ကြယ်တွေကြွေသောည

By akyinnamon

5M 405K 28K

(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့... More

A/N
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (Unicode)
Part 24 (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
ဇာတ်သိမ်းပိုင်း
Sequel 1 (Unicode)
Sequel 2 (Unicode)
Sequel 3 (Unicode)
Sequel 4 (Unicode)
Sequel 5 (Unicode)
Sequel 6 (Unicode)
Sequel 7 (Unicode)
Sequel 8 (Unicode)
Sequel 9 (Unicode)
Sequel 10 (Unicode)
Sequel 11 (Unicode)
Sequel 12 (Unicode)
Sequel 13 (Unicode)
Sequel 14 (Unicode)
Sequel 15 (Unicode)
Sequel 16 (Unicode)
Sequel 17 (Unicode)
Sequel 18 (Unicode)
Sequel 19 (Unicode)
Sequel 20 (Unicode)
Sequel 21 (Unicode)
Sequel 22 (Unicode)
Sequel 23 (Unicode)
Sequel 24 (Unicode)
Sequel 25 (Unicode)
Sequel 26 (Unicode)
Sequel 27 (Unicode)
Sequel 28 (Unicode)
Sequel 29 (Unicode)
Sequel 30 (Unicode)
Sequel 31 (Unicode)
Sequel 32 (Unicode)
Sequel 33 (Unicode)
Sequel 34 (Unicode)
Sequel 35 (Unicode)
Sequel ဇာတ်သိမ်းပိုင်း
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 4 (Unicode)
Author's Note
Title
Chapter 1 (Zawgyi)
Chapter 2 (Zawgyi)
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်စကား
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Final Part 1
Final part 2
❤Thankyou all❤
လေးငယ် extra(1)
extra (2)
extra(3)
extra 4
extra (5)
extra (ending)
ကြယ်တွေကြွေသောည #Out Now
ကြယ်တွေကြွေသောည SEQUEL
X'mas Special Extra (Part 1 ) Uni
X'mas Special Extra (Part 2) Uni
X'mas Special Extra (Part 1) Zawgyi
X'mas Special Extra (Part 2) Zawgyi

Chapter 25

45.5K 3.3K 308
By akyinnamon

ဒဂုံတက္ကသိုလ်ဟူသည့် ဆိုင်းဘုတ်ရှေ့တွင် ထိုးရပ်ထားသော ပြိုင်ကားအနီရောင်သည် ပူပြင်းသော နေရောင်အောက်မှာ တောက်ပနေသည်။

နေကာမျက်မှန်နက်နှင့် ကားကိုမှီကာ စီးကရက်သောက်နေသော ထက်ဝေယံကို ကျောင်းသူကျောင်းသားများက အထူးအဆန်းသဖွယ် လည်ပြန်လှည့်ကြည့်နေကြသည်။

အနားကိုတော့ ဘယ်သူမှမသွားရဲ။

တစ်ခါကြည့်ရုံနှင့် ရှိန်သွားစေတတ်သည့် ထက်ဝေယံမျက်နှာသည် မျက်ခုံးပေါ်မှ ကန့်လန့်ဖြတ်အမာရွတ်ကြောင့် ပိုကြောက်စရာကောင်းနေသည်။

"ကိုလေး..."

သတိုး စိတ်ပျက်လက်ပျက်ခေါ်မိသည်။ တကယ်ဆို သူပြောထားပြီးဖြစ်သည်။ ကျောင်းကိုမလာဖို့နှင့် လာလျှင်လည်း ဒီ မျက်စိစူးစေလွန်းလှသော ပြိုင်ကားကို မယူခဲ့ဖို့ဖြစ်သည်။ ထုံးစံအတိုင်း ထက်ဝေယံ စကားနားမထောင်။

"ကြာလိုက်တာကွာ.. မင်း တစ်လုံးမှလည်း နားထောင်တာမဟုတ်ဘဲ စာသင်ခန်းထဲ ဘာထိုင်လုပ်နေတာလဲ..."

"အိပ်ငိုက်နေတာ..."

သတိုး အမှန်အတိုင်းဖြေကာ ကားပေါ်တက်လိုက်သည်။

ဇော်မိုးနှင့် မိုးဇော်ကတော့ ကားအနီရောင်ကို လှမ်းမြင်လိုက်သည်နှင့် အဝေးကြီးကတည်းက ဘတ်စ်ကားပေါ် တက်ပြေးပြီးသားဖြစ်သည်။ တစ်လလျှင် သုံးလေးခါလောက် သတိုးကျောင်းအပြန်ကို ထက်ဝေယံ လာခေါ်တတ်သည်။

ထက်ဝေယံ လာမည်ဆိုသည်နှင့် သူတို့နှစ်ယောက်စလုံး မီးခဲကိုင်မိသလို တစ်နေ့ကုန် ဖင်တကြွကြွနှင့် ကြောက်နေကာ ကျောင်းဆင်းသည်နှင့် တန်းပြေးတတ်ကြသည်။ ထက်ဝေယံ အဖြစ်မှန်မသိကြောင်း သတိုး ရှင်းပြသော်လည်း နှစ်ယောက်စလုံး ထက်ဝေယံနား ယောင်မှား၍ပင် ကပ်ချင်ပုံမရ။

အမိုးဖွင့်ထားသော ပြိုင်ကားငယ်သည် ကြီးမားသော ဘတ်စ်ကားများကြားမှ ကျော်တက်ကာ လျှင်မြန်စွာ မောင်းနှင်နေသည်။

"ကိုလေး ကျောင်းပြန်မတက်သေးဘူးလား.."

"ငါနဲ့စာနဲ့က ဘ၀ရေစက်မပါဘူးကွ..."

"အာ.. ကြံကြံဖန်ဖန်.."

သတိုး စိတ်ညစ်စွာ ပြောမိသည်။

တကယ်တမ်းကျတော့ နောက်ဆုံးနှစ်ရောက်မှ မဖြေဘဲ ကျောင်းထွက်ထားသလို ဖြစ်နေသည့် ထက်ဝေယံကို နှမြောမိသည်။ ပြောလို့သာပြောရသည်။ သူလည်း စာဆိုလျှင် ဘယ်လိုမှ စိတ်ပါဝင်စားလို့မရ။

အခု တက္ကသိုလ်တက်ဖြစ်သည်မှာလည်း ဒေါ်မေချိုကြောင့်ဖြစ်သည်။

ပညာရေး အစွဲကြီးလှသော ဒေါ်မေချိုကလည်း သတိုးကို လုပ်ချင်တာလုပ်၊ ဘွဲ့တစ်ခုရအောင် ယူရမည်ဟု ရာဇသံပေးထားသည်။ သူ့အိမ်မှာနေပြီး ကျောင်းပြီးအောင်မထားနိုင်ဟု ပတ်ဝန်းကျင်မှာ အပြောမခံနိုင်ဟု ဆိုလာသည်။ ဇော်မိုးနှင့်မိုးဇော်ပါ အဖော်ပါသည်မို့ အမှတ်မှီသည့် သမိုင်းမေဂျာကို သတိုး ယူဖြစ်ခဲ့သည်။

ဒါပေမယ့် ကျောင်းပြေးချိန်က ကျောင်းတက်ချိန်ထက် များသည်ကတော့အမှန်။

"မင်း အလကားကျောင်းမှာ လာပြီးအချိန်ကုန်ခံနေတယ်သတိုး.. သီချင်းပြိုင်ပွဲအတွက် စာရင်းသွင်းဖို့က နီးနေပြီ.. မင်း သီချင်းက ရှေ့နောက် တောင်မြောက် မကွဲသေးဘူး..."

ထက်ဝေယံ ဒေါသတကြီးပြောလာသည်။ ကျောင်းတက်တာကို အချိန်ကုန်ခံသည်ဆိုသည့် စကားကို ဒေါ်မေချိုကြားလျှင် ထက်ဝေယံခေါင်းကို ဖြောင်းခနဲနေအောင် ရိုက်မည်ထင်သည်။

"သီချင်းက ကိုလေးကို အပ်ထားပြီးသားပဲဗျာ.."

"မင်း အပ်ထားတိုင်း ငါပြင်လို့ ဖြစ်မလား.. ရေးတာလည်း မင်းပဲရေးထားတာ.. ဆိုမှာလည်း မင်းပဲဟာ.."

သူ့ သီချင်းများကို နားထောင်ချင်သည်ဟု ထက်ဝေယံပြောတုန်းက သတိုး ထင်ထားခဲ့သည်မှာ ရိုးရိုးစိတ်ဝင်စားခြင်းတစ်ခုဟူ၍ ဖြစ်သည်။ အဆိုတော်ဆိုတော့ သူဆိုဖို့အတွက်ကြည့်ချင်တာလည်း ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် ထက်ဝေယံက သတိုးကိုသာဆိုရန် တိုက်တွန်းလာသည်။

ရုပ်မြင်သံကြားတစ်ခုမှ ပြုလုပ်မှု အဆိုပြိုင်ပွဲတစ်ခုတွင် စာရင်းသွင်းဖို့ အတင်းတိုက်တွန်းရုံမက အစအဆုံး လိုက်ပါလုပ်ဆောင်ပေးနေသည်။

"မင်းသီချင်းကို Timing ရောTone ပါ ငါ နည်းနည်းပြင်ထားတယ်...."

"အဲဒီတစ်ပုဒ်က နည်းနည်း ထူးဆန်းသလိုဖြစ်နေတယ် ကိုလေး.. နားထောင်လေ့မရှိတဲ့သူဆို ချက်ချင်းလက်ခံနိုင်မယ့် သံစဉ်မျိုးမဟုတ်ဘူး... ပြိုင်ပွဲအတွက် အဲဒီ့တစ်ပုဒ်ကိုရွေးတာ သေချာလား.."

"အေး.. အဲဒီ့တစ်ပုဒ်ပဲ..."

"တခြားရေးထားတာတွေလည်း ရှိတာပဲဗျာ..."

"သတိုး.. အဲဒီ့အပုဒ်ပါပဲဆိုကွာ..."

 ခေါင်းမာလွန်းလှသည့် ထက်ဝေယံကို သတိုး အရှုံးပေးလိုက်ရသည်။

သီချင်းခေါင်းစဉ်ကိုတော့ ထက်ဝေယံ မပြောင်း။

သူလည်း ရေးထားသမျှ သီချင်းအားလုံးတွင် ထိုအပုဒ်ကို အကြိုက်ဆုံးဖြစ်သည်။ ဒါပေမယ့် သီချင်းသံစဉ်က နားထောင်နေကျ pop များလိုမဟုတ်။ တစ်ခါမှ နားမထောင်သူများဆိုလျှင် နားထဲတစ်မျိုးဖြစ်နိုင်သည်ဟု သတိုး ထင်သည်။ ဒါပေမယ့် အားလုံးထဲမှ ဒီတစ်ပုဒ်ကို ပြိုင်ပွဲဝင်ဖို့ ထက်ဝေယံ နားထောင်ပြီးကတည်းက ရွေးထားခဲ့သည်။

ကွန်ဒိုတိုက်ခန်းအောက်မှာ ကားကို ထိုးရပ်လိုက်ပြီး ထက်ဝေယံ တံခါးမဖွင့်ဘဲ ခုန်ထွက်လိုက်သည်။ သတိုး ကျောပိုးအိတ်ကို နောက်ခန်းမှ လှမ်းယူကာ တံခါးဖွင့်ဆင်းလိုက်သည်။

"ဝေယံ..."

ခပ်လှမ်းလှမ်းမှ သူတို့ကိုရပ်စောင့်နေသော ဦးရန်နိုင်ထွန်း...

ထက်ဝေယံ မျက်နှာမှာ ပြင်မရအောင် ပျက်သွားသည်။

"Pa..."

ဦးရန်နိုင်ထွန်း စကားစရခက်သလို ဘာဆက်ပြောရမှန်းမသိ အခက်တွေ့နေသည်။

ဆေးရုံမှာကတည်းက ထက်ဝေယံ သူ့ကိုအတွေ့မခံတော့ဘဲ ရှောင်နေသည်။ အမြဲတမ်း သူငယ်ချင်းနှစ်ယောက်လို ပေါင်းသင်းခဲ့သော သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် ထက်ဝေယံ ဆေးရုံမှဆင်းလာကတည်းက ကြောက်စရာကောင်းလောက်အောင် ပျက်ပြားသွားသည်။

မိခင်ဖြစ်သူ ဒေါ်စူစီကိုသာ ထက်ဝေယံ လက်ခံတော့သည်။ ဦးရန်နိုင်ထွန်းကိုတော့ မလာခဲ့နှင့်ဟု ပွင့်လင်းစွာ ပြောလာခဲ့သည်အထိ။

"Pa ကျွန်တော့်ဆီလာတာလား.."

"အေး.. မတွေ့ဖြစ်တာလည်း ကြာပြီဆိုတော့.."

"ကျွန်တော် လုပ်စရာတွေရှိသေးတယ်. .. နောက်တစ်ခေါက်မှပဲ.."

ထက်ဝေယံ ခေါင်းငုံ့ဖြေကာ ဦးရန်နိုင်ထွန်းကို ကျော်ဖြတ်ပြီး ဓါတ်လှေကားထဲ လှမ်းဝင်သွားသည်။ ဦးရန်နိုင်ထွန်း သက်ပြင်းတစ်ချက်ချရင်း သတိုးကို ပြုံးပြလိုက်သည်။

"ကျောင်းကပြန်လာတာလား သတိုး.."

"ဟုတ်..."

"ဝေယံကတော့ အန်ကယ့်ကို ရှောင်နေတုန်းထင်တယ်.."

မပီပြင်သော ရယ်သံတစ်ချို့နှင့် ဦးရန်နိုင်ထွန်းပြောလာသည်။

"မင်းပဲ ပေးလိုက်ပါကွာ.. အန်ကယ် သူ့အတွက်ဝယ်လာတာ.."

လက်ထဲမှ J' donuts မုန့်ဗူးကို သတိုးကို ဦးရန်နိုင်ထွန်း ကမ်းပေးလာသည်။

"ဟုတ်ကဲ့ အန်ကယ်.."

"အန်ကယ် သူ့အမေကို တကယ် မနာလိုဘူး ... အခုလိုအချိန်မှာ သူ့အနားမှာ လာခွင့်ပေးတာ အန်ကယ်မဟုတ်ဘဲ စူစီဖြစ်နေတယ်.."

"အန်ကယ့်ကို သူ မရင်ဆိုင်ရဲသေးလို့ပါ အန်ကယ်.. မတွေ့ချင်လို့မဟုတ်ပါဘူး..."

သတိုး၏ စကားကြောင့် ဦးရန်နိုင်ထွန်း အံ့သြသွားသည်။

"ဘယ်လို သတိုး..."

"ကိုလေး အန်ကယ့်ရှေ့မှာ အနေရခက်နေတာလို့ ကျွန်တော်ထင်တယ်... ဖြစ်ခဲ့တဲ့ကိစ္စကြောင့် အန်ကယ် သူ့ကိုအထင်သေးနေမှာ သနားနေမှာကို သူ ကြောက်နေတာ.. အဲဒါကလည်း သူ အန်ကယ့်အပေါ် အလေးထားလို့လေ..."

ဦးရန်နိုင်ထွန်း ကျေးဇူးတင်စွာ သတိုးကို လှမ်းကြည့်မိသည်။

"ကျေးဇူးပါ သတိုးရာ.. မင်း သူ့နားမှာ ရှိပေးနေလို့ အန်ကယ်အများကြီး ကျေးဇူးတင်ပါတယ်.. ကိစ္စပြီး ပြီးချင်း ဝေယံ တစ်ခုခု လုပ်ချလိုက်မှာ အရမ်းစိုးရိမ်နေတာ.. သူက မာရေကြောရေ ရှိမလို ထင်ရပေမယ့် စိတ်ထားနူးညံ့တယ်... ဘာပဲဖြစ်ဖြစ် အခု ဘာမှမဖြစ်ခဲ့သလို ပြန်တွေ့ရတာ မင်းကျေးဇူးတွေ အများကြီးပါတယ်ဆိုတာ အန်ကယ် သိပါတယ်.."

"ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး အန်ကယ်....."

ဦးရန်နိုင်ထွန်းကို ပြုံးပြနှုတ်ဆက်ကာ သတိုး အပေါ်ထပ်သို့ တက်လာခဲ့သည်။

အိမ်ဝင်တံခါးကို နောက်ပြန်ပိတ်ပြီး အိမ်ထဲလှမ်းကြည့်လိုက်ပေမယ့် ထက်ဝေယံ ဘယ်မှာမှ ရှိမနေ။

အကြောင်းသိပြီးမို့ သတိုး studio အခန်းထဲ တန်းဝင်လာခဲ့သည်။ keyboard ရှေ့မှာ ထိုင်နေသော ထက်ဝေယံထံလျှောက်သွားပြီး မုန့်ဗူးကို ကမ်းပေးလိုက်သည်။ မျက်စိပင့်ကြည့်ကာ ပန်းရောင် strawberry cream အုပ်ထားသော donut တစ်ခုကို လှမ်းယူကာ တစ်ဝက်တိတိကိုက်ချလိုက်သည်။

မုန့်ဗူးကို ဘေးနားချကာ အခန်းမှ လှည့်ထွက်ဖို့ လုပ်ပေမယ့် ဝေယံ သူ့လက်မောင်းအကျီင်္စကို ဖမ်းဆွဲထားသည်။

"ဟေ့ကောင်လေး.. ဘယ်သွားမှာလဲ.. လာခဲ့"

"ဘာလဲဗျာ..."

"မင်း သီချင်းကို ဒီနေ့အပြီး ပြင်..."

"အခုမှ ကျောင်းကပြန်လာတာ.. ရေတော့ချိုးပါရစေဦး..."

"မရဘူး ဟေ့ကောင်... ထိုင်..."

ထက်ဝေယံ မုန့်တစ်ခုလုံးကို ပါးစပ်ထဲပစ်ထည့်ကာ keyboard ရှေ့မှ ထလိုက်သည်။

သတိုး သက်ပြင်းချရင်း ထက်ဝေယံနေရာမှာ ၀င်ထိုင်လိုက်သည်။ ဒီ သီချင်းတစ်ပုဒ်ကို သူ ထက်ဝေယံရှေ့မှာ တီးဖြစ်သည်မှာ အနည်းဆုံး အခေါက် တစ်ရာကျော်လောက်ရှိပြီထင်သည်။

"ငါ ရှေ့ပိုင်းတွေမှာ timing ပြောင်းထားတယ်... ပြီးတော့ အ၀င်မှာ တခြား instrument တွေ အကုန်ဖြုတ်ထားတယ်.. chorus ပိုဒ်ရောက်မှ drum နဲ့ ဂစ်တာပါ တွဲဝင်မယ်.. နားလည်လား..."

ထက်ဝေယံ ဘေးနားမှာချထားသော ဂစ်တာကို ကောက်လွယ်လိုက်သည်။ သတိုး သူ့ရှေ့မှ note စာရွက်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။

"ဒါဆို စန္ဒရားနဲ့ vocal ပဲလား .."

"အေး.. တမင် အဲဒီလိုဖြစ်အောင် ပြင်ထားတာ..."

Intro မှာမရှိသလောက်ပင်။

သတိုး ချက်ချင်းလိုလို သံစဉ်အတိုင်း သီဆိုလိုက်သည်။ ထက်ဝေယံ ပြောင်းထားသည်များမှာ ပိုပြီးအဆင်ပြေနေသည်ကို သူ ချက်ချင်းသတိထားမိသည်။ အလောမကြီးသော timing က သူ့အသံကို ပိုပြီး ရှင်းလင်းသွားစေသည်။

"မဆိုးဘူး ကိုလေး.. ကျွန်တော်သဘောကျတယ်.."

ထက်ဝေယံ ခေါင်းခါသည်။

"အစပိုင်းကို Tone ကိုချပြီးဆို သတိုး.. တကယ့်ကို တိုးတိုးလေးဖြစ်ပါစေ... နောက်တစ်ခေါက်..."

တစ်နာရီလောက်ကြာသည်အထိ ထက်ဝေယံ စိတ်တိုင်းမကျသေး။ သတိုး လည်ချောင်းပင် နာချင်လာပြီဖြစ်သည်။

"ကျွန်တော် နားပါရစေဦး ကိုလေးရာ.. ညက အဖွားနေမကောင်းလို့ တစ်ညလုံး မိုးလင်းပေါက် မအိပ်ခဲ့ရဘူး..."

သတိုး keyboard ရှေ့မှ ခုန်ဆင်းကာ ကြမ်းပြင်ပေါ်မှာပင် ဟန်မဆောင်နိုင်တော့ဘဲ ပက်လက်လှန် ချလိုက်သည်။ ထက်ဝေယံ ကမ်းပေးလာသော ရေဗူးကို လှမ်းယူကာ ခေါင်းထောင်ရုံသာထောင်ပြီး တစ်ဝက်ကျိုးသည်အထိ မော့သောက်လိုက်သည်။

"စာရင်းပိတ်ဖို့က သိပ်မလိုတော့ဘူး သတိုး.. ငါစိတ်ပူတယ်..."

"ကျွန်တော်ကတော့ သိပ်မထင်ဘူး.. အခုပြိုင်ပွဲက လူသစ်တွေချည်းပဲ ပါတာမဟုတ်ဘူး.. နာမည်ကြီးပြီးသားသူတွေပါ ပါတယ်.. ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့.."

"ကိုယ့်ဘက်ကတော့ အကောင်းဆုံး ပြင်ဆင်ထားရမှာပဲ သတိုး.. ဒီပြိုင်ပွဲမှာမပါရလည်း စိတ်ပျက်စရာတော့မရှိဘူး.. တခြားတေးသံသွင်းတွေကို ငါ မင်း သီချင်းတွေလိုက်ပို့ထားပြီးသားပဲ..."

အပင်ပန်းခံနိုင်လွန်းသော ထက်ဝေယံကိုကြည့်ကာ သတိုး စိတ်မောရသည်။

သူက ၀ါသနာရှင်ဆိုပေမယ့် သူ့အပေါ် ထက်ဝေယံ၏ ယုံကြည်မှုသည် နက်ရှိုင်းလှသည်။ သတိုးမသိလိုက်ခင်မှာပင် ကုန်ဆုံးသွားခဲ့သော တစ်နှစ်ကျော်အချိန်များတွင် ဝေယံ၏ ပြင်ဆင်ပေးမှုများဖြင့် သူ နေသားကျနေပြီဖြစ်သည်။

သူ့၏ မျက်မှန်သည် ထက်ဝေယံ၏ ပထမဆုံး ပစ်မှတ်ဖြစ်သည်။ အရမ်းဆွဲဆောင်နိုင်လွန်းတဲ့ မင်းမျက်လုံးတွေကို ဒါကြီးနဲ့ မကွယ်ထားနဲ့ဆိုသည့် စကားနောက်မှာ သတိုး မျက်ကပ်မှန်သာ တပ်ဖြစ်တော့သည်။

အကသင်တန်းနှင့် အဆိုသင်တန်းကိုလည်း တစ်ပါတ်နှစ်ရက်ကျောင်းပြေးကာ ပုံမှန်တက်ဖြစ်သည်။

"သတိုး.. အခွေတစ်ခုထုတ်ဖို့ဆိုတာ ပိုက်ဆံရှိရင် လွယ်တယ်.. ငါ ပိုက်ဆံ စိုက်ပြီး အခွေထုတ်ပေးလိုက်ရင် မင်း ချက်ချင်း နာမည်ကြီးသွားမယ်ဆိုတာ ငါ သေချာသိတယ်.. ဒါပေမယ့် ဒါမျိုး ဖြစ်သွားရင် မင်း တစ်သက်လုံး နာမည်နာသွားမှာကွ...."

ထက်ဝေယံ ဂစ်တာကို နံရံမှာထောင်ကာ သတိုးဘေးနား လာထိုင်လာသည်။

ရှည်လာပြီဖြစ်သော ထက်ဝေယံ၏ ဆံပင်များသည် အရင်ပုံစံ အလိပ်အလိပ်နှင့်ဖြစ်သည်။ ဘေးနှစ်ဖက်ကို ခပ်ပါးပါးညှပ်ထားသောကြောင့် ချုပ်ရာအမာရွတ်ကို မြင်နေရသေးသည်။

ဒါပေမယ့် ထက်ဝေယံ ဂရုမစိုက်တော့။

"ငါ အဆိုတော်ဖြစ်လာတာ ပိုက်ဆံရှိလို့.. သတိုး... ဒါပေမယ့် မင်းအဆိုတော်ဖြစ်လာရင်တော့ အရည်အချင်းရှိလို့ဆိုတာပဲ ငါ ဖြစ်စေချင်တယ်.."

ထက်ဝေယံသည် ယမုံပြောသလို တကယ်ပင် ခင်မင်စရာကောင်းသလို စိတ်ထားကောင်းသူတစ်ယောက်ဖြစ်နေတာကို သတိုး မ၀န်ခံ၍မရ။

"မင်း မျက်နှာတွေ အရမ်းကျနေတယ်.. ဆောရီးကွာ.. မင်းပင်ပန်းနေမှာမှန်းသိပေမယ့် ငါ အရမ်းတွန်းနေသလို ဖြစ်နေပြီ..."

လက်နှစ်ဖက်ယှက်ကာ ခေါင်းအောက်ထည့်ပြီး မျက်စိမှိတ်ထားသော သတိုး၏ ပါးပြင်ကို ထက်ဝေယံ ညင်သာစွာ ထိတွေ့လိုက်သည်။ သတိုး မျက်လုံးမဖွင့်ပေမယ့် တစ်ကိုယ်လုံးတောင့်တင်းသွားတာကို သူ့လက်များအောက်မှာ ထက်ဝေယံ သိသည်။

ဒါကအမြဲဖြစ်နေကျ ဖြစ်ရပ်တစ်ခု။

သတိုးသည် သူ၏ အထိအတွေ့ကို ဘယ်တော့မှမငြင်းသလို၊ ရုန်းကန်ခြင်းလည်းမရှိ။ ဘယ်သောအခါဖြစ်ဖြစ် သတိုးနှင့်အတူနေရန် သူ့ဆန္ဒရှိတိုင်း သတိုးလိုက်လျောသည်။ လှိုက်လှဲစွာတုံ့ပြန်ခြင်းမရှိပေမယ့် အတိုင်းအတာတစ်ခုအထိ လက်ခံမြဲဖြစ်သည်။

သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို ဘယ်လိုသတ်မှတ်ရမည်ကို ထက်ဝေယံမသိ။

ပါးပြင်မှတစ်ဆင့် နှုတ်ခမ်းများရှိရာ လက်ဖျားနှင့် ဆက်တိုက်ရွေ့လာခဲ့သည်။ ကွဲကြောင်းငယ် မသိမသာထင်သော အောက်နှုတ်ခမ်းအိများကို သူ မက်မောစွာ ထိတွေ့မိသည်။

မသိသာသော်လည်း သတိုး မျက်နှာကို တခြားဖက်သို့ စောင်းလိုက်သည်ကို ထက်ဝေယံသိသည်။

သတိုးနှုတ်ခမ်းများရှိရာသို့ ငုံ့ဆင်းသွားသော ထက်ဝေယံ၏ မျက်နှာရပ်တန့်သွားသည်။ သတိုး၏ စည်းကမ်းချက်ကို အခုနောက်ပိုင်း သူ မကြာခဏ မေ့ချင်နေသည်။ မေ့ချင်နေသည်ဆိုတာထက် ဂရုမစိုက်ချင်တော့ဆိုလျှင် ပိုမှန်မည်ထင်သည်။

သက်ပြင်းငွေ့တစ်ခုနှင့်အတူ ဖြူစင်းသော လည်ပင်းများကိုသာ ရှိုက်နမ်းလိုက်သည်။ ထို့နောက်မှာတော့ အေးစက်နေသော သူ့လက်များသည် သတိုး၏ လက်ဖ၀ါးများကို တင်းကြပ်စွာ လက်ချောင်းချင်းချိတ်ကာ ဆုပ်ကိုင်လိုက်သည်။

သူချစ်လွန်းသော သတိုး၏ လက်ဖ၀ါးများနှင့် ထိတွေ့ခွင့်သည်ကပင် ထက်ဝေယံ တစ်ကိုယ်လုံးကို ကြည်နူးမှုများဖြင့် ပြည့်နှက်သွားစေသည်။

ဒီနေ့တော့ သူ ဒီလောက်နှင့်ပင် ကျေနပ်နိုင်ပါသည်။

"အိပ်ခန်းထဲမှာ သွားနား သတိုး.. မင်း နိုးလာရင် ငါ အိမ်ပြန်လိုက်ပို့ပေးမယ်..."

သတိုး မျက်လုံးများဖွင့်ကာ သူ့ကိုစိုက်ကြည့်လာသည်။ ထိုမျက်လုံးများထဲတွင် အံ့သြရိပ်တစ်ချို့နှင့်အတူ မေးခွန်းတစ်ချို့ရှိနေသည်။

သူ့ရဲ့ ရပ်တန့်လိုက်သည့် အနမ်းများ၏ အဖြေဆိုလျှင် ထက်ဝေယံ ဘာဖြေရမည်မသိ။

သူ့ဦးနှောက်က ရှေ့ဆက်ဖို့ အကြိမ်ကြိမ်ပြောနေပေမယ့် နှလုံးသားက ရှေ့ဆက်ဖို့ခွန်အားမရှိ။

သတိုးကို နားစေချင်သည်။

ငြိမ်းချမ်းစေချင်သည်။

ပြီးတော့ သူတို့နှစ်ယောက်၏ ရင်းနှီးမှုတိုင်း၏အစမှာ ဘာမှမဖြစ်သလို ဟန်ဆောင်ပေမယ့် နာကျင်သွားသလို ဖြစ်တတ်မြဲဖြစ်သော သတိုး၏ မျက်လုံးညိုများကို မမြင်ချင်မိ။

...............................................................

..............................................................

နေရှင်းခ မီးဖိုခန်းနံရံမှ နာရီကိုမော့ကြည့်တော့ ညည့် ၁၂ နာရီပင်ကျော်နေပြီဖြစ်သည်။

"ဒါ နောက်ဆုံး order ပဲမဟုတ်လား Ling..."

ပြင်ထားပြီးဖြစ်သော Tiramisu dessert ပန်းကန်နှစ်ချပ်ကို နေရှင်းခ ကမ်းပေးလိုက်ရင်း စားပွဲထိုးမလေးကို လှမ်းမေးလိုက်သည်။

အညိုရောင် Cacao မှုန့်များဖြူးထားသော အချိုမုန့်သည် စားချင်စဖွယ် အိစက်နေသည်။ ကော်ဖီ၊ နွားနို့၊ ကြက်ဥ၊ ဘီစကစ်များဖြင့် ပြုလုပ်ထားပြီး cream နှစ်များနှင့် ပြည့်နေကာ ပါးစပ်ထဲရောက်သည်နှင့် ပျော်ဝင်ချိုစိမ့်ကာ အရသာရှိလွန်းလှသည့် အချိုပွဲတစ်ခုဖြစ်သည်။

"ဟုတ်တယ်.. အဲဒီ့တစ်ဝိုင်းပဲကျန်တော့တယ်.. မပြန်နိုင်ကြသေးဘူး.."

Yi Ling က နှာခေါင်းရှုံ့ပြုံးရင်း ပန်းကန်ကိုယူကာ စားသောက်ဝိုင်းများရှိရာ ပြန်လျှောက်သွားသည်။

စင်္ကာပူမှာပင်မွေးကာ စင်္ကာပူမှာပင် ကြီးပေမယ့် မိခင်မှာ မြန်မာဖြစ်သောကြောင့် Ling မှာ မြန်မာစကား ကောင်းကောင်းနားလည်ကာ ပြောလည်းပြောတတ်သည်။ ဒါပေမယ့် ကပြားသူ Ling ကို တွေ့သူတိုင်း မြန်မာဟုမည်သူမှ မထင်။

အရပ်အနည်းငယ်ပုသော်လည်း ချစ်ဖို့ကောင်းလွန်းသည့် ထိုကလေးမကို စလုံးသူလေးဟုသာ လူတိုင်းထင်ကြသည်။

"သန့်ရှင်းရေးလုပ်တော့ Alan... kitchen ပိတ်ရအောင်...."

ပန်းကန်ဆေးစက်ရှေ့တွင် အလုပ်ရှုပ်နေသော Alan ကိုတော့ နေရှင်းခ အင်္ဂလိပ်လို လှမ်းပြောလိုက်သည်။ Alan က စင်္ကာပူနိုင်ငံသား အိန္ဒိယလူမျိုးတစ်ယောက်။

Alan ခေါင်းညိတ်ကာ တံမြက်စည်းတစ်လက်နှင့် လှည်းကျင်းနေပြီဖြစ်သည်။ နောက်ဆုံးလက်ကျန် ဆေးစရာများကတော့ ပန်းကန်ဆေးစက်ကြီးထဲတွင် ထည့်ပြီး စက်ခလုတ်နှိပ်ထားပြီးဖြစ်သည်။

နေရှင်းခ ခေါင်းမှ ဦးထုပ်ဖြူကိုချွတ်ကာ တံခါးငယ်ကို တွန်းဖွင့်ကာ အပြင်ဖက်သို့ ထွက်လာခဲ့သည်။ အခုမှ သူ ဘယ်လောက် ညောင်းညာနေသည်ကို သတိထားမိသည်။ ဟန်ပင်မဆောင်နိုင်တော့ဘဲ လှေကားအုတ်ခုံပေါ်တွင် ထိုင်ချကာ အဖြူရောင်ဝန်ထမ်းဝတ်စုံမှ အပေါ်ကြယ်သီးတစ်ချို့ကိုဖြုတ်လိုက်သည်။

လတ်ဆတ်သော လေပြေကို တ၀ရှူလိုက်ရပေမယ့် ထိုင်းမှိုင်းနေသော စိတ်များက မကြည်လင်လာခဲ့။

ရှင်းခ.. သတိုးနဲ့ထက်ဝေယံ အမြဲတွဲနေကြတယ်.. ငါလည်းတွေ့သလို လူပြောလည်း များလှပြီ.. ငါမေးတိုင်းလည်း အဲ့ကောင် ဝေ့လည်ကြောင်ပတ်နဲ့... နင့်ကိုထောင်ချင်လို့တော့မဟုတ်ဘူး.. ဒါပေမယ့် ငါလည်း သတိုးကို နားမလည်တော့ဘူး..

ဖုန်းထဲမှ ယမုံ့၏ မက်စ်စေ့ခ်ျတစ်ခုကို လှမ်းဖတ်ပြီး နေရှင်းခ စိတ်မောစွာ ကောင်းကင်ကိုမော့ကြည့်မိသည်။

သတိုး.. မင်းဘာတွေလုပ်နေတာလဲ...

နေရှင်းခ စိတ်ထဲမှာ နေစရာမရှိအောင် ကြောက်နေမိသော်လည်း မဖြစ်နိုင်ဟု မျက်စိမှိတ်ယုံချင်နေသည်။

သတိုးနှင့်သူ အဆက်အသွယ်မပြတ်ခဲ့ဟု ပြောလျှင် ရမည်ဖြစ်သလို အဆက်အသွယ်မရှိသလောက်ဆိုလျှင်လည်း မှားမည်မဟုတ်။ သူ ဖုန်းခေါ်လျှင် သတိုးဖြေသည်။ စကားကိုလည်း အရင်ကလိုပင် ပြောမြဲဖြစ်သည်။ သူပြောလာသမျှ ပင်ပန်းမှုတွေ၊ အခက်အခဲတွေကို စိတ်ရှည်စွာ နားထောင်ပေးသည်။ သူ စိတ်ဓါတ်ကျနေချိန်ဆိုလျှင် အားပေးကာ နောက်ပြောင်ပြီး စိတ်ကျေနပ်အောင် ပြောတတ်သေးသည်။

တစ်ခုပဲရှိသည်။

သတိုးကစပြီး သူ့ကိုဆက်သွယ်သည်ဆိုသည်မှာ မရှိ။

မကျေနပ်နိုင်လွန်း၍ မေးလျှင်လည်း မင်း မအားမှာစိုးလို့ဟုသာ အေးအေးပြောတတ်သည်။ ပြန်လာဖို့တို့၊ လွမ်းသည်တို့ကတော့ နေရှင်းခ အိပ်မက်ထဲမှာသာ မက်ခွင့်ရှိနေသည်။ သတိုး လုံးလုံးမပြောခဲ့။ တစ်ခါတစ်လေ သူ တောင်ကြီးကိုသွားခဲ့တုန်းက အချိန်များကို နေရှင်းခ ပြန်သတိရသည်။

သူ့ကိုပြန်လာဖို့ သတိုး အကြိမ်ပေါင်းများစွာ ပြောခဲ့သည်။

အခုတော့ သူ မြန်မာပြည်ပြန်လာချင်ကြောင်းပြောတိုင်း အခွင့်အရေးရတုန်း ကြိုးစားစမ်းပါ ရှင်းခရာဟုသာ ပြောတော့သည်။ တစ်နှစ်ကျော်ဆိုသည့် အချိန်တွေက ကုန်ဆုံးသွားသည်မှာ မြန်လွန်းလှသည်။ သူ ဒီကိုရောက်ခဲ့သည်မှာပင် နှစ်နှစ်နီးပါး ရှိတော့မည်ဖြစ်သည်။

စရောက်စဉ်ကတော့ သင်တန်းတစ်ဖက်၊ အလုပ်တစ်ဖက်နှင့် သေချင်လောက်အောင် ပင်ပန်းရသည်။ မနက် ၇ နာ၇ီ အလုပ်ကိုအချိန်မီရာက်ရင် ငါးနာရီလောက်ကတည်းက အိပ်ရာထရသည်။ နေ့လည် ၃ နာရီ အလုပ်ဆင်းသည်နှင့် ၄ နာရီမှစသော သင်တန်းကိုမီအောင် ပြေးရပြန်သည်။

ည ၈ နာရီမှ သင်တန်းဆင်းကာ အိမ်ပြန်ရောက်ချိန်သည် ည ၉ နာရီကျော် ဖြစ်တတ်သည်။ တစ်ခါတစ်ရံ သူ ပင်ပန်းလွန်းသဖြင့် ညစာ ပင် မစားနိုင်ဘဲ တစ်ခါတည်း ထိုးအိပ်ဖြစ်သည်က များသည်။ ဒါပေမယ့် ပင်ပန်းသလောက် သူ့အတွက် အကျိုးရှိခဲ့သည်။

ခြောက်လသင်တန်းဆင်းပြီးသည်နှင့် အစုံခိုင်းခံ kitchen boy နေရာမှ တစ်ဆင့်ပြီးတစ်ဆင့်တိုးကာ ယခုဆိုလျှင် assistant cook position ကို သူ ရထားပြီမို့ ကျေနပ်သည်ထက်ပိုကာ ပင်ပန်းရကြိုးနပ်သည်ဆိုတာကိုတော့ ပြော၍ရသည်။ သူ့ကို သဘောကျကာ ချီးမြှောက်သည့် chef ၏ ကျေးဇူးလည်းပါသည်။

နေရှင်းခ အလုပ်လုပ်နေသော ဟိုတယ်သည် အလယ်အလတ်တန်းစားတွင် ပါသည်။ စင်္ကာပူမြို့ အချက်အချာကျသော China Town တွင် တည်ရှိသည်မို့ သွားလာရသည်မှာလည်း လွယ်ကူသည်။ ငါးထပ်ဖြစ်ပြီး အခန်းပေါင်း ၃၅ ခန်းသာရှိသဖြင့် မိသားစုပုံစံဟု ပြော၍ရမည်ဖြစ်ကာ တစ်နှစ်ပတ်လုံး ဧည့်သည်ပြတ်လပ်သည်တော့မရှိ။

"ရှင်း...."

"ကျေးဇူးပဲ.. Ling"

Ling ကမ်းပေးလာသော ice tea သံဗူးကိုဖောက်ကာ နေရှင်းခ မော့သောက်လိုက်သည်။ အေးစက်ခါးသက်သော နှစ်သက်ဖွယ်အရသာကို သူ သတိမထားမိလိုက်။

"ဧည့်သည်တွေ ပြန်ကုန်ပြီလား.."

"အေး... နင် ပြန်ရင် ငါလိုက်ပို့ပေးမယ်လေ.."

"ရပါတယ်.. MRT ပဲ စီးသွားလိုက်မယ်.."

"နာရီလည်းကြည့်ဦး ရှင်း.. နောက်ဆုံးရထား ထွက်သွားပြီ..."

ချစ်စရာ မျက်လုံးစင်းစင်းနှင့် Ling ၏ သူ့အပေါ် စိတ်ဝင်စားမှုသည် ရိုးသားခြင်းကို ကျော်လွန်ကြောင်းသူ သိသည်။ ဒါ့ကြောင့်လည်း ဖြစ်နိုင်လျှင် သိပ်မပတ်သက်နိုင်အောင် သူ ကြိုးစားနေမိခြင်းဖြစ်သည်။

"လာပါ.. ငါ လိုက်ပို့ပေးပါ့မယ် ရှင်းရာ... မနက်ကျရင် အစောကြီး ဟိုလူကြီးအစား နင် အလုပ် ၀င်ရမယ် မဟုတ်လား.. second chef ပညာပြပြီး နေမကောင်းချင်ယောင် ဆောင်နေပြန်ပြီ..."

နေရှင်းခ ပြုံးကာ ထိုင်နေရာမှ ထလာခဲ့သည်။ ယူနီဖောင်း ၀တ်စုံကိုလဲလှယ်ပြီးတော့ ညည့်ဆယ့်နှစ်နာရီ ကျော်ပြီ။

စင်္ကာပူမြို့၏ ညချမ်းအလှသည် တောက်ပထည်ဝါလွန်းသည်။ အမှိုက်စတစပင်မရှိသော ကတ္တရာလမ်းသည် အဆုံးမရှိ ဖြောင့်တန်းနေသည်။ လင်းထိန်သော လျှပ်စစ်မီးများနှင့် မိုးမျှော်တိုက်များမှာ စွင့်ကားမြင့်မားစွာ တည်ရှိနေသည်။

ထိန်ထိန်သာနေသော လမင်းသည်လည်း ကားပြတင်းပေါက်မှတစ်ဆင့် အားကုန်ပြေးလိုက်လာသလို။ နေရှင်းခ၏ ဆံပင်များ လေအေးနှင့်အတူ ယိမ်းခါသွားသည်။

"ရှင်း.. မနက်က chef နင့်ကို သူ့ရုံးခန်းခေါ်ပြီး ဘာတွေပြောနေတာလဲ..."

"အလုပ်ကိစ္စပါ..."

"ဘာဖြစ်လို့လဲ... နောက်ထပ်ရာထူး တိုးပေးမယ်တဲ့လား..."

နေရှင်းခ ပြုံးမိသည်။

အလုပ်ထဲတွင် chef မှာ သူ့ကို အရေးပေးသည်ကို လူတိုင်းသိသည်။ နေရှင်းခကိုယ်တိုင်ကလည်း အလုပ်ဆိုလျှင် မတွယ်ကပ်တတ်သလို အပင်ပန်းခံ လုပ်ပေးမြဲဖြစ်သည်။

"သူ မြန်မာပြည်က ဟိုတယ်တစ်ခုကို အလုပ်ပြောင်းရမယ်တဲ့.."

"တကယ်..."

Ling အံ့သြသွားဟန် ကားမောင်းနေရာမှ နေရှင်းခကို လှည့်ကြည့်လာသည်။

"ငါ့ကိုပါ တစ်ခါတည်း ခေါ်သွားချင်တယ်ပြောတယ်...."

Second chef ဆိုသည့်ရာထူး...

ဒေါ်လာထောင်ချီရနိုင်မည့် အခွင့်အရေးတစ်ခု..

မြန်မာပြည်ကိုလည်း ပြန်ရမည်..

ကြားခါစက နေရှင်းခ မိမိနားပင်မယုံချင်လောက်အောင် ပျော်သွားခဲ့သည်။

ဒါပေမယ့် ယမုံ့မက်စ်စေ့ခ်ျကို တွေ့ပြီးချိန်မှာတော့ စိတ်တွေလေးလံကာ မပျော်နိုင်တော့။ သူ ဘာမှန်းမသိဘဲ ရန်ကုန်ပြန်ရမည်ကိုပင် ကြောက်နေသလို ခံစားရသည်။

"နင် ပြန်တော့မှာပေါ့.. ဟုတ်လား.."

Ling အသံမှာ စိတ်မကောင်းသံပါနေသည်။

တစ်နေရာထဲတွင် နှစ်နှစ်လောက် အလုပ်အတူလုပ်ခဲ့သူမို့ နေရှင်းခလည်း ခွဲခွာရမည်ကို စိတ်မကောင်း။ ပြီးတော့ ပြန်ရမည်ဆိုတာကိုလည်း မပျော်။

"ရောက်ပြီလေ.. ဘာတွေ ငေးနေတာလဲ..."

"ကျေးဇူး.."

ကားတံခါးကို ဆွဲဖွင့်ကာ ပလက်ဖောင်းပေါ် နေရှင်းခ ဆင်းလိုက်သည်။

"ငါ့ကို အိမ်ပေါ်တက်ဖို့ မဖိတ်တော့ဘူးလား."

မျက်စိတစ်ဖက်မှိတ်ကာ မေးလာသော Ling ကြောင့် နေရှင်းခ မျက်နှာရဲသွားသည်။

"နောက်တာပါဟာ.. see you tomorrow.."

Ling ရယ်ကာ ကားမောင်းထွက်သွားမှ သူ သက်ပြင်းချမိသည်။ ဘောင်းဘီဘေးအိတ်မှ ဖုန်းကို ထုတ်ယူကာ မှောင်မည်းနေသော ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်မိသည်။

သူထင်ထားသည့်အတိုင်း သတိုးထံမှ ဘာ message မှရောက်မနေ။

သတိုး.. မင်း ငါ့ကိုပြန်လာစေချင်သေးရဲ့လား...

နေရှင်းခအတွက်တော့ ဒီအတွေးနှင့်ပင် ပင်ပန်းလွန်းလှပြီဖြစ်သည်။

Continue Reading

You'll Also Like

590K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
115K 16.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.3M 56.7K 68
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
19.9K 510 25
မိဘစကားကို တစ်ခါမှမငြင်းဆန်ဖူးတဲ့ လိမ္မာပြီးကြိုးစားတဲ့ ၁၆ နှစ်အရွယ် ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်နဲ့ ခပ်ရှုပ်ရှုပ်နေတတ်ပြီး လွတ်လွတ်လပ်လပ်နေရတာ...