မုန္တိုင္းမ်ား၏အရွင္သခင္ Seas...

MayKingMK119 által

341K 21K 199

Zawgyi+Unicode Font ၂ မ်ိဳးလံုးနဲ႕ တင္ထားပါတယ္။ တာတာအရိုင္းစိုင္းမ်ားေႀကာင့္ ပ်က္သုဥ္းခဲ့ရတဲ့ နွင္းျမိဳ႕ေတာ္... Több

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၂)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၃)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၆)ဇာတ္သိမ္းပုိင္း(Z+U)
မုန္တိုင္းမ်ား၏ အရွင္သခင္ - Season II

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၇)

5.2K 340 1
MayKingMK119 által

မုန္တိုင္းမ်ား၏အရွင္သခင္
အပိုင္း (၂၇)

တင္တက္ရင္သည္ ကမာမ်ားအိ္မ္ကို လာမလားဟုေမွ်ာ္ေနမိသည္။ သို႕ေသာ္ ကမာ ၃ ရက္တိတိေပၚ မလာခဲ့ပါ။ မင္းႀကီးလည္း ညီလာခံမတက္ေပ။ တင္တက္ရင္ စိတ္မတည္မျငိမ္ျဖစ္ရေလျပီ။ ညီေလး မ်ားလာမလားလို႕ အိမ္၀သို႕မႀကာမႀကာလွမ္းလွမ္းႀကည့္ေနသျဖင့့္ အိမ္ေတာ္ထိန္းႀကီးပင္ သတိ ထားမိသြားသည္။
"သခင္ႀကီး...သခင္ေလးကို ေမွ်ာ္ေနတာလား။"

တင္တက္ရင္သည္ အိမ္္ေတာ္ထိန္းႀကီး၏စကားေႀကာင့္ သတိ၀င္လာသည္။ မ်က္နွာမသာမယာျဖင့္ ေခါင္းယမ္းကာ အျပင္သို႕ထြက္သြားသည္။ တင္ေမာ္ရင္ အိမ္ျပန္လာေတာ့ ေနာင္ေတာ္ႀကီးျပန္လာျပီ လားဟု အိမ္ေတာ္ထိန္းကိုေမးလိုက္ေသာအခါ ျပန္ထြက္သြားေႀကာင္းသိသြားသျဖင့္ေခါင္းကို ယမ္းမိ သည္။

"ေနာင္ေတာ္ ဘယ္ထြက္သြားျပန္လဲ မသိဘူး။ အိမ္ေတာ္ထိ္န္းႀကီး ညက်ရင္ ေနာင္ေတာ္ကို အရက္ဆိုင္ေတြမွာလိုက္ရွာလိုက္ဦး။"

"ဟုတ္ကဲဲ့ပါ သခင္ေလး။"

တင္ေမာ္ရင္သည္ ကမာေႀကာင့္ ေနာင္ေတာ္ ခံစားေနရမွန္း သိကာအေကာင္းဆံုးဘယ္လိုလုပ္ေပး ရမည္ကို စဥ္းစားကာ အႀကံထုတ္ေနမိသည္။ ယခုလို မင္းႀကီးေရာဂါထေနခ်ိန္တြင္ ကမာ မင္းႀကီး ေဘးမွ ခြာနိုင္မည္မဟုတ္ေပ။ မခြာတာပဲေကာင္းသည္။ မင္းႀကီးကို ကမာထိန္းနိုင္မွ၊ မဟုတ္လွ်င္ နန္းေတာ္အတြငး္ မင္းႀကီး မွားယြင္းေသာဆံုးျဖတ္ခ်က္မ်ားကိုဆက္တိုက္ခ်မွတ္ေပလိမ့္မည္။ ထို႕ေႀကာင့္ အမတ္ခ်ဳပ္ႀကီးနွင့္တိုင္ပင္ကာ ကမာ့အေဆာင္မွ မင္းႀကီးဘယ္မွ မသြားေအာင္ ထိန္းထား ခိုင္းျခင္းျဖစ္သည္။ ဒါကို ေနာင္ေတာ္သိေအာင္ေျပာမွျဖစ္မည္။ မိမိတို႕ညီေလး ကမာက တိုင္းျပည္တာ၀န္ကို တဖက္တလမ္းမွ ထမ္းေနသည္မဟုတ္လား။

တင္တက္ရင္ ဆိုင္ပိတ္ခ်ိန္ထိေသာက္ေနရာ ဆိုင္ရွင္လည္း ဘာမွမေျပာ၀ံ့ပဲ ႀကည့္ေနရသည္။ နာမည္ႀကီး စစ္သူႀကီးကို မိမိတို႕ ဆိုင္ပိတ္ေတာ့မည္ဟုေျပာျပီး ဘယ္လိုေမာင္းထုတ္၀ံ့မည္နည္း။

"သခင္ႀကီး...သခင္ေလး ရွာခိုင္းလိုက္ပါတယ္။"

"ငါ ေသာက္လို႕မ၀ေသးဘူး။ ျပီးမွ ျပန္လာမယ္။"

အိမ္ေတာ္ထိန္းက အရိုအေသေပးကာ တိုးတိုးေျပာလိုက္သည္။
"သခင္ေလး ကမာအေႀကာင္းေျပာစ၇ာရွိလို႕ ေခၚခုိင္းလုိက္တာပါ သခင္ႀကီး။"

ကမာ့ နာမည္ႀကားသည္နွင့္ တင္တက္ရင္ ေသာက္လက္စအရက္ခြက္ကိုခ်ကာ လိုက္လာခဲ့သည္။ ထိုအခါမွ ဆို္င္ရွင္က ကပ်ာကယာ ဆိုင္သိမ္းရေတာ့သည္။ တင္တက္ရင္သည္ အိမ္ေတာ္သုိ႕ ေရာက္ေသာ္ တင္ေမာ္ရင္ ေစာင့္ေနသည္ကိ ုေတြ႕လိုက္ရသည္။

"ကမာ ဘာျဖစ္လို႕လဲ ေမာ္ရင္"

"ေနာင္ေတာ္ ေအးေအးေဆးေဆးထိုင္ပါဦး။ အမတ္ခ်ဳပ္ႀကီးရဲ႕ ဆံုးျဖတ္ခ်က္အရ မင္းႀကီးရဲ႕ ေရာဂါ နည္းနည္းသက္သာလာတာနဲ႕ မင္းႀကီးအတြက္ အပန္းေျဖခရီးထြက္ဖို႕ စီစဥ္ပါလိမ့္မယ္။ အဲ့ခရီးကို ေနာင္ေတာ္ တာ၀န္ယူရမွာပါ။ "

"ကမာလည္းပါမွာလား။"

"ပါမွာပါ ေနာင္ေတာ္။ အခုေတာင္ ကမာက မင္းႀကီးကို ေဆးေသာက္ဖို႕ ေျဖာင့္ျဖထားရတာ။ မင္းႀကီး က လက္ေထာက္သမားေတာ္ က်ဴးကိုသတ္လိုက္တာ ေရာဂါနည္းနည္းေဖာက္ေနလို႕႔ပါ။"

တင္တက္ရင္စိုးရိမ္သြားသည္။ မင္းႀကိိီး အသိစိတ္ေပ်ာက္ျပီးကမာေလးကို ရန္မရွာနို္င္ဘူးလား။

"ကမာ မင္းႀကီးေဘး ေနလို႕ျဖစ္ပါ့မလား ေမာ္ရင္။ ေတာ္ႀကာ..."

တင္ေမာ္ရင္ ျပတ္သားစြာေျပလိုက္သည္။
"မင္းႀကီးကို ထိန္းနိုင္တာ ကမာပဲရွိတယ္ ေနာင္ေတာ္။ အရင္နွစ္ေတြတုန္းက တခါေဖာက္ရင္ တပတ္ႀကာတာ။ အခု ၃ ရက္နဲ႕ သက္သာလာတယ္။ မင္းႀကီးက ကမာကို အရမ္းခ်စ္ေတာ့ ကမာ ဘာေျပာေျပာလက္ခံတယ္။ ဒါေႀကာင့္ ေနာက္၃ ရက္ဆိုရင္ မင္းႀကီးရဲ႕ လွ်ိဳ႕၀ွက္ခရီးစဥ္ စမယ္။ လွ်ိဳ႕၀ွက္စစ္တပ္ကို ေနာင္ေတာ္ပဲ အမိန္႕ေပးထိန္းခ်ဳပ္ျပီး လိုက္ပါေစာင့္ေရွာက္ရမယ္။"

"အဲ့ဒီတပ္ကို မင္းႀကီးပဲထိန္းတာ မဟုတ္လား။ "

"ဟုတ္တယ္။ အမိန္႕ေပးတံဆိပ္က္ို မင္းႀကီးကိုယ္တိုင္ ေနာင္ေတာ္ကို ေပးအပ္မွာပါ။ "

တင္တက္ရင္က ျငင္းလိုက္သည္။
"အျခားလူကို တာ၀န္ေပးလိုက္ ေမာ္ရင္။ ငါ မသြားခ်င္ဘူး။"

"ကမာကို သတ္ခ်င္တဲ့သူေတြမ်ားတယ္ ေနာင္ေတာ္။ ျပီးေတာ့ မင္းႀကီးအသက္ကို ေနာင္ေတာ္ပဲ ကာကြယ္ေပးနိုင္မွာ။ အမတ္ခ်ဳပ္ႀကိီးရဲ႕ အမိန္႕ပါ။ "

တင္တက္ရင္သည္ မိမိိမ်က္စိေရွ႕တြင္ ကမာနွင့္ မငး္ႀကီးကယုကယင္ ခ်စ္တံု႕တင္ေနမည္ကို မႀကည့္ နိုင္ပါ။ သို႕ေသာ္ ေမာ္ရင္ေျပာတာမွန္သည္။ မိမိကလြဲရင္ ဘယ္သူ႕လက္ထဲမွ ကမာကို စိတ္မခ်နိုင္ပါ။ ထို႕ေႀကာင့္ တင္တက္ရင္ ပင့္သက္ရွိုက္ကာ လက္ခံလိုက္သည္။

တင္တက္ရင္သည္ ေနာက္တေန႕တြင္ အမတ္ခ်ဳပ္ႀကီးနွင့္ေတြ႕ကာ မင္းႀကီးသြားမည့္ ခရီးစဥ္ကို အေသးစိတ္တိုင္ပင္သည္။ လိုသည္ကို စီစဥ္ထားသည္။ လံုျခံဳေရး။ အပန္းေျဖအိမ္ေတာ္။ မင္းႀကီးရဲ႕ က်န္းမာေရးအတြက္သမားေတာ္ အုပ္စု၊ လက္ေရြးစင္သက္ေတာ္ေစာင့္မ်ား။ ထို႕ျပင္ လမ္းေႀကာင္း လံုျခံဳေရး စသည္တို႕ကို အေသးစိတ္စီစဥ္ကာ ႀကိဳတင္လုပ္ေဆာင္ရသည္။

ခရီးထြက္ခါနီး တစ္ညအလိုတြင္ မင္းႀကီးအေဆာင္သို႕ ဆင့္ေခၚလို႕သြားရသည္။ မင္းႀကီးက မ်က္နွာ အနည္းငယ္ ေခ်ာင္ကာ ႏြမ္းနယ္ေနပံုရသည္။ သို႕ေသာ္ စိတ္နည္းနည္းႀကည္လာပံုရသည္။
တင္တက္ရင္ႏွင့္အတူု အမတ္ခ်ဳပ္ႀကီးလည္းပါသည္။ ထုိ႕ျပင္ လွ်ိဳ႕၀ွက္စစ္တပ္မွ တပ္မႈးႀကိီးလည္း ေရာက္ေနသည္။
မင္းႀကီးက တင္တက္ရင္ကို ေတြ႕ေသာ္ အမိန္႕ေပးတံဆိပ္ကို လွမ္းေပးကာ ေျပာလိုက္သည္။

"ကိုယ္ေတာ္ရဲ႕ တံဆိပ္ျပားကို မင္းလက္အပ္လိုက္ျပီေနာ္ တင္တက္ရင္။ ကိုယ္ေတာ္နဲ႕ ကမာရဲ႕ အသက္ကို ေစာင့္ေရွာက္ေပးပါ။"
"အမိန္႕အတိုင္းပါ မင္းႀကီး။ က်ြန္ေတာ္မ်ိဳး အသက္နဲ႕ လဲျပီး အရွင္နွစ္ပါး ေဘးကင္းေအာင္ ကာကြယ္ပါ့မယ္။ "

ေတးဟာခန္ ျပံဳးကာ လွ်ိဳ႕၀ွက္တပ္မွ တပ္မႈးႀကီးကို ေျပာလိုက္သည္။

"တပ္မႈးႀကီး အခု ေမာင္မင္းတို႕ စစ္တပ္ကို ထိန္းခ်ဳပ္အမိန္႕ေပးခြင့္က စစ္သူႀကိီးတင္တက္ရင္ လက္ထဲေရာက္သြားျပီ။ ေမာင္မင္း စစ္သူႀကီးရဲ႕ အမိန္႕ကို တေသြမတိန္းနာခံပါ။ "

"မွန္လွပါ။"

တင္တက္ရင္သည္ အမိန္႕ေပးတံဆိပ္ျပားကို လက္ထဲတြင္ က်စ္က်စ္ပါေအာင္ဆုပ္ထားျပီး မင္းႀကီးကို အရိုအေသေပးလိုက္သည္။
မင္းႀကိီးက အမတ္ခ်ဳပ္ႀကီးဘက္လွည့္ကာ

"ဦးရီးေတာ္... ကိုယ္ေတာ္မရွိခိုက္ တိုင္းျပည္ကို ေကာင္းေကာင္းအုပ္ခ်ဳပ္ထားလိုက္ပါ။ မယ္ေတာ္ႀကီး ကို သင့္ေတာ္သလိုပဲ ေျပာထားလိုက္ပါ။ က်န္တဲ့သူ ဘယ္သူမွ မသိေအာင္ဖံုးထားပါ ဥိီးရီးေတာ္။"

"မွန္လွပါ မင္းႀကီး။"

"ဒါဆို သြားႀကေတာ့။ ကိုယ္ေတာ္ နားခ်င္ျပီ။"

သံုးေယာက္သား မင္းႀကီးကို အရိုအေသေပးကာ ထြက္လာခဲ့သည္။ အေဆာင္အျပင္ေရာက္မွ အမတ္ႀကီးက တင္တက္ရင္ကို ခရီးစဥ္အတြက္ လွ်ိဳ႕၀ွက္စစ္သည္ကို တာ၀န္ေပးဖို႕ေျပာလိုက္သည္။

တင္တက္ရင္နွင့္ လွ်ိဳ႕၀ွက္စစ္တပ္မွတပ္မႈးထြက္သြားျပိီး လူေရြးသည္။ မိမိစိတ္တိုင္းက်လူမ်ားကို ေရြးကာ လံုျခံဳေရးအတြက္ တာ၀န္ခ်ထားသည္။ တင္တက္ရင္သည္ ယခုမွ လွ်ိဳ႕၀ွက္စစ္တပ္မွ ဌာနခ်ဳပ္ကို ေရာက္ဖူးသည္။ ဒီတပ္သားမ်ားက လူသားခံစားခ်က္္ထက္ အမိန္႕နာခံဖို႕ကို ငယ္ ကတည္းက က်င့္ထားသူမ်ားျဖစ္သည္။ ေလလြင့္လူငယ္မ်ားကို သင္းကာ လူသတ္ဖို႕သီးသန္႕ သင္ႀကားထားသည္။ သူတို႕မ်က္လံုးမ်ားက ေက်ာက္ရုပ္လို ခံစားခ်က္ကင္းမဲ့သည္။ အမိန္႕ တံဆိပ္ျပား ပိုင္ဆိုင္သူ၏ အမိန္႕ကိုသာနာခံသည္။
တပ္သားတစ္ဥိီး၏ အတိုက္အခိုက္စြမ္းရည္က မိမိတပ္သား ၃ ေယာက္၏ တိုက္ခိုက္စြမ္းရည္ႏွင့္ညီမွ် သည္။ သူတို႕မွာ ေႀကာက္သည္ဆိုတာလည္းမရွိ။ ကိုယ့္ကို ထိခိုမွာစိုးသည္ဆိုသည့္ စိတ္လည္းမရွိ။ သူတို႕သိသည္က တာ၀န္ကို ေက်ပြန္ေအာင္လုပ္ေဆာင္ရမည္။ အမိန္႕ျပားကိုင္ထားသူ၏ အမိန္႕ကို နာခံရမည္။

တင္တက္ရင္ သည္ နန္းေတာ္လံုျခံဳေရးအတြက္လည္း ေသခ်ာစီမံရသည္။ မိမိစစ္တပ္ကို ေနျပည္ေတာ္တြင္ လွ်ိဳ႕၀ွက္ခ်ထားသည္။ မိမိလက္ေထာက္မ်ားကို ေသခ်ာမွာထားသည္။ ထို႕ေနာက္ မင္းႀကိးနွင့္ကမာ၏ခရီးအတြက္ စတင္ရေတာ့သည္။

ကမာသည္ မင္းႀကီးနွင့္အတူူ ရထားလံုးထဲ အတူထိုင္ရင္း မင္းႀကီးကို အေဖာ္ျပဳေနသည္။ မင္းႀကီးက ကမာ၏ ရင္ခြင္တြင္ မွီကာ မွိန္းေနသည္။

"ကမာေလး... မင္း နန္းေတာ္ထဲမွာ ဘာေႀကာင့္ မေနခ်င္ရတာလဲ။"

"ကြ်န္ေတာ္မ်ိဳး မင္းႀကီးရွိတဲ့ဘယ္ေနရာမဆို ေနခ်င္ပါတယ္ မင္းႀကီး။ နန္းေတာ္ထဲမွာဆိုရင္ မင္းႀကီး ကိုယ္စိတ္ႏွစ္ပါး မနားရလို႕ ကြ်န္ေတာ္မ်ိဳး မင္းႀကီးနဲ႕ အတူခရီးထြက္ဖို႕ပူဆာရတာပါ။ "

"မင္း ကို ကိုယ္ေတာ္ အတင္းသိမ္းပိုက္ခဲ့တာ မင္း ကိုယ္ေတာ့္ကို မမုန္းဘူးလား။"

"မမုန္းပါဘူး။ မင္းႀကီးက ကြ်န္ေတာ္မ်ိဳးကို လိုေလေသးမရွိ ထားခဲ့တာပဲ။ ကြ်န္ေတာ္မ်ိဳး မင္းႀကီးရဲ႕ အခ်စ္ကို ဘယ္လို ဥပကၡာမျပဳရက္ပါဘူး။ မင္းႀကိးအတြက္ ကြ်န္ေတာ္မ်ိဳးက သစၥာရွိ အလုပ္ေကြ်း ျဖစ္နိုင္ေအာင္ ႀကိဳးစားပါ့မယ္။"

ေတးဟာခန္သည္ ကမာ၏ စကားေႀကာင့္ မ်က္လံုးဖြင့္ႀကည့္ကာ စူးစမ္းဟန္စိုက္ႀကည့္သည္။ ကမာ့ မ်က္လံုးမ်ားက ပကတိရိုးသားလ်က္ရွိသည္။ ထို႕ျပင္ မိမိအေပၚတကယ္ ေစတနာထားဟန္ေပၚ ေနျဖင့္ မင္းႀကိီးက ထထိုင္ကာ ကမာကို ေတာင္းပန္လိုက္သည္။

"ကမာေလး ကိုယ္ေတာ္ ေတာင္းပန္ပါတယ္။ ကိုယ္ေတာ္ မင္းလက္ကိုဆြဲလို႕ သမားေတာ္ေလးကို သတ္မိန္႕ေပးလိုက္မိတယ္။ ကိုယ္ေတာ္ မင္းကို ခ်စ္လြန္းလို႕ အသိစိတ္လြတ္သြားတယ္။ မင္းကို ခ်စ္လြန္းလို႕ကိုယ္ေတာ့္စိတ္ကို ကိုယ္ေတာ္ထိန္းလို႕မရလိုက္ဘူး။ ေတာင္းပန္ပါတယ္ကမာေလး."

ကမာ မင္းႀကိီး၏ ၀န္ခံစကားေႀကာင့္ ၀မ္းနည္းသြားေသာ္လည္း အျပံဳးမ်က္နွာေလးျဖင့္ နွစ္သိမ့္လိုက္သည္။

"မင္းႀကီးအခုုလို ဖြင့္ေျပာလို႕ ကြ်န္ေတ္ာမ်ိဳး အရမ္း၀မ္းသာမိပါတယ္ အရွင္။ မင္းႀကီးကို အျပစ္မတင္ပါဘူး။ ကြ်န္ေတ္ာမ်ိဳးကို အရမ္းအေလးအနက္ထားလို႕ဆိုတာ သိပါတယ္။"

ေတးဟာခန္သည္ ကမာ့ကိုယ္ေလးကို ဖက္ကာေျပာလို္က္သည္။

"ေတာင္းပန္ပါတယ္ ကမာေလး၇ယ္။"

"မင္းႀကီးကိုေလ ကြ်န္ေတာ္မ်ိဳးက အႀကင္နာတရားႀကိီးမားတဲ့ ဘုရင္တစ္ပါးျဖစ္ေစခ်င္တယ္။ စိတ္ခ်ပါ။ မင္းႀကီးအနားမွာ မင္းႀကီးေမာင္းမထုတ္သေရြ႕ ကြ်န္ေတာ္မ်ိဳး အလုပ္အေကြ်းျပဳမွာပါ။"

"တကယ္လား။ ကိုယ္ေတာ့ေဘးမွာ ကမာ တကယ္ေနမွာလား။"

"ေနမွာပါ မင္းႀကီး။ မင္းႀကီးေဘးမွာ ပါရမီျဖည့္ဖက္နဲ႕ ေနမွာပါ။ မင္းႀကိီးလည္း တုိင္းသူျပည္သား ေတြအတြက္ အႀကင္နာတရားႀကီးတဲ့ ဘုရင္ျဖစ္ေအာင္ေနေပးပါေနာ္။"

"စိတ္ခ်ပါကြယ္။ကိုယ္ေတာ္ ဘယ္ေတာ့မွ လူထပ္မသတ္ေတာ့ပါဘူး။ မင္းစိတ္တိုင္းက် ေနပါ့မယ္။"

"မင္းႀကီး နားလိုက္ပါဦး။ မင္းႀကီးကို ကြ်န္ေတာ္မ်ိဳးကဗ်ာရြတ္ျပမယ္။"

ေတးဟာခန္သည္ ကမာရြတ္ျပသည့္ကဗ်ာကို နားေထာင္ျပီး အိပ္ေပ်ာ္သြားေတာ့သည္။ ခရီးပန္း ေသာ္လည္း မင္းႀကီးသည္ကမာနွင့္အတူေနခြင့္ရေသာေႀကာင့္ စိတ္ေအးခ်မ္းျပီး တျဖည္းျဖည္းနွင့္ အအိပ္၊ အစားမွန္လာသည္။

တင္တက္ရင္သည္ တခါတရံ မင္းႀကီး၏ ရထားလံုးနားကပ္လာခ်ိန္တြင္ ကမာ၏ ကဗ်ာရြတ္သံကို ႀကားရေသာအခါ ရင္၀ယ္လြမ္းဆြတ္ျခင္းက လိႈက္တက္လာသည္။ ညီေလးနွင့္တစ္ခရီးတည္း သြားေနေသာ္လည္း မ်က္နွာေလးပင္ေတြ႕ခြင့္မရေသာ ဘ၀။ ေတြ႕ေသာ္လည္း စကားေျပာခြင့္မရ သည့္ဘ၀တြင္ တင္တက္ရင္ အသက္ရႈမ၀သလိုခံစားေနရသည္။

မင္းႀကီးနွင့္အတူတြဲကာ အေညာင္းေျပလမ္းေလွ်ာက္ေနသည္ကို အေ၀းမွႀကည့္ျပီး တင္တက္ရင္ ရင္ထဲနာလာသည္။ မင္းႀကီးက ကမာ့လက္ေလးကို ဖ်စ္ညစ္ေနျပီး ျပံဳးရယ္စကားေျပာေနသည္ကို ေတြ႕ေသာ စိတ္တို႕ေပါက္ကြဲခ်င္လာသည္။

တင္တက္ရင္သည္ တတ္နို္င္သေလာက္ကမာကို ေရွာင္သည္။ သူတို႕မ်က္စိေရွ႕မသြားမိေအာင္ ေနသည္။ ကမာကို မေတြ႕ရလည္းမေနနိုင္ေပ။ အကြယ္မွ ခုိုးခိုးႀကည့္ကာ မင္းႀကီးက ကမာကို နမ္း ေနသည္ကို ေတြ႕ေတာ့ ကိုယ့္မ်က္လံုးကိုယ္ထိုးေဖာက္ခ်င္စိတ္ေပါက္သြားမိသည္။

ကမာသည္ မိမိတို႕ခရီးကို အကိုႀကီးကိုယ္တိုင္ႀကီးႀကပ္ရမည္ဆိုေတာ့ ႀကိတ္ျပီး၀မ္းသာေနမိသည္။ မင္းႀကီးကို ခရီးထြက္ေအာင္ ေခ်ာ့ေျပာျပီးေနာက္ပိုင္း မိမိေဘးမင္းႀကီးကို တစ္ဖ၀ါးမွမခြာေအာင္ ထိန္းထားရန္ အကိုေလးနွင့္ အမတ္ခ်ဳပ္ႀကီးကမွာထားေသာေႀကာင့္ ကမာ မင္းႀကိီးကို ေစာင့္ႀကပ္ေန ရသည္။
ခရီးထြက္လာေတာ့ မင္းႀကီးအိပ္ေပ်ာ္ခ်ိန္ အကိုႀကီးနွင့္သြားေတြ႕ရန္ ေစာင့္ေနေသာ္လည္း အကိုႀကီးက မိမိအနားကို လံုး၀မလာခဲ့ေပ။ အခုလည္း မင္းႀကီးက မိမိပါးကို နမ္းလိုက္ခ်ိန္တြင္ အလိုလိုသိစိတ္ျဖင့္ ျခံဳကြယ္တစ္ခုကို လွမ္းႀကည့္မိစဥ္ အကိုႀကီးကိုေတြ႕ေသာ္ အံံ့ႀသသြားသည္။ အထူးသျဖင့္ အကိုႀကီး၏ ေ၀ဒနာတခုကို ေအာင့္ခံေနသည့္မ်က္၀န္းမ်ားက ကမာကို တုန္လႈပ္သြား ေစသည္။
အကိုႀကိီး ဘာေႀကာင့္ မိိမိကို ဒီလိုမ်က္၀န္ျဖင့္ႀကည့္သည္ကို နားမလည္ေတာ့ေပ။ မင္းႀကီး၏ အဖက္ အနမ္းမ်ားကို ေယာက်ာ္းတန္မယ့္ျဖင့္ခံေနလို႕စိတ္ဆိုးတာလားဟု ထင္ကာ ၀မ္းနည္းသြားသည္။

အကိုႀကီးက ကမာကို ေဒါသမ်က္၀န္းျဖင့္ ႀကည့္ကာ လွည့္ထြက္သြားေတာ့ကမာ ရင္ထဲ ဟာ ခနဲ ျဖစ္သြားသည္။
"အကိုႀကီး ကြ်န္ေတ္ာကို မမုန္းလိုက္ပါနဲ႕ဗ်ာ။"

ကမာ စိတ္ထဲမွ တိတ္တိတ္လွမ္းေျပာလိုက္မိသည္။ လက္ေတြ႕တြင္ မင္းႀကီးအနမ္းကို မရုန္း၀ံ့ပါ။ မင္းႀကီးကို စိတ္ခ်မ္းသာေအာင္ထားရမည္ မဟုတ္လား။

~ ဆက္ရန္

================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၇)

တင်တက်ရင်သည် ကမာများအိမ်ကို လာမလားဟုမျှော်နေမိသည်။ သို့သော် ကမာ ၃ ရက်တိတိပေါ် မလာခဲ့ပါ။ မင်းကြီးလည်း ညီလာခံမတက်ပေ။ တင်တက်ရင် စိတ်မတည်မငြိမ်ဖြစ်ရလေပြီ။ ညီလေး များလာမလားလို့ အိမ်ဝသို့မကြာမကြာလှမ်းလှမ်းကြည့်နေသဖြင့် အိမ်တော်ထိန်းကြီးပင် သတိ ထားမိသွားသည်။
"သခင်ကြီး...သခင်လေးကို မျှော်နေတာလား။"

တင်တက်ရင်သည် အိမ်တော်ထိန်းကြီး၏စကားကြောင့် သတိဝင်လာသည်။ မျက်နှာမသာမယာဖြင့် ခေါင်းယမ်းကာ အပြင်သို့ထွက်သွားသည်။ တင်မော်ရင် အိမ်ပြန်လာတော့ နောင်တော်ကြီးပြန်လာပြီ လားဟု အိမ်တော်ထိန်းကိုမေးလိုက်သောအခါ ပြန်ထွက်သွားကြောင်းသိသွားသဖြင့်ခေါင်းကို ယမ်းမိ သည်။

"နောင်တော် ဘယ်ထွက်သွားပြန်လဲ မသိဘူး။ အိမ်တော်ထိန်းကြီး ညကျရင် နောင်တော်ကို အရက်ဆိုင်တွေမှာလိုက်ရှာလိုက်ဦး။"

"ဟုတ်ကဲ့ပါ သခင်လေး။"

တင်မော်ရင်သည် ကမာကြောင့် နောင်တော် ခံစားနေရမှန်း သိကာအကောင်းဆုံးဘယ်လိုလုပ်ပေး ရမည်ကို စဉ်းစားကာ အကြံထုတ်နေမိသည်။ ယခုလို မင်းကြီးရောဂါထနေချိန်တွင် ကမာ မင်းကြီး ဘေးမှ ခွာနိုင်မည်မဟုတ်ပေ။ မခွာတာပဲကောင်းသည်။ မင်းကြီးကို ကမာထိန်းနိုင်မှ၊ မဟုတ်လျှင် နန်းတော်အတွင်း မင်းကြီး မှားယွင်းသောဆုံးဖြတ်ချက်များကိုဆက်တိုက်ချမှတ်ပေလိမ့်မည်။ ထို့ကြောင့် အမတ်ချုပ်ကြီးနှင့်တိုင်ပင်ကာ ကမာ့အဆောင်မှ မင်းကြီးဘယ်မှ မသွားအောင် ထိန်းထား ခိုင်းခြင်းဖြစ်သည်။ ဒါကို နောင်တော်သိအောင်ပြောမှဖြစ်မည်။ မိမိတို့ညီလေး ကမာက တိုင်းပြည်တာဝန်ကို တဖက်တလမ်းမှ ထမ်းနေသည်မဟုတ်လား။

တင်တက်ရင် ဆိုင်ပိတ်ချိန်ထိသောက်နေရာ ဆိုင်ရှင်လည်း ဘာမှမပြောဝံ့ပဲ ကြည့်နေရသည်။ နာမည်ကြီး စစ်သူကြီးကို မိမိတို့ ဆိုင်ပိတ်တော့မည်ဟုပြောပြီး ဘယ်လိုမောင်းထုတ်ဝံ့မည်နည်း။

"သခင်ကြီး...သခင်လေး ရှာခိုင်းလိုက်ပါတယ်။"

"ငါ သောက်လို့မဝသေးဘူး။ ပြီးမှ ပြန်လာမယ်။"

အိမ်တော်ထိန်းက အရိုအသေပေးကာ တိုးတိုးပြောလိုက်သည်။
"သခင်လေး ကမာအကြောင်းပြောစရာရှိလို့ ခေါ်ခိုင်းလိုက်တာပါ သခင်ကြီး။"

ကမာ့ နာမည်ကြားသည်နှင့် တင်တက်ရင် သောက်လက်စအရက်ခွက်ကိုချကာ လိုက်လာခဲ့သည်။ ထိုအခါမှ ဆိုင်ရှင်က ကပျာကယာ ဆိုင်သိမ်းရတော့သည်။ တင်တက်ရင်သည် အိမ်တော်သို့ ရောက်သော် တင်မော်ရင် စောင့်နေသည်ကိ ုတွေ့လိုက်ရသည်။

"ကမာ ဘာဖြစ်လို့လဲ မော်ရင်"

"နောင်တော် အေးအေးဆေးဆေးထိုင်ပါဦး။ အမတ်ချုပ်ကြီးရဲ့ ဆုံးဖြတ်ချက်အရ မင်းကြီးရဲ့ ရောဂါ နည်းနည်းသက်သာလာတာနဲ့ မင်းကြီးအတွက် အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပါလိမ့်မယ်။ အဲ့ခရီးကို နောင်တော် တာဝန်ယူရမှာပါ။ "

"ကမာလည်းပါမှာလား။"

"ပါမှာပါ နောင်တော်။ အခုတောင် ကမာက မင်းကြီးကို ဆေးသောက်ဖို့ ဖြောင့်ဖြထားရတာ။ မင်းကြီး က လက်ထောက်သမားတော် ကျူးကိုသတ်လိုက်တာ ရောဂါနည်းနည်းဖောက်နေလို့ပါ။"

တင်တက်ရင်စိုးရိမ်သွားသည်။ မင်းကြီး အသိစိတ်ပျောက်ပြီးကမာလေးကို ရန်မရှာနိုင်ဘူးလား။

"ကမာ မင်းကြီးဘေး နေလို့ဖြစ်ပါ့မလား မော်ရင်။ တော်ကြာ..."

တင်မော်ရင် ပြတ်သားစွာပြေလိုက်သည်။
"မင်းကြီးကို ထိန်းနိုင်တာ ကမာပဲရှိတယ် နောင်တော်။ အရင်နှစ်တွေတုန်းက တခါဖောက်ရင် တပတ်ကြာတာ။ အခု ၃ ရက်နဲ့ သက်သာလာတယ်။ မင်းကြီးက ကမာကို အရမ်းချစ်တော့ ကမာ ဘာပြောပြောလက်ခံတယ်။ ဒါကြောင့် နောက်၃ ရက်ဆိုရင် မင်းကြီးရဲ့ လျှို့ဝှက်ခရီးစဉ် စမယ်။ လျှို့ဝှက်စစ်တပ်ကို နောင်တော်ပဲ အမိန့်ပေးထိန်းချုပ်ပြီး လိုက်ပါစောင့်ရှောက်ရမယ်။"

"အဲ့ဒီတပ်ကို မင်းကြီးပဲထိန်းတာ မဟုတ်လား။ "

"ဟုတ်တယ်။ အမိန့်ပေးတံဆိပ်ကို မင်းကြီးကိုယ်တိုင် နောင်တော်ကို ပေးအပ်မှာပါ။ "

တင်တက်ရင်က ငြင်းလိုက်သည်။
"အခြားလူကို တာဝန်ပေးလိုက် မော်ရင်။ ငါ မသွားချင်ဘူး။"

"ကမာကို သတ်ချင်တဲ့သူတွေများတယ် နောင်တော်။ ပြီးတော့ မင်းကြီးအသက်ကို နောင်တော်ပဲ ကာကွယ်ပေးနိုင်မှာ။ အမတ်ချုပ်ကြီးရဲ့ အမိန့်ပါ။ "

တင်တက်ရင်သည် မိမိမျက်စိရှေ့တွင် ကမာနှင့် မင်းကြီးကယုကယင် ချစ်တုံ့တင်နေမည်ကို မကြည့် နိုင်ပါ။ သို့သော် မော်ရင်ပြောတာမှန်သည်။ မိမိကလွဲရင် ဘယ်သူ့လက်ထဲမှ ကမာကို စိတ်မချနိုင်ပါ။ ထို့ကြောင့် တင်တက်ရင် ပင့်သက်ရှိုက်ကာ လက်ခံလိုက်သည်။

တင်တက်ရင်သည် နောက်တနေ့တွင် အမတ်ချုပ်ကြီးနှင့်တွေ့ကာ မင်းကြီးသွားမည့် ခရီးစဉ်ကို အသေးစိတ်တိုင်ပင်သည်။ လိုသည်ကို စီစဉ်ထားသည်။ လုံခြုံရေး။ အပန်းဖြေအိမ်တော်။ မင်းကြီးရဲ့ ကျန်းမာရေးအတွက်သမားတော် အုပ်စု၊ လက်ရွေးစင်သက်တော်စောင့်များ။ ထို့ပြင် လမ်းကြောင်း လုံခြုံရေး စသည်တို့ကို အသေးစိတ်စီစဉ်ကာ ကြိုတင်လုပ်ဆောင်ရသည်။

ခရီးထွက်ခါနီး တစ်ညအလိုတွင် မင်းကြီးအဆောင်သို့ ဆင့်ခေါ်လို့သွားရသည်။ မင်းကြီးက မျက်နှာ အနည်းငယ် ချောင်ကာ နွမ်းနယ်နေပုံရသည်။ သို့သော် စိတ်နည်းနည်းကြည်လာပုံရသည်။
တင်တက်ရင်နှင့်အတူု အမတ်ချုပ်ကြီးလည်းပါသည်။ ထို့ပြင် လျှို့ဝှက်စစ်တပ်မှ တပ်မှုးကြီးလည်း ရောက်နေသည်။
မင်းကြီးက တင်တက်ရင်ကို တွေ့သော် အမိန့်ပေးတံဆိပ်ကို လှမ်းပေးကာ ပြောလိုက်သည်။

"ကိုယ်တော်ရဲ့ တံဆိပ်ပြားကို မင်းလက်အပ်လိုက်ပြီနော် တင်တက်ရင်။ ကိုယ်တော်နဲ့ ကမာရဲ့ အသက်ကို စောင့်ရှောက်ပေးပါ။"
"အမိန့်အတိုင်းပါ မင်းကြီး။ ကျွန်တော်မျိုး အသက်နဲ့ လဲပြီး အရှင်နှစ်ပါး ဘေးကင်းအောင် ကာကွယ်ပါ့မယ်။ "

တေးဟာခန် ပြုံးကာ လျှို့ဝှက်တပ်မှ တပ်မှုးကြီးကို ပြောလိုက်သည်။

"တပ်မှုးကြီး အခု မောင်မင်းတို့ စစ်တပ်ကို ထိန်းချုပ်အမိန့်ပေးခွင့်က စစ်သူကြီးတင်တက်ရင် လက်ထဲရောက်သွားပြီ။ မောင်မင်း စစ်သူကြီးရဲ့ အမိန့်ကို တသွေမတိန်းနာခံပါ။ "

"မှန်လှပါ။"

တင်တက်ရင်သည် အမိန့်ပေးတံဆိပ်ပြားကို လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး မင်းကြီးကို အရိုအသေပေးလိုက်သည်။
မင်းကြီးက အမတ်ချုပ်ကြီးဘက်လှည့်ကာ

"ဦးရီးတော်... ကိုယ်တော်မရှိခိုက် တိုင်းပြည်ကို ကောင်းကောင်းအုပ်ချုပ်ထားလိုက်ပါ။ မယ်တော်ကြီး ကို သင့်တော်သလိုပဲ ပြောထားလိုက်ပါ။ ကျန်တဲ့သူ ဘယ်သူမှ မသိအောင်ဖုံးထားပါ ဦးရီးတော်။"

"မှန်လှပါ မင်းကြီး။"

"ဒါဆို သွားကြတော့။ ကိုယ်တော် နားချင်ပြီ။"

သုံးယောက်သား မင်းကြီးကို အရိုအသေပေးကာ ထွက်လာခဲ့သည်။ အဆောင်အပြင်ရောက်မှ အမတ်ကြီးက တင်တက်ရင်ကို ခရီးစဉ်အတွက် လျှို့ဝှက်စစ်သည်ကို တာဝန်ပေးဖို့ပြောလိုက်သည်။

တင်တက်ရင်နှင့် လျှို့ဝှက်စစ်တပ်မှတပ်မှုးထွက်သွားပြီး လူရွေးသည်။ မိမိစိတ်တိုင်းကျလူများကို ရွေးကာ လုံခြုံရေးအတွက် တာဝန်ချထားသည်။ တင်တက်ရင်သည် ယခုမှ လျှို့ဝှက်စစ်တပ်မှ ဌာနချုပ်ကို ရောက်ဖူးသည်။ ဒီတပ်သားများက လူသားခံစားချက်ထက် အမိန့်နာခံဖို့ကို ငယ် ကတည်းက ကျင့်ထားသူများဖြစ်သည်။ လေလွင့်လူငယ်များကို သင်းကာ လူသတ်ဖို့သီးသန့် သင်ကြားထားသည်။ သူတို့မျက်လုံးများက ကျောက်ရုပ်လို ခံစားချက်ကင်းမဲ့သည်။ အမိန့် တံဆိပ်ပြား ပိုင်ဆိုင်သူ၏ အမိန့်ကိုသာနာခံသည်။
တပ်သားတစ်ဦး၏ အတိုက်အခိုက်စွမ်းရည်က မိမိတပ်သား ၃ ယောက်၏ တိုက်ခိုက်စွမ်းရည်နှင့်ညီမျှ သည်။ သူတို့မှာ ကြောက်သည်ဆိုတာလည်းမရှိ။ ကိုယ့်ကို ထိခိုမှာစိုးသည်ဆိုသည့် စိတ်လည်းမရှိ။ သူတို့သိသည်က တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်ရမည်။ အမိန့်ပြားကိုင်ထားသူ၏ အမိန့်ကို နာခံရမည်။

တင်တက်ရင် သည် နန်းတော်လုံခြုံရေးအတွက်လည်း သေချာစီမံရသည်။ မိမိစစ်တပ်ကို နေပြည်တော်တွင် လျှို့ဝှက်ချထားသည်။ မိမိလက်ထောက်များကို သေချာမှာထားသည်။ ထို့နောက် မင်းကြိးနှင့်ကမာ၏ခရီးအတွက် စတင်ရတော့သည်။

ကမာသည် မင်းကြီးနှင့်အတူူ ရထားလုံးထဲ အတူထိုင်ရင်း မင်းကြီးကို အဖော်ပြုနေသည်။ မင်းကြီးက ကမာ၏ ရင်ခွင်တွင် မှီကာ မှိန်းနေသည်။

"ကမာလေး... မင်း နန်းတော်ထဲမှာ ဘာကြောင့် မနေချင်ရတာလဲ။"

"ကျွန်တော်မျိုး မင်းကြီးရှိတဲ့ဘယ်နေရာမဆို နေချင်ပါတယ် မင်းကြီး။ နန်းတော်ထဲမှာဆိုရင် မင်းကြီး ကိုယ်စိတ်နှစ်ပါး မနားရလို့ ကျွန်တော်မျိုး မင်းကြီးနဲ့ အတူခရီးထွက်ဖို့ပူဆာရတာပါ။ "

"မင်း ကို ကိုယ်တော် အတင်းသိမ်းပိုက်ခဲ့တာ မင်း ကိုယ်တော့်ကို မမုန်းဘူးလား။"

"မမုန်းပါဘူး။ မင်းကြီးက ကျွန်တော်မျိုးကို လိုလေသေးမရှိ ထားခဲ့တာပဲ။ ကျွန်တော်မျိုး မင်းကြီးရဲ့ အချစ်ကို ဘယ်လို ဥပက္ခာမပြုရက်ပါဘူး။ မင်းကြိးအတွက် ကျွန်တော်မျိုးက သစ္စာရှိ အလုပ်ကျွေး ဖြစ်နိုင်အောင် ကြိုးစားပါ့မယ်။"

တေးဟာခန်သည် ကမာ၏ စကားကြောင့် မျက်လုံးဖွင့်ကြည့်ကာ စူးစမ်းဟန်စိုက်ကြည့်သည်။ ကမာ့ မျက်လုံးများက ပကတိရိုးသားလျက်ရှိသည်။ ထို့ပြင် မိမိအပေါ်တကယ် စေတနာထားဟန်ပေါ် နေဖြင့် မင်းကြီးက ထထိုင်ကာ ကမာကို တောင်းပန်လိုက်သည်။

"ကမာလေး ကိုယ်တော် တောင်းပန်ပါတယ်။ ကိုယ်တော် မင်းလက်ကိုဆွဲလို့ သမားတော်လေးကို သတ်မိန့်ပေးလိုက်မိတယ်။ ကိုယ်တော် မင်းကို ချစ်လွန်းလို့ အသိစိတ်လွတ်သွားတယ်။ မင်းကို ချစ်လွန်းလို့ကိုယ်တော့်စိတ်ကို ကိုယ်တော်ထိန်းလို့မရလိုက်ဘူး။ တောင်းပန်ပါတယ်ကမာလေး."

ကမာ မင်းကြီး၏ ဝန်ခံစကားကြောင့် ဝမ်းနည်းသွားသော်လည်း အပြုံးမျက်နှာလေးဖြင့် နှစ်သိမ့်လိုက်သည်။

"မင်းကြီးအခုလို ဖွင့်ပြောလို့ ကျွန်တေ်ာမျိုး အရမ်းဝမ်းသာမိပါတယ် အရှင်။ မင်းကြီးကို အပြစ်မတင်ပါဘူး။ ကျွန်တေ်ာမျိုးကို အရမ်းအလေးအနက်ထားလို့ဆိုတာ သိပါတယ်။"

တေးဟာခန်သည် ကမာ့ကိုယ်လေးကို ဖက်ကာပြောလိုက်သည်။

"တောင်းပန်ပါတယ် ကမာလေးရယ်။"

"မင်းကြီးကိုလေ ကျွန်တော်မျိုးက အကြင်နာတရားကြီးမားတဲ့ ဘုရင်တစ်ပါးဖြစ်စေချင်တယ်။ စိတ်ချပါ။ မင်းကြီးအနားမှာ မင်းကြီးမောင်းမထုတ်သရွေ့ ကျွန်တော်မျိုး အလုပ်အကျွေးပြုမှာပါ။"

"တကယ်လား။ ကိုယ်တော့ဘေးမှာ ကမာ တကယ်နေမှာလား။"

"နေမှာပါ မင်းကြီး။ မင်းကြီးဘေးမှာ ပါရမီဖြည့်ဖက်နဲ့ နေမှာပါ။ မင်းကြီးလည်း တိုင်းသူပြည်သား တွေအတွက် အကြင်နာတရားကြီးတဲ့ ဘုရင်ဖြစ်အောင်နေပေးပါနော်။"

"စိတ်ချပါကွယ်။ကိုယ်တော် ဘယ်တော့မှ လူထပ်မသတ်တော့ပါဘူး။ မင်းစိတ်တိုင်းကျ နေပါ့မယ်။"

"မင်းကြီး နားလိုက်ပါဦး။ မင်းကြီးကို ကျွန်တော်မျိုးကဗျာရွတ်ပြမယ်။"

တေးဟာခန်သည် ကမာရွတ်ပြသည့်ကဗျာကို နားထောင်ပြီး အိပ်ပျော်သွားတော့သည်။ ခရီးပန်း သော်လည်း မင်းကြီးသည်ကမာနှင့်အတူနေခွင့်ရသောကြောင့် စိတ်အေးချမ်းပြီး တဖြည်းဖြည်းနှင့် အအိပ်၊ အစားမှန်လာသည်။

တင်တက်ရင်သည် တခါတရံ မင်းကြီး၏ ရထားလုံးနားကပ်လာချိန်တွင် ကမာ၏ ကဗျာရွတ်သံကို ကြားရသောအခါ ရင်ဝယ်လွမ်းဆွတ်ခြင်းက လှိုက်တက်လာသည်။ ညီလေးနှင့်တစ်ခရီးတည်း သွားနေသော်လည်း မျက်နှာလေးပင်တွေ့ခွင့်မရသော ဘဝ။ တွေ့သော်လည်း စကားပြောခွင့်မရ သည့်ဘဝတွင် တင်တက်ရင် အသက်ရှုမဝသလိုခံစားနေရသည်။

မင်းကြီးနှင့်အတူတွဲကာ အညောင်းပြေလမ်းလျှောက်နေသည်ကို အဝေးမှကြည့်ပြီး တင်တက်ရင် ရင်ထဲနာလာသည်။ မင်းကြီးက ကမာ့လက်လေးကို ဖျစ်ညစ်နေပြီး ပြုံးရယ်စကားပြောနေသည်ကို တွေ့သော စိတ်တို့ပေါက်ကွဲချင်လာသည်။

တင်တက်ရင်သည် တတ်နိုင်သလောက်ကမာကို ရှောင်သည်။ သူတို့မျက်စိရှေ့မသွားမိအောင် နေသည်။ ကမာကို မတွေ့ရလည်းမနေနိုင်ပေ။ အကွယ်မှ ခိုးခိုးကြည့်ကာ မင်းကြီးက ကမာကို နမ်း နေသည်ကို တွေ့တော့ ကိုယ့်မျက်လုံးကိုယ်ထိုးဖောက်ချင်စိတ်ပေါက်သွားမိသည်။

ကမာသည် မိမိတို့ခရီးကို အကိုကြီးကိုယ်တိုင်ကြီးကြပ်ရမည်ဆိုတော့ ကြိတ်ပြီးဝမ်းသာနေမိသည်။ မင်းကြီးကို ခရီးထွက်အောင် ချော့ပြောပြီးနောက်ပိုင်း မိမိဘေးမင်းကြီးကို တစ်ဖဝါးမှမခွာအောင် ထိန်းထားရန် အကိုလေးနှင့် အမတ်ချုပ်ကြီးကမှာထားသောကြောင့် ကမာ မင်းကြီးကို စောင့်ကြပ်နေ ရသည်။
ခရီးထွက်လာတော့ မင်းကြီးအိပ်ပျော်ချိန် အကိုကြီးနှင့်သွားတွေ့ရန် စောင့်နေသော်လည်း အကိုကြီးက မိမိအနားကို လုံးဝမလာခဲ့ပေ။ အခုလည်း မင်းကြီးက မိမိပါးကို နမ်းလိုက်ချိန်တွင် အလိုလိုသိစိတ်ဖြင့် ခြုံကွယ်တစ်ခုကို လှမ်းကြည့်မိစဉ် အကိုကြီးကိုတွေ့သော် အံံ့သြသွားသည်။ အထူးသဖြင့် အကိုကြီး၏ ဝေဒနာတခုကို အောင့်ခံနေသည့်မျက်ဝန်းများက ကမာကို တုန်လှုပ်သွား စေသည်။
အကိုကြီး ဘာကြောင့် မိမိကို ဒီလိုမျက်ဝန်ဖြင့်ကြည့်သည်ကို နားမလည်တော့ပေ။ မင်းကြီး၏ အဖက် အနမ်းများကို ယောကျာ်းတန်မယ့်ဖြင့်ခံနေလို့စိတ်ဆိုးတာလားဟု ထင်ကာ ဝမ်းနည်းသွားသည်။

အကိုကြီးက ကမာကို ဒေါသမျက်ဝန်းဖြင့် ကြည့်ကာ လှည့်ထွက်သွားတော့ကမာ ရင်ထဲ ဟာ ခနဲ ဖြစ်သွားသည်။
"အကိုကြီး ကျွန်တေ်ာကို မမုန်းလိုက်ပါနဲ့ဗျာ။"

ကမာ စိတ်ထဲမှ တိတ်တိတ်လှမ်းပြောလိုက်မိသည်။ လက်တွေ့တွင် မင်းကြီးအနမ်းကို မရုန်းဝံ့ပါ။ မင်းကြီးကို စိတ်ချမ်းသာအောင်ထားရမည် မဟုတ်လား။

~ ဆက်ရန်




Olvasás folytatása

You'll Also Like

1.4M 240K 110
Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanma...
182K 9.5K 56
တိုင္းျပည္နဲ႕လူမ်ိဳးကိုဆံုးရံႈးခဲ့တဲ့ နွင္းျမိဳ႕ေတာ္က မင္းသားေလး ကမာအာဇမာန္ကို ညီရင္းလိုျပဳစုပ်ိဳးေထာင္ေပးရင္း မထင္မွတ္ပဲ အခ်စ္ႀကီးခ်စ္မိသြားတဲ့ စစ္သ...
468K 48.8K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
32K 2.7K 47
Supernatural Fiction.White Frozen GOD and handsome masculine prince met with reasons.