မုန္တိုင္းမ်ား၏အရွင္သခင္ Seas...

By MayKingMK119

341K 21K 199

Zawgyi+Unicode Font ၂ မ်ိဳးလံုးနဲ႕ တင္ထားပါတယ္။ တာတာအရိုင္းစိုင္းမ်ားေႀကာင့္ ပ်က္သုဥ္းခဲ့ရတဲ့ နွင္းျမိဳ႕ေတာ္... More

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၂)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၃)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၆)ဇာတ္သိမ္းပုိင္း(Z+U)
မုန္တိုင္းမ်ား၏ အရွင္သခင္ - Season II

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၂)

6.5K 425 3
By MayKingMK119

မုန္တိုင္းမ်ား၏အရွင္သခင္
အပိုင္း (၁၂)

ရာသီအကူးအေျပာင္းတြင္ ကမာအေအးမိျပီးဖ်ားေတာ့သည္။ အိမ္သို႕ေရာက္ျပီးေနာက္ ညတြင္ အဖ်ားတက္လာသျဖင့္ ေနာက္တေန႕တြင္ နန္းတြင္းသို႕ အခစားမ၀င္နိုင္ေတာ့ေပ။
ေတးဟာခန္သည္ ကမာကို ေမွ်ာ္ေနစဥ္ တင္ေမာ္ရင္ေရာက္လာျပီး ကမာဖ်ားေသာေႀကာင့္ အခစား မ၀င္နိုင္ေႀကာင္းေလွ်ာက္တင္ေသာအခါ ေတးဟာခန္ စိတ္ပူသြားသည္။
"ကမာ အရမး္ဖ်ားေနသလား။ နန္းတြင္း သမားေတာ္ကို လႊြတ္လိုက္မယ္။ အတြင္း၀န္ႀကီး ကိုယ္ေတာ္ရဲ႕ သမားေတာ္ကို သြားႀကည့္ခုိင္းပါ။ "
တင္ေမာ္ရင္က မင္းႀကီးကိုေလွ်ာက္တင္လုိက္သည္။

"မင္းႀကီး သမားေတာ္ ေခၚျပထားျပီးပါျပီ။ သက္ေတာင့္သက္သာ နားမွ ျမန္ျမန္ေပ်ာက္မွာမို႕ပါ။ ျပိးေတာ့ မင္းႀကီးကို အဖ်ားကူးမွာစိုးလို႕ပါ။"
ေတးဟာခန္သည္ ေခါင္းယမ္းကာ
"ကိုယ္ေတာ့္သမားေတာ္နဲ႕ပဲ ကုခိုင္းပါ။ အျခားသမားေတာ္ဆိုရင္ ကိုယ္ေတာ္ စိတ္မခ်ဘူး။"
တင္ေမာ္ရင္က ေလွ်ာက္တင္လိုက္ရေတာ့သည္။
"မင္းႀကီး လက္မခံ၀ံ့ပါဘူး။ ေတာ္၀င္သမားေတာ္ႀကီးက ေတာ္၀င္မိသားစုပဲ ကုသခြင့္ရွိလို႕ပါ။"
ေတးဟာခန္က လက္မခံေပ။
"ကမာက က်ဳပ္ရဲ႕ အပါးေတာ္ျမဲဆိုေပမယ့္ က်ုဳပ္ျမတ္နိုးေတာ္မူတဲ့ ညီေလးပဲ။ ေတာ္၀င္သမားေတာ္ နဲ႕ပဲ ကုသေစ။"

"ေက်းဇူးႀကီးမားလွပါတယ္ အရွင္မင္းႀကီး။"
တင္ေမာ္ရင္ ေက်းဇူးတင္စကားေျပာကာ ထြက္ခဲ့ရသည္။
ညီလာခံတက္ေသာအခါ မင္းႀကီးက စိတ္နွင့္လူ သိပ္မကပ္ေပ။ မနက္ပိုင္း. ကမာနွင့္မေတြ႕ရသျဖင့္ ရင္ထဲဟာတာတာ ျဖစ္ေနမ္ိသည္။ အမတ္မ်ားတင္ျပသည္ကို နားေထာင္ေသာ္လည္း စိတ္ထဲ သိပ္ မေရာက္ေပ။ ထိုအထဲ အတုိက္အခံေျပာသည့္ အေႀကာင္းအရာမ်ားပါလာလွ်င္ စိတ္မရွည္ေတာ့ေပ။ ေနာက္ဆံုးေတးဟာခန္ ညီလာခံစဲကာ ျပန္သြားေတာ့သည္။

ထိုေန႕တေန႕လံုး ေတးဟာခန္ ေနမထိထိုင္မသာ ျဖစ္ေနမိသည္။ သက္ျပင္းကို အႀကိမ္ႀကိမ္ခ်ကာ စာလႊာမ်ားလည္း မဖတ္ပဲ ေနလိုက္သည္။ စိတ္ေျပလက္ေပ်ာက္ မိဖုရားမ်ားဘက္ သြားေသာ္လည္း စိတ္မပါသျဖင့္ အေဆာင္သို႕သာ ျပန္လာခဲ့သည္။
ေနာက္ဆံုးေတးဟာခန္ အရက္လာပို႕ခိုင္းလိုက္သည္။
အတြင္း၀န္ႀကီးက အလိုက္တသိျဖင့္ မင္းႀကီး၀ယ္ထားေသာ လူညိဳေခ်ာေလးကို လႊတ္ကာ ျပဳစု ေစသည္။ မင္းႀကီးသည္ ေကာင္ေလးနွင့္အတူေနျပီးမွ မိမိ ကမာကို ေတာင့္တေနမွန္း ပိုေသခ်ာ သြားေတာ့သည္။ ကမာကို ခ်စ္ခ်င္လို႕မဟုတ္ပဲ သူေလးကို စိတ္ပူေနျခင္းျဖစ္သည္။ ေနာက္တေန႕ ကမာမ်ား အခစား၀င္မလားဟု ေမွ်ာ္ေနမ္ိသည္။ သို႕ေသာ္ ကမာက မသက္သာေသးသျဖင့္ အခစား မ၀င္နိုင္ေသာအခါ ေတးဟာခန္ စိတ္မႀကည္ေတာ့ေပ။ ထိုေန႕ညီလာခံတက္ေသာအခါ မ်က္နွာညိဳ ေနသျဖင့္ အမတ္မ်ားက သိပ္မေလွ်ာက္တင္ရဲႀကေပ။
မင္းႀကိီးသည္ ေလွ်ာက္တင္သည္ကို နားေထာင္ေနေသာ္လည္း ဆံုးျဖတ္မေပးသျဖင့္ အမတ္မ်ားက တီးတိုးေျပာေနႀကသည္။ တင္တက္ရင္သည္ မင္းႀကီးဘာေႀကာင့္ ဒိီလိုျဖစ္သည္ကို သိေတာ့ သက္ျပင္းရွိုက္မိသည္။ မင္းႀကိီးက ထင္ထားသည္ထက္ ကမာကို ျငိတြယ္ေနေတာ့ ညီေလးအတြက္ ရင္ေလးသြားသည္။ မိမိဆက္သေသာ မိန္းကေလးမ်ားကို အပိ်ဳေတာ္အျဖစ္ထားေသာ္လည္း မည္သူ႕ ကိုမွ ေတာ္မေကာက္ေသးပဲ ကမာနွင့္ ေပ်ာ္ပါးေနသျဖင့္ တင္တက္ရင္ အံႀကိတ္ကာႀကည့္ေနရ သည္။
"ဒီေန႕လည္း မင္းႀကီး စိတ္မႀကည္ဘူး။ ဘယ္မိဖုရားနဲ႕ ျပသနာတက္သလဲ မသိဘူး။"

"မိဖုရား မဟုတ္ဘူး။ အပါးေတာ္ျမဲမလာလို႕ မင္းႀကီးစိတ္မႀကည္တာေလ။"

"ဟုတ္လို႕လား။ "

"ဒါေလးေတာင္ မသိေသးဘူးလား ။ အပါးေတာ္ျမဲလူေခ်ာေလး မလာတာနဲ႕ မင္းႀကီး ဒီလိုျဖစ္သြားတာ သိသာေနတာပဲေလ။"

"ေႀသာ္ ဟိုစစ္သူႀကီးနဲ႕ အမတ္ႀကီး ဘုရင့္အေပၚစကားေအာင္ေနတာ အဲ့လိုလုပ္လို႕ကို္း။ ေတာ္ေတာ္ ေအာက္တန္းက်တာပဲ။ ေကာင္ေလးနဲ႕ ျမွားျပီး မင္းႀကိးကို သိမ္းသြင္းေနတယ္။"
ထိုစကားေျပာမိသည့္ အမတ္ကို တင္တက္ရင္ ဆြဲထိုးျပစ္လိုက္သည္။

"ေနာင္ေတာ္....."
တင္ေမာ္ရင္သည္ ေက်ာက္မိဖုရား၏ ေမာင္တစ္၀မး္ကြဲ အမတ္ငယ္တစ္ဥိးကို ဆြဲထုိးလိုက္ေသာအခါ ထိုအုပ္စု လန္႕သြားႀကသည္။ တင္တက္ရင္က သူတို႕ထက္ ရာထူး ၂ ဆင့္ျမင့္သည္ မဟုတ္လား။

"ဘယ္ေကာင္က က်ဳပ္ညီကို အမနာပ ေျပာတာလဲ။ "
အမတ္ငယ္မ်ားက စစ္သူႀကီးကို ေတာင္းပန္လိုက္ႀကသည္။ သို႕ေသာ္ အထုိးခံရေသာ အမတ္ငယ္က အစ္မျဖစ္သူ မိဖုရားေခါင္ၿကီးအရွိန္ျဖင့္ ေဒါသျဖင့္ စိုက္ႀကည့္ကာ

"မွန္တာ ေျပာလို႕နာသြားသလား စစ္သူႀကီး။ ခင္ဗ်ားရဲ႕ အႀကံေပၚသြားလို႕ ေဒါသထြက္ေနတာလား။"
က်န္အမတ္မ်ားက ဘာမွ ျပန္မေျပာ၀ံ့ႀကေပ။ ထိုစဥ္ အမတ္ခ်ဳပ္ႀကိးေရာက္လာျပီး ပြဲကို ၀င္ထိန္းလိုက္သည္။

"ေက်ာက္အမတ္ ... မင္း စစ္သူႀကီးကို ျပန္ေတာင္းပန္စမး္္။ မင္း မဆိုင္တဲ့စကားကို ထပ္ေျပာရင္ မင္းကို ေထာင္ခ်ထားမယ္။"
ေက်ာက္အမတ္က အမတ္ခ်ဳပ္ႀကီးကို ေဒါသျဖင့္ႀကည့္ကာ ျပန္ေျပာလိုက္သည္။
"ခင္ဗ်ားလည္းပါတယ္ ဦးရီးေတာ္ႀကီး ...က်ဳပ္လို ဘုရင့္အႏြယ္ေတာ္က စစ္သည္မ်ိဳးရိုးကေကာင္ကို မေတာင္းပန္နိုင္ဘူး။"
ေက်ာက္အမတ္က မိုက္ရိုင္းစြာေျပာျပီး ပမာမခန္႕ျဖင့္ထြက္သြားလိုက္သည္။ တင္တက္ရင္က စိတ္ကို ထိန္းလိုက္သည္။ နန္းတြင္းထဲ ရန္မ်ားလို႕မျဖစ္ေသး။ ညီေလးကိ ု ကယ္ရမည့္ အစီအစဥ္ ေနွာင့္ေနွး သြားနိုင္သည္။
ထိုသတင္း မင္းႀကီးထံသို႕ေရာက္သြားေသာအခါ မင္းႀကီးက ေဒါသထြက္သြားသည္။ သို႕ေသာ္ ေပါက္ကြဲမႈမရွိပဲ တည္ျငိမ္စြာျဖင့္ လွ်ိဳ႕၀ွက္စစ္တပ္မွ တပ္မႈးကို ေခၚခိုင္းလို္က္သည္။

"ေက်ာက္အမတ္ကို ရွင္းပစ္လိုက္။ သူ႕ကို မနက္ျဖန္ ညီလာခံတက္တာ မျမင္ခ်င္ဘူး။"

"အမိန္႕ေတာ္ အတိုင္းပါ အရွင္..."
အတြင္း၀န္ႀကီး ထိတ္လန္႕သြားသည္။ မင္းႀကီးစိတ္ အရမ္းကို ခက္ထန္ေနျပီ။ ဒါဆို ေနာက္တရက္ ညီလာခံတြင္ ႀကမ္းေတာ့မည္ကို သိသျဖင့္ မင္းႀကီးကို ေလွ်ာက္တင္လိုက္သည္။

"အရွင္မင္းႀကီး ကြ်န္ေတာ္မ်ိဳး အပါးေတာ္ျမဲကို လူနာေမး သြားခြင့္ျပဳပါ။ "
ေတးဟာခန္သည္ အတြင္း၀န္ႀကီး၏ စကားေႀကာင့္စိတ္နည္းနည္းေျပသြားသည္။ ခဏစဥ္းစားျပီးေျပာလိုက္သည္။

"ကိုယ္ေတာ္လည္း လိုက္မယ္။ လွ်ိဳ႕၀ွက္အဖြဲ႕ကို ခရီးစဥ္ စီစဥ္ခိုင္းလိုက္။"

"အမိန္႕ေတာ္အတုိင္းပါ မင္းႀကီး..."
တင္တက္ရင္တို႕ ညီအစ္ကိုနွင့္ ကမာ အတူထိုင္ျပီးစကားေျပာေနစဥ္ အိမ္ေတာ္နားခ်ည္းကပ္လာ ေသာလူတစ္စုေႀကာင့္ အေစာင့္က ေမးလိုက္သည္။

"ရပ္လိုက္...ဘယ္သူေတြလဲ..."
ေတးဟာခန္၏ ရဲမတ္က တံဆိပ္ျပားျပလိုက္ေသာအခါ အေစာင့္က ခါးညြတ္အရိုအေသေပးကာ အေဆာင္ထဲ ေျပး၀င္ျပီး သတင္းပို္႕လိုက္သည္။

"သခင္ႀကီး...အျပင္မွာ မင္းႀကီးရဲ႕ အတြင္း၀န္ႀကီးေရာက္ေနပါတယ။္"
တင္တက္ရင္တို႕ အျမန္ထလိုက္စဥ္ ထိုလူစု အထဲသို႕၀င္လာခဲ့သည္။ ေခါင္းထိ ၀တ္ရံုျခံဳထားေသာ လူတစ္ဦးကို ျမင္ေသာ္ တင္တက္ရင္နွင့္ တင္ေမာ္ရင္က ခ်က္ခ်င္းႀကမး္ေပၚဒူးတုပ္ကာ အရိုအေသ ျပဳလိုက္သည္။

"မင္းႀကီး သက္ေတာ္ရာေက်ာ္ရွည္ပါေစ..."
ထိုအခါမွ ကမာက မင္းႀကီးကိုယ္တိုင္ႀကြလာသည္ကို သိေတာ့သည္။ ကပ်ာကယာ အရိုအေသေပး လိုက္စဥ္ မင္းႀကိီးက ေခါင္းစြပ္ကို လွန္ခ်ကာ ကမာကို ထူမေပးျပီးေမးလိုက္သည္။

"ကမာေလး ဘယ္လိုေနေသးလဲ။ က်ဳပ္မင္းကိုစိုရိမ္လို႕ လာႀကည့္တာ။ အဖ်ားရွိေသးလား။"
မင္းႀကီးကေျပာျပီး နဖူးေလးကို စမ္းလိုက္စဥ္ ကမာ အကိုနွစ္ဥိး မ်က္နွာကို မႀကည့္ရဲေတာ့ေပ။

"သက္သာပါတယ္ မင္းႀကီး။ "

"ေတာ္ေသးတာေပါ့။ က်ဴပ္မင္းကို စိုးရိမ္လို႕ ညညစက္ေတာ္ေတာင္ မေခၚနိုင္ဘူး။"
ကမာသည္ မင္းႀကီ၏ အေျပာအဆိုေႀကာင့္ ရွက္လြန္းလို႕ ငိုခ်င္သြားသည္။ အကိုတို႕ေရွ႕မို႕ မ်က္နွာမထားတတ္ေအာင္ျဖစ္သြားမိသည္။ ေတးဟာခန္က မ်က္နွာနီေနေသာ ကမာေလးကို မခ်င့္မရဲႀကည့္ကာ ဖ်စ္ညစ္ခ်င္စိတ္ကို မနည္းထိန္းထားရသည္။
ကမာက မင္းႀကီးကို မိမိအခန္းသို႕ ေခၚလိုက္သည္။

"မင္းႀကီးကို အတင့္ရဲစြာ ကြ်န္ေတာ္မ်ိဳးရဲ႕ နံုခ်ာလွတဲ့ အခန္းကို ဖိတ္ႀကားပါရေစ .."

ေတးဟာခန္ ျပံဳးသြားသည္။ ကမာ့လက္ကို ဆြဲကာ စစ္သူႀကီးဘက္ကုိလွည့္ေျပာလိုက္သည္။
"ကဲ စစ္သူႀကီးနဲ႕ အမတ္ႀကီးလည္း သက္သာသလို ေနႀကပါ။ ကိုယ္ေတာ္ ကမာနဲ႕ စကားေျပာလိုက္ ဦးမယ္။"
အခန္းထဲသို႕ေရာက္သည္နွင့္ ေတးဟာခန္က ကမာကို ရင္ခြင္ထဲဆြဲဖက္ကာ ေမးလိုက္သည္။

"သက္သာျပီလားကြယ္။ က်ုဳပ္မင္းကို လြမ္းလြန္းလို႕ရူးေတာ့မယ္။ မနက္ျဖန္ အခစား၀င္ေတာ့ မလား။"

"မင္းႀကီး ကြ်န္ေတ္ာမ်ိဳး ၂ ရက္ေလာက္ထပ္နားပါရေစ။"
"က်ဳပ္အေဆာင္မွာနားပါလားကြယ္..."

"ကြ်န္ေတာ္မ်ိးရဲ႕ အဖ်ား မင္းႀကီးကို ကူစက္မွာစုိးလို႕ပါ။ "
ေတးဟာခန္သည္ သက္မကိုခ်ကာ ပါးေလးကို နမ္းျပီးေျပာလိုက္သည္။

"ကူးပါေစ။ ကမာေလးဆီက အဖ်ားကူးတာ ကိုယ္ေတာ္ ကရုမစိုက္ဘူး။ မနက္ျဖန္ အခစား၀င္ ေတာ့ေနာ္။ ကမာ့ကို မေတြ႕ရလို႕ ကို္ယ္ေတာ္ရူးခ်င္ေနျပီ။ ညီလာခံမလိုက္ခဲ့နဲ႕။ ကို္ယ္ေတာ့္ အေဆာင္မွာနားေနာ္။"
ကမာ ေခါင္းျငိမ့္လိုက္၇ေတာ့သည္။ မင္းႀက၊ီးကိုယ္တုိင္လာေခၚမွေတာ့ ဘယ္လိုမွ မျငင္းနို္င္ေတာ့ေပ။
ေနာက္တေန႕ ညီလာခံတြင္ မင္းႀကီးစိတ္လန္းေနသျဖင့္ အမတ္မ်ားအသက္၇ွူေခ်ာင္သြားသည္။ အမတ္ႀကီးက အတြင္း၀န္ကို ေလွ်ာက္တင္ခို္င္းလိုက္ျခင္းျဖစ္သည္။ မင္းႀကီးေဒါသက ပိုိပုိႀကီးလာ လွ်င္ နန္းတြင္းထဲ လူသတ္ပြဲထပ္ျဖစ္နို္င္ေသာေႀကာင့္ အျမန္ခိုင္းလိုက္ရျခင္းျဖစ္သည္။
ညီလာခံတြင္ ေက်ာက္မိဖုရားက ငိုႀကီးခ်က္မျဖင့္ ညက မိမိေမာင္၀မ္းကြဲ ေက်ာက္အမတ္ အသတ္ခံရ သည္ကို တိုင္တန္းကာ တရားခံေပၚေအာင္ စစ္ေပး၇န္ မင္းႀကီးကို ေတာင္းဆိုသည္။မိဖုရား၏ ျမွားဦးက တင္တက္ရင္ထံသို႕ ဦးတည္ထားသည္။ အသတ္မခံရခင္က စစ္သူႀကီးနွင့္ ရန္ျဖစ္သည္ဟု ဆိုသည္။
အမတ္ခ်ဳပ္ႀကီးသည္ မိဖုရား၏ ျပင္းထန္ေသာ စကားေႀကာင့္ မင္းႀကိး အမ်က္ထြက္ျပီလားဟု စိုးရိမ္သြားသည္။ မင္းၿကီးက တည္ျငိမ္စြာျဖင့္ အမတ္ခ်ဳပ္ႀကီးဘက္လွည့္ကာ အမိန္႕ေပးလိုက္သည္။
"အမတ္ခ်ဳပ္ႀကီး။ ေက်ာက္အမတ္ အတိုင္ခံထားရတဲ့ စာလႊာအားလံုးကို လႊတ္ေတာ္ကိုတင္ျပီး စစ္ေစ။ မတရားလုပ္တာမ်ားလို႕ သည္းမခံနိုင္တဲ့ ျပည္သူေတြက သတ္ျဖတ္တာျဖစ္နိုင္တယ္။ အမႈမွန္ ရေအာင္ေဖာ္ေပးပါ အမတ္ခ်ဳပ္ႀကီး။ သူက မိဖုရားေခါင္ႀကီးရဲ႕ ေဆြမ်ိဳးျဖစ္တယ္။ ကဲ မိဖုရားႀကီးလည္း ျပန္ေတာ့။ စ်ာပန ကို စီစဥ္ေပးရအံုးမယ္ မဟုတ္လား။ "
ေက်ာက္မိန္ကို ဆက္ဆံလိုက္ပံုကို ႀကည့္ကာ ညီလာခံတစ္ခုလံုး ေက်ာက္အမတ္ အသတ္ခံရသည္ကို နားလည္သြားသည္။ ေက်ာက္အမတ္က မင္းႀကီး၏ ျမတ္နိုးရသူကို ေစာ္ကား မိလို႕ အသတ္ခံရျခင္းျဖစ္သည္။
ေက်ာက္မိန္သည္ မင္းႀကီး၏ ပံုစံကို ႀကည့္ကာ မ်က္ရည္စီးက်ျပီး ညီလာခံမွ ထြက္သြားေတာ့သည္။
ကမာကေတာ့ ဘာမွ မသိေပ။ ေဆးေသာက္ျပီး မင္းႀကီးအေဆာင္တြင္ အိပ္ေပ်ာ္ေနသည္။

ေတးဟာခန္သည္ အပါးေတာ္ျမဲ၀တ္စံုနွင့္ အိပ္ေပ်ာ္ေနေသာ ကမာကို ေငးစိုက္ႀကည့္ရင္ျမတ္နိုးစိတ္ တို႕ထိန္းမရေတာ့ေပ။ နုတ္ခမ္းေလးကိုဖြဖြထိၿကည့္ရင္း စိတ္မထိိ္န္းနိုင္ေတာ့သျဖင့္ ငံု႕ကာနမ္းလိုက္ စဥ္ မင္းႀကီး၏ အေဆာင္တံခါးကို တစံုတေယာက္က အတင္းဖြင့္၀င္လာစဥ္ ထိုျမင္ကြင္းကို ျမင္သြား သည္။ သူကား .......
ေတးဟာခန္သည္ ပထမ ေဒါသျဖင့္ႀကည့္လိုက္ေသာ္လည္း တံခါး၀တြင္ရပ္ေနသူကိုေတြ႕ေသာ ခ်က္ခ်င္းထကာ အရိုအေသေပးလိုက္သည္။
"မယ္မယ္....ဘာေႀကာင့္ သားေတာ္ရဲ႕ အေဆာင္ကို ႀကြခ်ီလာတာလဲ..."
မယ္ေတာ္ႀကီးသည္ သားေတာ္ရဲ႕ စက္ရာေဆာင္ သလြန္ေပၚတြင္ အိပ္္ေပ်ာ္ေနေသာ အပါးေတာ္ျမဲ ၀တ္စံုနဲ႕ မိန္းကေလးမ်ားထက္ ေခ်ာေမာလွပေသာ လူေခ်ာေလးကိုႀကည့္ကာ ေမးလိုက္သည္။

"သူက သားေတာ္လူသတ္ရတဲ့ အေႀကာင္းအရင္းလား...."
မယ္ေတာ္ႀကီး၏ အေမးကို ေတးဟာခန္ တည္ျငိမ္စြာေျဖလိုက္သည္။ေက်ာက္မိန္ မယ္ေတာ္ႀကီးကို တင္ေလွ်ာက္လို႕ မယ္ေတာ္ႀကီး မိမိအေဆာင္ကို လုိက္လာျခင္းျဖစ္သည္။ မင္းႀကီး ေက်ာက္မိန္ အေပၚ စိတ္ကြက္သြားသည္။

"မွန္ပါတယ္ မယ္မယ္။ သူက သားေတာ္ အသက္ထက္ ျမတ္နိုးရတဲ့ သူပါ။ သူမရွိရင္ သားေတာ္ လူသတ္ခ်င္ေလာက္ေအာင္ကို စိတ္ေတြႀကမ္းတမ္းလာပါတယ္။"
မယ္ေတာ္ႀကီးသည္ မိမိႀကားဖူးေသာ အရင္မင္းႀကီးနွင့္ပါရွားမိဖုရားလိုမ်ိဳးျဖစ္လာေသာ သားေတာ္ကို ယူက်ံဳးမရႀကည့္ကာ

"သားေတာ္... မင္း မဟုတ္တာေတြ ေလွ်ာက္မလုပ္ပါနဲ႕..."
ေတးဟာခန္သည္ မယ္ေတာ္ကို တည္ျငိမ္စြာေလွ်ာက္လိုက္သည္။
"ေတာင္းပန္ပါတယ္ မယ္မယ္။ သားေတာ္ သူ႕ကို အရမ္းခ်စ္မိသြားျပီ။သူ႕မရွိရင္ သားေတာ္ အသက္ ဆက္မရွင္သန္နိုင္ေတ့ာဘူး မယ္မယ္။"
မယ္ေတာ္မိဖုရားႀကီးသည္ ဆိုခဲသေလာက္ ျမဲေသာသားေတာ္၏ အက်င့္ကိုသိသူပီပီ သက္ျပင္းခ် လိုက္မိသည္။ သားေတာ္မ်က္လံဳးထဲမွ အရိပ္မ်ားအရ ေလာေလာဆည္ အခ်စ္ဆိပ္တက္ေနသည္ ကိုသိသျဖင့္ အသာေလးေနာက္ဆုတ္သြားသည္။

"ေကာင္းျပီေလ။ သားေတာ္ရဲ႕ တိုင္းျပည္တာ၀န္ကို ေဆာင္ရြက္တဲ့ေနရာမွာ အခ်စ္ေရးက အတားအဆီး မျဖစ္ရင္ မယ္ေတာ္ မသိေယာင္ေဆာင္လိုက္ပါ့မယ္။ ဒါေပမယ့္ လြန္လာရင္ေတာ့ သားေတာ္ရဲ႕ ခ်စ္သူကို မယ္မယ္ ဖယ္ရွားရလိမ့္မယ္.."
ေတးဟာခန္၏ မ်က္ႏွာ၀င္းသြားသည္။မယ္ေတာ္ကို ေက်းဇူးတင္စြာႀကည့္လိုက္မိသည္။
မယ္ေတာ္ႀကီးသည္ သားေတာ္ စိတ္ခ်မ္းသာသြားသည္ကိုေတြ႕ေတာ့မိခင္ပီပီ ၀မ္းသာမိသည္။ သုိ႕ေသာ္ ကမာကို သားေတာ္ေဘးမွ မိမိဖယ္ရွားမွ ျဖစ္မည္ ဟုေတြးကာ သားေတာ္၏ နန္းေဆာင္မွ အသာထြက္လာခဲ့သည္။
ေတးဟာခန္သည္ မယ္ေတာ္၏ ခြင့္ျပဳခ်က္ရသြားျပီျဖစ္လို႕ ကမာအတြက္ စိတ္ခ်သြားသည္။ ေန႕လည္စာစားခ်ိန္ေရာက္ေနေသာေႀကာင့္ ကမာေလးကို နိႈးလိုက္သည္။

"ကမာေလး ...ထေတာ့ေလ... မြန္းလြဲေနျပီ။ ေန႕လည္စာ စားရေအာင္။ ျပီးရင္ ေဆးေသာက္ရမယ္"

ကမာသည္ မ်က္လံုးကို အားယူျပီးဖြင့္လိုက္မိစဥ္ ပထမ မိမိဘယ္ေရာက္ေနမွန္း မသိျဖစ္ေနသည္။ မင္းႀကီး၏ မ်က္နွာကို ေတြ႕ေသာ္ မင္းႀကီးနန္းေဆာင္တြင္ အိပ္ေပ်ာ္ေနသည္ကို သတိရသြားျပီး အလ်င္အျမန္ထလိုက္စဥ္ မင္းႀကီးက အသာေလး ထူေပးကာ ေျပာလိုက္သည္။
"မင္းႀကီး ေတာင္းပန္ပါတယ္။ မင္းႀကီးျပန္လာတာ မသိလိုက္ဘူး။"

"ဘာေတာင္းပန္စရာရွိလို႕လဲ ကမာေလးရယ္။ ကိုယ္ေတာ္ မင္းေလးအိပ္ေပ်ာ္ေနတာကို ႀကည့္ေနလို႕ တမင္မနိုးတာ။ ကမာေလးအိပ္ေနတာ နတ္သမီးေလးအတိုင္းပဲကြယ္။ မင္းေလးက အခ်စ္ေမွာ္နဲ႕ ကိုယ္္ေတာ့္နွလံုးသားကို ဖမ္းစားထားလိုက္တဲ့ အခ်စ္နတ္သမီးေလးပဲကြယ္။ ကဲ လာ ကို္ယ္ေတာ္နဲ႕ ေန႕လည္စာ အတူစားမယ္။"
ကမာ မင္းႀကီးအိပ္ေဆာင္မွ ထလိုက္သည္။ မင္းႀကီးက ေပြ႕ခ်ီလိုက္သျဖင့္ အလန္႕တႀကားေလး လည္ပင္းကို သိုိင္းဖက္ကာ
"မငး္ႀကီး အတြင္း၀န္ႀကီးတို႕ ၀င္လာလိ္မ့္မယ္ေလ..."

"မလာဘူး။ ကိုယ္ေတာ္က လာဆိုမွ လာမွာ..."
ေတးဟာခန္က အရွက္ႀကီးေသာ ေကာင္ေလးကို ခ်ေပးကာ အျပင္ကိုလွမ္းေျပာလိုက္သည္။
"ကဲ ကဲ ...အတြင္း၀န္ႀကီးေရ စားေတာ္ပြဲျပင္ေတာ့...."

"အသင့္ျဖစ္ပါျပီး မင္းႀကီး..."
ေတးဟာခန္က ကမာလက္ကို ဆြဲကာ အျပင္သို႕ထြက္လာခဲ့သည္။
"ကဲ...လာ...ကမာေလး ႀကိဳက္တတ္တာကို ေမးျပိီးခ်င္ခိုင္းထားတယ္။"
ကမာသည္ မင္းႀကီးထည့္ေပးေသာ ဟင္းမ်ားကို ကုန္ေအာင္ မစားနိုင္ေတာ့သျဖင့္ ေတာင္းပန္ ယူရသည။္
"မင္းႀကီး စားပါဦး။ မင္းႀကီးက ပိုအေရးႀကီးပါတယ္။တိုင္းျပည္ရဲ႕ အရွင္သခင္ျဖစ္လို႕ မင္းႀကီးခြန္အား ျပည့္ေနဖို႕လိုပါတယ္ မင္းႀကီး"
ေတးဟာခန္က ျပံဳးကာ နားနားကပ္ကာတိုးတိုးေျပာလိုက္သည္။

"အင္း ကမာေလးကို ခ်စ္ဖို႕ အားေတြလို္ေသးတယ္။"
ကမာလန္႕သြားသည္။

"မင္းႀကီး ကြ်န္ေတာ္မ်ိဳး ေနသိပ္မေကာင္းေသးဘူး။"

"လြမ္းေနရတာ ၃ ရက္ရွိျပီကြယ္။ တႀကိ္မ္တည္းပါ။ ကိုယ္ေတာ္ သိမ္ေမြ႕ပါ့မယ္ေနာ္။ သမားေတာ္ႀကီးကို ေမးျပီးျပီ။ သိမ္သိမ္ေမြ႕ေမြ႕ခ်စ္ရင္ရတယ္လို႕ ေျပာတယ္ ကမာေလးရဲ႕။"
ကမာ မ်က္နွာနီသြားျပီး ေခါင္းငံု႕သြားသည္။

"ေဟး...ဘာလို႕ရွက္သြားတာလဲ။"

~ ဆက္ရန္

===============

 မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၂)

ရာသီအကူးအပြောင်းတွင် ကမာအအေးမိပြီးဖျားတော့သည်။ အိမ်သို့ရောက်ပြီးနောက် ညတွင် အဖျားတက်လာသဖြင့် နောက်တနေ့တွင် နန်းတွင်းသို့ အခစားမဝင်နိုင်တော့ပေ။
တေးဟာခန်သည် ကမာကို မျှော်နေစဉ် တင်မော်ရင်ရောက်လာပြီး ကမာဖျားသောကြောင့် အခစား မဝင်နိုင်ကြောင်းလျှောက်တင်သောအခါ တေးဟာခန် စိတ်ပူသွားသည်။
"ကမာ အရမ်းဖျားနေသလား။ နန်းတွင်း သမားတော်ကို လွှွတ်လိုက်မယ်။ အတွင်းဝန်ကြီး ကိုယ်တော်ရဲ့ သမားတော်ကို သွားကြည့်ခိုင်းပါ။ "
တင်မော်ရင်က မင်းကြီးကိုလျှောက်တင်လိုက်သည်။

"မင်းကြီး သမားတော် ခေါ်ပြထားပြီးပါပြီ။ သက်တောင့်သက်သာ နားမှ မြန်မြန်ပျောက်မှာမို့ပါ။ ပြိးတော့ မင်းကြီးကို အဖျားကူးမှာစိုးလို့ပါ။"
တေးဟာခန်သည် ခေါင်းယမ်းကာ
"ကိုယ်တော့်သမားတော်နဲ့ပဲ ကုခိုင်းပါ။ အခြားသမားတော်ဆိုရင် ကိုယ်တော် စိတ်မချဘူး။"
တင်မော်ရင်က လျှောက်တင်လိုက်ရတော့သည်။
"မင်းကြီး လက်မခံဝံ့ပါဘူး။ တော်ဝင်သမားတော်ကြီးက တော်ဝင်မိသားစုပဲ ကုသခွင့်ရှိလို့ပါ။"
တေးဟာခန်က လက်မခံပေ။
"ကမာက ကျုပ်ရဲ့ အပါးတော်မြဲဆိုပေမယ့် ကျုုပ်မြတ်နိုးတော်မူတဲ့ ညီလေးပဲ။ တော်ဝင်သမားတော် နဲ့ပဲ ကုသစေ။"

"ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး။"
တင်မော်ရင် ကျေးဇူးတင်စကားပြောကာ ထွက်ခဲ့ရသည်။
ညီလာခံတက်သောအခါ မင်းကြီးက စိတ်နှင့်လူ သိပ်မကပ်ပေ။ မနက်ပိုင်း. ကမာနှင့်မတွေ့ရသဖြင့် ရင်ထဲဟာတာတာ ဖြစ်နေမိသည်။ အမတ်များတင်ပြသည်ကို နားထောင်သော်လည်း စိတ်ထဲ သိပ် မရောက်ပေ။ ထိုအထဲ အတိုက်အခံပြောသည့် အကြောင်းအရာများပါလာလျှင် စိတ်မရှည်တော့ပေ။ နောက်ဆုံးတေးဟာခန် ညီလာခံစဲကာ ပြန်သွားတော့သည်။

ထိုနေ့တနေ့လုံး တေးဟာခန် နေမထိထိုင်မသာ ဖြစ်နေမိသည်။ သက်ပြင်းကို အကြိမ်ကြိမ်ချကာ စာလွှာများလည်း မဖတ်ပဲ နေလိုက်သည်။ စိတ်ပြေလက်ပျောက် မိဖုရားများဘက် သွားသော်လည်း စိတ်မပါသဖြင့် အဆောင်သို့သာ ပြန်လာခဲ့သည်။
နောက်ဆုံးတေးဟာခန် အရက်လာပို့ခိုင်းလိုက်သည်။
အတွင်းဝန်ကြီးက အလိုက်တသိဖြင့် မင်းကြီးဝယ်ထားသော လူညိုချောလေးကို လွှတ်ကာ ပြုစု စေသည်။ မင်းကြီးသည် ကောင်လေးနှင့်အတူနေပြီးမှ မိမိ ကမာကို တောင့်တနေမှန်း ပိုသေချာ သွားတော့သည်။ ကမာကို ချစ်ချင်လို့မဟုတ်ပဲ သူလေးကို စိတ်ပူနေခြင်းဖြစ်သည်။ နောက်တနေ့ ကမာများ အခစားဝင်မလားဟု မျှော်နေမိသည်။ သို့သော် ကမာက မသက်သာသေးသဖြင့် အခစား မဝင်နိုင်သောအခါ တေးဟာခန် စိတ်မကြည်တော့ပေ။ ထိုနေ့ညီလာခံတက်သောအခါ မျက်နှာညို နေသဖြင့် အမတ်များက သိပ်မလျှောက်တင်ရဲကြပေ။
မင်းကြီးသည် လျှောက်တင်သည်ကို နားထောင်နေသော်လည်း ဆုံးဖြတ်မပေးသဖြင့် အမတ်များက တီးတိုးပြောနေကြသည်။ တင်တက်ရင်သည် မင်းကြီးဘာကြောင့် ဒီလိုဖြစ်သည်ကို သိတော့ သက်ပြင်းရှိုက်မိသည်။ မင်းကြီးက ထင်ထားသည်ထက် ကမာကို ငြိတွယ်နေတော့ ညီလေးအတွက် ရင်လေးသွားသည်။ မိမိဆက်သသော မိန်းကလေးများကို အပျိုတော်အဖြစ်ထားသော်လည်း မည်သူ့ ကိုမှ တော်မကောက်သေးပဲ ကမာနှင့် ပျော်ပါးနေသဖြင့် တင်တက်ရင် အံကြိတ်ကာကြည့်နေရ သည်။
"ဒီနေ့လည်း မင်းကြီး စိတ်မကြည်ဘူး။ ဘယ်မိဖုရားနဲ့ ပြသနာတက်သလဲ မသိဘူး။"

"မိဖုရား မဟုတ်ဘူး။ အပါးတော်မြဲမလာလို့ မင်းကြီးစိတ်မကြည်တာလေ။"

"ဟုတ်လို့လား။ "

"ဒါလေးတောင် မသိသေးဘူးလား ။ အပါးတော်မြဲလူချောလေး မလာတာနဲ့ မင်းကြီး ဒီလိုဖြစ်သွားတာ သိသာနေတာပဲလေ။"

"သြော် ဟိုစစ်သူကြီးနဲ့ အမတ်ကြီး ဘုရင့်အပေါ်စကားအောင်နေတာ အဲ့လိုလုပ်လို့ကိုး။ တော်တော် အောက်တန်းကျတာပဲ။ ကောင်လေးနဲ့ မြှားပြီး မင်းကြိးကို သိမ်းသွင်းနေတယ်။"
ထိုစကားပြောမိသည့် အမတ်ကို တင်တက်ရင် ဆွဲထိုးပြစ်လိုက်သည်။

"နောင်တော်....."
တင်မော်ရင်သည် ကျောက်မိဖုရား၏ မောင်တစ်ဝမ်းကွဲ အမတ်ငယ်တစ်ဥိးကို ဆွဲထိုးလိုက်သောအခါ ထိုအုပ်စု လန့်သွားကြသည်။ တင်တက်ရင်က သူတို့ထက် ရာထူး ၂ ဆင့်မြင့်သည် မဟုတ်လား။

"ဘယ်ကောင်က ကျုပ်ညီကို အမနာပ ပြောတာလဲ။ "
အမတ်ငယ်များက စစ်သူကြီးကို တောင်းပန်လိုက်ကြသည်။ သို့သော် အထိုးခံရသော အမတ်ငယ်က အစ်မဖြစ်သူ မိဖုရားခေါင်ကြီးအရှိန်ဖြင့် ဒေါသဖြင့် စိုက်ကြည့်ကာ

"မှန်တာ ပြောလို့နာသွားသလား စစ်သူကြီး။ ခင်ဗျားရဲ့ အကြံပေါ်သွားလို့ ဒေါသထွက်နေတာလား။"
ကျန်အမတ်များက ဘာမှ ပြန်မပြောဝံ့ကြပေ။ ထိုစဉ် အမတ်ချုပ်ကြိးရောက်လာပြီး ပွဲကို ဝင်ထိန်းလိုက်သည်။

"ကျောက်အမတ် ... မင်း စစ်သူကြီးကို ပြန်တောင်းပန်စမ်း်။ မင်း မဆိုင်တဲ့စကားကို ထပ်ပြောရင် မင်းကို ထောင်ချထားမယ်။"
ကျောက်အမတ်က အမတ်ချုပ်ကြီးကို ဒေါသဖြင့်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ခင်ဗျားလည်းပါတယ် ဦးရီးတော်ကြီး ...ကျုပ်လို ဘုရင့်အနွယ်တော်က စစ်သည်မျိုးရိုးကကောင်ကို မတောင်းပန်နိုင်ဘူး။"
ကျောက်အမတ်က မိုက်ရိုင်းစွာပြောပြီး ပမာမခန့်ဖြင့်ထွက်သွားလိုက်သည်။ တင်တက်ရင်က စိတ်ကို ထိန်းလိုက်သည်။ နန်းတွင်းထဲ ရန်များလို့မဖြစ်သေး။ ညီလေးကိ ု ကယ်ရမည့် အစီအစဉ် နှောင့်နှေး သွားနိုင်သည်။
ထိုသတင်း မင်းကြီးထံသို့ရောက်သွားသောအခါ မင်းကြီးက ဒေါသထွက်သွားသည်။ သို့သော် ပေါက်ကွဲမှုမရှိပဲ တည်ငြိမ်စွာဖြင့် လျှို့ဝှက်စစ်တပ်မှ တပ်မှုးကို ခေါ်ခိုင်းလိုက်သည်။

"ကျောက်အမတ်ကို ရှင်းပစ်လိုက်။ သူ့ကို မနက်ဖြန် ညီလာခံတက်တာ မမြင်ချင်ဘူး။"

"အမိန့်တော် အတိုင်းပါ အရှင်..."
အတွင်းဝန်ကြီး ထိတ်လန့်သွားသည်။ မင်းကြီးစိတ် အရမ်းကို ခက်ထန်နေပြီ။ ဒါဆို နောက်တရက် ညီလာခံတွင် ကြမ်းတော့မည်ကို သိသဖြင့် မင်းကြီးကို လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုး အပါးတော်မြဲကို လူနာမေး သွားခွင့်ပြုပါ။ "
တေးဟာခန်သည် အတွင်းဝန်ကြီး၏ စကားကြောင့်စိတ်နည်းနည်းပြေသွားသည်။ ခဏစဉ်းစားပြီးပြောလိုက်သည်။

"ကိုယ်တော်လည်း လိုက်မယ်။ လျှို့ဝှက်အဖွဲ့ကို ခရီးစဉ် စီစဉ်ခိုင်းလိုက်။"

"အမိန့်တော်အတိုင်းပါ မင်းကြီး..."
တင်တက်ရင်တို့ ညီအစ်ကိုနှင့် ကမာ အတူထိုင်ပြီးစကားပြောနေစဉ် အိမ်တော်နားချည်းကပ်လာ သောလူတစ်စုကြောင့် အစောင့်က မေးလိုက်သည်။

"ရပ်လိုက်...ဘယ်သူတွေလဲ..."
တေးဟာခန်၏ ရဲမတ်က တံဆိပ်ပြားပြလိုက်သောအခါ အစောင့်က ခါးညွတ်အရိုအသေပေးကာ အဆောင်ထဲ ပြေးဝင်ပြီး သတင်းပို့်လိုက်သည်။

"သခင်ကြီး...အပြင်မှာ မင်းကြီးရဲ့ အတွင်းဝန်ကြီးရောက်နေပါတယ။်"
တင်တက်ရင်တို့ အမြန်ထလိုက်စဉ် ထိုလူစု အထဲသို့ဝင်လာခဲ့သည်။ ခေါင်းထိ ဝတ်ရုံခြုံထားသော လူတစ်ဦးကို မြင်သော် တင်တက်ရင်နှင့် တင်မော်ရင်က ချက်ချင်းကြမ်းပေါ်ဒူးတုပ်ကာ အရိုအသေ ပြုလိုက်သည်။

"မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ..."
ထိုအခါမှ ကမာက မင်းကြီးကိုယ်တိုင်ကြွလာသည်ကို သိတော့သည်။ ကပျာကယာ အရိုအသေပေး လိုက်စဉ် မင်းကြီးက ခေါင်းစွပ်ကို လှန်ချကာ ကမာကို ထူမပေးပြီးမေးလိုက်သည်။

"ကမာလေး ဘယ်လိုနေသေးလဲ။ ကျုပ်မင်းကိုစိုရိမ်လို့ လာကြည့်တာ။ အဖျားရှိသေးလား။"
မင်းကြီးကပြောပြီး နဖူးလေးကို စမ်းလိုက်စဉ် ကမာ အကိုနှစ်ဥိး မျက်နှာကို မကြည့်ရဲတော့ပေ။

"သက်သာပါတယ် မင်းကြီး။ "

"တော်သေးတာပေါ့။ ကျူပ်မင်းကို စိုးရိမ်လို့ ညညစက်တော်တောင် မခေါ်နိုင်ဘူး။"
ကမာသည် မင်းကြီ၏ အပြောအဆိုကြောင့် ရှက်လွန်းလို့ ငိုချင်သွားသည်။ အကိုတို့ရှေ့မို့ မျက်နှာမထားတတ်အောင်ဖြစ်သွားမိသည်။ တေးဟာခန်က မျက်နှာနီနေသော ကမာလေးကို မချင့်မရဲကြည့်ကာ ဖျစ်ညစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
ကမာက မင်းကြီးကို မိမိအခန်းသို့ ခေါ်လိုက်သည်။

"မင်းကြီးကို အတင့်ရဲစွာ ကျွန်တော်မျိုးရဲ့ နုံချာလှတဲ့ အခန်းကို ဖိတ်ကြားပါရစေ .."

တေးဟာခန် ပြုံးသွားသည်။ ကမာ့လက်ကို ဆွဲကာ စစ်သူကြီးဘက်ကိုလှည့်ပြောလိုက်သည်။
"ကဲ စစ်သူကြီးနဲ့ အမတ်ကြီးလည်း သက်သာသလို နေကြပါ။ ကိုယ်တော် ကမာနဲ့ စကားပြောလိုက် ဦးမယ်။"
အခန်းထဲသို့ရောက်သည်နှင့် တေးဟာခန်က ကမာကို ရင်ခွင်ထဲဆွဲဖက်ကာ မေးလိုက်သည်။

"သက်သာပြီလားကွယ်။ ကျုုပ်မင်းကို လွမ်းလွန်းလို့ရူးတော့မယ်။ မနက်ဖြန် အခစားဝင်တော့ မလား။"

"မင်းကြီး ကျွန်တေ်ာမျိုး ၂ ရက်လောက်ထပ်နားပါရစေ။"
"ကျုပ်အဆောင်မှာနားပါလားကွယ်..."

"ကျွန်တော်မျိးရဲ့ အဖျား မင်းကြီးကို ကူစက်မှာစိုးလို့ပါ။ "
တေးဟာခန်သည် သက်မကိုချကာ ပါးလေးကို နမ်းပြီးပြောလိုက်သည်။

"ကူးပါစေ။ ကမာလေးဆီက အဖျားကူးတာ ကိုယ်တော် ကရုမစိုက်ဘူး။ မနက်ဖြန် အခစားဝင် တော့နော်။ ကမာ့ကို မတွေ့ရလို့ ကိုယ်တော်ရူးချင်နေပြီ။ ညီလာခံမလိုက်ခဲ့နဲ့။ ကိုယ်တော့် အဆောင်မှာနားနော်။"
ကမာ ခေါင်းငြိမ့်လိုက်၇တော့သည်။ မင်းကြ၊ီးကိုယ်တိုင်လာခေါ်မှတော့ ဘယ်လိုမှ မငြင်းနိုင်တော့ပေ။
နောက်တနေ့ ညီလာခံတွင် မင်းကြီးစိတ်လန်းနေသဖြင့် အမတ်များအသက်ရှူချောင်သွားသည်။ အမတ်ကြီးက အတွင်းဝန်ကို လျှောက်တင်ခိုင်းလိုက်ခြင်းဖြစ်သည်။ မင်းကြီးဒေါသက ပိုပိုကြီးလာ လျှင် နန်းတွင်းထဲ လူသတ်ပွဲထပ်ဖြစ်နိုင်သောကြောင့် အမြန်ခိုင်းလိုက်ရခြင်းဖြစ်သည်။
ညီလာခံတွင် ကျောက်မိဖုရားက ငိုကြီးချက်မဖြင့် ညက မိမိမောင်ဝမ်းကွဲ ကျောက်အမတ် အသတ်ခံရ သည်ကို တိုင်တန်းကာ တရားခံပေါ်အောင် စစ်ပေးရန် မင်းကြီးကို တောင်းဆိုသည်။မိဖုရား၏ မြှားဦးက တင်တက်ရင်ထံသို့ ဦးတည်ထားသည်။ အသတ်မခံရခင်က စစ်သူကြီးနှင့် ရန်ဖြစ်သည်ဟု ဆိုသည်။
အမတ်ချုပ်ကြီးသည် မိဖုရား၏ ပြင်းထန်သော စကားကြောင့် မင်းကြိး အမျက်ထွက်ပြီလားဟု စိုးရိမ်သွားသည်။ မင်းကြီးက တည်ငြိမ်စွာဖြင့် အမတ်ချုပ်ကြီးဘက်လှည့်ကာ အမိန့်ပေးလိုက်သည်။
"အမတ်ချုပ်ကြီး။ ကျောက်အမတ် အတိုင်ခံထားရတဲ့ စာလွှာအားလုံးကို လွှတ်တော်ကိုတင်ပြီး စစ်စေ။ မတရားလုပ်တာများလို့ သည်းမခံနိုင်တဲ့ ပြည်သူတွေက သတ်ဖြတ်တာဖြစ်နိုင်တယ်။ အမှုမှန် ရအောင်ဖော်ပေးပါ အမတ်ချုပ်ကြီး။ သူက မိဖုရားခေါင်ကြီးရဲ့ ဆွေမျိုးဖြစ်တယ်။ ကဲ မိဖုရားကြီးလည်း ပြန်တော့။ ဈာပန ကို စီစဉ်ပေးရအုံးမယ် မဟုတ်လား။ "
ကျောက်မိန်ကို ဆက်ဆံလိုက်ပုံကို ကြည့်ကာ ညီလာခံတစ်ခုလုံး ကျောက်အမတ် အသတ်ခံရသည်ကို နားလည်သွားသည်။ ကျောက်အမတ်က မင်းကြီး၏ မြတ်နိုးရသူကို စော်ကား မိလို့ အသတ်ခံရခြင်းဖြစ်သည်။
ကျောက်မိန်သည် မင်းကြီး၏ ပုံစံကို ကြည့်ကာ မျက်ရည်စီးကျပြီး ညီလာခံမှ ထွက်သွားတော့သည်။
ကမာကတော့ ဘာမှ မသိပေ။ ဆေးသောက်ပြီး မင်းကြီးအဆောင်တွင် အိပ်ပျော်နေသည်။

တေးဟာခန်သည် အပါးတော်မြဲဝတ်စုံနှင့် အိပ်ပျော်နေသော ကမာကို ငေးစိုက်ကြည့်ရင်မြတ်နိုးစိတ် တို့ထိန်းမရတော့ပေ။ နုတ်ခမ်းလေးကိုဖွဖွထိကြည့်ရင်း စိတ်မထိန်းနိုင်တော့သဖြင့် ငုံ့ကာနမ်းလိုက် စဉ် မင်းကြီး၏ အဆောင်တံခါးကို တစုံတယောက်က အတင်းဖွင့်ဝင်လာစဉ် ထိုမြင်ကွင်းကို မြင်သွား သည်။ သူကား .......
တေးဟာခန်သည် ပထမ ဒေါသဖြင့်ကြည့်လိုက်သော်လည်း တံခါးဝတွင်ရပ်နေသူကိုတွေ့သော ချက်ချင်းထကာ အရိုအသေပေးလိုက်သည်။
"မယ်မယ်....ဘာကြောင့် သားတော်ရဲ့ အဆောင်ကို ကြွချီလာတာလဲ..."
မယ်တော်ကြီးသည် သားတော်ရဲ့ စက်ရာဆောင် သလွန်ပေါ်တွင် အိပ်ပျော်နေသော အပါးတော်မြဲ ဝတ်စုံနဲ့ မိန်းကလေးများထက် ချောမောလှပသော လူချောလေးကိုကြည့်ကာ မေးလိုက်သည်။

"သူက သားတော်လူသတ်ရတဲ့ အကြောင်းအရင်းလား...."
မယ်တော်ကြီး၏ အမေးကို တေးဟာခန် တည်ငြိမ်စွာဖြေလိုက်သည်။ကျောက်မိန် မယ်တော်ကြီးကို တင်လျှောက်လို့ မယ်တော်ကြီး မိမိအဆောင်ကို လိုက်လာခြင်းဖြစ်သည်။ မင်းကြီး ကျောက်မိန် အပေါ် စိတ်ကွက်သွားသည်။

"မှန်ပါတယ် မယ်မယ်။ သူက သားတော် အသက်ထက် မြတ်နိုးရတဲ့ သူပါ။ သူမရှိရင် သားတော် လူသတ်ချင်လောက်အောင်ကို စိတ်တွေကြမ်းတမ်းလာပါတယ်။"
မယ်တော်ကြီးသည် မိမိကြားဖူးသော အရင်မင်းကြီးနှင့်ပါရှားမိဖုရားလိုမျိုးဖြစ်လာသော သားတော်ကို ယူကျုံးမရကြည့်ကာ

"သားတော်... မင်း မဟုတ်တာတွေ လျှောက်မလုပ်ပါနဲ့..."
တေးဟာခန်သည် မယ်တော်ကို တည်ငြိမ်စွာလျှောက်လိုက်သည်။
"တောင်းပန်ပါတယ် မယ်မယ်။ သားတော် သူ့ကို အရမ်းချစ်မိသွားပြီ။သူ့မရှိရင် သားတော် အသက် ဆက်မရှင်သန်နိုင်တေ့ာဘူး မယ်မယ်။"
မယ်တော်မိဖုရားကြီးသည် ဆိုခဲသလောက် မြဲသောသားတော်၏ အကျင့်ကိုသိသူပီပီ သက်ပြင်းချ လိုက်မိသည်။ သားတော်မျက်လုံးထဲမှ အရိပ်များအရ လောလောဆည် အချစ်ဆိပ်တက်နေသည် ကိုသိသဖြင့် အသာလေးနောက်ဆုတ်သွားသည်။

"ကောင်းပြီလေ။ သားတော်ရဲ့ တိုင်းပြည်တာဝန်ကို ဆောင်ရွက်တဲ့နေရာမှာ အချစ်ရေးက အတားအဆီး မဖြစ်ရင် မယ်တော် မသိယောင်ဆောင်လိုက်ပါ့မယ်။ ဒါပေမယ့် လွန်လာရင်တော့ သားတော်ရဲ့ ချစ်သူကို မယ်မယ် ဖယ်ရှားရလိမ့်မယ်.."
တေးဟာခန်၏ မျက်နှာဝင်းသွားသည်။မယ်တော်ကို ကျေးဇူးတင်စွာကြည့်လိုက်မိသည်။
မယ်တော်ကြီးသည် သားတော် စိတ်ချမ်းသာသွားသည်ကိုတွေ့တော့မိခင်ပီပီ ဝမ်းသာမိသည်။ သို့သော် ကမာကို သားတော်ဘေးမှ မိမိဖယ်ရှားမှ ဖြစ်မည် ဟုတွေးကာ သားတော်၏ နန်းဆောင်မှ အသာထွက်လာခဲ့သည်။
တေးဟာခန်သည် မယ်တော်၏ ခွင့်ပြုချက်ရသွားပြီဖြစ်လို့ ကမာအတွက် စိတ်ချသွားသည်။ နေ့လည်စာစားချိန်ရောက်နေသောကြောင့် ကမာလေးကို နှိုးလိုက်သည်။

"ကမာလေး ...ထတော့လေ... မွန်းလွဲနေပြီ။ နေ့လည်စာ စားရအောင်။ ပြီးရင် ဆေးသောက်ရမယ်"

ကမာသည် မျက်လုံးကို အားယူပြီးဖွင့်လိုက်မိစဉ် ပထမ မိမိဘယ်ရောက်နေမှန်း မသိဖြစ်နေသည်။ မင်းကြီး၏ မျက်နှာကို တွေ့သော် မင်းကြီးနန်းဆောင်တွင် အိပ်ပျော်နေသည်ကို သတိရသွားပြီး အလျင်အမြန်ထလိုက်စဉ် မင်းကြီးက အသာလေး ထူပေးကာ ပြောလိုက်သည်။
"မင်းကြီး တောင်းပန်ပါတယ်။ မင်းကြီးပြန်လာတာ မသိလိုက်ဘူး။"

"ဘာတောင်းပန်စရာရှိလို့လဲ ကမာလေးရယ်။ ကိုယ်တော် မင်းလေးအိပ်ပျော်နေတာကို ကြည့်နေလို့ တမင်မနိုးတာ။ ကမာလေးအိပ်နေတာ နတ်သမီးလေးအတိုင်းပဲကွယ်။ မင်းလေးက အချစ်မှော်နဲ့ ကိုယ်တော့်နှလုံးသားကို ဖမ်းစားထားလိုက်တဲ့ အချစ်နတ်သမီးလေးပဲကွယ်။ ကဲ လာ ကိုယ်တော်နဲ့ နေ့လည်စာ အတူစားမယ်။"
ကမာ မင်းကြီးအိပ်ဆောင်မှ ထလိုက်သည်။ မင်းကြီးက ပွေ့ချီလိုက်သဖြင့် အလန့်တကြားလေး လည်ပင်းကို သိုင်းဖက်ကာ
"မင်းကြီး အတွင်းဝန်ကြီးတို့ ဝင်လာလိမ့်မယ်လေ..."

"မလာဘူး။ ကိုယ်တော်က လာဆိုမှ လာမှာ..."
တေးဟာခန်က အရှက်ကြီးသော ကောင်လေးကို ချပေးကာ အပြင်ကိုလှမ်းပြောလိုက်သည်။
"ကဲ ကဲ ...အတွင်းဝန်ကြီးရေ စားတော်ပွဲပြင်တော့...."

"အသင့်ဖြစ်ပါပြီး မင်းကြီး..."
တေးဟာခန်က ကမာလက်ကို ဆွဲကာ အပြင်သို့ထွက်လာခဲ့သည်။
"ကဲ...လာ...ကမာလေး ကြိုက်တတ်တာကို မေးပြီးချင်ခိုင်းထားတယ်။"
ကမာသည် မင်းကြီးထည့်ပေးသော ဟင်းများကို ကုန်အောင် မစားနိုင်တော့သဖြင့် တောင်းပန် ယူရသည။်
"မင်းကြီး စားပါဦး။ မင်းကြီးက ပိုအရေးကြီးပါတယ်။တိုင်းပြည်ရဲ့ အရှင်သခင်ဖြစ်လို့ မင်းကြီးခွန်အား ပြည့်နေဖို့လိုပါတယ် မင်းကြီး"
တေးဟာခန်က ပြုံးကာ နားနားကပ်ကာတိုးတိုးပြောလိုက်သည်။

"အင်း ကမာလေးကို ချစ်ဖို့ အားတွေလိုသေးတယ်။"
ကမာလန့်သွားသည်။

"မင်းကြီး ကျွန်တော်မျိုး နေသိပ်မကောင်းသေးဘူး။"

"လွမ်းနေရတာ ၃ ရက်ရှိပြီကွယ်။ တကြိမ်တည်းပါ။ ကိုယ်တော် သိမ်မွေ့ပါ့မယ်နော်။ သမားတော်ကြီးကို မေးပြီးပြီ။ သိမ်သိမ်မွေ့မွေ့ချစ်ရင်ရတယ်လို့ ပြောတယ် ကမာလေးရဲ့။"
ကမာ မျက်နှာနီသွားပြီး ခေါင်းငုံ့သွားသည်။

"ဟေး...ဘာလို့ရှက်သွားတာလဲ။"

~ ဆက်ရန်




Continue Reading

You'll Also Like

The Throne By One_One

Historical Fiction

62.9K 7.5K 44
အရင္ Matainyu acc မွာ တင္ထားတဲ့ အပုဒ္ပါ။accထဲဝင္မရေတာ့လို႔ အရင္အပိုင္းေတြအျပင္ အပိုင္းအသစ္ေတြပါ ဆက္up ေပးပါ့မယ္
39.3K 4.4K 91
ချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား
1.5M 188K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
89.7K 9.5K 8
Associated Name - Wo Shi Yi Ge Alpha, 我是一个Alpha Author - Xin Shou Hua (信手话) Eng Translator - Silent Fish This is the offline reading and funtranslati...