္ သမားေတာ္ တစ္ဦးထြက္လာျပီး အရိုအေသေပးသည္။

"ဒီပန္းနွစ္မ်ိဳးကို ေန႕တိုင္းရႈမိရင္ ဘယ္လို ျဖစ္နိုင္သလဲ သမားေတာ္က်ိုဳး။"

"မွန္လွပါ။ ပန္းတစ္မ်ိဳးျခင္းစီက အဆိပ္မရွိေပမယ့္ နွစ္မ်ိဳးေရာလိုက္ရင္ အင္မတန္ျပင္းထန္တဲ့ အဆိ္ပ္ ျဖစ္သြားပါတယ္။ ခရမး္ေရာင္ပန္းရဲ ႕အရည္နဲ႕ အျဖဴေရာင္ပန္းရဲ႕ ရနံ႕ က အဆိပ္ျဖစ္ေစပါတယ္။"

"မင္း ဘယ္သူလဲ။ ဘာေႀကာင့္ စစ္သူႀကီးကို မဟုတ္လာ ေလွ်ာက္တင္ရတာလဲ။"
သမားေတာ္ႀကီးက ေသြးရူးေသြးတန္းျဖင့္ေျပာလိုက္သည္။တင္တက္ရင္က သမားေတာ္ႀကိးကို ေစ့ေစ့ႀကည့္ကာ ေမးလိုက္သည္။

"မင္း အမွန္အတိုင္းေျဖရင္ မင္းကို ေအးေအးသက္သာ ေသခြင့္ျပဳမယ္။ မဟုတ္ရင ္မင္းမိသားစု အားလံုးကို ေခါင္းျဖတ္သတ္မယ္။"

နန္းတြင္းသမားေတာ္ႀကိးက ေရငံုနူတ္ပိတ္ေနသျဖင့္ တင္တက္ရင္က သမားေတာ္ႀကိးကို ေျမေအာက္ အက်ဥ္းေထာင္သို႕ ပို႕ေဆာင္ေစသည္။

"သမားေတာ္ က်ိဳး ။ နွင္းမိဖုရားကို ကုလို႕ရရဲ႕လား။"

သမားေတာ္က်ိဳးက ကမာ့လက္ကိုစမ္းသပ္ျပီး ေျပာလိုက္သည္။

"ရပါတယ္ စစ္သူႀကီး။ အခ်ိန္မွီပါေသးတယ္။ ေနာက္ တစ္လတိတိ အဆိပ္သင့္ေနရင္ေတာ့ ကယ္လို႕ မရေတာ့ပါဘူး။"

တင္တက္ရင္သက္ျပင္းခ်လိုက္မိသည္။ ဒါ မည္သူု႕စနစ္ဆိုတာကို မိမိသိျပီးျဖစ္သည္။ သို႕ေသာ္ မင္းႀကီးသိေအာင္ေဖာ္ထုတ္႕ရမည္။

"ဘာ...."

ေတးဟာခန္သည္ တင္တက္ရင္၏ တင္ေလွ်ာက္စကားေႀကာင့္ ေဒါသအႀကီးအက်ယ္ထြက္သြား သည္။ တင္တက္ရင္ကို ေစ့ေစ့ႀကည့္ကာ
"မင္း ေျပာတဲ့စကားက ဘယ္ေလာက္ အျပစ္ႀကီးတယ္ဆိုတာ သိရဲ႕လား။"

"မင္းႀကိးသတ္လည္း ေသရမွာပါ။ဒါေပမယ့္ ကြ်န္ေတ္ာမ်ိဳးရဲ႕ ညီငယ္ ကမာကို နန္းေတာ္ထဲကေန ထြက္ခြာခြင့္ေပးေတာ္မူပါ မင္းႀကိီး။ အခု ကမာ့အသက္ကိုစနစ္တက် လုပ္ႀကံခံေနရတာကို ကြ်န္ေတာ္မ်ိဳး ႀကည့္မေနနိင္လို႕ပါ။"

ေတးဟာခန္ မာန္ဖီလိုက္သည္။ တင္တက္ရင္၏ စကားမ်ားက မိမိကို ေစာ္ကားလြန္းေနျပီ။

"စစ္သူႀကီး ကမာကို ကိုယ္ေတာ္က ျမတ္နိုးလြန္းလို႕ မိဖုရားေျမွာက္ထားတာကို ကိုယ္ေတာ္ ကမာကို နန္းေတာ္ထဲကေန ထြက္ခြင့္မျပဳနိုင္ဘူး။"

"ဒါဆို ကြ်န္ေတာ္မ်ိဳး ညီေလး ကမာကို အဆိပ္ခတ္တဲ့သူကို မင္းႀကီးထိေရာက္စြာ အေရးယူေပးေတာ္မူပါ။"

"မင္းတရားခံေတြ႕ျပီလား။"

"ေတြ႕ပါျပီး အရွင္မင္းႀကီး။ဒါေပမယ့္ ကြ်န္ေတာ္မိ်ဳးကိုင္တြယ္နိုင္တဲ့ အတိုင္းအတာအထက္ကို ေရာက္ေနလို႕ပါ။ မင္းႀကီး ကမာကို ကာကြယ္ေပးေတာ္မူပါ"

"တရားခံ ဘယ္သူလဲ စစ္သူႀကီး။"

"မိထားပါျပီ မင္းႀကိီး။ ဒါေပမယ့္ ေနာက္ကြယ္က ႀကိဳးကိုင္သူကို ကြ်န္ေတာ္မ်ိဳးမေဖာ္ထုတ္၀ံ့ပါဘူး။"

ေတးဟာခန္ ရႈးရႈးရွားရွားျဖစ္သြားသည္။ တင္တက္ရင္ ဆုိလို္သည္ကို မိမိနားလည္သလိုရွိလာသည္။

"ဘယ္သူလုပ္တာလဲ။ တရားခံကိုေခၚခဲ့စမ္း။"

မင္းႀကီးေရွ႕ နန္းတြင္း သမားေတာ္ႀကီးေရာက္လာခဲ့့သည္။ မင္းႀကိးသည္ သမားေတာ္ကို မယံုနိင္စြာ ႀကည့္ကာ ေမးလိုက္သည္။

"ေမာင္မင္း နွင္းမိဖုရားကို ဘာေႀကာင့္ လုပ္ႀကံရတာလဲ ေျပာပါ။"

သမားေတာ္က မင္းႀကီး၏ ေျခရင္းတြင္ ၀ပ္ဆင္းကာ ေတာင္းဆိုခဲ့သည္။

"မင္းႀကီး ကြ်န္ေတာ္မ်ိဳးရဲ႕သားေလးကို ကယ္တင္ေပးေတာ္မူပါ။ သားေလးကိ ုသူတို႕ တန္ဆာခံဖမ္းထားျပီး ကြ်န္ေတ္ာမ်ိဳးကို ခိုင္းထားတာပါ။"

ေတးဟာခန္က သမားေတာ္နွင့္စကားေျပာျပီးေနာက္ ေနာက္ကြယ္က ေစခိုင္းသူကို သိသြားေလျပီ။
ေတးဟာခန္သည ္တင္တက္ရင္ကို အမိန္႕ေပးကာ ေက်ာက္မိန္၏ အေဆာင္တြင္ ရွာေဖြ ခြင့္ျပဳ လိုက္သည္။

တင္တက္ရင္ျပန္ေရာက္လာေသာအခါ သမားေတာ္၏ သားေလးနွင့္တကြ ေက်ာက္မိန္၏ လက္ေရြးစင္ လက္မရြ႕ံ၏ ေခါင္းျပတ္ပါလာခဲ့သည္။

"သက္ေသေတြ အားလံုးပါလာျပီလား စစ္သူႀကီး။"

"ပါလာပါျပီး မင္းႀကီး။"

ေတးဟာခန္သည္ တင္တက္ရင္ကို အမိန္႕ေပးလိုက္သည္။

"ဒါေတြ အားလံုးကို လႊတ္ေတာ္ပို႕လိုက္ပါ။ မင္းက တရားလိုလုပ္ျပိီး တိုင္ႀကားလိုက္ပါ။ အားလံုးကို လႊတ္ေတာ္က ဆံုးျဖတ္ပါေစ..."

ေတးဟာခန္ထိုသို႕မိန္႕ျပိီးေနာက္ လံု၀လွည့္မႀကည့္ေတာ့ေပ။
ေနာက္ရက္တြင္ လႊတ္ေတာ္က မိဖုရားေခါင္ကို ဖမ္းမိန္႕ထုတ္ကာ တရားစီရင္ေတာ့သည္။
တစ္လခန္႕ႀကာေသာ္ မြန္ဂိုျပည္၏ မိဖုရားေခါင္ႀကီးအား လူသတ္မႈျဖင့္ တရားလႊတ္ေတာ္မွ
ေသဒဏ္ စီရင္လိုက္ေတာ့သည္။အရင္မိဖုရားမ်ားကို လုပ္ႀကံခဲ့သည္လည္း ေပၚေပါက္လာသည္။

ေက်ာက္မိန္ ကို အဆိပ္ေပးကာ ေသဒဏ္စီရင္ျပီးေနာက္ တင္တက္ရင္က နန္းေတာ္တြင္ ႀသဇာ ထက္လာခဲ့သည္။ အမတ္ခ်ဳပ္ႀကီးက တင္တက္ရင္ကို သားမက္ေတာ္ခ်င္ေႀကာင္း မင္းႀကီးကို ေလွ်ာက္တင္လိုက္သည္။ ေတးဟာခန္က အရွည္ကိုေတြးကာ တင္တက္ရင္နွင့္ အမတ္ခ်ဳပ္ဥိးရီးေတာ္ ၏ သမိီးေတာ္ ၊မိမိ၏ ညိမ၀မး္ကြဲျဖင့္ ေစ့စပ္သည့္ သတင္းကို ထုတ္ျပန္လိုက္သည္။

ကမာ ေနေကာင္းလာခ်ိန္တြင္ အကိုႀကီး၏ လက္ထပ္သတင္းပင္ ထုတ္ျပန္ျပိးေလျပီ။

ကမာ မယံုႀကည္နိုင္ေအာင္ျဖစ္မိသည္။ မင္းႀကီး၏ အမိန္႕ေႀကာင့္ အကိုႀကီးလက္ခံလိုက္သည္ဟု ထင္ကာ မင္းႀကိီးကို ခြင့္ေတာင္းျပီး အကိုႀကီး၏ အိမ္ေတာ္ကို သြားလည္စဥ္ ေမးလိုက္သည္။

"အကိုႀကိး....မင္းသမီး ယင္းယင္းနဲ႕ လက္ထပ္ဖုိ႕ကို အကိုႀကီးကိုယ္တိုင္ သေဘာတူခဲ့တာလား။"

တင္တက္ရင္သည္ ကမာကို ဖက္ကာ နူတ္ခမ္းေလးကို နမ္းရင္းေျဖလိုက္သည္။

"ဟုတ္တယ္ ကမာေလး။"

ကမာ ဆတ္ခနဲျဖစ္သြားသည္။ အကိုႀကီးမ်က္နွာကို ေမာ့ႀကည့္လိုက္ေသာအခါ သူ မည္သို႕မွ မခံစားရဟန္ျဖင့္ ့ကမာ့ကိုယ္ေလးကို ကိုင္တြယ္ပြတ္သပ္ေနသျဖင့္ ကမာ သူ႕ရင္ခြင္မွ ရုန္းကာ ေမးလိုက္သည္။

"အကိုႀကိီး မင္းသမီးယင္းယင္းကို ခ်စ္ေနလို႕လား။"

"မခ်စ္ဘူး။"

"ဒါဆို ဘာေႀကာင့္ လက္ထပ္ဖို႕ သေဘာတူလိုက္တာလဲ။"

"ဥိီးရီးေတာ္ဆီမွာ တပ္ေတြအမ်ားႀကိးရွိတယ္ ကမာေလး။ အကိုႀကိး အင္အားေတာင့္တင္းေအာင္ လုပ္ရမယ္။ ဒါမွ ကမာ့ကုိ ဒီဘ၀ကေန ကယ္ထုတ္နိုင္မွာ။"

ကမာ သူ႕ရင္ခြင္မွ ရုန္းထြက္ကာ တုန္လႈပ္စြာေမးလိုက္သည္။

"ကြ်န္ေတာ့္ကို ကယ္ဖို႕ အကိုႀကီးက ယင္းယင္းကို လက္ထပ္တာေပါ့ ဟုတ္လား။"

တင္တက္ရင္သည္ကမာကို စိုက္ႀကည့္ကာ ေလးနက္စြာေျဖသည္။

"ဟုတ္တယ္။ ကိုယ့္မွာအင္အားမရွိရင္ ကိုယ္ ဘုရင္အျဖစ္ကို ေရာက္နိုင္မွာ မဟုတ္ဘူး။"

"ဟင့္အင္း..."
ကမာ ထိတ္လန္႕သြားသည္။ အကိုႀကိး၏ ေသြးေအးေသာ ဒိလိုပံုစံကို မိမိမနွစ္သက္ပါ။ အကိုႀကိး ဘယ္ေလာက္ထိသြားဖို႕ရည္ရြယ္တာလဲဟု ေတြးကာ လန္႕သြားသည္။

"အကိုႀကိး မလုပ္ပါနဲ႕ ။ ကြ်န္ေတာ္တို႕ ထြက္ေျပးရေအာင္ေနာ္။"

"မလြတ္နိုင္ဘူး ကမာ။ တင္ေမာ္ရင္က ကေလးရွိေနျပီ။ ျပီးေတာ့ ကိုယ္က ကမာကို ရာဇ၀တ္ ေကာင္ အေနနဲ႕ တသက္လံုးေျပးလႊားေနရတဲ့ ဘ၀မွာ မထားနိုင္ဘူး။ ကိုယ္က ဒီတိုင္းျပည္တခုလံုးကို ကမာ့လက္ထဲထည့္ေပးဖို႕ ႀကိဳးစားမွာ။"

ကမာ တကယ္ကို လန္႕သြားသည္။ အကိုႀကိး ဘာ လို႕ ဒီလုိျဖစ္သြားသည္ကို နားမလည္ေတာ့ေပ။

"အကိုႀကီး မလုပ္ပါနဲ႕။ ကြ်န္ေတာ္ ေတာင္းပန္ပါတယ္။ "

တင္တက္ရင္ ေခါင္းခါလိုက္သည္။
"ေနာက္က်သြားျပိီ ကမာေလး။ ကိုယ္ ယင္းယင္းကို လက္ထပ္ေတာ့မယ္။ ျပီးရင္ ကို္ယ့္ အာဏာကို ခ်ဲ႕ထြင္ေတာ့မယ္။ ကိုယ့္ကို ၁ နွစ္ပဲ ေစာင့္ေပးပါ။ "

ကမာ အကိုႀကီး လက္ကို ခါခ်ကာ ေခါင္းကိုယမ္းကာ ေျပာလိုက္သည္။
"အကိုႀကိီးလက္ထပ္သြားရင္ ကြ်န္ေတာ္ အကိုႀကီးကို မခ်စ္ေတာ့ဘူး။"

တင္တက္ရင္ နားလည္စြာျပံဳးကာေျပာလိုက္သည္။

"ေနာင္ဆိုရင္ အကိုႀကီး မင္းကို ဘယ္လိုခ်စ္တယ္ဆိုတာ မင္းသိလာမွာပါ ကမာေလး။ အခုေတာ့ အကိုႀကီးကို မတားနဲ႕ေတာ့။ မင္းတားခ်င္ရင္ တနည္းပဲရွိတယ္။ ေရာ့...."

တင္တက္ရင္ ဓါးေျမွာင္တလက္ကို ကမာ့လက္ထဲထည့္ေပးကာေျပာလိုက္သည္။
"ဒီဓါးနဲ႕ ကိုယ့္ကို သတ္သြားလိုက္ေတာ့ ကမာေလး။"

ကမာ ဓါးကို လြတ္ခ်ကာ အိမ္ေတာ္မွ ေျပးထြက္သြားေတာ့သည္။ မယံုပါ။ မင္းႀကီးကိုလည္း မေျပာရဲပါ။ အကိုႀကီး အသတ္ခံရမည္ကိုေႀကာက္မိသည္။ အကိုႀကီးတကယ္ကို အာဏာ ခ်ဲ႕ထြင္မည္ကို စိုးရိမ္သည္။ ကမာ ထြက္ေျပးလာရင္း မ်က္ရည္မ်ားက အတားအဆီးမရွိ က်လာေတာ့သည္။

~ ဆက္ရန္

==================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၅)

ကြောက်ရင်လာဘ်လွဲ ရဲလျှင် မင်းဖြစ်လိမ့်မည်။ တင်တက်ရင်သည် အမတ်ချုပ်ကြီးစံအိမ်သို့ ဦးတည်
သွားလိုက်သည်။

ကမာသည် အကိုကြီး ဂိုယိုပြည်သို့သံတမန်အဖြစ်စေလွှတ်ခံရသဖြင့် အနည်းငယ်တော့ လွမ်းဆွတ်မိသည်။ အကိုကြီးရှိတော့လည်း ကဲလွန်းလို့လန့်သည်။ မရှိတော့လည်း သူ့ကို သတိရသည်။ သြော် မိမိလည်း ဘာလိုလိုနှင့် အကိုကြီးကို တမ်းတ တတ်လာလေပြီ။

ကမာကိုတွေ့ချင်စိတ်ကို တင်တက်ရင် အတင်းချိုးနှိမ်ကာ ဂိုယိုပြည်နှင့်မွန်ဂိုပြည် ချစ်ကြည်ရေးကို ကောင်းစွာ တည်ဆောက်နိုင်ခဲ့သည်။ အနည်းငယ် စောင်းကြွချင်သော ဂိုယိုပြည့်ရှင်ကို နည်းနည်း ချိုးပေးပြီးနောက် လက်ဆောင်များဖြင့်ပြည်တော်ပြန်လာခဲ့သည်။

နန်းတော်တွင်းတွင် တိတ်တဆိတ် အင်အားစုစည်းကာ ပုန်ကန်ရန်ကြံနေသော အင်အားစုကို တင်တက်ရင် ဖော်ထုတ်ပြီးနောက် လျှို့ဝှက်တပ်ဖွဲ့ကို တင်တက်ရင်လက်သို့ မင်းကြီးအပ်လိုက် တော့သည်။

ကမာ အတွက်တော့ အကိုကြီးများကို မင်းကြီးမြှောက်စားလေ မင်းကြီးကို ပိုပြီး ကြင်နာစွာ ပြုစု စောင့်ရှောက်လေဖြစ်သည်။ နန်းတွင်းထဲတွင် ကမာတို့ ညီအစ်ကို တတွေ သြဇာအာဏာ ကြီးထွား လာတော့ ကျောက်မိန် စိုးရိမ်လာသည်။ မိမိအဆောင်ကို မင်းကြီးမကြွသည်မှာ ခရီးထွက်ပြီး ကတည်းက ဖြစ်သည်။

ကျောက်မိန်သည် နောက်ဆုံး လက်နက်ကို ထုတ်သုံးရတော့သည်။

ကမာသည် ခုတလော အားနည်းကာ အစားစားတိုင်း အန်အန်နေသည်။ ပထမတော့ အစာမကြေဘူး လို့သာထင်သည်။ သို့သော် တဖြည်းဖြည်း ဖျော့တော့လာသောအခါ တင်မော်ရင် မသင်္ကာတော့ပေ။ ကမာကို တစုံတဦး လုပ်ကြံပြီဟု တွေးမိကာ မင်းကြီးကို တင်လျှောက်လိုက်သည်။ ကမာစားသည့် အစားအစာများ၊ လိမ်းခြယ်သည့် အမွှေးနံ့သာများကို စစ်ဆေးသည်။ သို့သော် ဘာမှ မတွေ့သဖြင့် တွေးရကြပ်နေသည်။

ကမာသည် တဖြည်းဖြည်း ရောဂါဆိုးဝါးလာခဲ့သည်။ မင်းကြီးကလည်း ဒေါသထွက်ကာ ပျောက် အောင် မကုနိုင်လျှင် သမားတော်ကို သေဒဏ်ချမည်ပြောသဖြင့် သမားတော်ကြီးက စစ်သူကြီး တင်တက်ရင်ထံသို့ ပြေးကာ အကူအညီတောင်းရတော့်သည်။

တင်တက်ရင်သည် ကမာ့အဆောင်ကို မင်းကြီးအမိန့်ဖြင့် သေချာလာရောက်စစ်ဆေးကြည့်သည်။
ကမာ့ အဆောင်ထဲဝင်လိုက်သည်နှင့် ပန်းဖြူဖြူများပွင့်နေသည့် ပန်းအိုးကို အဆောင်ထဲတွင် တွေ့လိုက်ရသည်။ ထိုပန်းက သင်းသင်းလေး မွှေးသဖြင့် ကမာ့ အဆောင်ထဲတွင် မွှေးနေသည်။ ဘာမှ မသင်္ကာစရာမရှိသဖြင့် တင်တက်ရင် မျက်မှောင်ကြုတ်မိသည်။ ထို့နောက် ကမာ၏ ရေချိုးအဆောင်ထဲကို သွားစစ်ကြည့်သည်။

ရေစည်ကြီးထဲတွင် ခရမ်းရောင် ပန်းတစ်မျိုး၏ ပွင့်ဖတ်များကို ထည့်ထားသဖြင့် ရေက မွှေးပျံ့နေသည်။တင်တက်ရင်သည် ပန်းပွင့်ဖတ်ကို ဆယ်ကာ နမ်းကြည့်ပြီး မျက်မှောင်ကြုတ်သွား သည်။
"သမားတော်ကြီးကို သွားခေါ်စမ်း။"

တင်တက်ရင်၏ အမိန့်ဖြင့် သမားတော်ရောက်လာသောအခါ ပန်းပွင့်ဖတ်များကို ပြကာ

"ဒါ ဘာပန်းလဲ။ သူက ဘယ်လိုအာနိသင်ရှိသလဲ သမားတော်ကြိး"

သမားတော်က ပန်းကို သေချာနမ်းကြည့်ကာ
"ဒါက သာမန် ပန်းပါ စစ်သူကြီး။ သူ့မွှေးရနံ့က လူကိုလန်းစေပါတယ်။ တချို့က ပန်းခြောက်ကို လက်ဖက်ခြောက်နဲ့ ရောပြီးထည့်သောက်တတ်ပါတယ်။"

တင်တက်ရင်သည် ပန်းပွင့်ဖတ်ကို ယူကာ အဆောင်ထဲကို ပြန်လာခဲ့သည်။ အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ပန်းဖြူဖြူပွင့်သော အပင်ကို လက်ညှိုးထိုးကာမေးလိုက်သည်။

"ဒီပန်းပွင့်က ဘယ်လိုအာနိသင်ရှိသလဲ။"

သမားတော် ပန်းအိုးကို ကြည့်ကာ မျက်နှာပျက်သွားသည်။ သို့သော်

"ဒီပန်းအိုးက အဆိပ်မရှိပါဘူး စစ်သူကြီး။"

တင်တက်ရင်က သမားတော်ကို စိုက်ကြည့်ကာ သေချာအောင်ထပ်မေးလိုက်သည်။

"ဒီပန်းအိုးကို မင်းထားခိုင်းတာလို့ကြားတယ်။ ဘာကြောင့် ထားခိုင်းတာလဲ။ ဘယ်သူ့ အမိန့်နဲ့လဲ။"
သမားတော် မျက်နှာပျက်သွားသော်လည်း ခေါင်းမာစွာဖြေသည်။

"ဘယ်သူအမိန့်မှ မဟုတ်ပါဘူး။ နှင်းမိဖုရား အတွက် စိတ်ရွင်လန်းအောင် ထားခိုင်းတာပါ။"

တင်တက်ရင်သည် အချက်ပြလိုက်သည်နှင့် သမားတော် တစ်ဦးထွက်လာပြီး အရိုအသေပေးသည်။

"ဒီပန်းနှစ်မျိုးကို နေ့တိုင်းရှုမိရင် ဘယ်လို ဖြစ်နိုင်သလဲ သမားတော်ကျိုုး။"

"မှန်လှပါ။ ပန်းတစ်မျိုးခြင်းစီက အဆိပ်မရှိပေမယ့် နှစ်မျိုးရောလိုက်ရင် အင်မတန်ပြင်းထန်တဲ့ အဆိပ် ဖြစ်သွားပါတယ်။ ခရမ်းရောင်ပန်းရဲ့အရည်နဲ့ အဖြူရောင်ပန်းရဲ့ ရနံ့ က အဆိပ်ဖြစ်စေပါတယ်။"

"မင်း ဘယ်သူလဲ။ ဘာကြောင့် စစ်သူကြီးကို မဟုတ်လာ လျှောက်တင်ရတာလဲ။"
သမားတော်ကြီးက သွေးရူးသွေးတန်းဖြင့်ပြောလိုက်သည်။တင်တက်ရင်က သမားတော်ကြိးကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

"မင်း အမှန်အတိုင်းဖြေရင် မင်းကို အေးအေးသက်သာ သေခွင့်ပြုမယ်။ မဟုတ်ရင ်မင်းမိသားစု အားလုံးကို ခေါင်းဖြတ်သတ်မယ်။"

နန်းတွင်းသမားတော်ကြိးက ရေငုံနူတ်ပိတ်နေသဖြင့် တင်တက်ရင်က သမားတော်ကြိးကို မြေအောက် အကျဉ်းထောင်သို့ ပို့ဆောင်စေသည်။

"သမားတော် ကျိုး ။ နှင်းမိဖုရားကို ကုလို့ရရဲ့လား။"

သမားတော်ကျိုးက ကမာ့လက်ကိုစမ်းသပ်ပြီး ပြောလိုက်သည်။

"ရပါတယ် စစ်သူကြီး။ အချိန်မှီပါသေးတယ်။ နောက် တစ်လတိတိ အဆိပ်သင့်နေရင်တော့ ကယ်လို့ မရတော့ပါဘူး။"

တင်တက်ရင်သက်ပြင်းချလိုက်မိသည်။ ဒါ မည်သူု့စနစ်ဆိုတာကို မိမိသိပြီးဖြစ်သည်။ သို့သော် မင်းကြီးသိအောင်ဖော်ထုတ့်ရမည်။

"ဘာ...."

တေးဟာခန်သည် တင်တက်ရင်၏ တင်လျှောက်စကားကြောင့် ဒေါသအကြီးအကျယ်ထွက်သွား သည်။ တင်တက်ရင်ကို စေ့စေ့ကြည့်ကာ
"မင်း ပြောတဲ့စကားက ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာ သိရဲ့လား။"

"မင်းကြိးသတ်လည်း သေရမှာပါ။ဒါပေမယ့် ကျွန်တေ်ာမျိုးရဲ့ ညီငယ် ကမာကို နန်းတော်ထဲကနေ ထွက်ခွာခွင့်ပေးတော်မူပါ မင်းကြီး။ အခု ကမာ့အသက်ကိုစနစ်တကျ လုပ်ကြံခံနေရတာကို ကျွန်တော်မျိုး ကြည့်မနေနိင်လို့ပါ။"

တေးဟာခန် မာန်ဖီလိုက်သည်။ တင်တက်ရင်၏ စကားများက မိမိကို စော်ကားလွန်းနေပြီ။

"စစ်သူကြီး ကမာကို ကိုယ်တော်က မြတ်နိုးလွန်းလို့ မိဖုရားမြှောက်ထားတာကို ကိုယ်တော် ကမာကို နန်းတော်ထဲကနေ ထွက်ခွင့်မပြုနိုင်ဘူး။"

"ဒါဆို ကျွန်တော်မျိုး ညီလေး ကမာကို အဆိပ်ခတ်တဲ့သူကို မင်းကြီးထိရောက်စွာ အရေးယူပေးတော်မူပါ။"

"မင်းတရားခံတွေ့ပြီလား။"

"တွေ့ပါပြီး အရှင်မင်းကြီး။ဒါပေမယ့် ကျွန်တော်မျိုးကိုင်တွယ်နိုင်တဲ့ အတိုင်းအတာအထက်ကို ရောက်နေလို့ပါ။ မင်းကြီး ကမာကို ကာကွယ်ပေးတော်မူပါ"

"တရားခံ ဘယ်သူလဲ စစ်သူကြီး။"

"မိထားပါပြီ မင်းကြီး။ ဒါပေမယ့် နောက်ကွယ်က ကြိုးကိုင်သူကို ကျွန်တော်မျိုးမဖော်ထုတ်ဝံ့ပါဘူး။"

တေးဟာခန် ရှုးရှုးရှားရှားဖြစ်သွားသည်။ တင်တက်ရင် ဆိုလိုသည်ကို မိမိနားလည်သလိုရှိလာသည်။

"ဘယ်သူလုပ်တာလဲ။ တရားခံကိုခေါ်ခဲ့စမ်း။"

မင်းကြီးရှေ့ နန်းတွင်း သမားတော်ကြီးရောက်လာခဲ့သည်။ မင်းကြိးသည် သမားတော်ကို မယုံနိင်စွာ ကြည့်ကာ မေးလိုက်သည်။

"မောင်မင်း နှင်းမိဖုရားကို ဘာကြောင့် လုပ်ကြံရတာလဲ ပြောပါ။"

သမားတော်က မင်းကြီး၏ ခြေရင်းတွင် ဝပ်ဆင်းကာ တောင်းဆိုခဲ့သည်။

"မင်းကြီး ကျွန်တော်မျိုးရဲ့သားလေးကို ကယ်တင်ပေးတော်မူပါ။ သားလေးကိ ုသူတို့ တန်ဆာခံဖမ်းထားပြီး ကျွန်တေ်ာမျိုးကို ခိုင်းထားတာပါ။"

တေးဟာခန်က သမားတော်နှင့်စကားပြောပြီးနောက် နောက်ကွယ်က စေခိုင်းသူကို သိသွားလေပြီ။
တေးဟာခန်သည ်တင်တက်ရင်ကို အမိန့်ပေးကာ ကျောက်မိန်၏ အဆောင်တွင် ရှာဖွေ ခွင့်ပြု လိုက်သည်။

တင်တက်ရင်ပြန်ရောက်လာသောအခါ သမားတော်၏ သားလေးနှင့်တကွ ကျောက်မိန်၏ လက်ရွေးစင် လက်မရွံ့၏ ခေါင်းပြတ်ပါလာခဲ့သည်။

"သက်သေတွေ အားလုံးပါလာပြီလား စစ်သူကြီး။"

"ပါလာပါပြီး မင်းကြီး။"

တေးဟာခန်သည် တင်တက်ရင်ကို အမိန့်ပေးလိုက်သည်။

"ဒါတွေ အားလုံးကို လွှတ်တော်ပို့လိုက်ပါ။ မင်းက တရားလိုလုပ်ပြီး တိုင်ကြားလိုက်ပါ။ အားလုံးကို လွှတ်တော်က ဆုံးဖြတ်ပါစေ..."

တေးဟာခန်ထိုသို့မိန့်ပြီးနောက် လုံဝလှည့်မကြည့်တော့ပေ။
နောက်ရက်တွင် လွှတ်တော်က မိဖုရားခေါင်ကို ဖမ်းမိန့်ထုတ်ကာ တရားစီရင်တော့သည်။
တစ်လခန့်ကြာသော် မွန်ဂိုပြည်၏ မိဖုရားခေါင်ကြီးအား လူသတ်မှုဖြင့် တရားလွှတ်တော်မှ
သေဒဏ် စီရင်လိုက်တော့သည်။အရင်မိဖုရားများကို လုပ်ကြံခဲ့သည်လည်း ပေါ်ပေါက်လာသည်။

ကျောက်မိန် ကို အဆိပ်ပေးကာ သေဒဏ်စီရင်ပြီးနောက် တင်တက်ရင်က နန်းတော်တွင် သြဇာ ထက်လာခဲ့သည်။ အမတ်ချုပ်ကြီးက တင်တက်ရင်ကို သားမက်တော်ချင်ကြောင်း မင်းကြီးကို လျှောက်တင်လိုက်သည်။ တေးဟာခန်က အရှည်ကိုတွေးကာ တင်တက်ရင်နှင့် အမတ်ချုပ်ဥိးရီးတော် ၏ သမီးတော် ၊မိမိ၏ ညိမဝမ်းကွဲဖြင့် စေ့စပ်သည့် သတင်းကို ထုတ်ပြန်လိုက်သည်။

ကမာ နေကောင်းလာချိန်တွင် အကိုကြီး၏ လက်ထပ်သတင်းပင် ထုတ်ပြန်ပြိးလေပြီ။

ကမာ မယုံကြည်နိုင်အောင်ဖြစ်မိသည်။ မင်းကြီး၏ အမိန့်ကြောင့် အကိုကြီးလက်ခံလိုက်သည်ဟု ထင်ကာ မင်းကြီးကို ခွင့်တောင်းပြီး အကိုကြီး၏ အိမ်တော်ကို သွားလည်စဉ် မေးလိုက်သည်။

"အကိုကြိး....မင်းသမီး ယင်းယင်းနဲ့ လက်ထပ်ဖို့ကို အကိုကြီးကိုယ်တိုင် သဘောတူခဲ့တာလား။"

တင်တက်ရင်သည် ကမာကို ဖက်ကာ နူတ်ခမ်းလေးကို နမ်းရင်းဖြေလိုက်သည်။

"ဟုတ်တယ် ကမာလေး။"

ကမာ ဆတ်ခနဲဖြစ်သွားသည်။ အကိုကြီးမျက်နှာကို မော့ကြည့်လိုက်သောအခါ သူ မည်သို့မှ မခံစားရဟန်ဖြင့့်ကမာ့ကိုယ်လေးကို ကိုင်တွယ်ပွတ်သပ်နေသဖြင့် ကမာ သူ့ရင်ခွင်မှ ရုန်းကာ မေးလိုက်သည်။

"အကိုကြီး မင်းသမီးယင်းယင်းကို ချစ်နေလို့လား။"

"မချစ်ဘူး။"

"ဒါဆို ဘာကြောင့် လက်ထပ်ဖို့ သဘောတူလိုက်တာလဲ။"

"ဦးရီးတော်ဆီမှာ တပ်တွေအများကြိးရှိတယ် ကမာလေး။ အကိုကြိး အင်အားတောင့်တင်းအောင် လုပ်ရမယ်။ ဒါမှ ကမာ့ကို ဒီဘဝကနေ ကယ်ထုတ်နိုင်မှာ။"

ကမာ သူ့ရင်ခွင်မှ ရုန်းထွက်ကာ တုန်လှုပ်စွာမေးလိုက်သည်။

"ကျွန်တော့်ကို ကယ်ဖို့ အကိုကြီးက ယင်းယင်းကို လက်ထပ်တာပေါ့ ဟုတ်လား။"

တင်တက်ရင်သည်ကမာကို စိုက်ကြည့်ကာ လေးနက်စွာဖြေသည်။

"ဟုတ်တယ်။ ကိုယ့်မှာအင်အားမရှိရင် ကိုယ် ဘုရင်အဖြစ်ကို ရောက်နိုင်မှာ မဟုတ်ဘူး။"

"ဟင့်အင်း..."
ကမာ ထိတ်လန့်သွားသည်။ အကိုကြိး၏ သွေးအေးသော ဒိလိုပုံစံကို မိမိမနှစ်သက်ပါ။ အကိုကြိး ဘယ်လောက်ထိသွားဖို့ရည်ရွယ်တာလဲဟု တွေးကာ လန့်သွားသည်။

"အကိုကြိး မလုပ်ပါနဲ့ ။ ကျွန်တော်တို့ ထွက်ပြေးရအောင်နော်။"

"မလွတ်နိုင်ဘူး ကမာ။ တင်မော်ရင်က ကလေးရှိနေပြီ။ ပြီးတော့ ကိုယ်က ကမာကို ရာဇဝတ် ကောင် အနေနဲ့ တသက်လုံးပြေးလွှားနေရတဲ့ ဘဝမှာ မထားနိုင်ဘူး။ ကိုယ်က ဒီတိုင်းပြည်တခုလုံးကို ကမာ့လက်ထဲထည့်ပေးဖို့ ကြိုးစားမှာ။"

ကမာ တကယ်ကို လန့်သွားသည်။ အကိုကြိး ဘာ လို့ ဒီလိုဖြစ်သွားသည်ကို နားမလည်တော့ပေ။

"အကိုကြီး မလုပ်ပါနဲ့။ ကျွန်တော် တောင်းပန်ပါတယ်။ "

တင်တက်ရင် ခေါင်းခါလိုက်သည်။
"နောက်ကျသွားပြီ ကမာလေး။ ကိုယ် ယင်းယင်းကို လက်ထပ်တော့မယ်။ ပြီးရင် ကိုယ့် အာဏာကို ချဲ့ထွင်တော့မယ်။ ကိုယ့်ကို ၁ နှစ်ပဲ စောင့်ပေးပါ။ "

ကမာ အကိုကြီး လက်ကို ခါချကာ ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
"အကိုကြီးလက်ထပ်သွားရင် ကျွန်တော် အကိုကြီးကို မချစ်တော့ဘူး။"

တင်တက်ရင် နားလည်စွာပြုံးကာပြောလိုက်သည်။

"နောင်ဆိုရင် အကိုကြီး မင်းကို ဘယ်လိုချစ်တယ်ဆိုတာ မင်းသိလာမှာပါ ကမာလေး။ အခုတော့ အကိုကြီးကို မတားနဲ့တော့။ မင်းတားချင်ရင် တနည်းပဲရှိတယ်။ ရော့...."

တင်တက်ရင် ဓါးမြှောင်တလက်ကို ကမာ့လက်ထဲထည့်ပေးကာပြောလိုက်သည်။
"ဒီဓါးနဲ့ ကိုယ့်ကို သတ်သွားလိုက်တော့ ကမာလေး။"

ကမာ ဓါးကို လွတ်ချကာ အိမ်တော်မှ ပြေးထွက်သွားတော့သည်။ မယုံပါ။ မင်းကြီးကိုလည်း မပြောရဲပါ။ အကိုကြီး အသတ်ခံရမည်ကိုကြောက်မိသည်။ အကိုကြီးတကယ်ကို အာဏာ ချဲ့ထွင်မည်ကို စိုးရိမ်သည်။ ကမာ ထွက်ပြေးလာရင်း မျက်ရည်များက အတားအဆီးမရှိ ကျလာတော့သည်။

~ ဆက်ရန်




Continue Reading

You'll Also Like

98K 8.6K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
468K 48.8K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
753 94 8
Name - Your Name Engraved Herein(刻在你心底的名字) Written by - Yu Ning Chu, Di Fer, Patrick Kuang-Hui Liu English translator - semicolonseas Chapters - pro...
139K 13.2K 53
Title - Rebirth to become a dominant omega သွေးသန့်အိုမီဂါလေး ဂျူလီယမ် Author - latteechrie With Original Author permission Start Date - 5.3.2022 E...