မုန္တိုင္းမ်ား၏အရွင္သခင္ Seas...

By MayKingMK119

341K 21K 199

Zawgyi+Unicode Font ၂ မ်ိဳးလံုးနဲ႕ တင္ထားပါတယ္။ တာတာအရိုင္းစိုင္းမ်ားေႀကာင့္ ပ်က္သုဥ္းခဲ့ရတဲ့ နွင္းျမိဳ႕ေတာ္... More

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၂)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၃)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၆)ဇာတ္သိမ္းပုိင္း(Z+U)
မုန္တိုင္းမ်ား၏ အရွင္သခင္ - Season II

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၉)

7K 452 5
By MayKingMK119

မုန္တိုင္းမ်ား၏အရွင္သခင္
အပိုင္း (၉)

မင္းႀကီးသည္ ကမာကို မည္မွ်ခ်စ္သလဲ ဆိုလွ်င္ တိုင္းျပည္ေရးနွင့္ပတ္သတ္သည့္ အခ်က္မ်ား ဆံုးျဖတ္မည္ဆိုလွ်င္ ကမာကို တိုင္ပင္သည္။ မိမိထင္သည့္အခ်က္၊ အမတ္မ်ား၊ စစ္သူႀကီးမ်ား ေလွ်ာက္တင္ခ်က္မ်ားကို ေျပာျပကာတုိင္ပင္သည္။ ကမာထံမွအႀကံကို ေတာင္းသည္။
"မင္းႀကီး ကြ်န္ေတာ္မ်ိဳးနိုင္ငံေရးကို နားမလည္ပါဘူး။"
ကမာ ေရွာင္ေသးသည္။ သို႕ေသာ္ မင္းႀကီးက ကမာ့ရင္ခြင္ထဲမွေနျပီး စာလႊာမ်ားကို ဖတ္သည္။ ကမာ့ကိုတိုင္ပင္သည္။ ကမာ့ကိုလည္း သင္ေပးသည္။ မင္းႀကီးေမးေတာ့လည္း ကမာထင္သည္ကို မေျပာလို႕မရေတာ့ေပ။ ကမာေျပာမိသည္ကလည္း အကိုေလးထံမွႀကားသည့္ စကားမ်ားျဖစ္သည္။
ထို႕ေႀကာင့္ မင္းႀကီး၏ ဆံုးျဖတ္ခ်က္မ်ားတြင္ အမတ္တင္ေမာ္ရင္၏ ထင္ျမင္ခ်က္အတုိင္းျဖစ္လာ သည္ကမ်ားလာေသာအခါ နန္းတြင္းရွိ ေက်ာက္မိဖုရား၏ အမတ္မ်ား၏ စကားနာထိုးျခင္းကို ခံလာရ သည္။ တင္ေမာ္ရင္ကေတာ့ ေဒါသကို မ်ိဳသိပ္ကာ လုပ္စရာရွိသည္ကို လုပ္ေနရင္း တင္တက္ရင္ ျပန္လာမည့္ေန႕ကို ေစာင့္ေနခဲ့သည္။

"ကမာေလး အနက္ျဖန္ ေနာင္ေတာ္ ျမိဳ႕ေတာ္ကို ျပန္ေရာက္ျပီတဲ့။"
ကမာ နန္းေတာ္မွ ျပန္လာေသာအခါ တင္ေမာ္ရင္ဆီးေျပာလိုက္ေသာအခါ ကမာ ၀မ္းသာလြန္းလို႕ ထခုန္မိသည္။ တင္ေမာ္ရင္သည္ ေနာင္ေတာ္အေပၚ ခင္တြယ္လြန္းသည့္ ညီေလးကို ျပံဳးႀကည့္ေန မိသည္။ ဒါေႀကာင့္ေနာင္ေတာ္ကလည္း ကမာကို အရမ္းခ်စ္ကာ စိတ္မခ်နို္င္ေအာင္ျဖစ္ေနရျခင္းပင္။

"ေနာင္ေတာ္နဲ႕အတူ မိန္းမေခ်ာေလးေတြ ပါလာပါေစ ဆုေတာင္းရမယ္။ ဒါမွ မင္းႀကီးအာရံုေျပာင္း သြားျပီး ကမာေလးကို အကိုေလးရဲ႕ ရံုးမွာေခၚထားလို႕ရမွာေလ။"
ကမာသည္ အကိုေလး၏ စကားေႀကာင့္ျပံဳးသြားမိသည္။
ေနာက္တေန႕တြင္ မင္းႀကီးေဘးခစားေနေသာ္လည္း အိ္မ္ျပန္ခ်ိန္ကို တေမွ်ာ္ေမွ်ာ္လုပ္ေနမိသည္။
ေန႕လည္ခင္းတြင္ စစ္သူႀကီးနွင့္အဖြဲ႕ ေနျပည္ေတာ္သို႕ ဆိုက္ေရာက္လာခဲ့သည္။ ကမာသည္ ထိုသတင္း ႀကားေသာအခါ ျပံဳးသြားသျဖင့္ မင္းႀကီး၏ ရင္ထဲ ဆစ္ခနဲျဖစ္သြားေသးသည္။ ကမာ ကစစ္သူႀကိီးအေပၚ အရမ္းတြယ္တာလြန္းသည္က ေတးဟာခန္ ရင္ကို ပူလာေစသည္။ သိပ္လွတဲ့ ကမာကို စစ္သူႀကီးက မခ်စ္မိဘူးတဲ့လား။ ကမာကလည္း အကိုျဖစ္သူျပန္လာတာ ဒီေလာက္ေပ်ာ္ တာရိုးမွရိုးရဲ႕လားဟု ေတြးကာ ကမာကို လွမ္းေခၚလိုက္သည္။

"ကမာေလး ကိုယ္ေတာ္ကို နွိပ္ေပးပါဦး။"
ကမာ မင္းႀကီး၏ ပုခံုးကိုနွိပ္ေပးစဥ္ မင္းႀကီးက ကမာ၏ လက္ေလးကို ဆြဲကာရင္ခြင္ထဲဆြဲသြင္းျပီး သဲသဲမဲမဲနမ္းေတာ့သည္။ လည္ပင္းမ်ားကို နမ္းစုပ္ေနသျဖင့္ ကမာ ယားလာသည္။ မင္းႀကိီးကို အသာတြန္းကာ

"မင္းႀကီး ကြ်န္ေတာ္ ယားလို႕။"

"အခုထိ က်င့္သားမရေသးဘူးလား ကိုယ္ေတာ့္ အနမ္းကို။ လာခဲ့။ က်င့္သားရေအာင္ လုပ္ေပးမယ္။"
ကမာ၏ အ၀တ္မ်ား ဖရိုဖရဲျဖစ္ကုန္သည္။ ထိုအခါမွ ကမာ မင္းႀကီးေနာက္တခါ လိုခ်င္ေနသည္ကို သိကာ လက္နွင့္ေထာက္ထားျပီးေျပာလိုက္သည္။

"မင္းႀကီး တစ္ခါျပီးျပီေလ။ ေတာ္ပါေတာ့။"
"ဘာလဲ။ ကမာက ကိုယ္ေတာ့္ကို မေပးခ်င္လို႕လား။"

"မဟုတ္ပါဘူး။ ကိုယ္ေတာ္ ညက်ရင္ မိဖုရားေတြဆီ မသြားနုိင္မွာစိုးလို႕ပါ။"
ကမာ အနုနည္းျဖင့္ေျဖေသာ္လည္း မရေပ။ ေတးဟာခန္က ကမာကို ဆြဲလွဲကာ ခရီးစရင္းေျပာလိုက္ သည္။
"မပူနဲ႕။ ကိုယ္ေတာ္ သမားေတာ္ကို ေဆးေဖာ္ခိုင္းထားျပီး မွီ၀ဲေနတယ္။ လာပါဦး။ ကိုယ္ေတာ္က ကမာကို ခ်စ္လြန္းလို႕ ေတာင္းရတာပါ။ "
ကမာလည္း ျငင္းမရေတာ့ လုိက္ေလ်ာရျပန္သည္။ ဒါမွ ညေနအိမ္ေစာေစာျပန္ရမည္မဟုတ္လား။
ကမာအိ္မ္ျပန္ေသာအခါ အိမ္ေရွ႕တြင္အကိုႀကီးရပ္ေစာင့္ေနသည္ကို ေတြ႕လိုက္ေသာ္ ဘာမွမစဥ္းစား နုိင္ေတာ့ပဲ အကိုႀကီးကို ေျပးဖက္ကာ ရင္ဖြင့္ႀကိဳေနေသာ အကိုႀကီးရင္ခြင္ထဲ ခုန္၀င္ကာ ဖက္လိုက္ျပီး ေျပာလိုက္သည္။
"အကိုႀကီး...လြမ္းလိုက္တာ။ အရမး္လြမ္းတာပဲ အကိုႀကီး သြားတာႀကာလိုက္တာ..."
တင္တက္ရင္က တဟားဟားရယ္ကာ ကမာ၏ ကိုယ္လံုးေသးေသးေလး.ကို ခါးမွဖက္ကာ ေလထဲေ၀ွ႕ယမ္းလိုက္သည္။
"အကိုႀကီလည္း ကမာေလးကို လြမ္းလိုက္ရတာကြယ္...ႀကည့္စမ္း။ ကမာ မေတြ႕တဲ့ တစ္လအတြင္ ဒီေလာက္ေခ်ာလာတယ္။ ဟဲ..ဟဲ... နန္းတြင္းသူ ဘယ္နွစ္ေယာက္နဲ႕ ခ်စ္သူျဖစ္ေနျပီလဲ။ အကိုႀကီးညီ ဒီေလာက္ေခ်ာတာ ေတာ္ရံုမိန္းကေလးနဲ႕ သေဘာမတူနိုင္ဘူးေနာ္။"
"ကဲ....ေနာင္ေတာ္နဲ႕ ကမာ အိမ္ထဲ ၀င္ဦးမွာလား။ အိမ္ထဲေရာက္မွ အလြမ္းသယ္ေတာ္မူပါဗ်ာ။"
တင္ေမာ္ရင္က ႀကည့္မရသည့္အဆံုး ၀င္ေျပာလိုက္ရေတာ့သည္။
တင္တက္ရင္က ထုိအခါမွ ညီေလးကို ခ်ေပးကာ
"ေအးကြ။ အကိုႀကီးလည္း ညီေလးကို ေတြ႕တာနဲ႕ အားလံုးေမ့သြားးျပီ။ ကဲ အိမ္ထဲသြားရေအာင္...."
တင္တက္ရင္က ကမာ၏ လက္ကိုဆြဲကာ အိမ္ထဲ၀င္လာခဲ့သည္။ မ်က္စိလွ်င္ေသာ စစ္သူႀကိီး မ်က္လံုးက ကမာ၏ လည္ပင္းမွ ညိဳမည္းေသာအရာကို ေတြ႕ေသာ္ျဖတ္ခနဲ လက္နွင့္ထိႀကည့္လုိက္ စဥ္ ကမာလန္႕သြားသည္။

"အကုိႀကီး ဘာျဖစ္လို႕လဲ။"
"ကမာ လည္ပင္းက ညိဳေနတာ။ ဘာနဲ႕ ခို္က္မိထားတာလဲ။ နာသလား.."
ကမာ အံ့ႀသသြားသည္။ မိမိလည္ပင္းမွ အညိဳမည္း..
ရုတ္တရက္ အကိုႀကီးဘာေျပာလိုက္မွန္း မသိလိုက္ေပ။ ျပီးမွ မင္းႀကီးနမ္းလိုက္သည္ကို သတိရသြား သည္။

"ဟင့္အင္း....ဘာမွ မဟုတ္ပါဘူး အကိုႀကီး။ ျမင္းစီးက်င့္ရင္း သစ္ကိုင္းမႀကည့္မိလို႕ သစ္ကိုင္းနဲ႕ ရိုက္မိထားလို႕ပါ။"
ကမာ လိမ္ေျပာလိုက္ျပီး အကိုႀကီး၏ မ်က္နွာကို မႀကည့္ရဲေတာ့ေပ။ အကိုေလး၏ စူးစမ္းေသာ အႀကည့္ကိုလည္း ရင္မဆိုင္၀ံ့ေပ။
"အကိုႀကီး လက္ေဆာင္ပါတယ္ဆို... ကမာႀကည့္ခ်င္လွျပီ.."
"ေႀသာ္....ေအး....ေအး..."
တင္တက္ရင္လည္း ကမာ၏ စကားကုိယံုျပီး သံသယေပ်ာက္သြားသည္။ သို႕ေသာ္ တင္ေမာ္ရင္က ကမာမနက္ကအထိ အေကာင္းႀကီးရွိသည္ကို သိေတာ့ သက္ျပင္းရွိုက္မိလိုက္သည္။ မိမိတို႕ညီ ကမာကိုမ်ား မင္းႀကီးက တခုခု လုပ္လိုက္ျပီလားဟု ေတြးမိလိုက္သည္။

ေတးဟာခန္သည္ မိိမိလႊတ္လိုက္ေသာ လွ်ိဳ႕၀ွက္ရဲမတ္ထံမွ စကားကို ႀကားေသာ္ မနာလိုစိတ္က ထိန္းမရေအာင္ထြက္လာခဲ့သည္။
"မျဖစ္ဘူး။ ဒိီလိုဆိုရင္ ကမာကို စစ္သူႀကီး ခ်စ္စိတ္၀င္သြားလိမ့္မယ္။ သူတို႕ အေနအထိုင္က သိပ္ကို ရင္းနွီးလြန္းေနတယ္။ ကမာက ငါ့ကို သူ႕အကို နွစ္ေယာက္ေလာက္ေတာင္ ရင္းနွီးမႈမရွိပါလား။ မျဖစ္ေသးဘူး။ မီးဆိုတာ မေလာင္ခင္ႀကိဳတင္တားရတယ္။ ကမာကို ငါ့အနားမွာ ေခၚထားမွပဲ.."
ေတးဟာခန္ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။ ထို႕ေႀကာင့္ အမိန္႕စာတစ္ေစာင္ကို ေကာက္ေရး လိုက္သည္။

ညီလာခံတြင္ စစ္သူႀကီးက ေခၚေဆာင္လာေသာ မိန္းကေလး၂၀ ကိုမင္းႀကီးထံ စာရင္းျဖင့္ဆက္သ လိုက္သည္။ မြန္ဂိုဘုရင္၏ လက္ေအာက္ခံ နယ္ပယ္မ်ားမွ ေခ်ာေမာလွပေသာ မိန္းမပ်ိိဳေလးမ်ားကို စုစည္းေခၚေဆာင္လာခဲ့ျခင္းျဖစ္သည္။ တခ်ိဳ႕ကလည္းနယ္စားမ်ားက ဆက္သလိုက္ျခင္းျဖစ္သည္။
မိမိတို႕သမီးအလွမ်ားကို မင္းႀကီး၏ မိဖုရားျဖစ္ေစခ်င္သူ နုယ္စားမ်ားက ဒုနွင့္ေဒးျဖစ္သည္။ သို႕ေသာ္ မင္းႀကီးလိုခ်င္သည့္ နွင္းျမိဳ႕ေတာ္သူကာ မရခဲ့ပါ။ နွင္းျမိဳ႕ေတာ္ လံုး၀ပ်က္ဆီးသြားေလျပီ။ ေသြးေနွာေသာ မိန္းကေလးမ်ားပါလာေသာ္လည္း နွင္းျမိဳ႕ေတာ္၏ ေတာ္၀င္နန္းဆက္မွ ကမာ၏ အလွကို မွီသည့္သူ မပါလာခဲ့ေပ။
မင္းႀကီးသည္ စစ္သူႀကီးတင္တက္ရင္ ေလွ်ာက္တင္သည္ကို အာရံုသိပ္မရွိေပ။ မိမိအာရံုက တင္တက္ရင္ကို ခ်စ္ခင္ေလးစားစြာႀကည့္ေနေသာ ကမာထံတြင္သာ ရွိေနသည္။ တင္တက္ရင္က လက္ေဆာင္မ်ားကို ဆက္သျပီးေနာက္ မင္းႀကီးကို နယ္စားမင္းမ်ား၏ေလွ်ာက္လႊာမ်ားကို ေပးအပ္ လိုက္သည္။
"စစ္သူၿကီးရဲ႕ အပင္ပန္းခံမႈနဲ႕သစၥာရွိမႈကို ငါကို္ယ္ေတာ္ ေက်နပ္အားရေတာ္မူတယ္။ ကို္ယ္ေတာ္အတြက္ ကို္ယ္လုပ္ေတာ္ မ်ားကို စုစည္းေခၚေဆာင္ေပးနုိင္တဲ့အတြက္ စစ္သူႀကီးကို ေရႊစင္ တစ္ေသာင္းနဲ႕ လယ္ေျမ ၁၀၀၀ ခ်ီးျမွင့္ေစ။ "

တင္တက္ရင္က မင္းႀကီး၏ ဆုလာဘ္မ်ားအတြက္ ေက်းွဇူးတင္စကားေျပာလု္္ိက္သည္။
ထို႕ေနာက္မင္းႀကီးက မထင္မွတ္ထားသည္ကို ေႀကျငာလိုက္သည္။

"ငါကိုယ္ေတာ္ျမတ္အတြက္ အပါးေတာ္ျမဲတစ္ဥိီးထားဖို႕သင့္ျပီး အမတ္ႀကီးတို႕။ ဒါေႀကာင့္ နန္းတြင္း အမႈထမ္းထဲမွ တစ္ဦးကို ကို္ယ္ေတာ္ရဲ႕ အပါးေတာ္ျမဲခန္႕အပ္ေတာ္မူမယ္။"

မင္းႀကီး၏ အမိန္႕ကိုႀကားေသာ္ အားလံုးအံ့ႀသသြားႀကသည္။ အမတ္ခ်ဳပ္ႀကီးကေတာ့သိထားဟန္ျဖင့္ အမူအယာမေျပာင္းေပ။

"သင့္ျမတ္လွေႀကာင္းပါ အရွင္မင္းႀကီး။ "

အမတ္ခ်ဳပ္ႀကီး၏ ေထာက္ခံခ်က္ေႀကာင့္ မည္သူမွ ေစာဒက မတက္ရဲေတာ့ေပ။ မင္းႀကီး အခ်က္ျပလိုက္စဥ္ အတြင္းူ၀န္ႀကီးမွ အမိန္႕စာလႊာကို ဖတ္ျပသည္။

"စာေတာ္ဖတ္ အမႈထမ္းေလး ကမာအာဇမန္သည္ ငါကိုုယ္ေတာ္ျမတ္အတြက္ အမႈေတာ္ကို ရြတ္၇ြတ္ခြ်ံခြ့်ံ ထမ္းေဆာင္ေပးခဲ့သည္။ ကို္ယ္ေတာ္အား အေထာက္အကူေကာင္းမ်ားေပးနိုင္ ေသာေႀကာင့္ အပါးေတာ္ျမဲရာထူးကို ခ်ီးျမွင့္ေစ။ ကမာအာဇမန္ အမိန္႕ေတာ္ လက္ခံေစ။"

ကမာသည္ ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ မင္းႀကီးက မိမိကို ဘာေႀကာင့္ အပါးေတာ္ျမဲရာထူး ေပးသည္ကို နားမလည္ေတာ့ေပ။

"သခင္ေလး ကမာ.... သြားေလး..."

နံေဘးမွ စာေတာ္ဖတ္တစ္ဥိးက တိုက္တြန္းမွ ကမာ ေရွ႕ေတာ္ေမွာက္သုိ႕ထြက္လာျပီး လက္ခံလိုက္သည္။
"ေက်းဇူးႀကီးမားလွပါတယ္ မင္းႀကီး။ မင္းႀကီး သက္ေတာ္ ရာေက်ာ္ရွည္ပါေစ။"

တင္ေမာ္ရင္ႏွင့္ တင္တက္ရင္က အံ့အားသင့္လို႕မဆံုးေတာ့ေပ။
အမတ္မ်ားက မေက်မနပ္ျဖင့္ စကားဆိုလာႀကသည္။ အပါးေတာ္ျမဲဆိုသည့္ ရာထူးကို ယခုမွ မင္းႀကီးနံေဘးတြင္ အမႈထမ္းဖူးသည့္ နို႕နံ႕ ပင္မစင္ေသးေသာ လူငယ္ေလးရသြားသည္ကို အမတ္တစ္ဦးက ကန္႕ကြက္သည္။

"မင္းႀကီး မျဖစ္သင့္ပါဘူး။ ကမာက ယခုမွ မင္းႀကီးအလုပ္ကို ကူေပးဖူးတာပါ။ အပါးေတာ္ျမဲဆိုတာ ပညာရွိစာေမးပြဲကို ေျဖျပီး ေအာင္ျမင္သူမွ ရနုိင္တဲ့ရာထူးပါ အရွင္မင္းႀကီး။"

အမတ္ခ်ဳပ္ႀကီးက ခက္ထန္စြာျဖင့္ ထိုအမတ္ႀကီးကို လွည့္ကာ ေငါက္လိုက္သည္။

"သယ္ မင္းက ဘာမို႕လို႕ မင္းႀကီးရဲ႕ အမိန္႕ကို ဖယ္ရွားရဲတာလဲ။ မင္းႀကီးက က်ဳပ္တို႕ မြန္ဂိုျပည္ရဲ႕ ဘုရင္။ မင္းႀကီးရဲ႕ ဥာဏ္ပညာအေျမာ္အျမင္နဲ႕ ခန္႕အပ္သူကို အရည္အခ်င္းမရွိပါဘူးလို႕ ဘာေႀကာင့္ အတင့္ရဲျပီး ေျပာရဲရတာလဲ။ မင္းစကားက မင္းႀကိီးကို ေစာ္ကားတာပဲ... အခုခ်က္ခ်င္း ေတာင္းပန္ စမ္း။"

အမတ္ခ်ဳပ္ႀကီး၏ စကားေႀကာင့္ ထိုအမတ္က မင္းႀကီးေရွ႕ဒူးတုပ္ကာ ေတာင္းပန္လိုက္သည္။

"ေတာင္းပန္ပါတယ္ မင္းႀကီး။ ကြ်န္ေတာ္မ်ိဳး မင္းႀကီးရဲ႕ အသိပညာကို ေစာ္ကားလိုတဲ့သေဘာနဲ႕ ေျပာတာမဟုတ္ပါဘူး။ ကြ်န္ေတာ္မ်ိဳးရဲ႕ အတင့္ရဲမႈကို ခြင့္လႊတ္ေတာ္မူပါ။"

ေတးဟာခန္သည္ အမတ္ႀကီးကို တင္းမာစြာ ႀကည့္ကာ

"ဒါေနာက္ဆံုးျဖစ္ပါေစ။ ေနာက္တခါ ငါကို္ယ္ေတာ္ရဲ႕ အမိန္႕ကို ဖီဆန္သူကို ေဆြခုနွစ္ဆက္၊ မ်ိဳးခုနွစ္ဆက္ ေခါင္းျဖတ္သတ္ေစ... ညီလာခံစဲေစ..."

ကမာသည္ အမိန္႕စာကို လက္ခံျပီး မင္းႀကီးေနာက္ကို အေျပးလိုက္ခဲ့ရသည္။ မင္းႀကီး၏ အေဆာင္ထဲ သို႕ေရာက္ေသာ္ မင္းႀကိီးက ကမာကို ဆီးေပြ႕ကာ နမ္းရင္းေျပာလိုက္သည္။

"ကဲ ကမာေလး။ ေနာင္ ကိုယ္ေတာ့္ နန္းေဆာင္မွာ ညအိပ္လို႕ရျပီေနာ္။ ကိုယ္ေတာ္ အလုပ္မ်ားရင္ အပါးေတာ္ျမဲက အိမ္မျပန္ပဲ နန္းေတာ္ထဲအိပ္ရတာကို သိရဲ႕လား ခ်စ္သူေလး..."

ကမာသည္ မင္းႀကီးကို မ၀ံ့မရဲ ၿကည့္ကာေမးလိုက္သည္။

"မင္းၿကီး ကြ်န္ေတာ္မိ်ဳး အရည္အခ်င္းမရွိလို႕ အပါးေတာ္ျမဲ မလုပ္ပါရေစနဲ႕။ "

"ဘာေျပာတယ္။ ျပန္ေျပာစမ္း။"

မင္းႀကီးက ကမာကို သလြန္ေပၚလွဲခ်ကာ အေပၚမွ ဖိထားျပီး ေမးလိုက္သည္။

"ခဏက မိန္႕လိုက္တာ မႀကားလို႕လား။ ဒါမွမဟုတ္ ကိုယ္ေတာ့္စိတ္ကို စမ္းတာလား"

မငး္ႀကီး၏ ခက္ထန္ေသာ စကားေႀကာင့္ ကမာ ငိုခ်င္သြားသည္။ မင္းႀကီးတကယ္ေျပာေနသျဖင့္ ငိုမဲ့မဲ့ျဖင့္

"မင္းႀကီး...ေတာင္းပန္ပါတယ္။"

မင္းႀကီးက ကမာလန္႕သြားသည္ကို သိေတာ့ စိတ္ျပန္ေလွ်ာ့လိုက္ျပိးေျပာလိုက္သည္။

"မင္း ဘာမွ မတတ္လဲ ကိုယ္ေတာ့္စိတ္ကို ေအးေဆးတည္ျငိမ္ေအာင္လုပ္နိုင္တာ အဓိက အခ်က္ပဲ။ ဒါေႀကာင့္ ကိုယ္ေတာ္ မင္းကို ေဘးမွာေခၚထားတာ။ကိုယ္ေတာ္ရဲ႕ စိတ္ကို တည္ျငိမ္ေအာင္လုပ္ေပး နိုင္တာ နည္းတဲ့စြမ္းရည္လားကြယ္။ ေနာင္ ဒီစကားထပ္ေျပာရင္ ကိုယ္ေတာ္ တခါတည္း ကိုယ္လုပ္ေတာ္ ခန္႕လိုက္မယ္ သိလား ခ်စ္ကမာေလး..."

ကမာ မင္းႀကိီး၏စကားေႀကာင့္ ဘာမွ မေျပာနို္င္ေတာ့ေပ။
မင္းႀကီးက ကမာေလးကို အနမ္းမိုးရြာရင္း လည္တိုင္မ်ားကို ပူျပင္စြာနမ္းလိုက္စဥ္ ကမာအညိဳမည္း ရာ ကိုသတိရသြားျပီးမင္းႀကီးကို ေတာင္းပန္လုိက္သည္။

"မင္းႀကီး လည္ပင္းကို မနမ္းပါနဲ႕ေနာ္။"

မင္းႀကီးက အသံေပ်ာ့ေပ်ာ့ေလးနွင့္ေတာင္းပန္ေသာ ကမာကို ေမးလိုက္သည္။

"ဘာျဖစ္လို႕လဲ ကမာေလးရဲ႕..."

ကမာ မ်က္နွာနီသြားျပီးေျပာလိုက္သည္။
"မင္းႀကီးနမ္းထားတဲ့ အရာေတြထင္ေနလို႕။"

"ထင္ပါေစေပါ့။ ဘယ္သူကေျပာလို႕လဲ။"

ေတးဟာခန္ သိသိနွင့္ေမးလိုက္သည္။း ကမာက အကိုနွစ္ေယာက္ သိမည္ကို စိုးရိ္မ္ေနျခင္းျဖစ္သည္။

"အကိုေတြ သိျပီးေမးရင္ ကမာ ေျဖရခက္လို႕ပါ မင္းႀကီး .."

မင္းႀကီးက ကမာ့နူတ္ခမ္းေလးကို အသာနမ္းကာ ေျပာလိုက္သည္။

"အမွန္အတိုင္းေျပာလိုက္ေလ၊ မင္းႀကီးနမ္းတာလို႕..."

ကမာ စိတ္ညစ္သြားသည္။မင္းႀကီးကို ေတာင္းပန္ဟန္ျဖင့္ႀကည့္ကာ

"ဟင့္အင္း .... မင္းႀကီး. ကြ်န္ေတာ့္ကို သနားပါအံုးေနာ္...."

ေတးဟာခန္က မိမိထက္ အကိုနွစ္ေယာက္ကို ပိုကရုစိုက္ေနေသာ ကမာကို စိတ္တိုလာျပီး တခါတည္း စိတ္ေပါက္ေပါက္နွင့္ အျပစ္ေပးလိုက္သည္။

"အ.... မင္းႀကီး ေလွ်ာ့ပါဦး..."

"မင္းေနာင္ေတာ္ေတြကို သြားေျပာ... က်ဳပ္ကေတာ့ မင္းကို အူလိႈက္သည္းလိႈက္ကို ခ်စ္မယ္ သိလား။ ဘယ့္နွယ္ဗ်ာ။ ဘုရင္ရင့္မႀကီးက သူ႕ခ်စ္သူကို ခ်စ္တာ အမတ္ႀကီးနဲ႕ စစ္သူႀကီးကို ျပန္ေႀကာက္ေနရ တာ တခါမွ မႀကားဖူးပါဘူး။ ေနာက္တခါ က်ဳပ္နမ္းခ်င္တဲ့ ေနရာနမ္းမယ္။ မင္းထပ္ေျပာႀကည့္စမ္း။ တခါတည္း ျပန္ကို မလႊတ္ေတာ့ဘူး။"

ကမာသည္ မင္းႀကီး အျပစ္ေပးသည္ကို ညည္းညဴရင္း ခံယူေနရသည္။ ဘာမွလည္းျမန္မေျပာ၀ံ့ေတာ့ေပ။ ေျပာေလ ဆိုးေလျဖစ္ေတာ့မည္ကို သိေနျပီ။ ထိုေန႕ ကမာ အိမ္ျပန္ ေနာက္က်ခဲ့သည္။ တင္တက္ရင္ပင္ နန္းေတာ္၀မွာ လာႀကိဳေနခဲ့သည္။

"ညီေလး ႀကာလိုက္တာကြာ။ မင္းႀကီးက အလုပ္ခိုင္းေနလို႕လား။"

ကမာ အကိုႀကိီးကို မႀကည့္၀ံ့သျဖင့္ အလု္ိက္သင့္ေျဖလိုက္ရသည္။

"ဟုတ္တယ္ အကိုႀကီး။ ျပန္ခါနီး အလုပ္ေပၚလာလို႕..."

ကမာ ႏြမ္းနယ္စြာေျဖလိုက္သည္။ ဒီေန႕မင္းႀကီးက သံုးႀကိမ္တိတ္ိ အျပစ္ေပးလိုက္ေသာေႀကာင့္ ပင္ပန္းလို႕ေနျပီ။

~ ဆက္ရန္

===============

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၉)

မင်းကြီးသည် ကမာကို မည်မျှချစ်သလဲ ဆိုလျှင် တိုင်းပြည်ရေးနှင့်ပတ်သတ်သည့် အချက်များ ဆုံးဖြတ်မည်ဆိုလျှင် ကမာကို တိုင်ပင်သည်။ မိမိထင်သည့်အချက်၊ အမတ်များ၊ စစ်သူကြီးများ လျှောက်တင်ချက်များကို ပြောပြကာတိုင်ပင်သည်။ ကမာထံမှအကြံကို တောင်းသည်။
"မင်းကြီး ကျွန်တော်မျိုးနိုင်ငံရေးကို နားမလည်ပါဘူး။"
ကမာ ရှောင်သေးသည်။ သို့သော် မင်းကြီးက ကမာ့ရင်ခွင်ထဲမှနေပြီး စာလွှာများကို ဖတ်သည်။ ကမာ့ကိုတိုင်ပင်သည်။ ကမာ့ကိုလည်း သင်ပေးသည်။ မင်းကြီးမေးတော့လည်း ကမာထင်သည်ကို မပြောလို့မရတော့ပေ။ ကမာပြောမိသည်ကလည်း အကိုလေးထံမှကြားသည့် စကားများဖြစ်သည်။
ထို့ကြောင့် မင်းကြီး၏ ဆုံးဖြတ်ချက်များတွင် အမတ်တင်မော်ရင်၏ ထင်မြင်ချက်အတိုင်းဖြစ်လာ သည်ကများလာသောအခါ နန်းတွင်းရှိ ကျောက်မိဖုရား၏ အမတ်များ၏ စကားနာထိုးခြင်းကို ခံလာရ သည်။ တင်မော်ရင်ကတော့ ဒေါသကို မျိုသိပ်ကာ လုပ်စရာရှိသည်ကို လုပ်နေရင်း တင်တက်ရင် ပြန်လာမည့်နေ့ကို စောင့်နေခဲ့သည်။

"ကမာလေး အနက်ဖြန် နောင်တော် မြို့တော်ကို ပြန်ရောက်ပြီတဲ့။"
ကမာ နန်းတော်မှ ပြန်လာသောအခါ တင်မော်ရင်ဆီးပြောလိုက်သောအခါ ကမာ ဝမ်းသာလွန်းလို့ ထခုန်မိသည်။ တင်မော်ရင်သည် နောင်တော်အပေါ် ခင်တွယ်လွန်းသည့် ညီလေးကို ပြုံးကြည့်နေ မိသည်။ ဒါကြောင့်နောင်တော်ကလည်း ကမာကို အရမ်းချစ်ကာ စိတ်မချနိုင်အောင်ဖြစ်နေရခြင်းပင်။

"နောင်တော်နဲ့အတူ မိန်းမချောလေးတွေ ပါလာပါစေ ဆုတောင်းရမယ်။ ဒါမှ မင်းကြီးအာရုံပြောင်း သွားပြီး ကမာလေးကို အကိုလေးရဲ့ ရုံးမှာခေါ်ထားလို့ရမှာလေ။"
ကမာသည် အကိုလေး၏ စကားကြောင့်ပြုံးသွားမိသည်။
နောက်တနေ့တွင် မင်းကြီးဘေးခစားနေသော်လည်း အိမ်ပြန်ချိန်ကို တမျှော်မျှော်လုပ်နေမိသည်။
နေ့လည်ခင်းတွင် စစ်သူကြီးနှင့်အဖွဲ့ နေပြည်တော်သို့ ဆိုက်ရောက်လာခဲ့သည်။ ကမာသည် ထိုသတင်း ကြားသောအခါ ပြုံးသွားသဖြင့် မင်းကြီး၏ ရင်ထဲ ဆစ်ခနဲဖြစ်သွားသေးသည်။ ကမာ ကစစ်သူကြီးအပေါ် အရမ်းတွယ်တာလွန်းသည်က တေးဟာခန် ရင်ကို ပူလာစေသည်။ သိပ်လှတဲ့ ကမာကို စစ်သူကြီးက မချစ်မိဘူးတဲ့လား။ ကမာကလည်း အကိုဖြစ်သူပြန်လာတာ ဒီလောက်ပျော် တာရိုးမှရိုးရဲ့လားဟု တွေးကာ ကမာကို လှမ်းခေါ်လိုက်သည်။

"ကမာလေး ကိုယ်တော်ကို နှိပ်ပေးပါဦး။"
ကမာ မင်းကြီး၏ ပုခုံးကိုနှိပ်ပေးစဉ် မင်းကြီးက ကမာ၏ လက်လေးကို ဆွဲကာရင်ခွင်ထဲဆွဲသွင်းပြီး သဲသဲမဲမဲနမ်းတော့သည်။ လည်ပင်းများကို နမ်းစုပ်နေသဖြင့် ကမာ ယားလာသည်။ မင်းကြီးကို အသာတွန်းကာ

"မင်းကြီး ကျွန်တော် ယားလို့။"

"အခုထိ ကျင့်သားမရသေးဘူးလား ကိုယ်တော့် အနမ်းကို။ လာခဲ့။ ကျင့်သားရအောင် လုပ်ပေးမယ်။"
ကမာ၏ အဝတ်များ ဖရိုဖရဲဖြစ်ကုန်သည်။ ထိုအခါမှ ကမာ မင်းကြီးနောက်တခါ လိုချင်နေသည်ကို သိကာ လက်နှင့်ထောက်ထားပြီးပြောလိုက်သည်။

"မင်းကြီး တစ်ခါပြီးပြီလေ။ တော်ပါတော့။"
"ဘာလဲ။ ကမာက ကိုယ်တော့်ကို မပေးချင်လို့လား။"

"မဟုတ်ပါဘူး။ ကိုယ်တော် ညကျရင် မိဖုရားတွေဆီ မသွားနိုင်မှာစိုးလို့ပါ။"
ကမာ အနုနည်းဖြင့်ဖြေသော်လည်း မရပေ။ တေးဟာခန်က ကမာကို ဆွဲလှဲကာ ခရီးစရင်းပြောလိုက် သည်။
"မပူနဲ့။ ကိုယ်တော် သမားတော်ကို ဆေးဖော်ခိုင်းထားပြီး မှီဝဲနေတယ်။ လာပါဦး။ ကိုယ်တော်က ကမာကို ချစ်လွန်းလို့ တောင်းရတာပါ။ "
ကမာလည်း ငြင်းမရတော့ လိုက်လျောရပြန်သည်။ ဒါမှ ညနေအိမ်စောစောပြန်ရမည်မဟုတ်လား။
ကမာအိမ်ပြန်သောအခါ အိမ်ရှေ့တွင်အကိုကြီးရပ်စောင့်နေသည်ကို တွေ့လိုက်သော် ဘာမှမစဉ်းစား နိုင်တော့ပဲ အကိုကြီးကို ပြေးဖက်ကာ ရင်ဖွင့်ကြိုနေသော အကိုကြီးရင်ခွင်ထဲ ခုန်ဝင်ကာ ဖက်လိုက်ပြီး ပြောလိုက်သည်။
"အကိုကြီး...လွမ်းလိုက်တာ။ အရမ်းလွမ်းတာပဲ အကိုကြီး သွားတာကြာလိုက်တာ..."
တင်တက်ရင်က တဟားဟားရယ်ကာ ကမာ၏ ကိုယ်လုံးသေးသေးလေး.ကို ခါးမှဖက်ကာ လေထဲဝှေ့ယမ်းလိုက်သည်။
"အကိုကြီလည်း ကမာလေးကို လွမ်းလိုက်ရတာကွယ်...ကြည့်စမ်း။ ကမာ မတွေ့တဲ့ တစ်လအတွင် ဒီလောက်ချောလာတယ်။ ဟဲ..ဟဲ... နန်းတွင်းသူ ဘယ်နှစ်ယောက်နဲ့ ချစ်သူဖြစ်နေပြီလဲ။ အကိုကြီးညီ ဒီလောက်ချောတာ တော်ရုံမိန်းကလေးနဲ့ သဘောမတူနိုင်ဘူးနော်။"
"ကဲ....နောင်တော်နဲ့ ကမာ အိမ်ထဲ ဝင်ဦးမှာလား။ အိမ်ထဲရောက်မှ အလွမ်းသယ်တော်မူပါဗျာ။"
တင်မော်ရင်က ကြည့်မရသည့်အဆုံး ဝင်ပြောလိုက်ရတော့သည်။
တင်တက်ရင်က ထိုအခါမှ ညီလေးကို ချပေးကာ
"အေးကွ။ အကိုကြီးလည်း ညီလေးကို တွေ့တာနဲ့ အားလုံးမေ့သွားးပြီ။ ကဲ အိမ်ထဲသွားရအောင်...."
တင်တက်ရင်က ကမာ၏ လက်ကိုဆွဲကာ အိမ်ထဲဝင်လာခဲ့သည်။ မျက်စိလျှင်သော စစ်သူကြီး မျက်လုံးက ကမာ၏ လည်ပင်းမှ ညိုမည်းသောအရာကို တွေ့သော်ဖြတ်ခနဲ လက်နှင့်ထိကြည့်လိုက် စဉ် ကမာလန့်သွားသည်။

"အကိုကြီး ဘာဖြစ်လို့လဲ။"
"ကမာ လည်ပင်းက ညိုနေတာ။ ဘာနဲ့ ခိုက်မိထားတာလဲ။ နာသလား.."
ကမာ အံ့သြသွားသည်။ မိမိလည်ပင်းမှ အညိုမည်း..
ရုတ်တရက် အကိုကြီးဘာပြောလိုက်မှန်း မသိလိုက်ပေ။ ပြီးမှ မင်းကြီးနမ်းလိုက်သည်ကို သတိရသွား သည်။

"ဟင့်အင်း....ဘာမှ မဟုတ်ပါဘူး အကိုကြီး။ မြင်းစီးကျင့်ရင်း သစ်ကိုင်းမကြည့်မိလို့ သစ်ကိုင်းနဲ့ ရိုက်မိထားလို့ပါ။"
ကမာ လိမ်ပြောလိုက်ပြီး အကိုကြီး၏ မျက်နှာကို မကြည့်ရဲတော့ပေ။ အကိုလေး၏ စူးစမ်းသော အကြည့်ကိုလည်း ရင်မဆိုင်ဝံ့ပေ။
"အကိုကြီး လက်ဆောင်ပါတယ်ဆို... ကမာကြည့်ချင်လှပြီ.."
"သြော်....အေး....အေး..."
တင်တက်ရင်လည်း ကမာ၏ စကားကိုယုံပြီး သံသယပျောက်သွားသည်။ သို့သော် တင်မော်ရင်က ကမာမနက်ကအထိ အကောင်းကြီးရှိသည်ကို သိတော့ သက်ပြင်းရှိုက်မိလိုက်သည်။ မိမိတို့ညီ ကမာကိုများ မင်းကြီးက တခုခု လုပ်လိုက်ပြီလားဟု တွေးမိလိုက်သည်။

တေးဟာခန်သည် မိမိလွှတ်လိုက်သော လျှို့ဝှက်ရဲမတ်ထံမှ စကားကို ကြားသော် မနာလိုစိတ်က ထိန်းမရအောင်ထွက်လာခဲ့သည်။
"မဖြစ်ဘူး။ ဒီလိုဆိုရင် ကမာကို စစ်သူကြီး ချစ်စိတ်ဝင်သွားလိမ့်မယ်။ သူတို့ အနေအထိုင်က သိပ်ကို ရင်းနှီးလွန်းနေတယ်။ ကမာက ငါ့ကို သူ့အကို နှစ်ယောက်လောက်တောင် ရင်းနှီးမှုမရှိပါလား။ မဖြစ်သေးဘူး။ မီးဆိုတာ မလောင်ခင်ကြိုတင်တားရတယ်။ ကမာကို ငါ့အနားမှာ ခေါ်ထားမှပဲ.."
တေးဟာခန် ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့ကြောင့် အမိန့်စာတစ်စောင်ကို ကောက်ရေး လိုက်သည်။

ညီလာခံတွင် စစ်သူကြီးက ခေါ်ဆောင်လာသော မိန်းကလေး၂၀ ကိုမင်းကြီးထံ စာရင်းဖြင့်ဆက်သ လိုက်သည်။ မွန်ဂိုဘုရင်၏ လက်အောက်ခံ နယ်ပယ်များမှ ချောမောလှပသော မိန်းမပျိုလေးများကို စုစည်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ တချို့ကလည်းနယ်စားများက ဆက်သလိုက်ခြင်းဖြစ်သည်။
မိမိတို့သမီးအလှများကို မင်းကြီး၏ မိဖုရားဖြစ်စေချင်သူ နုယ်စားများက ဒုနှင့်ဒေးဖြစ်သည်။ သို့သော် မင်းကြီးလိုချင်သည့် နှင်းမြို့တော်သူကာ မရခဲ့ပါ။ နှင်းမြို့တော် လုံးဝပျက်ဆီးသွားလေပြီ။ သွေးနှောသော မိန်းကလေးများပါလာသော်လည်း နှင်းမြို့တော်၏ တော်ဝင်နန်းဆက်မှ ကမာ၏ အလှကို မှီသည့်သူ မပါလာခဲ့ပေ။
မင်းကြီးသည် စစ်သူကြီးတင်တက်ရင် လျှောက်တင်သည်ကို အာရုံသိပ်မရှိပေ။ မိမိအာရုံက တင်တက်ရင်ကို ချစ်ခင်လေးစားစွာကြည့်နေသော ကမာထံတွင်သာ ရှိနေသည်။ တင်တက်ရင်က လက်ဆောင်များကို ဆက်သပြီးနောက် မင်းကြီးကို နယ်စားမင်းများ၏လျှောက်လွှာများကို ပေးအပ် လိုက်သည်။
"စစ်သူကြီးရဲ့ အပင်ပန်းခံမှုနဲ့သစ္စာရှိမှုကို ငါကိုယ်တော် ကျေနပ်အားရတော်မူတယ်။ ကိုယ်တော်အတွက် ကိုယ်လုပ်တော် များကို စုစည်းခေါ်ဆောင်ပေးနိုင်တဲ့အတွက် စစ်သူကြီးကို ရွှေစင် တစ်သောင်းနဲ့ လယ်မြေ ၁၀၀၀ ချီးမြှင့်စေ။ "

တင်တက်ရင်က မင်းကြီး၏ ဆုလာဘ်များအတွက် ကျေးှဇူးတင်စကားပြောလု်ိက်သည်။
ထို့နောက်မင်းကြီးက မထင်မှတ်ထားသည်ကို ကြေငြာလိုက်သည်။

"ငါကိုယ်တော်မြတ်အတွက် အပါးတော်မြဲတစ်ဦးထားဖို့သင့်ပြီး အမတ်ကြီးတို့။ ဒါကြောင့် နန်းတွင်း အမှုထမ်းထဲမှ တစ်ဦးကို ကိုယ်တော်ရဲ့ အပါးတော်မြဲခန့်အပ်တော်မူမယ်။"

မင်းကြီး၏ အမိန့်ကိုကြားသော် အားလုံးအံ့သြသွားကြသည်။ အမတ်ချုပ်ကြီးကတော့သိထားဟန်ဖြင့် အမူအယာမပြောင်းပေ။

"သင့်မြတ်လှကြောင်းပါ အရှင်မင်းကြီး။ "

အမတ်ချုပ်ကြီး၏ ထောက်ခံချက်ကြောင့် မည်သူမှ စောဒက မတက်ရဲတော့ပေ။ မင်းကြီး အချက်ပြလိုက်စဉ် အတွင်းူဝန်ကြီးမှ အမိန့်စာလွှာကို ဖတ်ပြသည်။

"စာတော်ဖတ် အမှုထမ်းလေး ကမာအာဇမန်သည် ငါကိုယ်တော်မြတ်အတွက် အမှုတော်ကို ရွတ်ရွတ်ချွံချွံ့ ထမ်းဆောင်ပေးခဲ့သည်။ ကိုယ်တော်အား အထောက်အကူကောင်းများပေးနိုင် သောကြောင့် အပါးတော်မြဲရာထူးကို ချီးမြှင့်စေ။ ကမာအာဇမန် အမိန့်တော် လက်ခံစေ။"

ကမာသည် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ မင်းကြီးက မိမိကို ဘာကြောင့် အပါးတော်မြဲရာထူး ပေးသည်ကို နားမလည်တော့ပေ။

"သခင်လေး ကမာ.... သွားလေး..."

နံဘေးမှ စာတော်ဖတ်တစ်ဥိးက တိုက်တွန်းမှ ကမာ ရှေ့တော်မှောက်သို့ထွက်လာပြီး လက်ခံလိုက်သည်။
"ကျေးဇူးကြီးမားလှပါတယ် မင်းကြီး။ မင်းကြီး သက်တော် ရာကျော်ရှည်ပါစေ။"

တင်မော်ရင်နှင့် တင်တက်ရင်က အံ့အားသင့်လို့မဆုံးတော့ပေ။
အမတ်များက မကျေမနပ်ဖြင့် စကားဆိုလာကြသည်။ အပါးတော်မြဲဆိုသည့် ရာထူးကို ယခုမှ မင်းကြီးနံဘေးတွင် အမှုထမ်းဖူးသည့် နို့နံ့ ပင်မစင်သေးသော လူငယ်လေးရသွားသည်ကို အမတ်တစ်ဦးက ကန့်ကွက်သည်။

"မင်းကြီး မဖြစ်သင့်ပါဘူး။ ကမာက ယခုမှ မင်းကြီးအလုပ်ကို ကူပေးဖူးတာပါ။ အပါးတော်မြဲဆိုတာ ပညာရှိစာမေးပွဲကို ဖြေပြီး အောင်မြင်သူမှ ရနိုင်တဲ့ရာထူးပါ အရှင်မင်းကြီး။"

အမတ်ချုပ်ကြီးက ခက်ထန်စွာဖြင့် ထိုအမတ်ကြီးကို လှည့်ကာ ငေါက်လိုက်သည်။

"သယ် မင်းက ဘာမို့လို့ မင်းကြီးရဲ့ အမိန့်ကို ဖယ်ရှားရဲတာလဲ။ မင်းကြီးက ကျုပ်တို့ မွန်ဂိုပြည်ရဲ့ ဘုရင်။ မင်းကြီးရဲ့ ဉာဏ်ပညာအမြော်အမြင်နဲ့ ခန့်အပ်သူကို အရည်အချင်းမရှိပါဘူးလို့ ဘာကြောင့် အတင့်ရဲပြီး ပြောရဲရတာလဲ။ မင်းစကားက မင်းကြီးကို စော်ကားတာပဲ... အခုချက်ချင်း တောင်းပန် စမ်း။"

အမတ်ချုပ်ကြီး၏ စကားကြောင့် ထိုအမတ်က မင်းကြီးရှေ့ဒူးတုပ်ကာ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် မင်းကြီး။ ကျွန်တော်မျိုး မင်းကြီးရဲ့ အသိပညာကို စော်ကားလိုတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်မျိုးရဲ့ အတင့်ရဲမှုကို ခွင့်လွှတ်တော်မူပါ။"

တေးဟာခန်သည် အမတ်ကြီးကို တင်းမာစွာ ကြည့်ကာ

"ဒါနောက်ဆုံးဖြစ်ပါစေ။ နောက်တခါ ငါကိုယ်တော်ရဲ့ အမိန့်ကို ဖီဆန်သူကို ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက် ခေါင်းဖြတ်သတ်စေ... ညီလာခံစဲစေ..."

ကမာသည် အမိန့်စာကို လက်ခံပြီး မင်းကြီးနောက်ကို အပြေးလိုက်ခဲ့ရသည်။ မင်းကြီး၏ အဆောင်ထဲ သို့ရောက်သော် မင်းကြီးက ကမာကို ဆီးပွေ့ကာ နမ်းရင်းပြောလိုက်သည်။

"ကဲ ကမာလေး။ နောင် ကိုယ်တော့် နန်းဆောင်မှာ ညအိပ်လို့ရပြီနော်။ ကိုယ်တော် အလုပ်များရင် အပါးတော်မြဲက အိမ်မပြန်ပဲ နန်းတော်ထဲအိပ်ရတာကို သိရဲ့လား ချစ်သူလေး..."

ကမာသည် မင်းကြီးကို မဝံ့မရဲ ကြည့်ကာမေးလိုက်သည်။

"မင်းကြီး ကျွန်တော်မျိုး အရည်အချင်းမရှိလို့ အပါးတော်မြဲ မလုပ်ပါရစေနဲ့။ "

"ဘာပြောတယ်။ ပြန်ပြောစမ်း။"

မင်းကြီးက ကမာကို သလွန်ပေါ်လှဲချကာ အပေါ်မှ ဖိထားပြီး မေးလိုက်သည်။

"ခဏက မိန့်လိုက်တာ မကြားလို့လား။ ဒါမှမဟုတ် ကိုယ်တော့်စိတ်ကို စမ်းတာလား"

မင်းကြီး၏ ခက်ထန်သော စကားကြောင့် ကမာ ငိုချင်သွားသည်။ မင်းကြီးတကယ်ပြောနေသဖြင့် ငိုမဲ့မဲ့ဖြင့်

"မင်းကြီး...တောင်းပန်ပါတယ်။"

မင်းကြီးက ကမာလန့်သွားသည်ကို သိတော့ စိတ်ပြန်လျှော့လိုက်ပြိးပြောလိုက်သည်။

"မင်း ဘာမှ မတတ်လဲ ကိုယ်တော့်စိတ်ကို အေးဆေးတည်ငြိမ်အောင်လုပ်နိုင်တာ အဓိက အချက်ပဲ။ ဒါကြောင့် ကိုယ်တော် မင်းကို ဘေးမှာခေါ်ထားတာ။ကိုယ်တော်ရဲ့ စိတ်ကို တည်ငြိမ်အောင်လုပ်ပေး နိုင်တာ နည်းတဲ့စွမ်းရည်လားကွယ်။ နောင် ဒီစကားထပ်ပြောရင် ကိုယ်တော် တခါတည်း ကိုယ်လုပ်တော် ခန့်လိုက်မယ် သိလား ချစ်ကမာလေး..."

ကမာ မင်းကြီး၏စကားကြောင့် ဘာမှ မပြောနိုင်တော့ပေ။
မင်းကြီးက ကမာလေးကို အနမ်းမိုးရွာရင်း လည်တိုင်များကို ပူပြင်စွာနမ်းလိုက်စဉ် ကမာအညိုမည်း ရာ ကိုသတိရသွားပြီးမင်းကြီးကို တောင်းပန်လိုက်သည်။

"မင်းကြီး လည်ပင်းကို မနမ်းပါနဲ့နော်။"

မင်းကြီးက အသံပျော့ပျော့လေးနှင့်တောင်းပန်သော ကမာကို မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ကမာလေးရဲ့..."

ကမာ မျက်နှာနီသွားပြီးပြောလိုက်သည်။
"မင်းကြီးနမ်းထားတဲ့ အရာတွေထင်နေလို့။"

"ထင်ပါစေပေါ့။ ဘယ်သူကပြောလို့လဲ။"

တေးဟာခန် သိသိနှင့်မေးလိုက်သည်။း ကမာက အကိုနှစ်ယောက် သိမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

"အကိုတွေ သိပြီးမေးရင် ကမာ ဖြေရခက်လို့ပါ မင်းကြီး .."

မင်းကြီးက ကမာ့နူတ်ခမ်းလေးကို အသာနမ်းကာ ပြောလိုက်သည်။

"အမှန်အတိုင်းပြောလိုက်လေ၊ မင်းကြီးနမ်းတာလို့..."

ကမာ စိတ်ညစ်သွားသည်။မင်းကြီးကို တောင်းပန်ဟန်ဖြင့်ကြည့်ကာ

"ဟင့်အင်း .... မင်းကြီး. ကျွန်တော့်ကို သနားပါအုံးနော်...."

တေးဟာခန်က မိမိထက် အကိုနှစ်ယောက်ကို ပိုကရုစိုက်နေသော ကမာကို စိတ်တိုလာပြီး တခါတည်း စိတ်ပေါက်ပေါက်နှင့် အပြစ်ပေးလိုက်သည်။

"အ.... မင်းကြီး လျှော့ပါဦး..."

"မင်းနောင်တော်တွေကို သွားပြော... ကျုပ်ကတော့ မင်းကို အူလှိုက်သည်းလှိုက်ကို ချစ်မယ် သိလား။ ဘယ့်နှယ်ဗျာ။ ဘုရင်ရင့်မကြီးက သူ့ချစ်သူကို ချစ်တာ အမတ်ကြီးနဲ့ စစ်သူကြီးကို ပြန်ကြောက်နေရ တာ တခါမှ မကြားဖူးပါဘူး။ နောက်တခါ ကျုပ်နမ်းချင်တဲ့ နေရာနမ်းမယ်။ မင်းထပ်ပြောကြည့်စမ်း။ တခါတည်း ပြန်ကို မလွှတ်တော့ဘူး။"

ကမာသည် မင်းကြီး အပြစ်ပေးသည်ကို ညည်းညူရင်း ခံယူနေရသည်။ ဘာမှလည်းမြန်မပြောဝံ့တော့ပေ။ ပြောလေ ဆိုးလေဖြစ်တော့မည်ကို သိနေပြီ။ ထိုနေ့ ကမာ အိမ်ပြန် နောက်ကျခဲ့သည်။ တင်တက်ရင်ပင် နန်းတော်ဝမှာ လာကြိုနေခဲ့သည်။

"ညီလေး ကြာလိုက်တာကွာ။ မင်းကြီးက အလုပ်ခိုင်းနေလို့လား။"

ကမာ အကိုကြီးကို မကြည့်ဝံ့သဖြင့် အလိုက်သင့်ဖြေလိုက်ရသည်။

"ဟုတ်တယ် အကိုကြီး။ ပြန်ခါနီး အလုပ်ပေါ်လာလို့..."

ကမာ နွမ်းနယ်စွာဖြေလိုက်သည်။ ဒီနေ့မင်းကြီးက သုံးကြိမ်တိတိ အပြစ်ပေးလိုက်သောကြောင့် ပင်ပန်းလို့နေပြီ။

~ ဆက်ရန်




Continue Reading

You'll Also Like

207K 25.7K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...
97.8K 8.5K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
637K 67K 78
Love Story From Defulo (Series-3) // Complete
294K 38.1K 110
မိသားစုရဲ့အပယ်ခံသား ၊ညီဖြစ်သူ၏အနိုင်ကျင့်ခံရမှု ၊ ချစ်သူ၏ဖောက်ပြန်ခံရမှု တို့ကိုကြုံတွေ့ခံစားလာရတဲ့လူငယ်လေး... မိသားစုနှင့်ချစ်သူကိုသတ်ဖြတ်ပြီး သူ့ကိ...