Vol 5🐉48🐉အမှန်တရား

51 12 7
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (48)
အမှန်တရား

ဝူရှဲ့ မျက်လုံးတွေကို မယုံနိုင်စွာ ပြူးကျယ်ထားလိုက်စဥ် ဝမ်းကျင်က ခေါင်းညိတ်ပြလေသည်။

"ဒါဆို အန်တီ ကျွန်တော်တို့နောက်ကို လိုက်နေတာပေါ့... တင့်ကျူကျောမာ ကျွန်တော်တို့ကို ပြောခဲ့တဲ့ မက်ဆေ့ချ်က....ဧကန္တ..."

"ဟုတ်တယ် အဲဒါ မင်းကို ခဏတဖြုတ် ပြောခိုင်းထားတာ... စိတ်ပျက်လက်ပျက်နဲ့ ငါ့မှာလည်း တခြားနည်းလမ်း မရှိဘူး အဲဒါတွေက ရှင်းပြရရင်လည်း ဇာတ်လမ်း အရှည်ကြီး"

ဝမ်းကျင်သည် ကျောက်တုံးအက်ကြောင်း ကွာဟချက်ထဲကို တိုးဝင်သွားပြီး လက်ခုပ်ကို ပါးစပ်အပေါက်အဖြစ် အသုံးပြုပြီး "ဂုတ်တုတ် ဂုတ်တုတ်" အသံများ ဆက်တိုက် ပြုလုပ်ခဲ့သည်။

သူဘာလုပ်နေလဲ မြွေတွေကို နှုတ်ဆက်နေသလား။ အကွာအဝေးရဲ့ နက်နဲရာကနေ လေချွန်သံ သဲ့သဲ့ကိုလည်း ကြားလိုက်ရ၏။ ခဏကြာတော့ အတွင်းထဲကနေ တစ်စုံတစ်ယောက် ညှစ်ထွက်လာတာကို တွေ့လိုက်ရကာ အဲဒီလူက မျက်နှာသေ ဖြစ်သွားတာကို တွေ့လိုက်ရသည်။

သူက ဝူရှဲ့တို့​ ဘေးနားကို ညှစ်​ထွက်လာခဲ့ကာ ဝမ်​ကျင်းကို ကြည့်​လိုက်သည်။ ထို့နောက် ဝူရှဲ့ရဲ့ မျက်လုံးတွေကို ကြည့်ကာ ခြေထောက်ကိုလည်း တစ်ချက် ကြည့်လာသည်။ ဝူရှဲ့ခမျာတော့ သူတို့နှစ်ယောက်ကို အံသြစွာ ငေးကြည့်နေမိသည်။

"ဘာတွေဖြစ်နေကြတာလဲ" ရုတ်တရတ် စိတ်ထဲ တွေးလိုက်မိတာက။

"သေစမ်း! ခင်ဗျားတို့က တစ်ဖွဲ့တည်းမလား?" (TN - ရည်းစားတွေလားလို့ မေး)

ဒီလူနှစ်ယောက်က ငယ်ရွယ်နုပျိုနေကြတုန်းပင်။ ရှေးဟောင်း သုတေသန အဖွဲ့ထဲလည်း ပါ၀င်ခဲ့ရာ သူတို့ဒီကိစ္စမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတာ သေချာပေသည်။ သူငယ်ချင်းတစ်ယောက်က ပြောဖူးတာကို သတိရသွား၏။ သူပြောတာက 'မျက်နှာသေက တစ်ယောက်တည်း မဟုတ်ဘူး' တဲ့လေ။ အခု သူပြောတာ မှန်နေလေသည်။

မျက်နှာသေက ခေါင်းအသာ ယမ်းပြီး ဘာမှမပြောပေ။ သို့နှင့် ချန်ဝမ်းကျင်ကို ကြည့်လိုက်ရာ သူမက။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now