မုန္တိုင္းမ်ား၏အရွင္သခင္ Seas...

By MayKingMK119

341K 21K 199

Zawgyi+Unicode Font ၂ မ်ိဳးလံုးနဲ႕ တင္ထားပါတယ္။ တာတာအရိုင္းစိုင္းမ်ားေႀကာင့္ ပ်က္သုဥ္းခဲ့ရတဲ့ နွင္းျမိဳ႕ေတာ္... More

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၂)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၃)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၆)ဇာတ္သိမ္းပုိင္း(Z+U)
မုန္တိုင္းမ်ား၏ အရွင္သခင္ - Season II

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၈)

5.5K 409 1
By MayKingMK119

မုန္တိုင္းမ်ား၏အရွင္သခင္
အပိုင္း (၁၈)

လမ္းတြင္ အစားစားခ်ိန္္လည္း လံုး၀မနားေပ။ စခန္းတခုနွင့္တခု ျမင္းသာလဲျပီး လူမ်ားက ဆက္တိုက္ ခရီးႏွင္ႀကသည္။ ကမာလညး္ ရထားေပၚတြင္အစာစားသည္။ အေပ့ါအပါးအတြက္ခဏရပ္သည္ကလြဲ ရင္ ၃ ရက္လံုးလံုးခရီးႏွင္ရင္း ေနာက္ဆံုး ျမက္ခင္းမ်ားသာရွိသည့္ နယ္ေျမကိုေရာက္လာခဲ့သည္။
မယ္ေတာ္ႀကီး၏ စစ္သည္ေတာ္မ်ားက ကမာကို ေတာင္ကုန္းတစ္ခုရွိ မ်ိဳးႏြယ္စုတစ္စုတြင္ပို႕ေပးကာ ခ်က္ခ်င္းျပန္ထြက္သြားႀကသည္။ မိမိမသိေသာ လူစိမ္းမ်ားအလည္တြင္ ကမာ ဟိုဟုိသည္သည္ ႀကည့္ကာ က်န္ရစ္ခဲ့သည္။ ကမာမွာ ေညာင္းလြန္းလို႕ လဲကာအိပ္ခ်လိုက္ခ်င္ေတာ့သည္။
"သခင္ေလး ကမာ.."
ကမာ မိမိအမည္ကို ေခၚသံႀကားေတာ့ ၀မ္းသားသြားသည္။ အကိုႀကီးနွင့္ နွင္းေတာင္ဘက္သို႕ စစ္ခ်ီထြက္ဖူးေသာ အကိုႀကီး၏ လူယံုစစ္သည္ေတာ္ႀကိီးကို ေတြ႕ေသာ္အားတက္သြားသည္။

"သခင္ေလး ႀကြပါ။ သခင္ႀကီးက သခင္ေလးေနမယ့္ေနရာအတြက္ အေသးစိတ္ျပင္ဆင္ေပးထား ပါတယ္။"
ညေမွာင္ေမွာင္တြင္ ကမာ စစ္သည္ေတာ္ေခၚသည့္ ေနရာသို႕ေရာက္လာခဲ့သည္။ ရြာ၏ အစြန္းဘက္ ေတာင္ကုန္းေလးထိပ္ရွိ သစ္လံုးအိမ္ေလးက ေသးငယ္ေသာ္လည္းသပ္ရပ္ကာ အိမ္ထဲတြင္ ပရိေဘာက အစံုထားေပးထားသည္။ အေငြ႕တေထာင္းေထာင္းနွင့္ညစာလည္း အသင့္ရွိသည္။

"သခင္ေလး ညေနစာ သံုးေဆာင္ပါဦး။ ျပီးရင္ ေရေႏြးေႏြးခ်ိဳးျပီး အနားယူလိုက္ပါ။"

ကမာသည္ စစ္သည္ေတာ္ႀကီးေျပာသည့္အတိုင္း စားေသာက္လိုက္သည္။ ေဒသစာလတ္လတ္ ဆတ္ဆတ္ မ်ားက ခံတြင္းေတြ႕လွသည္။
"ဦးေလး ရဲမတ္ႀကီး အကိုႀကီးတို႕ အေႀကာင္းႀကားခ်င္ရင္ ဘယ္လိုလုပ္ရလဲ.."
ရဲမတ္ႀကီးက ေခါင္းယမ္းကာ
"ဒီမွာ ဘာသတင္းမွ မရနိုင္ဘူး။ ေန႕တ၀က္စာေ၀းတဲ့ နယ္စပ္ကိုသြားစံုစမ္းမွ သိနုိင္မယ္ သခင္ေလး။ သခင္ႀကီးက သခင္ေလးကို ဒီရြာကေန ဘယ္မွမထြက္ဖို႕မွာထားတယ္။"
ကမာ သက္ျပင္းရွိုက္လိုက္သည္။ လူလည္းပင္ပန္းလွျပီျဖစ္လို႕ ဘာမွ ဆက္မေမးေတာ့ပဲ ေရခ်ိဳးကာ တခါတည္းအိပ္ေပ်ာ္သြားေတာ့သည္။

"အကိုႀကီး...အကိုေလး....ဟင့္အင္း... မင္းႀကီး မသတ္ပါနဲ႕...."

"သခင္ေလး ကမာ...သခင္ေလး...."
ကမာသည္ မိမိကို လႈပ္နိုးလိုက္သံႀကားမွ နိုးလာခဲ့သည္။အကိုႀကီးတို႕ကို မိမိစိတ္စြဲကာ အိပ္မက္မက္ ေနမိျခင္းျဖစ္သည္။
ရဲမတ္ႀကီးက ႀကင္နာစြာျဖင့္ အားေပးသည္။
"သခင္ေလး စိတ္မပူပါနဲ႕။ မင္းႀကီးက အရူးမွမဟုတ္တာ။သူ႕ရဲ႕ အေတာ္ဆံုးစစ္သူႀကီးကို သတ္ပစ္မွာ မဟုတ္ပါဘူး။"
ကမာ စိတ္ေတာ့မခ်ပါ။ မင္းႀကီး၏ မ်က္၀န္းက မိမိအေပၚအရမ္းနက္ရွိုင္းလြန္းသည္ဆိုေတာ့ ေနာင္ေတာ္ တို႕ကို တခုခုရန္ျပဳမွာစိုးလွသည္။

"မင္းႀကီးက စိတ္လိုက္မာန္ပါ လုပ္တတ္တယ္။"
ကမာ တီးတိုးေျပာလိုက္မိသည္။ ရဲမတ္ႀကီးက ထပ္ျပီး အားေပးသည္။

"အမတ္ႀကီးနဲ႕မင္းႀကီးက ငယ္သူငယ္ခ်င္းပါ သခင္ေလး။ စိတ္ခ်ပါ။ မင္းႀကီးက အမတ္ႀကီးကို တကယ့္ ညီအစ္ကို လိုခ်စ္တာပါ။ အမတ္ႀကီးကို ဘယ္လိုမွ အသက္ကိုရန္ရွာမွာမဟုတ္ပါဘူး။"
ကမာမယံုမရဲျဖင့္ ေနလိုက္ရသည္။ ျမက္ခင္းပင္လယ္၏အနားသတ္တြင္ရွိေသာ ေတာင္ကုန္းေလး ျဖစ္ေသာေႀကာင့္ ေနထြက္လာသည္ကို ေစာေစာျမင္ရသည္။ ေတာက္ပေသာ ေနျခည္ေႏြးေႏြးျဖာက် ခိ်န္တြင္ မိန္းမမ်ားက သိုးေက်ာင္းထြက္သည္။ အသက္ႀကီးသူမ်ားက အိမ္တြင္ခ်က္ျပဳတ္သည္။ ေယာက်္ားမ်ားက အမဲလိုက္ထြက္သည္။
ကမာလည္း ၂ ရက္ေလာက္အနားယူျပီးေနာက္ ထိိုရြာသားမ်ားနွင့္အတူလိုက္ကာ အမဲလိုက္သည္။
က်ယ္ျပန္႕ေသာျမက္ခင္းျပင္ႀကီးက ကမာကို မဆံုးနိုင္ေသာပံုျပင္ကို ေျပာျပေနသည္။ ေဒသစကားကို ကမာသင္သည္။ ဥာဏ္ေကာင္းကာ ဘာသာစကားတတ္လြယ္ေသာကမာသည္ တစ္လခန္႕တြင္ အေတာ္အသင့္ေျပာတတ္ေနျပီ။ ကေလးမ်ားက ကမာကို ပိုခင္တြယ္ကာ အေနာက္မွ တေကာက္ ေကာက္လိုက္ကာ အတူကစားႀကသည္။ တကယ္လည္းကမာက ကေလးစိတ္ပင္ ေကာင္းေကာင္ းမေပ်ာက္ခ်င္ေသးေပ။ နွင္းျမိဳ႕ေတာ္ မပ်က္စီးခင္က ကေလးမ်ားနွင့္ကမာ အျမဲကစား ေလ့ရွိသည္ မဟုတ္လား။ ကမာ့ေနာက္တြင္ ညီေလး ေဟဇယ္အျမဲပါသည္။
ကမာသည္ အကိုႀကီးစီစဥ္ေပးသည့္ေနရာတြင္ ေနသားက်လို႕ေနျပီ။ ဘာလိုလုိနွင့္ကမာေရာက္ လာတာ ၃ လပင္ရွိေလျပီ။ ကမာအသားမ်ားလည္း ေနေလာင္ကာ နီလာျပီ။ ကေလးမ်ားကလည္း ကမာကို လူစိမ္းဆိုတာထက္ သူတို႕ရြာသားဟု ထင္မွတ္ေနႀကျပီ။ ကမာလည္း အကိုႀကီးတို႕ကို စိတ္မခ်သည္ကလြဲရင္ အရမ္းကို သာယာေသာဘ၀ေလးကိုပိုင္ဆိုင္ေနရသည္။
ရြာသူအေခ်ာအလွေလးမ်ားကလည္း မိမိတို႕ရြာသားမ်ားထက္ မိန္းကေလးရွံုးေအာင္ေခ်ာေမာလွပ ေသာ ကမာကို တိတ္တခိုးေမွ်ာ္လင့္ေနႀကသည္။ ကမာကေတာ့ အားလံုးကို ေမာင္နွမလိုသာ သေဘာ ထားသည္။မိမိက ဧည့္သည္မဟုတ္လား။ ဒီေဒသတြင္ ေသသည္အထိမေနနိုင္မွေတာ့ ဒီရြာသူကို အသည္းမခြဲထားခ်င္ေတာ့ပါ။ ကမာ သူတို႕ကို ေရွာင္ကာ ကေလးမ်ားနွင့္သာေနသည္။
ကမာ အိမ္ျပန္လာစဥ္ နယ္စပ္တြင္ အ၀တ္အထည္သြား၀ယ္ေသာ ရဲမတ္ႀကီးျပန္လာသည္ကို ေတြ႕လိုက္ရသည္။ ရဲမတ္ႀကီး၏မ်က္နွာသိပ္မေကာင္းသျဖင့္ ကမာ အေျပးေလးလာေမးလိ္ုက္သည္။

"ဦးေလးႀကီး ..."
ရဲမတ္ႀကီးလြီသည္ ကမာကိုျမင္ေသာအခါ မ်က္နွာထားကိုျပင္လု္ိက္သည္။

"သခင္ေလး..."
ဘာမွမျဖစ္သလ္ို မ်က္နွာကိုျပံဳး၇ႊင္စြာထားကာေမးလိုက္သည္။
"သခင္ေလး....သခင္ေလးမွာတာေတြ အားလံုး၇ခဲ့တယ္။ "
ကမာသည္ လြီကမ္းေပးေသာ အ၀တ္မ်ားကိုလွည့္မႀကည့္ပဲေမးလိုက္သည္။
"ဦးေလးလြီ အကိုႀကီးသတင္းဘာထူးလို႕လဲ.."
လြိိီသည္ သခင္ေလး၏ အကင္းပါးပံုကိုလန္႕သြားသည္။ မိိမိမ်က္နွာပ်က္လို႕မျဖစ္ပါလား။
"ဘာမွ မထူးပါဘူး။ ဘာသတင္းမွမႀကားခဲ့ဘူး။"
ကမာစိတ္ထဲတြင္ သံသယ၀င္သြားသည္။ ခဏက လြီ ေခါင္းငိုက္စိုက္ျဖင့္ျပန္လာတာ မဟုတ္လား။
"ဥိီးေလး လိမ္တယ္။ ခဏက မ်က္နွာမေကာင္းဘူး။"
လြီ ျဖစ္ညစ္ရယ္လိုက္ကာ လိမ္ေျပာလိုက္သည္။
"ေလာင္းကစား၀ိ္ုင္းမွာ ေငြေတြ ဆံုးသြားလို႕႔ပါ သခင္ေလးရယ္။ သခင္ႀကီးဆူေတာ့မွာပဲလို႕ေတြး ေနမိလို႕ပါ။"

ကမာမယံုပါ။ အကိုႀကီး တခုခုျဖစ္ေနျပီးဟု စိတ္ထဲတြင္ထင္ကာ မနက္တြင္ နယ္စပ္သြားစံုစမ္းမည္ ဟု စိတ္ထဲေတးထားသည္။
"သခင္ေလး လာပါ။"
လြီသည္ သခင္ေလးစိတ္ေျပာင္းသြားရန္ ဟာသမ်ားေလွ်ာက္ေျပာေနလိုက္သည္။ ကမာ၏ အေတြး ေသခ်ာသြားေလျပီ။ ဦးေလးလြီ ဒီေန႕ထူးျခားေနသည္။
ေနာက္တေန႕နံနက္ေစာေစာတြင္ ကမာ အိမ္မွထြက္လာခဲ့သည္။
"ဥိီးေလး လြီ။ ကမာ ရြာသားေတြနဲ႕ အမဲလိုက္ထြက္ဦးမယ္။"
လြီက သေဘာရိုးျဖင့္ တကယ္ထင္သြားသည္။ ကမာ ျမင္းကို နယ္စပ္သို႕ဦးတည္လာခဲ့သည္။ ဒါကိုျမင္ေသာ ရြာသားတစ္ဦးက လြီကို အေႀကာင္းသြားႀကားလိုက္သည္။

"ဦးေလးလြီ...ခင္ဗ်ားသခင္ေလး ျမိဳ႕ဘက္ကို ထြက္သြားျပီေနာ္။"
လြီ ျမင္းကို ဒုန္းစိုင္းကာလိုက္လာခဲ့သည္။ သခင္ေလးကို နယ္စပ္ျမိဳ႕အေရာက္ခံလို႕မျဖစ္ေပ။ နယ္စပ္တြင ္မင္းႀကီး၏ လက္ေရြးစင္တပ္ဖြဲ႕ ေျချခင္းလိ္မ္ေနျပီ။
ျမင္းကို ဒုန္းစိုင္းရင္း ခရီးသံုးပံုတစ္ပံုတြင္သခင္ေလးကမာကို မွီလာသည္။
"သခင္ေလး....ရပ္ပါဦး သခင္ေလး။"
ကမာ ျမင္းကို ပိုနွင္လိုက္သည္။ သို႕ေသာ္ ျမင္းေပၚတသက္လံုးေနလာေသာ စစ္သည္ေတာ္ႀကီးက ကမာကို မွီလာျပီး ျမင္းဇက္ႀကိဳးကိုလွမ္းဆြဲလိုက္ေတာ့မွ ရပ္သြားေတာ့သည္။

"ဦးေလး လြီ။ ကမာကို လြတ္ပါ။ အကိုႀကီး တခုခုုျဖစ္ေနျပီ မဟုတ္လား။ "
လြီ လိမ္ေျပာလိုက္သည္။
"ဘာမွ မျဖစ္ဘူး။"

"ဒါဆို ကမာကို ဘာလို႕တားသလဲ"

"သခင္ႀကီး အမိန္႕ေပးထားလို႕။ သခင္ေလးကို ျမိဳ႕ထဲ လံုး၀မသြားခုိင္းဘူး။ လာပါ။ ျပန္ရေအာင္။ ေတာ္ႀကာ ေနာက္က်သြားမယ္။"
လြီစကားမွားသြားသည္။

"ဘာကိုေနာက္က်မွလဲ..."
လြီမေျဖနိုင္ေတာ့ပါ။ ကမာ သိသြားေလျပီ။
"မင္းႀကီးရဲ႕တပ္ေတြ ေရာက္ေနျပီး မဟုတ္လား။ ဒါဆို အကိုႀကီးကို မင္းႀကီးဖမ္းထားျပီေပါ့"
လြီလိမ္လို႕မရေတာ့ေပ။
"ဟုတ္တယ္ သခင္ေလး။ကြ်န္ေတာ္တို႕ ေနာက္စခန္းတစ္ခုကို ေျပာင္းရေတာ့မယ္။ စစ္သည္ေတြ ေနာက္တေန႕ဆို ရြာကို ေရာက္လာေတာ့မယ။္လာပါ။ သြားရေအာင္။"
ကမာ တင္းမာစြာေျပာလိုက္သည္။
"ကြ်န္ေတာ္ ျမိဳ႕ေတာ္ကို ျပန္မယ္။"

"သခင္ေလး...မလုပ္နဲ႕။ သခင္ႀကီးကြ်န္ေတာ့္ကို သတ္လိမ့္မယ္။"
ကမာ တင္းမာစြာေျပာလိုက္သည္။
"မင္းႀကီး အေႀကာင္းကို ကြ်န္ေတာ္ပိုသိတယ္။ အကိုႀကီးကို သတ္လိမ့္မယ္။ "

"မယ္ေတာ္ႀကိီးလည္းရွိတယ္ သခင္ေလး။ သခင္ႀကီးကို ခ်ဳပ္ထားရံုပါ။သခင္ေလး ထြက္လာေအာင္ မွ်ားေခၚတာပါ။"
ကမာ ထုိစကားကို ႀကားေသာ္ ပိုလို႕စိုးရိမ္သြားသည္။
"အကိုႀကိီးကို သတ္လုိက္ရင္ဘယ္လိုလုပ္မလဲ။ ကြ်န္ေတာ့္ေႀကာင့္ အကိုႀကီးအသတ္ခံရရင္ ဘယ္လိုလုပ္မလဲ။ မင္းႀကိးက မိဖုရားေခါင္ရဲ႕ ဦးရီးေတာ္နဲ႕ မိသားစုကိုေတာင္ ေသဒဏ္စီရင္တာ။ အကိုႀကိီးနဲ႕ အိမ္ေတာ္တစ္ခုလံုးကိုသတ္မွာ။ ကြ်န္ေတာ္ျပန္မွ ျဖစ္မယ္။"
လြီ သက္ျပင္းရွိုက္လိုက္မိသည္။ ေတးဟာခန္၏ ရက္စက္ေသာစိတ္ကို မိမိအသိဆံုုးျဖစ္လို႕ မိမိလည္း ျပန္ခ်င္သည္။ စစ္သူႀကိးကို ကယ္ခ်င္သည္။ သို႕ေသာ္ စစ္သူႀကီးေပးထားသည့္ အမိန္႕က္ိုလည္း မလြန္ဆန္ရဲ႕သျဖင့္ အခက္ေတြ႕ေနသည္။
ကမာက လြီေတြေ၀ေနသည္ကို ေတြ႕ေသာ္ စည္းရံုးလိုက္သည္။
"မင္းႀကိီးက ကြ်န္ေတာ့္ကို စြဲလန္းတာ ဥိီးေလး သိတယ္ေနာ္။ ကြ်န္ေတာ္တစ္ေယာက္ပဲ အကိုႀကီးနဲ႕ လူအမ်ား အသက္ကို ကယ္နို္င္မွာ။ ကြ်န္ေတာ္ သြားပါရေစ။ အကိုႀကီးကို ကြ်န္ေတာ္ ျပန္ကယ္ပါရေစ ဦးေလးရယ။္"
လြီ ေခါင္းကို ယမ္းလိုက္စဥ္ မ်က္ရည္က်သြားသည္။ သခင္ႀကီးက သူအသတ္ခံရလွ်င္ေတာင္ ကမာကို ျမိဳ႕ေတာ္ျပန္မလာေစနဲ႕ဟု မွာထားေသာေႀကာင့္ျဖစ္သည္။ ေနာက္ဆံုးကမာက ခါးႀကားမွ ဓါးေျမွာင္ျဖင့္ လည္ပင္းကို ေတ့ကာျခိမ္းေျခာက္လိုက္သည္။

"ဦးေလး ကမာကို လိုက္မပို႕ရင္ ကြ်န္ေတာ္ အကိုႀကိး အသတ္ခံရတာနဲ႕ ခ်က္ခ်င္းသတ္ေသ လိုက္မွာ။"
လြီသည္ ကမာကို ေခ်ာ့သည္။
"သခင္ေလး...မလုပ္ပါနဲ႕။ သခင္ႀကိး အသက္စြန္႕ျပီး သခင္ေလးကို ကယ္ခဲ့တာ အလကားျဖစ္ လိမ့္မယ္။ မင္းႀကီးက ပရိယာယ္ဆင္တာပါ။ တကယ္မဟုတ္ပါဘူး။ သခင္ေလး ထြက္လာေအာင္ လုပ္တာပါ။"

ကမာ မယံုပါ။
"မရဘူး။ ဒါဆို နယ္စပ္ျမိဳ႕မွာ ကမာကိုယ္တုိင္သြားႀကည့္မယ။္ အေျခေနေတြ ေအးခ်မ္းတယ္ဆိုရင္ ရြာျပန္လာမယ္။"
လြီ မ်က္နွာပ်က္သြားသည္။ စာကပ္ထားသည္ကို ေတြ႕လွ်င္ကမာကို ထိန္းနိုင္ေတာ့မည္ မဟုတ္ေပ။
"မသြားပါနဲ႕။ သခင္ေလးကို ဥိီးေလး ေတာင္းပန္ပါတယ္။ "

လြီမ်က္စိမ်က္နွာပ်က္သည္ကိုေတြ႕ေသာ္ ကမာ ေသခ်ာသြားေလျပီ။ အကိုေလးနွင့္ အကိုႀကိိီးကို မင္းႀကီးတစ္စံုတစ္ခု စီရင္ခ်က္ခ်ထားေလျပီ။ ကမာ ျမင္းကို ျမိဳ႕ဘက္ဒုန္းစိုင္းသြားေတာ့သည္။ လြီက စိတ္မခ်စြာေနာက္မွ လိုက္လာခဲ့သည္။
ကမာ ျမိဳ႕အ၀င္ေရာက္သည္နွင့္ လွ်ိဳ႕၀ွက္စစ္သားမ်ားကို ေတြ႕ရေလျပီ။ တပ္စုတစ္စုကို ေစလႊတ္ လိုက္သည္ ဆိုေတာ့ ကမာ သိလုိက္ေလျပီ။ စစ္သားမ်ားက ကမာကို ေတြ႕သည္နွင့္ ၀ိုင္းလာခဲ့သည္။
"သခင္ေလးကို ေတြ႕ျပီ။ "
ခ်က္ခ်င္း ကမာကို တပ္စုက ၀ိုင္းလာခဲ့သည္။ ကမာ တည္ျငိမ္စြာပင္ တပ္မႈးကို လွမ္းေျပာလိုက္သည္။

"ကြ်န္ေတာ့္ကို မင္းႀကီးဆီေခၚသြားပါ။ ဒါေပမယ့္ စစ္သူႀကီးနဲ႕ အမတ္ႀကီး တင္ေမာ္ရင္ အေႀကာင္းကို အရင္သိခ်င္တယ္။"
တပ္မႈးက အရိုအေသေပးကာ မင္းႀကီးအမိန္႕လႊာကို ဆက္သလိုက္သည္။
"မြန္ဂိုဧကရာဇ္ကို ပုန္ကန္ျခားနားေသာေႀကာင့္ စစ္သူႀကိီးတင္တက္ရင္ႏွင့္ အမတ္ႀကီးတင္ေမာ္ရင္ ရာထူးမ်ားမွ ရုတ္သိမ္းျပီး ေျမေအာက္ အက်ဥး္ေထာင္တြင္ ခ်ဳပ္ေနွာင္ကာအျဖစ္မွန္ကို ၀န္မခံမျခင္း စစ္ေဆးေစ။ ၀န္မခံပါက ေခါင္းျဖတ္သတ္ေစ။ တင္တက္ရင္ႏွင့္ ပတ္သတ္ေသာ သူအားလံုး ဖမ္းဆီး ပို႕ေဆာင္ေစ။. "

ကမာသည္ အမိန္႕စာကို က်စ္က်စ္ပါေအာင္ဆုပ္ကာ တပ္မႈးကိုေျပာလိုက္သည္။
"မင္းႀကိီးေရွ႕ေတာ္ေမွာက္ကို အျမန္ဆံုးပို႕ေပးပါ။"
လြီသည္ အေ၀းမွ ႀကည့္ကာ က်န္ရစ္ခဲ့သည္။ သခင္ေလးကမာ၏ အနစ္နာခံသည့္စိတ္ကို ခ်ိီးက်ဴးရင္း သခင္ႀကီးတို႕ကို အသက္ေဘးမွ လြတ္ေအာင္ကယ္နိုင္ပါေစလို႕ ဆုေတာင္းေနမိသည္။
ကမာသည္ ကံႀကမၼာမွ ေရွာင္ေျပးရန္မႀကိဳးစားေတာ့ေပ။ ဒီေလာက္ဆုိလွ်င္ မိမိ အနာဂတ္ကို ေကာင္းစြာသိေလျပီ။ ေနာင္ေတာ္မ်ားက မိမိကို ျပကာ မင္းႀကီးကို ထိန္းခ်ဳပ္ရန္ႀကိဳးစားသည္ဟု မည္သူမွ ထင္ေတာ့မည္ မဟုတ္ေတာ့ေပ။

မင္းႀကီး မိမိကို လံုး၀ျပန္လႊတ္ေတာ့မည္ မဟုတ္ေတာ့ေပ။ မိမိႀကားဖုူးသည့္ ပါရွားမိဖုရားလို မိမိ ဘ၀လည္း မြန္ဂိုနန္းေတာ္တြင္ မိန္းမဘ၀ျဖင့္ အသက္ဆံုးသည့္အထိေနသြားရေတာ့မည္ကို သိ ေသာ္လည္း အကိုမ်ားကို ကယ္နိုင္လွ်င္ မင္းႀကီးကို ႀကည့္ျဖဴစြာ အလုပ္အေကြ်းျပဳေတာ့မည္ဟု ဆံုးျဖတ္လိုက္ေတာ့သည္။
၃ ရက္ႏွင့္ ခရိးျပင္းနွင္ျပီး မင္းႀကီးေရွ႕ေတာ္ေမွာက္ကို ေရာက္လာေတာ့သည္။ မင္းႀကီးသည္ ၃ လအတြင္ အေတာ္ကို ပိန္သြားသည္။ ပိုျပီးသုန္မႈန္လာသည္။ ပိုျပီးခက္ထန္လာသည္။
မင္းႀကီးသည္ မိမိအေဆာင္ထဲ ကမာ၀င္လာသည္ကို မ်က္ေတာင္မခတ္တမ္းစိုက္ႀကည့္ေနမိသည္။ ရင္၀ယ္ ေဒါသမ်ား၊ အခ်စ္မ်ား၊ အလြမ္းမ်ား ျပည့္လွ်ံလာခဲ့သည္။ ကမာကို ရက္ရက္စက္စက္ အျပစ္ေပးလိုက္ခ်င္သည္။ တဖက္ကလည္း ကမာကို ရင္ခြင္ထဲ ဖက္ထားကာ မိမိမည္မွ်လြမ္းရသည္ကို ေျပာရင္း အတိုးခ်ကာ ခ်စ္လိုက္ခ်င္သည္။
ကမာသည္ အသားေနေလာင္ကာ ေႀကးနီေရာင္သမ္းလာေသာ္လည္း ပိုျပီးလွလာခဲ့သည္။ လြတ္လပ္ စြာ ေနထိုင္ခဲ့ရေသာေႀကာင့္ မ်က္နွာေလးျပည့္ကာ ပိုျပီးစြဲအားျပင္းလာခဲ့သည္။ေတးဟာခန္သည္ ကမာကုို ျငိမ္ကာ ႀကည့္ေနမိစဥ္ စိတ္အစဥ္ကာ မျငိမ္မသက္ျဖစ္ေနမိသည္။
ကမာသည္ မင္းႀကီးေရွ႔ေတာ္ေမွာက္တြင္ ဒူးေထာက္ကာ ႀကမး္နွင့္နဖူးထိေအာင္ရွိခုိးကာ ေတာင္းပန္လိုက္သည္။
"မင္းႀကီး ကြ််န္ေတာ္မ်ိဳးကို ေသဒဏ္ေပးသနားေတာ္မူပါ။"
ေတးဟာခန္သည္ ကမာ၏ အသံကိုႀကားေသာ္ တင္းထားသည့္စိတ္တို႕အရည္ေပ်ာ္က်လာခဲ့သည္။

"ဘာေႀကာင့္လဲ။ ေျပာပါဥိီး..."
ေတးဟာခန္ ဟန္ေဆာင္ျပီး ခက္ထန္စြာေမးလိုက္သည္။
"မင္းႀကီးကိုလိမ္ျပီး အေ၀းကိုခြင့္ျပဳခ်က္မရွိပဲ ထြက္သြားလို႕ပါ။ ေနာင္ေတာ္ နွစ္ဦးမွာ အျပစ္မရွိပါဘူး။ ကြ်န္ေတာ္မ်ိဳးကိုသာ အျပစ္ေပးေတာ္မူပါ။"

"မင္းကို ေျပာခဲ့တယ္ကမာ။ က်ဳပ္ အသည္းကိုခြဲရင္ က်ဳပ္က အားလံုးဖ်က္ဆီးလိုက္မယ္လို႕ ေျပာခဲ့တယ္ေနာ္။ စစ္သူႀကီးနဲ႕ အမတ္ႀကိးက က်ဳပ္ခ်စ္တဲ့မင္းကို အေ၀းကိုပို႕လိုက္လို႕ က်ဳပ္ ခြင့္မလႊတ္နို္င္ဘူး။"
ကမာ၏ မ်က္ရည္တို႕ ဆက္တိုက္စိိီးက်လာခဲ့သည္။

"ကြ်န္ေတာ္မ်ိဳး မင္းႀကီးဆီမွာ အသက္နဲ႕ ခႏၶာကိုယ္ ေပးအပ္ပါတယ္။ ေနာင္ေတာ္ နွစ္ပါးကို အသက္ခ်မ္းသာေပးေတာ္မူပါ။"

ေတးဟာခန္ မ်က္နွာႀကည္လင္စျပဳလာသည္။ မိမိလိုခ်င္ေသာ အေနအထားကိုေရာက္စျပဳလာ ေလျပီ။

~ ဆက္ရန္

============

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၈)

လမ်းတွင် အစားစားချိန်လည်း လုံးဝမနားပေ။ စခန်းတခုနှင့်တခု မြင်းသာလဲပြီး လူများက ဆက်တိုက် ခရီးနှင်ကြသည်။ ကမာလည်း ရထားပေါ်တွင်အစာစားသည်။ အပေ့ါအပါးအတွက်ခဏရပ်သည်ကလွဲ ရင် ၃ ရက်လုံးလုံးခရီးနှင်ရင်း နောက်ဆုံး မြက်ခင်းများသာရှိသည့် နယ်မြေကိုရောက်လာခဲ့သည်။
မယ်တော်ကြီး၏ စစ်သည်တော်များက ကမာကို တောင်ကုန်းတစ်ခုရှိ မျိုးနွယ်စုတစ်စုတွင်ပို့ပေးကာ ချက်ချင်းပြန်ထွက်သွားကြသည်။ မိမိမသိသော လူစိမ်းများအလည်တွင် ကမာ ဟိုဟိုသည်သည် ကြည့်ကာ ကျန်ရစ်ခဲ့သည်။ ကမာမှာ ညောင်းလွန်းလို့ လဲကာအိပ်ချလိုက်ချင်တော့သည်။
"သခင်လေး ကမာ.."
ကမာ မိမိအမည်ကို ခေါ်သံကြားတော့ ဝမ်းသားသွားသည်။ အကိုကြီးနှင့် နှင်းတောင်ဘက်သို့ စစ်ချီထွက်ဖူးသော အကိုကြီး၏ လူယုံစစ်သည်တော်ကြီးကို တွေ့သော်အားတက်သွားသည်။

"သခင်လေး ကြွပါ။ သခင်ကြီးက သခင်လေးနေမယ့်နေရာအတွက် အသေးစိတ်ပြင်ဆင်ပေးထား ပါတယ်။"
ညမှောင်မှောင်တွင် ကမာ စစ်သည်တော်ခေါ်သည့် နေရာသို့ရောက်လာခဲ့သည်။ ရွာ၏ အစွန်းဘက် တောင်ကုန်းလေးထိပ်ရှိ သစ်လုံးအိမ်လေးက သေးငယ်သော်လည်းသပ်ရပ်ကာ အိမ်ထဲတွင် ပရိဘောက အစုံထားပေးထားသည်။ အငွေ့တထောင်းထောင်းနှင့်ညစာလည်း အသင့်ရှိသည်။

"သခင်လေး ညနေစာ သုံးဆောင်ပါဦး။ ပြီးရင် ရေနွေးနွေးချိုးပြီး အနားယူလိုက်ပါ။"

ကမာသည် စစ်သည်တော်ကြီးပြောသည့်အတိုင်း စားသောက်လိုက်သည်။ ဒေသစာလတ်လတ် ဆတ်ဆတ် များက ခံတွင်းတွေ့လှသည်။
"ဦးလေး ရဲမတ်ကြီး အကိုကြီးတို့ အကြောင်းကြားချင်ရင် ဘယ်လိုလုပ်ရလဲ.."
ရဲမတ်ကြီးက ခေါင်းယမ်းကာ
"ဒီမှာ ဘာသတင်းမှ မရနိုင်ဘူး။ နေ့တဝက်စာဝေးတဲ့ နယ်စပ်ကိုသွားစုံစမ်းမှ သိနိုင်မယ် သခင်လေး။ သခင်ကြီးက သခင်လေးကို ဒီရွာကနေ ဘယ်မှမထွက်ဖို့မှာထားတယ်။"
ကမာ သက်ပြင်းရှိုက်လိုက်သည်။ လူလည်းပင်ပန်းလှပြီဖြစ်လို့ ဘာမှ ဆက်မမေးတော့ပဲ ရေချိုးကာ တခါတည်းအိပ်ပျော်သွားတော့သည်။

"အကိုကြီး...အကိုလေး....ဟင့်အင်း... မင်းကြီး မသတ်ပါနဲ့...."

"သခင်လေး ကမာ...သခင်လေး...."
ကမာသည် မိမိကို လှုပ်နိုးလိုက်သံကြားမှ နိုးလာခဲ့သည်။အကိုကြီးတို့ကို မိမိစိတ်စွဲကာ အိပ်မက်မက် နေမိခြင်းဖြစ်သည်။
ရဲမတ်ကြီးက ကြင်နာစွာဖြင့် အားပေးသည်။
"သခင်လေး စိတ်မပူပါနဲ့။ မင်းကြီးက အရူးမှမဟုတ်တာ။သူ့ရဲ့ အတော်ဆုံးစစ်သူကြီးကို သတ်ပစ်မှာ မဟုတ်ပါဘူး။"
ကမာ စိတ်တော့မချပါ။ မင်းကြီး၏ မျက်ဝန်းက မိမိအပေါ်အရမ်းနက်ရှိုင်းလွန်းသည်ဆိုတော့ နောင်တော် တို့ကို တခုခုရန်ပြုမှာစိုးလှသည်။

"မင်းကြီးက စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။"
ကမာ တီးတိုးပြောလိုက်မိသည်။ ရဲမတ်ကြီးက ထပ်ပြီး အားပေးသည်။

"အမတ်ကြီးနဲ့မင်းကြီးက ငယ်သူငယ်ချင်းပါ သခင်လေး။ စိတ်ချပါ။ မင်းကြီးက အမတ်ကြီးကို တကယ့် ညီအစ်ကို လိုချစ်တာပါ။ အမတ်ကြီးကို ဘယ်လိုမှ အသက်ကိုရန်ရှာမှာမဟုတ်ပါဘူး။"
ကမာမယုံမရဲဖြင့် နေလိုက်ရသည်။ မြက်ခင်းပင်လယ်၏အနားသတ်တွင်ရှိသော တောင်ကုန်းလေး ဖြစ်သောကြောင့် နေထွက်လာသည်ကို စောစောမြင်ရသည်။ တောက်ပသော နေခြည်နွေးနွေးဖြာကျ ချိန်တွင် မိန်းမများက သိုးကျောင်းထွက်သည်။ အသက်ကြီးသူများက အိမ်တွင်ချက်ပြုတ်သည်။ ယောကျ်ားများက အမဲလိုက်ထွက်သည်။
ကမာလည်း ၂ ရက်လောက်အနားယူပြီးနောက် ထိုရွာသားများနှင့်အတူလိုက်ကာ အမဲလိုက်သည်။
ကျယ်ပြန့်သောမြက်ခင်းပြင်ကြီးက ကမာကို မဆုံးနိုင်သောပုံပြင်ကို ပြောပြနေသည်။ ဒေသစကားကို ကမာသင်သည်။ ဉာဏ်ကောင်းကာ ဘာသာစကားတတ်လွယ်သောကမာသည် တစ်လခန့်တွင် အတော်အသင့်ပြောတတ်နေပြီ။ ကလေးများက ကမာကို ပိုခင်တွယ်ကာ အနောက်မှ တကောက် ကောက်လိုက်ကာ အတူကစားကြသည်။ တကယ်လည်းကမာက ကလေးစိတ်ပင် ကောင်းကောင် းမပျောက်ချင်သေးပေ။ နှင်းမြို့တော် မပျက်စီးခင်က ကလေးများနှင့်ကမာ အမြဲကစား လေ့ရှိသည် မဟုတ်လား။ ကမာ့နောက်တွင် ညီလေး ဟေဇယ်အမြဲပါသည်။
ကမာသည် အကိုကြီးစီစဉ်ပေးသည့်နေရာတွင် နေသားကျလို့နေပြီ။ ဘာလိုလိုနှင့်ကမာရောက် လာတာ ၃ လပင်ရှိလေပြီ။ ကမာအသားများလည်း နေလောင်ကာ နီလာပြီ။ ကလေးများကလည်း ကမာကို လူစိမ်းဆိုတာထက် သူတို့ရွာသားဟု ထင်မှတ်နေကြပြီ။ ကမာလည်း အကိုကြီးတို့ကို စိတ်မချသည်ကလွဲရင် အရမ်းကို သာယာသောဘဝလေးကိုပိုင်ဆိုင်နေရသည်။
ရွာသူအချောအလှလေးများကလည်း မိမိတို့ရွာသားများထက် မိန်းကလေးရှုံးအောင်ချောမောလှပ သော ကမာကို တိတ်တခိုးမျှော်လင့်နေကြသည်။ ကမာကတော့ အားလုံးကို မောင်နှမလိုသာ သဘော ထားသည်။မိမိက ဧည့်သည်မဟုတ်လား။ ဒီဒေသတွင် သေသည်အထိမနေနိုင်မှတော့ ဒီရွာသူကို အသည်းမခွဲထားချင်တော့ပါ။ ကမာ သူတို့ကို ရှောင်ကာ ကလေးများနှင့်သာနေသည်။
ကမာ အိမ်ပြန်လာစဉ် နယ်စပ်တွင် အဝတ်အထည်သွားဝယ်သော ရဲမတ်ကြီးပြန်လာသည်ကို တွေ့လိုက်ရသည်။ ရဲမတ်ကြီး၏မျက်နှာသိပ်မကောင်းသဖြင့် ကမာ အပြေးလေးလာမေးလိုက်သည်။

"ဦးလေးကြီး ..."
ရဲမတ်ကြီးလွီသည် ကမာကိုမြင်သောအခါ မျက်နှာထားကိုပြင်လိုက်သည်။

"သခင်လေး..."
ဘာမှမဖြစ်သလို မျက်နှာကိုပြုံးရွှင်စွာထားကာမေးလိုက်သည်။
"သခင်လေး....သခင်လေးမှာတာတွေ အားလုံး၇ခဲ့တယ်။ "
ကမာသည် လွီကမ်းပေးသော အဝတ်များကိုလှည့်မကြည့်ပဲမေးလိုက်သည်။
"ဦးလေးလွီ အကိုကြီးသတင်းဘာထူးလို့လဲ.."
လွီသည် သခင်လေး၏ အကင်းပါးပုံကိုလန့်သွားသည်။ မိမိမျက်နှာပျက်လို့မဖြစ်ပါလား။
"ဘာမှ မထူးပါဘူး။ ဘာသတင်းမှမကြားခဲ့ဘူး။"
ကမာစိတ်ထဲတွင် သံသယဝင်သွားသည်။ ခဏက လွီ ခေါင်းငိုက်စိုက်ဖြင့်ပြန်လာတာ မဟုတ်လား။
"ဦးလေး လိမ်တယ်။ ခဏက မျက်နှာမကောင်းဘူး။"
လွီ ဖြစ်ညစ်ရယ်လိုက်ကာ လိမ်ပြောလိုက်သည်။
"လောင်းကစားဝိုင်းမှာ ငွေတွေ ဆုံးသွားလို့ပါ သခင်လေးရယ်။ သခင်ကြီးဆူတော့မှာပဲလို့တွေး နေမိလို့ပါ။"

ကမာမယုံပါ။ အကိုကြီး တခုခုဖြစ်နေပြီးဟု စိတ်ထဲတွင်ထင်ကာ မနက်တွင် နယ်စပ်သွားစုံစမ်းမည် ဟု စိတ်ထဲတေးထားသည်။
"သခင်လေး လာပါ။"
လွီသည် သခင်လေးစိတ်ပြောင်းသွားရန် ဟာသများလျှောက်ပြောနေလိုက်သည်။ ကမာ၏ အတွေး သေချာသွားလေပြီ။ ဦးလေးလွီ ဒီနေ့ထူးခြားနေသည်။
နောက်တနေ့နံနက်စောစောတွင် ကမာ အိမ်မှထွက်လာခဲ့သည်။
"ဦးလေး လွီ။ ကမာ ရွာသားတွေနဲ့ အမဲလိုက်ထွက်ဦးမယ်။"
လွီက သဘောရိုးဖြင့် တကယ်ထင်သွားသည်။ ကမာ မြင်းကို နယ်စပ်သို့ဦးတည်လာခဲ့သည်။ ဒါကိုမြင်သော ရွာသားတစ်ဦးက လွီကို အကြောင်းသွားကြားလိုက်သည်။

"ဦးလေးလွီ...ခင်ဗျားသခင်လေး မြို့ဘက်ကို ထွက်သွားပြီနော်။"
လွီ မြင်းကို ဒုန်းစိုင်းကာလိုက်လာခဲ့သည်။ သခင်လေးကို နယ်စပ်မြို့အရောက်ခံလို့မဖြစ်ပေ။ နယ်စပ်တွင ်မင်းကြီး၏ လက်ရွေးစင်တပ်ဖွဲ့ ခြေခြင်းလိမ်နေပြီ။
မြင်းကို ဒုန်းစိုင်းရင်း ခရီးသုံးပုံတစ်ပုံတွင်သခင်လေးကမာကို မှီလာသည်။
"သခင်လေး....ရပ်ပါဦး သခင်လေး။"
ကမာ မြင်းကို ပိုနှင်လိုက်သည်။ သို့သော် မြင်းပေါ်တသက်လုံးနေလာသော စစ်သည်တော်ကြီးက ကမာကို မှီလာပြီး မြင်းဇက်ကြိုးကိုလှမ်းဆွဲလိုက်တော့မှ ရပ်သွားတော့သည်။

"ဦးလေး လွီ။ ကမာကို လွတ်ပါ။ အကိုကြီး တခုခုဖြစ်နေပြီ မဟုတ်လား။ "
လွီ လိမ်ပြောလိုက်သည်။
"ဘာမှ မဖြစ်ဘူး။"

"ဒါဆို ကမာကို ဘာလို့တားသလဲ"

"သခင်ကြီး အမိန့်ပေးထားလို့။ သခင်လေးကို မြို့ထဲ လုံးဝမသွားခိုင်းဘူး။ လာပါ။ ပြန်ရအောင်။ တော်ကြာ နောက်ကျသွားမယ်။"
လွီစကားမှားသွားသည်။

"ဘာကိုနောက်ကျမှလဲ..."
လွီမဖြေနိုင်တော့ပါ။ ကမာ သိသွားလေပြီ။
"မင်းကြီးရဲ့တပ်တွေ ရောက်နေပြီး မဟုတ်လား။ ဒါဆို အကိုကြီးကို မင်းကြီးဖမ်းထားပြီပေါ့"
လွီလိမ်လို့မရတော့ပေ။
"ဟုတ်တယ် သခင်လေး။ကျွန်တော်တို့ နောက်စခန်းတစ်ခုကို ပြောင်းရတော့မယ်။ စစ်သည်တွေ နောက်တနေ့ဆို ရွာကို ရောက်လာတော့မယ။်လာပါ။ သွားရအောင်။"
ကမာ တင်းမာစွာပြောလိုက်သည်။
"ကျွန်တော် မြို့တော်ကို ပြန်မယ်။"

"သခင်လေး...မလုပ်နဲ့။ သခင်ကြီးကျွန်တော့်ကို သတ်လိမ့်မယ်။"
ကမာ တင်းမာစွာပြောလိုက်သည်။
"မင်းကြီး အကြောင်းကို ကျွန်တော်ပိုသိတယ်။ အကိုကြီးကို သတ်လိမ့်မယ်။ "

"မယ်တော်ကြီးလည်းရှိတယ် သခင်လေး။ သခင်ကြီးကို ချုပ်ထားရုံပါ။သခင်လေး ထွက်လာအောင် မျှားခေါ်တာပါ။"
ကမာ ထိုစကားကို ကြားသော် ပိုလို့စိုးရိမ်သွားသည်။
"အကိုကြီးကို သတ်လိုက်ရင်ဘယ်လိုလုပ်မလဲ။ ကျွန်တော့်ကြောင့် အကိုကြီးအသတ်ခံရရင် ဘယ်လိုလုပ်မလဲ။ မင်းကြိးက မိဖုရားခေါင်ရဲ့ ဦးရီးတော်နဲ့ မိသားစုကိုတောင် သေဒဏ်စီရင်တာ။ အကိုကြီးနဲ့ အိမ်တော်တစ်ခုလုံးကိုသတ်မှာ။ ကျွန်တော်ပြန်မှ ဖြစ်မယ်။"
လွီ သက်ပြင်းရှိုက်လိုက်မိသည်။ တေးဟာခန်၏ ရက်စက်သောစိတ်ကို မိမိအသိဆုံးဖြစ်လို့ မိမိလည်း ပြန်ချင်သည်။ စစ်သူကြိးကို ကယ်ချင်သည်။ သို့သော် စစ်သူကြီးပေးထားသည့် အမိန့်ကိုလည်း မလွန်ဆန်ရဲ့သဖြင့် အခက်တွေ့နေသည်။
ကမာက လွီတွေဝေနေသည်ကို တွေ့သော် စည်းရုံးလိုက်သည်။
"မင်းကြီးက ကျွန်တော့်ကို စွဲလန်းတာ ဦးလေး သိတယ်နော်။ ကျွန်တော်တစ်ယောက်ပဲ အကိုကြီးနဲ့ လူအများ အသက်ကို ကယ်နိုင်မှာ။ ကျွန်တော် သွားပါရစေ။ အကိုကြီးကို ကျွန်တော် ပြန်ကယ်ပါရစေ ဦးလေးရယ။်"
လွီ ခေါင်းကို ယမ်းလိုက်စဉ် မျက်ရည်ကျသွားသည်။ သခင်ကြီးက သူအသတ်ခံရလျှင်တောင် ကမာကို မြို့တော်ပြန်မလာစေနဲ့ဟု မှာထားသောကြောင့်ဖြစ်သည်။ နောက်ဆုံးကမာက ခါးကြားမှ ဓါးမြှောင်ဖြင့် လည်ပင်းကို တေ့ကာခြိမ်းခြောက်လိုက်သည်။

"ဦးလေး ကမာကို လိုက်မပို့ရင် ကျွန်တော် အကိုကြိး အသတ်ခံရတာနဲ့ ချက်ချင်းသတ်သေ လိုက်မှာ။"
လွီသည် ကမာကို ချော့သည်။
"သခင်လေး...မလုပ်ပါနဲ့။ သခင်ကြိး အသက်စွန့်ပြီး သခင်လေးကို ကယ်ခဲ့တာ အလကားဖြစ် လိမ့်မယ်။ မင်းကြီးက ပရိယာယ်ဆင်တာပါ။ တကယ်မဟုတ်ပါဘူး။ သခင်လေး ထွက်လာအောင် လုပ်တာပါ။"

ကမာ မယုံပါ။
"မရဘူး။ ဒါဆို နယ်စပ်မြို့မှာ ကမာကိုယ်တိုင်သွားကြည့်မယ။် အခြေနေတွေ အေးချမ်းတယ်ဆိုရင် ရွာပြန်လာမယ်။"
လွီ မျက်နှာပျက်သွားသည်။ စာကပ်ထားသည်ကို တွေ့လျှင်ကမာကို ထိန်းနိုင်တော့မည် မဟုတ်ပေ။
"မသွားပါနဲ့။ သခင်လေးကို ဦးလေး တောင်းပန်ပါတယ်။ "

လွီမျက်စိမျက်နှာပျက်သည်ကိုတွေ့သော် ကမာ သေချာသွားလေပြီ။ အကိုလေးနှင့် အကိုကြီးကို မင်းကြီးတစ်စုံတစ်ခု စီရင်ချက်ချထားလေပြီ။ ကမာ မြင်းကို မြို့ဘက်ဒုန်းစိုင်းသွားတော့သည်။ လွီက စိတ်မချစွာနောက်မှ လိုက်လာခဲ့သည်။
ကမာ မြို့အဝင်ရောက်သည်နှင့် လျှို့ဝှက်စစ်သားများကို တွေ့ရလေပြီ။ တပ်စုတစ်စုကို စေလွှတ် လိုက်သည် ဆိုတော့ ကမာ သိလိုက်လေပြီ။ စစ်သားများက ကမာကို တွေ့သည်နှင့် ဝိုင်းလာခဲ့သည်။
"သခင်လေးကို တွေ့ပြီ။ "
ချက်ချင်း ကမာကို တပ်စုက ဝိုင်းလာခဲ့သည်။ ကမာ တည်ငြိမ်စွာပင် တပ်မှုးကို လှမ်းပြောလိုက်သည်။

"ကျွန်တော့်ကို မင်းကြီးဆီခေါ်သွားပါ။ ဒါပေမယ့် စစ်သူကြီးနဲ့ အမတ်ကြီး တင်မော်ရင် အကြောင်းကို အရင်သိချင်တယ်။"
တပ်မှုးက အရိုအသေပေးကာ မင်းကြီးအမိန့်လွှာကို ဆက်သလိုက်သည်။
"မွန်ဂိုဧကရာဇ်ကို ပုန်ကန်ခြားနားသောကြောင့် စစ်သူကြီးတင်တက်ရင်နှင့် အမတ်ကြီးတင်မော်ရင် ရာထူးများမှ ရုတ်သိမ်းပြီး မြေအောက် အကျဥ်းထောင်တွင် ချုပ်နှောင်ကာအဖြစ်မှန်ကို ဝန်မခံမခြင်း စစ်ဆေးစေ။ ဝန်မခံပါက ခေါင်းဖြတ်သတ်စေ။ တင်တက်ရင်နှင့် ပတ်သတ်သော သူအားလုံး ဖမ်းဆီး ပို့ဆောင်စေ။. "

ကမာသည် အမိန့်စာကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ တပ်မှုးကိုပြောလိုက်သည်။
"မင်းကြီးရှေ့တော်မှောက်ကို အမြန်ဆုံးပို့ပေးပါ။"
လွီသည် အဝေးမှ ကြည့်ကာ ကျန်ရစ်ခဲ့သည်။ သခင်လေးကမာ၏ အနစ်နာခံသည့်စိတ်ကို ချီးကျူးရင်း သခင်ကြီးတို့ကို အသက်ဘေးမှ လွတ်အောင်ကယ်နိုင်ပါစေလို့ ဆုတောင်းနေမိသည်။
ကမာသည် ကံကြမ္မာမှ ရှောင်ပြေးရန်မကြိုးစားတော့ပေ။ ဒီလောက်ဆိုလျှင် မိမိ အနာဂတ်ကို ကောင်းစွာသိလေပြီ။ နောင်တော်များက မိမိကို ပြကာ မင်းကြီးကို ထိန်းချုပ်ရန်ကြိုးစားသည်ဟု မည်သူမှ ထင်တော့မည် မဟုတ်တော့ပေ။

မင်းကြီး မိမိကို လုံးဝပြန်လွှတ်တော့မည် မဟုတ်တော့ပေ။ မိမိကြားဖုူးသည့် ပါရှားမိဖုရားလို မိမိ ဘဝလည်း မွန်ဂိုနန်းတော်တွင် မိန်းမဘဝဖြင့် အသက်ဆုံးသည့်အထိနေသွားရတော့မည်ကို သိ သော်လည်း အကိုများကို ကယ်နိုင်လျှင် မင်းကြီးကို ကြည့်ဖြူစွာ အလုပ်အကျွေးပြုတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
၃ ရက်နှင့် ခရိးပြင်းနှင်ပြီး မင်းကြီးရှေ့တော်မှောက်ကို ရောက်လာတော့သည်။ မင်းကြီးသည် ၃ လအတွင် အတော်ကို ပိန်သွားသည်။ ပိုပြီးသုန်မှုန်လာသည်။ ပိုပြီးခက်ထန်လာသည်။
မင်းကြီးသည် မိမိအဆောင်ထဲ ကမာဝင်လာသည်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။ ရင်ဝယ် ဒေါသများ၊ အချစ်များ၊ အလွမ်းများ ပြည့်လျှံလာခဲ့သည်။ ကမာကို ရက်ရက်စက်စက် အပြစ်ပေးလိုက်ချင်သည်။ တဖက်ကလည်း ကမာကို ရင်ခွင်ထဲ ဖက်ထားကာ မိမိမည်မျှလွမ်းရသည်ကို ပြောရင်း အတိုးချကာ ချစ်လိုက်ချင်သည်။
ကမာသည် အသားနေလောင်ကာ ကြေးနီရောင်သမ်းလာသော်လည်း ပိုပြီးလှလာခဲ့သည်။ လွတ်လပ် စွာ နေထိုင်ခဲ့ရသောကြောင့် မျက်နှာလေးပြည့်ကာ ပိုပြီးစွဲအားပြင်းလာခဲ့သည်။တေးဟာခန်သည် ကမာကို ငြိမ်ကာ ကြည့်နေမိစဉ် စိတ်အစဉ်ကာ မငြိမ်မသက်ဖြစ်နေမိသည်။
ကမာသည် မင်းကြီးရှေ့တော်မှောက်တွင် ဒူးထောက်ကာ ကြမ်းနှင့်နဖူးထိအောင်ရှိခိုးကာ တောင်းပန်လိုက်သည်။
"မင်းကြီး ကျွျန်တော်မျိုးကို သေဒဏ်ပေးသနားတော်မူပါ။"
တေးဟာခန်သည် ကမာ၏ အသံကိုကြားသော် တင်းထားသည့်စိတ်တို့အရည်ပျော်ကျလာခဲ့သည်။

"ဘာကြောင့်လဲ။ ပြောပါဦး..."
တေးဟာခန် ဟန်ဆောင်ပြီး ခက်ထန်စွာမေးလိုက်သည်။
"မင်းကြီးကိုလိမ်ပြီး အဝေးကိုခွင့်ပြုချက်မရှိပဲ ထွက်သွားလို့ပါ။ နောင်တော် နှစ်ဦးမှာ အပြစ်မရှိပါဘူး။ ကျွန်တော်မျိုးကိုသာ အပြစ်ပေးတော်မူပါ။"

"မင်းကို ပြောခဲ့တယ်ကမာ။ ကျုပ် အသည်းကိုခွဲရင် ကျုပ်က အားလုံးဖျက်ဆီးလိုက်မယ်လို့ ပြောခဲ့တယ်နော်။ စစ်သူကြီးနဲ့ အမတ်ကြိးက ကျုပ်ချစ်တဲ့မင်းကို အဝေးကိုပို့လိုက်လို့ ကျုပ် ခွင့်မလွှတ်နိုင်ဘူး။"
ကမာ၏ မျက်ရည်တို့ ဆက်တိုက်စီးကျလာခဲ့သည်။

"ကျွန်တော်မျိုး မင်းကြီးဆီမှာ အသက်နဲ့ ခန္ဓာကိုယ် ပေးအပ်ပါတယ်။ နောင်တော် နှစ်ပါးကို အသက်ချမ်းသာပေးတော်မူပါ။"

တေးဟာခန် မျက်နှာကြည်လင်စပြုလာသည်။ မိမိလိုချင်သော အနေအထားကိုရောက်စပြုလာ လေပြီ။

~ ဆက်ရန်




Continue Reading

You'll Also Like

1.5M 188K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
97.5K 8.5K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
468K 48.8K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
The Throne By One_One

Historical Fiction

62.9K 7.5K 44
အရင္ Matainyu acc မွာ တင္ထားတဲ့ အပုဒ္ပါ။accထဲဝင္မရေတာ့လို႔ အရင္အပိုင္းေတြအျပင္ အပိုင္းအသစ္ေတြပါ ဆက္up ေပးပါ့မယ္