ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm...

By hinnthawethadar

6.7K 1.7K 172

Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ေရွ႕ book မွာ ဖတ္ေပးပါ More

Vol 4🐉13🐉အမှောင်ထဲက တတိယလူ
Vol 4🐉14🐉 ရွေးချယ်မှု
Vol 4🐉15🐉၁၀မိနစ်
Vol 4🐉16🐉သေရာက ပြန်ရှင်လာသူ
Vol 4🐉17🐉ပြန်လည်စတင်ခြင်း
Vol 4🐉18🐉ဆေးရုံက ဆင်းပြီ
Vol 4🐉19🐉ဖန်သားပြင်
Vol 4🐉20🐉၁၁ယောက်မြောက်လူ
Vol 4🐉21🐉 အဆုံး
Vol 4🐉22🐉ရှားပါးဧည့်သည်
Vol 4🐉23🐉သဲလွန်စ အသစ်များ
Vol 4🐉24🐉ဗွီဒီယိုတိပ်ခွေထဲက အိမ်ဟောင်း
Vol 4🐉25🐉အကုန် ပရမ်းပတာတွေ ဖြစ်ကုန်ပြီ
Vol 4🐉26🐉ဗွီဒီယိုတိပ်ခွေရဲ့ အစစ်အမှန် လျှို့ဝှက်ချက်
Vol 4🐉27🐉ငရဲမှ ဖိတ်ကြားခြင်း
Vol 4🐉28🐉တစ္ဆေအဆောက်အအုံ
Vol 4🐉29🐉 306
Vol 4🐉30🐉သဲလွန်စ
Vol 4🐉31🐉စီမံချက်
Vol 4🐉32🐉ဂူဖောက်မှတ်တမ်း
Vol 4🐉33🐉ဝမ်းကျင်ရဲ့ ဒိုင်ယာရီ
Vol 4🐉34🐉အမှောင်ထု
Vol 4🐉35🐉ထိတ်လန့်ဖွယ်ရာပြောင်းလဲမှု
Vol 4🐉36🐉ပြန်လည်ဆုံစည်းပြီ
Vol 4🐉37🐉စခန်း
Vol 4🐉38🐉ထွက်ခွာခြင်း
Vol 4🐉39🐉ဝမ်းကျင်ရဲ့ သတင်းစကား
Vol 4🐉40🐉ထပ်မံထွက်ခွာခြင်း
Vol 4🐉41🐉လမ်းပျောက်ပြီ
Vol 4🐉42🐉မိစ္ဆာမြို့တော်
Vol 4🐉43🐉မိစ္ဆာအော်သံ
Vol 4🐉44🐉သဲပင်လယ်ထဲက သင်္ဘောပျက်
Vol 4🐉45🐉ရှီးဝမ်းမယ်တော်ရဲ့ အိုးများ
Vol 4🐉46🐉တစ္ဆေခေါင်း
Vol 4🐉47🐉နိမိတ်
Vol 4🐉48🐉ပထမဆုံးမိုး
Vol 4🐉49🐉အိုအေစစ်ကို ဦးတည်ခြင်း (အပိုင်း ၁)
Vol 4🐉50🐉အိုအေစစ်ကို ဦးတည်ခြင်း (အပိုင်း ၂)
Vol 4🐉51🐉ဒုတိယမိုး (၁)
Vol 4🐉52🐉ဒုတိယမိုး (၂)
Vol 4🐉53🐉ရေညှိအောက်က လျှို့ဝှက်ချက် (၁)
Vol 4🐉54🐉ရေညှိအောက်က လျှို့ဝှက်ချက် (၂)
Vol 4🐉55🐉မြွေအရိုး (၁)
Vol 4🐉56🐉မြွေအရိုး (၂)
Vol 4🐉57🐉မြွေအရိုး (၃)
Vol 4🐉58🐉ရွှံ့နွံဧရိယာ (၁)
Vol 4🐉59🐉ရွှံ့နွံဧရိယာ (၂)
Vol 4🐉60🐉ရွှံ့နွံဧရိယာ (၃)
Vol 4🐉61🐉စပါးအုံးအန္တရာယ်
Vol 4🐉62🐉မြွေဘုရင်
Vol 4🐉63🐉ရွှံ့မြွေတစ္ဆေမြို့တော် (၁)
Vol 4🐉64🐉ရွှံ့မြွေတစ္ဆေမြို့တော် (၂)
Vol 4🐉65🐉ရွှံ့မြွေတစ္ဆေမြို့တော် (၃)
Vol 4🐉66🐉အလောင်းနားက ခြေရာများ
Vol 4 End🐉67🐉မြွေရဲ့ကြံစည်မှု
Vol 5🐉1🐉လိုက်ခြင်း
Vol 5🐉2🐉ပျောက်သွားပြီ
Vol 5🐉4🐉အသံတိတ်တောင်ကြား
Vol 5🐉5🐉ကျောက်ရုပ်တု
Vol 5🐉6🐉ရုပ်တု၏ ဦးတည်ရာ
Vol 5🐉7🐉အက်ကွဲ
Vol 5🐉8🐉မြူထူထပ်တဲ့ ပထမည
Vol 5🐉9🐉ပထမည လက်ကောက်
Vol 5🐉10🐉ပထမည တောတွင်းတစ္ဆေအသံများ
Vol 5🐉11🐉ပထမည - ချဥ်းကပ်ခြင်း
Vol 5🐉12🐉ပထမည - ခိုးဝင်တိုက်ခိုက်ခြင်း
Vol 5🐉13🐉ပထမည - ပဋိပက္ခ ပိုမိုပြင်းထန်လာ
Vol 5🐉14🐉ပထမည - လိုက်!
Vol 5🐉15🐉ပထမည - တိုက်ပွဲ
Vol 5🐉16🐉အရုဏ်ဦး - သွေးထွက်သံယိုဘေးအန္တရာယ်
Vol 5🐉17🐉အရုဏ်ဦး - အသံတိတ်စခန်း
Vol 5🐉18🐉ဒုတိယည - ပြန်လည်ဆုံစည်းပြီ
Vol 5🐉19🐉ဒုတိယည - လျှို့ဝှက်ချက်
Vol 5🐉20🐉ဒုတိယည - ရုတ်တရက် ပြောင်းလဲမှု
Vol 5🐉21🐉ဒုတိယည - အဲဒါ
Vol 5🐉22🐉ဒုတိယည - မျက်မမြင်
Vol 5🐉23🐉ဒုတိယည - အရိပ်လှုပ်ရှားမှု
Vol 5🐉24🐉အရုဏ်ဦး - လွှဲပြောင်း
Vol 5🐉25🐉တတိယည - ရုပ်ကြွ
Vol 5🐉26🐉တတိယည - အသိအကျွမ်းလို့ထင်ရ
Vol 5🐉27🐉တတိယည - မြွေမိခင်
Vol 5🐉28🐉တတိယည - အမဲလိုက်ခြင်း
Vol 5🐉29🐉တတိယည - လျှို့ဝှက်တိုက်ပွဲ
Vol 5🐉30🐉တတိယည - ဗွက်အိုင်
Vol 5🐉31🐉တတိယည - အလောင်းဖျောက်
Vol 5🐉32🐉တတိယည - နောက်တစ်ယောက်
Vol 5🐉33🐉တတိယည - အိမ်ရှင်
Vol 5🐉34🐉တတိယည - ရွှံ့နွံမကောင်းဆိုးဝါးအရိပ်
Vol 5🐉35🐉တတိယည - တစ္ဆေအသံ ထပ်ပေါ်လာပြီ
Vol 5🐉36🐉တတိယည - မြူထဲကလူ
Vol 5🐉37🐉တတိယည- သူလျှိုလိုလုပ်နေသူ
Vol 5🐉38🐉တတိယည - ရက်စက်တယ်
Vol 5🐉39🐉တတိယည - မြွေအသံ
Vol 5🐉40🐉တတိယည - ကယ်တင်ခံရပြီ
Vol 5🐉41🐉တတိယည - ဝင်ပေါက်
Vol 5🐉42🐉တတိယည - ခိုလုံရာ
Vol 5🐉43🐉တတိယည - ဗွီဒီယိုတိပ်
Vol 5🐉44🐉စုဝေးရာ
Vol 5🐉45🐉အနက်ပိုင်းထဲက
Vol 5🐉46🐉အမှတ်အသား
Vol 5🐉47🐉သုံးခုထဲက တစ်ခုကိုရွေး
Vol 5🐉48🐉အမှန်တရား
Vol 5🐉49🐉အဖျက်သမား
Vol 5🐉50🐉အကျဥ်းထောင်
Vol 5🐉51🐉ဆုံရပ်
Vol 5🐉52🐉အမှတ်အသားရဲ့ အဆုံး
Vol 5🐉53🐉အဂ္ဂိရတ်အခန်း
Vol 5🐉54🐉ယန္တရား
Vol 5🐉55🐉 နီးလာပြီ
Vol 5🐉56🐉အဆုံးသတ်
Vol 5🐉57🐉ကောင်းကင်ကျောက်တုံး
Vol 5🐉58🐉စောင့်ဆိုင်းခြင်း
Vol 5🐉59🐉ဆက်လက် စောင့်ဆိုင်းခြင်း
Vol 5🐉60🐉ထွက်ခွာခြင်း
Vol 5🐉61🐉တွင်း
Vol 5🐉62🐉 ရေနွေးအိုး
Vol 5🐉63🐉 အဆုံး
Vol 5🐉64🐉ဂူဖောက်မှတ်တမ်း
Vol 5🐉65🐉ဆွေးနွေးခြင်း
Vol 5🐉66🐉 ဒုတိယဓာတ်ပုံဟောင်း
Vol 5🐉67🐉တူညီသော ဆင်းရဲဒုက္ခများ
Vol 5🐉68🐉နောက်တစ်ကြိမ် ထွက်ခွာခြင်း
Vol 5🐉69🐉အမွေဆက်ခံခြင်း
Vol 5🐉70🐉အရိပ်ဒဏ္ဍာရီ

Vol 5🐉3🐉အချက်ပြမီးခိုး

47 17 1
By hinnthawethadar

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (3)
အချက်ပြမီးခိုး

ဦးလေးသုံးနှင့် တခြားသူများသည် အားနင်တို့ အဖွဲ့၏ နောက်တွင် ပုန်းနေခဲ့ကြသည်ဟု ဖန့်ကျစ်က ပြောခဲ့သည်။ ယခုအချိန်တွင် အစီအစဉ်အရဆို ၎င်းတို့တည်နေရာက ဤမြစ်၏ အကျယ်အဝန်း တစ်ဝိုက်၌သာ ရှိနေသင့်သည်။ အိုအေစစ်တစ်ခု ​တွေ့လျှင်ပင် ၎င်းတို့သည် ချက်ချင်းဝင်သင့်တာ မဟုတ်ဘဲ ဖန့်ကျစ်က ၎င်းတို့အား ပေးသည့်အချက်​ပြချက်ကို စောင့်ရမည်ဖြစ်သည်။

ဒါပေမဲ့ ဦးလေးသုံး သူတို့ကို တုံ့ပြန်တဲ့ အချက်ပြမီးခိုးက သူတို့အနောက်ဘက်ရှိ စိမ့်လယ်ခေါင်ကနေ ထွက်လာတာကြောင့် သူတို့တွေးထားတာနဲ့ ဆန့်ကျင်ဘက်ပဲ။ ဆိုလိုသည်မှာ ၎င်းတို့သည် ယခုအချိန်၌ ရွှံ့နွံထဲတွင် ရှိနေကြ​ပြီ။

ဖန့်ကျစ်မှာ သူ့မျက်လုံးတွေကို မယုံနိုင်သလို ပွတ်သပ်လိုက်သည်။

"အမ်... ဘာဖြစ်နေတာလဲ... သူတို့ဘာလို့ အဲဒီမှာရှိနေတာလဲ"

ဝူရှဲ့မှာ နားလည်မှုလွဲမှာကို ကြောက်တာကြောင့် မှန်ပြောင်းကို ချက်ချင်း ကောက်ကြည့်လိုက်တော့ မီးခိုးက အမှန်ဖြစ်နေသည်။ မီးခိုးအရောင်သည် ပုံမှန်မဟုတ်သော အနီရောင်ဖြစ်သောကြောင့် သုံးယောက်သား တအံ့တသြ ဖြစ်သွားသည်။

"ဖန့်ကြီး... မင်းရဲ့သခင်သုံးက မင်းထက်အများကြီး ပိုမြန်တယ်ထင်တယ်နော်"

ဖက်တီးက ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး.... သခင်သုံးနဲ့ တခြားသူတွေက တခြားချောက်တွေကနေ အရင်ဝင်သွားလို့များ ဖြစ်နိုင်လား? ဒါပေမဲ့ ဒါအစီအစဥ်ထဲက အတိုင်းတော့ မဟုတ်ဘူး... ငါအချက်ပြတာကို စောင့်နေသင့်တယ် မြန်လိုက်တာကွာ..."

ဖန့်ကျစ်မှာ မနေနိုင် မထိုင်နိုင်ဖြစ်လာသည်။

"အစ်ကိုလေးက မင်းရဲ့သခင်သုံးအဖွဲ့အစား အချက်ပြလိုက်တာလား?"

"မနေ့ညက သူဘာမှ မယူသွားဘူး အဲဒါသူ မဖြစ်နိုင်ဘူး" ဖန့်ကျစ်က။

"ငါက မီးခိုးလုံးတွေကို ယူလာပေးတဲ့သူပဲ အားလုံးက ဒီမှာပဲ"

"ထူးဆန်းလိုက်တာ မင်းရဲ့သခင်သုံးနဲ့ မင်းတို့ကြားက လက်ဆင့်ကမ်း သတင်းပေးတာက အမှားတစ်ခုခု ရှိနေပုံရတယ်နော်"

"ဒီမီးခိုးက ဘာကိုဆိုလိုတာလဲ"

ဝူရှဲ့ အမှတ်တမဲ့ သတိရမိသွားသည်။ ဒါကြောင့် အရောင်တွေက ဘယ်လို အချက်အလက်တွေကို ကိုယ်စားပြုတာလဲလို့ မေးလိုက်သည်။ ဖန့်ကျစ်သည် ဝူရှဲ့လက်မှ မှန်ပြောင်းကို ကိုင်ကာ မီးခိုးများဆီသို့ ခဏမျှ ကြည့်လိုက်ပြီးနောက် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

"မကောင်းတော့ဘူး သူတို့ တစ်ခုခု ဖြစ်နေပြီ"

"တစ်ခုခုဖြစ်​​နေတာလား?"

ဝူရှဲ့မှာ ဖန့်ကျစ်ရဲ့ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသော်လည်း သူဘာကိုဆိုလိုသည်ကို မသိသောကြောင့် အသေးစိတ် မေးလိုက်သည်။

မီးခိုးရောင်များသည် ရိုးရှင်းသော အဓိပ္ပာယ် ရှိပြီး အဝါရောင် မီးခိုးဆိုသည်မှာ ရှေ့လမ်းတွင် အန္တရာယ် ရှိနေကြောင်းနှင့် လိမ္မော်ရောင် မီးခိုး ဆိုသည်မှာ ရွေ့လျားခြင်းကို ရပ်တန့်ပြီး အတည်ပြုချက်ကို စောင့်ပါဟု ဆိုလိုသည်။ လွန်ကဲသော အခြေအနေအောက်တွင် နောက်ကျနေသူများကို သတိပေးသည်။ ယေဘူယျအားဖြင့် လှုပ်ရှားမှုများတွင် အနီရောင်မီးခိုးကို လုံးဝ အသုံးမပြုကြချေ။

သို့သော်လည်း သူသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ အကြောင်းမှာ ၎င်းတို့သည် စုံစမ်းစစ်ဆေးမှု မပြုလုပ်ခဲ့ပေ။ ဤအရာသည် ယာယီနည်းလမ်းမျှသာ ဖြစ်ပြီး အချက်ပြမီးခိုး အသုံးပြုမှုကို မှန်ကန်စွာ မှတ်မိခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဘာပဲဖြစ်ဖြစ် ဒါက သတင်းကောင်း မဟုတ်လို့ ဖန့်ကျစ်ကို အချက်ပြမလားလို့ မေးပြီး ဘာတွေဖြစ်နေတာလဲလို့ မေးလိုက်သည်။ ဖန့်ကျစ်က သူ့ခေါင်းကို ခါယမ်းလိုက်ကာ ခေတ္တရပ်၍ အနည်းငယ် စိုးရိမ်လာပုံပေါက်လာသည်။

"မဟုတ်ဘူး ရှောင်စန်းရယ် ဒီမှာနေခဲ့... သခင်သုံး တစ်ခုခုဖြစ်နေမလား ငါသွားကြည့်လိုက်မယ်"

ဦးလေးကိုလည်း စိတ်ပူမိပေမယ့် လေးနက်မှုကို သိတာကြောင့် ဖန့်ကျစ်ကို မြန်မြန်ဆန်ဆန်ပဲ တားလိုက်သည်။ အခု အစ်ကိုလေးက ပြန်ရောက်မလာဘူးဆိုရင် သူတို့နှစ်ယောက်တည်း ဘယ်လိုဖြစ်သွားမလဲ။ ဒါ့အပြင် သူတစ်ယောက်တည်း သွားတာကလည်သ အလွန်အန္တရာယ်များလှသည်။ ဒါကြောင့် မျက်နှာသေ ပြန်လာတဲ့အထိ စောင့်ကြရအောင်လို့ ဆိုလိုက်သည်။

ဖန့်ကျစ်က ခေါင်းယမ်းပြီးပြော၏။

"သခင်သုံးက အယောက် ၃၀ ကျော်ရှိတယ် သူတို့က သန်မာတဲ့လူနဲ့ မြင်းတွေလိုလူပဲ... သာမာန်အခြေအနေအရတော့ မီးခိုးနီတွေ မထုတ်​လောက်ဘူး... ဟိုမှာ တစ်ခုခုတော့ လွဲမှားနေတာ ဖြစ်မယ် သောက်ကျိုးနည်း အဲဒီဟေးရန်ကျင်းက အတွေ့အကြုံ နုချက်ပဲ... ရှောင်စန်းရယ် စိတ်မပူပါနဲ့ ဗီယက်နမ်မှာရှိတုန်းက ကျုပ် ဒီလိုသစ်တောကြီးကို ဖြတ်လျှောက်ဖူးတယ် သွားတတ်ပါတယ်"

ပြောပြီးနောက် သူ့ကျောပိုးအိတ်ကို ပြင်တော့သည်။ ဝူရှဲ့ သူ့ကို မတားနိုင်တာကို မြင်တော့ ဖက်တီးဘက်ကို မျက်တောင်ခတ်ပြလိုက်သည်။

မမျှော်လင့်ဘဲနဲ့ ဖက်တီးက သူ့ပစ္စည်းတွေကို ချက်ချင်း ထုပ်ပိုးလိုက်တာကြောင့် ဝူရှဲ့မှာ ရုတ်တရက် မူးလဲချင်စိတ် ပေါက်သွားသည်။ ဒီဖက်တီးက သူ့ဦးလေးကို ဘာလို့ ဒီလောက် ဂရုစိုက်ရတာလဲလို့ တွေးမိ၏။ စကားစတော့မယ့် အချိန်မှာပဲ ဖက်တီးက ဆိုလေသည်။

“ငါ့ကို မျက်ခုံးပင့်​ပြမ​နေနဲ့.... ဖန့်ကြီးတင် သွားရမှာ မဟုတ်ဘူး ငါမင်းကို ပြော​ပြမယ် ဒီအချိန်မှာ ငါတို့လည်း သွားရမယ်... ကောပိထဲမှာ ဖြတ်ကျော်ဖို့ဆို ငါတို့ရိက္ခာက မလုံလောက်ဘူး ဒါကြောင့် မင်းဦးလေးသုံးနဲ့ ဆုံတဲ့အခါ အနည်းဆုံးတော့ သူတို့ပစ္စည်းတွေကို ယူရမယ်.... မဟုတ်ရင် ချောက်ထဲက လမ်းမှာ ရေငတ်သေလိမ့်မယ်”

ဝူရှဲ့လည်း အဲဒါကို တွေးပြီးတာနဲ့ နှလုံးခုန်သံတွေ ခုန်သွား၏။ ဒါကလည်း မှန်တာပါပဲ။ ဒီလမ်းမှာ ရိက္ခာတွေ နည်းနည်းတော့ ဆုံးရှုံးသွားပြီလေ။ ထိုစဥ် ဖက်တီးက ဆက်ပြောသည်။

"ဖန့်ကြီး တစ်ယောက်တည်း ဝင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး ဒါပေမဲ့ တစ်ခုခုဖြစ်သွားရင် ငါတို့ နှစ်ယောက်ထဲ ဝင်ရတာလည်း ဒုက္ခရောက်လိမ့်မယ်... ငါတို့သုံးယောက် အတူတူသွားတာပဲ ပိုကောင်းလိမ့်မယ် ရှေ့တိုးပြီး နောက်ဆုတ်လိုက်ပေါ့... ဒါဆို အောင်မြင်ဖို့ အခွင့်အလမ်း ပိုကောင်းလာမယ်လေ... ဒီလိုမှမဟုတ်ရင် ငါတို့ဒီမှာနေမယ်ဆိုရင် သေဖို့စောင့်နေတာနဲ့ အတူတူပဲ"

"ဒါပေမဲ့ အစ်ကိုလေးကို ဘယ်လိုလုပ်မလဲ? ငါတို့ထွက်သွားလို့ သူပြန်လာတဲ့အခါ ငါတို့ကို ရှာတွေ့မှာ မဟုတ်ဘူး... မဟုတ်လည်း ငါ မင်းတို့ကို ဒီမှာစောင့်နေမယ်"

"မင်းသေလမ်းကို မရှာစမ်းပါနဲ့ကွာ... မင်းရဲ့ ခန္ဓာကိုယ်သေးသေးလေးနဲ့ အဲဒီမြွေဘီးတွေကို ရှောင်နိုင်မှာလား... လာစမ်းပါ ဝင်သွားပြီးရင် ပစ္စည်းတွေသယ်ဖို့ လူအင်အားလိုလိမ့်မယ်... ငါတို့နှစ်ယောက်တည်းနဲ့တင် မလုံလောက်နိုင်ဘူး ငါတို့ အမှတ်အသားတစ်ခု ထားခဲ့မယ်... သူ့အတွက် အချက်ပြတဲ့အနေနဲ့ နောက်ထပ် အချက်ပြမီးခိုးကိုလည်း မီးညှိထားပေးမယ်... ဒါပေမဲ့...."

ဖက်တီးက ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ငါ့အထင်တော့ အဲ့အစ်ကိုလေး ပြန်လာတော့မှာ မဟုတ်ဘူး!"

ဒီကိစ္စက အရမ်းဆိုးတယ်၊ မသင့်လျော်ဘူးလို့ ခံစားမိပေမယ့် ဖက်တီးပြောတာ မှန်မှန်းလည်း သိပါသည်။ အဲဒါကို တွေးပြီးနောက် သူ့ခမျာ ခေါင်းညိတ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

ချောက်ထဲကိုဝင်တုန်းက လူငါးယောက်ရှိပေမယ့် အခုဆို သုံးယောက်ပဲ ကျန်တော့ပြီး မူလပစ္စည်းတွေကို ​ဖြည့်ဖို့ လိုနေပြီမလို့ ဖက်တီးပြောတဲ့ အတိုင်း လုပ်လိုက်သည်။ ဒါပေမဲ့ ပစ္စည်းတွေ ထုပ်ပြီးတဲ့အခါ စာရေး၍ ကျောက်တုံးကြီးတစ်တုံးအောက် ဖိထားလိုက်သည်။ စာရွက်ရဲ့ အတွင်းမှာ​တော့ သူတို့သွားမယ့် နေရာကို ရေးဖို့ ဘောပင်နဲ့ အမှတ်အသား လုပ်ထား၏။

ထို့နောက် သူ့အထုပ်ဘေးတွင် မီးခိုးမဲ့မီးဖိုကို အမှောင်ဆုံး အနေအထားသို့ လှန်လိုက်သည်။ အကယ်၍ မျက်နှာသေက ညဘက် ရောက်လာပါက မတွေးမှာစိုး၍ပင်။

ပြီးသွားတဲ့အခါ သူတို့ရဲ့ ရိက္ခာတွေ အများကြီး လျော့သွားတယ်လို့ ခံစားလာရသည်။ ဖန့်ကျစ်သည် အချက်ပြမီးခိုးက သုံးနာရီပဲခံတာမို့ ဒီအချိန်ကစလို့​ ဝင်လိုက်တာနဲ့ တတ်နိုင်သမျှ အနားယူလို့ မရပေ။ ပေါ့ပေါ့ပါးပါး ထားဖို့ လိုကာ သူတို့ ပြန်လာချင်ရင် ဒီကို ဖြတ်သွားရမှာ သေချာတာမလို့ မယူနိုင်တဲ့ ပစ္စည်းတွေကို မယူတော့ပါ။

ထို့နောက် သူတို့သည် စက်ကိရိယာများကိုဖြတ်၍ ဓာတ်ငွေ့ မျက်နှာဖုံးများနှင့် လော်ရန်ဂေါ်ပြား ကဲ့သို့ လေးလံသော ပစ္စည်းများကို ထားခဲ့သည်။ အဲဒီနောက် ဖန့်ကျစ်သည် ဝူရှဲ့ ကျောပိုးအိတ်ထဲက သယ်လာတဲ့ ပိုလေးတဲ့အရာတွေကို သူ့အိတ်ထဲ ပြောင်းထည့်လိုက်သည်။

သူက အလေးချိန်ပါတာကို ပိုသယ်နေကျမို့ သူ့အရှိန်ကို ထိန်းနိုင်ပေမယ့် ဝူရှဲ့ကတော့ မဟုတ်ချေ။ တောထဲမှာ ချီတက်ရတာ ပင်ပန်းတယ်လို့ ပြောပါ၏။ ခွန်အားတွေ အများကြီးရစေမယ့် အဓိကအချက်က ကိုယ့်ပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့ပါပဲ။

ဝူရှဲ့သည် လွန်ခဲ့သည့် ခြောက်လအတွင်း ကြွက်သားအချို့ တည်ဆောက်ခဲ့သည်ဟု ဆိုလိုက်သော်လည်း ဖန့်ကျစ်သည် သူ့အား အခွင့်အရေး လုံးဝမပေးတော့ဘဲ သူ့ဘာသာသူသာ သယ်သွားခဲ့သည်။ သူ့စိတ်က သူတို့နဲ့ အတူမနေတော့ဘူးဆိုတာ ထင်ရှားပါ၏။

အားလုံးပြီးတာနဲ့ ခရီးထွက်ခါနီးမှာ ဖက်တီးက ရုတ်တရက် သူတို့ကို နောက်တစ်ကြိမ်ဖမ်းပြီး အဝေးက မီးခိုးတွေကို မော့ကြည့်ဖို့ ပြောလာသည်။






ဂူေဖာက္သူတို႔ဒ႑ာရီ  (volume 5)
Author - (nan pai san shu)
translater - Hninthawethadar

Chapter (3)
အခ်က္ျပမီးခိုး

ဦးေလးသုံးႏွင့္ တျခားသူမ်ားသည္ အားနင္တို႔ အဖြဲ႕၏ ေနာက္တြင္ ပုန္းေနခဲ့ၾကသည္ဟု ဖန့္က်စ္က ေျပာခဲ့သည္။ ယခုအခ်ိန္တြင္ အစီအစဥ္အရဆို ၎တို႔တည္ေနရာက ဤျမစ္၏ အက်ယ္အဝန္း တစ္ဝိုက္၌သာ ရွိေနသင့္သည္။ အိုေအစစ္တစ္ခု ေတြ႕လွ်င္ပင္ ၎တို႔သည္ ခ်က္ခ်င္းဝင္သင့္တာ မဟုတ္ဘဲ ဖန့္က်စ္က ၎တို႔အား ေပးသည့္အခ်က္ျပခ်က္ကို ေစာင့္ရမည္ျဖစ္သည္။

ဒါေပမဲ့ ဦးေလးသုံး သူတို႔ကို တုံ႕ျပန္တဲ့ အခ်က္ျပမီးခိုးက သူတို႔အေနာက္ဘက္ရွိ စိမ့္လယ္ေခါင္ကေန ထြက္လာတာေၾကာင့္ သူတို႔ေတြးထားတာနဲ႕ ဆန႔္က်င္ဘက္ပဲ။ ဆိုလိုသည္မွာ ၎တို႔သည္ ယခုအခ်ိန္၌ ႐ႊံ႕ႏြံထဲတြင္ ရွိေနၾကၿပီ။

ဖန့္က်စ္မွာ သူ႕မ်က္လုံးေတြကို မယုံနိုင္သလို ပြတ္သပ္လိုက္သည္။

"အမ္... ဘာျဖစ္ေနတာလဲ... သူတို႔ဘာလို႔ အဲဒီမွာရွိေနတာလဲ"

ဝူရွဲ႕မွာ နားလည္မႈလြဲမွာကို ေၾကာက္တာေၾကာင့္ မွန္ေျပာင္းကို ခ်က္ခ်င္း ေကာက္ၾကည့္လိုက္ေတာ့ မီးခိုးက အမွန္ျဖစ္ေနသည္။ မီးခိုးအေရာင္သည္ ပုံမွန္မဟုတ္ေသာ အနီေရာင္ျဖစ္ေသာေၾကာင့္ သုံးေယာက္သား တအံ့တၾသ ျဖစ္သြားသည္။

"ဖန့္ႀကီး... မင္းရဲ႕သခင္သုံးက မင္းထက္အမ်ားႀကီး ပိုျမန္တယ္ထင္တယ္ေနာ္"

ဖက္တီးက ေျပာလိုက္သည္။

"မျဖစ္နိုင္ဘူး.... သခင္သုံးနဲ႕ တျခားသူေတြက တျခားေခ်ာက္ေတြကေန အရင္ဝင္သြားလို႔မ်ား ျဖစ္နိုင္လား? ဒါေပမဲ့ ဒါအစီအစဥ္ထဲက အတိုင္းေတာ့ မဟုတ္ဘူး... ငါအခ်က္ျပတာကို ေစာင့္ေနသင့္တယ္ ျမန္လိုက္တာကြာ..."

ဖန့္က်စ္မွာ မေနနိုင္ မထိုင္နိုင္ျဖစ္လာသည္။

"အစ္ကိုေလးက မင္းရဲ႕သခင္သုံးအဖြဲ႕အစား အခ်က္ျပလိုက္တာလား?"

"မေန႕ညက သူဘာမွ မယူသြားဘူး အဲဒါသူ မျဖစ္နိုင္ဘူး" ဖန့္က်စ္က။

"ငါက မီးခိုးလုံးေတြကို ယူလာေပးတဲ့သူပဲ အားလုံးက ဒီမွာပဲ"

"ထူးဆန္းလိုက္တာ မင္းရဲ႕သခင္သုံးနဲ႕ မင္းတို႔ၾကားက လက္ဆင့္ကမ္း သတင္းေပးတာက အမွားတစ္ခုခု ရွိေနပုံရတယ္ေနာ္"

"ဒီမီးခိုးက ဘာကိုဆိုလိုတာလဲ"

ဝူရွဲ႕ အမွတ္တမဲ့ သတိရမိသြားသည္။ ဒါေၾကာင့္ အေရာင္ေတြက ဘယ္လို အခ်က္အလက္ေတြကို ကိုယ္စားျပဳတာလဲလို႔ ေမးလိုက္သည္။ ဖန့္က်စ္သည္ ဝူရွဲ႕လက္မွ မွန္ေျပာင္းကို ကိုင္ကာ မီးခိုးမ်ားဆီသို႔ ခဏမွ် ၾကည့္လိုက္ၿပီးေနာက္ သူ႕အမူအရာ ႐ုတ္တရက္ ေျပာင္းလဲသြားသည္။

"မေကာင္းေတာ့ဘူး သူတို႔ တစ္ခုခု ျဖစ္ေနၿပီ"

"တစ္ခုခုျဖစ္ေနတာလား?"

ဝူရွဲ႕မွာ ဖန့္က်စ္ရဲ႕ အမူအရာ ေျပာင္းလဲသြားသည္ကို ျမင္လိုက္ရေသာ္လည္း သူဘာကိုဆိုလိုသည္ကို မသိေသာေၾကာင့္ အေသးစိတ္ ေမးလိုက္သည္။

မီးခိုးေရာင္မ်ားသည္ ရိုးရွင္းေသာ အဓိပၸာယ္ ရွိၿပီး အဝါေရာင္ မီးခိုးဆိုသည္မွာ ေရွ႕လမ္းတြင္ အႏၱရာယ္ ရွိေနေၾကာင္းႏွင့္ လိေမၼာ္ေရာင္ မီးခိုး ဆိုသည္မွာ ေ႐ြ႕လ်ားျခင္းကို ရပ္တန႔္ၿပီး အတည္ျပဳခ်က္ကို ေစာင့္ပါဟု ဆိုလိုသည္။ လြန္ကဲေသာ အေျခအေနေအာက္တြင္ ေနာက္က်ေနသူမ်ားကို သတိေပးသည္။ ေယဘူယ်အားျဖင့္ လႈပ္ရွားမႈမ်ားတြင္ အနီေရာင္မီးခိုးကို လုံးဝ အသုံးမျပဳၾကေခ်။

သို႔ေသာ္လည္း သူသည္ အနည္းငယ္ ခ်ီတုံခ်တဳံ ျဖစ္ေနသည္။ အေၾကာင္းမွာ ၎တို႔သည္ စုံစမ္းစစ္ေဆးမႈ မျပဳလုပ္ခဲ့ေပ။ ဤအရာသည္ ယာယီနည္းလမ္းမွ်သာ ျဖစ္ၿပီး အခ်က္ျပမီးခိုး အသုံးျပဳမႈကို မွန္ကန္စြာ မွတ္မိျခင္းရွိမရွိ ရွင္းရွင္းလင္းလင္း မသိရေသးေပ။

ဘာပဲျဖစ္ျဖစ္ ဒါက သတင္းေကာင္း မဟုတ္လို႔ ဖန့္က်စ္ကို အခ်က္ျပမလားလို႔ ေမးၿပီး ဘာေတြျဖစ္ေနတာလဲလို႔ ေမးလိုက္သည္။ ဖန့္က်စ္က သူ႕ေခါင္းကို ခါယမ္းလိုက္ကာ ေခတၱရပ္၍ အနည္းငယ္ စိုးရိမ္လာပုံေပါက္လာသည္။

"မဟုတ္ဘူး ေရွာင္စန္းရယ္ ဒီမွာေနခဲ့... သခင္သုံး တစ္ခုခုျဖစ္ေနမလား ငါသြားၾကည့္လိုက္မယ္"

ဦးေလးကိုလည္း စိတ္ပူမိေပမယ့္ ေလးနက္မႈကို သိတာေၾကာင့္ ဖန့္က်စ္ကို ျမန္ျမန္ဆန္ဆန္ပဲ တားလိုက္သည္။ အခု အစ္ကိုေလးက ျပန္ေရာက္မလာဘူးဆိုရင္ သူတို႔ႏွစ္ေယာက္တည္း ဘယ္လိုျဖစ္သြားမလဲ။ ဒါ့အျပင္ သူတစ္ေယာက္တည္း သြားတာကလည္သ အလြန္အႏၱရာယ္မ်ားလွသည္။ ဒါေၾကာင့္ မ်က္ႏွာေသ ျပန္လာတဲ့အထိ ေစာင့္ၾကရေအာင္လို႔ ဆိုလိုက္သည္။

ဖန့္က်စ္က ေခါင္းယမ္းၿပီးေျပာ၏။

"သခင္သုံးက အေယာက္ ၃၀ ေက်ာ္ရွိတယ္ သူတို႔က သန္မာတဲ့လူနဲ႕ ျမင္းေတြလိုလူပဲ... သာမာန္အေျခအေနအရေတာ့ မီးခိုးနီေတြ မထုတ္ေလာက္ဘူး... ဟိုမွာ တစ္ခုခုေတာ့ လြဲမွားေနတာ ျဖစ္မယ္ ေသာက္က်ိဳးနည္း အဲဒီေဟးရန္က်င္းက အေတြ႕အႀကဳံ ႏုခ်က္ပဲ... ေရွာင္စန္းရယ္ စိတ္မပူပါနဲ႕ ဗီယက္နမ္မွာရွိတုန္းက က်ဳပ္ ဒီလိုသစ္ေတာႀကီးကို ျဖတ္ေလွ်ာက္ဖူးတယ္ သြားတတ္ပါတယ္"

ေျပာၿပီးေနာက္ သူ႕ေက်ာပိုးအိတ္ကို ျပင္ေတာ့သည္။ ဝူရွဲ႕ သူ႕ကို မတားနိုင္တာကို ျမင္ေတာ့ ဖက္တီးဘက္ကို မ်က္ေတာင္ခတ္ျပလိုက္သည္။

မေမွ်ာ္လင့္ဘဲနဲ႕ ဖက္တီးက သူ႕ပစၥည္းေတြကို ခ်က္ခ်င္း ထုပ္ပိုးလိုက္တာေၾကာင့္ ဝူရွဲ႕မွာ ႐ုတ္တရက္ မူးလဲခ်င္စိတ္ ေပါက္သြားသည္။ ဒီဖက္တီးက သူ႕ဦးေလးကို ဘာလို႔ ဒီေလာက္ ဂ႐ုစိုက္ရတာလဲလို႔ ေတြးမိ၏။ စကားစေတာ့မယ့္ အခ်ိန္မွာပဲ ဖက္တီးက ဆိုေလသည္။

ငါ့ကို မ်က္ခုံးပင့္ျပမေနနဲ႕.... ဖန့္ႀကီးတင္ သြားရမွာ မဟုတ္ဘူး ငါမင္းကို ေျပာျပမယ္ ဒီအခ်ိန္မွာ ငါတို႔လည္း သြားရမယ္... ေကာပိထဲမွာ ျဖတ္ေက်ာ္ဖို႔ဆို ငါတို႔ရိကၡာက မလုံေလာက္ဘူး ဒါေၾကာင့္ မင္းဦးေလးသုံးနဲ႕ ဆုံတဲ့အခါ အနည္းဆုံးေတာ့ သူတို႔ပစၥည္းေတြကို ယူရမယ္.... မဟုတ္ရင္ ေခ်ာက္ထဲက လမ္းမွာ ေရငတ္ေသလိမ့္မယ္

ဝူရွဲ႕လည္း အဲဒါကို ေတြးၿပီးတာနဲ႕ ႏွလုံးခုန္သံေတြ ခုန္သြား၏။ ဒါကလည္း မွန္တာပါပဲ။ ဒီလမ္းမွာ ရိကၡာေတြ နည္းနည္းေတာ့ ဆုံးရႈံးသြားၿပီေလ။ ထိုစဥ္ ဖက္တီးက ဆက္ေျပာသည္။

"ဖန့္ႀကီး တစ္ေယာက္တည္း ဝင္သြားဖို႔ဆိုတာ မျဖစ္နိုင္ဘူး ဒါေပမဲ့ တစ္ခုခုျဖစ္သြားရင္ ငါတို႔ ႏွစ္ေယာက္ထဲ ဝင္ရတာလည္း ဒုကၡေရာက္လိမ့္မယ္... ငါတို႔သုံးေယာက္ အတူတူသြားတာပဲ ပိုေကာင္းလိမ့္မယ္ ေရွ႕တိုးၿပီး ေနာက္ဆုတ္လိုက္ေပါ့... ဒါဆို ေအာင္ျမင္ဖို႔ အခြင့္အလမ္း ပိုေကာင္းလာမယ္ေလ... ဒီလိုမွမဟုတ္ရင္ ငါတို႔ဒီမွာေနမယ္ဆိုရင္ ေသဖို႔ေစာင့္ေနတာနဲ႕ အတူတူပဲ"

"ဒါေပမဲ့ အစ္ကိုေလးကို ဘယ္လိုလုပ္မလဲ? ငါတို႔ထြက္သြားလို႔ သူျပန္လာတဲ့အခါ ငါတို႔ကို ရွာေတြ႕မွာ မဟုတ္ဘူး... မဟုတ္လည္း ငါ မင္းတို႔ကို ဒီမွာေစာင့္ေနမယ္"

"မင္းေသလမ္းကို မရွာစမ္းပါနဲ႕ကြာ... မင္းရဲ႕ ခႏၶာကိုယ္ေသးေသးေလးနဲ႕ အဲဒီေႁမြဘီးေတြကို ေရွာင္နိုင္မွာလား... လာစမ္းပါ ဝင္သြားၿပီးရင္ ပစၥည္းေတြသယ္ဖို႔ လူအင္အားလိုလိမ့္မယ္... ငါတို႔ႏွစ္ေယာက္တည္းနဲ႕တင္ မလုံေလာက္နိုင္ဘူး ငါတို႔ အမွတ္အသားတစ္ခု ထားခဲ့မယ္... သူ႕အတြက္ အခ်က္ျပတဲ့အေနနဲ႕ ေနာက္ထပ္ အခ်က္ျပမီးခိုးကိုလည္း မီးညွိထားေပးမယ္... ဒါေပမဲ့...."

ဖက္တီးက ခဏရပ္ၿပီးမွ ဆက္ေျပာလိုက္သည္။

"ဒါေပမဲ့ ငါ့အထင္ေတာ့ အဲ့အစ္ကိုေလး ျပန္လာေတာ့မွာ မဟုတ္ဘူး!"

ဒီကိစၥက အရမ္းဆိုးတယ္၊ မသင့္ေလ်ာ္ဘူးလို႔ ခံစားမိေပမယ့္ ဖက္တီးေျပာတာ မွန္မွန္းလည္း သိပါသည္။ အဲဒါကို ေတြးၿပီးေနာက္ သူ႕ခမ်ာ ေခါင္းညိတ္ဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာ မရွိေတာ့ေခ်။

ေခ်ာက္ထဲကိုဝင္တုန္းက လူငါးေယာက္ရွိေပမယ့္ အခုဆို သုံးေယာက္ပဲ က်န္ေတာ့ၿပီး မူလပစၥည္းေတြကို ျဖည့္ဖို႔ လိုေနၿပီမလို႔ ဖက္တီးေျပာတဲ့ အတိုင္း လုပ္လိုက္သည္။ ဒါေပမဲ့ ပစၥည္းေတြ ထုပ္ၿပီးတဲ့အခါ စာေရး၍ ေက်ာက္တုံးႀကီးတစ္တုံးေအာက္ ဖိထားလိုက္သည္။ စာ႐ြက္ရဲ႕ အတြင္းမွာေတာ့ သူတို႔သြားမယ့္ ေနရာကို ေရးဖို႔ ေဘာပင္နဲ႕ အမွတ္အသား လုပ္ထား၏။

ထို႔ေနာက္ သူ႕အထုပ္ေဘးတြင္ မီးခိုးမဲ့မီးဖိုကို အေမွာင္ဆုံး အေနအထားသို႔ လွန္လိုက္သည္။ အကယ္၍ မ်က္ႏွာေသက ညဘက္ ေရာက္လာပါက မေတြးမွာစိုး၍ပင္။

ၿပီးသြားတဲ့အခါ သူတို႔ရဲ႕ ရိကၡာေတြ အမ်ားႀကီး ေလ်ာ့သြားတယ္လို႔ ခံစားလာရသည္။ ဖန့္က်စ္သည္ အခ်က္ျပမီးခိုးက သုံးနာရီပဲခံတာမို႔ ဒီအခ်ိန္ကစလို႔ ဝင္လိုက္တာနဲ႕ တတ္နိုင္သမွ် အနားယူလို႔ မရေပ။ ေပါ့ေပါ့ပါးပါး ထားဖို႔ လိုကာ သူတို႔ ျပန္လာခ်င္ရင္ ဒီကို ျဖတ္သြားရမွာ ေသခ်ာတာမလို႔ မယူနိုင္တဲ့ ပစၥည္းေတြကို မယူေတာ့ပါ။

ထို႔ေနာက္ သူတို႔သည္ စက္ကိရိယာမ်ားကိုျဖတ္၍ ဓာတ္ေငြ႕ မ်က္ႏွာဖုံးမ်ားႏွင့္ ေလာ္ရန္ေဂၚျပား ကဲ့သို႔ ေလးလံေသာ ပစၥည္းမ်ားကို ထားခဲ့သည္။ အဲဒီေနာက္ ဖန့္က်စ္သည္ ဝူရွဲ႕ ေက်ာပိုးအိတ္ထဲက သယ္လာတဲ့ ပိုေလးတဲ့အရာေတြကို သူ႕အိတ္ထဲ ေျပာင္းထည့္လိုက္သည္။

သူက အေလးခ်ိန္ပါတာကို ပိုသယ္ေနက်မိဳ႕ သူ႕အရွိန္ကို ထိန္းနိုင္ေပမယ့္ ဝူရွဲ႕ကေတာ့ မဟုတ္ေခ်။ ေတာထဲမွာ ခ်ီတက္ရတာ ပင္ပန္းတယ္လို႔ ေျပာပါ၏။ ခြန္အားေတြ အမ်ားႀကီးရေစမယ့္ အဓိကအခ်က္က ကိုယ့္ပန္းတိုင္ကို ေရာက္ေအာင္သြားနိုင္ဖို႔ပါပဲ။

ဝူရွဲ႕သည္ လြန္ခဲ့သည့္ ေျခာက္လအတြင္း ႂကြက္သားအခ်ိဳ႕ တည္ေဆာက္ခဲ့သည္ဟု ဆိုလိုက္ေသာ္လည္း ဖန့္က်စ္သည္ သူ႕အား အခြင့္အေရး လုံးဝမေပးေတာ့ဘဲ သူ႕ဘာသာသူသာ သယ္သြားခဲ့သည္။ သူ႕စိတ္က သူတို႔နဲ႕ အတူမေနေတာ့ဘူးဆိုတာ ထင္ရွားပါ၏။

အားလုံးၿပီးတာနဲ႕ ခရီးထြက္ခါနီးမွာ ဖက္တီးက ႐ုတ္တရက္ သူတို႔ကို ေနာက္တစ္ႀကိမ္ဖမ္းၿပီး အေဝးက မီးခိုးေတြကို ေမာ့ၾကည့္ဖို႔ ေျပာလာသည္။

Continue Reading

You'll Also Like

825 70 20
အညွှန်း (Han) Shizheng, the youngest of the king's sons, He becom a crown prince. At that time, the Mongols invaded the country's border The Mong...
3.8K 310 14
BLEED BABY BLEED FIH MIH
1.8K 178 9
သာမန်တက္ကသိုလ်ကျောင်းသား ဖုန်းရှီ ကျောင်းကအပြန် ကားတိုက်ခံရပြီး စနစ်ကိုရခဲ့ပြီးသူဖတ်နေတဲ့ ဝတ္တုရဲ့ဇာတ်လိုက်ပန်းနတ်ဘုရားဖြစ်လာမယ့်သူရဲ့ခန္ဓာကိုယ်ထဲကို...
4.5K 176 43
We all know how the story goes... A group of 6 highschool students on a fieldtrip that led to a disaster... Which also led them to cross realms betwe...