မုန္တိုင္းမ်ား၏အရွင္သခင္ Seas...

By MayKingMK119

341K 21K 199

Zawgyi+Unicode Font ၂ မ်ိဳးလံုးနဲ႕ တင္ထားပါတယ္။ တာတာအရိုင္းစိုင္းမ်ားေႀကာင့္ ပ်က္သုဥ္းခဲ့ရတဲ့ နွင္းျမိဳ႕ေတာ္... More

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၁၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၂၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၃၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၂)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၃)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၆)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၇)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၈)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၄၉)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၀)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၁)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၂)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၃)(Z+U)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၄)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၅)
မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅၆)ဇာတ္သိမ္းပုိင္း(Z+U)
မုန္တိုင္းမ်ား၏ အရွင္သခင္ - Season II

မုန္တိုင္းမ်ား၏အရွင္သခင္အပိုင္း (၅)

7.4K 543 2
By MayKingMK119

မုန္တိုင္းမ်ား၏အရွင္သခင္
အပိုင္း (၅)

"မင္းႀကီးေတြ႕တဲ့ မိန္းကေလးပံုကို ဆြဲေပးပါလား။ကြ်န္ေတာ္မ်ိဳး ရုပ္ကိုေတြ႕ရင္ တနိုင္ငံလံုး ေျမလွန္ရွာေပးပါ့မယ္။"
ေတးဟာခန္ သေဘာတူလိုက္သည္။
"ေအး ေကာင္းတယ္။ က်ဳပ္ဆြဲထားတာ ရွိတယ္။ အတြင္း၀န္ႀကီး ယူျပီး အမတ္ႀကီးကို ေပးလိုက္။ ကဲ ေမာ္ရင္။ ဒီပံုထဲက မိန္းကေလးကို ရေအာင္ရွာေပးေပေတာ့။ က်ဳပ္ သတိရလို႕ သူ႕ပံုကို ညကဆြဲထားတာ။"
တင္ေမာ္ရင္သည္ ညခ်င္တြင္း မငး္ႀကီးဆြဲထားသည္ဆိုသည့္ စကားကိုႀကားေသာ္ မင္းႀကီး ေရာဂါအေတာ္ရင့္ေနျပီးကို သိလိုက္သည္။ ရင္တထိတ္ထိတ္နွင့္ပံုကို ႀကည့္လိုက္ေတာ့ ရင္ထဲ ေအးခနဲျဖစ္သြားသည္။ မ်က္နွာမပ်က္ေအာင္ မနည္းထိန္းထားရသည္။ ပန္းခ်ီေတာ္ေသာ မင္းၿကီးဆြဲထားေသာ ပန္းခ်ီကားက ကမာျဖစ္ေနသည္။ ေဘးတေစာင္းျဖင့္ပင္ တိက်ေသာ နွာတံ။ နွင္းဆီငံုနူတ္ခမ္း၊ ေျပျပစ္ေသာ နဖူးျပင္၊ ေပ်ာ့ေျပာင္းေသာ ဆံႏြယ္၊ သြယ္လ်ေသာ ကိုယ္ဟန္ စသည္တို႕က ကမာမွ ကမာ စစ္စစ္ပါ။
"ဘယ္လိုလဲ။ နတ္္သက္ေႀကြတဲ့ နတ္သမီးလို႕က်ဳပ္ေျပာတာ မလြန္ပါဘူးေနာ္။"
မင္းႀကီးက ၀ံ့ႀကြားစြာေျပာသည္။
"မလြန္ပါဘူး မင္းႀကီး။ "
မင္းႀကီးက သက္ျပင္းခ်ကာ ေျပာလိုက္သည္။
"က်ဳပ္ပန္းခ်ီက သူ႕အလွက္ို ျပည့္စံုေအာင္ မေဖာ္ျပနိုင္ဘူး ေမာ္ရင္။ မိန္းမတစ္ေယာက္ေႀကာင့္ က်ဳပ္ရူးေတာ့မယ္ထင္တယ္။ က်ဳပ္သူ႕ကို ခ်စ္တယ္ ေမာ္ရင္။ သူ႕ကို မရရင္ က်ဳပ္ရူးသြား နုိင္တယ္။ မင္း က်ဳပ္ရဲ႕ အခင္ဆံုးသူငယ္ခ်င္းပါ။ မင္းက်ဳပ္ကို ကူေပးပါကြာ။"

တင္ေမာ္ရင္ ဘာဆက္ေျပာရမွန္းမသိေတာ့ေပ။ မင္းႀကီးကို ကတိေတာ့ေပးခဲ့သည္။ သို႕ေသာ္ အကိုႀကီးနွင့္တိုင္ပင္ျပီးမွ ဆက္လုပ္မည္ဟု ဆံုးျဖတ္လိုက္သည္။
တင္တက္ရင္သည္ ေမာ္ရင္ထံမွ စကားကို ႀကားေသာ္ ေတြေ၀သြားသည္။ ကမာကို စိုးရိမ္ သည့္အတုိင္း မင္းႀကီးျမင္သြားေလျပီ။ ျမိဳ႕ေတာ္တစ္ခုလံုး ေျဗာင္းဆန္ေအာင္ ပံုကပ္ျပီးရွာ လွ်င္ ကမာကို တေယာက္မဟုတ္တေယာက္ေတြ႕ျပီး သြားေလွ်ာက္တင္မွာေသခ်ာသည္။ ကမာကို မိမိတို႕ဆက္ဖြက္ထားလို႕မရေတာ့ေပ။ ေနာက္ဆံုး တင္တက္ရင္ ညီကို ေျပာလိုက္ ရေတာ့သည္။
"ကမာကို မင္းႀကီးဆီေခၚသြားျပီး ေတြ႕ေပးလိုက္ေတာ့။"

"ေနာင္ေတာ္..."
တင္ေမာ္ရင္ တစံုတခုကို ေျပာသင့္မေျပာသင့္ ခ်ိန္ဆေနသည္။ မေတာ္ မင္းႀကီးက ကမာကို ခ်စ္သြားလွ်င္ ဘယ္လိုလုပ္မလဲဟု ေတြးမိလိုက္ေသာေႀကာင့္ျဖစ္သည္။
"ေျပာေလ.."
"ကြ်န္ေတာ္ စိုးရိမ္တာ မင္းႀကီး ကမာကို ေယာက်္ားေလးမွန္းသိလ်က္နဲ႕ စြဲလန္းသြားမွာကိုပဲ"
"မျဖစ္နိုင္ေလာက္ပါဘူး။ မင္းႀကီးက ကမာကို ေယာက်ာ္းေလးမွန္းသိရင္ သူစိတ္ေျပာင္းသြား မွာပါ။"

"အင္းေလ... မင္းႀကိးက ကမာကို မိန္းကေလးမွတ္လို႕ စြဲလန္းေနတာျဖစ္မွာပါ။ ကြ်န္ေတာ္ ခဏ ေစာင့္ႀကည့္လိုက္ဦးမယ္။ ေနာက္ ၃ ရက္ေလာက္ႀကာမွ ကမာကို ေခၚသြားမယ္။ ဒီႀကားထဲ မင္းႀကိး စိတ္ေျပာင္းသြားရင္ ကမာကို မင္းႀကီးေရွ႕ကို ေခၚမသြားေတာ့ဘူး။"
"ဘာျဖစ္လို႕လဲ.."
တင္တက္ရင္ေမးလိုက္သည္။ ေမးသာေမးလိုက္ရသည္။ အေျဖကို မိမိလည္း ႀကိဳသိေနသည္။.
"ကမာကို ေဘးကင္းေစခ်င္လို႕ပါ။"
တင္တက္ရင္ေခါင္းျငိမ့္လိုက္သည္။
"ေကာင္းျပီ။ မင္းႀကီး အာရံုေျပာင္းသြားေအာင္ ေနာင္ေတာ္လည္းေတာကစားဖို႕ စိီစဥ္ လိုက္မယ္။"
ညီအစ္ကို နွစ္ဦး ကမာ့အေပၚ မင္းႀကီး၏ စြဲလန္းစိတ္ကို လြင့္ပ်ယ္သြားေအာင္ တတ္နိုင္သမွ် လုပ္ေနသည္။ ကမာကေတာ့ ဘာမွမသိပဲ အကိုေလးခိုင္းထားသည့္ က်မး္ကို ဖတ္ရွဳ႕ေလ့လာ ေနသည္။
အင္္မတန္ကို အင္အားႀကီး့သည့္ မြန္ဂိုျပည့္ရွင္မင္းႀကီးက မိမိကို ေတြ႕ကာစြဲလန္းသြားသည္ကို မသိပဲ ကမာ စိတ္ေအးခ်မ္းစြားအိပ္စက္သြားေတာ့သည္။

မုန္တိုင္းမ်ား၏အရွင္သခင္
အပိုင္း (၄)
မြန္ဂိုျပည့္ရွင္မင္းႀကိီး ေတးဟာခန္သည္ တင္ေမာ္ရင္ကို အာဏာကုန္လႊဲျပီး နတ္သမိးေလးကို ေစာင့္ေနသည္။ တေန႕ျပီး တေန႕ ကုန္လြန္သြားေသာအခါ ေတးဟာခန္သည္ ေနမထိ ထိုင္မသာ ျဖစ္ရေလျပီ။
မိဖုရားမ်ားထံသို႕ လံုး၀မသြားပဲ ညတိုင္း ပံုသာထိုင္ဆြဲေနသည္။ ညီလာခံတြင္လည္း စိတ္နွင့္ကို္ယ္နွင့္ မကပ္သျဖင့္ ညီလာခံပင္ မေခၚေတာ့ေပ။ အမတ္မ်ားက တင္ေမာ္ရင္ကို ဖိအားေပးႀကေတာ့သည္။
"တင္ေမာ္ရင္ မင္းႀကီး အလိုရွိတဲ့ မိန္းကေလးကို ရေအာင္ရွာျပီး မိဖုရားေျမွာက္ေပးလိုက္။ မဟုတ္ရင္ တိုင္းျပည္ေရးကို ဘယ္လိုမွ ဆက္လုပ္နုိုင္မွာ မဟုတ္ေတာ့ဘူး။"
အမတ္ခ်ဳပ္ႀကီးက ေခၚေျပာေသာအခါ တင္ေမာ္ရင္ ကမာကို ေခၚဖို႕ဆံုးျဖတ္လိုက္သည္။ မင္းၿကီး ထမင္းေမ့၊ ဟင္းေမ့ ပန္းခ်ီကားပဲ ထိုင္ဆြဲေနသည္ မဟုတ္လား။
"မင္းႀကီး..."
"နတ္သမီးေလးကို ေတြ႕ျပီလား ေမာ္ရင္... ၃ ရက္ျပည့္ျပီေနာ္။"
"နတ္သမိးေလးကို ေတာ့မေတြ႕ပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္မ်ိဳးရဲ႕ ညီေလးကို မင္းႀကီးနဲ႕ ေတြ႕ခြင့္ေပး ေတာ္မူုပါ။"
"ဘာေႀကာင့္ ေတြ႕ခ်င္ရတာလဲ။ က်ဳပ္မေတြ႕ခ်င္ဘူး။"
"သူက မင္းႀကိးေတြ႕ခ်င္တဲ့ နတ္သမီးေလးအေႀကာင္းကို သိပါတယ္။"

"တကယ္လား။ ဒါဆို ေရွ႕ေတာ္ သြင္းေစ။"
တင္ေမာ္ရင္သည္ ကမာကို ေခၚကာ ေရွ႕ေတာ္သို႕၀င္ခဲ့သည္။
"စစ္သူႀကီးတင္တက္ရင္ ရဲ႕ အသက္ကိုကယ္လို႕ ညီအျဖစ္ေမြးစားထားတဲ့ ေကာင္ေလး မဟုတ္လား။ မင္းကို ကို္ယ္ေတာ္ တခါမွမေတြ႕ဖူးေသးဘူးကိုး။ ေမာ္ဖူးေစ။"
ကမာ ေမာ့ဖူးလိုက္စဥ္ မင္းႀကီးက ကမာကို စို္က္ႀကည့္ကာ အံ့အားသင့္သြားသည္။
"မင္း.... က်ဳပ္ေတြ႕လိုက္တဲ့ နတ္သမီးေလးနဲ႕ ဘာေႀကာင့္တူေနရတာလဲ... နတ္သမီးေလးက မင္း ညီမလား။"
ေတးဟာခန္ ထရပ္ကာ အေလာတႀကီးေမးလိုက္သည္။ ကမာပင္ လန္႕သြားသည္။
"မင္းႀကီးေတြ႕ခဲ့တာ ကြ်န္ေတာ္မ်ိဳးရဲ႕ ညီေတာ္ ကမာပါ။"
ေတးဟာခန္သည္ ကမာကို မယံုႀကည္စြာ စို္က္ႀကည့္ကာ ေမးလိုက္သည္။
"တကယ္လား။ သူ႕ကို ကိုယ္ေတာ္ေတြ႕ခဲ့တာ တကယ္ပဲလား။"
တင္ေမာ္ရင္က ေခါင္းျငိမ့္လုိက္သည္။
"မွန္ပါတယ္ မင္းႀကီး။ ကြ်န္ေတာ္မ်ိဳး မင္းႀကီးရဲ႕ပန္းခ်ီကို ေတြ႕မွကမာျဖစ္မွန္းသိတာပါ။ မင္းႀကီးေရွ႕ ေခၚမလာနိင္တာ ခြင့္လႊတ္ေတာ္မူပါ။ ကြ်န္ေတာ္မ်ိဳး ဘယ္လိုေလွ်ာက္တင္ရမွန္း မသိလို႕ပါ။"
ေတးဟာခန္ အံႀကိတ္လိုက္သည္။ မ်က္လံုးကုိုမွိတ္ကာ အသက္ကို ျပင္းျပင္းရွူလိုက္သည္။ ကမာနွင့္ တင္ေမာ္ရင္ အသက္ပင္မရွဴ၀ံ့ေပ။. မင္းႀကီး ဘယ္လိုေျပာမလဲဟု ရင္တထိတ္ထိတ္နွင့္ ေစာင့္ေန ႀကသည္။
"ေကာင္းျပီ.....မင္းက ဘာေႀကာင့္ မိန္းကေလးနဲ႕ တူေနတာလဲ.."
မင္းႀကီး၏စကားေႀကာင့္ ကမာေခါင္းငံု႕သြားမိသည္။
"ကြ်န္ေတာ္မိ်ဳးတို႕ နွင္းျမိဳ႕ေတာ္သားေတြက ဒီလုိရုပ္ရည္ေတြခ်ည္းပါပဲ အရွင္မင္းႀကီး။"
"မိန္းကေလးေတြလည္း ဒီလုိပဲလား.."
"သူတို႕က ပိုလွပါတယ္ မင္းႀကီး"
မင္းႀကီးသက္ျပင္းရွိုက္လိုက္ကာ တင္ေမာ္ရင္ကို ေျပာလိုက္သည္။
"ဒါဆို က်ဳပ္ နွင္းျမိဳ႕ေတာ္သူတစ္ဦးကို မိဖုရားေျမွာက္ခ်င္တယ္။ မင္း ရေအာင္ရွာေပးပါ။ "
တင္ေမာ္ရင္ ကတိေပးလိုက္သည္။
"အမိန္႕အတိုင္းပါ မငး္ႀကီး။ ေနာင္ေတာ့္က အဲ့ေဒသကို ေရာက္ခဲ့တာဆိုေတာ့ ေနာင္ေတာ့္ဆီက ေမးျပိီး မင္းႀကီးအတြက္ မိဖုရားေလာင္းရေအာင္ရွာခဲ့ပါ့မယ္.."
ေတးဟာခန္ ေခါင္းျငိမ့္ကာ သူတို႕ကို နွင္လိုက္ေတာ့သည္။
"မင္းတို႕ သြားႀကေတာ့။ ကိုယ္ေတာ္ နားခ်င္ျပီ။"
ညီအစ္ကို နွစ္ဦးထြက္သြားေတာ့မွ ေတးဟာခန္သည္ သလြန္ေပၚလွဲခ်လိုက္ကာ မိမိအျဖစ္ကို ေတြးျပီး က်ိန္ဆဲေနမိသည္။
"ကမာ.....ကမာတဲ့လား.... မင္းေလးက ဘာလို႕ ဒိီေလာက္ခ်စ္စရာေကာင္းေနရတာလဲ ေကာင္ေလးေရ....."
ေတးဟာခန္သည္ အစားမစားနိုင္ပဲ သလြန္ေပၚလွဲလို႕သာေနသည္။ အတြင္း၀န္မ်ားကလည္း မေလွ်ာက္တင္ရဲေပ။ မင္းႀကီးက စိတ္မႀကည္ေသာအခ်ိန္တြင္ အလြန္ရက္စက္တတ္သည္ မဟုတ္လား။ မင္းႀကီး ညလည္း မအိပ္ပဲ ေနသျဖင့္ ေနာက္ဆံုး ပညာရွိကို ေျပးကာ အေႀကာင္းႀကား ရေတာ့သည္။

"ကမာေလး..... မင္းေယာက်ာ္းေလးဆိုတာ ဘာလို႕ က်ဳပ္က ေစာေစာမသိလိုက္ရတာလဲကြာ။ အခု က်ဳပ္ ကမင္းကို ခ်စ္မိသြားျပိ။ မင္းအေပၚက အခ်စ္ကို ဘယ္လို ေျဖာက္ပစ္ရေတာ့မွာလဲ.."
ေတးဟာခန္ တေယာက္တည္းေရရြတ္မိသည္။ ေနာက္ဆံုး ကမာကို မိိမိ မိဖုရားလည္း ေျမွာက္လို႕မရေပ။ ခ်စ္တယ္လို႕ေျပာလွ်င္ အားလံုးရီစရာျဖစ္ေနႀကမည္။ ဘယ့္နွယ္ စစ္ဘုရင္ မ်ိဳးႏြယ္ မိမိက ေယာက်္ားေလး တစ္ဥိးကို စြဲလန္းရတယ္လို.....
ဘုိေဘးမ်ားသိလွ်င္ ရွက္လို႕သတ္ေသသြားနိုင္သည္။ ေတးဟာခန္ အိပ္ေပ်ာ္ေအာင္အိပ္လည္း မရသျဖင့္ မိဖုရားမ်ားဘက္သို႕ ထြက္ခဲ့သည္။ ေက်ာက္မိဖုရားဆီေတာ့ မဟုတ္။ အျခား စိတ္ထား ေပ်ာ့ေပ်ာင္းေသာ မိဖုရားငယ္ တစ္ဦးထံသို႕ျဖစ္သည္။ ကမာအေပၚစြဲလန္းစိတ္ကို မိဖုရားမ်ားက ေပ်ာက္ေအာင္လုပ္ေပးနိုင္မည္ဟု ထင္ပါသည္။
တင္ေမာ္ရင္သည္ ေနာင္ေတာ္ကို ေမးျမန္းႀကည့္ေသာအခါ ေမွ်ာ္လင့္ခ်က္တို႕ ေပ်ာက္ဆံုးသြားရသည္။
"ဒါဆို နွင္းျမိဳ႕ေတာ္က မ်ိဳးဆက္က ကမာ တစ္ေယာက္ပဲ က်န္ရစ္ခဲ့တာေပါ့"
"ဟုတ္တယ္ ေမာ္ရင္။ ကမာေတာင္ကံႀကီးလို႕..."
တင္ေမာ္ရင္ စိတ္ညစ္သြားသည္။
"သြားရွာမွ ျဖစ္မယ္ ေနာင္ေတာ္။ မင္းႀကိးက ကမာကို စြဲလန္းေနျပီ။ အစားထို႕မွရမယ္။"
"ေနာင္ေတာ္လုူလႊတ္လိုက္ပါ့မယ္.."
တင္ေမာ္ရင္တုိ႕ ညိအစ္ကို ေခါင္းျခင္းဆိုင္ကာ တိုင္ပင္ေနႀကစဥ္ ေတးဟာခန္လည္း မိဖုရားအေဆာင္ တြင္ ညမအိပ္ပဲ ျပန္လာခဲ့သည္။ မိဖုရားမ်ားကို အာရံု၀င္စားလို႕မရေပ။ မ်က္လံုးထဲ ကမာကိုသာ ျမင္ေယာင္ေနလို႕ ခက္ေနသည္။
မင္းႀကီးသည္ မိမိအေဆာင္သို႕ျပန္လာျပီး သလြန္ေပၚလွဲကာ ကမာကို ျပန္ျမင္ေယာင္ေနစဥ္ ေက်ာက္မိဖုရားက အခစား၀င္လာခဲ့သည္။
"ေျပာ....မိဖုရား .."

"မင္းႀကီး အေဆာင္ကို မလာတာ ႀကာလို႕။ မင္းႀကီး ေနမေကာင္းဘူးလားလို႕ စိုးရိမ္ျပီးလာႀကည့္ တာပါ မင္းႀကိး။ "
ေတးဟာခန္သည္ ေက်ာက္မိဖုရားကို ခပ္စိုက္စိုက္ႀကည့္ကာ ျပန္ေျဖလိုက္သည္။
"က်ဳပ္ေနေကာင္းတယ္ မိဖုရား.."
"မင္းႀကီး မိဖုရား အသစ္ေျမွာက္မယ္လို႕ႀကားတာ အမွန္ပဲလား။"
"ဟုတ္တယ္။"
ေတးဟာခန္ စိတ္မပါ လက္မပါေျဖလိုက္သည္။ ကမာအေႀကာင္းေတြးေနစဥ္ မဟုတ္သည့္ေမးခြန္း မ်ားျဖင့္ လာေနွာက္ယွက္ေနေသာ မိဖုရားကို သိပ္မႀကည္ေတာ့ေပ။.

ေက်ာက္မိဖုရားသည္ မင္းႀကီး၏ အေျဖေႀကာင့္ေဒါပြသြားျပီး
"မင္းႀကိး ကြ်န္မကိုေတာင္ ဘာလို႕မတိုင္ပင္ရတာလဲ..."
ေတးဟာခန္သည္ ေက်ာက္မိဖုရားကို ေစ့ေစ့ႀကည့္ကာ
"မင္းက ဘုရင္လား။ ငါက ဘုရင္လား။ ငါ မိဖုရားအသစ္ေျမွာက္တာ မင္းခြင့္ျပဳခ်က္ ဘာေႀကာင့္ ယူရမွာလဲ.. မင္းေျပာစရာ မရွိရင္ျပန္ေတာ့။ ငါ့ အာရံုေနာက္တယ။္"
ေက်ာက္မိဖုရားသည္ မင္းႀကိး၏ ခက္ထန္ေသာ မ်က္နွာထားနွင့္ ေလသံေႀကာင့္ ေဒါပြသြား ေသာ္လည္းတကယ္ အဆိပ္တက္ေနသည့္ မ်က္၀န္းေႀကာင့္ အသာလွ်ိဳကာထြက္သြားေတာ့သည္။

"က်ဳပ္ အေဆာင္ထဲ ဘယ္သူ႕ကိုမွ အ၀င္မခံနဲ႕..."
မိဖုရားထြက္လာစဥ္ မင္းႀကိး အမိန္႕ေပးသံကိုႀကားလိုက္ေသာ္ ေက်ာက္မိဖုရားက မင္းႀကီး ျမတ္နိုင္ေနေသာ မိဖုရားေလာင္းကို ရွာျပီးသတ္ျပစ္ရန္ ဆံုးျဖတ္လိုက္သည္။ ေျမေခြးမျဖစ္လို႕ မင္းႀကီးကို ဒီေလာက္ရူးသြပ္ေအာင္ ျပဳစားထားနိုင္သည္ မဟုတ္လား။

"မင္းႀကီး စြဲလန္းတဲ့ မိန္းမကိုရွာျပီး သတ္စမ္း.."
ေက်ာက္မိဖုရား၏ ရန္ျငိဳးက ျပင္းထန္သည္။ မိိမိလင္ကို လုလာသူမွန္သမွ် ရွင္းပစ္ခဲ့တာခ်ည္းပဲ ျဖစ္သည္။ယခုလည္း ရွင္းပစ္ရမည္။ နန္းေတာ္ထဲတြင္ မိမိကို မည္သူမွေက်ာ္လို႕မရေပ။
မင္းႀကီးက ယခုတေလာ စိတ္မႀကည္သျဖင့္ ညီလာခံတက္သည့္ အမတ္မ်ားက စိတ္ညစ္ေနႀက သည္။တိုင္းျပည္ေရးကို စိတ္မ၀င္စားပဲ ေတြေ၀ေနေသာ မင္းႀကီးေႀကာင့္ ေနာက္ဆံုး အမတ္ႀကီးက နွစ္ကိုယ္တည္း ၀င္ေတြ႕ကာေမးလိုက္သည္။
"မင္းႀကီး တစ္စံုတစ္ေယာက္ကိုခ်စ္ျပိး မပိုင္ဆိုင္နုိင္လုို႕ စိတ္ညစ္ေနတာမဟုတ္လား"
အမတ္ႀကီးက မင္းႀကီး၏ ဦးရီးေတာ္ ေတာ္သျဖင့္ ပြင့္လင္းစြာေမးလိုက္သည္။
"ဥိးရီးေတာ္ ဘယ္လိုသိသလဲ.."
အမတ္ႀကီးက ေခါင္းတျငိမ့္ျငိမ့္ျဖင့္ ေျဖလိုက္သည္.
"ဦးရီးေတာ္က ကိုယ္တုူ မင္းႀကီးကို စိုးရိမ္ျပီး အျမဲေစာင့္ႀကည့္ေနသူပါ။ တူေတာ္ေမာင္ နွစ္သက္တဲ့ သူကို အနားေခၚထားလိုက္ပါ။ "
ေတးဟာခန္က ဦးရီးေတာ္ကို စိုက္ႀကည့္ကာ
"အနားေခၚျပိီး ဘာလုပ္ရမွလဲ.."

"မငး္ႀကီး အနားေခၚထားျပိီး အရမး္လိုခ်င္တယ္ဆိုရင္ သိမ္းပိုက္လိုက္ေပါ့။ မင္းႀကီးက သက္ဥိးဆံပိုင္ ဘုရင္ပဲ။ ဘယ္သူ႕ကို ႀကည့္ေနရမွာလဲ။ မင္းႀကီးက လူအားလံုးရဲ႕ အသက္ကိုေတာင္ပိုင္တာပဲ.."

"မသင့္ေတာ္ဘူးထင္တယ္...သူက မိန္းကေလး မဟုတ္ဘူး..."
ဦးရီးေတာ္က ျပံဳးလိုက္ကာ တီးတိုးေျပာလိုက္သည္။
"တူေတာ္ေမာင္ မင္းႀကိး မသိတဲ့ အခ်က္ကိုေျပာလိုက္မယ္။ မင္းရဲ႕ ဘိုးေတာ္မင္းတရားႀကီး၊ ဦးရီးေတာ္တို႕ ခမည္းေတာ္ႀကီးမွာ သိပ္ခ်စ္ရတဲ့ မိဖုရားတစ္ပါးက မိန္းကေလး မဟုတ္ဘူး။ ပါရွားျပည္က သိပ္ကိုေခ်ာေမာလွပတဲ့ ေကာင္ေလးကို ေတြ႕ျပီး မိန္းကေလးအေနနဲ႕ မိဖုရား ေျမွာက္ခဲ့တယ္။"
ေတးဟာခန္ အံ့အားသင့္သြားသည္။
"ဘိုးေတာ္ နတ္ရြာစံေတာ့ အဆိပ္ေသာက္ျပီး အတူလိုက္ေသသြားတဲ့ ပါရွားျပည္သူ မိဖုရားက ေယာက်္ားေလးလား..."
ဦးရီးေတာ္က ျပံဳးကာေခါင္းျငိမ့္သည္။
"ဒါက နန္းေတာ္ထဲက လူတိုင္းမသိတဲ့ လွ်ိဳ႕၀ွက္ခ်က္ေပါ့။"
ေတးဟာခန္၏ ရင္ထဲမွ အခက္အခဲတို႕ေျပလည္သြားခဲ့သည္။ ဘာဆက္လုပ္ရမည္ကို သိသြားေလျပိ။
"ေက်းဇူးတင္ပါတယ္ ဦးရီးေတာ္။ တူေတာ္ ဘာလုပ္ရမယ္ဆိုတာ သိပါျပီ။"
ဥိီးရီးေတာ္ ျပန္သြားေတာ့ မင္းႀကိးက တင္ေမာ္ရင္ကိုဆင့္ေခၚကာ ေျပာလိုက္သည္။

"က်ဳပ္ရဲ႕ စာေတာ္ဖတ္ ေနရာမွာ ကမာကို ထားမယ္ ေမာ္ရင္။ မနက္ျဖန္ကစျပိး နန္းေတာ္ထဲ အခစား ၀င္ခိုင္းပါ။ ျပိးေတာ့ မင္းက စစ္သူႀကိး တင္တက္ရင္ကိုယ္တိုင္ နွင္းျမိဳ႕ေတာ္ကို သြားျပီး မိဖုရား ေျမွာက္ဖို႕ မိန္းကေလး သြားေခၚရမယ္။ က်ဳပ္ အမိန္႕ေတာ္ ထုတ္ျပိးျပိ။ မင္းက ကမာကို အနီးကပ္ သင္ႀကားေပးပါဥိး။က်ဳပ္နားမွာ လက္ေထာက္တစ္ေယာက္ထားဖို႕အခ်ိန္က်ျပိ။"
တင္ေမာ္ရင္က စိုးရိမ္သြားသည္.
"မင္းႀကိး ကမာက မင္းႀကိးလက္ေထာက္လုပ္ဖို႕ အရည္အခ်င္းမမွိီေသးပါဘူး။"
"က်ဳပ္ကို တင္သြင္းလႊာေတြ ဖတ္ျပဖို႕နဲ႕ က်ဳပ္ေျပာတာ လိုက္ေရးဖို႕ေတာ့ လုပ္နိုင္တယ္ မဟုတ္လား။"

"အဲ့ေလာက္ေတာ့ လုပ္နိုင္ပါတယ္။"

"ဒါဆိုရျပီ။ မင္းတို႕အိမ္ကို ၀တ္စံုပို႕လိုက္ျပိီ။ မနက္ျဖန္က်ဳပ္အေဆာင္ကို လာပို႕လွည့္။ သူက က်ဳပ္သြားေလရာ ပါရမယ့္ အမႈထမ္းပဲ။"

တင္ေမာ္ရင္သည္ ရင္ေလးကာ အိမ္ေတာ္သို႕ျပန္လာခဲ့သည္။မိမိစိတ္ထဲထင္သည္ကို ဖြင့္ေတာ့မေျပာမိေပ။ ကမာကို ေသခ်ာကရုစိုက္လုပ္ရန္ မွာႀကားရမည္။
တင္တက္ရင္သည္ ရုတ္တရက္ မင္းႀကီးအမိန္႕ထုန္ျပန္သျဖင့္ ေနာက္တေန႕ခ်က္ခ်င္းခရီးထြက္သြား ရသည္။ ကမာလည္း ေပ်ာ္လည္းေပ်ာ္။ေႀကာက္လည္းေႀကာက္ေနသည္။ မင္းႀကီးအနားတြင္ မိမိမလုပ္နိုင္မည္ကို စိုးရိမ္ေနမိသည္။

~ ဆက္ရန္

===============

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၅)

"မင်းကြီးတွေ့တဲ့ မိန်းကလေးပုံကို ဆွဲပေးပါလား။ကျွန်တော်မျိုး ရုပ်ကိုတွေ့ရင် တနိုင်ငံလုံး မြေလှန်ရှာပေးပါ့မယ်။"
တေးဟာခန် သဘောတူလိုက်သည်။
"အေး ကောင်းတယ်။ ကျုပ်ဆွဲထားတာ ရှိတယ်။ အတွင်းဝန်ကြီး ယူပြီး အမတ်ကြီးကို ပေးလိုက်။ ကဲ မော်ရင်။ ဒီပုံထဲက မိန်းကလေးကို ရအောင်ရှာပေးပေတော့။ ကျုပ် သတိရလို့ သူ့ပုံကို ညကဆွဲထားတာ။"
တင်မော်ရင်သည် ညချင်တွင်း မင်းကြီးဆွဲထားသည်ဆိုသည့် စကားကိုကြားသော် မင်းကြီး ရောဂါအတော်ရင့်နေပြီးကို သိလိုက်သည်။ ရင်တထိတ်ထိတ်နှင့်ပုံကို ကြည့်လိုက်တော့ ရင်ထဲ အေးခနဲဖြစ်သွားသည်။ မျက်နှာမပျက်အောင် မနည်းထိန်းထားရသည်။ ပန်းချီတော်သော မင်းကြီးဆွဲထားသော ပန်းချီကားက ကမာဖြစ်နေသည်။ ဘေးတစောင်းဖြင့်ပင် တိကျသော နှာတံ။ နှင်းဆီငုံနူတ်ခမ်း၊ ပြေပြစ်သော နဖူးပြင်၊ ပျော့ပြောင်းသော ဆံနွယ်၊ သွယ်လျသော ကိုယ်ဟန် စသည်တို့က ကမာမှ ကမာ စစ်စစ်ပါ။
"ဘယ်လိုလဲ။ နတ်သက်ကြွေတဲ့ နတ်သမီးလို့ကျုပ်ပြောတာ မလွန်ပါဘူးနော်။"
မင်းကြီးက ဝံ့ကြွားစွာပြောသည်။
"မလွန်ပါဘူး မင်းကြီး။ "
မင်းကြီးက သက်ပြင်းချကာ ပြောလိုက်သည်။
"ကျုပ်ပန်းချီက သူ့အလှကို ပြည့်စုံအောင် မဖော်ပြနိုင်ဘူး မော်ရင်။ မိန်းမတစ်ယောက်ကြောင့် ကျုပ်ရူးတော့မယ်ထင်တယ်။ ကျုပ်သူ့ကို ချစ်တယ် မော်ရင်။ သူ့ကို မရရင် ကျုပ်ရူးသွား နိုင်တယ်။ မင်း ကျုပ်ရဲ့ အခင်ဆုံးသူငယ်ချင်းပါ။ မင်းကျုပ်ကို ကူပေးပါကွာ။"

တင်မော်ရင် ဘာဆက်ပြောရမှန်းမသိတော့ပေ။ မင်းကြီးကို ကတိတော့ပေးခဲ့သည်။ သို့သော် အကိုကြီးနှင့်တိုင်ပင်ပြီးမှ ဆက်လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။
တင်တက်ရင်သည် မော်ရင်ထံမှ စကားကို ကြားသော် တွေဝေသွားသည်။ ကမာကို စိုးရိမ် သည့်အတိုင်း မင်းကြီးမြင်သွားလေပြီ။ မြို့တော်တစ်ခုလုံး ဗြောင်းဆန်အောင် ပုံကပ်ပြီးရှာ လျှင် ကမာကို တယောက်မဟုတ်တယောက်တွေ့ပြီး သွားလျှောက်တင်မှာသေချာသည်။ ကမာကို မိမိတို့ဆက်ဖွက်ထားလို့မရတော့ပေ။ နောက်ဆုံး တင်တက်ရင် ညီကို ပြောလိုက် ရတော့သည်။
"ကမာကို မင်းကြီးဆီခေါ်သွားပြီး တွေ့ပေးလိုက်တော့။"

"နောင်တော်..."
တင်မော်ရင် တစုံတခုကို ပြောသင့်မပြောသင့် ချိန်ဆနေသည်။ မတော် မင်းကြီးက ကမာကို ချစ်သွားလျှင် ဘယ်လိုလုပ်မလဲဟု တွေးမိလိုက်သောကြောင့်ဖြစ်သည်။
"ပြောလေ.."
"ကျွန်တော် စိုးရိမ်တာ မင်းကြီး ကမာကို ယောကျ်ားလေးမှန်းသိလျက်နဲ့ စွဲလန်းသွားမှာကိုပဲ"
"မဖြစ်နိုင်လောက်ပါဘူး။ မင်းကြီးက ကမာကို ယောကျာ်းလေးမှန်းသိရင် သူစိတ်ပြောင်းသွား မှာပါ။"

"အင်းလေ... မင်းကြိးက ကမာကို မိန်းကလေးမှတ်လို့ စွဲလန်းနေတာဖြစ်မှာပါ။ ကျွန်တော် ခဏ စောင့်ကြည့်လိုက်ဦးမယ်။ နောက် ၃ ရက်လောက်ကြာမှ ကမာကို ခေါ်သွားမယ်။ ဒီကြားထဲ မင်းကြိး စိတ်ပြောင်းသွားရင် ကမာကို မင်းကြီးရှေ့ကို ခေါ်မသွားတော့ဘူး။"
"ဘာဖြစ်လို့လဲ.."
တင်တက်ရင်မေးလိုက်သည်။ မေးသာမေးလိုက်ရသည်။ အဖြေကို မိမိလည်း ကြိုသိနေသည်။.
"ကမာကို ဘေးကင်းစေချင်လို့ပါ။"
တင်တက်ရင်ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ။ မင်းကြီး အာရုံပြောင်းသွားအောင် နောင်တော်လည်းတောကစားဖို့ စီစဉ် လိုက်မယ်။"
ညီအစ်ကို နှစ်ဦး ကမာ့အပေါ် မင်းကြီး၏ စွဲလန်းစိတ်ကို လွင့်ပျယ်သွားအောင် တတ်နိုင်သမျှ လုပ်နေသည်။ ကမာကတော့ ဘာမှမသိပဲ အကိုလေးခိုင်းထားသည့် ကျမ်းကို ဖတ်ရှု့လေ့လာ နေသည်။
အင်မတန်ကို အင်အားကြီး့သည့် မွန်ဂိုပြည့်ရှင်မင်းကြီးက မိမိကို တွေ့ကာစွဲလန်းသွားသည်ကို မသိပဲ ကမာ စိတ်အေးချမ်းစွားအိပ်စက်သွားတော့သည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၄)
မွန်ဂိုပြည့်ရှင်မင်းကြီး တေးဟာခန်သည် တင်မော်ရင်ကို အာဏာကုန်လွှဲပြီး နတ်သမိးလေးကို စောင့်နေသည်။ တနေ့ပြီး တနေ့ ကုန်လွန်သွားသောအခါ တေးဟာခန်သည် နေမထိ ထိုင်မသာ ဖြစ်ရလေပြီ။
မိဖုရားများထံသို့ လုံးဝမသွားပဲ ညတိုင်း ပုံသာထိုင်ဆွဲနေသည်။ ညီလာခံတွင်လည်း စိတ်နှင့်ကိုယ်နှင့် မကပ်သဖြင့် ညီလာခံပင် မခေါ်တော့ပေ။ အမတ်များက တင်မော်ရင်ကို ဖိအားပေးကြတော့သည်။
"တင်မော်ရင် မင်းကြီး အလိုရှိတဲ့ မိန်းကလေးကို ရအောင်ရှာပြီး မိဖုရားမြှောက်ပေးလိုက်။ မဟုတ်ရင် တိုင်းပြည်ရေးကို ဘယ်လိုမှ ဆက်လုပ်နိုင်မှာ မဟုတ်တော့ဘူး။"
အမတ်ချုပ်ကြီးက ခေါ်ပြောသောအခါ တင်မော်ရင် ကမာကို ခေါ်ဖို့ဆုံးဖြတ်လိုက်သည်။ မင်းကြီး ထမင်းမေ့၊ ဟင်းမေ့ ပန်းချီကားပဲ ထိုင်ဆွဲနေသည် မဟုတ်လား။
"မင်းကြီး..."
"နတ်သမီးလေးကို တွေ့ပြီလား မော်ရင်... ၃ ရက်ပြည့်ပြီနော်။"
"နတ်သမိးလေးကို တော့မတွေ့ပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ ညီလေးကို မင်းကြီးနဲ့ တွေ့ခွင့်ပေး တော်မူုပါ။"
"ဘာကြောင့် တွေ့ချင်ရတာလဲ။ ကျုပ်မတွေ့ချင်ဘူး။"
"သူက မင်းကြိးတွေ့ချင်တဲ့ နတ်သမီးလေးအကြောင်းကို သိပါတယ်။"

"တကယ်လား။ ဒါဆို ရှေ့တော် သွင်းစေ။"
တင်မော်ရင်သည် ကမာကို ခေါ်ကာ ရှေ့တော်သို့ဝင်ခဲ့သည်။
"စစ်သူကြီးတင်တက်ရင် ရဲ့ အသက်ကိုကယ်လို့ ညီအဖြစ်မွေးစားထားတဲ့ ကောင်လေး မဟုတ်လား။ မင်းကို ကိုယ်တော် တခါမှမတွေ့ဖူးသေးဘူးကိုး။ မော်ဖူးစေ။"
ကမာ မော့ဖူးလိုက်စဉ် မင်းကြီးက ကမာကို စိုက်ကြည့်ကာ အံ့အားသင့်သွားသည်။
"မင်း.... ကျုပ်တွေ့လိုက်တဲ့ နတ်သမီးလေးနဲ့ ဘာကြောင့်တူနေရတာလဲ... နတ်သမီးလေးက မင်း ညီမလား။"
တေးဟာခန် ထရပ်ကာ အလောတကြီးမေးလိုက်သည်။ ကမာပင် လန့်သွားသည်။
"မင်းကြီးတွေ့ခဲ့တာ ကျွန်တော်မျိုးရဲ့ ညီတော် ကမာပါ။"
တေးဟာခန်သည် ကမာကို မယုံကြည်စွာ စိုက်ကြည့်ကာ မေးလိုက်သည်။
"တကယ်လား။ သူ့ကို ကိုယ်တော်တွေ့ခဲ့တာ တကယ်ပဲလား။"
တင်မော်ရင်က ခေါင်းငြိမ့်လိုက်သည်။
"မှန်ပါတယ် မင်းကြီး။ ကျွန်တော်မျိုး မင်းကြီးရဲ့ပန်းချီကို တွေ့မှကမာဖြစ်မှန်းသိတာပါ။ မင်းကြီးရှေ့ ခေါ်မလာနိင်တာ ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး ဘယ်လိုလျှောက်တင်ရမှန်း မသိလို့ပါ။"
တေးဟာခန် အံကြိတ်လိုက်သည်။ မျက်လုံးကိုမှိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ကမာနှင့် တင်မော်ရင် အသက်ပင်မရှူဝံ့ပေ။. မင်းကြီး ဘယ်လိုပြောမလဲဟု ရင်တထိတ်ထိတ်နှင့် စောင့်နေ ကြသည်။
"ကောင်းပြီ.....မင်းက ဘာကြောင့် မိန်းကလေးနဲ့ တူနေတာလဲ.."
မင်းကြီး၏စကားကြောင့် ကမာခေါင်းငုံ့သွားမိသည်။
"ကျွန်တော်မျိုးတို့ နှင်းမြို့တော်သားတွေက ဒီလိုရုပ်ရည်တွေချည်းပါပဲ အရှင်မင်းကြီး။"
"မိန်းကလေးတွေလည်း ဒီလိုပဲလား.."
"သူတို့က ပိုလှပါတယ် မင်းကြီး"
မင်းကြီးသက်ပြင်းရှိုက်လိုက်ကာ တင်မော်ရင်ကို ပြောလိုက်သည်။
"ဒါဆို ကျုပ် နှင်းမြို့တော်သူတစ်ဦးကို မိဖုရားမြှောက်ချင်တယ်။ မင်း ရအောင်ရှာပေးပါ။ "
တင်မော်ရင် ကတိပေးလိုက်သည်။
"အမိန့်အတိုင်းပါ မင်းကြီး။ နောင်တော့်က အဲ့ဒေသကို ရောက်ခဲ့တာဆိုတော့ နောင်တော့်ဆီက မေးပြီး မင်းကြီးအတွက် မိဖုရားလောင်းရအောင်ရှာခဲ့ပါ့မယ်.."
တေးဟာခန် ခေါင်းငြိမ့်ကာ သူတို့ကို နှင်လိုက်တော့သည်။
"မင်းတို့ သွားကြတော့။ ကိုယ်တော် နားချင်ပြီ။"
ညီအစ်ကို နှစ်ဦးထွက်သွားတော့မှ တေးဟာခန်သည် သလွန်ပေါ်လှဲချလိုက်ကာ မိမိအဖြစ်ကို တွေးပြီး ကျိန်ဆဲနေမိသည်။
"ကမာ.....ကမာတဲ့လား.... မင်းလေးက ဘာလို့ ဒီလောက်ချစ်စရာကောင်းနေရတာလဲ ကောင်လေးရေ....."
တေးဟာခန်သည် အစားမစားနိုင်ပဲ သလွန်ပေါ်လှဲလို့သာနေသည်။ အတွင်းဝန်များကလည်း မလျှောက်တင်ရဲပေ။ မင်းကြီးက စိတ်မကြည်သောအချိန်တွင် အလွန်ရက်စက်တတ်သည် မဟုတ်လား။ မင်းကြီး ညလည်း မအိပ်ပဲ နေသဖြင့် နောက်ဆုံး ပညာရှိကို ပြေးကာ အကြောင်းကြား ရတော့သည်။

"ကမာလေး..... မင်းယောကျာ်းလေးဆိုတာ ဘာလို့ ကျုပ်က စောစောမသိလိုက်ရတာလဲကွာ။ အခု ကျုပ် ကမင်းကို ချစ်မိသွားပြိ။ မင်းအပေါ်က အချစ်ကို ဘယ်လို ဖြောက်ပစ်ရတော့မှာလဲ.."
တေးဟာခန် တယောက်တည်းရေရွတ်မိသည်။ နောက်ဆုံး ကမာကို မိမိ မိဖုရားလည်း မြှောက်လို့မရပေ။ ချစ်တယ်လို့ပြောလျှင် အားလုံးရီစရာဖြစ်နေကြမည်။ ဘယ့်နှယ် စစ်ဘုရင် မျိုးနွယ် မိမိက ယောကျ်ားလေး တစ်ဥိးကို စွဲလန်းရတယ်လို.....
ဘိုဘေးများသိလျှင် ရှက်လို့သတ်သေသွားနိုင်သည်။ တေးဟာခန် အိပ်ပျော်အောင်အိပ်လည်း မရသဖြင့် မိဖုရားများဘက်သို့ ထွက်ခဲ့သည်။ ကျောက်မိဖုရားဆီတော့ မဟုတ်။ အခြား စိတ်ထား ပျော့ပျောင်းသော မိဖုရားငယ် တစ်ဦးထံသို့ဖြစ်သည်။ ကမာအပေါ်စွဲလန်းစိတ်ကို မိဖုရားများက ပျောက်အောင်လုပ်ပေးနိုင်မည်ဟု ထင်ပါသည်။
တင်မော်ရင်သည် နောင်တော်ကို မေးမြန်းကြည့်သောအခါ မျှော်လင့်ချက်တို့ ပျောက်ဆုံးသွားရသည်။
"ဒါဆို နှင်းမြို့တော်က မျိုးဆက်က ကမာ တစ်ယောက်ပဲ ကျန်ရစ်ခဲ့တာပေါ့"
"ဟုတ်တယ် မော်ရင်။ ကမာတောင်ကံကြီးလို့..."
တင်မော်ရင် စိတ်ညစ်သွားသည်။
"သွားရှာမှ ဖြစ်မယ် နောင်တော်။ မင်းကြိးက ကမာကို စွဲလန်းနေပြီ။ အစားထို့မှရမယ်။"
"နောင်တော်လုူလွှတ်လိုက်ပါ့မယ်.."
တင်မော်ရင်တို့ ညိအစ်ကို ခေါင်းခြင်းဆိုင်ကာ တိုင်ပင်နေကြစဉ် တေးဟာခန်လည်း မိဖုရားအဆောင် တွင် ညမအိပ်ပဲ ပြန်လာခဲ့သည်။ မိဖုရားများကို အာရုံဝင်စားလို့မရပေ။ မျက်လုံးထဲ ကမာကိုသာ မြင်ယောင်နေလို့ ခက်နေသည်။
မင်းကြီးသည် မိမိအဆောင်သို့ပြန်လာပြီး သလွန်ပေါ်လှဲကာ ကမာကို ပြန်မြင်ယောင်နေစဉ် ကျောက်မိဖုရားက အခစားဝင်လာခဲ့သည်။
"ပြော....မိဖုရား .."

"မင်းကြီး အဆောင်ကို မလာတာ ကြာလို့။ မင်းကြီး နေမကောင်းဘူးလားလို့ စိုးရိမ်ပြီးလာကြည့် တာပါ မင်းကြိး။ "
တေးဟာခန်သည် ကျောက်မိဖုရားကို ခပ်စိုက်စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ကျုပ်နေကောင်းတယ် မိဖုရား.."
"မင်းကြီး မိဖုရား အသစ်မြှောက်မယ်လို့ကြားတာ အမှန်ပဲလား။"
"ဟုတ်တယ်။"
တေးဟာခန် စိတ်မပါ လက်မပါဖြေလိုက်သည်။ ကမာအကြောင်းတွေးနေစဉ် မဟုတ်သည့်မေးခွန်း များဖြင့် လာနှောက်ယှက်နေသော မိဖုရားကို သိပ်မကြည်တော့ပေ။.

ကျောက်မိဖုရားသည် မင်းကြီး၏ အဖြေကြောင့်ဒေါပွသွားပြီး
"မင်းကြိး ကျွန်မကိုတောင် ဘာလို့မတိုင်ပင်ရတာလဲ..."
တေးဟာခန်သည် ကျောက်မိဖုရားကို စေ့စေ့ကြည့်ကာ
"မင်းက ဘုရင်လား။ ငါက ဘုရင်လား။ ငါ မိဖုရားအသစ်မြှောက်တာ မင်းခွင့်ပြုချက် ဘာကြောင့် ယူရမှာလဲ.. မင်းပြောစရာ မရှိရင်ပြန်တော့။ ငါ့ အာရုံနောက်တယ။်"
ကျောက်မိဖုရားသည် မင်းကြိး၏ ခက်ထန်သော မျက်နှာထားနှင့် လေသံကြောင့် ဒေါပွသွား သော်လည်းတကယ် အဆိပ်တက်နေသည့် မျက်ဝန်းကြောင့် အသာလျှိုကာထွက်သွားတော့သည်။

"ကျုပ် အဆောင်ထဲ ဘယ်သူ့ကိုမှ အဝင်မခံနဲ့..."
မိဖုရားထွက်လာစဉ် မင်းကြိး အမိန့်ပေးသံကိုကြားလိုက်သော် ကျောက်မိဖုရားက မင်းကြီး မြတ်နိုင်နေသော မိဖုရားလောင်းကို ရှာပြီးသတ်ပြစ်ရန် ဆုံးဖြတ်လိုက်သည်။ မြေခွေးမဖြစ်လို့ မင်းကြီးကို ဒီလောက်ရူးသွပ်အောင် ပြုစားထားနိုင်သည် မဟုတ်လား။

"မင်းကြီး စွဲလန်းတဲ့ မိန်းမကိုရှာပြီး သတ်စမ်း.."
ကျောက်မိဖုရား၏ ရန်ငြိုးက ပြင်းထန်သည်။ မိမိလင်ကို လုလာသူမှန်သမျှ ရှင်းပစ်ခဲ့တာချည်းပဲ ဖြစ်သည်။ယခုလည်း ရှင်းပစ်ရမည်။ နန်းတော်ထဲတွင် မိမိကို မည်သူမှကျော်လို့မရပေ။
မင်းကြီးက ယခုတလော စိတ်မကြည်သဖြင့် ညီလာခံတက်သည့် အမတ်များက စိတ်ညစ်နေကြ သည်။တိုင်းပြည်ရေးကို စိတ်မဝင်စားပဲ တွေဝေနေသော မင်းကြီးကြောင့် နောက်ဆုံး အမတ်ကြီးက နှစ်ကိုယ်တည်း ဝင်တွေ့ကာမေးလိုက်သည်။
"မင်းကြီး တစ်စုံတစ်ယောက်ကိုချစ်ပြိး မပိုင်ဆိုင်နိုင်လို့ စိတ်ညစ်နေတာမဟုတ်လား"
အမတ်ကြီးက မင်းကြီး၏ ဦးရီးတော် တော်သဖြင့် ပွင့်လင်းစွာမေးလိုက်သည်။
"ဥိးရီးတော် ဘယ်လိုသိသလဲ.."
အမတ်ကြီးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဖြေလိုက်သည်.
"ဦးရီးတော်က ကိုယ်တုူ မင်းကြီးကို စိုးရိမ်ပြီး အမြဲစောင့်ကြည့်နေသူပါ။ တူတော်မောင် နှစ်သက်တဲ့ သူကို အနားခေါ်ထားလိုက်ပါ။ "
တေးဟာခန်က ဦးရီးတော်ကို စိုက်ကြည့်ကာ
"အနားခေါ်ပြီး ဘာလုပ်ရမှလဲ.."

"မင်းကြီး အနားခေါ်ထားပြီး အရမ်းလိုချင်တယ်ဆိုရင် သိမ်းပိုက်လိုက်ပေါ့။ မင်းကြီးက သက်ဥိးဆံပိုင် ဘုရင်ပဲ။ ဘယ်သူ့ကို ကြည့်နေရမှာလဲ။ မင်းကြီးက လူအားလုံးရဲ့ အသက်ကိုတောင်ပိုင်တာပဲ.."

"မသင့်တော်ဘူးထင်တယ်...သူက မိန်းကလေး မဟုတ်ဘူး..."
ဦးရီးတော်က ပြုံးလိုက်ကာ တီးတိုးပြောလိုက်သည်။
"တူတော်မောင် မင်းကြိး မသိတဲ့ အချက်ကိုပြောလိုက်မယ်။ မင်းရဲ့ ဘိုးတော်မင်းတရားကြီး၊ ဦးရီးတော်တို့ ခမည်းတော်ကြီးမှာ သိပ်ချစ်ရတဲ့ မိဖုရားတစ်ပါးက မိန်းကလေး မဟုတ်ဘူး။ ပါရှားပြည်က သိပ်ကိုချောမောလှပတဲ့ ကောင်လေးကို တွေ့ပြီး မိန်းကလေးအနေနဲ့ မိဖုရား မြှောက်ခဲ့တယ်။"
တေးဟာခန် အံ့အားသင့်သွားသည်။
"ဘိုးတော် နတ်ရွာစံတော့ အဆိပ်သောက်ပြီး အတူလိုက်သေသွားတဲ့ ပါရှားပြည်သူ မိဖုရားက ယောကျ်ားလေးလား..."
ဦးရီးတော်က ပြုံးကာခေါင်းငြိမ့်သည်။
"ဒါက နန်းတော်ထဲက လူတိုင်းမသိတဲ့ လျှို့ဝှက်ချက်ပေါ့။"
တေးဟာခန်၏ ရင်ထဲမှ အခက်အခဲတို့ပြေလည်သွားခဲ့သည်။ ဘာဆက်လုပ်ရမည်ကို သိသွားလေပြိ။
"ကျေးဇူးတင်ပါတယ် ဦးရီးတော်။ တူတော် ဘာလုပ်ရမယ်ဆိုတာ သိပါပြီ။"
ဦးရီးတော် ပြန်သွားတော့ မင်းကြိးက တင်မော်ရင်ကိုဆင့်ခေါ်ကာ ပြောလိုက်သည်။

"ကျုပ်ရဲ့ စာတော်ဖတ် နေရာမှာ ကမာကို ထားမယ် မော်ရင်။ မနက်ဖြန်ကစပြိး နန်းတော်ထဲ အခစား ဝင်ခိုင်းပါ။ ပြိးတော့ မင်းက စစ်သူကြိး တင်တက်ရင်ကိုယ်တိုင် နှင်းမြို့တော်ကို သွားပြီး မိဖုရား မြှောက်ဖို့ မိန်းကလေး သွားခေါ်ရမယ်။ ကျုပ် အမိန့်တော် ထုတ်ပြိးပြိ။ မင်းက ကမာကို အနီးကပ် သင်ကြားပေးပါဥိး။ကျုပ်နားမှာ လက်ထောက်တစ်ယောက်ထားဖို့အချိန်ကျပြိ။"
တင်မော်ရင်က စိုးရိမ်သွားသည်.
"မင်းကြိး ကမာက မင်းကြိးလက်ထောက်လုပ်ဖို့ အရည်အချင်းမမှီသေးပါဘူး။"
"ကျုပ်ကို တင်သွင်းလွှာတွေ ဖတ်ပြဖို့နဲ့ ကျုပ်ပြောတာ လိုက်ရေးဖို့တော့ လုပ်နိုင်တယ် မဟုတ်လား။"

"အဲ့လောက်တော့ လုပ်နိုင်ပါတယ်။"

"ဒါဆိုရပြီ။ မင်းတို့အိမ်ကို ဝတ်စုံပို့လိုက်ပြီ။ မနက်ဖြန်ကျုပ်အဆောင်ကို လာပို့လှည့်။ သူက ကျုပ်သွားလေရာ ပါရမယ့် အမှုထမ်းပဲ။"

တင်မော်ရင်သည် ရင်လေးကာ အိမ်တော်သို့ပြန်လာခဲ့သည်။မိမိစိတ်ထဲထင်သည်ကို ဖွင့်တော့မပြောမိပေ။ ကမာကို သေချာကရုစိုက်လုပ်ရန် မှာကြားရမည်။
တင်တက်ရင်သည် ရုတ်တရက် မင်းကြီးအမိန့်ထုန်ပြန်သဖြင့် နောက်တနေ့ချက်ချင်းခရီးထွက်သွား ရသည်။ ကမာလည်း ပျော်လည်းပျော်။ကြောက်လည်းကြောက်နေသည်။ မင်းကြီးအနားတွင် မိမိမလုပ်နိုင်မည်ကို စိုးရိမ်နေမိသည်။

~ ဆက်ရန်




Continue Reading

You'll Also Like

89.7K 9.5K 8
Associated Name - Wo Shi Yi Ge Alpha, 我是一个Alpha Author - Xin Shou Hua (信手话) Eng Translator - Silent Fish This is the offline reading and funtranslati...
207K 25.7K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...
637K 67K 78
Love Story From Defulo (Series-3) // Complete
97.6K 8.5K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...