မုန္တိုင္းမ်ား၏အရွင္သခင္ Seas...

By MayKingMK119

341K 21K 199

Zawgyi+Unicode Font ၂ မ်ိဳးလံုးနဲ႕ တင္ထားပါတယ္။ တာတာအရိုင္းစိုင္းမ်ားေႀကာင့္ ပ်က္သုဥ္းခဲ့ရတဲ့ နွင္းျမိဳ႕ေတာ္... More

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၂)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၃)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၆)ဇာတ္သိမ္းပုိင္း(Z+U)
မုန္တိုင္းမ်ား၏ အရွင္သခင္ - Season II

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၄)

6.1K 331 2
By MayKingMK119

မုန္တိုင္းမ်ား၏အရွင္သခင္
အပိုင္း (၁၄)

မင္းႀကိီး ေတးဟာခန္သည္ ညီလာခံမတက္ပဲ ကမာနွင့္အခ်ိန္ျဖဳန္းသည့္ သတင္းက မိဖုရားေခါင္ႀကီး ထံ သို႕ေရာက္သြားေသာအခါ မိမိလူမ်ားကို အမိန္႕ေပးလိုက္သည္။
ကမာကေတာ့ ဘာမွမသိေပ။ ညေန အကိုႀကီးကိုေမွ်ာ္ေနသည္။ အကိုႀကီးလာမႀကိဳေသာအခါ တစ္ေယာက္တည္း အိမ္ေတာ္ကို ျပန္လာခဲ့သည္။ မင္းႀကီးက လိုက္ပို႕ခိုင္းမည္ကို အတင္းျငင္းကာ လမ္းေလွ်ာက္ျပန္လာခဲ့သည္။ အိမ္သို႕ေရာက္ေသာ္ အကိုေလးျပန္ေရာက္ေနေလျပီ။ သူက ကမာကို ျပံုးကာ နူတ္ဆက္သည္။ကမာ ျပန္နုူတ္ဆက္ျပီး မိမိအခန္းထဲသို႕ ၀င္ခဲ့သည္။ အကိုႀကီးျပန္မေရာက္ ေသးသျဖင့္ ကမာ ျခံထဲဆင္းလာခဲ့သည္။
ျခံထဲတြင္ ဓါးေရးေလ့က်င့္ေနစဥ္ အေငြ႕တခ်ိဳ႕လြင့္ပ်ံလာသျဖင့္ ကမာ စူးစမ္းဟန္လွည့္ႀကည့္လိုက္စဥ္ ေခါင္းမူးလာျပီး လဲက်သြားေတာ့သည္။ ထိုအခါ ျခံုေနာက္မွ ၀တ္စံုနက္၀တ္ထားသည့္ လူ၄ ဦးထြက္ လာျပီး ကမာကို ေပြ႕ခ်ီကာ အေနာက္ေပါက္မွ ထြက္သြားေတာ့သည္။
စစ္သူႀကီးတင္တက္ရင္၏ အိမ္ေတာ္မွ အေစာင့္မ်ားက အေရွ႕ဘက္ကို သာ အာရံုစိုက္ေနစဥ္ သခင္ေလး ကမာကို ဖမ္းေခၚသြားသည့္ လူတစ္စုလြတ္ထြက္သြားေတာ့သည္။
တင္တင္ရင္သည္ အမူးေျပလို႕ ထလာစဥ္ မိုးခ်ဳပ္စျပဳေနျပီ။ ျမင္းေပၚခုန္တက္ကာ အိမ္သို႕တန္းျပန္ လာခဲ့သည္။
"သခင္ႀကီး ....သခင္ေလးကမာ ေပ်ာက္ေနပါတယ္။"
အိမ္ေတာ္ထိန္းက စီးေျပာေသာအခါ တင္တက္ရင္ မ်က္ေမွာင္ႀကုတ္သြားသည္။
"ညိီေလးက ဘယ္သြားလို႕လဲ။"
တင္ေမာ္ရင္က ၀င္ေျပာလိုက္သည္။
"ခဏကာ ျခံထဲမွာ ဓါးေရးက်င့္ေနတယ္ ေနာင္ေတာ္။ျပီးေတာ့ ျခံထဲမွာ အိပ္ေဆးအေငြ႕ရတယ္။"
ထိုစကားကိုႀကားေသာ္ စစ္သူႀကီး ျမင္းေပၚခုန္တက္ကာ မိမိရဲမတ္မ်ားကို အမိန္႕ေပးလိုက္သည္။

"ျမိဳ႕အထြက္ ဂိတ္ေတြကို လိုက္စမ္း။ ျမင္းလွည္း၊ ကုန္လွည္းေတြ ထြက္သြားတဲ့ေနာက္ကို ခ်က္ခ်င္းလိုက္ႀကစမ္း။"
တင္တက္ရင္သည္ စိတ္အလိုလိုက္ကာ အရက္ေသာက္ေနမိေသာ မိိမိကိုယ္ကိုခြင့္မလႊတ္နိုင္ျဖစ္ သြားသည္။
"ေမာ္ရင္ မင္းက မင္းႀကီးကို သြားေလွ်ာက္တင္စမ္း...ေတာက္...ဒါ မိဖုရားလက္ခ်က္ပဲျဖစ္မယ္.."
တင္ေမာ္ရင္လည္း ကမာအတြက္စိုးရိမ္ကာ ခ်က္ခ်င္းနန္းေတာ္ထဲထြက္လာခဲ့သည္။
ကမာ သတိရလာေတာ့ ေျမေအာက္ခန္းတစ္ေနရာကို ေရာက္ေနသည္။ မိမိပါးစပ္ကို အ၀တ္ျဖင့္ဆို႕ ထားကာ ေျခလက္မ်ားကို ႀကိဳးနွင့္တုပ္ထားသည္။
ကမာ အတင္းရုန္းကန္ေသာ္လည္း ႀကိဳးမ်ားက ခိုင္ခံ့လြန္းလွသည္။ အလင္းေရာင္ ၀ိုးတ၀ါး၀င္ေနပံု အရ စပါးေလွာင္သည့္ ကုန္ေလွာင္ရံုလိုေနရာ၏ ေျမေအာက္ခန္းျဖစ္ပံုရသည္။ ေမ့ေဆးေငြ႕မ်ားျဖင့္ မိမိဘယ္ေလာက္ သတိေမ့ေနမွန္းမသိေပ။ သတိရလာေတာ့ ဗိုက္အရမ္းဆာေနျပီ။ ေရလည္းငတ္လို႕ ေနသည္။
မိမိကို ဘယ္သူမ်ားဖမ္းလာသလဲဟု ေတြးကာ ကမာ အားငယ္လာသည္။ သို႕ေသာ္ စိတ္ကို တင္းကာ လြတ္လိုလြတ္ျငား အတင္းရုန္းႀကည့္သည္. လက္ေကာက္၀တ္မ်ားနာက်င္လာတာပဲ အဖတ္တင္ သည္။ ဘယ္လုိမွကို မလြတ္ေျမာက္နိုင္ေပ။ တခ်က္တခ်က္ အျပင္ဘက္မွ အသံသဲ့သဲ့ႀကားေန ရသည္။
အသံကို ေသေသခ်ာခ်ာနားေထာင္ႀကည့္ေတာ့ ဆိပ္ကမ္းနားမွ အသံမ်ားလို ကုန္တင္ကုန္ခ်သည့္ အေႀကာင္းနွင့္ေျပာေနသည့္ အသံမ်ားႀကားေနရသည္။ ဒါဆို မိမိေရာက္ေနသည္က အေ၀းႀကီး မျဖစ္နိုင္ေပ။

ဆိပ္ကမ္းနားရွိ ကုန္ေလွာင္ရံုတစ္ခုခု၏ ေျမေအာက္ခန္းျဖစ္ပံုရသည္။ ကမာ အားတက္သြားသည္။ ကိုယ္ကို တတ္နိုင္သေလာက္ေရြ႕ရန္ႀကိဳးစားေသာ္လည္း တိုင္နွင့္ကပ္ကာ ႀကိဳးကခ်ည္ထားသျဖင့္ လႈပ္ပင္မလႈပ္နိုင္ေပ။ အစြမး္ကုန္ႀကိဳးစားရင္း မိုးခ်ဳပ္သြားေတာ့သည္။
ကမာသည္ ဗိုက္ဆာျခင္း၊ေရငတ္ျခင္း၊ ေမာပန္းျခင္းတို႕ျဖင့္ မိန္းေမာသြားေတာ့သည္။ မိမိသတိရ လာေတာ့ ေနာက္တေန႕ ေရာက္ေနေလျပီ။ ကမာ တကိုယ္လံုးအားယုတ္ကာ ေပ်ာ့က်ေနသည္။ ဆာလိုက္တာမွ ဗိုက္ထဲ ပူလို႕ေနသည္။ တံေတြးမ်ိဳခ်ဖို႕ေတာင္ တံေတြးပင္မထြက္ေတာ့ေပ။
ကမာသည္ လက္ေနာက္ျပန္တုတ္ခံထားရသျဖင့္ တကိုယ္လံုးေညာင္းညာလို႕ေနသည္။ ျခင္ကိုက္ခံ ရတာေတာ့ ေျပာမေနနွင့္။ ယားတာမွန္းမသိ၊ ေညာင္းတာမွန္းလည္းမသိေတာ့ေပ။ ဆာတာေရာ၊ ခ်မ္းတာေရာျဖင့္ ကမာ မိန္းေမာလို႕တာ ေနေတာ့သည္။
လူမသိ သူမသိ မိမိကို ဖမ္းျပီး ဂုိေဒါင္ထဲ ထည့္ထားေသာ သူမ်ားက မိမိကို တခါတည္းသတ္သြား လွ်င္ ေကာင္းမည္ဟု ကမာေတြးမိသည္။ ယခုေတာ့ မိမိကို အစာငတ္ေသေအာင္ပစ္ထားရန္ရည္ရြယ္ ပံုရသည္။
"အကိုႀကီး။ အကိုေလး။ကြ်န္ေတာ္ ေသရေတာ့မယ္ ထင္တယ္။ အကိုတို႕ကို ကြ်န္ေတာ္ ေက်းဇူးးဆပ ခြင့္မရလိုက္တာ ေတာင္းပန္ပါတယ္။ ေနာင္ဘ၀မွ အကိုတို႕ ေက်းဇူူးကို လာဆပ္ပါေတာ့မယ္။ အကိုႀကီး... အကိုေလး..."
ကမာ အကိုနွစ္ဦးကို တရင္း သတိေမ့သြားေတာ့သည္။ ကမာ၏ စိတ္တို႕က ပ်က္ဆီးသြားေသာ နွင္းျမိဳ႕ေတာ္ အဖ်က္ဆီးမခံရခင္က အိမ္ေတာ္တြင္ မိသားစုနွင့္အတူ ေန႕လည္စာစားေနသည့္ အခ်ိန္ကို ျပန္ေရာက္သြားသည္။ မယ္မယ္က ျပံဳးကာ ကမာ့ပန္းကန္ထဲ အသားေႀကာ္မ်ားထည့္ေပး ေနသည္။ ခမည္းေတာ္က ကမာ့အတြက္ ၀ိုင္ခ်ိဳခ်ိဳေလးကို ကမ္းေပးေနသည္။ ျပီးေတာ့ အကိုေတာ္ နွစ္ဦးက ကမာ့ကို စားရန္တိုက္တြန္းေနသည္။
ကမာ ေရငတ္ငတ္နွင့္ ၀ိုင္ကို ေမာ့ခ်လိုက္သည္။ သို႕ေသာ္ မိမိနူတ္ခမ္းနွင့္ထိလိုက္သည္နွင့္ ၀ိုင္အရက္ ကေပ်ာက္ကြယ္သြားသည္။

"သားေတာ္ေလး ေသာက္ေလ.."

"ခမည္းေတာ္ ဘုရား ၀ိုင္ေတြ မရွိေတာ့ဘူး။"

"ရွိပါတယ္ သားေတာ္ေလးရဲ႕။ သားရဲ႕ခြက္ထဲမွာ အျပည့္ပဲေလ.."
ခမည္းေတာ္ေျပာေသာအခါ ကမာမိမိခြက္ကို ျပန္ႀကည့္လိုက္ေတာ့ တကယ္လည္း ၀ိုင္က အျပည့္ ရွိေနသည္။ သို႕ေသာ္ ေသာက္လို႕မရျဖစ္ေနသျဖင့္ ကမာ ငိုခ်င္လာသည္။ မယ္မယ့္ဘက္ကို အားကိုးတႀကီးႀကည့္လိုက္ေတာ့ ေဟဇယ္ေလးက၏ ပန္းကန္ထဲ ဟင္းထည့္ေပးေနသည္ကို ေတြ႕လိုက္သည္။

"ေဟဇယ္... မင္း ေခ်ာက္ထဲ က်သြားတယ္ မဟုတ္လား။ ဘယ္လုိလုပ္ ဒီေနရာကို ေရာက္ေန တာလဲ။ ခမည္းေတာ္... မယ္မယ္တို႕ ဘယ္လိုလုပ္ျပီး တာတာေတြလက္က လြတ္သြားတာလဲ။ သားေတာ္က အားလံုးအသတ္ခံလိုက္ရတယ္လို႕ထင္ေနတာ။ ေနာင္ေတာ္ နွစ္ေယာက္လည္း မေသဘူးေနာ္.....ဒါဆို အကိုႀကီးတင္တက္ရင္နဲ႕ အကိုေလး တင္ေမာ္ရင္တို႕က ဘယ္မွာလဲ.."
ကမာေျပာသည္ကို ခမည္းေတာ္တို႕က နားလည္ဟန္မတူေပ။ မိိမိကို တအံ့တႀသႀကည့္ကာ

"သားေတာ္...ဘာေတြ ကေယာင္ကတန္းျဖစ္ေနတာလဲ။ အခုက သားေတာ္ရဲ႕ ဆယ့္ငါးနွစ္ျပည့္ ေမြးေန႕ေလ။ သားေတာ္ ဘာေတြ စိတ္ကူးယဥ္ေနတာလဲကြယ္။ တာတာလူရိုင္းေတြ နွင္းေတာင္တန္းကိ ုျဖတ္မလာနိင္ပါဘူးကြယ္။ စိတ္ေအးေအးထားပါ။"
ခမည္းေတာ္က နွစ္သိမ့္လိုက္သည္။ကမာ ေခါင္းကို ခါလိုက္သည္။ ဒါေတြ တကယ္မဟုတ္နို္င္ေပ။ မိမိက နွင္းျမိဳ႕ေတာ္ကို ဘယ္လိုျပန္ေရာက္ေနတာလဲ။ နွင္းျမိဳ႕ေတာ္က ပ်က္စီးသြားေလျပီ။ မိမိမ်က္စိ ေရွ႕တြင္ မီးရွိဳ႕ဖ်က္စိးခံလိုက္ရျခင္းျဖစ္သည္။
ဒါဆို မိမိအခု ရွိေနသည္က ဘယ္ေနရာလဲ ဟုေတြးကာ ထိတ္လန္႕လာသည္။ မိမိေသသြားျပီလားဟု ေတြးမိစဥ္ အိမ္ေတာ္အ၀မွ အကိုႀကီးတင္တက္ရင္၏ အသံကို ႀကားလိုက္ရသည္။

"ကမာ....ကမာ...ညိီေလး...ကမာ...."
ကမာ ထကာ အိမ္ေတာ္အ၀ကို ေျပးလာခဲ့မိသည္။

"သားေတာ္ေလး ဘယ္သြားမလို႕လဲ။ မယ္မယ္တို႕နဲ႕ေနပါကြယ္။ မယ္မယ္ သားေလးကို လြမ္းေနတာ ႀကာျပီ။"
ကမာ ဘာျပန္ေျပာရမွန္းမသိျဖစ္ေနစဥ္ အကိုႀကီးအသံကို ထပ္ႀကားလိုက္ရသည္။

" ကမာ..ကမာ...အကိုႀကီးေခၚတာ ႀကားရဲ႕လား..ကမာ..."
ကမာ ဆံုးျဖတ္လိုက္သည္။ အကိုႀကီ၏ အသံကအရမ္းကို စိတ္ပူေနသံေပါက္ေနသျဖင့္ ကမာ အိမ္ေရွ႕ကို ထြက္လာခဲ့သည္။
"သားေတာ္ မင္းသြားရင္ ခမည္းေတာ္တို႕နဲ႕ ထပ္ေတြ႕ရမွာမဟုတ္ေတာ့ဘူးေနာ္..ျပန္လာခဲပါ။"

"အကိုႀကီးေခၚေနတယ္ ခမည္းေတာ္ ဘုရား။ သူ႕ကို သားေတာ္ သြားေခၚပါရေစ..."

"သားေတာ္..."

"ညီေလး..."

"ေနာင္ေတာ္ကမာ..."
ကမာသည္ မိသားစုမ်ားေခၚသည့္ အသံကို လ်စ္လ်ဴရွုကာ အိ္မ္ေတာ္အျပင္ဘက္ကို ထြက္လာ ခဲ့သည္။

အျပင္ဘက္တြင္ အလင္းေရာင္က ေတာက္ပလြန္းလွခ်ည္လား။ ကမာ မ်က္စိမဖြင့္နိုင္ေအာင္ ျဖစ္သြားသည္။ မိမိပါးကို ပုတ္ကာ ေခၚေနေသာ အကိုႀကီး၏ အသံေႀကာင့္ အားယူကာ ထူးလို္က္သည္။
"အကိုႀကီး...."
ကမာ မ်က္လံုးကို အားယူျပီးဖြင့္လုိက္သည္။ မ်က္ခြံကဘာေႀကာင့္ဒီေလာက္ေလးေနမွန္း မသိေတာ့ေပ။

"စစ္သူႀကီး ...သခင္ေလး သတိရလာပါျပီ..."
လူစိမ္းအသံနွင့္အတူ ပါးစပ္ထဲခ်ိဳေမြးေသာအရည္ေအးေအးတခ်ိဳ႕စီး၀င္လာသည့္။ကမာ အငမ္းမရ ေသာက္လိုက္မိသည္။ ပူေနေသာ အူမွာယခုမွ ျငိမ္သြားသလိုပင္။

"အ..ကို...ႀကီး..."
ကမာ အသံထြက္ေခၚလိုက္မိသည္။ မိမိအသံဘာေႀကာင့္ ဒီိေလာက္တိိုးေနသည္ကို နားမလည္ ေတာ့ေပ။

"ကမာေလး...စကားမေျပာနဲ႕ဦး။ ကမာ အရမ္းအားနည္းေနတယ္။ အိပ္လိုက္ဦးေနာ္။ ကမာေလး အကိုႀကီးတို႕နဲ႕ အတူရွိေနျပီ။"
အကိုႀကီး၏ အသံႀကားေတာ့ကမာစိတ္ခ်လက္ခ်ျဖင့္ အိပ္ေပ်ာ္သြားေတာ့သည္။
ကမာနိုးလာေသာအခါ အခန္းထဲတြင္ အကိုႀကီးေရာ၊ အကိုေလးေရာရွိေနသည္။
"အကိုႀကီး ကြ်န္ေတာ္ ဒီကို ဘယ္လိုေရာက္ေနတာလဲ.."
ကမာ့အသံေႀကာင့္ နွစ္ဦးလံုးေျပးလာခဲ့သည္။

"ညီေလး နုိးေနျပီလား။ ဘယ္လိုေနေသးလဲ။ "

"ဗိုက္ဆာတယ္ အကိုေလး။"
တင္ေမာ္ရင္က ျပံဳးကာ အျပင္ကိုလွမ္းေအာ္လိုက္သည္။

"အိမ္ေတာ္ထိန္းႀကီး ယူလာခဲ့ေတာ့။"
အိမ္ေတာ္ထိန္းႀကီးနွင့္ အေစေတာ္မေလး သယ္လာေသာ ဟင္းရည္မွာ ေမႊးပ်ံ႕ေနသည္။ ခ်က္ခ်င္း စားပြဲေပၚတြင္ အျပည့္ခင္းက်င္းလိုက္သည္။ သူတို႕ ျပင္ဆင္ေနတုန္း အကိုႀကီးက ကမာကို ေပြ႕ခ်ိီကာ သန္႕စင္ခန္းကို လိုက္ပို႕ေပးသည္။ ကို္ယ္လက္သန္႕စင္ျပီးေနာက္ ကမာသည္ အကိုႀကီး၏ ရင္ခြင္တြင္ ကေလးလို လိုက္ပါလာသည္။ ထိုစဥ္ ကမာ ခမည္းေတာ္တို႕ကို သတိရသြားျပီးေမး လိုက္သည္။
"အကုိႀကီး ခမည္းေတာ္တို႕ကို မေတြ႕ဘူးလား။"
တင္တက္ရင္က ကမာကို ႀကင္နာစြာႀကည့္ကာ
"ကမာေလး အိပ္မက္ေယာင္ေနတာပါကြယ္။ ကမာေလးရဲ႕ မိဘေတြအားလံုး ေသဆံုးသြားျပီေလ.."
ကမာ သက္ျပင္းရွိုက္လိုက္မိသည္။
"ဟုတ္တယ္။ ကြ်န္ေတာ္ အိမ္မက္မက္ေနတာ။ ကြ်န္ေတ္ာ့မိသားစုေတြ ၀ိုင္းဖြဲ႕စားေနႀကတာ။ မယ္မယ္ေရာ။ ေနာင္ေတာ္နဲ ေဟဇယ္ေလးလည္းပါတယ္။မယ္မယ္က ျပန္မလာဖို႕ေျပာေသးတယ္။ ကြ်န္ေတ္ာက အကိုႀကီးအသံကို ႀကားလို႕ထြက္လာခဲ့ရင္းနုိးလာတာ။"
ကမာ၏ စကားကုိႀကားေသာ္ တင္တက္ရင္ ႀကက္သီးေမြညွင္းထသြားသည္။ ကမာက လူေသတို႕ နယ္ကို ေရာက္သြားခဲ့တာပါလား။ သမားေတာ္ေျပာသည့္စကားမ်ားမွန္ေနျပီ။ ကမာေမ်ာေနစဥ္ သူ႕မိသားစုနွင့္ျပန္ဆံုျခင္းျဖစ္သည္။ မိမိက ကမာမ နိုးမခ်င္း ေဘးမွ တေႀကာ္ေႀကာ္ေခၚေနစဥ္ ကမာ ျပန္နိုးလာျခင္းျဖစ္သည္။.သမားေတာ္က ေသရြာျပန္ဟုေျပာျခင္းျဖစ္သည္။
သို႕ေသာ္ ကမာေလးကို ေနာက္မွ ေအးေအးေဆးေဆးေျပာမည္ဟုေတးကာ စကားကို ေလ်ာခ်လိုုက္သည္။
"ကမာ ဗိုက္ဆာလြန္းလို႕ စိတ္စြဲျပီးမက္တာပါကြာ။ ကဲ အကိုႀကီးနဲ႕ အကိုေလးက ကမာနဲ႕ အတူစား ခ်င္လို႕ ေစာင့္ေနတာ။ "
ကမာ မ်က္နွာေလးျပံုးသြားသည္။ ဒီေလာက္ ခ်စ္စရာေကာင္းသည့္ ညီေလးကို ယုတ္မာစြာျဖင့္ အစာငတ္ေသရန္ ႀကံသည့္ ေက်ာက္မိဖုရားကို တင္တက္ရင္ သတ္ပစ္ခ်င္ေလာက္ေအာင္ ေဒါသထြက္မိသည္။

"ကမာေလး လာ။ အကိုေလး ခ်က္ခို္င္းထားတာေတြ ႀကည့္စမ္း။ ကုန္ေအာင္စားနိုင္ပါ့မလား"
တင္ေမာ္ရင္၏ စကားေႀကာင့္ ကမာ ျပံဳးသြားသည္။ ဟင္းအားလံုးက မိမိအႀကိဳက္မ်ားခ်ည္းျဖစ္သည္။
"ကုန္ေအာင္ စားမွာ အကိုေလး။"
ကမာသည္ အရသာရွိလွေသာ ဟင္းမ်ားကိုစားျပိီးေနာက္ ေမးလိုက္သည္။အကိုနွစ္ဦးက သိပ္မစားပဲ ကမာကို သာကရုတစိုက္ေကြ်းေနသည္။

"အကိုႀကီးတို႕ ကြ်န္ေတာ့္ကို ဘယ္သူဖမ္းသြားတာလဲ.."
တင္ေမာ္ရင္က ကမာကိုႀကင္နာစြာႀကည့္ကာ
"ကမာကို မိဖုရားေခါင္ႀကီးဖမ္းသြားတာပဲ။သက္ေသေတာ့ မရဘူး။ ဒါေပမယ့္ သူ႕လက္ခ်က္ဆိုတာ အကိုေလးသိတယ္။ မင္းႀကီးကိုယ္တိုင္ဒီအမႈကို ကိုင္ေနတယ္။ "
တင္တက္ရင္သည္ မငး္ႀကီးမိန္႕သည့္ စကားေႀကာင့္စိတ္မသက္သာျဖစ္ေနသည္။
"ကမာကို ကိုယ္ေတာ္ စိတ္မခ်ဘူး။ နန္းေတာ္ထဲ ေခၚထားေတာ့မယ္။"
မင္းႀကီးသာ တကယ္ေခၚထားရင္ ကမာနွင့္မင္းႀကီးအေႀကာင္း တရား၀င္ျဖစ္ေလျပီ။ တင္တက္ရင္ သည္ ကမာကို ဘယ္လိုမွကယ္ထုတ္လို႕ရေတာ့မည္ မဟုတ္ေပ။ ထို႕ေႀကာင့္ စိတ္ပူေနမိသည္။ ျပီးေတာ့ နန္းေတာ္ထဲမွာဆိုလွ်င္ ကမာကို မိဖုရားလုပ္ႀကံဖို႕ အခြင့္ေရးပိုမ်ားသည္ မဟုတ္လား။

"အကိုႀကီး ကြ်န္ေတာ့္ကို ဘယ္လိုျပန္ေတြ႕တာလဲ။ ဘယ္မွာခ်ဳပ္ထားတာလဲ။"
ကမာ့အေမးေႀကာင့္ သတိ၀င္လာသည္။
"ေလွဆိပ္နားက ကုန္ေလွာင္ရံုရဲ႕ေျမေအာက္ခန္းမွာ ကမာ။ အကိုေလးတို႕ ေတာက္ေလွ်ာက္လိုက္ျပီး ေနာက္ဆံုး အမဲလိုက္ေခြးေတြနဲ႕ သံုးျပီးရွာရတာ။ ေမာ္ရင္ အေတြးေကာင္းလို႕ ။ မဟုတ္ရင္ အကိုႀကီးက ျမိဳ႕ျပင္ဘက္ကို လိုက္ေတာ့မွာ။ ေမာ္ရင္က လူမ်ားတဲ့ေနရာကို သံသယရွိေနတာ။ ကုန္တင္ေလွေတြအားလံုး အ၀င္အထြက္တားထားျပီး ပိုက္စိပ္တိုက္ရွာလိုက္တာ။ ညီ့ကိုေတြ႕ေတာ့ ညီက ဖ်ားလည္းဖ်ား၊ အစာငတ္ ေရငတ္နဲ႕ အသက္ေငြ႕ေငြ႕ပဲ ရွိေတာ့တာ။ မင္းႀကီးရဲ႕ ေတာ္၀င္သမားေတာ္ ကိုယ္တိုင္ လာကုေပးျပီး မနည္းအသက္ကယ္ေပးထားတာ။"
ကမာသည္ အကိုႀကီး၏ အေျဖကိုႀကားေသာ ္ သက္ျပင္းခ်မိသည္။

"မိဖုရား ကြ်န္ေတာ့့္ကို ဘာလို႕မုန္းတာလဲဟင္။ "

"မင္းႀကိးကမင္းကို ခ်စ္လို႕ေပါ့"
ထိုစဥ္ နန္းတြင္းမွ အေထာက္ေတာ္ေရာက္လာသည္။
"မင္းႀကီးက သခင္ေလးကမာကို အႀကိဳလႊတ္လိုက္တာပါ စစ္သူႀကီး။"
ကမာ လန္႕သြားသည္။ နန္းေတာ္ထဲမွာမေနခ်င္ပါ။ ထုိ႕ေႀကာင့္ မ်က္နွာပ်က္သြားသည္။ တင္ေမာ္ရင္ က အေထာက္ေတာ္ကို ျပန္ေျဖလိုက္သည္။
"တပ္မႈးေလး...မင္းႀကီးကို ေလွ်ာက္တင္ေပးပါ။ ကမာ ေနသိပ္မေကာင္းေသးလို႕ မနက္ျဖန္မွ နန္းေတာ္ထဲကို ၀င္ပါ့မယ္လို႕။"
တပ္မႈးေလးက အတြန္႕မတက္ေတာ့ပဲ ျပန္သြားေတာ့သည္။ မင္းႀကိီး စိတ္ဆိုးမွာကို ျမင္ေယာင္ေနမ္ိသည္။
ေတးဟာခန္သည္ ကမာပါမလာေသာအခါ ကိုယ္တိုင္ လိုက္လာခဲ့သည္။ ဘုရင္တစ္ပါးျဖစ္ေသာ္ လည္းအခ်စ္ေက်းကြ်န္ဘ၀က်ေရာက္ေနမွေတာ့ ဘာမွကရုမစိုက္ေတာ့ပါ။

"ကမာ...."

"မင္းႀကီး...."
တင္တက္ရင္တို႕ ညီအစ္ကို နွစ္ဦးကအရိုအေသေပးလိုက္သည္။ ကမာ အိပ္ယာေပၚမွထမည္အျပဳ မင္းႀကိးက လက္ကာျပီး ေျပာလိုက္သည္။

"ေနသာသလိုေနပါ တင္တက္ရင္နဲ႕ ေမာ္ရင္။ကမာ မထနဲ႕။ မင္းကို ကိုယ္ေတာ္ စိုးရိ္မ္လို႕လိုက္လာ တာ။ အားအရမး္နည္းေနေသးသလား။ သမားေတာ္ႀကီးက မင္းသတိရျပီေျပာကတည္းက လာခ်င္ ေနတာ။ ျဖစ္ရေလ ကမာေလးရယ္။ ျပီးရင္ ကိုယ္ေတာ္နဲ႕ နန္းတြင္းကို လုိက္ခဲ့ေနာ္။ "
ကမာ နံေဘးတြင္ ၀င္ထုိ္င္ကာ နဖူးေလးကို စမ္းကာ တယုတယေျပာလိုက္ေသာ မင္းႀကီးေႀကာင့္ တင္တက္ရင္တို႕ ညီအစ္ကို မ်က္ႏွာမထားတတ္ေအာင္ျဖစ္သြားသည္။ ကမာလည္း အကိုေတြကို မႀကည့္ရဲေတာ့ေပ။

~ ဆက္ရန္

=============

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၄)

မင်းကြီး တေးဟာခန်သည် ညီလာခံမတက်ပဲ ကမာနှင့်အချိန်ဖြုန်းသည့် သတင်းက မိဖုရားခေါင်ကြီး ထံ သို့ရောက်သွားသောအခါ မိမိလူများကို အမိန့်ပေးလိုက်သည်။
ကမာကတော့ ဘာမှမသိပေ။ ညနေ အကိုကြီးကိုမျှော်နေသည်။ အကိုကြီးလာမကြိုသောအခါ တစ်ယောက်တည်း အိမ်တော်ကို ပြန်လာခဲ့သည်။ မင်းကြီးက လိုက်ပို့ခိုင်းမည်ကို အတင်းငြင်းကာ လမ်းလျှောက်ပြန်လာခဲ့သည်။ အိမ်သို့ရောက်သော် အကိုလေးပြန်ရောက်နေလေပြီ။ သူက ကမာကို ပြုံးကာ နူတ်ဆက်သည်။ကမာ ပြန်နုူတ်ဆက်ပြီး မိမိအခန်းထဲသို့ ဝင်ခဲ့သည်။ အကိုကြီးပြန်မရောက် သေးသဖြင့် ကမာ ခြံထဲဆင်းလာခဲ့သည်။
ခြံထဲတွင် ဓါးရေးလေ့ကျင့်နေစဉ် အငွေ့တချို့လွင့်ပျံလာသဖြင့် ကမာ စူးစမ်းဟန်လှည့်ကြည့်လိုက်စဉ် ခေါင်းမူးလာပြီး လဲကျသွားတော့သည်။ ထိုအခါ ခြုံနောက်မှ ဝတ်စုံနက်ဝတ်ထားသည့် လူ၄ ဦးထွက် လာပြီး ကမာကို ပွေ့ချီကာ အနောက်ပေါက်မှ ထွက်သွားတော့သည်။
စစ်သူကြီးတင်တက်ရင်၏ အိမ်တော်မှ အစောင့်များက အရှေ့ဘက်ကို သာ အာရုံစိုက်နေစဉ် သခင်လေး ကမာကို ဖမ်းခေါ်သွားသည့် လူတစ်စုလွတ်ထွက်သွားတော့သည်။
တင်တင်ရင်သည် အမူးပြေလို့ ထလာစဉ် မိုးချုပ်စပြုနေပြီ။ မြင်းပေါ်ခုန်တက်ကာ အိမ်သို့တန်းပြန် လာခဲ့သည်။
"သခင်ကြီး ....သခင်လေးကမာ ပျောက်နေပါတယ်။"
အိမ်တော်ထိန်းက စီးပြောသောအခါ တင်တက်ရင် မျက်မှောင်ကြုတ်သွားသည်။
"ညီလေးက ဘယ်သွားလို့လဲ။"
တင်မော်ရင်က ဝင်ပြောလိုက်သည်။
"ခဏကာ ခြံထဲမှာ ဓါးရေးကျင့်နေတယ် နောင်တော်။ပြီးတော့ ခြံထဲမှာ အိပ်ဆေးအငွေ့ရတယ်။"
ထိုစကားကိုကြားသော် စစ်သူကြီး မြင်းပေါ်ခုန်တက်ကာ မိမိရဲမတ်များကို အမိန့်ပေးလိုက်သည်။

"မြို့အထွက် ဂိတ်တွေကို လိုက်စမ်း။ မြင်းလှည်း၊ ကုန်လှည်းတွေ ထွက်သွားတဲ့နောက်ကို ချက်ချင်းလိုက်ကြစမ်း။"
တင်တက်ရင်သည် စိတ်အလိုလိုက်ကာ အရက်သောက်နေမိသော မိမိကိုယ်ကိုခွင့်မလွှတ်နိုင်ဖြစ် သွားသည်။
"မော်ရင် မင်းက မင်းကြီးကို သွားလျှောက်တင်စမ်း...တောက်...ဒါ မိဖုရားလက်ချက်ပဲဖြစ်မယ်.."
တင်မော်ရင်လည်း ကမာအတွက်စိုးရိမ်ကာ ချက်ချင်းနန်းတော်ထဲထွက်လာခဲ့သည်။
ကမာ သတိရလာတော့ မြေအောက်ခန်းတစ်နေရာကို ရောက်နေသည်။ မိမိပါးစပ်ကို အဝတ်ဖြင့်ဆို့ ထားကာ ခြေလက်များကို ကြိုးနှင့်တုပ်ထားသည်။
ကမာ အတင်းရုန်းကန်သော်လည်း ကြိုးများက ခိုင်ခံ့လွန်းလှသည်။ အလင်းရောင် ဝိုးတဝါးဝင်နေပုံ အရ စပါးလှောင်သည့် ကုန်လှောင်ရုံလိုနေရာ၏ မြေအောက်ခန်းဖြစ်ပုံရသည်။ မေ့ဆေးငွေ့များဖြင့် မိမိဘယ်လောက် သတိမေ့နေမှန်းမသိပေ။ သတိရလာတော့ ဗိုက်အရမ်းဆာနေပြီ။ ရေလည်းငတ်လို့ နေသည်။
မိမိကို ဘယ်သူများဖမ်းလာသလဲဟု တွေးကာ ကမာ အားငယ်လာသည်။ သို့သော် စိတ်ကို တင်းကာ လွတ်လိုလွတ်ငြား အတင်းရုန်းကြည့်သည်. လက်ကောက်ဝတ်များနာကျင်လာတာပဲ အဖတ်တင် သည်။ ဘယ်လိုမှကို မလွတ်မြောက်နိုင်ပေ။ တချက်တချက် အပြင်ဘက်မှ အသံသဲ့သဲ့ကြားနေ ရသည်။
အသံကို သေသေချာချာနားထောင်ကြည့်တော့ ဆိပ်ကမ်းနားမှ အသံများလို ကုန်တင်ကုန်ချသည့် အကြောင်းနှင့်ပြောနေသည့် အသံများကြားနေရသည်။ ဒါဆို မိမိရောက်နေသည်က အဝေးကြီး မဖြစ်နိုင်ပေ။

ဆိပ်ကမ်းနားရှိ ကုန်လှောင်ရုံတစ်ခုခု၏ မြေအောက်ခန်းဖြစ်ပုံရသည်။ ကမာ အားတက်သွားသည်။ ကိုယ်ကို တတ်နိုင်သလောက်ရွေ့ရန်ကြိုးစားသော်လည်း တိုင်နှင့်ကပ်ကာ ကြိုးကချည်ထားသဖြင့် လှုပ်ပင်မလှုပ်နိုင်ပေ။ အစွမ်းကုန်ကြိုးစားရင်း မိုးချုပ်သွားတော့သည်။
ကမာသည် ဗိုက်ဆာခြင်း၊ရေငတ်ခြင်း၊ မောပန်းခြင်းတို့ဖြင့် မိန်းမောသွားတော့သည်။ မိမိသတိရ လာတော့ နောက်တနေ့ ရောက်နေလေပြီ။ ကမာ တကိုယ်လုံးအားယုတ်ကာ ပျော့ကျနေသည်။ ဆာလိုက်တာမှ ဗိုက်ထဲ ပူလို့နေသည်။ တံတွေးမျိုချဖို့တောင် တံတွေးပင်မထွက်တော့ပေ။
ကမာသည် လက်နောက်ပြန်တုတ်ခံထားရသဖြင့် တကိုယ်လုံးညောင်းညာလို့နေသည်။ ခြင်ကိုက်ခံ ရတာတော့ ပြောမနေနှင့်။ ယားတာမှန်းမသိ၊ ညောင်းတာမှန်းလည်းမသိတော့ပေ။ ဆာတာရော၊ ချမ်းတာရောဖြင့် ကမာ မိန်းမောလို့တာ နေတော့သည်။
လူမသိ သူမသိ မိမိကို ဖမ်းပြီး ဂိုဒေါင်ထဲ ထည့်ထားသော သူများက မိမိကို တခါတည်းသတ်သွား လျှင် ကောင်းမည်ဟု ကမာတွေးမိသည်။ ယခုတော့ မိမိကို အစာငတ်သေအောင်ပစ်ထားရန်ရည်ရွယ် ပုံရသည်။
"အကိုကြီး။ အကိုလေး။ကျွန်တော် သေရတော့မယ် ထင်တယ်။ အကိုတို့ကို ကျွန်တော် ကျေးဇူးးဆပ ခွင့်မရလိုက်တာ တောင်းပန်ပါတယ်။ နောင်ဘဝမှ အကိုတို့ ကျေးဇူူးကို လာဆပ်ပါတော့မယ်။ အကိုကြီး... အကိုလေး..."
ကမာ အကိုနှစ်ဦးကို တရင်း သတိမေ့သွားတော့သည်။ ကမာ၏ စိတ်တို့က ပျက်ဆီးသွားသော နှင်းမြို့တော် အဖျက်ဆီးမခံရခင်က အိမ်တော်တွင် မိသားစုနှင့်အတူ နေ့လည်စာစားနေသည့် အချိန်ကို ပြန်ရောက်သွားသည်။ မယ်မယ်က ပြုံးကာ ကမာ့ပန်းကန်ထဲ အသားကြော်များထည့်ပေး နေသည်။ ခမည်းတော်က ကမာ့အတွက် ဝိုင်ချိုချိုလေးကို ကမ်းပေးနေသည်။ ပြီးတော့ အကိုတော် နှစ်ဦးက ကမာ့ကို စားရန်တိုက်တွန်းနေသည်။
ကမာ ရေငတ်ငတ်နှင့် ဝိုင်ကို မော့ချလိုက်သည်။ သို့သော် မိမိနူတ်ခမ်းနှင့်ထိလိုက်သည်နှင့် ဝိုင်အရက် ကပျောက်ကွယ်သွားသည်။

"သားတော်လေး သောက်လေ.."

"ခမည်းတော် ဘုရား ဝိုင်တွေ မရှိတော့ဘူး။"

"ရှိပါတယ် သားတော်လေးရဲ့။ သားရဲ့ခွက်ထဲမှာ အပြည့်ပဲလေ.."
ခမည်းတော်ပြောသောအခါ ကမာမိမိခွက်ကို ပြန်ကြည့်လိုက်တော့ တကယ်လည်း ဝိုင်က အပြည့် ရှိနေသည်။ သို့သော် သောက်လို့မရဖြစ်နေသဖြင့် ကမာ ငိုချင်လာသည်။ မယ်မယ့်ဘက်ကို အားကိုးတကြီးကြည့်လိုက်တော့ ဟေဇယ်လေးက၏ ပန်းကန်ထဲ ဟင်းထည့်ပေးနေသည်ကို တွေ့လိုက်သည်။

"ဟေဇယ်... မင်း ချောက်ထဲ ကျသွားတယ် မဟုတ်လား။ ဘယ်လိုလုပ် ဒီနေရာကို ရောက်နေ တာလဲ။ ခမည်းတော်... မယ်မယ်တို့ ဘယ်လိုလုပ်ပြီး တာတာတွေလက်က လွတ်သွားတာလဲ။ သားတော်က အားလုံးအသတ်ခံလိုက်ရတယ်လို့ထင်နေတာ။ နောင်တော် နှစ်ယောက်လည်း မသေဘူးနော်.....ဒါဆို အကိုကြီးတင်တက်ရင်နဲ့ အကိုလေး တင်မော်ရင်တို့က ဘယ်မှာလဲ.."
ကမာပြောသည်ကို ခမည်းတော်တို့က နားလည်ဟန်မတူပေ။ မိမိကို တအံ့တသြကြည့်ကာ

"သားတော်...ဘာတွေ ကယောင်ကတန်းဖြစ်နေတာလဲ။ အခုက သားတော်ရဲ့ ဆယ့်ငါးနှစ်ပြည့် မွေးနေ့လေ။ သားတော် ဘာတွေ စိတ်ကူးယဉ်နေတာလဲကွယ်။ တာတာလူရိုင်းတွေ နှင်းတောင်တန်းကိ ုဖြတ်မလာနိင်ပါဘူးကွယ်။ စိတ်အေးအေးထားပါ။"
ခမည်းတော်က နှစ်သိမ့်လိုက်သည်။ကမာ ခေါင်းကို ခါလိုက်သည်။ ဒါတွေ တကယ်မဟုတ်နိုင်ပေ။ မိမိက နှင်းမြို့တော်ကို ဘယ်လိုပြန်ရောက်နေတာလဲ။ နှင်းမြို့တော်က ပျက်စီးသွားလေပြီ။ မိမိမျက်စိ ရှေ့တွင် မီးရှို့ဖျက်စိးခံလိုက်ရခြင်းဖြစ်သည်။
ဒါဆို မိမိအခု ရှိနေသည်က ဘယ်နေရာလဲ ဟုတွေးကာ ထိတ်လန့်လာသည်။ မိမိသေသွားပြီလားဟု တွေးမိစဉ် အိမ်တော်အဝမှ အကိုကြီးတင်တက်ရင်၏ အသံကို ကြားလိုက်ရသည်။

"ကမာ....ကမာ...ညီလေး...ကမာ...."
ကမာ ထကာ အိမ်တော်အဝကို ပြေးလာခဲ့မိသည်။

"သားတော်လေး ဘယ်သွားမလို့လဲ။ မယ်မယ်တို့နဲ့နေပါကွယ်။ မယ်မယ် သားလေးကို လွမ်းနေတာ ကြာပြီ။"
ကမာ ဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ် အကိုကြီးအသံကို ထပ်ကြားလိုက်ရသည်။

" ကမာ..ကမာ...အကိုကြီးခေါ်တာ ကြားရဲ့လား..ကမာ..."
ကမာ ဆုံးဖြတ်လိုက်သည်။ အကိုကြီ၏ အသံကအရမ်းကို စိတ်ပူနေသံပေါက်နေသဖြင့် ကမာ အိမ်ရှေ့ကို ထွက်လာခဲ့သည်။
"သားတော် မင်းသွားရင် ခမည်းတော်တို့နဲ့ ထပ်တွေ့ရမှာမဟုတ်တော့ဘူးနော်..ပြန်လာခဲပါ။"

"အကိုကြီးခေါ်နေတယ် ခမည်းတော် ဘုရား။ သူ့ကို သားတော် သွားခေါ်ပါရစေ..."

"သားတော်..."

"ညီလေး..."

"နောင်တော်ကမာ..."
ကမာသည် မိသားစုများခေါ်သည့် အသံကို လျစ်လျူရှုကာ အိမ်တော်အပြင်ဘက်ကို ထွက်လာ ခဲ့သည်။

အပြင်ဘက်တွင် အလင်းရောင်က တောက်ပလွန်းလှချည်လား။ ကမာ မျက်စိမဖွင့်နိုင်အောင် ဖြစ်သွားသည်။ မိမိပါးကို ပုတ်ကာ ခေါ်နေသော အကိုကြီး၏ အသံကြောင့် အားယူကာ ထူးလိုက်သည်။
"အကိုကြီး...."
ကမာ မျက်လုံးကို အားယူပြီးဖွင့်လိုက်သည်။ မျက်ခွံကဘာကြောင့်ဒီလောက်လေးနေမှန်း မသိတော့ပေ။

"စစ်သူကြီး ...သခင်လေး သတိရလာပါပြီ..."
လူစိမ်းအသံနှင့်အတူ ပါးစပ်ထဲချိုမွေးသောအရည်အေးအေးတချို့စီးဝင်လာသည့်။ကမာ အငမ်းမရ သောက်လိုက်မိသည်။ ပူနေသော အူမှာယခုမှ ငြိမ်သွားသလိုပင်။

"အ..ကို...ကြီး..."
ကမာ အသံထွက်ခေါ်လိုက်မိသည်။ မိမိအသံဘာကြောင့် ဒီလောက်တိုးနေသည်ကို နားမလည် တော့ပေ။

"ကမာလေး...စကားမပြောနဲ့ဦး။ ကမာ အရမ်းအားနည်းနေတယ်။ အိပ်လိုက်ဦးနော်။ ကမာလေး အကိုကြီးတို့နဲ့ အတူရှိနေပြီ။"
အကိုကြီး၏ အသံကြားတော့ကမာစိတ်ချလက်ချဖြင့် အိပ်ပျော်သွားတော့သည်။
ကမာနိုးလာသောအခါ အခန်းထဲတွင် အကိုကြီးရော၊ အကိုလေးရောရှိနေသည်။
"အကိုကြီး ကျွန်တော် ဒီကို ဘယ်လိုရောက်နေတာလဲ.."
ကမာ့အသံကြောင့် နှစ်ဦးလုံးပြေးလာခဲ့သည်။

"ညီလေး နိုးနေပြီလား။ ဘယ်လိုနေသေးလဲ။ "

"ဗိုက်ဆာတယ် အကိုလေး။"
တင်မော်ရင်က ပြုံးကာ အပြင်ကိုလှမ်းအော်လိုက်သည်။

"အိမ်တော်ထိန်းကြီး ယူလာခဲ့တော့။"
အိမ်တော်ထိန်းကြီးနှင့် အစေတော်မလေး သယ်လာသော ဟင်းရည်မှာ မွှေးပျံ့နေသည်။ ချက်ချင်း စားပွဲပေါ်တွင် အပြည့်ခင်းကျင်းလိုက်သည်။ သူတို့ ပြင်ဆင်နေတုန်း အကိုကြီးက ကမာကို ပွေ့ချီကာ သန့်စင်ခန်းကို လိုက်ပို့ပေးသည်။ ကိုယ်လက်သန့်စင်ပြီးနောက် ကမာသည် အကိုကြီး၏ ရင်ခွင်တွင် ကလေးလို လိုက်ပါလာသည်။ ထိုစဉ် ကမာ ခမည်းတော်တို့ကို သတိရသွားပြီးမေး လိုက်သည်။
"အကိုကြီး ခမည်းတော်တို့ကို မတွေ့ဘူးလား။"
တင်တက်ရင်က ကမာကို ကြင်နာစွာကြည့်ကာ
"ကမာလေး အိပ်မက်ယောင်နေတာပါကွယ်။ ကမာလေးရဲ့ မိဘတွေအားလုံး သေဆုံးသွားပြီလေ.."
ကမာ သက်ပြင်းရှိုက်လိုက်မိသည်။
"ဟုတ်တယ်။ ကျွန်တော် အိမ်မက်မက်နေတာ။ ကျွန်တေ်ာ့မိသားစုတွေ ဝိုင်းဖွဲ့စားနေကြတာ။ မယ်မယ်ရော။ နောင်တော်နဲ ဟေဇယ်လေးလည်းပါတယ်။မယ်မယ်က ပြန်မလာဖို့ပြောသေးတယ်။ ကျွန်တေ်ာက အကိုကြီးအသံကို ကြားလို့ထွက်လာခဲ့ရင်းနိုးလာတာ။"
ကမာ၏ စကားကိုကြားသော် တင်တက်ရင် ကြက်သီးမွေညှင်းထသွားသည်။ ကမာက လူသေတို့ နယ်ကို ရောက်သွားခဲ့တာပါလား။ သမားတော်ပြောသည့်စကားများမှန်နေပြီ။ ကမာမျောနေစဉ် သူ့မိသားစုနှင့်ပြန်ဆုံခြင်းဖြစ်သည်။ မိမိက ကမာမ နိုးမချင်း ဘေးမှ တကြော်ကြော်ခေါ်နေစဉ် ကမာ ပြန်နိုးလာခြင်းဖြစ်သည်။.သမားတော်က သေရွာပြန်ဟုပြောခြင်းဖြစ်သည်။
သို့သော် ကမာလေးကို နောက်မှ အေးအေးဆေးဆေးပြောမည်ဟုတေးကာ စကားကို လျောချလိုက်သည်။
"ကမာ ဗိုက်ဆာလွန်းလို့ စိတ်စွဲပြီးမက်တာပါကွာ။ ကဲ အကိုကြီးနဲ့ အကိုလေးက ကမာနဲ့ အတူစား ချင်လို့ စောင့်နေတာ။ "
ကမာ မျက်နှာလေးပြုံးသွားသည်။ ဒီလောက် ချစ်စရာကောင်းသည့် ညီလေးကို ယုတ်မာစွာဖြင့် အစာငတ်သေရန် ကြံသည့် ကျောက်မိဖုရားကို တင်တက်ရင် သတ်ပစ်ချင်လောက်အောင် ဒေါသထွက်မိသည်။

"ကမာလေး လာ။ အကိုလေး ချက်ခိုင်းထားတာတွေ ကြည့်စမ်း။ ကုန်အောင်စားနိုင်ပါ့မလား"
တင်မော်ရင်၏ စကားကြောင့် ကမာ ပြုံးသွားသည်။ ဟင်းအားလုံးက မိမိအကြိုက်များချည်းဖြစ်သည်။
"ကုန်အောင် စားမှာ အကိုလေး။"
ကမာသည် အရသာရှိလှသော ဟင်းများကိုစားပြီးနောက် မေးလိုက်သည်။အကိုနှစ်ဦးက သိပ်မစားပဲ ကမာကို သာကရုတစိုက်ကျွေးနေသည်။

"အကိုကြီးတို့ ကျွန်တော့်ကို ဘယ်သူဖမ်းသွားတာလဲ.."
တင်မော်ရင်က ကမာကိုကြင်နာစွာကြည့်ကာ
"ကမာကို မိဖုရားခေါင်ကြီးဖမ်းသွားတာပဲ။သက်သေတော့ မရဘူး။ ဒါပေမယ့် သူ့လက်ချက်ဆိုတာ အကိုလေးသိတယ်။ မင်းကြီးကိုယ်တိုင်ဒီအမှုကို ကိုင်နေတယ်။ "
တင်တက်ရင်သည် မင်းကြီးမိန့်သည့် စကားကြောင့်စိတ်မသက်သာဖြစ်နေသည်။
"ကမာကို ကိုယ်တော် စိတ်မချဘူး။ နန်းတော်ထဲ ခေါ်ထားတော့မယ်။"
မင်းကြီးသာ တကယ်ခေါ်ထားရင် ကမာနှင့်မင်းကြီးအကြောင်း တရားဝင်ဖြစ်လေပြီ။ တင်တက်ရင် သည် ကမာကို ဘယ်လိုမှကယ်ထုတ်လို့ရတော့မည် မဟုတ်ပေ။ ထို့ကြောင့် စိတ်ပူနေမိသည်။ ပြီးတော့ နန်းတော်ထဲမှာဆိုလျှင် ကမာကို မိဖုရားလုပ်ကြံဖို့ အခွင့်ရေးပိုများသည် မဟုတ်လား။

"အကိုကြီး ကျွန်တော့်ကို ဘယ်လိုပြန်တွေ့တာလဲ။ ဘယ်မှာချုပ်ထားတာလဲ။"
ကမာ့အမေးကြောင့် သတိဝင်လာသည်။
"လှေဆိပ်နားက ကုန်လှောင်ရုံရဲ့မြေအောက်ခန်းမှာ ကမာ။ အကိုလေးတို့ တောက်လျှောက်လိုက်ပြီး နောက်ဆုံး အမဲလိုက်ခွေးတွေနဲ့ သုံးပြီးရှာရတာ။ မော်ရင် အတွေးကောင်းလို့ ။ မဟုတ်ရင် အကိုကြီးက မြို့ပြင်ဘက်ကို လိုက်တော့မှာ။ မော်ရင်က လူများတဲ့နေရာကို သံသယရှိနေတာ။ ကုန်တင်လှေတွေအားလုံး အဝင်အထွက်တားထားပြီး ပိုက်စိပ်တိုက်ရှာလိုက်တာ။ ညီ့ကိုတွေ့တော့ ညီက ဖျားလည်းဖျား၊ အစာငတ် ရေငတ်နဲ့ အသက်ငွေ့ငွေ့ပဲ ရှိတော့တာ။ မင်းကြီးရဲ့ တော်ဝင်သမားတော် ကိုယ်တိုင် လာကုပေးပြီး မနည်းအသက်ကယ်ပေးထားတာ။"
ကမာသည် အကိုကြီး၏ အဖြေကိုကြားသော ် သက်ပြင်းချမိသည်။

"မိဖုရား ကျွန်တော့်ကို ဘာလို့မုန်းတာလဲဟင်။ "

"မင်းကြိးကမင်းကို ချစ်လို့ပေါ့"
ထိုစဉ် နန်းတွင်းမှ အထောက်တော်ရောက်လာသည်။
"မင်းကြီးက သခင်လေးကမာကို အကြိုလွှတ်လိုက်တာပါ စစ်သူကြီး။"
ကမာ လန့်သွားသည်။ နန်းတော်ထဲမှာမနေချင်ပါ။ ထို့ကြောင့် မျက်နှာပျက်သွားသည်။ တင်မော်ရင် က အထောက်တော်ကို ပြန်ဖြေလိုက်သည်။
"တပ်မှုးလေး...မင်းကြီးကို လျှောက်တင်ပေးပါ။ ကမာ နေသိပ်မကောင်းသေးလို့ မနက်ဖြန်မှ နန်းတော်ထဲကို ဝင်ပါ့မယ်လို့။"
တပ်မှုးလေးက အတွန့်မတက်တော့ပဲ ပြန်သွားတော့သည်။ မင်းကြီး စိတ်ဆိုးမှာကို မြင်ယောင်နေမိသည်။
တေးဟာခန်သည် ကမာပါမလာသောအခါ ကိုယ်တိုင် လိုက်လာခဲ့သည်။ ဘုရင်တစ်ပါးဖြစ်သော် လည်းအချစ်ကျေးကျွန်ဘဝကျရောက်နေမှတော့ ဘာမှကရုမစိုက်တော့ပါ။

"ကမာ...."

"မင်းကြီး...."
တင်တက်ရင်တို့ ညီအစ်ကို နှစ်ဦးကအရိုအသေပေးလိုက်သည်။ ကမာ အိပ်ယာပေါ်မှထမည်အပြု မင်းကြိးက လက်ကာပြီး ပြောလိုက်သည်။

"နေသာသလိုနေပါ တင်တက်ရင်နဲ့ မော်ရင်။ကမာ မထနဲ့။ မင်းကို ကိုယ်တော် စိုးရိမ်လို့လိုက်လာ တာ။ အားအရမ်းနည်းနေသေးသလား။ သမားတော်ကြီးက မင်းသတိရပြီပြောကတည်းက လာချင် နေတာ။ ဖြစ်ရလေ ကမာလေးရယ်။ ပြီးရင် ကိုယ်တော်နဲ့ နန်းတွင်းကို လိုက်ခဲ့နော်။ "
ကမာ နံဘေးတွင် ဝင်ထိုင်ကာ နဖူးလေးကို စမ်းကာ တယုတယပြောလိုက်သော မင်းကြီးကြောင့် တင်တက်ရင်တို့ ညီအစ်ကို မျက်နှာမထားတတ်အောင်ဖြစ်သွားသည်။ ကမာလည်း အကိုတွေကို မကြည့်ရဲတော့ပေ။

~ ဆက်ရန်

Continue Reading

You'll Also Like

149K 9.5K 64
Barကို လာတဲ့ Customer 80%က Bottom‌ေတွ။ 15%က စိတ်လှုပ်ရှားစရာကိုလာရှာကြတဲ့မိန်းကလေးတွေ။ Barမှာအလုပ်လုပ်‌ေနတဲ့ အဖြောင့်ကောင်လေး Xia Zhiကတော့ လာအီတဲ့သူတ...
464K 39.9K 137
အစားထိုးခံ အနေနဲ့ လှည့်စားလက်ထပ်ခံထားရတဲ့ သနားစရာ Shou ။ ချမ်းသာပီးအေးစက်စက်နဲ့ရက်စက်လွန်းသော Gong။ Book 1 ကို mm tran - jjkalix wp acc မှာ 1 - 74သွာ...
207K 25.7K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...
5.3M 715K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...