ကြယ်တွေကြွေသောည

By akyinnamon

5M 405K 28K

(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့... More

A/N
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (Unicode)
Part 24 (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
ဇာတ်သိမ်းပိုင်း
Sequel 1 (Unicode)
Sequel 2 (Unicode)
Sequel 3 (Unicode)
Sequel 4 (Unicode)
Sequel 5 (Unicode)
Sequel 6 (Unicode)
Sequel 7 (Unicode)
Sequel 8 (Unicode)
Sequel 9 (Unicode)
Sequel 10 (Unicode)
Sequel 11 (Unicode)
Sequel 12 (Unicode)
Sequel 13 (Unicode)
Sequel 14 (Unicode)
Sequel 15 (Unicode)
Sequel 16 (Unicode)
Sequel 17 (Unicode)
Sequel 18 (Unicode)
Sequel 19 (Unicode)
Sequel 20 (Unicode)
Sequel 21 (Unicode)
Sequel 22 (Unicode)
Sequel 23 (Unicode)
Sequel 24 (Unicode)
Sequel 25 (Unicode)
Sequel 26 (Unicode)
Sequel 27 (Unicode)
Sequel 28 (Unicode)
Sequel 29 (Unicode)
Sequel 30 (Unicode)
Sequel 31 (Unicode)
Sequel 32 (Unicode)
Sequel 33 (Unicode)
Sequel 34 (Unicode)
Sequel 35 (Unicode)
Sequel ဇာတ်သိမ်းပိုင်း
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 4 (Unicode)
Author's Note
Title
Chapter 1 (Zawgyi)
Chapter 2 (Zawgyi)
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်စကား
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Final Part 1
Final part 2
❤Thankyou all❤
လေးငယ် extra(1)
extra (2)
extra(3)
extra 4
extra (5)
extra (ending)
ကြယ်တွေကြွေသောည #Out Now
ကြယ်တွေကြွေသောည SEQUEL
X'mas Special Extra (Part 1 ) Uni
X'mas Special Extra (Part 2) Uni
X'mas Special Extra (Part 1) Zawgyi
X'mas Special Extra (Part 2) Zawgyi

Chapter 4

43.5K 4K 176
By akyinnamon

ဒေါ်မေချိုခြေတစ်ဖက်ချိတ်ထိုင်နေရာမှ ဆိုဖာလက်ကိုင်ပေါ် ကိုယ်ကိုမှီလိုက်ရင်း သူမရှေ့မှ ဒေါ်ဟေမာကို အကဲခတ်သလို စူးစိုက်ကြည့်မိသည်။

ဒေါ်ဟေမာဝတ်ထားသော ပါတိတ်ထမီသည် အတော်ပင် နွမ်းနေကာ အရောင်လွင့်နေပြီဖြစ်သည်။ နားနှစ်ဖက်တွင်လည်း နားပေါက်ဟောင်းလောင်းနှင့်ဖြစ်ကာ လည်ပင်းမှ ဆွဲကြိုးငယ်သည် ပျောက်ကွယ်တော့မလိုထင်ရသော ရွှေဆွဲကြိုးမျှင်မျှင်လေးသာဖြစ်သည်။

အရင်ကလို တောက်တောက်ပြောင်ပြောင် မဟုတ်တော့သည့် သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ဒေါ်မေချို မသိမသာသက်ပြင်းတစ်ချက်ချမိသည်။

"ကော်ဖီသောက်ဦးလေ ဟေမာ..."

"ဟုတ်ကဲ့ မမ...."

ကလေးနှစ်ယောက်ထွက်သွားကတည်းက ဧည့်ခန်းသည် တိတ်ဆိတ်ကာ ကျန်နေခဲ့သည်။

ဒေါ်ဟေမာက ဟုတ်ကဲ့ဖြေလာသော်လည်း ကော်ဖီခွက်ရှိရာသို့လက်မရွေ့။ ကြေမွနေသော သူမလက်ထဲမှ လက်ကိုင်ပုဝါကိုသာ အထပ်ထပ်အခါခါ ပွတ်ခြေနေသည်။

"ပြောပါဦးဟေမာရယ်.. ကိုမင်းနိုင်ဘာဖြစ်လို့ အလုပ်ပြုတ်ရတာတဲ့လဲ.. သူ ဒီလောက်တော်တာ..."

"မမမောင်က လူတော်သလောက် ရိုးလွန်းတာကိုး မမရယ်.. ၀န်ထမ်းလုပ်စားဖို့မကောင်းဘဲ သင်းအုပ်ဆရာပဲလုပ်ဖို့ကောင်းတယ်....."

သတိုးဖခင် ဦးမင်းနိုင်သည် ဒေါ်မေချို တွေ့ဖူးသမျှလူအားလုံးတွင် အရိုးဆုံး၊ အဖြောင့်ဆုံးလူတစ်ယောက်ဖြစ်သည်။ တစ်ခါတစ်ရံ ရိုးအေးသည်ကိုကျော်ကာ တုံးအ သည့်အပိုင်းထဲထိ ရောက်ချင်ချင်ဖြစ်သည်ဟု သူမ ထင်သည်။

ဦးမင်းနိုင်၏လုပ်ငန်းခွင်သည် မှုခင်းရေးရာကို စစ်ဆေးရသည့် အပိုင်းဖြစ်သည်။ လူသတ်မှု၊ လူသေမှု များကို စစ်ဆေးမှတ်တမ်းတင်ရသည့် မှုခင်းရဲတစ်ယောက်ဖြစ်သည်။ လူချမ်းသာ သားသမီးများနှင့်ပတ်သက်သည့်အမှုများ အနည်းနှင့်အများရှိရာ ဦးမင်းနိုင်နောက်မှ မျက်ရည်စက်လက်နှင့် ပိုက်ဆံအထုပ်ပိုက်ကာ လိုက်လာသည့် လူများမနည်းလှ။

မှုခင်းပိုင်းဆိုင်ရာ ဓါတုဗေဒ၀န် ဦးမင်းနိုင်၏ စာတစ်ကြောင်း၊ မှတ်တမ်းတစ်ခုသည် အပြစ်ရှိသူများကို ထောင်မှလွတ်စေနိုင်သလို တစ်သက်တစ်ကျွန်းလည်း ကျစေနိုင်သည်။

ဒီတော့လည်း အပြစ်ဒဏ်မှလွတ်ရန် အိမ်တစ်လုံး၊ ကားတစ်စင်းမှစ၍ ပိုက်ဆံအထပ်လိုက်ပုံပေးချင်သူများ မရှားလှ။ ဒါပေမယ့် ဦးမင်းနိုင်၏ သိက္ခာနှင့်ကိုယ်ကျင့်တရားသည် လာဘ်ပေးလာဘ်ယူကို လုံးလုံးပင် လက်မခံသလို မိမိအလုပ်ပေါ်တွင် အသက်နှင့်လဲ၍ သစ္စာရှိလှသည်။

မိုးခါးရေသောက်သည်သာများသော ၀န်ထမ်းလောကတွင် ဦးမင်းနိုင်ကို လူအများကရှေ့တွင်ချီးကျူးသော်လည်း နောက်ကွယ်တွင် ရွံကြောက်ကြီးဖြစ်နေသည်ကို ဒေါ်မေချိုကောင်းကောင်းသိသည်။

မန္တလေးသို့ ရာထူးတိုး၊ အလုပ်ပြောင်းခန့်ခံရခြင်း နောက်ကွယ်တွင်လည်း ရန်ကုန်ရုံးတွင် ဦးမင်းနိုင်အရိုးစူးနေသူများကြောင့်ဖြစ်ကြောင်း သူမ တစ်စွန်းတစ်စကြားထားပြီးဖြစ်သည်။

"မန္တလေးမှာအဆင်မပြေဘူးလား ဟေမာရယ်..ဘာတွေဖြစ်လို့လဲ..."

"မမသတင်းစာတွေမှာ ဖတ်လိုက်ရလားမသိဘူး... မန္တလေးမှာ တရုတ်တန်းက ကလေးမလေး မီးရှို့သတ်ခံရတဲ့အမှုလေ..."

"ကြားတယ်ဟေမာ..  ရိုးရိုးမတော်တဆမီးလောင်ပြီး လူသေတယ်ထင်ပြီးမှ လူသတ်တာပြန်ပေါ်လာတဲ့အမှုမဟုတ်လား..."

"အဲဒါ မမမောင်ကြောင့်လေ... လူရိုးကြီး မမမောင်ကြောင့်ပေါ့... တကယ်ဆိုအမှုကပိတ်တော့မှာ.. အားလုံးကလည်း မတော်တဆမီးလောင်တဲ့အထဲမှာ ကလေးမလေးပါပြီးသေသွားတယ်ဆိုပြီး စစ်တမ်းထွက်ပြီးသား.. အဲဒီအမှုတစ်ခုလုံးမှာ မလောင်ဘဲ ကျန်ခဲ့တဲ့ကောင်မလေးရဲ့ အရေပြားတစ်ချို့ကလွဲရင် ဘာဆိုဘာမှစစ်စရာမရှိတာ.. အထက်လူကြီးတွေက မမမောင်ကို အမှုကိုအမြန်ဆုံးပိတ်ဖို့ တွန်းနေတာ.. အဲဒါကို မမမောင် မောင်လူရိုးက ရအောင်ပြန်ဖွင့်တယ်လေ.."

ပြောရင်းမှ ထွက်လာသော ဒေါသများကြောင့် ဒေါ်ဟေမာ့အသံများ တုန်ချင်လာသည်။

တကယ်ဆို လူဖြစ်လာမှတော့ အခါအခွင့်ကို သိဖို့လိုသည်။ ထိုအမှုသည် စဖြစ်လာကတည်းက အားလုံးလိုလို လက်ရှောင်ချင်ကြသည့် အမှုတစ်ခုဖြစ်ကြောင်း မှုခင်းရုံးတစ်ခုလုံးတွင် ကလေးကအစ နားလည်သည်။ အထက်လူကြီးတွေရော လက်အောက်ငယ်သားတွေပါ အတန်တန်တားနေသည့်ကြားမှ ဦးမင်းနိုင်သည် ငါ့မြင်းငါစိုင်း လုပ်ခဲ့သည့်အမှုဖြစ်သည်။

"ဟေမာလည်း နားမလည်ပါဘူး မမရယ်.. မီးလောင်ပြီးသေတာဆိုရင် အရေပြားက ရှုံ့တွပျက်ဆီးရမှာတဲ့.. အခုကလေးမအရေပြားက အကောင်းပကတိကျန်ခဲ့လို့ အသတ်ခံရလို့ သေပြီးလဲကျနေတုန်းမို့ အပေါ်ပိုင်းတွေပဲလောင်ပြီး  အောက်အရေပြားက အကောင်းပကတိ ကျန်ခဲ့တာတဲ့လေ.. သတ်ပြီးမှ မီးရှို့အလောင်းဖျောက်တာဖြစ်တဲ့အကြောင်း ထောင့်စေ့အောင်ရှင်းပြ သက်သေခံတာလေ.... ကောင်မလေးရည်းစား ထောင်ထဲတန်းရောက်တာပေါ့..."

"သြော် ဒါ့ကြောင့်လား... မမ မသိရပါလားကွယ်.. ဒါနဲ့အလုပ်ပြုတ်တာ ဘာဆိုင်လဲ ဟေမာ...."

"ဆိုင်ပါသကော မမရယ်.. အဲဒီ့ကောင်လေးက အထက် အထက်တွေရဲ့ အားလုံးအထက်မှာရှိတဲ့ လူကြီးတစ်ယောက်ရဲ့ သားလေ... ကောင်လေးထောင်ထဲရောက်ပြီး သိပ်မကြာပါဘူး.. မမမောင် အကြောင်းမျိုးစုံပြပြီး အငြိမ်းစားပေးခံလိုက်ရတာပဲ....ဒီအသက်အရွယ်နဲ့ ဆေးပင်စင်ပေးခံရတာ စဉ်းစားပါဦးမမရယ်..."

"သြော်.. ပင်စင်ယူလိုက်ရတာလား.. ဟေမာပြောတော့ အလုပ်ပြုတ်တယ်ဆို..."

"ဘာထူးလဲ မမရယ်.. ဒီပင်စင်လစာ မဖြစ်စလောက်လေးနဲ့ ဟေမာတို့မိသားစု ဘယ်မှာသွားပြီး စားလောက်မှာလဲ... ပြီးတော့ တစ်သက်လုံး ၀န်ထမ်းအိမ်ရာမှာနေလာတာ.. ဟေမာတို့ပိုင်တာ ဘာမှမရှိဘူး.. အခုတောင် အစ်မ၀မ်းကွဲတွေအိမ်ကပ်နေနေရတာ... ဟေမာတော့ သေသာသေချင်တော့တာပဲ.."

ဒေါ်ဟေမာ ၀ဲတက်လာသော မျက်ရည်စများကို လက်ကိုင်ပုဝါ ထောင့်စွန်းဖြင့် ဖိသုတ်လိုက်သည်။

တကယ်တော့ သူမပေါက်ကွဲချင်တာ ကြာပြီဖြစ်သည်။ အရာရှိဇနီးမယားဖြစ်သော်လည်း ဆရာကတော် ခေါ်ခံရတာမှလွဲလျှင် သူမ မှာ ဘာဆိုဘာမှမရှိ။ အခြားအရာရှိ မိန်းမတွေ ရွှေဆင်၊ စိန်ဝတ်နေချိန်မှာ သူမတို့ကတော့ စားစရိတ်ပင်အနိုင်နိုင်။

တစ်ခါတစ်လေ ဦးမင်းနိုင်ကို ကပ်မရ၍ သူမထံ အထုပ်ကြီးအထုပ်ငယ်များနှင့် ရောက်လာသူများလည်းရှိသည်။ တစ်ခါက မုန့်ထုပ်လေး လက်ခံမိတာတောင် ဦးမင်းနိုင် ကမ္ဘာပျက်မလိုလို ပွက်ပွက်ညံသွားသောကြောင့် နောက်ထပ် ဘာမှ လက်မခံရဲတော့။

အခုတော့ သူမတို့မိသားစု ရိုးဂုဏ်ကိုပိုက်ကာ ရေတိမ်နစ်နေကြပြီဖြစ်သည်။

" ပြီးတော့ သူ့ဘ၀နဲ့ရင်းပြီး ထောင်ထဲထည့်ခဲ့တဲ့ကောင်လေးက လပိုင်းပဲကြာတယ်.. ပြန်လွတ်လာတာပဲ.. လာဘ်စားတဲ့တရားသူကြီးနဲ့တွေ့တော့ အမှန်တရားကို ဖော်ထုတ်ချင်တယ်ဆိုတဲ့ မမမောင် ဘာတတ်နိုင်သေးလဲ.. ကဲ..."

ဒေါ်ဟေမာ့အပြောကြောင့် ဒေါ်မေချို့စိတ်ထဲမသိုးမသန့်ဖြစ်သွားရသည်။

တကယ်တော့ လာဘ်စားသည်ဆိုသည့်တရားသူကြီးများထဲတွင် ဒေါ်မေချိုလဲပါသည်။ ဒီအတိုင်း ဦးမင်းနိုင်လို ရိုးသားသည့် ဂုဏ်ပိုပိုက်ကာ ခါချဉ်ကောင်မာန်ကြီးပြီး တောင်ကြီးဖြိုချင်သူများထဲတွင် သူမ မပါ။ ယောက်ျားဆုံးပြီးကတည်းက တစ်ယောက်တည်း ရုန်းကန်နေရသော မုဆိုးမဘ၀တွင် ရိုးသားမှုဖြင့်ရှာကျွေးသောထမင်းဖြင့် သူမတို့သားအမိ ထမင်းဝနိုင်မှာမဟုတ်။

ဒီအတွက်တော့ ဒေါ်မေချိုမရှက်နိုင်သလို မျက်နှာလည်းခပ်မော့မော့ပင်။

"အေးလေ... ခက်တာတော့ခက်ပါတယ်.. အခုတော့ အားလုံးဒုက္ခရောက်တာပေါ့..."

"ဆိုးတာက အခုတခြားဘယ်ဝန်ထမ်းအလုပ်မှလဲ သူလုပ်လို့မရတော့ဘူးလေ.. တစ်သက်လုံးဝန်ထမ်းလုပ်စားလာတဲ့သူ အိမ်မှာငုပ်တုပ်ထိုင်ရုံကလွဲပြီး ဘာမှမလုပ်တတ်တော့ဘူး.."

"အေးပေါ့နော်... မမအသိုင်းအ၀ိုင်းကြားမှာ အလုပ်အတွက် ဘာဘာညာညာကြားရင် ပြောပါ့မယ်.. ကိုမင်းနိုင်က အနောက်နိုင်ငံက MASTER ဘွဲ့တွေရထားတဲ့သူပဲ.. အလုပ်မရှားပါဘူး ဟေမာရယ်.."

"ဟုတ်ကဲ့... မမကိုပဲ အားကိုးရမှာပဲ.. အခုတောင်အားနာပေမယ့် မမကိုပဲ ဒုက္ခပေးရမှာပဲ..."

"ဘာများလဲဟေမာ..."

ဒေါ်မေချို စိတ်မသက်မသာစွာမေးလိုက်မိသည်။

ဒေါ်ဟေမာတို့မိသားစုကိုခင်ပေမယ့် ကိုယ်တိုင်က အမျိုးသမီးတစ်ယောက်တည်း တစ်အိမ်လုံးဝန်ကိုထမ်းထားရသူမို့ အခြားအရှုပ်အရှက်များကို ခေါင်းထဲသိပ်မထည့်ချင်တော့။

"သတိုးကို မမတို့ဆီမှာ ခဏထားခဲ့လို့ရမလား.. ငါးရက် တစ်ပတ်ပါပဲ မမရယ်.. မကြာပါဘူး..."

"ရပါတယ်.. ကလေးချင်းလဲခင်နေတာပဲ.. ဟေမာတို့ဘယ်သွားစရာရှိလို့လဲ..."

"ဟေမာ အိမ်ရှာနေတဲ့အခိုက်လေးပါပဲ.. အိမ်ငှားပြီးတာနဲ့ ပြန်လာခေါ်မှာပါ.. တကယ်တော့ ငှားဖို့အိမ်ကတွေ့ပြီးသားပါ.. စာချုပ်ချုပ်ဖို့ပဲကျန်တာ.. ဒီရက်ပိုင်းအိမ်အပြောင်းအရွှေ့တွေနဲ့ ရှုပ်ရှက်ခတ်နေလို့လေ..."

ဒေါ်မေချို စိတ်တိုင်းမကျပေမယ့် ယခင်သံယောဇဉ်ကိုထောက်ထားပြီး ခေါင်းညိတ်လိုက်ရသည်။

ဒေါ်ဟေမာသယ်ဆောင်လာခဲ့သော သားရေအိတ်ငယ်၏အကြောင်းကို ယခုမှ သူမသဘောပေါက်လိုက်ရသည်။ အရင်ကတည်းက သူမသားကို မိမိတို့အိမ်မှာထားခဲ့ရန် စဉ်းစားထားပြီးသားဖြစ်ဟန်ရသည်။

"ရပါတယ်.. ဟေမာတို့အိမ်ပြောင်းပြီး အဆင်ပြေရင်လာခေါ်ပေါ့.. သိပ်တော့မကြာဘူးမဟုတ်လား.. မမကလည်း အပြင်မှာအလုပ်လုပ်နေလို့လေ.. အမေကလည်း သိတဲ့အတိုင်း ကောင်းကောင်းနေမကောင်းဘူး.."

"မကြာပါဘူး မမ.. အလွန်ဆုံးကြာလှ လေးငါးရက်ပါပဲ.."

"အေးလေ.. ဒါဆိုလဲပြီးတာပဲ... ကိစ္စမရှိပါဘူး.. ဧည့်သည်လာရင်တည်းတဲ့ အခန်းလွတ်တစ်ခု အပေါ်ထပ်မှာရှိတယ်.. ရှင်းခအခန်းနဲ့ကပ်ရပ်ပဲ.."

"သြော်..ဟုတ်လား.. ကျေးဇူးပါပဲ မမရယ်.. ဒါဆို ဟေမာပြန်လိုက်ဦးမယ်.."

"ပြန်မယ်ဆိုတာ သတိုးကိုပြောလိုက်ဦးလေ..."

"နေ..နေ.. မမ... မပြောတော့ပါဘူး.. အခုမှနေရှင်းခနဲ့ ပြန်တွေ့ရတာ သူတို့စကားပြောလို့ပြီးဦးမှာမဟုတ်ဘူး.. ညနေမှပဲ ဖုန်းပြန်ဆက်လိုက်မယ်....."

တားချိန်ပင် မရလိုက်အောင် ဒေါ်ဟေမာ အရေးကြီးကိစ္စတစ်ခုရှိသလိုနှင့် ခပ်သွက်သွက်နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

ဒေါ်ဟေမာ သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်မှာတော့ ဒေါ်မေချို စိတ်ပျက်လက်ပျက် ခေါင်းခါမိသည်။ သူများ၏အပူကို ကိုယ့်အပူလုပ်မိသည့် မိမိကိုယ်ကိုသာ ဒေါသထွက်ရမလို။

.................................................................................................

ပြတင်းပေါက်တံခါးနှင့် အိမ်နံရံများမှ တဖျတ်ဖျတ်ရိုက်ခတ်သံသည် လေတိုက်သံတစ်ချို့နှင့်အတူ ပုံမှန်ထွက်ပေါ်နေသည်။

သတိုးကုတင်ထက်မှာ ထိုင်နေရင်း ပြတင်းပေါက်မှ လှမ်းမြင်နေရသော ပိတောက်ပင်ကြီး၏ သစ်ကိုင်းခက်စိမ်းစိမ်းများကို ငေးကြည့်နေသည်။

တစ်ယောက်အိပ်ကုတင်တစ်လုံး၊ အခန်းထောင့်တစ်နေရာမှ သားရေအိတ်တစ်ခုမှလွဲ၍ အခန်းတစ်ခုလုံး ဘာဆိုဘာမှမရှိ။  သားရေအိတ်ငယ်မှာလည်း လေမရှိတော့သော ပူဖောင်းတစ်ခုလို ပျော့ကျပိန်နေသည်။ ပါလာခဲ့သော အ၀တ်အစားတစ်စုံ၊ နှစ်စုံမှာလဲ ထပ်တလဲလဲဝတ်ပြီးသားမို့ ညစ်ပတ်နေပြီဖြစ်ကာ ရေချိုးခန်းမှ အ၀တ်လျှော်တောင်းထဲရောက်နေပြီဖြစ်သည်။

မေမေဒီနေ့လာခေါ်မှာပါ...

သတိုးလှိုက်တက်လာသော ၀မ်းနည်းမှုများကို ပြန်လည်မြိုချရင်း ဖြေသိမ့်တွေးမိသည်။

ဒါပေမယ့် သူ့ရဲ့မျှော်လင့်ချက်ဖျော့ဖျော့သည် မှုန်မှိုင်းနေသော မျက်လုံးများကို အရောင်မတောက်လာစေခဲ့။ သတိုးနေရှင်းခအိမ်သို့ ရောက်နေသည်မှာ ဆယ်ရက်ကျော်ကာ နှစ်ပတ်ပင် ပြည့်တော့မည်ဖြစ်သည်။ ပြန်လာခေါ်မည့် မိခင်ဖြစ်သူကို နေ့တိုင်းစောင့်နေသော်လည်း ယခုအချိန်အထိ ရောက်မလာသေး။

သတိုး ဥာဏ်မှီသလောက် မေမေနှင့်ဖေဖေတို့၏ အိမ်ထောင်ရေးသည် မန္တလေးရောက်ကတည်းက အဆင်မပြေခဲ့။ နေ့တိုင်းလိုလို ရန်ဖြစ်သံများ၊ ငိုသံများနှင့် ဆူညံနေခဲ့သည်။

ရန်ကုန်ပြန်ရောက်လာတော့ ဖခင်ဖြစ်သူ၏ အစ်မ၀မ်းကွဲအိမ်တွင် ခိုကပ်နေရခြင်းမှာ နဂိုကလောင်ကျွမ်းနေသော မီးတောက်သေးသေးအပေါ် လောင်စာဆီထပ်လောင်းသလို ပိုဆိုးလာခဲ့သည်။ သတိုးနှင့်အတူ နေရှင်းခအိမ်သို့ လာခဲ့သည်နေ့၏ မနက်ခင်းမှာလည်း မိခင်နှင့်ဖခင်ဖြစ်သူတို့ အကြီးအကျယ်စကားများခဲ့ကြတာ သတိုးသိသည်။

ရှင်နဲ့မပေါင်းနိုင်တော့ဘူး၊ အိမ်ပေါ်ကဆင်းမယ်ဟူသော စကားကို မိခင်ဖြစ်သူ အော်ကြီးဟစ်ကျယ်ပြောခဲ့သည်ကို သတိုးကောင်းကောင်းကြားခဲ့ရသည်။

ဒါပေမယ့် အခုလို နေရှင်းခ အိမ်မှာ သူ့ကိုထားသွားခဲ့လိမ့်မည်ဟု မထင်ထားခဲ့။

ဒီအိမ်ကြီးသည် သူ့အတွက် အနည်းငယ်မှ နွေးထွေးမှုမရှိသလို ခံစားရသည်။ ရက်ကြာကြာ နေလာသည်နှင့်အမျှ အိမ်ကြီးရှိ မိသားစုအားလုံးနှင့် သတိုး မျက်မှန်းတန်းမိနေပြီဖြစ်သည်။

နေရှင်းခအဖွားဖြစ်သူ ဒေါ်မေတင်သည် မကြာခဏ ဒူးနာတတ်သဖြင့် ဟိုသွားဒီသွား သိပ်မလုပ်။ စိတ်ပြေလက်ပျောက် ခြံထဲဆင်း လမ်းလျှောက်တတ်သည်ကလွဲ၍ ကိုယ့်အခန်းမှာသာ ကျမ်းစာဖတ်၊ စာအုပ်ဖတ်နေတတ်သည်။

ဒေါ်မေချိုသည်လည်း အိမ်မှာအမြဲရှိနေသည်တော့မဟုတ်။ ရုံးချိန်းရှိလျှင်ရှိ၊ မရှိလျှင်လည်း အပြင်မှ အခြားလူမှုရေးကိစ္စများနှင့် အိမ်ကပ်သည်မရှိ။ အိမ်မှာရှိနေလျှင်တော့ သူမ ဧည့်သည်များလာလိုက်၊ သွားလိုက်နှင့် ရှုပ်ရှက်ခတ်နေတတ်သည်။

နေရှင်းခကိုတော့ သတိုး အရိပ်ပင် ဖမ်းမမိနိုင်တော့အောင် ဖြစ်နေသည်။ နေရှင်းခ၏ကျောင်းမှာ မနက်ပိုင်းကျောင်းဖြစ်ကာ မနက်၆နာရီမှ နေ့လည်၁၂နာရီအထိဖြစ်သည်။ ဒါပေမယ့် ကျောင်းဆင်းလျှင်လည်း နေရှင်းခအနေဖြင့် အိမ်သို့တန်းပြန်လာနိုင်သည်မဟုတ်။ ကျူရှင်ပေါင်းများစွာ၊  သင်တန်းပေါင်းများစွာ လှည့်တက်နေသည်မို့ ညခြောက်နာရီကျော် ခုနှစ်နာရီနီးမှ အိမ်ရောက်လာတတ်သည်။

သတိုးအခန်းသို့ လာရောက်စကားပြောသည်ကို ဒေါ်မေချို မကြိုက်ကြောင်း၊ ကျောင်းသားဆိုတာ အချိန်ရသည်နှင့် စာကျက်ရမည်ဖြစ်ကြောင်း နေရှင်းခ အဆူခံထိအပြီးမှာတော့ နေရှင်းခ သတိုးရှိရာအခန်းသို့ အလာကျဲသွားသည်။

သဘောကောင်းပုံရသည့် ခြံစောင့်ကားမောင်း ဦးလေးကြီးကိုမူ တစ်ခါတစ်ခါမှသာ သတိုးတွေ့ဖြစ်သည်။ သတိုးရောက်လာစဉ်က တွေ့ခဲ့ရသည့် အိမ်ဖော်ကောင်မလေးကိုတော့ အခုရက်ပိုင်းမတွေ့ရတော့။

အမြဲတမ်းလိုလို မျက်နှာစူပုပ်ကာ စကားပြောကြမ်းသော ထမင်းချက်အဒေါ်ကြီးကိုသာ များသောအားဖြင့် တွေ့နေရသည်။

မေမေရယ်.. မြန်မြန်ပြန်လာခေါ်ပါတော့.. ဒီအိမ်မှာ သားမနေချင်တော့ဘူး...

မိခင်အမည်ကို ထပ်ပြီးတိုးတိုးရေရွတ်မိသည်နှင့် သတိုးမျက်ရည်များဝိုင်းလာပြီဖြစ်သည်။

"သတိုး.. ဘာလုပ်နေတာလဲ.. အောက်ဆင်းလာခဲ့လေ.. တစ်နေ့တစ်နေ့ အခန်းအောင်းပြီး ဘာလုပ်မှာလဲ..."

အခန်းဝမှ ဒေါ်မေချို၏ခေါ်သံကြောင့် သတိုးလန့်သွားသည်။

ဒေါ်မေချိုသည် သတိုးရောက်လာစကတည်းက မျက်နှာသိပ်မချိုခဲ့။ အခု ၇ ရက်တစ်ပတ်ကျော်ကာ နှစ်ပတ်နီးပါးကြာလာသည်အထိ သားဖြစ်သူကို ပြန်လာခေါ်မည့် ဒေါ်ဟေမာ၏အရိပ်အယောင်ကိုပင် မတွေ့ရသည့်အချိန်မှာတော့ မချိုသည့်မျက်နှာသည် ခါးလာပြီဖြစ်သည်။

"လာလေ...."

နောက်တစ်ကြိမ် ခပ်မာမာခေါ်မှ သတိုးကုတင်ပေါ်မှ တွန့်ဆုတ်ဆုတ်ဖြင့် ဆင်းလာခဲ့သည်။

နောက်ပိုင်းရက်များတွင် သူ့ကိုဆိုလျှင် စားမလိုဝါးမလို စိုက်ကြည့်တတ်သည့် ဒေါ်မေချိုကို သတိုးအလွန်ကြောက်သည်။ သူဘာလုပ်လုပ်၊ ဘယ်လိုနေနေ ဒေါ်မေချိုမျက်စိထဲတွင် အမြဲပင်ကိုးလိုးကန့်လန့်ဖြစ်ကာ အပြစ်ဆိုချင်စရာတွေချည်းပဲဖြစ်နေသည်ကို သတိုး သိသည်။

မိဘနှစ်ပါး၏ အလိုလိုက်မှုအောက်မှာ နေသားကျနေသော သူ့အတွက် ဒေါ်မေချို၏ တင်းကြပ်သောစည်းကမ်းများနှင့် ခက်ထန်သောဆက်ဆံမှုကြောင့် အချိန်တိုင်းလိုလို နေရခက်နေမိသည်။

"မင်းအကျီင်္ကလဲ ညစ်ပတ်နေတာပဲ.. ဒါဘယ်နှစ်ရက်ရှိနေပြီလဲ ၀တ်ထားတာ.. သွား.. အသစ်ပြန်လဲချည်.."

အကျီင်္လက်ပြက်ကို ဆွဲခါကာ ခပ်ဆောင့်ဆောင့်ပြောလာသော ဒေါ်မေချို၏အားကြောင့် သတိုးယိုင်သွားသည်။

"မရှိတော့ဘူး အန်တီ.. တခြားအကျီင်္တွေလည်း ညစ်ပတ်ကုန်ပြီ..."

"အောင်မလေး လေး.. သူဌေးသားရယ်... ညစ်ပတ်နေရင် လျှော်ပေါ့ဟဲ့.. ငါကနင့်အ၀တ်အစားကအစ လျှော်ပေးရမယ့် အစေခံမဟုတ်ဘူး.. မင်းအမေပြန်မပေါ်လာသေးသရွေ့ ကိုယ့်ဘာသာကိုယ် လျှော်တတ်အောင်လျှော်.. ဘယ်သူမှလိုက်လုပ်ပေးနေမှာမဟုတ်ဘူး..."

ခေါင်းငုံ့နေသော ပိန်ရှည်ရှည်ကောင်လေးကို ဒေါ်မေချို စိတ်ပျက်စွာငုံ့ကြည့်မိသည်။

သူမကိုယ်သူမ ထက်မြက်လွန်းသည့် တရားသူကြီးတစ်ယောက်ဟု ထင်ထားခဲ့ပေမယ့် ဒေါ်ဟေမာလူလည်ကျသွားသမျှ ခံလိုက်ရသည်။

ဒီကောင်လေး သူမ အိမ်သို့ရောက်လာခဲ့သည်မှာ ယခုဆိုလျှင် လ၀က်ပင်ရှိခဲ့ပြီဖြစ်ပေမယ့် ဒေါ်ဟေမာနှင့်ဆင်ဆင်တူသူဟူ၍ အရိပ်ပင်မတွေ့ရ။ သူမအိမ်နားမှဖုန်းပါဆိုပြီး ဒေါ်ဟေမာပေးသွားခဲ့သော ဖုန်းနံပါတ်မှာလည်း အမှားကြီးဖြစ်နေသည်။ ဒေါ်ဟေမာ၏ ရန်ကုန်မှ လိပ်စာကိုလည်း သူမ မသိ။

ဆွေမျိုးများအကြောင်း တီးခေါက်မေးကြည့်သော်လည်း ပြူးကြောင်ကြောင်ပြန်ကြည့်နေသည်မှလွဲ၍ ထိုပိန်ပိန်ရှည်ရှည်ကောင်လေးသည် ဘာဆိုဘာမျှမပြောနိုင်။ ဘယ်မှာနေလဲ မေးသည်တွင်လည်း မရှိတော့သည့် မန္တလေးလိပ်စာကို ပြောလာသည်။ သတင်းစာမှ အကြိမ်ပေါင်းများစွာ ကြော်ငြာထည့်ခေါ်သော်လည်း မည်သူမျှ ဖုန်းတစ်ချက်ပင်ဆက်မလာခဲ့။

နောက်ဆုံးတော့ ဒီကောင်လေးသည် သူမတို့အိမ်တွင်သောင်တင်ကျန်နေတော့မည်ကို ဒေါ်မေချိုမကျေမနပ်လက်ခံလိုက်ရသည်။ ပို၍သေချာသွားစေသည်က သတိုး၏ ကျောင်းထွက်လက်မှတ်မှစ၍ အခြားလိုအပ်မည့် အရေးကြီးစာရွက်စာတမ်းများအားလုံးကို ဒေါ်ဟေမာ သားရေအိတ်အောက်ဆုံးမှာ ထည့်ထားခဲ့သည်။

သူမအနေဖြင့် သားငယ်ကို ဒီအိမ်မှာထားခဲ့ရန်ကို ကြိုတင်စဉ်းစားထားခဲ့သည်မှာ သေချာသည်။

တရာသူကြီးဖြစ်ပေမယ့် စီးပွားရေးအကွက် အတွက်အချက်မြန်သော ဒေါ်မေချို သည် ယခုအခြေအနေကို သူမအတွက် အကျိုးရှိအောင် အသုံးချရန် ဆုံးဖြတ်ထားသည်။ သတိုးသည် သူမ သူငယ်ချင်း၏ သားတစ်ယောက်ဖြစ်သော်လည်း ယခုအခြေအနေက ယခင်ကလို အခြေအနေမဟုတ်တော့။ ဖခင်က အလုပ်မရှိဖြစ်ကာ မိခင်က ဘယ်ရောက်နေသည်မသိ။ သူမ အိမ်မှာလည်း မမြဲသော အိမ်ဖော်များ၏ အခက်အခဲရှိနေသည်။

ဒီနှစ်ခုကို ပေါင်းစပ်စဥ်းစားလိုက်လျှင် သူမအတွက် အကျိုးရှိမည့်အဖြေတစ်ခု ရှိလာလိမ့်မည်ဆိုတာကို သင်္ချာတော်သော ဒေါ်မေချို စိတ်တွက် တွက်ထားပြီးဖြစ်သည်။

တစ်ခုပဲရှိသည်။

သူမ ဆူသမျှ ပြောသမျှ တစ်ခွန်းခံမပြောသလို ကြားသည့်ပုံပင်မရှိသည့် မထုံတက်ထေးလုပ်တတ်လွန်းသော သတိုး၏အကျင့်စရိုက်ကြောင့် ဒေါသဖြစ်ရသည်ကတော့ အမှန်ပင်။

"သတိုး...မင်းသူများအိမ်မှာ အလကားစားပြီး အလကားနေလို့မရဘူး.. ကူစရာရှိတာဝိုင်းကူ.. လုပ်စရာရှိတာဝိုင်းလုပ်မှပေါ့.. မင်းအမေသာ လာမခေါ်ရင် ငါ မင်းကိုကျောင်းထားပေးရဦးမယ်.. ကလေးတစ်ယောက်စရိတ်ဆိုတာ နည်းတယ်မှတ်လား.. မင်း အလိုက်တသိ အိမ်အလုပ်တွေကို ကူလုပ်ပေးမှပေါ့...... ငါပြောနေတာတွေကြားရဲ့လား..."

ယခုအချိန်ထိ ကိုယ့်ခြေထောက်ကိုသာ ငုံ့ကြည့်နေသည့် သတိုး၏ နားရွက်ကို ဒေါ်မေချိုစိတ်မရှည်စွာ ဆွဲလိမ်လိုက်သည်။ အတော်လေးနာသွားမှ သတိုး မော့ကြည့်လာသည်။

"ငါမေးနေတယ်လေ... နားလည်လားလို့..."

"ဟုတ်..."

"ဘာဟုတ်လဲ... နားလည်ပါတယ် အန်တီလို့ဖြေ..."

"နား.. နားလည်ပါတယ်အန်တီ..."

သတိုးမျက်ရည်ဝိုင်းသည်ကိုမြင်မှ ဒေါ်မေချို စိတ်ထဲကျေနပ်သွားသည်။ ပြီးမှ သူမလက်ထဲရှိ အ၀တ်စုတ်တစ်ခုကို သတိုး ရင်ခွင်ထဲ ပစ်ထည့်လိုက်သည်။

"ရော့... အခုလှေကားတိုင်တွေကြားထဲမှာ ဖုန်တွေကပ်နေတာ မြင်တယ်မဟုတ်လား.. ဒီအ၀တ်နဲ့ တစ်ခုချင်းသုတ်... ဖုန်တစ်မှုန်မှမကျန်စေနဲ့..."

"ဟုတ်.."

"ဟုတ်ကဲ့လို့ဖြေ..."

ချွန်သော လက်ခေါက်များက ဒေါင်ခနဲမြည်အောင် သတိုးခေါင်းပေါ်ကျရောက်သွားသည်။ ကျင်ခနဲနေအောင်နာသွားပေမယ့် သတိုးခေါင်းကို လက်နှင့်မပွတ်။

"ဟုတ်ကဲ့ အန်တီ..."

"ဒီအလုပ်ပြီးတာနဲ့ ဒေါ်စိန့်ကို ဘာဆက်လုပ်ရမလဲဆိုတာ သွားမေးချည်... ဒီအိမ်မှာ မင်းလုပ်စရာတွေအများကြီးပဲ.. အလကားရေသာခိုမနေနဲ့... ထမင်းတစ်လုပ်ဆိုတာ အလကားမရဘူး.. မြဲမြဲမှတ်ထား...."

"ဟုတ်ကဲ့အန်တီ..."

ဒေါ်မေချို သတိပေးသလို အကြည့်မာမာနှင့် နောက်ဆုံးကြည့်ကာ လှေကားမှဆင်းသွားသည်။

ဂျိန်းခနဲမြည်အောင်ပိတ်သွားသော တံခါးအသံသည် သတိုး၏အေးချမ်းသော ဘ၀တစ်ခုကို အဆုံးသတ်ပိတ်ချလိုက်သလို ကျယ်လောင်လွန်းနေသည်။

Continue Reading

You'll Also Like

4.5M 305K 48
Boy×Boy(Own Characters) Romance,Drama and other age limited feelings.
5.3K 314 18
ဇာတ်လမ်းအဟောင်းကို ပြန်တင်တာပါ။
604K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
252K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...