ကြယ်တွေကြွေသောည

By akyinnamon

5M 405K 28K

(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့... More

A/N
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (Unicode)
Part 24 (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
ဇာတ်သိမ်းပိုင်း
Sequel 1 (Unicode)
Sequel 2 (Unicode)
Sequel 3 (Unicode)
Sequel 4 (Unicode)
Sequel 5 (Unicode)
Sequel 6 (Unicode)
Sequel 7 (Unicode)
Sequel 8 (Unicode)
Sequel 9 (Unicode)
Sequel 10 (Unicode)
Sequel 11 (Unicode)
Sequel 12 (Unicode)
Sequel 13 (Unicode)
Sequel 14 (Unicode)
Sequel 15 (Unicode)
Sequel 16 (Unicode)
Sequel 17 (Unicode)
Sequel 18 (Unicode)
Sequel 19 (Unicode)
Sequel 20 (Unicode)
Sequel 21 (Unicode)
Sequel 22 (Unicode)
Sequel 23 (Unicode)
Sequel 24 (Unicode)
Sequel 25 (Unicode)
Sequel 26 (Unicode)
Sequel 27 (Unicode)
Sequel 28 (Unicode)
Sequel 29 (Unicode)
Sequel 30 (Unicode)
Sequel 31 (Unicode)
Sequel 32 (Unicode)
Sequel 33 (Unicode)
Sequel 34 (Unicode)
Sequel 35 (Unicode)
Sequel ဇာတ်သိမ်းပိုင်း
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 4 (Unicode)
Author's Note
Title
Chapter 1 (Zawgyi)
Chapter 2 (Zawgyi)
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်စကား
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 56
Chapter 57
Chapter 58
Chapter 59
Final Part 1
Final part 2
❤Thankyou all❤
လေးငယ် extra(1)
extra (2)
extra(3)
extra 4
extra (5)
extra (ending)
ကြယ်တွေကြွေသောည #Out Now
ကြယ်တွေကြွေသောည SEQUEL
X'mas Special Extra (Part 1 ) Uni
X'mas Special Extra (Part 2) Uni
X'mas Special Extra (Part 1) Zawgyi
X'mas Special Extra (Part 2) Zawgyi

Chapter 55

31.3K 2.9K 289
By akyinnamon

သတိုးရှေ့တွင် မာထန်သော မျက်လုံးများနှင့် ဒေါ်မေချို ရှိနေသည်။

သူ့မှာ အပြစ်မရှိမှန်း သတိုး သိသည်။ ယုံလည်းယုံကြည်သည်။

ဒါပေမယ့် ဒေါ်မေချို့ရှေ့ရောက်တိုင်း ကြီးမားသော အပြစ်တစ်ခုကို ကျူးလွန်ထားရသူတစ်ယောက်လို သူ ခံစားတတ်ရတာကတော့ ငယ်စဉ်ကတည်းကမှစကာ ယခုအချိန်အထိ အတူတူပင်ဖြစ်သည်။

"မင်း ကြားတယ် မဟုတ်လား သတိုး.."

သတိုး ကြားပါသည်။

နေရှင်းခနှင့် ဒေါ်မေချိုတို့ရဲ့ စကားအကုန်ကို ထမင်းစားခန်းထဲမှာရှိနေသော သတိုး အားလုံးကြားခဲ့သည်။ နေရှင်းခ ကားမောင်းထွက်သွားတော့မှ ဒေါ်မေချို သူ ရှိနေရာသို့ ပြန်လာခြင်းဖြစ်သည်။

အခုအချိန်မှာ နေရှင်းခ ရင်ထဲ ဘာဖြစ်နေမည်ကို သတိုး ပြေးကြည့်စရာမလို။ သူ ကိုယ်တိုင် ထပ်တူထပ်မျှ ခံစားနေရသည်လေ။ ပထမဆုံး တိုးဝင်လာသည့် ခံစားချက်က မယုံကြည်နိုင်မှု၊ ထို့နောက်မှာတော့ ယမုံ့အတွက် ဒေါသများနှင့်အတူ ထပ်ကြပ်မကွာ လိုက်ပါလာသည့် ၀မ်းနည်းမှု၊ ခြောက်ခြားမှု၊ ဆောက်တည်ရာမရလောက်အောင် တုန်လှုပ်မှုများ။

သူ့ရင်ထဲမှာ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက် ဆို့နစ်နေသည်။

"သတိုး .. ငါ မေးနေတယ်.."

"ဟုတ်ကဲ့ အန်တီ.. ကျွန်တော် အားလုံး ကြားပါတယ်.."

သူမရှေ့မှ သတိုးကို ဒေါ်မေချို မုန်းတီးစွာ စိုက်ကြည့်နေသည်။ အကယ်၍ သူမရင်ထဲမှ အမုန်းများသာ မီးတောက်များအဖြစ် အသွင်ပြောင်းနိုင်လျှင် ထိုကောင်လေးတစ်ယောက် အရိုးစပင် ရှာမရနိုင်လောက်အောင် ချက်ချင်းလိုလို ပြာဖြစ်သွားမည်ပဲဖြစ်သည်။

သတိုးခန့်...

သူမရဲ့ တစ်ဦးတည်းသော သားကို သူမနားမှ ဆွဲခေါ်သွားသူ..

သူမနဲ့ နေရှင်းခကြားမှ အဆင်မပြေမှုမျိုးစုံကို ဖန်တီးပေးသူ..

သူမ လက်မခံနိုင်ဆုံးက ခြောက်ပစ်ကင်း သဲလဲစင်ဟု ပြောလျှင်ရမည့် သားဖြစ်သူ နေရှင်းခသည် ဒီကောင်လေးအတွက် သူမကို အမြဲလိုလို ကလန်ကဆန်လုပ်ခဲ့သည်။ လိင်တူချစ်သူဟူသော နာမည်ဆိုးကို ကျေနပ်စွာ ခံယူသည်။ နောက်ဆုံး သူမကို တစ်ဦးတည်းထားကာ ထိုကောင်လေး လက်ကိုဆွဲကာ တိမ်းရှောင်သွားခဲ့သည်။

"ဒီတော့ မင်း ဘာဆက်လုပ်မလဲ.."

သတိုး ပြုံးသည်။ ၀မ်းနည်းမှုဖြင့် ပြည့်သောအပြုံးမှာ နာကြည်းမှုတစ်ချို့ပါသည်။

"ကျွန်တော် ဘာဆက်လုပ်ရမလဲ အန်တီ.. ဒီစကားတွေကို ကျွန်တော်ကြားဖြစ်အောင် ခေါ်ထားတာဟာ ကျွန်တော် ဘာဆက်လုပ်ရမလဲဆိုတာကို အန်တီ ပြောပြချင်လို့ မဟုတ်ဘူးလား.."

ဒေါ်မေချို နှုတ်ခမ်းထောင့်များကွေးသွားအောင် ပြုံးလိုက်သည်။

ဟုတ်သည်လေ။

နေရှင်းခ လာမည့်အချိန်မှာ သတိုးကိုပါ ဒီအိမ်မှာရှိနေအောင် သူမ ဖုန်းဆက်ခေါ်ထားခဲ့တာ။

သူမကို ကူညီပေးသူက Yi Ling။

သူမ နေမကောင်းသည့်ပုံမျိုးဖြစ်အောင် ထိုကလေးမလေးကို နေရှင်းခအား ပြောခိုင်းခဲ့သည်။ ဒါဆိုလျှင် နေရှင်းခ အမေဖြစ်သူကို လာမတွေ့ဘဲ နေနိုင်မှာမဟုတ်။ နောက် နေရှင်းခ အလုပ်ဆင်းသည်နှင့် သူမကို လာတွေ့တော့မည်ဖြစ်ကြောင်း Yi Ling မှ ဖုန်းဆက်အကြောင်းကြားစဉ် သတိုးကိုပါ ဒီအိမ်မှာရှိနေအောင် ဒေါ်မေချို စီစဉ်ခဲ့ခြင်းဖြစ်သည်။

"ငါ ပြောစရာမလိုဘဲ မင်း သိတတ်ဖို့ကောင်းတယ်... ယမုံဆိုတာ မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းပဲ မဟုတ်လား.. အခု ကလေးမ မိဘတွေကပါ ကူညီပေးဖို့ ဒူးထောက်မတတ် တောင်းပန်နေတာ.. ကလေးမရဲ့ အရှက်နဲ့သိက္ခာအတွက် ငါ့မြေးအရင်းမဟုတ်တာကိုတောင် ငါ မျက်နှာလွှဲနိုင်မှတော့ မင်းအနေနဲ့ နေရှင်းခကို မစွန့်လွှတ်နိုင်စရာ အကြောင်းမရှိဘူးမဟုတ်လား.."

"ကျွန်တော် ရှင်းခနဲ့ပတ်သက်ရင် ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး အန်တီ.."

ဒေါ်မေချို့ မျက်နှာသည် မည်းခနဲ။ ဒါပေမယ့် သတိုး ရှေ့ဆက်စကားဆိုသည်။

"ဘယ်မိန်းကလေးပဲဖြစ်ဖြစ်.. ဘယ်ယောက်ျားလေးပဲဖြစ်ဖြစ် ရှင်းခအတွက်ဆိုရင် ကျွန်တော် နေရာမပေးနိုင်ဘူး.. ဘယ်လောက်ပဲ နာကျင်ရ နာကျင်ရ ကျွန်တော် ဘယ်တော့မှ အရှုံးမပေးဘူး.. Yi Ling နဲ့တုန်းကလည်း ဒီလိုမျိုးပဲ ကျွန်တော်တွေးခဲ့တယ်.. ရှင်းရှင်းပြောရရင် ရအောင် ကြားဝင်ခဲ့တယ်.."

"မင်းဟာ အောက်တန်းစားကောင်ပဲ သတိုး..."

ဒေါ်မေချို၏ အော်ငေါက်သံက မိုးခြိမ်းသံပမာ။ သတိုး စားပွဲအနားစွန်းကို လက်များပေါက်ကွဲထွက်မတတ် တင်းတင်းဆုပ်ကိုင်မိသည်။

"အခုကိစ္စမှာလည်း ယမုံ့ရဲ့အရှက်နဲ့သိက္ခာအတွက်ဆိုရင် ကျွန်တော် ကိုယ်တိုင် လက်ထပ်မယ်.. ရှင်းခကို ထိုးထည့်ပေးမှာမဟုတ်ဘူး.. ဒါပေမယ့် အန်တီ.. ကျွန်တော် ရှင်းခကို ပိုင်ဆိုင်ရဖို့အတွက် ပြိုင်မလုချင်တဲ့သူဆိုလို့ ဒီတစ်ကမ္ဘာလုံးမှာ လူ တစ်ယောက်ပဲရှိတယ်.."

သတိုး ဒေါ်မေချို၏ ဒေါသမျက်လုံးများကို ရင်ဆိုင်ကြည့်သည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ချင်နေသည်။ ဒူးတွေရော၊ လက်တွေရော၊ နှုတ်ခမ်းများပါ ထိန်းမရနိုင်လောက်အောင် တုန်ခါချင်နေကြသည်။ လက်ကိုပိုက်ပြီး ထိန်းသော်လည်းမရ။ နှုတ်ခမ်းများကို ပြတ်ထွက်လုမတတ် ကိုက်ခဲပြီး နာကျင်မှုမှနေ စကားဆက်နိုင်ရန် ကြိုးစားရသည်။

"အဲဒီလူဟာ အန်တီပဲ.. အန်တီ စိတ်ချပါ.. ကျွန်တော် နောက်ဆုတ်ပေးပါ့မယ်.."

သတိုး ကြောက်စရာ အိပ်မက်ဆိုးတစ်ခုမှ ရုန်းထွက်နေရသလို အိမ်ကြီးထဲမှ ထွက်ခွာနိုင်ရန် ကြိုးစားမိသည်။ သူ့ကို မီးပွင့်မတတ် မျက်လုံးနီများဖြင့် စိုက်ကြည့်နေသော ဒေါ်မေချိုကို ကျောခိုင်းလိုက်သည်။

"သတိုး.."

ခေါ်သံသည် မာလွန်းသည်။ ကျယ်ဝန်းသော အိမ်ကြီးကြောင့် ပဲ့တင်သံက ပိုပြီး ကြောက်စရာ။

"နေရှင်းခနဲ့မင်းနဲ့လက်ထပ်တာကို မြင်ရမယ့်အစား လမ်းဘေးက ခွေးမတစ်ကောင်ကိုပဲ အမြီးဖြတ်ပြီး ပေးစားမယ်... မင်း မြဲမြဲမှတ်ထား..."

ဒေါ်မေချို၏ ဒေါသသံသည် စိန်ကျောက်တစ်လုံးကိုတောင် ထက်ပိုင်းဖြတ်နိုင်သလို မာလွန်းနေသည်။

..........................................

..........................................

"မင်း ပြန်လာပြီလား.. ငါက ကြာဦးမယ်ထင်နေတာ..."

အိပ်ခန်းကုတင်စွန်းတွင် ထိုင်နေသော နေရှင်းခ။

သတိုး ပြေးဖက်လိုက်ချင်သည်။ နေရှင်းခ ရင်ခွင်ထဲမှာ နှလုံးသည်းခြေပြတ်သည်အထိ ငိုကြွေးလိုက်ချင်သည်။ သူ့ကို ထားမသွားဖို့ အကြိမ် တစ်သိန်းလောက် ပြောချင်သည်။

ဒါပေမယ့်...

သူ မပြောရက်ပါ။

သူက ကျန်ရစ်ခဲ့ရမည့်သူ။ နေရှင်းခက ထားသွားရမည့်သူ။

ထားခဲ့ရမည့်သူက ကျန်ခဲ့ရမည့်သူထက် ပိုပြီးဝမ်းနည်းရတာလေ။

အခုအချိန်မှာ သူ တတ်နိုင်သည်မှာ တစ်ခုတည်းဖြစ်သည်။ တစ်နေ့ပဲဖြစ်ဖြစ်၊ တစ်ညပဲဖြစ်ဖြစ်၊ အပိုင်းအစ တစ်ခုပဲဖြစ်ဖြစ်၊ သဲမှုန်တစ်ပွင့်စာပဲဖြစ်ဖြစ် နေရှင်းခရဲ့ နာကျင်မှုတွေကို သက်သာစေချင်သည်။

သာမာန်နေ့တစ်နေ့လို၊ သာမာန် စကားတစ်ခွန်းကို သတိုး ပင်ပန်းကြီးစွာ ရွေးချယ်လိုက်ရသည်။

"မင်းဖုန်းရတာနဲ့ တစ်ခါတည်း တန်းလာတာ..."

နေရှင်းခ ဖုန်းဆက်ချိန်သည် သူ ဗဟန်းခြံကြီးမှ ထွက်လာကာစအချိန်။ ဒေါ်မေချိုရဲ့ ဒေါသသံများ နားထဲမှာ ပဲ့တင်နေချိန်။

"ဘာဖြစ်လို့လဲ ရှင်းခ.."

သတိုး ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်ပစ်ချရင်း လက်မှာပတ်ထားသော နာရီကို ချွတ်ပြီး ကုတင်ဘေးမှ စားပွဲပေါ်လှမ်းတင်လိုက်သည်။

သူ့ရင်ထဲက မီးတွေကိုလည်း ဖြစ်နိုင်လျှင် လက်ဖြင့် သပ်ချလိုက်ချင်သည်။

ဒါပေမယ့် ပူပြင်းလွန်းသောကြောင့် သူ့လက်များပါ မီးဟပ်ခံရမှာ။

"ဒီနေ့ညစာကို အပြင်မှာ သွားစားရအောင် သတိုး..."

"ဘာဖြစ်လို့လဲ.. မင်း မချက်ချင်ရင် ငါ ချက်ပေးမယ်လေ...."

တီရှပ်အကျီင်္ကို ခေါင်းမှမချွတ်ပြီး ကုတင်ပေါ်ပစ်တင်သည်။ ဆံပင်များကို ထိုးဖွပြီး ချွေးများဖြင့် စိုနေသော ခေါင်းကို ခါလိုက်သည်။ ပင်ပန်းလိုက်တာ။ သူ နေရှင်းခ နားမှာ ရှိနေချင်သည်။ ဒါပေမယ့် နေရှင်းခ သူ့ရင်ထဲကို မြင်သွားမှာကိုလည်း ကြောက်သည်။

"တစ်ခါတစ်လေပဲကွာ..ဆိုင်မှာပဲ သွားစားရအောင်.."

"အေးပါ.. ဒါဆိုလည်းပြီးရော.. ခဏတော့ စောင့်ဦး.. ငါ ရေချိုးလိုက်ဦးမယ်.."

ရေကျသံသည်လည်း သူ့အတွက် ကြောက်စရာကောင်းနေသည်။ စိမ့်ထွက်ချင်လာသော မျက်ရည်များကို သတိုး ရအောင် တားသည်။

ဟင့်အင်း။

သူ ငိုလို့မဖြစ်ဘူးလေ။

နေရှင်းခ ပိုနာကျင်သွားမှာပေါ့။

ရေချိုးခန်းမှ ထွက်လာချိန်မှာ သူ့ရှေ့မှာ ရှိနေသောမြင်ကွင်းက လှပလွန်းသည့် ပန်းချီကားတစ်ချပ်။

သူ့အကျီင်္မှ ကြယ်သီးကိုတပ်ပေးနေသော နေရှင်းခ၏ ပုံရိပ်သည် ကျက်သရေရှိစွာ လှပနေသည်။ တံခါးဘောင်ကို မှီရင်း ထိုပန်းချီကားချပ်ကို အသိလွတ်စွာ သူ ငေးမောသွားမိသည်။ နောက်ဆုံး ကြယ်သီးတပ်ပြီးသွား၍ အပ်ချည်ကြိုးကို နေရှင်းခ ကတ်ကြေးဖြင့် ကိုက်ဖြတ်ချိန်မှ သတိုးပြန်ပြီး အသိဝင်လာသည်။

"ရှင်းရာ.. ထားလိုက်စမ်းပါ.. ငါ တခြားအကျီင်္ဝတ်သွားလဲ ရတာပဲ.."

"ပြီးပါပြီကွာ.. ငါ မချုပ်ပေးရင် မင်းဘာသာဆို ဘယ်တော့မှ ချုပ်မှာမှမဟုတ်တာ..."

အပ်နှင့် အပ်ချည်ကို နေရှင်းခ စားပွဲအံဆွဲထဲသို့ စနစ်တကျ ပြန်ထည့်ကာ အကျီင်္ကို သူ့ကို ကမ်းပေးလာသည်။

"မင်း မျက်နှာသုတ်ဖို့ကို အပျင်းထူတုန်းပဲလား သတိုး.. ကလေးလည်း မဟုတ်တော့ဘူး.."

နေရှင်းခ လက်ဖမိုးဖြင့် သူ့နဖူးပေါ်မှ ရေစက်များကို ဖိသုတ်ပေးသည်။ နူးညံ့လွန်းသော အတွေ့၊ ချစ်ခြင်းဖြင့်ပြည့်သော အပြုအမူ။ ကြည်နူးခြင်းနောက်မှာ ၀မ်းနည်းမှုများက မုန်တိုင်းတစ်ခုလို လိုက်ပါလာကြသည်။

ကားပေါ်မှာ နေရှင်းခ ပြောလာသော အတိတ်အကြောင်းများမှ စကားလွှဲဖို့ သူ ကြိုးစားမိသည်။ သူ သတိမရချင်တာမဟုတ်။ နေရှင်းခကို မလွမ်းစေချင်သေးတာ။

သူ ရှိနေသေးသည်လေ။

အနည်းဆုံး ဒီနေ့မှာ သူ့ကို နေရှင်းခ မလွမ်းစေချင်သေး။ ယမုံ့အကြောင်းမပါအောင်၊ ပိတောက်ပင်ကြီးအကြောင်း မပြောဖြစ်အောင် စကားများကို သတိုး ရွေးပြောနေမိသည်မှာ စားသောက်ဆိုင်သို့ ရောက်သည်အထိ။

"မင်းအတွက် ငါပဲ မှာပေးမယ် သတိုး.."

"အေးပါ.. မင်းက ငါ့အကြိုက်ကို ငါ့ထက်ပိုသိတာပဲ.."

သတိုး လက်မောင်းနှစ်ခုကိုချိတ်ကာ ခေါင်းတင်ရင်း သူ့ရှေ့မှ နေရှင်းခကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ ဖြောင့်စင်းသောနှာတံအောက်မှ မထူမပါးနှုတ်ခမ်းများသည် menu ကတ်ပြားကို အာရုံစိုက်ဖတ်နေသဖြင့် တင်းတင်းစေ့ထားသည်။ နောက်လှန်ဖြီးသင်ထားသော ဆံပင်များကြောင့် ခန့်သော မျက်နှာသည် ထင်းနေသည်။ မကျယ်မကားသော မေးရိုးသည် ဖြောင့်စင်းသော လည်တိုင်ထက်မှာရှိသည်။

"မင်း ငါ့ကို မမြင်ဘူးလို့လား သတိုး.."

"မင်း အရမ်းချောတယ် ရှင်းရာ.."

သူ့အပြောကြောင့် နေရှင်းခ ပြုံးသည်။ ပြုံးလိုက်မှ ခန့်ချောချောသော မျက်နှာသည် ငေးချင်စရာကောင်းလောက်အောင် နုနယ်သွားသည်။

"ဒါပဲလား သတိုးရာ.... တခြား အတွေးတွေရော မ၀င်ဘူးလား..."

"မင်းစကားက ဘာလဲ ရှင်းရ.."

နေရှင်းခ ကမ်းပေးလာသောရေခွက်ကို သူ လှမ်းယူလိုက်သည်။

"သတိုး.. ဒီ ည ငါ မင်းကို ခွင့်ပြုတယ်...."

ဘာ...

ကျယ်လောင်လွန်းသော သူ့ရင်ထဲမှ အော်သံကို မည်သူမှ မကြား။

နှုတ်ခမ်းနားရောက်နေသော ဖန်ခွက်မှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။

မူးခနဲ၊ မိုက်ခနဲ။

မင်း ငါ့ကို နှုတ်ဆက်နေတာလား ရှင်း..

လျှံတက်လာသော မျက်ရည်များကို သတိုး မထိန်းနိုင်။

သူ့မှာ အချိန်ရှိသေးသည်ဟု သူ ထင်နေခဲ့တာ။

ဒီတစ်ရက်ပြီးလျှင် နောက်တစ်ရက်၊ အနည်းဆုံး တစ်ပတ်လောက်ဖြစ်ဖြစ်ပေါ့။

ခွဲခွာချိန်တစ်ခုကို ဟိုးအဝေးဆုံးသို့ သူ ပို့ထားချင်နေတာ။

"မင်း ဘာတွေ ပြောနေတာလဲ ရှင်း..."

သူ၏ ဟန်ဆောင်ရယ်သံသည် သူ့ကိုပြန်လည်ခြောက်လှန့်နေသည်။

"ဒီည မင်း စိတ်တိုင်းကျ ငါ အားလုံး လိုက်လျောပေးမယ် ပြောတာ.."

သတိုး မျက်စိများကို စက္ကန့်အတန်ကြာအောင် မှိတ်ထားသည်။

ငါ့အတွက် အခုအချိန်မှာ ဒါတွေဟာ အရေးမကြီးတော့ဘူးလေ ရှင်းရာ..

ငါလေ.. ဖြစ်နိုင်မယ်ဆိုရင်..

သတိုး အတွေးစကိုဖြတ်သည်။ ဆက်မတွေးရဲ။

နောက်ပြီး နေရှင်းခကို သူ မငြင်းရက်။

သူ ငြင်းလိုက်လျှင် နေရှင်းခ စိတ်ထိခိုက်သွားမှာပေါ့။

ဒါပေမယ့် သူ နေရှင်းခ ရှေ့မှာ ဆက်လက် ဟန်ဆောင်နိုင်စွမ်းမရှိတော့သည်မို့ ထိုင်နေရာမှ ထရပ်မိသည်။

"အေး.. မင်း ပြောတာနော်.. ပြီးမှ ပြန်ပြင်ချင်တယ်ဆို မရဘူး.."

"ဘယ်သွားမလို့လဲ...."

"မင်းမှာတဲ့ထဲမှာ ဘီယာမပါဘူး မဟုတ်လား.. ငါ သွားမှာလိုက်ဦးမယ်.. မင်း ပြောတဲ့အတိုင်းဆို ဒီည ငါ့အတွက်တော့ ပွဲကြီး ပွဲကောင်းပဲ.."

သတိုး စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ဖြတ်သန်းမောင်းနှင်နေသော ကားမျိုးစုံ၊ ပုဇွန်ဆီရောင်သန်းသော ကောင်းကင်တစ်ခု၊ ဆည်းဆာရောင် အနားကွပ်ထားသော တိမ်ဖြူများ အရာအားလုံးသည်ေ၀၀ါးနေသည်။

ရှင်းရာ.. ငါ မင်းကို နောက်တစ်ခေါက် နှုတ်ဆက်ရဦးမှာလား..

စိမ့်ထွက်လာသော မျက်ရည်စများကို သူ မတားနိုင်။ လှည့်ကြည့်လာသော လမ်းသွားလမ်းလာများ၏ အကြည့်ကို သတိမထားမိ။ သတိုး ငိုမိသည်။

မွန်းကြပ်လွန်းသည်။

ပူလောင်လွန်းသည်။

နီရဲနေသော မျက်လုံးများဖြင့် သူ နေရှင်းခ ရှေ့ပြန်မသွားရဲ။ စိတ်များတည်ငြိမ်သည်အထိ အချိန်တစ်ချို့ကို ကုန်ဆုံးဖို့ သူ ကြိုးစားရမည်။ မီးရောင်စုံအောက်မှ တီးဝိုင်းနားသို့ သတိုး လျှောက်လှမ်းသွားမိသည်။

အခုအချိန်မှာ သူ လိုအပ်သည်မှာ သီချင်းတစ်ပုဒ်...

သူ့ရဲ့ဝမ်းနည်းမှုများထက် သူ့အချစ်တွေကိုသာ နေရှင်းခ မြင်စေဖို့ သီချင်းတစ်ပုဒ်ဖြစ်သည်။

"ဒီသီချင်းကို ကျွန်တော်အချစ်ရဆုံး ချစ်သူအတွက် သီဆိုပါရစေ.."

သတိုး ငိုသံမပါအောင်ထိန်းရင် အပြုံးတစ်ခုနှင့် ကြေငြာဖြစ်သည်။

.................................................................

..................................................................

အခန်းတံခါးကို အသံမထွက်အောင် နေရှင်းခ ပိတ်သွားခဲ့သည်။ ခြေသံကိုတော့ လုံးလုံးမကြားရလောက်အောင်ပင်။ အိမ်တံခါးမကြီး၏ ဖွင့်သံ၊ ပိတ်သံသည်လည်း တိုးလွန်းသည်။ ကားစက်သံတစ်ခု အဝေးကိုရောက်သွားမှ သတိုး ပိတ်ထားသော မျက်လုံးများကို ဖွင့်မိသည်။

ကျေးဇူးပါ ရှင်းရာ..

နှုတ်မဆက်သွားတဲ့အတွက် ကျေးဇူးပါ..

သတိုး သူ့လက်ဖ၀ါးများကို ငြိမ်သက်စွာ ငေးကြည့်နေမိသည်။ ထိုလက်ချောင်းများကြားတွင် နေရှင်းခ၏ ကိုယ်ငွေ့များ ကျန်နေခဲ့သည်။ မနူးညံ့သော်လည်း စွဲမက်ဖွယ်ကောင်းလွန်းသော လက်မောင်းများ၏ အသိ၊ သန်မာသော ဆံပင်နက်များ၏ အတွေ့၊ ကျယ်ပြန့်သော ကျောပြင်မှတုန်ခါမှုတွေ။ ဒါတွေအားလုံးကျန်နေခဲ့သည်။

သူ့အကျီင်္ရင်ဘတ်မှာ နေရှင်းခ မျက်ရည်များဖြင့် စိုနေသေးသလို သူ့ခေါင်းအုံးသည်လည်း သူ့မျက်ရည်များဖြင့် စိုနေသေးသည်။

မင်း ကျေနပ်ရဲ့လား သတိုး..

နေရှင်းခ၏ မေးခွန်းကို ပြန်လည်ကြားယောင်လာတော့ ကုန်ခန်းသွားပြီထင်ရသော မျက်ရည်များက နောက်တစ်ကြိမ် ထပ်မံ စီးကျလာပြန်သည်။

ကျေနပ်တာပေါ့ ရှင်းရာ.. ငါ သိပ်ကျေနပ်တာပေါ့..

နေရှင်းခကို ချစ်ခွင့်ရသည့်အတွက်ရော၊ နေရှင်းခ အချစ်ကို လက်ခံရခဲ့သည့်အတွက်ရော သူ ကျေနပ်တာပေါ့။ ဘယ်လောက်ပဲ နာကျင်ရ၊ ၀မ်းနည်းရပါစေဦး နေရှင်းခနှင့်အတူရှိခဲ့သည့် အမှတ်တရအချိန်များ၊ ၀မ်းသာကြည်နူးမှုများသည် သူ့အတွက် လှပလွန်းခဲ့သည်လေ။

"သတိုး..."

အိမ်ထဲပြေးဝင်လာသော ခြေသံသည် ပြင်းထန်လွန်းသည်။ ကျယ်လောင်လွန်းစွာ အော်ခေါ်သံသည် ခွန်အားအပြည့်။

ကိုလေး...

ဟန်ဆောင်ပင် သတိုးမပြုံးနိုင်။ ထက်ဝေယံကို သူ့နားအရောက်လာခိုင်းခဲ့သည်မှာ နေရှင်းခ ဖြစ်သည်ကို သူ သိသည်။ သူ့ကို တင်းကြပ်စွာ ပွေ့ဖက်လာသော ထက်ဝေယံရင်ခွင်မှာ သတိုး စိတ်လွတ်ကိုယ်လွတ် ရှိုက်ငိုမိသွားသည်။

"သတိုးရာ..."

ထက်ဝေယံအသံသည် ဟိုးအဝေးကြီးမှ လှမ်းခေါ်နေသလို။

သူ စကားမှ ပြောနိုင်ပါဦးမလား။

သတိုး ကြောက်သည်။

သူ့မှာ ခွန်အားဟူသမျှ အမှုန်အမွှားတစ်ခုပင် မကျန်တော့သလို။

ဒါပေမယ့် သူ ကြိုးစားမှရမည်။

"ကျွန်တော် အဆင်ပြေမှာပါ ကိုလေးရာ.... ဒီနေ့.. ဒီနေ့တော့ ကျွန်တော် စိတ်ရှိလက်ရှိ ငိုပါရစေဗျာ.."

ရှိုက်သံများကြောင့် စကားသံများက ဗလုံးဗထွေး။ ထက်ဝေယံ လက်မောင်းများကို အားကိုးတကြီး ဆုပ်ကိုင်ထားမိသည်။

မနက်ဖြန်..

မနက်ဖြန်ဆိုလျှင်တော့ သတိုး မျက်ရည်များသုတ်ကာ ဘာမှမဖြစ်ခဲ့သလို ဘ၀ကို ရှေ့ဆက်ရဦးမည်။

နေရှင်းခအတွက်..

သူ့အတွက်...

ထက်ဝေယံအတွက်..

သူ့ကိုချစ်သောသူများအတွက် ဘ၀ကို ဟန်ဆောင်အပြုံးတစ်ခုနှင့်အတူ ရင်ဆိုင်ရဦးမည်။

ဟုတ်သည်လေ။

သူပြုံးမှ နေရှင်းခ ၀မ်းနည်းမှုတွေ သက်သာမှာလေ။

သူ သီချင်းတွေ ဆက်ရေးရဦးမည်။

သီချင်းတွေ ဆက်ဆိုရဦးမည်။

နေရှင်းခကို ပြောချင်သည့် စကားတွေကို သံစဉ်တွေအဖြစ် ပြောင်းလဲကာ လေလှိုင်းများကြားမှ သူ ရင်ဖွင့်ချင်သေးသည်။

ဒါပေမယ့် ဒီနေ့တော့..

သူ ငိုပါရစေတော့။

.................................

.................................

အချစ်ဆိုသည်မှာ ဒီလို နာကျင်စေသည်တဲ့လား။

ရဲသွေးငယ် သူ့ရှေ့မှ မြင်ကွင်းကို အခုအချိန်ထိ ငြိမ်သက်ငေးကြည့်နေဆဲ။

သူ့ရင်တွေ အောင့်နေသည်။

ရင်ပွင့်အောင် အော်လိုက်ချင်ပေမယ့် လည်ချောင်းတွေ တစ်ဆို့နေကာ ဘာသံမှထွက်မလာ။

ထက်ဝေယံ၏ ဆံပင်လိပ်ခွေများသည် နောက်ဘက်မှ လှမ်းမြင်နေရသည့်တိုင် သူ့အိပ်မက်တွေထဲကလို စွဲမက်ဖွယ်ကောင်းနေသည်။ ပျောက်ထွက်သွားတော့မလို သတိုးကို တင်းကြပ်စွာ ပွေ့ဖက်ထားသည်မှာ ဂန္ဓ၀င်မြောက် ကျောက်ဆစ်ရုပ်တုတစ်ခုလို။

ကိုကို့ ကို အရမ်းချစ်တာပဲလား ကိုလေးရာ...

ရဲသွေးငယ် လက်ထဲမှ အသီးများထည့်ထားသည့် ကျွတ်ကျွတ်အိတ်ကို တင်းတင်း ဆုပ်ထားရင်း ငြိမ်သက်စွာ စိုက်ကြည့်နေဆဲ။

ပြွတ်သိပ်သီးနေသော မာလကာသီးများကို သတိုးအတွက် သူ မနက်စောစော အစောကြီးခူးကာ လာပို့ခြင်းဖြစ်သည်။ သတိုး ကျောင်းမသွားခင် မီအာင်ဆိုပြီး အိမ်မှ အစောကြီး ထွက်လာခဲ့သည်။ မနက်ခင်း ရောင်ခြည်များဖြင့် တောက်ပနေသော မြို့သစ်ငယ်လေး၏ အလှကို ကဗျာများဖွဲ့ရင်း ပျော်ရွှင်စွာ လာခဲ့ခြင်းဖြစ်သည်။

အခုလည်း သူ့မျက်စိရှေ့မှာ ကဗျာတစ်ပုဒ် ရှိနေသည်။

ကာရန်မညီပေမယ့် လှပါသည်..

ဒါပေမယ့် ဒီကဗျာသည် မျက်ရည်များဖြင့် သီကုံးထားသော ကဗျာတစ်ပုဒ်..

..............................................................

...............................................................

Continue Reading

You'll Also Like

19.9K 510 25
မိဘစကားကို တစ်ခါမှမငြင်းဆန်ဖူးတဲ့ လိမ္မာပြီးကြိုးစားတဲ့ ၁၆ နှစ်အရွယ် ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်နဲ့ ခပ်ရှုပ်ရှုပ်နေတတ်ပြီး လွတ်လွတ်လပ်လပ်နေရတာ...
219K 21.8K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
15.9K 964 49
တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။